《After Agonising ,Will You Love Again? [ Completed ]》CHAPTER - [ 1 ]
Advertisement
ဒီေန့မွာ ေကာင္းကင္ႀကီးက တစ္စံုတစ္ခုကို အခဲမေႀကသလို ညိွဳ ့မွိဳင္းေန၏။ေနဝင္ေတာ့မည့္ အခ်ိန္အခါသမယမွာ ေနလံုးႀကီးက အလ်ွင္အျမန္ပင္ ကြယ္ေပ်ာက္ခ်င္ပံုေပၚသည္။
ဝမ္တိုင္းျပည္ရဲ့ နန္းေတာ္္တစ္ခုမွာလည္း ခ်စ္ရတဲ့သူရဲ့ သစၥာေဖာက္ခံရျခင္းနဲ့အတူ အသက္ေပ်ာက္လုမတက္ ရင္ထဲမွာ ေအာ္ဟစ္ငိုေႀကြးေနတဲ့ သူတစ္ေယာက္လည္း ရွိေနခဲ့သည္။။ဒါကို ေကာင္းကင္ႀကီးက ပိုလို့ဆိုးေအာင္ တမင္ဖန္တီးေပးထားပံုပင္…။
"ေရွာင္းေရွာင္း…မင္းမို့ ကိုယ့္ကို လုပ္ရက္တယ္"
အေဆာင္တစ္ေဆာင္ေရွ့မွာ ဝမ္နိုင္ငံရဲ့ နန္းတက္ဘုရင္
ဝမ္ရိေပၚဆိုသူက ဒူးေထာက္လ်က္ သူ ့အေရွ့က လူအရိပ္ေတြကို စူးစိုက္ႀကည့္ရင္း ထိုစကားကို ဆိုေနေလသည္။
ေရွာင္းေရွာင္းဆိုတာ ဝမ္ရိေပၚ ခ်စ္ရတဲ့ ေယာက်ာ္းေလး ႀကင္ယာေတာ္…။
အသက္ တစ္ဆယ့္ရွစ္နွစ္မွာ ေတာကစားထြက္ရင္း ယုန္ေလးေတြနဲ့ တစ္ေယာက္ထဲေဆာ့ေနတာကို ေတြ ့လို့ နန္းေတာ္ကို လိုက္ခဲ့ခ်င္ရင္ လိုက္ခဲ့ေလဆိုျပီး ယုန္ေလးနဲ့တူေသာ
ထိုလူသားရဲ့လက္ကို ဆြဲကာ ေခၚခဲ့မိသည္။
တစ္နွစ္ေက်ာ္ထိ နန္းေတာ္ထဲ အတူတူေဆာ့ရင္း ပံုမာန္မဟုတ္တဲ့ ခံစားခ်က္ေတြ သူ ့နွလံုးသားေလးက ေပါက္ဖြားလို့လာခဲ့သည္။
ဝမ္ရိေပၚဟာ ဝမ္မင္းႀကီးအခ်စ္ေတာ္မိဖုရားရဲ့သားျဖစ္တာေႀကာင့္ ဝမ္မင္းႀကီးကိုယ္တိုင္က ထီးနန္းကို လႊဲေပးရန္ အမိန့္ခ်လာခဲ့သည္။
သူက မလိုခ်င္ေပမဲ့လည္း ခမည္းေတာ္၏ တစ္ခ်က္လႊတ္အာဏာေႀကာင့္ ဘယ္သူ ့မွျငင္းဆန္ခြင့္မရိွ။အိမ္ေရွ့စံမင္းသားျဖစ္လာတာေႀကာင့္ သူ ့မွာႀကင္ယာေတာ္ရွိရန္ လိုအပ္လာမည္ဟု ခမည္းေတာ္က ေျပာႀကားခဲ့သည္။
ဝမ္ရိေပၚသည္ သူ ့နွလံုးသားကို ခပ္ျမန္ျမန္ခုန္ေစခဲ့သည့္ ေရွာင္းက်န့္ဆိုေသာ ကစားေဖာ္ကစားဖက္ သူငယ္ခ်င္းေလးကို လက္ညိဳးထိုးျပျပီး သူ ့ကို ႀကင္ယာေတာ္ေျမွာက္ေပးပါဟု ဝမ္မင္းႀကီးအား ပူဆာခဲ့သည္။
သားေတာ္အား ခ်စ္ခင္သည့္ ဝမ္မင္းႀကီးက လံုးဝမျငင္းဆန္ဘဲ ဝမ္ရိေပၚနဲ့ေရွာင္းက်န့္ကို လက္ထပ္ထိမ္းျမွားေပးခဲ့ေလသည္။
အဲ့လက္ထပ္ပြဲကစျပီး သူ ့ဘဝမွာ မွားယြင္းတာေတြ စခဲ့တာပင္။အျမဲတမ္း တည္တည္ျငိမ္ျငိမ္ေလးေနသည့္ ေရွာင္းေရွာင္းကို အျခားမိဖုရားေတြ ႀကင္ယာေတာ္ေတြထက္ သူ ခ်စ္ခဲ့သည္။သူ တန္ဖိုးထားခဲ့သည္။
ခ်စ္ျမတ္နိုးလြန္းတာေႀကာင့္ ေရွာင္းေရွာင္းမႀကိဳက္သည့္ အရာမွန္သမ်ွကိုလည္း ေရွာင္က်ဥ္သည္။မဂၤလာဦးညမွာပဲ
မင္း ငါ့ကိုခ်စ္ရင္ ငါ့အသားမထိနဲ့ဆိုေသာ သူေလးေႀကာင့္
အခုခ်ိန္ထိ ေရွာင္းေရွာင္းနဲ့သူ တစ္ခါမွ အိပ္ယာခန္းမဝင္ခဲ့ဘူးပါ။
မိဖုရားေခါင္ႀကီးရဲ့သားေတာ္ ဝမ္ဟန္ဆိုေသာသူကိုလည္း
ဝမ္ရိေပၚ ခင္မင္ခဲ့သည္။သူ ့ေနရာကို လုမဲ့သူလို့ မသိခင္အထိေပါ့။ေရွာင္းေရွာင္းနဲ့လည္း ဝမ္ဟန္ဆိုသူက ခင္သည္။လက္မထပ္ခင္ကတည္းက ေရွာင္းေရွာင္းသည္ သူ ့လိုအိမ္ေထာင္ဖက္ထက္ ဝမ္ဟန့္ကို အေရးပိုေပးခဲ့သည္ကို သူ ရိပ္မိခဲ့ေလသည္။သို့ေပမယ့္ ထိုအသိစိတ္ကို မသိေက်းက်ြန္သာ ျပဳေနခဲ့ေလသည္။
ခမည္းေတာ္ဟာ ဘာေရာဂါအမ်ိဳးအမည္မ်ွမျဖစ္ပါဘဲလ်က္ ဝမ္ရိေပၚ အိမ္ေရွ့မင္းသားျဖစ္ျပီး နွစ္နွစ္အႀကာမွာ နတ္ရြာစံခဲ့ေလသည္။သံုးရက္အႀကာမွာပဲ နန္းတက္ပြဲလုပ္ျပီး ဝမ္ရိေပၚကို ဆက္ခံေစခဲ့သည္။
