《After Agonising ,Will You Love Again? [ Completed ]》CHAPTER - [ 5 ]
Advertisement
Unicode
မလှမ်းမဝေးတဲ့ မင်းသားအဆောင်ဘေးနားက သစ်ပင်ကြီး တစ်ပင်အောက်မှာပဲ ရှောင်းကျန့်ကြိတ်ငိုနေမိသည်။သစ်ပင် ပင်စည်နဲ့ကိုယ်ကို ကွယ်ပြီး လက်ကိုကိုက်ကာ ရှိုက်သံမထွက်အောင်ပင် ငိုနေမိသည်။
ထိုအချိန် ဘေးနားကို တစ်ယောက်ယောက်ရောက်လာတာ ခံစားမိတာကြောင့် မျက်ရည်ကို လက်နှစ်ဖက်နှင့်အသေအချာသုတ်ကာ ဘေးနားရောက်လာသူကို ရှောင်းကျန့် မော့ကြည့်လိုက်သည်။
"ဝမ်ဟန်!"
ဝမ်ဟန်က ရှောင်းကျန့်လက်နှစ်ဖက်ကို ဆုပ်ကိုင်ပြီး အံကြိတ်ကာ မေးသည်။
"ကျန့်ကို ဒီလိုငိုအောင် ဘယ်သူလုပ်လိုက်တာလဲ
ကိုယ့်ကို အခုပြောစမ်း!"
ရှောင်းကျန့်က သူ့ အတွက်နဲ့စိတ်ဆိုးဒေါသထွက်နေသည့် ဝမ်ဟန်ကို ခပ်ငေးငေးသာ ပြန်ကြည့်နေသည်။
"ဟိုကောင် အိမ်ရှေ့စံလား?"
"....."
"ဘာမှပြန်မပြောပုံထောက်ရင်တော့ သေချာနေတာပဲ။ အဲ့လိုအနိုင်ကျင့်မယ်လို့ ထင်နေတာကြောင့် လာကြည့်တာ ထင်တဲ့အတိုင်းပဲ!"
ဝမ်ဟန်က ရှောင်းကျန့်ပါးပေါ်မှာထပ်စီးကျလာတဲ့ မျက်ရည်တွေကို ဝတ်ရုံလက်နဲ့ သုတ်ပေးသည်။
"ကျန့်ကို ဘာလုပ်လိုက်တာလဲ ကိုယ့်ကိုပြော
ကျန့်ကို လုပ်တဲ့အတိုင်း အဲ့ကောင်ကို ပြန်လုပ်မယ်
အိမ်ရှေ့စံဖြစ်နေလည်း သောက်ဂရုမစိုက်ဘူး!"
"မဟုတ်ဘူး ဝမ်ဟန်.."
"ဘာကို မဟုတ်တာလဲ ကျန့်"
ဝမ်ဟန်က နားမလည်တဲ့မျက်လုံးတွေနဲ့ ရှောင်းကျန့်ကို ကြည့်ကာ မေးသည်။
"သူ....အိမ်ရှေ့စံမင်းသားက ငါ့ကို ဘာမှမလုပ်ပါဘူး"
"ဒါဆို ဒီမှာ ဘာလို့လာငိုနေတာလဲ ကျန့်"
"ငါ့ဘာသာငါ ဝမ်းနည်းလို့ပါ
ငါ့ကို ဂရုမစိုက်ပါနဲ့ ဝမ်ဟန်။မင်းနဲ့ငါက သူငယ်ချင်းတွေဆိုပေမဲ့ အဆင့်အတန်းချင်းမှ မတူတာ။
ငါ့ကို ဒီလိုတွေလာမေးနေမဲ့အစား မင်းသမီးလှလှလေးတွေနဲ့ ပျော်နေပါ"
"ကျန့်...ကိုယ်က မင်းကို မွေးစားထားတာ။
ကိုယ်က မင်းရဲ့အုပ်ထိန်းသူပဲ။မင်း ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်းက ကိုယ်နဲ့သတ်ဆိုင်တယ်။နောက်ဆို အဲ့လိုစကားမျိုးတွေ မပြောနဲ့ ကျန့်။ကိုယ်နဲ့မင်းနဲ့က အမြဲတမ်းရင်းနှီးနေတဲ့သူတွေပဲ။"
ဝမ်ဟန်က ရှောင်းကျန့်ကို လက်ကနေဆွဲပြီး ဖက်လိုက်သည်။ဘာအကြောင်းကြောင့်နဲ့မှ ဝမ်းမနည်းပါနဲ့ ကိုယ့်အသက်။ကိုယ်က မင်းကို ချစ်တာမို့ မင်းပြန်မချစ်လည်း အနားမှာနေပေးပြီး မင်းပြန်ချစ်တဲ့အထိ ဂရုစိုက်ပေးမှာပါ။
*******************
ပြန်ခါနီး မယ်မယ်က မနက်ဖြန်ကျရင် လီရှင်းယန်ရောက်မည်အကြောင်း သေသေချာချာပြောသွားသေးသည်။ အခုမှ ရေချိုးဆောင်ဝင်မည့်
ကိစ္စကို မင်းသားဝမ်ရိပေါ် သတိရလာသည်။
"ရှောင်းကျန့် ဘယ်သွားလဲ!"
