《Ding-dong(Season 1)(Completed)》Side story
Advertisement
(A/N:ကောရဲ့မွေးနေ့အတွက် တင်ပေးတာပါ...S2လေးမတင်နိုင်သေးလို့ side storyပုံစံလေး တင်ပေးတာပါ😘 ကျန့်ကော Happy birthday😍😘)
ဒီနေ့ကတော့ အရမ်းကို ထူးခြားတဲ့နေ့လေးပါဘဲ။အခုမှ အသက်၁၈နှစ်ပြည့်သွားတာဖြစ်တဲ့ မစ္စတာရှောင်းကျန့်ရဲ့ မင်္ဂလာပွဲလေးပေါ့။
"ဂုဏ်ယူပါတယ်...ဂုဏ်ယူပါတယ်"
"နောက်ဆုံးတော့ ယောကျ်ားရသွားပြီဘဲ"
"ဘယ်သူ့မှ မင်းကို မယူဘူးလို့တောင် ထင်ခဲ့တာ...ဂုဏ်ယူပါတယ်ကွာ"
ရှောင်းကျန့် နားနေခန်းထဲတွင် သူ့ကို ဂုဏ်ပြုနေကြတဲ့ဆွေမျိုးမိတ်ဆွေအပေါင်းအသင်းတွေကို ကြည့်ရင်း ဂုဏ်ယူစွာ ပြုံးပြနေသည်။ရှောင်းကျန့်တဲ့ ဘာမှတ်နေလဲ။ဒီနေ့ အသက်ပြည့်ရင် ဒီနေ့လက်ထပ်မယ်။နောက်နေ့အသက်ပြည့်ရင် နောက်နေ့လက်ထပ်မယ်။မွေးကတည်းက အသက်ပြည့်နေရင်တော့ မွေးကတည်းက လက်ထပ်တာပေါ့။
"ဒါနဲ့ မင်းရဲ့ သတို့သားရော"
ထိုအချိန်မှာဘဲ တံခါးပွင့်လာကာ တောက်ပလွန်းတဲ့ အစိမ်းရောင်suitနဲ့ သတို့သားဝမ်ရိပေါ် ဝင်လာခဲ့သည်။ရှောင်းကျန့်ကတော့ သူ့ရဲ့ ရဲတောက်နေတဲ့ အနီရောင်suitကို ဝမ်ရိပေါ်ကို ပြလိုက်သည်။
"ပေါ်ပေါ်...ငါလှလား"
"အလှဆုံးဘဲ"
"ငါသိသားဘဲ...ဒီကမ္ဘာမှာ ငါ့ထက်ချောတဲ့လှတဲ့သူ မရှိတာကို"
"အွန်း"
ဘေးနားကနားထောင်နေကြသူတစ်သိုက်ကတော့ နှာခေါင်းရှံ့လိုက်ကြသည်။သတို့သားဝမ်ရိပေါ်က အဝေးမှုန်အနီးကန်း ဖြစ်နိုင်ကြောင်းပါ တွေးလိုက်ကြသေးသည်။
မင်္ဂလာပွဲမစသေးတာမို့ ရှောင်းကျန့်က ဝမ်ရိပေါ်ကိုယ်ပေါ် ပက်ကျိတစ်ကောင်လို ကပ်တွယ်နေကာ မြင်ရသူတိုင်းကို မျက်စိကန်းစေမတတ်ပင်။ဘာလို့ဆို မင်္ဂလာဝတ်စုံအရောင်တွေကြောင့်ဖြစ်သည်။နဂိုထဲက တစ်ယောက်ချင်းစီကိုကြည့်ရင်တောင် မျက်လုံးတွေ ကျိန်းနေတာမို့ပင်။
ခဏအကြာမှာ အခမ်းအနားမှူးက ပွဲစတော့မှာမို့ နေရာယူခိုင်းတော့သည်။သတို့သားနှစ်ယောက်ဘက်က ဧည့်သည်တွေကို တစ်ဖက်စီခွဲထားတာမို့ သတို့သားတစ်ယောက်ဘက်က တစ်ယောက်မှမရှိကြောင်း လူတိုင်းသတိထားမိသွားသည်။
