《After Agonising ,Will You Love Again? [ Completed ]》CHAPTER - [ 2 ]
Advertisement
Zawgyi
"သားတော်…ရိပေါ်"
"သားတော်…"
"ကောင်းပါပြီ။
စာသင်ချင်ပါတယ်"
"မိဖုရားခေါင်ကြီး!"
ဒီအသံ…ဒီအသံ!
မှတ်မိတာပေါ့။သိပ်ကို မှတ်မိတာပေါ့။
"ငါ့အသားကို မထိနဲ့!!"
"တောင်းပန်ပါတယ်…"
"အဲ့မှာရပ်!!"
"မင်းက ဘယ်မှာနေတာလဲ!"
Advertisement
"ဟုတ်ပြီ။
"မသိဘူး!"
"အဟက်…
"……"
"ကျန့်!!!"
"ဘာဖြစ်နေတာလဲ!
အဆင်ပြေလား ကျန့်…
"ရပါတယ်"
"အင်း"
"အော်…ရိပေါ်!"
"မသွားဘူး!"
"အကိုတော်တော့ သွားမယ်"
"သွားလေ!"
"မလိုက်တော့ပါဘူး။
"အဟမ်း!!!"
***********
****************
"ရပ်စမ်း!"
ခွင့်လွှတ်ပေးပါ!"
"ရတယ်!"
-------------------------
"မပြေးနဲ့လေ!!"
Advertisement
"ဒီကို ဘာလာလုပ်တာလဲ!"
"ခွင့်လွှတ်ပေးပါ။
သတိထား ဝမ်ရိပေါ်။
အဲ့မျက်လုံးတွေက အန္တရာယ်များတယ်။
မင်း မရင်ဆိုင်နိုင်လို့ ထပ်ချစ်မိသွားရင် မင်းပဲ နာကျင်ရမှာ။
မင်း ပျက်စီးမှာ…မင်း တန်ဖိုးထားသမျှ နင်းချေခံရမှာ။
ဒါတွေ နားလည်ရဲ့သားနဲ့ ထပ်ပြီး မရူးမိုက်နဲ့။
------------------------------------------------------------
နှလုံးသားထဲကို ဓားစိုက်ခံရတာ ဘယ်လောက်တောင် နာကျင်ရသလဲ။ခေါင်းတွေက မခံနိုင်လောက်အောင် မူးဝေလာပြီး
သတိစိတ်တွေကို ထိန်းချုပ်လို့မရတော့။
ပြန့်လွင့်နေသာ စိတ်အစုံကို စုစည်းလို့ မျက်လုံးကို ဖွင့်ကြည့်လိုက်သည်။အရမ်းကို ကြီးကျယ်ခမ်းနားစွာ ကျင်းပနေတဲ့ ပွဲတော်တစ်ခု။
ရင်းနှီးနေတဲ့ မြင်ကွင်းကြောင့် ထပ်မံအာရုံစိုက်လို့ ထပ်ကြည့်လိုက်သည်။မြင်ဖူး သိဖူးသော လူအများ။ထိပ်ဆုံးမှာ ထိုင်ကာ
သေရည်ခွက်နဲ့ကောင်းချီးပေးနေသော ဘုရင်မြင့်မြတ်။တစ်နည်း သူ့ ရဲ့ဖခမည်းတော်။
ဖခမည်းတော်ရဲ့ ဘယ်ဘက်မှာ အပြုံးကို အတုလုပ်ကာ ရက်ရောစွာ ပြုံးနေသည့် ဖခမည်းတော်ရဲ့ မိဖုရားခေါင်ကြီး။
အကိုတော် ဝမ်ဟန် တစ်နည်း ရှောင်းရှောင်းချစ်သူရဲ့ မိခင်။
အံကို ကြိတ်လို့ လက်သီးကို ခပ်တင်းတင်းဆုပ်လိုက်သည်။
သူ တကယ်ကို ပြန်လည်မွေးဖွားလာခဲ့တာ။အတိတ်ဘဝကတည်းက ဒီလို ပြန်လည်မွေးဖွားခြင်းတွေကို ယုံကြည်တဲ့သူက အခုလိုအခြေအနေကို ချက်ချက်ရိပ်မိတာ သိပ်တော့မဆန်း…။
ကောင်းကင်က သူ့ အား အမှားတွေကို ပြန်လည်ပြင်ဆင်ခွင့်ပေးဖို့ အခွင့်အရေးပေးတာ ကျိန်းသေပေါက် ဖြစ်မည်။
