《After Agonising ,Will You Love Again? [ Completed ]》CHAPTER - [ 6 ]
Advertisement
Unicode
ခမည်းတော်မူးလဲရခြင်းမှာအားနည်းနေသည့်အတွက်ကြောင့်သာဖြစ်သည်ဆိုသောသမားတော်၏စကားကြောင့်ရိပေါ်ရင်ထဲရှိအပူလုံးကျဆင်းသွားသည်..။
"ခမည်းတော်.."
သလွန်ထက်မှာ လဲလျောင်းနေသည့် အရှင်မင်းကြီးဘေးမှာ အရှင့်သားဝမ်ရိပေါ် ထိုင်လိုက်သည်။
"သားတော်.."
"သားတော် အခုနက အတော်စိုးရိမ်သွားတာ ခမည်းတော်ရယ်။ခမည်းတော်အတွက် အားဆေးကောင်းကောင်းလေးဖော်စပ်ပေးမှရတော့မယ်.."
"ကျေးဇူးတင်ပါတယ် ရိပေါ်..
ခမည်းတော် မင်းကို ဒီလိုပုံစံမျိုး မြင်ချင်တာ။အရင်တုန်းက သားတော်က အမြဲအေးစက်နေတာ။ဘယ်လိုအကြောင်းကြောင့်များအခုလိုပြောင်းလဲလာတာလဲ.."
"အရင်ကတည်းက ဒီတိုင်းပါပဲ ခမည်းတော်။
ဘာမှပြောင်းလဲတာ မရှိပါဘူး"
"ရိပေါ်အကြောင်းတွေ ကိုယ်ရံတော်ကျိရန်ဆီက ကြားပါတယ်။အရင်ကထက် အများကြီးကြိုးစားလာတာရော…လက်ဆက်ပေးမဲ့ လီအမတ်ကြီးရဲ့သမီးတော်ကိုလည်း သဘောကျတယ်ဆိုတာရော"
ခမည်းတော်စကားကြောင့် ရိပေါ် ခေါင်းခါလိုက်သည်။
"ကျိရန်က မဟုတ်တာတွေလျှောက်ပြောနေတာ…
သားတော် လီအမတ်ကြီးရဲ့သမီးတော်ကို သဘောကျတယ်လို့မပြောမိပါဘူး။ကိုယ့်ရဲ့ပထမဆုံး မိဖုရားဖြစ်လာမည့်သူကို ချစ်ပေးရမှာပဲလို့တော့ မယ်မယ့်ကို ပြောမိပါတယ်"
"ကောင်းပါပြီ…
မနက်ဖြန်ရောက်လာမယ့် လီရှင်းယန်လေးကို ကောင်းကောင်းလေး ဆက်ဆံနော် သားတော်။သူလေးက သားတော်အတွက် ကောင်းမွန်တဲ့မိဖုရားတစ်ပါး ဖြစ်လာမှာပါ။ပြီးတော့ ထီးနန်းအတွက်လည်း ပြင်ဆင်ထားတော့။ခမည်းတော် ဒီလိုမကြာခဏအားနည်းနေမယ်ဆိုရင် သားတော်ကို လွှဲပေးတော့မယ်"
"သားတော် ကြိုးစားပါ့မယ် ခမည်းတော်"
ခမည်းတော်ကို ဦးညွှတ်ပြီး ပြန်ထွက်ရန်အပြု ပြာပြာသလဲ ဝင်ကာ ဟန်ဆောင်နေသော မျက်နှာထားဖြင့် ဝင်လာနေသူ မိဖုရားခေါင်ကြီး။
"မင်းကြီး ဘာမှမဖြစ်ဘူးမလား..