တကယ်ကို တစ်ယောက်မှ ရှိမနေတာဖြစ်သည်။ရှောင်းကျန့်ဆွေမျိုးတွေက သူတို့ရှောင်းကျန့်လေးကိုများ သတို့သားဘက်က လက်မခံလို့များလားဆိုပြီး တွေးကြသည်အထိပင်။
အခမ်းအနားမှူးက ခန်းမထဲ ဝင်လာခိုင်းတဲ့အချိန် သတို့သားနှစ်ယောက်လုံး ဝင်လာကြသည်။ဝမ်ရိပေါ်က တည်ငြိမ်အေးချမ်းစွာနဲ့ ဖြောင့်ဖြောင့်မတ်မတ်လျှောက်နေသော်လည်း ရှောင်းကျန့်ကတော့ လမ်းလျှောက်နေတယ်လို့ဆိုရုံသာပင်။သူ့တစ်ကိုယ်လုံး ဝမ်ရိပေါ်ကို မှီထားကာ ပစ်ဝင်လုနီးနီးပင်။
ရှောင်းကျန့်က နှုတ်ခမ်း နားရွက်တက်ချိတ်မတက် ပြုံးနေကာ လူတိုင်းကို လက်ဝှေ့ယမ်းပြနေသည်။သို့သော် သူ့အပြုံးက ဝမ်ရိပေါ်ရဲ့ ဧည့်သည်ဘက်မှာ ဘယ်သူမှမရှိတာကို တွေ့ချိန်မှာ ပျောက်သွားတော့သည်။
"ပေါ်ပေါ့ပေါ်...မင်းဘက်က ဘယ်သူမှ မလာဘူးလား"
"လာကြပါတယ်"
"ဘယ်မှာလဲ...တစ်ယောက်မှ မရှိပါဘူး"
ဧည့်သည်တွေကလည်း ခေါင်းငြိမ်ထောက်ခံကြသည်။တစ်ဖက်ခြမ်းက ဘာမှမရှိတော့ သူတို့ကသိကအောက်ဖြစ်ရသည်။
"သူတို့ ကိုယ်ယောင်ဖျောက်ထားတာ ဖြစ်နိုင်တယ်"
"ကိုယ်ယောင်ဖျောက်တာ?"
လူတိုင်းက ထိုစကားကြောင့် အံ့သြနေစဥ် ဝမ်ရိပေါ်က တစ်ဖက်ခြမ်းကိုကြည့်ကာ ပြောလိုက်သည်။
"အားလုံး...မင်းတို့ကို သူတို့ မြင်အောင်ပြလိုက်ကြ"
ချက်ချင်းဘဲ တစ်ဖက်ခြမ်းမှာ လူအပြည့်ပေါ်လာလေသည်။ဘေးကထက်တောင် ပိုများသေးသည်။လေပေါ်လွင့်နေတာတွေတောင် ရှိသည်။
ရှောင်းကျန့်တို့ဘက်အခြမ်းကလူအားလုံး ရှော့ခ်ရသွားကြသည်။သူတို့မြင်နေတာတွေက မျက်နှာဖြူစုတ်နေတဲ့သူတွေ၊ တစ်ကိုယ်လုံးပြာနေတဲ့သူတွေ၊ကြောက်စရာမျက်နှာနဲ့လူတွေ၊ လေလွင့်နေတဲ့အဖြူစတွေ။ဘယ်လိုကြည့်ကြည့် လူနဲ့တူမနေပေ။
သရဲကြောက်တတ်တဲ့ ရှောင်းကျန့်ကတော့ စကားတွေထစ်ကာ မေးလာတော့သည်။
"ဒါ...ဒါ...ဒါတွေက...လူတွေ?"
"ဟုတ်တယ်။မသေခင်တုန်းက လူဆိုတော့ လူပေါ့။ကိုယ်ဖိတ်ထားတဲ့ထဲမှာ တိရစ္ဆာန်တွေ မပါပါဘူး"
"မ...မသေခင်တုန်းက?"