မှတ်ဥာဏ်ထဲက အတိုင်းဆိုရင် ဒါက သူ့ အသက်ဆယ့်ရှစ်နှစ်ပြည့်မွေးနေ့အတွက် ပွဲတော်ခင်းနေတာ။ဒါဆို မနက်ဖြန် သူ တောကစားထွက်ရလိမ့်မယ်။
"သားတော်…ရိပေါ်"
ဖခမည်းတော်က ခပ်သေးသေးလေးပြုံးကာ သူ့ ကို လက်ယပ်ခေါ်သည်။သားတော်တွေထဲမှာမှ သူဟာ ခမည်းတော်ရဲ့ အချစ်ဆုံး မိဖုရားက ဖွားတဲ့သူဖြစ်တာကြောင့် အခြားမင်းသားဆွေထက် ချစ်ခင်ခြင်း ခံရသည်။
သူ့ ကို အရမ်းချစ်တဲ့ ခမည်းတော်ကို အရင်ဘဝက အချစ်ရူးဖြစ်နေတာကြောင့် ဆုံးရှုံးခဲ့ရသည်။ပြန်ရှင်သန်လာတဲ့ အခုဘဝမှာတော့ ခမည်းတော်ကို ဆုံးရှုံးခံမည်လည်း မဟုတ်သလို အချစ်ရူးလည်း လုပ်နေမှာ မဟုတ်ပေ။
"သားတော်…"
"အမိန့်ရှိပါ ခမည်းတော်"
"ဘာတွေတွေးနေတာတုန်း။ခမည်းတော်ဖြင့် ခေါ်နေတာ ကြာလှပြီ!"
"တောင်းပန်ပါတယ် ခမည်းတော်။သားတော် အတွေးလွန်နေတာပါ"
"ကောင်းပါပြီ။
မနက်ဖြန် သားတော် တောကစားထွက်ချင်ရင် ခမည်းတော် ခွင့်ပြုတယ်လို့ ပြောမလို့ပါ"
"သားတော် မသွားချင်ဘူး ခမည်းတော်။အဆောင်တော်မှာပဲ
စာသင်ချင်ပါတယ်"
အရင်ဘဝက တောကစားထွက်ပြီး ရှောင်းကျန့်ဆိုတဲ့သူကို
တွေ့ ကာ နန်းတော်သို့ ခေါ်လာခဲ့တာကြောင့် သူ့ ဘဝပျက်စီးသွားရတာ။ဒီဘဝမှာတော့ ကြိုသိနေတဲ့သူ့ အတွက် ဒီခရီးလမ်းကို မသွားဖြစ်တာ သူ့ အတွက်အသင့်တော်ဆုံးလို့ သူ ယူဆသည်။
"ရိပေါ်လေးက လိမ္မာလိုက်တာ"
"မင်းသားတိုင်း တောကစားထွက်ပါတယ် အရှင်ရယ်။
အခု သူက မထွက်ချင်တာကို အရှင်က ဘာလို့ လိမ္မာတယ်လို့ ပြောနေရတာလဲ…ဟမ့်"
"မိဖုရားခေါင်ကြီး!"
ခမည်းတော်ရဲ့ အော်သံကြောင့် မိဖုရားခေါင်ကြီးဆိုသူက တုန့်တက်သွားသည်။ဘာမှ ဆက်မပြောတော့ဘဲ သူ့ ကို မီးဝင်းဝင်းတောက်နေသည့် မျက်ဝန်းတွေနဲ့ကြည့်နေသည်။
သူလည်း အောက်ကျမခံ မျက်နှာကိုတင်း၍ ပြန်လည် စိုက်ကြည့်ပေးလိုက်သည်။အရင်ဘဝက သူသေခါနီး သူမက ခပ်ကျယ်ကျယ်ရီနေခဲ့တာတွေ သူ ပြန်လည်ကြားနေရသည်။
လက်သီးကို အသားထဲစိုက်မတက် ဆုပ်လို့ မျက်ဝန်းထဲမှာ
မျက်ရည်ကြည်တွေစို့လာခဲ့သည်။ထိုနေရာကနေ မင်းကြီးကို အရိုအသေပေးပြီး ကိုယ့်အဆောင်သို့သာ ပြန်လာခဲ့သည်။
အော်ဟစ်ချင်နေတဲ့စိတ်ကြောင့် အဆောင်တော်ကို ပြေးကာ
ပြန်လာမိနေစဉ် ဖြတ်လမ်းကနေ ထွက်လာတဲ့ တစ်စုံတစ်ရာကြောင့် အချင်းချင်းတိုက်မိကာ လဲကျသွားသည်။
သူက အောက်ကအနေအထားမှာ ဖြစ်ပြီး ထိုတစ်စုံတစ်ရာက သူ့ အပေါ်မှာ။အချိန်အတော်ကြာထိ ထမသွားတဲ့လူကြောင့် ကိုယ်လုံးကို လှုပ်ကာ စကားစပြောလိုက်သည်။
"ထတော့လေ။ဖိထားတာ အောက်ကလူ ကျိုးကြေတော့မယ်!"