အိပ်ဆောင်ထဲမှာရော ရေချိုးဆောင်မှာရော မတွေ့ တာကြောင့် ရေချိုးဖို့ပြင်ပေးနေသည့် မိန်းမငယ်တစ်ယောက်ကို မေးလိုက်သည်။
"တော်တော်ကြာလောက်က အဆောင်အရှေ့ဘက်က သစ်ပင်ကြီးဆီကို ပြေးသွားတာ ကျွန်တော်မျိုးမ မြင်လိုက်ပါတယ်အရှင့်သား"
မင်းသား ရိပေါ်က ချက်ချင်းပင် ချွတ်ပေးနေသည့်
ဝတ်ရုံကို ပြန်လည်ဆွဲတင်လိုက်ပြီး အဆောင်ရှေ့က သစ်ပင်ဆီသို့ ဦးတည်ထွက်လာသည်။သူ့ ဝေယျာဝေစ္စတွေကို တစ်ယောက်တည်း လုပ်ရမှာ သိရဲ့သားနဲ့ သူက ဘယ်ကို ထွက်သွားတာလဲ။
ငါ့ကို မခန့်လို့ ဒီလိုလုပ်တာလား။
ငါက သူ့ ရဲ့သခင်ဖြစ်သလို ဒီနိုင်ငံရဲ့အိမ်ရှေ့စံကိုလေ!
မြင်လိုက်ရတဲ့ မြင်ကွင်းကတော့ ရင်ဝကို ဝုန်းကနဲဆောင့်ကန်လိုက်သလိုပဲ။တောက်လောင်စပြုနေတဲ့ ဒေါသတွေ ချက်ချင်း ပြာဖြစ်သွားပြီဆိုတာ အခြားမရှိ။
ဟိုဘဝတုန်းကလည်း ဒီလိုအဖြစ်အပျက်မျိုးနဲ့ မင်းသားဝမ်ရိပေါ်ဟာ ကြုံခဲ့ရဖူးတယ်။
အဲ့တုန်းက သူနဲ့ရှောင်းကျန့်က သူငယ်ချင်းအဆင့်ပဲရှိသေးတာ။
ကစားနေရင်း မတွေ့ တော့လို့ လိုက်ရှာတာ ဒီနေရာမှာ တွေ့ ခဲ့တာပဲ။ဝမ်ဟန်ရဲ့ ရင်ခွင်ထဲကို အတင်းတိုးဝင်ပြီး ငိုနေတာ။အနားအပြေးသွားကာ အကြောင်းပြချက်ကို မေးကြည့်တော့ အကိုတော်ဖြစ်တဲ့ ဝမ်ဟန်က မျက်နှာငယ်ပြီး သူ့ ကို ပြန်ဖြေခဲ့သည်။
"ကျန့်က သူ့ အဖေနဲ့အမေကို တအားသတိရလို့တဲ့"
ရှောင်းကျန့်က အရမ်းငိုနေခဲ့ပြီး မျက်လုံးတွေနီရဲလာသည်။ ဒါကို စိုးရိမ်လာတဲ့ မင်းသားဝမ်ရိပေါ်က ရှောင်းကျန့်လက်ကို ဆွဲပြီး အဆောင်ထဲသို့ ခေါ်လာခဲ့၏။
"ရှောင်းရှောင်း မငိုနဲ့တော့လေနော်..