ထို့စကားကြောင့် ဧည့်သည်တချို့ မူးမေ့လဲကုန်ကာ တချို့ဆို ပြေးကုန်ကြသည်။အကုန်လုံး ဗရုတ်သုတ်ခဖြစ်နေကြပြီး ကြောက်လွန်းလို့ ကျောက်ရုပ်လို ဖြစ်နေသူတွေတောင် ရှိသေးသည်။
တစ်ဖက်က သရဲတွေကလည်း ထိုလူတွေပုံစံကြောင့် ကြောင်အနေကြသည်။
"ဘယ်လိုဖြစ်ကုန်တာလဲ...ငါဒီနေ့ ရုပ်ဆိုးမနေပါဘူး...မင်္ဂလာပွဲတက်မို့ ငါ့ရဲ့ ပြုတ်ထွက်နေတဲ့မျက်လုံးနေရာမှာ အတုတပ်ခဲ့တာကို"
"ငါရောဘဲ...ငါ့မျက်နှာတစ်ခြမ်းက ပျက်နေလို့ spaသွားပြီး ပြင်ခဲ့ရတာ"
"ဟုတ်တယ်...ဒါက ကြီးမြတ်တဲ့သခင်ကြီးရဲ့မင်္ဂလာပွဲမို့ ငါတို့သရဲတွေအားလုံး သေချာမိတ်ကပ်ပြင်ခဲ့ရတာကို...ဒီလိုဖြစ်သွားရလား"
အမလေး သေသေချာချာမိတ်ကပ်ပြင်ထားတယ်တဲ့လား။လာကြည့်ကြပါဦး။မျက်လုံးအတုက မျက်ဆံပိစိလေးဘဲရှိသည်။ပျက်လို့ပြင်ထားတဲ့မျက်နှာတစ်ခြမ်းက အခြားတစ်ခြမ်းနဲ့ တူမနေဘူးလေ။လူ့ကမ္ဘာမှာဆိုရင် အဲ့မိတ်ကပ်ဆရာက မိတ်ကပ်လောကကနေတောင် မောင်းထုတ်ခံရနိုင်သည်။ဖြစ်နိုင်လောက်သည်။လူ့ကမ္ဘာမှာ မောင်းထုတ်ခံရလို့ သရဲကမ္ဘာမှာ သွားပြင်ပေးနေတာ ဖြစ်မည်။
ရှောင်းကျန့်ကတော့ ဝမ်ရိပေါ်ကို ကြောင်အစွာ စိုက်ကြည့်နေသည်။တကယ်တော့ သူ့အသိစိတ်က အဝေးလွင့်သွားလို့ပင်။
"ကျန့်...အဆင်ပြေရဲ့လား"
ရှောင်းကျန့် ခေါင်းရမ်းပြလိုက်သည်။တကယ်ကို supriseဖြစ်ရတဲ့နေ့ပင်။သူ့ရဲ့မွေးနေ့မှာ မင်္ဂလာပွဲကျင်းပခဲ့သည်။မင်္ဂလာပွဲကို သူအကြောက်ဆုံး သရဲတွေက တက်ခဲ့သည်။ကြောက်ဖို့အကောင်းဆုံးက သရဲတွေကို ဖိတ်ခဲ့တဲ့ သတို့သားဖြစ်သူပင်။
"ပေါ်ပေါ်...မင်းဘာလို့ သရဲတွေကို ဖိတ်ခဲ့တာလဲ"
"ကိုယ့်မှာဖိတ်စရာဆိုလို့ သူတို့ဘဲ ရှိတာလေ"
"အဲ့တော့?"
"အဲ့တော့ ကိုယ်က..."
"Stop"
"...."
"ငါသိသွားပြီ...ရိပေါ် မင်းက ငါ့ကို အရမ်းချစ်တာဘဲ"
"????"
ရှောင်းကျန့် မျက်ရည်တွေကို ညှစ်ထုတ်ကာ သူ့ရင်သူထုရင်း
"ပေါ်ပေါ်...ငါသိပါတယ်...ငါက သရဲအရမ်းကြောက်တတ်တာကို...ဒါက စိတ်ကဖြစ်တာဆိုတော့ ကုသဖို့ ခက်တယ်...အဲ့တာကြောင့် မင်းက မင်းကိုယ်မင်း စတေးပြီး သရဲအဖြစ်ခံလိုက်တယ်...ဘာလို့ဆို ကိုယ်ချစ်တဲ့သူက သရဲဆိုရင် ဘယ်သူက ကြောက်မှာလဲ...ဟုတ်တယ်မလား ...ပြီးတော့ မင်းက သရဲဆိုရင် ငါ့ကိုသရဲရန်က ကာကွယ်ပေးနိုင်တာပေါ့... မင်းက တကယ့်ကို စံချိန်လွန်အချစ်ပုဂ္ဂိုလ်ကြီးဘဲ...Ai ni ပေါ်ပေါ်"
"...."