"မင်းကိုယ်က ငါ့မာမားလိုပဲ နွေးလို့ပါ…"
ဒီအသံ…ဒီအသံ!
မှတ်မိတာပေါ့။သိပ်ကို မှတ်မိတာပေါ့။
သူ့ ဘဝတစ်ခုလုံးကို ခြယ်လှယ်ချင်တိုင်း ခြယ်လှယ်ခဲ့တဲ့သူ။
သူ့ ရဲ့အချစ်ကို အသုံးချပြီး သူ့ နှလုံးသားကို နင်းချေသွားတဲ့သူ။ပြီးတော့ ဘယ်တော့မှ ထပ်မချစ်သင့်တဲ့သူ။
နှုတ်ခမ်းအောက်က မှဲ့နက်ရှိတဲ့ သူ။
သူ သတိပြန်ဝင်လာတဲ့အချိန်မှာ ထိုလူက သူ့ အပေါ်ကနေ ပြန်ထလို့ ကိုယ်ပေါ်မှာရှိတဲ့ ဖုန်တွေကို ခါထုတ်နေသည်။
သူ့ ကိုလည်း ပြန်မော့ကြည့်လို့ သူ့ ကိုယ်ပေါ်က ဖုန်တွေကိုလည်း လာခါပေးသည်။
"ငါ့အသားကို မထိနဲ့!!"
သူ့ ရဲ့ဟောက်သံကြောင့် တစ်ချက်ငြိမ်သွားပြီး လက်တွေကို ပြန်ရုတ်သိမ်းသွားသည်။နှစ်ယောက်ကြား တိတ်ဆိတ်သွားပြီး
ူသူလည်း ခြေတစ်လှမ်းမှ ဒီနေရာက မခွာမိသလို ရှေ့ကလူကလည်း ခေါင်းလေးငုံ့လို့ ငြိမ်နေသည်။
"တောင်းပန်ပါတယ်…"
အသံသေးသေးလေးနဲ့ ခပ်နှေးနှေးပြောပြီး သူ့ ကိုကျောခိုင်းကာ ထွက်သွားရန်ပြင်နေသည်။
"အဲ့မှာရပ်!!"
သူ့ ရဲ့အမိန့်သံကြောင့် လှုပ်ရှားနေသည့် ထိုလူက ရပ်တန့်သွားသည်။
"မင်းက ဘယ်သူလဲ။ဒီမှာ မင်းကို တစ်ခါမှ မတွေးဖူးဘူး!"
"ငါက ဝမ်ဟန့်ရဲ့ သူငယ်ချင်း။
ဒီနေ့ သူ့ ညီတော်မွေးနေ့ရှိတယ်ဆိုပြီး ငါ့ကို ဖိတ်လို့လာခဲ့တာ။"
"မင်းက ဘယ်မှာနေတာလဲ!"
"ဝမ်ဟန်ပေးထားတဲ့ ပန်းဥယျာဉ်ထဲက အဆောင်မှာ!"
သူ့ ရဲ့အတိတ်ဘဝမှာကျ ရှောင်းကျန့်ကို သူက တောထဲမှာ တွေ့ ခဲ့တာ။နန်းတော်ထဲကို ရောက်လာပြီးမှ ဝမ်ဟန်နဲ့အဲ့လူက သိကြတာ။အခုတော့ ကြိုတောင် သိနေကြပြီး နေဖို့ သီးသန့်နေရာလေးတောင် ပေးထားပြီပဲ။
"ဟုတ်ပြီ။
ဒါနဲ့ အခု ငါ ဘယ်သူလဲဆိုတာ မင်း သိလား!"