မင်းငိုရင် ကိုယ်လည်း စိတ်မကောင်းဘူး"
"ငါ မငိုတော့အောင် ငါ့အဖေနဲ့အမေကို မင်း ပြန်ခေါ်လာပေးလို့ရမှာ မို့လို့လား"
သူငယ်ချင်းတွေမို့ မင်းသားဆိုတဲ့ဂုဏ်ကို ဖယ်ချပြီး ရှောင်းရှောင်းခေါ်ချင်သလိုလည်း ခေါ်စေခဲ့သည်။
"အဲ့တာတော့ မလုပ်ပေးနိုင်ပေမဲ့ ကိုယ်လုပ်ပေးနိုင်မယ့်အရာမှန်သမျှကို ရှောင်းရှောင်းတောင်းဆိုလို့ရတယ်"
"ငါလိုချင်တာ အရှင်မင်းကြီးရဲ့အသက်"
ခပ်တိုးတိုးပြောလိုက်တဲ့ စကားသံကို လျစ်လျူရှုခဲ့မိပြီး ဝမ်ရိပေါ် သတိလက်လွတ်နေခဲ့မိသည်။ထိုအကျိုးဆက်ကြောင့်လည်း များမကြာမီမှာ ခမည်းတော်အသက်ကို ဆုံးရှုံးခဲ့ရသည်။
ကျန်းမာရေးကြောင့် အိပ်ယာတဲ့လဲလျောင်းနေတဲ့ ခမည်းတော်က အသက်ကွယ်ပျောက်ခါနီး သူ့ ကိုပြောခဲ့သေးသည်။
ဘယ်သူ့ ကိုမှ အလွယ်တကူ မယုံကြည်ပါနဲ့တဲ့။
ခမည်းတော်သား ငမိုက်သားကတော့ အချစ်စိတ်တွေမွှန်ပြီး ဘာမှမမြင်နိုင်ခဲ့ဘူးလေ။
အတိတ်ဘဝကအကြောင်းကို အစဉ်လိုက်ဦးနှောက်ထဲကို ရောက်လာတော့ ဝမ်ရိပေါ် တောက်အကျယ်ကြီး ခေါက်မိသွားသည်။
"အရှင့်သား!"
သူ့ အသံကိုကြားတဲ့နှစ်ယောက်မှာ တစ်ယောက်က ချက်ချင်းခါးကိုကိုင်းပြီး ဦးညွှတ်သည်။အကိုတော်ဖြစ်တဲ့သူကတော့ သူ့ ကိုမနှစ်မြိုလိုသည့်အကြည့်ဖြင့် စူးစိုက်ကြည့်သည်။
"ရှောင်းကျန့် အခုနကတည်းက ငါ ရေချိုးဖို့ မင်းကို ပြောထားတယ်မလား!
ဒီကိုလာပြီး မင်းက ဘာလုပ်နေတာလဲ!ငါ့အမိန့်ကို မနာခံရင်
ချက်ချင်းသေဒဏ်ပေးလို့ရတယ်ဆိုတာ မင်း သိတယ်နော်"
"ညီတော်.."
အကိုတော်ကြီးကတော့ ချစ်သူအတွက်နဲ့ အမြဲမနာလိုဖြစ်နေတဲ့သူ့ အပေါ် ဦးညွှတ်တော့မယ်ထင်ပါ့။ကိုယ့်အတွေးနဲ့ကိုယ် သဘောကျသွားတာကြောင့် ဟက်ကနဲရယ်မိသွားသည်။
Advertisement
"ရှောင်းကျန့်ဆိုတာ အကိုတော်ငယ်ငယ်လေးကတည်းက စောင့်ရှောက်လာတဲ့ ကလေးလေးပါ။ညီတော့်အပေါ် ဘာမှအပြစ်မလုပ်ထားတဲ့ ကျန့်ကို ဘာကြောင့်များမုန်းတီးနေတာလဲ ညီတော်"
"ကြည့်မရလို့ မုန်းတာပေါ့။ရှင်းရှင်းလေးပဲ။
အခုချိန်ကစပြီး အကိုတော်ဖြစ်ဖြစ် ဘာဖြစ်ဖြစ် ငါ့အဆောင်မှာ ဒီလိုမျိုးလက်လွတ်စပယ်မလာပါနဲ့။လာချင်ရင် ငါ့ဆီက ခွင့်တောင်း။ဒါ ငါ အိမ်ရှေ့စံအမိန့်ပဲ!"