ဝမ်ရိပေါ် ဘာပြန်ပြောရမလဲ မသိတာမို့ ခေါင်းငြိမ်ရုံသာ တတ်နိုင်ခဲ့သည်။ရှောင်းကျန့်ရဲ့ ကိုယ့်ကိုယ်ကို လှည့်စားနိုင်စွမ်းက လက်ဖျားခါလောက်သည်။
ထို့နောက် မင်္ဂလာပွဲကို ကျန်တဲ့လူတွေ၊သရဲတွေနဲ့ ဆက်လက်ကျင်းပခဲ့သည်။ရှောင်းကျန့်က ပုံမှန်အတိုင်းထင်ရသော်လည်း ခြေတွေလက်တွေတုန်နေတာ ဝမ်ရိပေါ်သာ သိလေသည်။သူ့ကို ကြောက်လို့တော့မဟုတ်။သူဖိတ်ထားတဲ့ သရဲတွေကို ကြောက်လို့သာ ဖြစ်သည်။
Advertisement
မင်္ဂလာပွဲပြီးဆုံးချိန်မှာတော့ ရှောင်းကျန့်ဟာ မေ့လဲသွားပါတော့သည်။မမေ့ခင်လေးမှာ စိတ်ထဲကနေ သူ့ရဲ့မွေးနေ့ဆုတောင်းသုံးခုကို တောင်းဖြစ်အောင် တောင်းလိုက်သေးသည်။
'ကျွန်တော်လည်း သေသွားလို့ သရဲဖြစ်ခဲ့ရင် ပေါ်ပေါ်လို့ အဆင်လေး၊အချောလေး ဖြစ်ပါစေ
Ding-dong S2မှာ သေချာပေါက် papapa လုပ်ပါရစေ
နောက်ဆုံးတစ်ခုကတော့ ယနေ့ကစပြီး နောက်နှစ်ပေါင်းများစွာအထိ ကျွန်တော်ရှောင်းကျန့်နဲ့ ဝမ်ရိပေါ်တို့ရဲ့အချစ် တည်တံ့ခိုင်မြဲပါစေ'
The end.
Zawgyi
(A/N:ေကာရဲ႕ေမြးေန႕အတြက္ တင္ေပးတာပါ...S2ေလးမတင္နိုင္ေသးလို႔ side storyပုံစံေလး တင္ေပးတာပါ😘 က်န့္ေကာ Happy birthday😍😘)
ဒီေန႕ကေတာ့ အရမ္းကို ထူးျခားတဲ့ေန႕ေလးပါဘဲ။အခုမွ အသက္၁၈ႏွစ္ျပည့္သြားတာျဖစ္တဲ့ မစၥတာေရွာင္းက်န့္ရဲ႕ မဂၤလာပြဲေလးေပါ့။
"ဂုဏ္ယူပါတယ္...ဂုဏ္ယူပါတယ္"
"ေနာက္ဆုံးေတာ့ ေယာက်္ားရသြားၿပီဘဲ"
"ဘယ္သူ႕မွ မင္းကို မယူဘူးလို႔ေတာင္ ထင္ခဲ့တာ...ဂုဏ္ယူပါတယ္ကြာ"
ေရွာင္းက်န့္ နားေနခန္းထဲတြင္ သူ႕ကို ဂုဏ္ျပဳေနၾကတဲ့ေဆြမ်ိဳးမိတ္ေဆြအေပါင္းအသင္းေတြကို ၾကည့္ရင္း ဂုဏ္ယူစြာ ၿပဳံးျပေနသည္။ေရွာင္းက်န့္တဲ့ ဘာမွတ္ေနလဲ။ဒီေန႕ အသက္ျပည့္ရင္ ဒီေန႕လက္ထပ္မယ္။ေနာက္ေန႕အသက္ျပည့္ရင္ ေနာက္ေန႕လက္ထပ္မယ္။ေမြးကတည္းက အသက္ျပည့္ေနရင္ေတာ့ ေမြးကတည္းက လက္ထပ္တာေပါ့။
"ဒါနဲ႕ မင္းရဲ႕ သတို႔သားေရာ"
ထိုအခ်ိန္မွာဘဲ တံခါးပြင့္လာကာ ေတာက္ပလြန္းတဲ့ အစိမ္းေရာင္suitနဲ႕ သတို႔သားဝမ္ရိေပၚ ဝင္လာခဲ့သည္။ေရွာင္းက်န့္ကေတာ့ သူ႕ရဲ႕ ရဲေတာက္ေနတဲ့ အနီေရာင္suitကို ဝမ္ရိေပၚကို ျပလိုက္သည္။