"မသိဘူး!"
"အဟက်…
ဒီနန်းတော်ထဲက အခုချက်ချင်း ထွက်သွား!"
"……"
"ငါပြောတာ အခု မင်းနေတဲ့ ဥယျာဉ်ထဲပါ ထွက်သွား!
ငါ့မျက်စိရှေ့မှာ မင်းကို ထပ်မမြင်ချင်ဘူး!"
သူပြောသမျှကို ဘာမှပြန်မပြောဘဲ ခေါင်းပဲ ငုံ့နေသည်။
ဘာလဲ…ငိုနေတာလား။သနားစရာ အကွက်တွေ လာလုပ်ပြမနေနဲ့။ဟိုဘဝက မင်းကို ချစ်ခဲ့တဲ့ ဝမ်ရိပေါ် မဟုတ်တော့ဘူး။
"ကျန့်!!!"
အော်သံကျယ်ကျယ်နဲ့ အနားကို ပြေးလာတဲ့ ဟက်…အကိုတော် ဝမ်ဟန်။ဟိုလူကလည်း ပြေးလာတဲ့သူကို မြင်တာနဲ့ ခေါင်းမော့လာပြီး ပြုံးပြသည်။မပြုံးနဲ့ ရှောင်းကျန့် ငါ သိပ်မုန်းတဲ့ အပြုံးတွေကို။
"ဘာဖြစ်နေတာလဲ!
အဆင်ပြေလား ကျန့်…
ငါ မင်းကို လာခေါ်မလို့ပဲ။ရဲမက်တွေက ငါ့ကို အခမ်းအနားကျင်းပနေတုန်းမို့ ပေးမထွက်လို့!"
"ရပါတယ်"
"အင်း"
"အကိုတော်တို့က အတော်ခင်နေကြတာပဲ!"
"အော်…ရိပေါ်!"
သူ့ ကို အခုမှ မြင်ပုံရတဲ့ အကိုတော်က နည်းနည်းတော့ ရယ်ဖို့ကောင်းတယ်။သူ့ ချစ်သူကလွဲပြီး ဘယ်သူ့ မှ မမြင်နိုင်တော့လောက်အောင် ချစ်တယ်ထင်ပါ့။
"မနက်ဖြန် တကယ် တောကစား မထွက်ဘူးလား!"
"မသွားဘူး!"
"အကိုတော်တော့ သွားမယ်"
"သွားလေ!"
"ဒါနဲ့ ကျန့်ရော ငါနဲ့လိုက်မလား"
"မလိုက်တော့ပါဘူး။
ငါက ဘာမှလုပ်တတ်တာ မဟုတ်ဘူး။မင်းအတွက် လူပိုတစ်ယောက်ပဲ ဖြစ်မှာလေ"
"ကျန့်ကလည်း အဲ့လိုမပြောပါနဲ့!"
"အဟမ်း!!!"
သူ့ ကိုရှေ့ထားပြီး မရေမရာစကားတွေ ပြောနေကြာတာမို့ သူ
ချောင်းတစ်ချက်ဟန့်လိုက်သည်။ဝတ်ရုံစကို ခါပြီး သူ့ ကိုကြည့်နေတဲ့နှစ်ယောက်အား ခပ်မှုန်မှုန်တစ်ချက်ကြည့်ပေးလိုက်ပြီး သူတို့ရှေ့က ထွက်လာလိုက်သည်။
***********
ဝမ်ရိပေါ် အိပ်ဆောင်ကို ပြန်လာပြီး အိပ်ယာပေါ်တစ်ခါတည်း ပက်လက်လှန်ချလိုက်သည်။နဖူးပေါ်လက်တင်ပြီး သက်ပြင်းအနည်းငယ်ချလိုက်သည်။
အခုဘဝက သူ့ အတွက် ပြန်လည်မွေးဖွားတယ်လို့ဆိုပေမဲ့