ဝတ်စုံကို လက်နဲ့ခါလို့ ထိုသူနှစ်ယောက်ရှေ့က ထွက်လာလိုက်သည်။သုံးလေးလှမ်းလောက်ကြာမှ နောက်ကခြေသံမကြားတာကြောင့် ပြန်လှည့်ကြည့်လိုက်သည်။
"မြန်မြန်မလာပဲ ဘာရပ်လုပ်နေတာလဲ ရှောင်းကျန့်!"
"အခု လာပါပြီ အရှင့်သား"
တစ်စက်တည်း အံကြိတ်ကာ ကြည့်နေတဲ့အကိုတော်ကို နှုတ်ခမ်းတစ်ဖက်ရွဲ့ ကာ ရယ်ပြလိုက်သည်။ဟိုဘဝတုန်းက မင်းနဲ့အတူ ငါ့ကိုခြယ်လှယ်ခဲ့တဲ့မင်းချစ်သူကို ဒီဘဝမှာ ငါပိုင်ပြီး မင်းတို့ကို ပြန်ပြီးခြယ်လှယ်ပြမယ် ဝမ်ဟန်...။
****************
နောက်ကနေ ကျောကို လှုပ်စိလှုပ်စိနဲ့ ကုပ်နေသည့်လက်ကို ဝမ်ရိပေါ် စိတ်မရှည်တော့တာကြောင့် ဖမ်းဆွဲလိုက်သည်။
"ဘယ်လိုလုပ်နေတာလဲ ရှောင်းကျန့်
စိတ်မပါဘူးလား"
"ကျွန်တော် တောင်းပန်ပါတယ် အရှင့်သား
နောက်တစ်ခါ မဖြစ်စေရပါဘူး အသေအချာလုပ်ပေးပါ့မယ်"
ဖမ်းကိုင်ထားတဲ့လက်ကို လွှတ်ပေးလိုက်ပြီး ခေါင်းငြိမ့်ပြကာ မျက်လုံးကို မှိတ်လိုက်သည်။စိတ်တွေက ဟိုးအတိတ်ဘဝဆီ ရောက်သွားပြန်သည်။
သူနဲ့ရှောင်းရှောင်းနဲ့ သူငယ်ချင်းဘဝ။
ရေတံခွန်မှာ ရေဆော့ချင်တဲ့ ရှောင်းရှောင်းက နန်းတော်အနောက်ဘက်က ရေတံခွန်ကို အတင်းလိုက်ပို့ခိုင်းတာ။
အန္တာရယ်ရှိလို့ မသွားခိုင်းတဲ့သူ့ ကို သူ့ပါးတစ်ဖက်အား နှာခေါင်းလေးနဲ့လာတို့ပြီး ကိုယ်လုံးကိုလည်းလာဖက်သည်။သူ့ ကိုချစ်မိနေတဲ့ ကိုယ့်ကို ပရမ်းပတာဖြစ်စေခဲ့တာ အမှန်ပဲ။
နောက်ဆုံးတော့လည်း အလိုလိုက်ပြီး သွားပို့ခဲ့ရသည်။
ရေထဲကို ခုန်စွခုန်စွနဲ့ ဆင်းသွားတဲ့ ရှောင်းရှောင်းက တကယ့်ယုန်ပေါက်စလေး။
နူးနူးညံ့ညံ့ဖြူဖြူစင်စင်လေး။သူ ချစ်ခဲ့ရတဲ့ သူလေး။နှလုံးသားထဲမှာ နာမည်ရေးပြီး မွေးဖွားလာသလို သူ တစ်ယောက်တည်းပဲ ရင်ခုန်မြတ်နိုးမိခဲ့တာ။
နောက်ဆုံးတော့လည်း သစ္စာဖောက်ခံရတာပဲ။
မင်းက ကိုယ့်အချစ်နဲ့ မထိုက်တန်ခဲ့ဘူး ရှောင်းရှောင်း။
မင်းတို့မှားနေတဲ့ညကို မြင်ယောင်မိတိုင်း ကိုယ့်နှလုံးသားတွေ ကြေမွမတက်ပါပဲ။ကိုယ်မြတ်နိုးထားရတဲ့ လူသားလေးကို ကိုယ်ကိုကိုယ်တိုင်တောင် မထိရက်ခဲ့တာ။ကိုယ် မင်းကို
သိပ်ချစ်ခဲ့ပါတယ် ရှောင်းရှောင်းရယ်။
ပုခုံးပေါ်ကျလာတဲ့ ပူနွေးနွေးအရည်တစ်စက်ကြောင့် အတွေးက လက်ရှိနေရာကို ပြန်ရောက်လာသည်။စိတ်ကိုငြိမ်ပြီး အာရုံစိုက်ကြည့်တော့ အနောက်ဘက်က ရှိုက်သံအချို့ ကို ကြားရသည်။ရှောင်းကျန့်က ဘာလို့ငိုနေတာလဲ။မိဘတွေကို တအားသတိရနေတာလား။
"ရှောင်းကျန့်!"