အမလေးလေး ကျွန်မ စိုးရိမ်တော်မူလိုက်တာရှင်။
မင်းကြီးလဲကျသွားတယ်လို့ ကြားပြီးပြီးချင်း ကျွန်မလည်း လဲကျသွားတာ အရမ်းပဲ ထိတ်လန့်သွားတာပဲ မင်းကြီးရယ်…"
တကယ့်ကိုနားထဲမဝင်နိုင်သည့် စကားတွေကြောင့် ဝမ်ရိပေါ်ဝတ်ရုံကို တစ်ချက်ခါကာ လက်ထဲကဓားကို ကျစ်ကျစ်ဆုပ်ကိုင်ပြီး အဆောင်တော်သို့သာ ပြန်လာခဲ့သည်။
အဆောင်ပြန်သောလမ်းတွင် မင်းသားဝမ်ဟန်အဆောင်ရှေ့ မတ်တပ်ရပ်နေသော ခပ်မှုန်မှုန်အရိပ်နှစ်ခုကြောင့် ခြေလှမ်းကို ရပ်တန့်လိုက်သည်။
တံခါးဝက အစောင့်တစ်ချို့ က သူ့ကိုမြင်တော့ ဦးညွှတ်ကြသည်။
"အထဲမှာ ဘယ်သူရောက်နေတာလဲ!"
"မင်းသားရဲ့ သူငယ်ချင်းပါ အရှင့်သား"
"ရှောင်းကျန့်လား"
"မှန်လှပါ့ အရှင့်သား"
အဆောင်ထဲသို့ ဝင်ပြီး အနောက်က ကျိရန်တို့ကို လိုက်မလာရန် လက်ကာပြလိုက်သည်။တီးတိုး တီးတိုးအသံထွက်နေသည့် အခန်းဆီသို့ ခြေဖော့ကာ တိုးကပ်သွားလိုက်သည်။
အိမ်ရှေ့မင်းသားဖြစ်ပြီး ခိုးကြောင်ခိုးဝှက်ပြုနေပါသော ဝမ်ရိပေါ်။ဒါတွေက အဓိကမဟုတ်။သူ့ရန်သူနှစ်ယောက်က ဘာတွေကြံစည်နေသလဲဆိုတာ သူ သိဖို့လိုသည်။
"ကိုယ် မဟုတ်ပါဘူး ကျန့်ရယ်။
ကိုယ်က ဘာလို့အဲ့လိုလုပ်ရမှာလဲ"
"သေချာလို့လား ဝမ်ဟန်"
"ကျန့်!!!"
"အေးပါ အေးပါ မင်း မဟုတ်ဘူးဆိုလည်း ပြီးတာပဲ
ဒါဆို ငါ ပြန်တော့မယ်"
"ခနနေပါဦး ကျန့်ကလည်း…
ကိုယ့်ဆီရောက်တုန်းလေး မုန့်ချိုလေးဘာလေး စားသွားပါဦး"
သူတို့နှစ်ယောက်က တကယ့်ကိုရင်းရင်းနှီးနှီးပင်။
ဝမ်ရိပေါ် ဘာကိုအလိုမကျဖြစ်နေမှန်း မသိပေမဲ့ လက်ကဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်သည်။
သူနဲ့ဆို အဲ့ကောင်ရှောင်းကျန့်က ကြောက်သလိုလို ရွံ့သလိုလိုနဲ့။ဝမ်ဟန်နဲ့ဆိုဟိုဘဝကအတိုင်းရင်းနှီးစဲ။အမြဲတမ်း ဝမ်ဟန်က ရှောင်းကျန့်နဲ့ပတ်သတ်ရင် သူ့ကိုအနိုင်ရစမြဲ။
ဆက်မနားထောင်ချင်တော့တာကြောင့် အဲ့အဆောင်ထဲက ခပ်မြန်မြန်ထွက်လာပြီး ကိုယ့်အဆောင်သို့ပဲ ပြန်လာလိုက်သည်။
-----------------------------
"ဒါ ဘယ်ကနေပြန်လာတာလဲ"
အရှေ့တည့်တည့်ကနေ မတ်တပ်လာရပ်သည့် အရှင့်သားကြောင့် ခေါင်းကိုငုံ့ကာ ရှောင်းကျန့် နောက်ကိုနည်းနည်းဆုတ်လိုက်သည်။
"ငါ့လို အိမ်ရှေ့စံက မေးတာကို ပြန်မဖြေဘူးဆိုတော့ မင်းက တော်တော်သတ္တိကောင်းနေတာပဲ…ဟက် အပြစ်ပေးခံချင်နေတယ်ပေါ့"
"……"
"ကျိရန်!"