စစချင်းမှာပဲ အဖြစ်အပျက်တွေက နည်းနည်းလွဲနေသည်။
နောက်ပိုင်းမှာလည်း ဒီလိုဆက်လက်ကွဲသွားဖို့ အခြေအနေပိုများနိုင်သည်။
သူ အခုလို ပြန်မွေးဖွားလာတာ ကျေနပ်မိပါသည်။
အရင်ဘဝက အချစ်တစ်ခုကြောင့် ပျက်စီးတဲ့အရာတွေကို ပြန်ပြင်ခွင့်ရနိုင်လောက်သည်။အဖျက်အဆီးတွေ မဝင်ရင်ပေါ့။
ရှောင်းကျန့်တို့ကို လက်စားမချေပါဘူး။
ရှောင်းကျန့်ကို မချစ်မိအောင်ပဲ ကြိုးစားမယ်။အဲ့ဒီတစ်ချက် သူ လုပ်ဆောင်နိုင်ရင် အရင်ဘဝက ဖြစ်ခဲ့တာတွေနဲ့ တော်တော်ကွဲလွဲမှာ။အတွေးတွေ ဆန့်ကားရင်း မနက်မိုးလင်းခါနီးလောက်မှ သူ အိပ်ပျော်သွားခဲ့သည်။
သူ အရင်ဆုံး လုပ်ရမှာက ခမည်းတော်
သက်တမ်းမစေ့ဘဲ လုပ်ကြံခံရပြီး နတ်ရွာမစံဖို့။
****************
ဓားရေးလေ့ကျင့်နေရင်း တစ်စုံတစ်ယောက်ဖြတ်ပြေးသွားတာကို တွေ့ မိလိုက်တာကြောင့် အနောက်ကနေ အမြန်ပြေးလိုက်သွားသည်။
အရှေ့ကပြေးနေတဲ့သူ့ ကို သိသလိုဖြစ်နေသော်လည်း အတတ်နိုင်ဆုံးမှီအောင် ပြေးလိုက်တာ အဲ့လူရဲ့လည်ပင်းပေါ် ဓားဖြတ်တင်လိုက်သည်။
"ရပ်စမ်း!"
ထိုလူက ပြေးတာကို ရပ်ပြီး သူ့ ကို အနောက်လှည့်ကာ ကြည့်လာသည်။အော်…ရှောင်းကျန့်ပဲ။
သူ့ ကို ပြန်လှည့်ကြည့်လာတဲ့ မျက်ဝန်းလေးတွေက တကယ်လှတာမို့ သူ အကြည့်မလွှဲမိ။မသိရင် အဲ့မျက်ဝန်းတွေက သူ့ ကို လွမ်းနေကြောင်း ပြောနေသလိုလို။
"ဘာလို့ ငါ့ကို လာချောင်းကြည့်နေတာလဲ!"
ခပ်တည်တည်နဲ့ မေးမိတော့ သူ့ ရှေ့ဒူးထောက်လာသည်။
"တောင်းပန်ပါတယ်။ကျွန်တော်မျိုး အရှင့်သား ဓားရေးကျင့်တာကို သဘောကျမိတာမို့ ခိုးကြည့်မိတာပါ။ကျွန်တော်မျိုးကို
ခွင့်လွှတ်ပေးပါ!"
"ဟက်…အခုလိုမျိုးတောင်းပန်နေပုံထောက်ရင် ငါ ဘယ်သူမှန်း သိသွားပြီပေါ့!"
"မနေ့ညက အတွက်လည်း ကျွန်တော်မျိုးအမှားကို ခွင့်လွှတ်ပေးပါ အရှင့်သား!"
လည်ပင်းပေါ်က ဓားကို ပြန်ရုတ်သိမ်းလိုက်ပြီး မတ်တပ်ပြန်ရပ်ခိုင်းလိုက်သည်။
"ရတယ်!"