ဘုရင္ျဖစ္သည့္ေန့ကစျပီး ေရွာင္းေရွာင္းဆီ အရင္လို မသြားျဖစ္ေတာ့။တစ္ေန့ကုန္ မအားလပ္ေသာ နန္းတြင္းေရးရာေတြႀကား ေခါင္းစိုက္ေနခဲ့ရသည္။
ရင္ထဲ၌ အလြမ္းမီးေတြ မ်ားလာတဲ့ ေနာက္ဆံုး ညည့္နက္ေသာ္လည္း ခ်စ္ရသူရဲ့မ်က္နွာေလး ေတြ ့ခ်င္တာေႀကာင့္ ေရွာင္းေရွာင္းရွိေသာ အေဆာင္ဘက္ကို ဝမ္ရိေပၚ ႀကြခ်ီလာခဲ့ေလသည္။
သို့ေသာ္ တံခါးအေစာင့္က ႀကင္ယာေတာ္ေရွာင္းဟာ ဘယ္သူလာလာ တံခါးမဖြင့္ေပးရဘူးဆိုတဲ့ အမိန့္ေပးထားသည္ဟုဆိုကာ သူ ့အား ဝင္ခြင့္မေပးခဲ့ေပ။
ဘုရင္ရဲ့အာဏာနဲ့ဖြင့္ခိုင္းမယ္ဆို ရမယ္သိေသာ္လည္း ေရွာင္းေရွာင္း ကိုယ့္ေႀကာင့္ စိတ္ဆင္းရဲေလမလားဆိုတဲ့ အသိေႀကာင့္ ဝမ္ရိေပၚဟာ ေနာက္သို့ ျပန္လွည့္လာခဲ့ေလသည္။
ထိုေန့ညက သူ ့အား အနားလည္ဆံုးေပးနိုင္သည့္ မိဖုရားလီရွင္းယန္ အေဆာင္သို့ပဲ ကူးလာခဲ့သည္။သူမသည္ အလိုက္သိတတ္လြန္းသည္။သူ ပင္ပန္းေနတာကိုလည္း သိသည္။
အျမဲတမ္း သူ ့အတြက္အပန္းေျဖရာ တစ္ခုကို စီစဥ္ေပးသည္။ထိုသို့ သိတတ္ေသာ မိဖုရားကို သူ မခ်စ္ခဲ့ပါ။အျမဲတမ္း လစ္လ်ဴရွဳတတ္သည့္ လူသားေလးကိုပဲ သူ ့ရင္ဘတ္ထဲ အျပည့္ထည့္ထားခဲ့သည္။
နန္းတက္ျပီး ေျခာက္လအတြင္း တိုင္းျပည္က အရင္ကထက္
စည္ပင္ဝေျပာလာသည္။သူ ့ရဲ့အုပ္ခ်ဳပ္မွဳကိုလည္း အမတ္ႀကီးမ်ားက ခ်ီးက်ဴးလို့ မဆံုးေပ။
သို့ေပသိ သူ ့ရဲ့အေပ်ာ္မ်ားက သတင္းတစ္ခုေႀကာင့္ ခ်က္ခ်င္းပင္ ကြယ္ေပ်ာက္လုသြားသည္။
"အရွင္…ႀကင္ယာေတာ္ေရွာင္းနဲ့ မင္းသားဝမ္ဟန္ ဥယ်ာဥ္ေတာ္ေနာက္မွာ ေတြ ့ေနႀကပါတယ္"
အေနာက္က ေစာင့္ေရွာက္ရန္ လႊတ္ေပးထားသည့္ ကိုယ္ရံေတာ္ တစ္ေယာက္ရဲ့ေျပာစကားျဖစ္တာေႀကာင့္ အမွားမျဖစ္နိုင္ေပ။ခ်က္ခ်င္းပင္ ထိုဥယ်ာဥ္ေတာ္ဆီသို့ ဝမ္ရိေပၚ လိုက္သြားခဲ့သည္။အခ်ိန္ကား ညသန္းေခါင္ယံ…။
"အင္း…အာ့!!"
ေနရာနဲ့နီးလ်ွင္ ထိုအသံက ပိုထင္ရွားလာတာေႀကာင့္ အေနာက္က လိုက္လာတဲ့ကိုယ္ရံေတာ္နဲ့ ရဲမက္မ်ားကို ေနခဲ့ဖို့ လက္ျပလိုက္သည္။
"အင့္…ဟင္း!!"
"အား…ေကာင္းလိုက္တာ"
ဝမ္ရိေပၚ ထိုျမင္ကြင္းကို မ်က္ဝါးထင္ထင္ေတြ ့ခဲ့ပါသည္။
သူ ျမတ္နိုးထား ခ်စ္ရတဲ့သူနဲ့ အျခားေယာက်ာ္းတစ္ေယာက္တို့ ခႏၶာကိုယ္ခ်င္း ကူးလူးဆက္ႏြယ္ေနပံု။
သူ ့ရဲ့နွလံုးသားကို အပ္နဲ့တစ္ခ်က္ခ်င္းဆီ ခံစားရျပီး လေရာင္ေအာက္မွာ မက္မက္ေမာေမာအလုပ္လုပ္ေနတဲ့သူနွစ္ေယာက္ကေတာ့ ခ်ံဳကြယ္ေနတဲ့သူ ့အား သတိမထားမိခဲ့ႀကေပ။
သူ ့လိုတရားဝင္လက္ထပ္ထားတဲ့သူကို အသားေတာင္မထိခံဘူးဆိုတာ သူ ခ်စ္ရတဲ့သူ ရွိေနလို့ေပါ့။ဒါဆိုလည္း အစကတည္းက သူ ့ကိုေျပာျပခဲ့သင့္တာ။ေရွာင္းေရွာင္း ဆႏၵရွိရင္ သူ ့နွလံုးသားကို ခ်နင္းျပီး စြန့္လႊတ္ေပးခဲ့မွာပါ။ လက္ဆက္ဖို့အထိ လုပ္ခဲ့မွာ မဟုတ္ဘူး။
ထိုေန့ကစျပီး ဝမ္တုိင္းျပည္က ဝမ္ရိေပၚဆိုတဲ့ဘုရင္ဟာ
နိုင္ငံအေရးေတြကိုလည္း အရင္ကေလာက္ စိတ္မဝင္စားေတာ့။အမတ္ေတြေျပာသမ်ွကို ေထာက္ခံျပီး ထိုသို့လုပ္ေပးလိုက္ဖို့ပဲ အမိန့္ခ်သည္။
သူ ခ်စ္ရတဲ့ ေရွာင္းေရွာင္းဆီကိုလည္း သြားမေတြ ့ေတာ့။ေရွာင္းေရွာင္းကလည္း သူ ့ကိုရွိေသးတယ္လို့ေတာင္ ထင္ရဲ့လား မသိဘူး။သူ ့ဆီ သတင္းေမးဘာေမးေလးေတာင္ ေျခလွမ္းမလွည့္လာခဲ့ဘူး။
Advertisement
ေရွာင္းေရွာင္းခ်စ္တဲ့ေယာက်ာ္းက အျခားသူေတာ့ မဟုတ္ဘူး။ညီအကိုေတာ္စပ္တဲ့ မင္းသားဝမ္ဟန္ပဲ။
သူ ့အနားမွာ အခုရွိတာက အျမဲတမ္း သူ ့စိတ္တိုင္းက်ေနေပးတဲ့ မိဖုရား လီရွင္းယန္။အမတ္ႀကီးလီရဲ့ တစ္ဦးတည္းေသာ
သမီးေတာ္။
"ရွင္းယန္!"