"အမိန့်ရှိပါ အရှင့်သား"
"ဒီကောင်ကို အချုပ်ခန်းထဲ သွားထည့်ထားလိုက်!
ရေလည်းမတိုက်နဲ့ ထမင်းလည်း မကျွေးနဲ့…အဲ့တာ ငါ အိမ်ရှေ့စံပေးတဲ့ ပြစ်ဒဏ်ပဲ"
သူ့အရှေ့ကနေ ကွယ်ပျောက်သွားတော့မှ ဝမ်ရိပေါ်က တောက်ခေါက်လိုက်သည်။
မုန်းတယ် ရှောင်းကျန့်။
ဝမ်ဟန်နဲ့ကျ ရင်းရင်းနှီးနှီးနေပြီး ငါ့ကိုကျ ကြောက်တဲ့ပုံဖြစ်နေတာမျိုး မုန်းတယ် ရှောင်းကျန့်။
ငါ့ကို မတူသလို မတန်သလို စကားပြန်မပြောဘဲ ဝမ်ဟန့်ကိုကျတော့ ရန်တွေ့သလိုပြောနေတာကို မုန်းတယ် ရှောင်းကျန့်။
မင်းကို မချစ်မိအောင် အကြိမ်ကြိမ်ထိန်းထားနေရက်နဲ့ မင်းကို တွေ့တိုင်း ပုံမာန်ထက် ခုန်နေတဲ့ နှလုံးသားကြောင့်လည်း ငါ ကိုယ့်ငါ မုန်းတယ် ရှောင်းကျန့်။
ငါက တစ်ဘဝစာခံပြီးတာတောင်မှ အမှတ်မရှိသေးပြန်ဘူး။ မင်းရဲ့ ညို့မှိုင်းနေတဲ့ မျက်ဝန်းတွေ ခပ်ရဲရဲနှုတ်ခမ်းတွေကြားမှာ ငါ ထပ်ပြီးကျဆုံးတော့မလို့။
နမ်းတော့မလိုထိတောင် ငါ့စိတ်တွေ ထိန်းချုပ်မရတော့တာ။မင်းက ငါ့ကို ဘာနည်းနဲ့
မြူစွယ်နေတာလဲ။မင်းကို မုန်းတယ် ရှောင်းကျန့်။
အခန်းထဲမှာ အော်ဟစ်ကာ သောင်းကျန်းနေသည့် အရှင့်သားကို အပြင်မှာစောင့်နေသည့် ကျိရန် စိတ်ပူမိသည်။ မင်းကြီးဆီက ပြန်အလာမှာ ကြည်လင်နေသော်လည်း မင်းသားဝမ်ဟန်အဆောင်ကနေ ပြန်ထွက်လာကတည်းက ချက်ချင်းမှိုင်းသွားသည်။
အဆောင်ပြန်ရောက်လာတော့လည်း အဆောင်ရှေ့မှာ ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်နေပြီး တစ်စုံတစ်ယောက်ကို စောင့်နေပုံရသည်။
ထိုအချိန် ခပ်သုတ်သုတ်လျှောက်ကာ ပြန်လာနေသည့် ရှောင်းကျန့်ဆိုသည့်ကောင်လေးကို မြင်တာနဲ့ ရုပ်ကိုတည်ကာ ထိုကောင်လေးရှေ့ မတ်တပ်သွားရပ်သည်။
ဘာတွေဒေါသထွက်သွားလည်း မသိ။ထိုကောင်လေးကို အချုပ်ခန်းထဲ သုံးရက်ထည့်ထားဖို့ ပြောလာသည်။အခုတော့လည်း ဘာကိုအလိုမကျဖြစ်နေမှန်း မသိ။ပစ္စည်းတွေ ပေါက်ခွဲသံကိုလည်း အရှင့်သားအဆောင်တော်ထဲက ကြားနေရသည်။