ထိုသို့ပြောလိုက်တော့ သူ့ ကို ပြန်လည်မော့ကြည့်လာတဲ့ မျက်ဝန်းလေးတွေ။အရောင်တွေ တဖိတ်ဖိတ်တောက်နေပြီး အရည်တွေ ထည့်ထားသလို ကြည်ကြည်လေးနဲ့။အဲ့မျက်ဝန်းတွေကို ကြာကြာဆက်ကြည့်နေရင် သူ ပြိုလဲကျသွားဦးမယ်။
ကျောပေးလို့ အမြန်ပြေးထွက်လာခဲ့မိသည်။
ငါ့ကို တစ်ကယ်မချစ်ဘဲနဲ့ မမြူစွယ်ပါနဲ့ ရှောင်းကျန့်။
အခု ငါ့ခမည်းတော်ကို သတ်ချင်လို့ မင်း ငါ့ကို ရင်းနှီးအောင်
အစပျိုးနေတာမလား ရှောင်းကျန့်။
ငါက ပြန်လည်မွေးဖွားထားသူမို့ အကုန်သိနေတယ်။
မင်း ဒီတစ်ခါတော့ ငါ့ကို လှည့်စားလို့ ရမှာ မဟုတ်ဘူး။
-------------------------
( ၆ ) လမျှကြာသွားသော်လည်း နန်းတော်ထဲမှာ ထူးထူးခြားခြားရယ်လို့မရှိ။အရင်ဘဝတုန်းက အတိုင်း ခမည်းတော်က သူ့ ကို အိမ်ရှေ့စံရာထူးပေးဖို့ တရားဝင်အမိန့်မချရသေးပေမဲ့
ထို သတင်းက နန်းတော်ထဲမှာ ပွက်လောရိုက်နေသည်။
သူလည်း နန်းတော်ထဲကို လျှောက်ကြည့်ရင်း မထင်မှတ်ထားတဲ့နေရာကို ခြေထောက်တွေက ရောက်လို့လာသည်။
"မပြေးနဲ့လေ!!"
အသံကြားရာ ကြည့်မိတော့ ယုန်ဖြူလေးတစ်ကောင်ကို လိုက်ဖမ်းနေတဲ့ ရှောင်းကျန့်။သူ တကယ်ကြီး ရှောင်းကျန့်နေတဲ့ ဥယျာဉ်ထဲကို ရောက်လာတာပဲ။မရည်ရွယ်ထားဘဲနဲ့လေ။
ဘယ်အရာက သူ့ ကို တွန်းအားပေးလိုက်ပါသလဲ။
သူ့ ခြေထောက်နားကို ရောက်လာတဲ့ ယုန်လေးကို ဂုတ်ကနေ ကိုင်လိုက်ပြီး ဘေးဘက်ကို ဆွဲပစ်လိုက်သည်။ဘာရယ်လို့တော့မဟုတ်ဘူး အမြင်ကပ်လို့။
"ဘာလို့ အဲ့လို လုပ်လိုက်တာလဲ!"
သူ့ ကို ပြန်အော်နေတဲ့ရှောင်းကျန့်က ဟိုးတစ်နေ့က တောင်းပန်နေတဲ့ပုံစံနဲ့ နည်းနည်းလေးမှ မသက်ဆိုင်။တော်တော် မျက်နှာပြောင်းတတ်တဲ့ကောင်။
"ဒီကို ဘာလာလုပ်တာလဲ!"
ယုန်ကို ချီလို့ သူ့ ကို မှုန်တေတေနဲ့မေးနေတဲ့ကောင်ကို တစ်ချက်စောင်ကြည့်လိုက်သည်။
"ငါ့ခမည်းတော်ပိုင်တဲ့နေရာ ငါ ပိုင်တာပဲ။ငါ သွားချင်တဲ့နေရာ လာချင်တဲ့နေရာ လာမှာပေါ့။မင်း အပူပါလား!"
ရှောင်းကျန့်က သူ့ ကို ခေါင်းငြိမ့်ပြပြီး သူ့ ကို ကြည့်နေပြန်သည်။ဟိုတစ်နေ့က မျက်ဝန်းတွေနဲ့ပဲ။ခပ်ဆွေးဆွေး ခပ်လွမ်းလွမ်းနဲ့ပဲ။ရှောင်းကျန့်က ဘာဖြစ်ချင်နေတာလဲ။
"ငါ့လို မင်းသားတစ်ပါးကို ဒီလိုကြည့်နေတာ အတော်သတ္တိရှိတာပဲ!"
"ခွင့်လွှတ်ပေးပါ။
အရှင့်သားကို မြင်တိုင်း ကျွန်တော်မျိုး အမေ့ကို သတိရရသွားလို့ပါ!"
"ဒီနေ့ ဒီလိုကြည့်တာ နောက်ဆုံးဖြစ်ပါစေ။
နောက်တစ်ခါဆို အဲ့မျက်လုံးတွေကို ငါ ကိုယ်တိုင်ဖောက်ထုတ်ပစ်မယ်!"