"ေျပာပါ အရွင္"
"ကိုယ္ေတာ့္ကို တစ္ကယ္ပဲ ခ်စ္ခင္တာလား"
"နည္းနည္းေတာ့ ရွက္ေပမဲ့ ရွင္းယန္ရင္ထဲမွာ အရွင့္ကို ခ်စ္တဲ့စိတ္က ေျပာမျပတတ္ပါပဲ။အရွင္ အခုလိုျဖစ္ေနတာ ဘာအေႀကာင္းေႀကာင့္ျဖစ္တာလည္းဆိုတာ မသိေပမဲ့ ရွင္းယန္နွလံုးသားေတြ ေႀကမြမတတ္ခံစားေနရပါတယ္။"
"ဒါဆို ကိုယ္ေတာ္တို့ နန္းေသြးယူရေအာင္!"
"အရွင္ ဒါက မိဖုရားေခါင္ႀကီးတာဝန္ပါ။ရွင္းယန္ မခံယူဝံ့ပါ"
"ကိုယ္ေတာ့္သေဘာကို ဆန့္က်င္တာလား!!"
"အဲ့လို မဟုတ္ရပါဘူး အရွင္"
"ေကာင္းျပီ"
ထိုေန့ညက မ်က္လံုးထဲ တစ္ဦးတည္းျမင္ေနရတဲ့သူကိုပဲ မွန္းဆလို့ ရွင္းယန္နဲ့ေသြးသားရင္းနွီးခဲ့သည္။တစ္ဦးတည္းေသာသူကေတာ့ သူမဟုတ္တဲ့အျခားတစ္ေယာက္နဲ့ ေပ်ာ္ေနေရာေပါ့။
ေနာက္သံုးလအႀကာ ရွင္းယန္မူးလဲသည္ဟု ႀကားတာေႀကာင့္ အေျပးလွမ္းလာခဲ့သည္။ထိုေနရာမွာ ေရွာင္းေရွာင္းလည္း ရွိေနခဲ့သည္။
ဝမ္ရိေပၚလာေတာ့မွ တစ္ဖက္လွည့္သြားေတာ့ ေရွာင္းေရွာင္းကို ဝမ္ရိေပၚ ဂရုမစိုက္ေတာ့။ရွင္းယန္ကို စမ္းသပ္ေနသည့္
သမားေတာ္ကိုပဲ ျဖစ္ေႀကာင္းကုန္စဥ္ေမးျမန္းမိသည္။
"ဂုဏ္ယူပါတယ္ အရွင္!
မိဖုရားမွာ အရွင့္ေသြးသားေလး ျဖစ္တည္ေနပါျပီ"
"တကယ္ေျပာတာလား သမားေတာ္!"
"တကယ္ပါ အရွင္"
နိုးလာျပီျဖစ္တဲ့ ရွင္းယန္လက္ေလးကို ဆုပ္ကိုင္လို့ ေက်းဇူးတင္ေႀကာင္း မ်က္လံုးျဖင့္ ေျပာမိသည္။
သတိရသြားတဲ့ တစ္စံုတစ္ေယာက္ကို လွည့္ႀကည့္ေတာ့ မရွိေတာ့။သူ ့လိုႀကင္ယာေတာ္တစ္ပါးက ဒီျမင္ကြင္းကို ဘယ္ႀကည့္ခ်င္ပါ့မလဲ။ဒါမွမဟုတ္ သူကိုယ္တိုင္ကိုယ္ဝန္ေဆာင္ဖို့ ဝမ္ဟန္ကို သြားပူဆာေနတာလဲ ျဖစ္နိုင္တာပဲ…။
သူ ့ႀကင္ယာေတာ္က သူ ့ကိုမွ မနွစ္သက္ခဲ့တာ…။
**********
"အရွင္…"
ေပလႊာေတြကုိ ဖတ္ေနတုန္း ကိုယ္ရံေတာ္က်ိရန္ရဲ့ အေခၚေႀကာင့္ ေခါင္းငဲ့ႀကည့္လိုက္သည္။
"ေျပာပါ က်ိရန္"
"မိဖုရားရွင္းယန္ အခန္းထဲမွာ အဆိပ္မိျပီး ေသဆံုးေနေႀကာင္းပါ"
"ဘာ!!"
အေႀကာင္းသက္သက္မဲ့ ေသြးသားေလးကို လြယ္ထားတဲ့ မိဖုရားရွင္းယန္က အသက္ေပးလိုက္ရျပီ။ဘယ္သူ ့လက္ခ်က္ဆိုတာ ရိပ္မိေလာက္ေပမဲ့ ဘာမွမလုပ္ခ်င္တာေႀကာင့္ သက္ျပင္းတစ္ခ်က္ခ်ကာ ဒီအတိုင္းပင္ ထားခဲ့သည္။
***********
ထိုေန့…ထိုေန့က ေရွာင္းေရွာင္းက သူ ့ဆီပထမဆံုးလာခဲ့သည္။ဘာအေႀကာင္းအရင္းေႀကာင့္လာလာ ႀကင္ယာေတာ္ေရွာင္းက သူ ့ဆီလာေနသည္ဆိုေသာ အသိေႀကာင့္ အျပံဳးေတြက ထိန္းလို့မရ။
"အရွင္!!"
ဝင္ဝင္ခ်င္း ဦးညႊတ္လိုက္တဲ့ ႀကင္ယာေတာ္ကို လက္ေမာင္းကေန ကိုင္လို့ ျပန္ထေစသည္။
"ဘာအေႀကာင္းအရာမ်ားရွိလို့လဲ ႀကင္ယာေတာ္ေရွာင္း!"
"အရွင့္မွ က်ြန္ေတာ္မ်ိဳးဆီ မလာတာ။ကိုယ္တိုင္လာရတာေပါ့"
ေရွာင္းေရွာင္းရဲ့စကားေႀကာင့္ ေပ်ာ္ေနသည့္စိတ္ကို အတင္းဖံုးဖိရင္း ျပံဳးျပလိုက္သည္။
"ေကာင္းပါျပီ ႀကင္ယာေတာ္"
"အရင္လို ေရွာင္းေရွာင္းလို့ပဲ ေခၚပါလား"
ပါးကို အနည္းငယ္ေဖာင္း၍ နွဳတ္ခမ္းကိုသာမာန္ထက္အေရွ့ကို ဆူထားတဲ့ႀကင္ယာေတာ္က ေရွာင္းေရွာင္းမွဟုတ္ရဲ့လားဆိုျပီး ေသခ်ာႀကည့္မိသည္။
"အရွင္ ရိေပၚ!"
"……"
"အဲ့လို ေခၚမယ္ေနာ္!