အရှင့်သားက ထိုကောင်လေးကို အဲ့လိုမလုပ်ချင်ဘဲ ဘာလို့လုပ်လိုက်ရတာလဲ။အဲ့ကောင်လေးက အရှင့်သားအတွက် အရေးပါတဲ့သူများလား။
ဒါဆို အရှင့်သားမသိအောင် ကောင်လေးကို အစာတွေ ခိုးပေးရမည်။ထိုကောင်လေးအသက်ရှင်နေမှ အရှင့်သား အဆင်ပြေမည်။ထိုကောင်လေးက အရှင့်သားအတွက် ဘာလဲဆိုတာ ကျိရန် စုံစမ်းရမည်။
Advertisement
----------------------------
နောက်တစ်နေ့မနက် ဝေလီဝေလင်းမှာပဲ ဝမ်ရိပေါ်ကိုက်နေသောခေါင်းကို ကိုင်ကာ အိပ်ယာထသည်။ညက သေရည်တွေ အလွန်အကြူးသောက်ပြီး ဘယ်အချိန်အိပ်ပျော်သွားမှန်းမသိ။
"ရှောင်း…"
သူ ကိုယ်တိုင်အချုပ်ခန်းထဲသို့ ထည့်ထားသည့်သူကို မေ့ပြီး
ခေါ်မိတော့မလို ဖြစ်သွားသည်။ငါ ဘာလို့ နိုးတာနဲ့ မင်းကို သတိရနေပြန်တာလဲ။
"ကျိရန်!"
ဝမ်ရိပေါ် ပေလွှာတွေ ဖတ်နေရင်း မသိစိတ်က ရှောင်းကျန့် ဘယ်လိုနေလဲ သိချင်တာကြောင့် ဘေးမှာလာရပ်နေသည့် ကျိရန်ကို ခေါ်မိသည်။
"အမိန့်ရှိပါ အရှင့်သား"
"ဟို…မနေ့က ကောင်လေးကို ဘယ်လိုထားလဲ"
ကျိရန်က အရှင့်သားကို တစ်ချက်မော့ကြည့်ပြီး ပြုံးလိုက်သည်။ပေလွှာထဲမှာ အကြည့်မရှိဘဲ ဟိုရောက်ဒီရောက်ဖြစ်နေသည့် အရှင့်သား မျက်လုံးတွေကြောင့် ကျိရန် ခိုးပြုံးမိသည်။
"အရှင့်သား မိန့်ထားသလို ထားပါတယ်"
"ဒါဆို မနေ့ကတည်းက အခုထိ ဘာမှမစားရသေးဘူးပေါ့"
"မှန်လှပါ့ အရှင့်သား"
"အဲ့ဒီကို သွားရအောင်။
စားစရာတစ်ချို့ယူပြီး ငါ့နောက်က လိုက်ခဲ့"
ပြေးလွှားမတက်ထွက်သွားသည့် အရှင့်သားကို ကြည့်ပြီး ကျိရန် နောက်တစ်ခေါက် ပြုံးမိပြန်သည်။အရှင့်သားရဲ့နှလုံးသားထဲမှာ ဒီကောင်လေးရောက်နေပြီ။ဒါကို အရှင့်သားက မသိချင်ယောင်ဆောင်နေတာ။
ကျန့် အချုပ်ကျနေသည်ဟု ကြားကြားချင်းပဲ ဝမ်ဟန် ထိုနေရာသို့ အမြန်လာခဲ့သည်။အခုမှ သိရခြင်းအတွက်လည်း သူ့
ကိုယ်သူ အပြစ်တင်မဆုံး။
အခန်းရဲ့ ထောင့်လေးမှာ ခွေခွေလေးနေနေသည့် ကျန့်ကို အပြင်ဘက်က ကြည့်ပြီး ရင်ထဲပြည့်ကြပ်လို့လာသည်။
"တံခါးဖွင့်စမ်း!
