《After Agonising ,Will You Love Again? [ Completed ]》CHAPTER - [ 7 ]
Advertisement
Unicode
လေးလံနေသည့် မျက်ခွံတွေကို အားယူကာ ရှောင်းကျန့် ဖွင့်ကြည့်လိုက်သည်။အခုရောက်နေတာက အိပ်ယာတစ်ခုပေါ်မှာ…။
မျက်နှာကျက်က အနီရောင်ဖျော့ဖျော့လေး။
ဒါက…ဒါက အရှင့်သားရဲ့ သလွန်တော်မလား။အံသြစွာနဲ့ပဲ ဘေးဖက်တွေကို လိုက်ကြည့်လိုက်သည်။
ကျောပေးကာ ထိုင်နေသော သူ တိတ်တခိုးချစ်ရသည့် အရှင့်သား။
"နိုးလာပြီလား…"
လှည့်မကြည့်ဘဲ သူနိုးလာတာ ဘယ်လိုများသိသွားတာလဲ။ ခါတိုင်းထက် မတူဘဲ နူးညံ့နေသည့် အရှင့်သားအသံကြောင့် ရင်ထဲလှိုက်ဖိုလို့ သွားသည်။
အိပ်ယာပေါ်က အလျှင်အမြန်ကုန်းထပြီး အရှင့်သားအရှေ့သွားကာ ဒူးထောက်ထိုင်ချလိုက်သည်။
"အရှင့်သားအတွက် အနှောက်အယှက်ဖြစ်သွားစေခဲ့လို့ ရှောင်းကျန့် တောင်းပန်ပါတယ်"
ခေါင်းကို ကြမ်းပြင်နဲ့ထိမတက် ငုံ့နေသည့် လူကို အရှင့်သားဝမ်ရိပေါ်ကြည့်လိုက်သည်။အသိစိတ်တစ်ချို့ က လွန်ခဲ့သည့် တစ်နာရီဆီသို့ ရောက်သွားလေသည်။
မနေ့ကတည်းက အစာမစားရသေးတဲ့ ရှောင်းကျန့်ကို ဝမ်ရိပေါ် ဘယ်လိုစိတ်နဲ့သနားသွားလည်း မသိပါ။ကိုယ်ရံတော် ကျိရန်ကို စားစရာတစ်ချို့ ယူခဲ့စေပြီး အချုပ်ခန်းသို့ လာရာမှ မြင်လိုက်ရတဲ့မြင်ကွင်းတစ်ခုကြောင့် သနားစိတ်ဝင်နေတဲ့ သူ့ စိတ်ကလေး ဟိုးအဝေးကို လွှင့်ပြယ်သွားသည်။
ရှောင်းကျန့်မှာ သူမရှိရင် ဝမ်ဟန်ဆိုတဲ့ကောင်ရှိနေမှာကို သူ မေ့နေခဲ့တာ။သူကသာ ဟိုဘဝမှာရော ဒီဘဝထိပါ ရှောင်းကျန့်ဘေးနား မရှိမဖြစ်လုပ်ချင်နေတာ။နာနာကျင်ကျင် ခံစားပြီးတာတောင်မှ သူ ထပ်ချစ်ချင်နေသေးတာ။
မင်းက အရူးပဲ ဝမ်ရိပေါ်…။
စိတ်တိုတိုနဲ့ ဝမ်ဟန်ကိုပါ ချုပ်ပစ်လိုက်တော့ ရှောင်းကျန့်က အမြဲကြည့်နေကြ မျက်ဝန်းတွေနဲ့ ညို့ မှိုင်းမှိုင်းကြည့်နေပြန်သည်။အဲ့အကြည့်တွေက ဘာအဓိပ္ပါယ်တွေ ပါနေမလဲဆိုတာ သူ တကယ်မသိဘူး။
ဝတ်ရုံကို တစ်ချက်ခါပြီးတော့ပဲ လှည့်ထွက်လာခဲ့တယ်။ ဆွဲငင်နေတဲ့ မျက်ဝန်းညိုတွေမှာ ထပ်ပြီး မကျဆုံးချင်ဘူး။