ဟိုဘဝကတည်းက ငါ့ကို နှိပ်စက်ခဲ့တဲ့ အဲ့မျက်လုံးတွေ။
ဒီဘဝမှာလည်း ငါ့ကို နှိပ်စက်ဖို့ အစပျိုးနေပြန်ပြီ။
ငါ မချစ်မိအောင် ကြိုးစားနေသမျှ အဲ့အကြည့်တွေကြောင့် အဖျက်စီး မခံနိုင်ဘူး။နောက်ဆုံး ငါပဲ ပျက်စီးလိမ့်မယ်။
Advertisement
- In Serial60 Chapters
Class Villainess
'I am the snake who will bite you at your weakest, break you until you beg for my mercy. Just like what you did to me before, I have no mercy against a disgusting bully like you.'
8 354 - In Serial22 Chapters
I Choose You For This Life
She possessed a character in an unfinished romance fantasy novel.
8 263 - In Serial7 Chapters
The Lord Of Loonsburg
Upon the passing of his great uncle, Wyatt inherits a title and becomes a Lord. Unaware of the responsibilities that have been placed upon him, he travels the land to learn more about the place and the people that will now be a part of his life.
8 166 - In Serial81 Chapters
Scars between us✔️(JJK•FF)
In a story where Jungkook accuses Y/N for cheating on him and terribly tortures her for years. But what will he do when he gets to know that it was all just a misunderstanding?_______________________________*This story contains sensitive content ...*Some content might be very sensitive, as it contains themes which may not appeal to everyone such as abuse, mentions of suicide and rape. So if your sensitive to it, this story is not for you and I suggest you don't read it. *Credits to respective owner for pictures.*No plagiarism. All content from is from my imagination.*Cover is self-made. *Specific parts maybe sensitive for some readers. Please read at your own risk. Also please read the whole book cause if you stop midway then the story will not make sense to you.*Constructive criticism is appreciated not hate comments. I request you all to understand that different people have different styles of writing so please don't compare the books to others.*The theme of the story and the moral is described below._______________________________(Theme : This story is a small book world story, where the intention was to portray how the emotion love and frustration can make people do different things, be it hurting the one you love or forgiving the one who abused you in every way even if it means going against your self respect. So Morals of the story : -Investigate before you judge-Do not fall so hard for someone that you loose yourself. You always deserve better.)_______________________________Highest rankings:#1 in Jungkookxreader#1 in Jeon#1 in regret#1 in btsjungkook#1 in jungkook#1 in sadness#1 in jeongguk#1 in Yoongi#1 in Seokjin#1 in twistedromance#1 in bts#1 in jimin#1 in abuse#1 in readerxcharacter**Please do not use my work for any other purpose such as translation and etc, without my permission. I shall take serious actions against such activities. So I hope everyone complies to it. Thank you for reading and voting.
8 466 - In Serial7 Chapters
Let Me Be There.
All i ask you is let me be there.Its just a story about Arthit and Kongpob. Where Kongpob is just another junior for Arthit but for Kongpob, Arthit is the whole world."All i ask you is let me be there." Kongpob said."I starting to like the song." Arthit chuckles as he stared at Kongpob before his pair of lips formed a smile.This is just some random story based on a song entittled "Let Me Be There."
8 158 - In Serial33 Chapters
A Silent Lover
Jung TaekWoon, otherwise known as Leo of Vixx, is famous for his chic silence in the world of loud and attention seeking idols. Never the most out-spoken person, being around cameras sends his shy personality into overdrive. It's been almost four years since his debut and he's finally beginning to come out of his shell in public, but it's still something he struggles with in his personal life. So when he sees a beautiful foreign girl in his favorite coffee shop, all he can do is look.Imani Taylor is a woman on a mission and she has a well thought out plan for how her life will go. Step one is expanding her tutoring business into a full scale teaching center. Step two is adopting the little Korean boy who has stolen her heart. And Step three is living happily ever after. Imani is determined to make life work for them in Seoul, and she can't let anything get in her way, even if a darkly handsome man is vying for her attention. With TaekWoon just starting to open up to the world, will a love between himself and a woman dedicated to fighting for what she wants be able to succeed? Or will the past come back to haunt them both?Highest ranking:#1 in Jung TaekWoon🌟🌟🌟🌟 #1 in Vixx🌟🌟🌟 #3 in ambw🔥🔥🔥🔥 #9 in interracial#2 Blackwoman#40 in Kpop#1 blackfemale🔥#1 in bwam#1 in blasian🔥🔥🔥#2 in Asian🔥🔥🔥🔥#2 in African American🔥🔥🔥
8 217