"အမိန့်ရှိပါအရှင့်သား"
"မင်း ငိုနေတာလား"
"မဟုတ်ပါဘူး အရှင့်သား"
ဝမ်ရိပေါ်က ဝုန်းကနဲအနောက်လှည့်လိုက်ပြီး ရှောင်းကျန့်မျက်နှာကို သေချာကြည့်သည်။
"ဒီလောက်မျက်လုံးတွေ မို့အစ်နေတာ ငိုနေတာမဟုတ်ဘူးလား! ဘာလို့ ငါ့ကို ညာရတာလဲ!"
အပေါ်ပိုင်းဗလာနဲ့ တောင့်တင်းတဲ့ရင်ဘတ်က တွဲကျနေတဲ့ရေစက်လေးတွေက မျက်စိရှေ့ရောက်နေတာကြောင့် ရှောင်းကျန့် ခေါင်းကို ငုံ့လိုက်သည်။
"မျက်စိထဲ အမှုန်ဝင်သွားလို့ပါ အရှင့်သား..။
ကျွန်တော်မျိုး ညာမိခဲ့တာ တောင်းပန်ပါတယ်"
ဝမ်ရိပေါ်က သက်ပြင်းတစ်ချက်ချသွားပြီး သူ့ ကိုနောက်ကျောပေးကာ ပြန်ထိုင်သွားသည်။
"နောက်တစ်ခါ ဘာဖြစ်ဖြစ် ငါ့ကို မညာနဲ့
တကယ်လို့ ညာမိခဲ့ရင် ကြိမ်ဒဏ်ကနေ သေဒဏ်အထိ ပေးပစ်မယ်"
"ကျွန်တော်ရှောင်းကျန့် မှတ်ထားလိုက်ပါ့မယ် အရှင့်သား"
ဝမ်ရိပေါ်က ရှောင်းကျန့်နဲ့တွေ့ တိုင်း အမြဲတမ်း မုန်းတီးနေတဲ့မျက်ဝန်းတွေနဲ့ ကြမ်းတမ်းသော စကားတွေသာ ပြောတတ်သည်။
ဒါပေမဲ့ အခုမှာတော့ အသံကဖျော့ဖျော့ပြောနေသည့်အပြင် မျက်ဝန်းတွေကပါ ဒေါသရိပ်မရှိတာကြောင့် ရှောင်းကျန့်ကြိတ်ပြီး ဝမ်းသာရသည်။
ထိုအခါမှ မျက်ရည်တွေကို လက်နှစ်ဖက်နဲ့သုတ်လိုက်ပြီး
ပြုံးကာ အရှင့်သားရဲ့ကျောကိုသာ အာရုံစိုက်တော့သည်။
-------------------------
အခု ရှောင်းကျန့်တစ်ယောက် အခက်တွေ့ နေသည်။
အရှင့်သားဝတ်ရုံတွေကို ဝတ်ပေးရင်း ခါးစည်းကြိုးကို ချည်သည့်အခါ အရှင့်သားက သူ့အား စိုက်ကြည့်ပြီး အနားကို ပိုပိုကပ်လာတာကြောင့် သူ့ မှာနှလုံးသားထဲ တဒုတ်ဒုတ်နဲ့ ထိန်းမရအောင်ပင် ခုန်နေသည်။
နှုတ်ခမ်းကို ကိုက်ကာ အရှင့်သားနဲ့မျက်လုံးချင်း မဆုံအောင်
နေရင်း ဝတ်ရုံကိုသာ အမြန်ပြီးအောင် အာရုံစိုက်လိုက်သည်။ ရုတ်တရက် ခါးပေါ်ရောက်လာတဲ့လက်တွေကြောင့် ခန္ဓာကိုယ်က တွန့်ကနဲဖြစ်သွားပြီး အသက်တောင် အောင့်မိသွားသည်။
"အရှင့်သား!"