မင်းသားဝမ်ဟန်ရဲ့ အမိန့်!"
မတုန်မလှုပ်ရှိနေသည့် ရဲမက်တွေကြောင့် ဝမ်ဟန်ဒေါသထွက်လာသည်။ရှောင်းကျန့်လည်း နိုးလာကာ ဟိုကြည့်ဒီကြည့်ဖြင့် အခြေအနေကို စူးစမ်းနေသည်။
"ငါ့အမိန့်ကို မင်းတို့က မနာခံဘူးပေါ့!"
လက်ထဲက ဓားကို ဆွဲထုတ်လိုက်တဲ့ ဝမ်ဟန်ကြောင့် ရှောင်းကျန့်ထလာကာ တားရန်ပြုသည်။
"ဝမ်ဟန်………"
ဖြောင်း ဖြောင်း ဖြောင်း!!
ခပ်ကျယ်ကျယ်ရယ်ပြီး လက်ခုပ်တီးကာ ဝင်လာသည့် အရှင့်သားကို အကုန်လုံးလှည့်ကြည့်ကြသည်။ပြီးနောက် ဦးညွှတ်ကြသည်။ဝမ်ဟန်က ဦးမညွှတ်တာ သဘာဝကျပေမဲ့ ရှောင်းကျန့်က အရှင့်သားကို ငေးနေမိတာကြောင့် ဦးညွှတ်ရန်မေ့နေသည်က ဝမ်ရိပေါ်ကို ပိုလို့ဒေါသ ထွက်စေသည်။
"လူစွမ်းကောင်းကြီး လာလုပ်နေတာပဲ အကိုတော် ဝမ်ဟန်!
အပြစ်ရှိလို့ချုပ်ထားတဲ့ အချုပ်သားကို လွှတ်ပေးမယ်လုပ်တယ်ဆိုကတည်းက အကိုတော်လည်း အပြစ်ရှိသွားပြီဆိုတာ သိတယ်နော်"
"ကျန့်က ဘာအပြစ်ရှိလို့ ဒီလိုလုပ်ရတာလဲ"
"အရေးမပါတဲ့ လူတစ်ယောက်ရဲ့ အပြစ်ကို ပြန်ဝေမျှဖို့ ကျွန်တော့်မှာ အချိန်မရှိဘူး အကိုတော်ဝမ်ဟန်!
ကျိရန်…အချုပ်တံခါးဖွင့်ပေးဖို့ လုပ်နေသည့်သူကိုလည်း အပြစ်မပေးသင့်ဘူးလား!"
"အရှင့်သား အမိန့်အတိုင်း ဆောင်ရွက်ပါ့မယ်"
"ဟိုဘက်တစ်ခန်းမှာ ထည့်ထားလိုက်!"
ကျိရန်နဲ့အတူ ရဲမက်တွေက ဝမ်ဟန့်ကို ချုပ်ကာ ဘေးတစ်ခန်းထဲသို့ ထည့်ပြီး တံခါးပိတ်လိုက်သည်။
"ဒီနေ့က ငါ့ရဲ့ ဇနီးလောင်းလာမှာမို့ စိတ်ရှုတ်စေမဲ့ သတင်းတွေ မကြားချင်ဘူး ကျိရန်!
မိဖုရားခေါင်ကြီးက သူ့သားတော်ကို လွှတ်ပေးဖို့ ပြောတာတို့ဆို ပိုပြီး ခေါင်းရှုတ်စေတာမို့ အထူးဂရုစိုက်ပါ ကျိရန်…
နှစ်ယောက်စလုံးကို ရေလည်းမတိုက်နဲ့ထမင်းလည်း လုံးဝမကျွေးမိစေနဲ့ ဒါ အိမ်ရှေ့စံအမိန့်!!"