စကားနည္းနည္းေျပာခ်င္လို့ ဒီကအေစာင့္ေတြ အျပင္က ေဝးေဝးေနရာကို သြားခိုင္းပါလား အရွင္ရိေပၚ"
ဝမ္ရိေပၚက နွစ္ခါမစဥ္းစားေတာ့ဘဲ ကိုယ္ရံေတာ္က်ိရန္နဲ့အျခားရဲမက္ေတြ အကုန္လံုးကို ခပ္ေဝးေဝးမွာ သြားေနရန္ အမိန့္ေပးလိုက္သည္။
"ကိုယ့္ကို ဘာမ်ားေျပာခ်င္လို့လဲ ေရွာင္းေရွာင္း!"
ေရွာင္းေရွာင္းက ေခါင္းကို ျဖည္းျဖည္းခ်င္းစီ ငံု့သြားျပီး နားရြက္ဖ်ားေလးေတြ ရဲလာသလို ျဖစ္လာသည္။
"က်ြန္ေတာ္မ်ိဳးက ကိုယ္ဝန္ေဆာင္လို့ရပါတယ္ အရွင္…
ေယာက်ာ္းေလးေပမဲ့ သားအိမ္ပါတယ္လို့ သမားေတာ္ ေျပာပါတယ္။အဲ့တာ…"
"အဲ့တာ ဘာျဖစ္လဲ ဆက္ေျပာေလ ေရွာင္းေရွာင္း!"
"အဲ့တာ…ဟို…အရွင့္ရင္ေသြးကို က်ြန္ေတာ္မ်ိဳးေဆာင္လို့ ရမလား အရွင္"
စကားေတြ အနည္းငယ္ထစ္လို့ တစ္ကိုယ္လံုးနီျမန္းေနတဲ့
အေရွ့က ကိုယ္လံုးေလးကို ဆြဲယူလိုက္ျပီး ေပါင္ေပၚတင္လိုက္သည္။
"တကယ္ ကိုယ့္ေသြးသားကို ေဆာင္ေပးမွာလား!"
ခပ္ရဲရဲျဖစ္ေနေသာ မွဲ့နက္ေလးရွိသည့္ နွဳတ္ခမ္းေလးကို ဖိကိုင္လို့ ေခါင္းျငိမ့္ျပေသာ ေရွာင္းေရွာင္းအား ခါးကို ဆြဲဖက္လိုက္သည္။
ဖူးစိုေနသည့္ နွဳတ္ခမ္းပါးေလးကို တစ္ခ်က္ငံုလိုက္သည္။
"ခ်စ္ဖို့ေကာင္းတယ္ ေရွာင္းေရွာင္း"
"အာ…အရွင္ကလည္း"
နမ္းေနသည့္အဆင့္မွာတင္ ေမႊးရနံ့တစ္မ်ိဳးေႀကာင့္ မ်က္လံုးေတြက ေမွးစင္းလာျပီး ဘယ္လိုမွ ေရွ့မဆက္နိုင္ဘဲ ေဘးသို့ ထိုးခ်သြားခဲ့သည္။သူ အိပ္ေပ်ာ္သြားခဲ့တာလည္း ျဖစ္သည္။
****************
မ်က္လံုးေတြက ခပ္ေလးေလး ပြင့္လာျပီး ေဘးပတ္ဝန္းက်င္ကို ႀကည့္မိသည့္အခါ ေျမျပင္ေပၚမွာ သူ ေရာက္ေနျခင္း။သူ ့လိုဘုရင္တစ္ပါးက အဘယ့္ေႀကာင့္ ဒီမွာ အိပ္ေနရသလဲ။
မ်က္လံုးနွစ္ဖက္ကို အေသအခ်ာပြတ္ျပီး အေရွ့ျမင္ကြင္းကို ေသခ်ာႀကည့္မိေတာ့ လန့္သြားမိတာေႀကာင့္ ေနာက္သို့ တစ္လွမ္းဆုတ္မိသြားသည္။
မယ္မယ္…သူ ခ်စ္ရတဲ့ သူ ့ရဲ့မယ္မယ္!
မယ္မယ္က ေခါင္းမရွိေတာ့ ကိုယ္လံုးကို ႀကိဳးနဲ့တန္းလန္း ဆြဲခ်ထားသည္။ေနာက္တစ္ဖက္မွာက သူ ့အေပၚသစၥာရွိလြန္းတဲ့ ကိုယ္ရံေတာ္ က်ိရန္။
အဟက္…သူ ေက်ာ့ကြင္းမိသြားျပီပဲ။
ထိုစဥ္ ထိုအခန္းမွာ ထြက္လာတဲ့ လူသံုးေယာက္။နွစ္ေယာက္ကေတာ့ လက္ခ်င္းတြဲျပီး အျပံဳးေတြက အသက္ဝင္ေနေရာပဲ။တစ္ေယာက္က ခမည္းေတာ္ရဲ့မိဖုရားေခါင္ႀကီး ဝမ္ဟန့္မယ္ေတာ္။
"ဝမ္ရိေပၚ!!"
ညီအကိုေတာ္စပ္ေသာ ဝမ္ဟန္ဆိုသည့္သူက ခနဲတဲ့တဲ့ သူ ့ကို ေခၚလာသည္။ေမာ့မႀကည့္ဘဲ ေဘးကို အႀကည့္လႊဲေတာ့ ထိုလူက သူ ့မ်က္နွာကို ေျခေထာက္နဲ့လာကန္သည္။
Advertisement
"ငါေခၚေနရင္ ႀကည့္ေလ အရွံဳးသမားရဲ့!
မင္းက အခုဘာမွမဟုတ္ေတာ့ဘူးဆိုတာ နားမလည္ေသးဘူးလား!!"
"အဟင္း"
"ဘာရယ္တာလဲ ေဟ့ေကာင္!
ငါက က်န့္အလိုက် မင္းကိုပဲ မသတ္ဘဲထားတာေနာ္။
ငါ့စိတ္နဲ့သာဆို အခုခ်ိန္အသက္ရွိမွာ မဟုတ္ေတာ့ဘူး!"
"ဟုတ္လား။"
ထိုစဥ္ ေရွာင္းေရွာင္းက က်ြန္ေတာ့္ေရွ့ေရာက္လာျပီး က်ြန္ေတာ့္မ်က္နွာကို တံေတြးျဖင့္ ေထြး၏။ညိဳ ့မွိဳင္းေသာ မ်က္ဝန္းျဖင့္သာ ေမာ့ႀကည့္လိုက္သည္။
ထြီ!!
"အဲ့ရြံစရာမ်က္လံုးေတြနဲ့ ငါ့ကို မႀကည့္နဲ့!!"
"ေရွာင္းေရွာင္း…မင္းမို့ ကိုယ့္ကို လုပ္ရပ္တယ္"
"လုပ္ရက္တယ္ ဟုတ္လား…အရွင္။အာ…မဟုတ္ေသးဘူး
နန္းက်ဘုရင္…အဟက္!"