"ေပၚေပၚ...ငါလွလား"
"အလွဆုံးဘဲ"
"ငါသိသားဘဲ...ဒီကမၻာမွာ ငါ့ထက္ေခ်ာတဲ့လွတဲ့သူ မရွိတာကို"
"အြန္း"
ေဘးနားကနားေထာင္ေနၾကသူတစ္သိုက္ကေတာ့ ႏွာေခါင္းရွံ႕လိုက္ၾကသည္။သတို႔သားဝမ္ရိေပၚက အေဝးမႈန္အနီးကန္း ျဖစ္နိုင္ေၾကာင္းပါ ေတြးလိုက္ၾကေသးသည္။
မဂၤလာပြဲမစေသးတာမို႔ ေရွာင္းက်န့္က ဝမ္ရိေပၚကိုယ္ေပၚ ပက္က်ိတစ္ေကာင္လို ကပ္တြယ္ေနကာ ျမင္ရသူတိုင္းကို မ်က္စိကန္းေစမတတ္ပင္။ဘာလို႔ဆို မဂၤလာဝတ္စုံအေရာင္ေတြေၾကာင့္ျဖစ္သည္။နဂိုထဲက တစ္ေယာက္ခ်င္းစီကိုၾကည့္ရင္ေတာင္ မ်က္လုံးေတြ က်ိန္းေနတာမို႔ပင္။
ခဏအၾကာမွာ အခမ္းအနားမႉးက ပြဲစေတာ့မွာမို႔ ေနရာယူခိုင္းေတာ့သည္။သတို႔သားႏွစ္ေယာက္ဘက္က ဧည့္သည္ေတြကို တစ္ဖက္စီခြဲထားတာမို႔ သတို႔သားတစ္ေယာက္ဘက္က တစ္ေယာက္မွမရွိေၾကာင္း လူတိုင္းသတိထားမိသြားသည္။
တကယ္ကို တစ္ေယာက္မွ ရွိမေနတာျဖစ္သည္။ေရွာင္းက်န့္ေဆြမ်ိဳးေတြက သူတို႔ေရွာင္းက်န့္ေလးကိုမ်ား သတို႔သားဘက္က လက္မခံလို႔မ်ားလားဆိုၿပီး ေတြးၾကသည္အထိပင္။
အခမ္းအနားမႉးက ခန္းမထဲ ဝင္လာခိုင္းတဲ့အခ်ိန္ သတို႔သားႏွစ္ေယာက္လုံး ဝင္လာၾကသည္။ဝမ္ရိေပၚက တည္ၿငိမ္ေအးခ်မ္းစြာနဲ႕ ေျဖာင့္ေျဖာင့္မတ္မတ္ေလွ်ာက္ေနေသာ္လည္း ေရွာင္းက်န့္ကေတာ့ လမ္းေလွ်ာက္ေနတယ္လို႔ဆို႐ုံသာပင္။သူ႕တစ္ကိုယ္လုံး ဝမ္ရိေပၚကို မွီထားကာ ပစ္ဝင္လုနီးနီးပင္။
ေရွာင္းက်န့္က ႏႈတ္ခမ္း နား႐ြက္တက္ခ်ိတ္မတက္ ၿပဳံးေနကာ လူတိုင္းကို လက္ေဝွ႕ယမ္းျပေနသည္။သို႔ေသာ္ သူ႕အၿပဳံးက ဝမ္ရိေပၚရဲ႕ ဧည့္သည္ဘက္မွာ ဘယ္သူမွမရွိတာကို ေတြ႕ခ်ိန္မွာ ေပ်ာက္သြားေတာ့သည္။
"ေပၚေပါ့ေပၚ...မင္းဘက္က ဘယ္သူမွ မလာဘူးလား"
"လာၾကပါတယ္"
"ဘယ္မွာလဲ...တစ္ေယာက္မွ မရွိပါဘူး"
ဧည့္သည္ေတြကလည္း ေခါင္းၿငိမ္ေထာက္ခံၾကသည္။တစ္ဖက္ျခမ္းက ဘာမွမရွိေတာ့ သူတို႔ကသိကေအာက္ျဖစ္ရသည္။
"သူတို႔ ကိုယ္ေယာင္ေဖ်ာက္ထားတာ ျဖစ္နိုင္တယ္"
"ကိုယ္ေယာင္ေဖ်ာက္တာ?"