လှည့်ထွက်သွားတဲ့ ဝမ်ရိပေါ်ကို ကြည့်ပြီး ဝမ်ဟန်က တရှူးရှူးတရှဲရှဲဖြစ်နေသော်လည်း ရှောင်းကျန့်ကတော့ ခေါင်းလေးငုံ့ကာ ပြန်ထိုင်နေသည်။
"ကျန့် ကိုယ်တို့အမြန်ဆုံးလွတ်အောင် လုပ်မယ်!
အဲ့အကောင်အမိန့်ကို လုံးဝမနာခံနိုင်ဘူး"
"ဟင့်အင်း။
ငါ နာခံမယ်…ငါ အပြစ်ရှိလို့ ငါခံရတာ ဝမ်ဟန်။
မင်းကသာ ငါ့ကြောင့်…ငါ တောင်းပန်ပါတယ်"
"ကျန့်ရယ်…ဘာလို့အဲ့ကောင်ကို ဒီလောက်ထိ အလျှော့ပေးနေရတာလဲ"
ရှောင်းကျန့်က ဘာမှပြန်မပြောတော့ဘဲ အခုဏက အရှင့်သားပြောသွားသော စကားများကိုသာ ပြန်လည်ကြားယောင်လာသည်။
"ဇနီးလောင်းလာမှာမို့ စိတ်ရှုတ်စေမဲ့ သတင်းတွေ မကြားချင်ဘူးတဲ့!"
ငါ ဘာလို့ ဝမ်းနည်းနေရတာလဲ ရှောင်းကျန့်။အိမ်ရှေ့စံတစ်ပါးက မိဖုရားမြှောက်တော့မည့် ကိစ္စက ဝမ်းသာစရာ သတင်း
မဟုတ်ပေလား။ငါ ဝမ်းသာရမယ်…ငါ ဝမ်းသာသင့်တယ်။
ဒါပေမဲ့ ငါ့ရင်ဘတ်ထဲက အောင့်တယ်။
မယ်တော်…သားတော်ကို လာခေါ်ပါ။သားတော် နှလုံးသားတွေ တအားနာတယ်။
မတ်တပ်ရပ်နေရာကနေ ဝုန်းကနဲလဲကျသွားသည့် ရှောင်းကျန့်ကြောင့် ဝမ်ဟန်ပြေးကာ တစ်ဖက်ခန်းကနေ အော်ခေါ်လိုက်သည်။
"ကျန့်!!!!!!!!"
**************************************
Zawgyi
"ခမည်းတော်.."
"သားတော်.."
"ကောင်းပါပြီ
Advertisement
"ရှောင်းကျန့်လား"
"မှန်လှပါ့ အရှင့်သား"
"သေချာလို့လား ဝမ်ဟန်"
"ကျန့်!!!"
ဒါဆို ငါ ပြန်တော့မယ်"
"ခနနေပါဦး ကျန့်ကလည်း
-----------------------------
"ဒါ ဘယ်ကနေပြန်လာတာလဲ"
""
"ကျိရန်!"
----------------------------
"ရှောင်း"
"ကျိရန်!"
"မှန်လှပါ့ အရှင့်သား"
"အဲ့ဒီကို သွားရအောင်။
"တံခါးဖွင့်စမ်း!
"ဝမ်ဟန်"
"ဟင့်အင်း။
"ကျန့်!!!!!!!!"
**************************************
Advertisement
- In Serial226 Chapters
I Refuse To Become Scumbag In Tokyo
This is a work of fiction. Names, characters, business, events, and incidents are the products of the author's imagination. Any resemblance to actual persons, living or dead, or actual events is purely coincidental.