လမ်းခုလတ်မှာပဲ အချုပ်ခန်းက ရဲမက်တစ်ယောက်က သူ ရှေ့ဒူးထောက်လာသည်။
"အထဲမှာ အချုပ်သားတစ်ယောက် လဲကျသွားလို့ပါ အရှင့်သား။မင်းသားဝမ်ဟန်က သူ့ ကိုကယ်ပေးဖို့ ကျွန်တော်မျိုးတို့ကို ဒူးထောက်တောင်းပန်နေတာကြောင့် အခုလိုမျိုးအရှင့်သားနောက်လိုက်လာပြီး တောင်းဆိုရခြင်းပါ။"
"လဲကျသွားတဲ့သူက ဘယ်သူလဲ"
"မင်းသားဝမ်ဟန်က ကျန့်လို့ခေါ်လိုက်တာ ကျွန်တော်မျိုးကြား……"
စကားတောင်မဆုံးသေးဘဲ အနောက်ကိုလှည့်ထွက်သွားတဲ့ အရှင့်သားကြောင့် ပြောမဲ့စကားတွေ ပါးစပ်လေးဟနေရုံသာ ရဲမက်တစ်ယောက် ကျန်ခဲ့လေရှာသည်။
နောက်တစ်ခေါက် ဝမ်ရိပေါ် အချုပ်ခန်းထဲသို့ ခြေချရပြန်သည်။
"ရိပေါ်…ညီတော် ကျန့်ကို ကယ်ပေးပါ"
သံတိုင်ကို လက်နဲ့ရိုက်ပြီး အော်ပြောနေသည့် ဝမ်ဟန်ကို ဝမ်ရိပေါ် ဂရုမစိုက်။အထဲမှာ ခွေခွေလေးပုံလဲနေသည့် သူဆီကိုသာ ရှိသမျှအာရုံတွေ ရောက်ရှိလို့နေသည်။
ကိုယ်ရံတော်ကျိရန်က ရှောင်းကျန့်ကို ပွေ့ ချီပြီး အချုပ်ခန်းထဲမှထွက်ကာ အရှင့်သားရှေ့မှာ မတ်တပ်ရပ်သည်။
"ဘယ်ခေါ်သွားရပါမလဲ အရှင့်သား"
"ငါ့အဆောင်ကို…
ခနနေဦး!!"
အရှင့်သားခေါ်သံကြောင့် ကျိရန်သွားမဲ့ခြေလှမ်းတွေ ရပ်တန့်လိုက်သည်။
"သမားတော်ကို သွားခေါ်လိုက်…
သူ့ ကို ငါ့ကိုပေး ကျိရန်…"
အရှင့်သားစကားကြောင့် ကျိရန်ခဏတာ အံသြသွားသော်လည်း သူ့ လက်ထဲကကိုယ်လေးကို အလျှင်အမြန်ဆွဲယူသွားတာကြောင့် သတိအမြန်ပြန်ကပ်သွားသည်။
"အမိန့်အတိုင်းပါ အရှင့်သား"
ဝမ်ရိပေါ် ရှောင်းကျန့်ကို အဆောင်သို့ ပွေ့ ချီလာပြီး ကြမ်းပြင်ပေါ်မှာ မချချင်တာကြောင့် သူ့ အိပ်ယာပေါ်သို့သာ ချလိုက်သည်။
များမကြာမီမှာပဲ သမားတော်နဲ့ကျိရန်တို့ ရောက်ရှိလာသည်။
"မစိုးရိမ်ရပါဘူး အရှင့်သား။
မနေ့ကတည်းက အစာမစားရသေးလို့ အားနည်းပြီး မူးလဲကျသွားတာပါ။မကြာခင် သတိရလာပါလိမ့်မယ်။အားရှိစေမယ့်အစာလေး ပြန်ကျွေးရင် ချက်ချင်းကောင်းမှာပါ အရှင့်သား"
"ကောင်းပြီ…"
"ကျွန်တော်မျိုးကို ခွင့်ပြုတော်မူပါဦး အရှင့်သား"