လူတိုင္းက ထိုစကားေၾကာင့္ အံ့ၾသေနစဥ္ ဝမ္ရိေပၚက တစ္ဖက္ျခမ္းကိုၾကည့္ကာ ေျပာလိုက္သည္။
"အားလုံး...မင္းတို႔ကို သူတို႔ ျမင္ေအာင္ျပလိုက္ၾက"
ခ်က္ခ်င္းဘဲ တစ္ဖက္ျခမ္းမွာ လူအျပည့္ေပၚလာေလသည္။ေဘးကထက္ေတာင္ ပိုမ်ားေသးသည္။ေလေပၚလြင့္ေနတာေတြေတာင္ ရွိသည္။
ေရွာင္းက်န့္တို႔ဘက္အျခမ္းကလူအားလုံး ေရွာ့ခ္ရသြားၾကသည္။သူတို႔ျမင္ေနတာေတြက မ်က္ႏွာျဖဴစုတ္ေနတဲ့သူေတြ၊ တစ္ကိုယ္လုံးျပာေနတဲ့သူေတြ၊ေၾကာက္စရာမ်က္ႏွာနဲ႕လူေတြ၊ ေလလြင့္ေနတဲ့အျဖဴစေတြ။ဘယ္လိုၾကည့္ၾကည့္ လူနဲ႕တူမေနေပ။
သရဲေၾကာက္တတ္တဲ့ ေရွာင္းက်န့္ကေတာ့ စကားေတြထစ္ကာ ေမးလာေတာ့သည္။
"ဒါ...ဒါ...ဒါေတြက...လူေတြ?"
"ဟုတ္တယ္။မေသခင္တုန္းက လူဆိုေတာ့ လူေပါ့။ကိုယ္ဖိတ္ထားတဲ့ထဲမွာ တိရစ္ဆာန္ေတြ မပါပါဘူး"
"မ...မေသခင္တုန္းက?"
ထို႔စကားေၾကာင့္ ဧည့္သည္တခ်ိဳ႕ မူးေမ့လဲကုန္ကာ တခ်ိဳ႕ဆို ေျပးကုန္ၾကသည္။အကုန္လုံး ဗ႐ုတ္သုတ္ချဖစ္ေနၾကၿပီး ေၾကာက္လြန္းလို႔ ေက်ာက္႐ုပ္လို ျဖစ္ေနသူေတြေတာင္ ရွိေသးသည္။
တစ္ဖက္က သရဲေတြကလည္း ထိုလူေတြပုံစံေၾကာင့္ ေၾကာင္အေနၾကသည္။
"ဘယ္လိုျဖစ္ကုန္တာလဲ...ငါဒီေန႕ ႐ုပ္ဆိုးမေနပါဘူး...မဂၤလာပြဲတက္မို႔ ငါ့ရဲ႕ ျပဳတ္ထြက္ေနတဲ့မ်က္လုံးေနရာမွာ အတုတပ္ခဲ့တာကို"
"ငါေရာဘဲ...ငါ့မ်က္ႏွာတစ္ျခမ္းက ပ်က္ေနလို႔ spaသြားၿပီး ျပင္ခဲ့ရတာ"
"ဟုတ္တယ္...ဒါက ႀကီးျမတ္တဲ့သခင္ႀကီးရဲ႕မဂၤလာပြဲမို႔ ငါတို႔သရဲေတြအားလုံး ေသခ်ာမိတ္ကပ္ျပင္ခဲ့ရတာကို...ဒီလိုျဖစ္သြားရလား"