ခပ္ရြဲ ့ရြဲ ့ ခနဲ့တဲ့တဲ့ေျပာေနသည့္ ေရွာင္းေရွာင္းကို ဘာမွမေျပာဘဲသာ စိုက္ႀကည့္ေနခဲ့မိသည္။
"ဘာေႀကာင့္ ဒီလိုလုပ္လည္းဆိုတာ ဘဝမကူးခင္လည္း ေျပာျပလိုက္မယ္ အဟင္း…။မင္းရဲ့ခမည္းေတာ္ မင္းႀကီးက ငါ့အေဖစစ္သူႀကီးကိုသတ္ ငါ့အေမကိုက် သားရဲဘီလူးစီးေနတဲ့ရဲမက္ေတြဆီကိုထိုးေႀကြးျပီး ငါ့ကိုက် လည္ျဖတ္သတ္ဖို့ အမိန့္ေပးခဲ့တာေလ။ငါက ကံေကာင္းျပီး မင္းလိုသေဘာေကာင္းတဲ့ မင္းသားေလးနဲ့ေတြ ့ေတာ့ အခုလို လက္စားေခ်ခြင့္ရတာ။မင္းႀကီးက ငါ့ကိုမမွတ္မိေတာ့တာေတာ့ ပိုကံေကာင္းတာေပါ့။မင္းခမည္းေတာ္ကိုလည္း ငါ့ဒီလက္နဲ့ပဲ သတ္ပစ္ခဲ့တာ!! ဟား…"
"ကိုယ့္က်န့္က ေတာ္တယ္!!"
ဝမ္ဟန္က ေရွာင္းက်န့္ပါးကို နမ္းရင္း ေျပာသည္။ဘယ္လိုကံႀကၼာေႀကာင့္ ဒီျမင္ကြင္းကို သူ ႀကည့္ေနရပါသလဲ။
ဝမ္ဟန္လက္ထဲက ဓားကို ဆြဲထုတ္လို့ သူ ့ရင္ဘတ္ေပၚ တင္လိုက္သည္။
"ငါ မင္းကို ခ်စ္ခဲ့တယ္ ေရွာင္းက်န့္။ေတာထဲမွာ ယုန္ေလးေတြနဲ့ ေျပးလႊားေနတဲ့ မင္းကို ေတြ ့ကတည္းက ငါ ခ်စ္ခဲ့မိတာ။ဒါေပမဲ့ အခုလို မာယာမ်ားတဲ့ေျမေခြးလိုပံုစံမ်ိဳးကို ငါ မခ်စ္ဘူး။မင္းတို့လုပ္ရပ္ေတြကို သိရဲ့သားနဲ့ နွဳတ္ဆိတ္ေနခဲ့တာ
ငါ နံုလို့မဟုတ္ဘူး။ငါ ခ်စ္တဲ့မင္း စိတ္ခ်မ္းသာတာ ျမင္ခ်င္လို့!!
အခု တစ္ခုေတာ့ေျပာခဲ့မယ္။မင္းကို ခ်စ္ခဲ့တဲ့အခ်စ္က အခုဒီမွာတင္ပဲ အဆံုးသတ္သြားျပီ။ေနာက္ဘဝေတြ ရွိလာခဲ့ရင္ မင္းဆိုတာနဲ့ ငါ မုန္းေနမွာ။နွဳတ္ဆက္ခဲ့ပါတယ္ မင္းတို့ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနခဲ့ပါ!!"
စိုက္ဝင္လာတဲ့ ဓားအသြားေႀကာင့္ နာက်င္မွဳက ေျပာမျပတတ္ေအာင္ပင္။ေဝဝါးလာတဲ့ အျမင္အာရံုေတြႀကား ေျမျပင္ေပၚလဲက်သြားေသာ ခႏၶာကိုယ္။မ်က္လံုးကို စံုမွိတ္လို့ ကတိတစ္ခု ထပ္ျပဳျပန္သည္။
ျပန္လည္ေမြးဖြားလာခဲ့သည္ရွိေသာ္ မင္းကို ထပ္ခ်စ္မွာ မဟုတ္ေတာ့ဘူး။စိတ္ေရာ ခႏၶာကိုယ္ေရာ တစ္ဆစ္ဆစ္နာက်င္ရလို့။ဒါေပမဲ့ နာက်င္တာေတြ ျပီးသြားရင္ေတာ့……။
-------------------------------------------------------------
Unicode
ဒီနေ့မှာ ကောင်းကင်ကြီးက တစ်စုံတစ်ခုကို အခဲမကြေသလို ညှို့ မှိုင်းနေ၏။နေဝင်တော့မည့် အချိန်အခါသမယမှာ နေလုံးကြီးက အလျှင်အမြန်ပင် ကွယ်ပျောက်ချင်ပုံပေါ်သည်။
ဝမ်တိုင်းပြည်ရဲ့ နန်းတော်တစ်ခုမှာလည်း ချစ်ရတဲ့သူရဲ့ သစ္စာဖောက်ခံရခြင်းနဲ့အတူ အသက်ပျောက်လုမတက် ရင်ထဲမှာ အော်ဟစ်ငိုကြွေးနေတဲ့ သူတစ်ယောက်လည်း ရှိနေခဲ့သည်။။ဒါကို ကောင်းကင်ကြီးက ပိုလို့ဆိုးအောင် တမင်ဖန်တီးပေးထားပုံပင်…။
"ရှောင်းရှောင်း…မင်းမို့ ကိုယ့်ကို လုပ်ရက်တယ်"
အဆောင်တစ်ဆောင်ရှေ့မှာ ဝမ်နိုင်ငံရဲ့ နန်းတက်ဘုရင်
ဝမ်ရိပေါ်ဆိုသူက ဒူးထောက်လျက် သူ့ အရှေ့က လူအရိပ်တွေကို စူးစိုက်ကြည့်ရင်း ထိုစကားကို ဆိုနေလေသည်။
ရှောင်းရှောင်းဆိုတာ ဝမ်ရိပေါ် ချစ်ရတဲ့ ယောကျာ်းလေး ကြင်ယာတော်…။
အသက် တစ်ဆယ့်ရှစ်နှစ်မှာ တောကစားထွက်ရင်း ယုန်လေးတွေနဲ့ တစ်ယောက်ထဲဆော့နေတာကို တွေ့ လို့ နန်းတော်ကို လိုက်ခဲ့ချင်ရင် လိုက်ခဲ့လေဆိုပြီး ယုန်လေးနဲ့တူသော
ထိုလူသားရဲ့လက်ကို ဆွဲကာ ခေါ်ခဲ့မိသည်။
တစ်နှစ်ကျော်ထိ နန်းတော်ထဲ အတူတူဆော့ရင်း ပုံမာန်မဟုတ်တဲ့ ခံစားချက်တွေ သူ့ နှလုံးသားလေးက ပေါက်ဖွားလို့လာခဲ့သည်။
ဝမ်ရိပေါ်ဟာ ဝမ်မင်းကြီးအချစ်တော်မိဖုရားရဲ့သားဖြစ်တာကြောင့် ဝမ်မင်းကြီးကိုယ်တိုင်က ထီးနန်းကို လွှဲပေးရန် အမိန့်ချလာခဲ့သည်။
သူက မလိုချင်ပေမဲ့လည်း ခမည်းတော်၏ တစ်ချက်လွှတ်အာဏာကြောင့် ဘယ်သူ့ မှငြင်းဆန်ခွင့်မရှိ။အိမ်ရှေ့စံမင်းသားဖြစ်လာတာကြောင့် သူ့ မှာကြင်ယာတော်ရှိရန် လိုအပ်လာမည်ဟု ခမည်းတော်က ပြောကြားခဲ့သည်။