8 755 - In Serial37 Chapters
The Alpha's Warrior
Ruthless. Cold. Calculating. That's how Rey's always been seen, but she was a warrior after all, and a damn good one at that. Warriors don't take sides. They don't let their feelings get the best of them, but when she discovers her mate is at the head of the largest war in werewolf history, she may just have to start caring.**contains mature language and contentCOMPLETE
8 357 - In Serial84 Chapters
If only I knew you (UNEDITED)
# 3rd place in the spring awards 2020A story about an innocent girl, a girl who only knew how to spread love. She has the eyes of innocence, the face of an angel and a personality of a dreamer but her smile....her smile is so beautiful but what people don't see, is a smile that hides more pain than you can ever imagine. A story about a boy, a boy who was forced to grow up into a cold heartless monster. Every girl wanted to be with him and there wasn't a single girl in the campus who had not slept with him except for those who were the outcasts. He was a playboy, not caring about anyone's feelings except his friends and his sister. His sister was his world, he would destroy anyone who even dared hurt his beloved sister. What will happen when he gets trapped in misunderstandings, vowing to take revenge from the girl who caused his sister pain?What will happen when he breaks her beyond repair?What will happen when she loses her purpose in life and becomes lifeless?What will happen when he finds out the truth and regrets immensely for what he did to the girl he madly fell in love with?What will happen when he gets separated from her?What will happen when he goes insane in her love, yearning and craving for her attention....for her that he abused for something that she never did but rather saved?Will she forgive him or will he lose her forever?After all, the things he had done to her were unforgivable and beyond words....."P...please don't leave me. Come back to me.... P...please...please Eyshana.... I... I love you" I pleaded and cried as I cradled her lifeless body.WARNING/ READ AT YOUR OWN RISK: INCLUDES MATURE SCENES, RAPE AND ABUSE!!.
8 381 - In Serial40 Chapters
Our Ancient Love
You get your first job at The American Museum of Natural History where you discover that history comes to life, but only at night. It isn't long before you fall in love with the young Pharaoh Ahkmenrah. What happens when the secrets of both of your pasts unfold and you discover who you truly are?
8 164 - In Serial30 Chapters
Most Popular Playboy
Жон Сонюүл бага сургуулиасаа л Ким Тэхёнтой нэг анги байсан. Сонюүл түүнийг хэрхэн охидтой тоглож, сургуульд гал тавьж, хичээлээ тасалж, багш нарыг хуурч, сургуулийн ард тамхи татаж, хууль зөрчиж, хөгжилдөхийн тулд бусад залуустай зодолдож, мөн 3 долоо хоног баривчлагдахыг харсан. Тэхён бүх зүйлийг үргэлж нураадгаас гадна хий гэсэн зүйлийг хэзээ ч хийдэггүй.Сонюүл түүнийг сургуульд нь хөл тавьснаас эхэлж үзэн яддаг байсан ба азтай нь Тэхён түүнийг анзаардаггүй байлаа.Гэхдээ саяхныг хүртэл. Тэхён Сонюүлийг хараандаа авсан ба тэр хүссэн зүйлээ авахаас нааш зогсдоггүй.Мөн Тэхён Сонюүлийг хүсч байгаа.-Ann-Эхэлсэн- 2017-04Дууссан - 2017-06
8 115 - In Serial28 Chapters
Life After An Unwanted Marriage
"I'm a man with needs and as my wife you're the one who'll fulfill that needs. Whether you like it or not we'll have sex right here and right now." he demands coldly.A life that turned into a living hell after being forced to marry that arrogant, despicable man.After years of moving on from the biggest regret of her life, Serenity found herself stuck in a predicament where she was given a choice to get married or loose the land that was supposedly for the orphanage._________He doesn't know if he inherited the genetic disease that runs in his family's veins. It's either he's a carrier of the said disease or the disease is a recessive type for him. For the empire's sake that was started by his great ancestors, his father forced him to find a wife in order to secure the company's future.
8 156