အမေလး ေသေသခ်ာခ်ာမိတ္ကပ္ျပင္ထားတယ္တဲ့လား။လာၾကည့္ၾကပါဦး။မ်က္လုံးအတုက မ်က္ဆံပိစိေလးဘဲရွိသည္။ပ်က္လို႔ျပင္ထားတဲ့မ်က္ႏွာတစ္ျခမ္းက အျခားတစ္ျခမ္းနဲ႕ တူမေနဘူးေလ။လူ႕ကမၻာမွာဆိုရင္ အဲ့မိတ္ကပ္ဆရာက မိတ္ကပ္ေလာကကေနေတာင္ ေမာင္းထုတ္ခံရနိုင္သည္။ျဖစ္နိုင္ေလာက္သည္။လူ႕ကမၻာမွာ ေမာင္းထုတ္ခံရလို႔ သရဲကမၻာမွာ သြားျပင္ေပးေနတာ ျဖစ္မည္။
ေရွာင္းက်န့္ကေတာ့ ဝမ္ရိေပၚကို ေၾကာင္အစြာ စိုက္ၾကည့္ေနသည္။တကယ္ေတာ့ သူ႕အသိစိတ္က အေဝးလြင့္သြားလို႔ပင္။
"က်န့္...အဆင္ေျပရဲ႕လား"
ေရွာင္းက်န့္ ေခါင္းရမ္းျပလိုက္သည္။တကယ္ကို supriseျဖစ္ရတဲ့ေန႕ပင္။သူ႕ရဲ႕ေမြးေန႕မွာ မဂၤလာပြဲက်င္းပခဲ့သည္။မဂၤလာပြဲကို သူအေၾကာက္ဆုံး သရဲေတြက တက္ခဲ့သည္။ေၾကာက္ဖို႔အေကာင္းဆုံးက သရဲေတြကို ဖိတ္ခဲ့တဲ့ သတို႔သားျဖစ္သူပင္။
"ေပၚေပၚ...မင္းဘာလို႔ သရဲေတြကို ဖိတ္ခဲ့တာလဲ"
"ကိုယ့္မွာဖိတ္စရာဆိုလို႔ သူတို႔ဘဲ ရွိတာေလ"
"အဲ့ေတာ့?"
"အဲ့ေတာ့ ကိုယ္က..."
"Stop"
"...."
"ငါသိသြားၿပီ...ရိေပၚ မင္းက ငါ့ကို အရမ္းခ်စ္တာဘဲ"
"????"
ေရွာင္းက်န့္ မ်က္ရည္ေတြကို ညွစ္ထုတ္ကာ သူ႕ရင္သူထုရင္း
"ေပၚေပၚ...ငါသိပါတယ္...ငါက သရဲအရမ္းေၾကာက္တတ္တာကို...ဒါက စိတ္ကျဖစ္တာဆိုေတာ့ ကုသဖို႔ ခက္တယ္...အဲ့တာေၾကာင့္ မင္းက မင္းကိုယ္မင္း စေတးၿပီး သရဲအျဖစ္ခံလိုက္တယ္...ဘာလို႔ဆို ကိုယ္ခ်စ္တဲ့သူက သရဲဆိုရင္ ဘယ္သူက ေၾကာက္မွာလဲ...ဟုတ္တယ္မလား ...ၿပီးေတာ့ မင္းက သရဲဆိုရင္ ငါ့ကိုသရဲရန္က ကာကြယ္ေပးနိုင္တာေပါ့... မင္းက တကယ့္ကို စံခ်ိန္လြန္အခ်စ္ပုဂၢိုလ္ႀကီးဘဲ...Ai ni ေပၚေပၚ"
"...."