ဝမ်ရိပေါ်သည် သူ့ နှလုံးသားကို ခပ်မြန်မြန်ခုန်စေခဲ့သည့် ရှောင်းကျန့်ဆိုသော ကစားဖော်ကစားဖက် သူငယ်ချင်းလေးကို လက်ညိုးထိုးပြပြီး သူ့ ကို ကြင်ယာတော်မြှောက်ပေးပါဟု ဝမ်မင်းကြီးအား ပူဆာခဲ့သည်။
သားတော်အား ချစ်ခင်သည့် ဝမ်မင်းကြီးက လုံးဝမငြင်းဆန်ဘဲ ဝမ်ရိပေါ်နဲ့ရှောင်းကျန့်ကို လက်ထပ်ထိမ်းမြှားပေးခဲ့လေသည်။
အဲ့လက်ထပ်ပွဲကစပြီး သူ့ ဘဝမှာ မှားယွင်းတာတွေ စခဲ့တာပင်။အမြဲတမ်း တည်တည်ငြိမ်ငြိမ်လေးနေသည့် ရှောင်းရှောင်းကို အခြားမိဖုရားတွေ ကြင်ယာတော်တွေထက် သူ ချစ်ခဲ့သည်။သူ တန်ဖိုးထားခဲ့သည်။
ချစ်မြတ်နိုးလွန်းတာကြောင့် ရှောင်းရှောင်းမကြိုက်သည့် အရာမှန်သမျှကိုလည်း ရှောင်ကျဉ်သည်။မင်္ဂလာဦးညမှာပဲ
မင်း ငါ့ကိုချစ်ရင် ငါ့အသားမထိနဲ့ဆိုသော သူလေးကြောင့်
အခုချိန်ထိ ရှောင်းရှောင်းနဲ့သူ တစ်ခါမှ အိပ်ယာခန်းမဝင်ခဲ့ဘူးပါ။
မိဖုရားခေါင်ကြီးရဲ့သားတော် ဝမ်ဟန်ဆိုသောသူကိုလည်း
ဝမ်ရိပေါ် ခင်မင်ခဲ့သည်။သူ့ နေရာကို လုမဲ့သူလို့ မသိခင်အထိပေါ့။ရှောင်းရှောင်းနဲ့လည်း ဝမ်ဟန်ဆိုသူက ခင်သည်။လက်မထပ်ခင်ကတည်းက ရှောင်းရှောင်းသည် သူ့ လိုအိမ်ထောင်ဖက်ထက် ဝမ်ဟန့်ကို အရေးပိုပေးခဲ့သည်ကို သူ ရိပ်မိခဲ့လေသည်။သို့ပေမယ့် ထိုအသိစိတ်ကို မသိကျေးကျွန်သာ ပြုနေခဲ့လေသည်။
ခမည်းတော်ဟာ ဘာရောဂါအမျိုးအမည်မျှမဖြစ်ပါဘဲလျက် ဝမ်ရိပေါ် အိမ်ရှေ့မင်းသားဖြစ်ပြီး နှစ်နှစ်အကြာမှာ နတ်ရွာစံခဲ့လေသည်။သုံးရက်အကြာမှာပဲ နန်းတက်ပွဲလုပ်ပြီး ဝမ်ရိပေါ်ကို ဆက်ခံစေခဲ့သည်။
ဘုရင်ဖြစ်သည့်နေ့ကစပြီး ရှောင်းရှောင်းဆီ အရင်လို မသွားဖြစ်တော့။တစ်နေ့ကုန် မအားလပ်သော နန်းတွင်းရေးရာတွေကြား ခေါင်းစိုက်နေခဲ့ရသည်။
ရင်ထဲ၌ အလွမ်းမီးတွေ များလာတဲ့ နောက်ဆုံး ညည့်နက်သော်လည်း ချစ်ရသူရဲ့မျက်နှာလေး တွေ့ ချင်တာကြောင့် ရှောင်းရှောင်းရှိသော အဆောင်ဘက်ကို ဝမ်ရိပေါ် ကြွချီလာခဲ့လေသည်။
သို့သော် တံခါးအစောင့်က ကြင်ယာတော်ရှောင်းဟာ ဘယ်သူလာလာ တံခါးမဖွင့်ပေးရဘူးဆိုတဲ့ အမိန့်ပေးထားသည်ဟုဆိုကာ သူ့ အား ဝင်ခွင့်မပေးခဲ့ပေ။
ဘုရင်ရဲ့အာဏာနဲ့ဖွင့်ခိုင်းမယ်ဆို ရမယ်သိသော်လည်း ရှောင်းရှောင်း ကိုယ့်ကြောင့် စိတ်ဆင်းရဲလေမလားဆိုတဲ့ အသိကြောင့် ဝမ်ရိပေါ်ဟာ နောက်သို့ ပြန်လှည့်လာခဲ့လေသည်။
ထိုနေ့ညက သူ့ အား အနားလည်ဆုံးပေးနိုင်သည့် မိဖုရားလီရှင်းယန် အဆောင်သို့ပဲ ကူးလာခဲ့သည်။သူမသည် အလိုက်သိတတ်လွန်းသည်။သူ ပင်ပန်းနေတာကိုလည်း သိသည်။
အမြဲတမ်း သူ့ အတွက်အပန်းဖြေရာ တစ်ခုကို စီစဉ်ပေးသည်။ထိုသို့ သိတတ်သော မိဖုရားကို သူ မချစ်ခဲ့ပါ။အမြဲတမ်း လစ်လျူရှုတတ်သည့် လူသားလေးကိုပဲ သူ့ ရင်ဘတ်ထဲ အပြည့်ထည့်ထားခဲ့သည်။
နန်းတက်ပြီး ခြောက်လအတွင်း တိုင်းပြည်က အရင်ကထက်
စည်ပင်ဝပြောလာသည်။သူ့ ရဲ့အုပ်ချုပ်မှုကိုလည်း အမတ်ကြီးများက ချီးကျူးလို့ မဆုံးပေ။
သို့ပေသိ သူ့ ရဲ့အပျော်များက သတင်းတစ်ခုကြောင့် ချက်ချင်းပင် ကွယ်ပျောက်လုသွားသည်။
"အရှင်…ကြင်ယာတော်ရှောင်းနဲ့ မင်းသားဝမ်ဟန် ဥယျာဉ်တော်နောက်မှာ တွေ့ နေကြပါတယ်"
အနောက်က စောင့်ရှောက်ရန် လွှတ်ပေးထားသည့် ကိုယ်ရံတော် တစ်ယောက်ရဲ့ပြောစကားဖြစ်တာကြောင့် အမှားမဖြစ်နိုင်ပေ။ချက်ချင်းပင် ထိုဥယျာဉ်တော်ဆီသို့ ဝမ်ရိပေါ် လိုက်သွားခဲ့သည်။အချိန်ကား ညသန်းခေါင်ယံ…။
"အင်း…အာ့!!"
နေရာနဲ့နီးလျှင် ထိုအသံက ပိုထင်ရှားလာတာကြောင့် အနောက်က လိုက်လာတဲ့ကိုယ်ရံတော်နဲ့ ရဲမက်များကို နေခဲ့ဖို့ လက်ပြလိုက်သည်။
"အင့်…ဟင်း!!"