ခပ်တိုးတိုး ခေါ်သံကြောင့် အရှင့်သားက ကြည့်လာပေမဲ့
အရှင့်သားရဲ့မျက်ဝန်းတွေကလည်း ခါတိုင်းထက်မတူဘဲ ညို့ မှိုင်နေသော အကြည့်တွေနဲ့ သူ့ ကို စိုက်ကြည့်နေသည်။
အခုအခြေအနေက အရှင့်သား အိပ်ဆောင်ထဲမှာ ဖြစ်သော်လည်း တစ်စုံတစ်ယောက်သာ လာရင် ဒီလိုအခြေအနေကို တွေ့ သွားလို့မဖြစ်။
နိုင်ငံတော်ရဲ့အိမ်ရှေ့စံမင်းသားနဲ့ သူ့ လို အခိုင်းအစေတစ်ယောက်။ပြီးတော့ သူက ယောက်ျားလေးတစ်ယောက်။မင်းကြီးသာသိရင် သူလည်းအသတ်ခံရမည်။အရှင့်သားလည်း အိမ်ရှေ့စံရာထူး ဖြုတ်ချခံရမည်။
"အရှင့်သား.. ကျွန်တော့်ကို လွှတ်ပေးပါ"
ရှောင်းကျန့်က အနည်းငယ်ရုန်းတော့ ဝမ်ရိပေါ်က လွှတ်မပေးလာဘဲ ပိုလို့တောင် တင်းကြပ်စွာကိုင်လာသည်။
"မရုန်းနဲ့!"
အရှင့်သားရဲ့အမိန့်ပေးသံအောက်မှာ ရှောင်းကျန့်ငြိမ်သွားပြီး မရဲတရဲဖြင့် အရှင့်သားရဲ့မျက်နှာကို မော့ကြည့်မိသည်။
အရှင့်သားက သူ့ ရဲ့နှုတ်ခမ်းတွေကို ပေါက်ထွက်မတက် စိုက်ကြည့်နေသည်။
ကြိတ်ထားတဲ့နှုတ်ခမ်းတွေကို လွှတ်ပေးလိုက်တော့ အရှင့်သားက မျက်တောင်တစ်ချက်ခတ်သွားသည်။အရှင့်သားရဲ့နှုတ်ခမ်းတွေကို သူလည်းပဲ ပြန်လည် ကြည့်နေလိုက်သည်။
တဖြည်းဖြည်းနီးကပ်လာသော အရှင့်သားမျက်နှာ။
ရှောင်းကျန့် ဘာမှကို မတွေးတော့ဘဲ မျက်လုံးကို မှိတ်ချလိုက်သည်။
Advertisement
"အရှင့်သား အရှင့်သား ရိပေါ်"
"အိမ်ရှေ့စံ!"
အပြင်က ခေါ်သံကြောင့် အရှင့်သားက နောက်ကိုအနည်းငယ်ဆုတ်သွားပြီး အသံပြန်ပေးသည်။လက်ကတော့ ရှောင်းကျန့်ခါးကို ကိုင်ထားဆဲ။
"တစ်ခုခုဖြစ်လို့လား ကျိရန်"
"မင်းကြီး ရုတ်တရက်ကြီးလဲကျသွားလို့ အခု သမားတော်တွေ ပြာယာခက်နေပါတယ် အရှင့်သား!"
"ငါ အခုပဲ လာမယ် ကျိရန်!"
ဝမ်ရိပေါ်က ရှောင်းကျန့်ကို တွန်းထုတ်ခဲ့ပြီး စားပွဲပေါ်တင်ထားတဲ့ လက်စွဲတော်ဓားကိုကိုင်ကာ ပြေးထွက်သွားသည်။
မျက်နှာအမူအယာကလည်း မင်းကြီးအတွက် စိုးရိမ်နေသလို တစ်ခုခုကိုလည်း ဒေါသထွက်နေသည့်ပုံ။
နောက်မှာတွန်းခံလိုက်သည့် ကောင်လေးကတော့ ရင်ဘတ်ကို ဖိပြီး ပြုံးနေလေရဲ့။အရှင့်သားက သူ့ အပေါ်စိတ်ရှိလို့ ဒီလိုမျိုးလုပ်တာမလား။မျှော်လင့်လို့ ရနိုင်သေးတယ်မလား။
ဒါပေမဲ့ သူ တစ်စုံတစ်ယောက်ဆီတော့ ကျိန်းသေ သွားရဦးမည်။
--------------------------------------------------------------
Zawgyi
)
"ဝမ်ဟန်!"