ဝမ္ရိေပၚ ဘာျပန္ေျပာရမလဲ မသိတာမို႔ ေခါင္းၿငိမ္႐ုံသာ တတ္နိုင္ခဲ့သည္။ေရွာင္းက်န့္ရဲ႕ ကိုယ့္ကိုယ္ကို လွည့္စားနိုင္စြမ္းက လက္ဖ်ားခါေလာက္သည္။
ထို႔ေနာက္ မဂၤလာပြဲကို က်န္တဲ့လူေတြ၊သရဲေတြနဲ႕ ဆက္လက္က်င္းပခဲ့သည္။ေရွာင္းက်န့္က ပုံမွန္အတိုင္းထင္ရေသာ္လည္း ေျခေတြလက္ေတြတုန္ေနတာ ဝမ္ရိေပၚသာ သိေလသည္။သူ႕ကို ေၾကာက္လို႔ေတာ့မဟုတ္။သူဖိတ္ထားတဲ့ သရဲေတြကို ေၾကာက္လို႔သာ ျဖစ္သည္။
မဂၤလာပြဲၿပီးဆုံးခ်ိန္မွာေတာ့ ေရွာင္းက်န့္ဟာ ေမ့လဲသြားပါေတာ့သည္။မေမ့ခင္ေလးမွာ စိတ္ထဲကေန သူ႕ရဲ႕ေမြးေန႕ဆုေတာင္းသုံးခုကို ေတာင္းျဖစ္ေအာင္ ေတာင္းလိုက္ေသးသည္။
'ကြၽန္ေတာ္လည္း ေသသြားလို႔ သရဲျဖစ္ခဲ့ရင္ ေပၚေပၚလို႔ အဆင္ေလး၊အေခ်ာေလး ျဖစ္ပါေစ
Ding-dong S2မွာ ေသခ်ာေပါက္ papapa လုပ္ပါရေစ
ေနာက္ဆုံးတစ္ခုကေတာ့ ယေန႕ကစၿပီး ေနာက္ႏွစ္ေပါင္းမ်ားစြာအထိ ကြၽန္ေတာ္ေရွာင္းက်န့္နဲ႕ ဝမ္ရိေပၚတို႔ရဲ႕အခ်စ္ တည္တံ့ခိုင္ၿမဲပါေစ'
The end.
Advertisement
- In Serial42 Chapters
The Tempestatem
When Gale Storm is murdered, death brings with it an unexpected ticket to the fantastical world of Mioverold - a place rife with dangerous creatures and political conflict. While the adversaries may be driven by common goals, they have vastly different approaches. Faced with these uniquely powerful combatants, and no chance to return to life as he knows it, Gale must decide what to do next. Choosing a side to spend his afterlife with isn't going to be easy, since war is just as much about perspectives as it is about the absolutes of right or wrong.
8 208 - In Serial11 Chapters
Defying Conventions
Just how fragile was the political situation that yielded the United States Constitution? How easily might have the Philadelphia Convention have been derailed? What could that have meant for the future of America? This short novel of alternate history follows the story of Camden Page, who finds himself apprenticed to a prominent attorney in Richmond who rubs elbows with all of Virginia's prominent political figures. Among those figures is a member of the Virginia Senate whose daughter captures the young man's heart. Fortuitous circumstances take Camden to Philadelphia where he begins to uncover the pieces of a conspiracy bent on sabotaging the constitutional convention and sowing the seeds for the destruction of the fledgling nation.
8 103 - In Serial8 Chapters
Blackfire
The lands of Euphos are home to a vast array of dangers, a place where only the strong survive. The evolution of a second heart, known as a Magicka, allowed ordinary people to perform extraordinary feats. Increased speed, strength, durability and cognition, and eventually leading to the creation of Magic. Join twin sisters Serah and Mika Pharris on their way to becoming certified Mages, and help their Guild forge a path to a safer world. Born 'Magic Deficient' they must find alternative ways to combat the fierce monsters that threaten their home. Cover is a placeholder.
8 90 - In Serial6 Chapters
Alter's Aburd Escapades!
After waking up on some beach, Alter, with no memory is thrust into battle with only the voice in his head to guide him. Lets see where this goes!
8 73 - In Serial34 Chapters
I'm Not a Necromancer
Teo’s only chance at awakening as a [Player] went to ruin when he was selected for the most dangerous tutorial dungeon to ever exist, Lyria’s Cemetery. Filled with undead monsters powerful enough to give a high-level ranker a run for their money, it had been firmly maintaining its title of “unclearable”. To fight against the [Paralysys] and [Fear] status effects that the undead monsters inflict, Teo poured all his points into willpower as he leveled-up, hoping to make it out alive. Awakening no longer mattered, he just wanted to survive. But the choices he made inside the ‘unclearable’ dungeon brought about a side-effect that he couldn't have even imagined in his wildest dreams. “For the last time, I am not a necromancer!!!” “But you have an army of skeletons!” “They are not mine.” “But they are following you.”
8 179 - In Serial64 Chapters
My Amber Flower
A story of a younge trainer just starting out to become a top coordinator and league champion!Amber is a new trainer in the horn region she starts off with picking her partner..Treeko and goes off with a friend of hers, Harley till the next town.What'll happen on her journey? Let's find out
8 330