"အား…ကောင်းလိုက်တာ"
ဝမ်ရိပေါ် ထိုမြင်ကွင်းကို မျက်ဝါးထင်ထင်တွေ့ ခဲ့ပါသည်။
သူ မြတ်နိုးထား ချစ်ရတဲ့သူနဲ့ အခြားယောကျာ်းတစ်ယောက်တို့ ခန္ဓာကိုယ်ချင်း ကူးလူးဆက်နွယ်နေပုံ။
သူ့ ရဲ့နှလုံးသားကို အပ်နဲ့တစ်ချက်ချင်းဆီ ခံစားရပြီး လရောင်အောက်မှာ မက်မက်မောမောအလုပ်လုပ်နေတဲ့သူနှစ်ယောက်ကတော့ ချုံကွယ်နေတဲ့သူ့ အား သတိမထားမိခဲ့ကြပေ။
သူ့ လိုတရားဝင်လက်ထပ်ထားတဲ့သူကို အသားတောင်မထိခံဘူးဆိုတာ သူ ချစ်ရတဲ့သူ ရှိနေလို့ပေါ့။ဒါဆိုလည်း အစကတည်းက သူ့ ကိုပြောပြခဲ့သင့်တာ။ရှောင်းရှောင်း ဆန္ဒရှိရင် သူ့ နှလုံးသားကို ချနင်းပြီး စွန့်လွှတ်ပေးခဲ့မှာပါ။ လက်ဆက်ဖို့အထိ လုပ်ခဲ့မှာ မဟုတ်ဘူး။
ထိုနေ့ကစပြီး ဝမ်တိုင်းပြည်က ဝမ်ရိပေါ်ဆိုတဲ့ဘုရင်ဟာ
နိုင်ငံအရေးတွေကိုလည်း အရင်ကလောက် စိတ်မဝင်စားတော့။အမတ်တွေပြောသမျှကို ထောက်ခံပြီး ထိုသို့လုပ်ပေးလိုက်ဖို့ပဲ အမိန့်ချသည်။
သူ ချစ်ရတဲ့ ရှောင်းရှောင်းဆီကိုလည်း သွားမတွေ့ တော့။ရှောင်းရှောင်းကလည်း သူ့ ကိုရှိသေးတယ်လို့တောင် ထင်ရဲ့လား မသိဘူး။သူ့ ဆီ သတင်းမေးဘာမေးလေးတောင် ခြေလှမ်းမလှည့်လာခဲ့ဘူး။
ရှောင်းရှောင်းချစ်တဲ့ယောကျာ်းက အခြားသူတော့ မဟုတ်ဘူး။ညီအကိုတော်စပ်တဲ့ မင်းသားဝမ်ဟန်ပဲ။
သူ့ အနားမှာ အခုရှိတာက အမြဲတမ်း သူ့ စိတ်တိုင်းကျနေပေးတဲ့ မိဖုရား လီရှင်းယန်။အမတ်ကြီးလီရဲ့ တစ်ဦးတည်းသော
သမီးတော်။
"ရှင်းယန်!"
"ပြောပါ အရှင်"
"ကိုယ်တော့်ကို တစ်ကယ်ပဲ ချစ်ခင်တာလား"
"နည်းနည်းတော့ ရှက်ပေမဲ့ ရှင်းယန်ရင်ထဲမှာ အရှင့်ကို ချစ်တဲ့စိတ်က ပြောမပြတတ်ပါပဲ။အရှင် အခုလိုဖြစ်နေတာ ဘာအကြောင်းကြောင့်ဖြစ်တာလည်းဆိုတာ မသိပေမဲ့ ရှင်းယန်နှလုံးသားတွေ ကြေမွမတတ်ခံစားနေရပါတယ်။"
"ဒါဆို ကိုယ်တော်တို့ နန်းသွေးယူရအောင်!"
"အရှင် ဒါက မိဖုရားခေါင်ကြီးတာဝန်ပါ။ရှင်းယန် မခံယူဝံ့ပါ"
"ကိုယ်တော့်သဘောကို ဆန့်ကျင်တာလား!!"
"အဲ့လို မဟုတ်ရပါဘူး အရှင်"
"ကောင်းပြီ"
ထိုနေ့ညက မျက်လုံးထဲ တစ်ဦးတည်းမြင်နေရတဲ့သူကိုပဲ မှန်းဆလို့ ရှင်းယန်နဲ့သွေးသားရင်းနှီးခဲ့သည်။တစ်ဦးတည်းသောသူကတော့ သူမဟုတ်တဲ့အခြားတစ်ယောက်နဲ့ ပျော်နေရောပေါ့။
နောက်သုံးလအကြာ ရှင်းယန်မူးလဲသည်ဟု ကြားတာကြောင့် အပြေးလှမ်းလာခဲ့သည်။ထိုနေရာမှာ ရှောင်းရှောင်းလည်း ရှိနေခဲ့သည်။
ဝမ်ရိပေါ်လာတော့မှ တစ်ဖက်လှည့်သွားတော့ ရှောင်းရှောင်းကို ဝမ်ရိပေါ် ဂရုမစိုက်တော့။ရှင်းယန်ကို စမ်းသပ်နေသည့်
သမားတော်ကိုပဲ ဖြစ်ကြောင်းကုန်စဉ်မေးမြန်းမိသည်။
"ဂုဏ်ယူပါတယ် အရှင်!
မိဖုရားမှာ အရှင့်သွေးသားလေး ဖြစ်တည်နေပါပြီ"
"တကယ်ပြောတာလား သမားတော်!"
"တကယ်ပါ အရှင်"
နိုးလာပြီဖြစ်တဲ့ ရှင်းယန်လက်လေးကို ဆုပ်ကိုင်လို့ ကျေးဇူးတင်ကြောင်း မျက်လုံးဖြင့် ပြောမိသည်။
သတိရသွားတဲ့ တစ်စုံတစ်ယောက်ကို လှည့်ကြည့်တော့ မရှိတော့။သူ့ လိုကြင်ယာတော်တစ်ပါးက ဒီမြင်ကွင်းကို ဘယ်ကြည့်ချင်ပါ့မလဲ။ဒါမှမဟုတ် သူကိုယ်တိုင်ကိုယ်ဝန်ဆောင်ဖို့ ဝမ်ဟန်ကို သွားပူဆာနေတာလဲ ဖြစ်နိုင်တာပဲ…။
သူ့ ကြင်ယာတော်က သူ့ ကိုမှ မနှစ်သက်ခဲ့တာ…။
**********
"အရှင်…"
ပေလွှာတွေကို ဖတ်နေတုန်း ကိုယ်ရံတော်ကျိရန်ရဲ့ အခေါ်ကြောင့် ခေါင်းငဲ့ကြည့်လိုက်သည်။
"ပြောပါ ကျိရန်"
"မိဖုရားရှင်းယန် အခန်းထဲမှာ အဆိပ်မိပြီး သေဆုံးနေကြောင်းပါ"
"ဘာ!!"