"....."
"မဟုတ်ဘူး ဝမ်ဟန်.."
"ဘာကို မဟုတ်တာလဲ ကျန့်"
*******************
"အရှင့်သား!"
"ညီတော်.."
"အခု လာပါပြီ အရှင့်သား"
****************
စိတ်မပါဘူးလား"
"ရှောင်းကျန့်!"
"မင်း ငိုနေတာလား"
"မဟုတ်ပါဘူး အရှင့်သား"
-------------------------
"အရှင့်သား!"
"မရုန်းနဲ့!"
Advertisement
- In Serial60 Chapters
The Dragon King's Servant
Melanie Rivers has always been an outsider. even in her own family she was a loner. However she has a deep secret desire. one that fuels her life. The only issue is that she has no idea how to fulfill her desires or who to help her reach that fulfillment. Lucian Drakkon struggles to find a partner. One who is willing to adhere to the rules of royalty and to his lifestyle. pressured by his staff and his advisor, he leaves his home in search of a woman who will fit his desires.
8 238 - In Serial17 Chapters
Heart Strings | ✓
Jackson Vallen CohenA worldwide famous singer, songwriter and actor. Has been in the industry since he was a child when he posted that cover on YouTube when he was eight years old and it started to blew up. Has a great family and two dogs. A heartthrob, with killer looks and gorgeous emerald green eyes that would have your heart skipping a beat or two. But beneath all that is a heart for longing for that someone that still has his heart captured.Callisa Beatrice GarwoodA preschool teacher, which she actually enjoys and loves. She likes interacting with people, especially children, and loves to spend time with her cat, Mr. Louie. During her free time, you can find her in the kitchen whipping up something to bake and share her extras with the people around her. She's might look like there's nothing wrong, but behind that fake exterior is a broken person who hasn't quite move on from her past._________But before all that, back in the town where they've grown up, they were inseparable ever since Jackson punched the guy that was bullying Callie during in the third grade and they were best friends ever since and during those years they fell in love with each other. They finally dated during high school, but not without their challenges coming through their way.And that's what ended them and they drifted away.Now after six years, fate bought them back together. Clearly, both of them are still in loved with each other. But the question is: Will they give it a second chance this time?
8 96 - In Serial24 Chapters
And So It Starts
Telling the childhood story of his depressed father whilst dealing with his own lonesomeness and his growing feelings for someone who should be completely off-limits has caused him to lose a proper will to live. Emery was just a boy when his wicked nanny came to live with him. How would he have known that her intentions were beyond that of a normal nanny. Pudding hates life. He hates everything around him. He has virtually no love for anyone or anything. Except for one, his brother, Lemon. Pudding's diary to the Grim Reaper....and so it starts
8 174 - In Serial10 Chapters
Ten Envelopes
One note, two note, three note and more notes from anonymous.*A/N: This story is pretty cheesy! Be warned lol* Amazing cover by @mara_cleia
8 64 - In Serial10 Chapters
Babysitting the Demon's baby ✔️
If it wasn't for the rent due, Ria wouldn't have found herself caught in the dark lair of a demon named August Knight, the devil himself. In the pages of the contract, she didn't sign up for handling fire spitting babies or having to wipe tears that are onyx like the twilight sky. But as unusual as the world of August Knight's may have been, she finds herself quickly falling for the man.
8 240 - In Serial31 Chapters
Alphas
Brooklynn Bradley, daughter of the alpha of the Crescent River pack. When people thought of the Crescent River pack, they thought of her. The wild, reckless but gorgeous she wolf. She lived and breathed the wild side of life. No mate, no worries. But that all changed when her pack is invaded by the most feared pack of all, the Darkclaw pack. Lead by the most feared alpha, Connor Sebastian. He would have left no survivors if he hadn't of found Brooklynn...who happened to be his mate. Will Connor's frozen heart ever melt? Will Brooklynn be willing to settle down? Will they live happily like all mates are destined to? Or will their stubborn personalities be too much?RATED M DUE TO SMUTIn process of editing !
8 184