အကြောင်းသက်သက်မဲ့ သွေးသားလေးကို လွယ်ထားတဲ့ မိဖုရားရှင်းယန်က အသက်ပေးလိုက်ရပြီ။ဘယ်သူ့ လက်ချက်ဆိုတာ ရိပ်မိလောက်ပေမဲ့ ဘာမှမလုပ်ချင်တာကြောင့် သက်ပြင်းတစ်ချက်ချကာ ဒီအတိုင်းပင် ထားခဲ့သည်။
***********
ထိုနေ့…ထိုနေ့က ရှောင်းရှောင်းက သူ့ ဆီပထမဆုံးလာခဲ့သည်။ဘာအကြောင်းအရင်းကြောင့်လာလာ ကြင်ယာတော်ရှောင်းက သူ့ ဆီလာနေသည်ဆိုသော အသိကြောင့် အပြုံးတွေက ထိန်းလို့မရ။
"အရှင်!!"
ဝင်ဝင်ချင်း ဦးညွှတ်လိုက်တဲ့ ကြင်ယာတော်ကို လက်မောင်းကနေ ကိုင်လို့ ပြန်ထစေသည်။
"ဘာအကြောင်းအရာများရှိလို့လဲ ကြင်ယာတော်ရှောင်း!"
"အရှင့်မှ ကျွန်တော်မျိုးဆီ မလာတာ။ကိုယ်တိုင်လာရတာပေါ့"
ရှောင်းရှောင်းရဲ့စကားကြောင့် ပျော်နေသည့်စိတ်ကို အတင်းဖုံးဖိရင်း ပြုံးပြလိုက်သည်။
"ကောင်းပါပြီ ကြင်ယာတော်"
"အရင်လို ရှောင်းရှောင်းလို့ပဲ ခေါ်ပါလား"
ပါးကို အနည်းငယ်ဖောင်း၍ နှုတ်ခမ်းကိုသာမာန်ထက်အရှေ့ကို ဆူထားတဲ့ကြင်ယာတော်က ရှောင်းရှောင်းမှဟုတ်ရဲ့လားဆိုပြီး သေချာကြည့်မိသည်။
"အရှင် ရိပေါ်!"
"……"
"အဲ့လို ခေါ်မယ်နော်!
စကားနည်းနည်းပြောချင်လို့ ဒီကအစောင့်တွေ အပြင်က ဝေးဝေးနေရာကို သွားခိုင်းပါလား အရှင်ရိပေါ်"
Advertisement
- In Serial59 Chapters
The Personal Assistant.
"James McGregor, CEO of McGregor industries, has passed away yesterday evening after a long battle with cancer. James McGregor, aged 63, was one of the-"Elizabeth shut the TV off, she couldn't bear to listen to this... She had been there when it happened, she did not need it to be repeated. Elizabeth Waverton had been Mr. McGregor's personal assistant for the last three years. During that time the two of them had gotten close. They became friends, as he was as a father to her. Ms. Waverton was seen by many as one of the best personal assistants that there was. Most didn't last long at the McGregor's, but Ms. Waverton did. She was known for making anything possible, having connections all over town and anywhere you can imagine. But now that her former boss and friend is dead the company will be taken over by James McGregor jr. the son of her boss. Elizabeth had never quite taken a liking to this man, but he however has taken an interest in her...
8 369 - In Serial51 Chapters
Mr and Mrs Devil
Julianna Hernandez , top #1 Assassin , kills with out regret, and shows no fear but makes people fear her. Her emerald green eyes, Her blonde golden locks. But on the inside she cares for those who care for her. But she has secrets that people wouldn't expect.Giovanni valentine , #1 feared mafia leader, ruthless killer, men fear him girls want him. His dark brown curly hair and blue ocean eyes. He can make you fall in love with out even saying a word. Hates everyone besides his bestfriend. Who falls in love first?Will their secrets bring them closer?Will they win the war?Who is left standing and ends up dead?_______________________________"I'm sorry mr. Valentine I didn't catch that, wanna say it again?" Julianna looked up at him with a innocent look and a hand sliding down to his v-line."Julianna if you don't remove your hand I will throw you on that bed make sure you can't walk for the next month" Giovanni says quietly just so she can hear him."I'd like to see if you can , but don't forget gio I like being the dominating one, so we will see who begs for it first" she whispers seductively and then walks off leaving Giovanni to clean up the dead body.
8 184 - In Serial41 Chapters
The Other CEO
Grief-stricken over the death of the boss who was like a father to her, Olivia Bailey is left to deal with the aftermath--the arrival of his dashing but estranged son, Pierce Alexander. But she can't stand him and he doesn't trust her. Will working for the new CEO remain to be an impossible task?***Olivia Bailey might be plain and boring, but she's content with her current lifestyle, working for the kind but lonely old man who owns Alexander Corporation. But his untimely death flips her simple life upside down. Now, she must deal with his estranged son, the heir to his business empire, together with the growing feelings building up between them. Will Olive manage to bear the pressure and issues cropping up along the way--or is this too much to ask?Disclaimer: This story won The Wattys 2014 People's Choice Award.Cover Design by Ashley Marie Bandy
8 134 - In Serial11 Chapters
Festival Lights
Matthew first saw her dancing in the crowd, the crown in her hair reflecting the festival lights. She twinkled.Nalini first noticed him when she heard the gravitas in his voice. She looked up at the stage and saw the festival lights flashing around him. He twinkled. What happens when a budding musician and an ambitious fashion blogger lock eyes at a music festival? Dive into the festival lights and fights as Matthew and Nalini navigate their feelings.Cover Image Photo: Matthew Reyes. Unsplash. IG: @visionaryimaging
8 224 - In Serial34 Chapters
My Mysterious Billionaire ✓
Amayra Williams was another common medico with a lifetime goal of making her late mother's dreams come true. What happens when a whirlwind of circumstances compelled her to get married during her visit to her step-sister's wedding? That too with a mysterious billionaire, world only served rumours about? Will she be able to understand her new relations and Alexander's lifestyle while still trying to balance her own career and emotions?Alexander Smith, unlike other Smith members, was always kept away from the spotlight. The world was curious about his existence and hence, paved the way for various rumours about the 'mysterious billionaire'. He seemed to be having issues with, well 'everything' in general. He was claimed to be arrogant and living under the rocks for years. Amongst everything, he seemed to be nurturing a dark secret. What happens when Amayra and Alexander are 'forced' into matrimony? Will Amayra's stubbornness and curiosity compel the truth out of Alexander? Will they be able to survive and thrive as a couple among the chaos? Dive into the story to find out.[Unedited]
8 270 - In Serial59 Chapters
Right Hook (Gaslight series)
When rich girl Alyssa grows tired of the high-life, she joins a boxing gym for delinquents, where she must fight her feelings for one of the members or risk ruining her family's reputation. ****Eighteen-year-old Alyssa Class is known as the rich bitch, the girl with the perfect life-except her life is anything but perfect.Max O'Connor knows first-hand what it's like to have nothing, which is why he's intent on becoming a boxer-if he can avoid distractions. But when Alyssa joins a gym for delinquents, their worlds soon collide and sparks-and fists-start to fly. With controlling parents on her case and her dad's business on the line, will the pair fight for family or love?*This is a Gaslight spin-off. It will feature some familiar characters but is a standalone book and can be read without reading Gaslight.**If you aren't reading this book on Wattpad, it has been stolen. Please report the website!*
8 247