"ကျိရန်…သမားတော်ကို ပို့ဆောင်ပေးလိုက်ပါ"
"အမိန့်အတိုင်းပါ အရှင့်သား"
သလွန်ပေါ်က လူကို တစ်ချက်ကြည့်ပြီး စားပွဲခုံအပုလေးရှိရာသို့သွားကာ ကျောပေးပြီး ထိုင်လိုက်သည်။ခဏတာအတွင်း ဘာမှမဖြစ်ခဲ့သလို သူ့ ရဲ့စိတ်တွေ အသိမကပ်ခဲ့။ရဲမက်ဆီက ကျန့်ဆိုတဲ့ အသံကြားသွားကတည်းကပင်။
ဘာဖြစ်လို့များ သူ့ ကိုခွေးတစ်ကောင်လို တန်ဖိုးမရှိစွာ ဆက်ဆံခဲ့တဲ့သူကို ဒီလောက်ထိ စိုးရိမ်ခဲ့ရတာလဲ။သူ့ နှလုံးသားက အမှတ်မရှိတာလား။
လက်သီးကို တင်းတင်းဆုပ်ပြီး အသက်ကိုဝဝရှူလိုက်သည်။ ဝမ်ရိပေါ် မင်းအခုတလော စိတ်တွေပျော့ညံလာသလိုပဲ။ပုံစံတူအဖြစ်မျိုး ထပ်ဖြစ်ချင်နေတယ်ပေါ့။တစ်ဘဝပဲလေ…တော်ပြီပေါ့။မိုးနတ်မင်းက ဒီဘဝကို မင်းအမှားတွေပြင်ဆင်ဖို့အတွက် ဖန်ဆင်းပေးထားတာလေ။ဒါတောင် မင်းက မပြောင်းမလဲ ဖြစ်ချင်နေတာလား။
နောက်ဆီက သက်ပြင်းချသံသေးသေးလေးကြောင့် အတွေးတွေကို ရပ်တန့်ပစ်လိုက်သည်။
"အခု သက်သာပြီဆိုတော့ အချုပ်ခန်းထဲ ပြန်သွားရမယ်"
မော့ကြည့်လာတဲ့ အကြည့်တွေကို ရှောင်ဖယ်ပြီး စကားကို ခပ်မှန်မှန်ပဲ ပြောလိုက်သည်။
"ကျွန်တော်မျိုး တစ်ခုလောက်တောင်းဆိုလို့ရမလား အရှင့်သား"
"……"
အရှင့်သားက ဘာမှပြန်မပြောလာပေမဲ့ ရှောင်းကျန့်သူ့ စကားကို ဆက်ပြောလိုက်သည်။
"နောက်ဆို ဒီလိုမျိုး လျှောက်မသွားတော့ပါဘူး။
အရှင့်သားဘေးမှာနေပြီး အရှင့်သားနောက်ကိုပဲ သွားလေရာ လိုက်ပါရစေ။ကျွန်တော်မျိုးကို ခွင့်ပြုတော်မူပေးပါ အရှင့်သား"
"အချုပ်သုံးရက်ကျပြီးရင်လား"
"မှန်လှပါ…အရှင့်သား"
"စဉ်းစားပေးမယ်"
ဒီတစ်ခါမှာတော့ ရှောင်းကျန့်မျက်ဝန်းတွေနဲ့ ဝမ်ရိပေါ် ဆုံတွေ့ သွားသည်။ဝမ်းသာပျော်ရွှင်ပြီး လိုချင်တဲ့အရာ ရလိုက်သမျိုး။အဲ့မျက်ဝန်းကြောင့်ပဲ သူ့ နှလုံးသားက တသိမ့်သိမ့်ဖြစ်လာပြန်သည်။
"ကျိရန်"
"ရှိပါတယ် အရှင့်သား"
"ရှောင်းကျန့်ကို ပြန်ပို့လိုက်"
"ဟုတ်ကဲ့ပါ အရှင့်သား"
ကျောပြင်သေးသေးလေးကို နောက်ကနေကြည့်ကာ သက်ပြင်းချမိပြန်သည်။
ငါက ရှောင်ဖယ်လေ မင်းက တိုးဝှေ့လေပါလား ရှောင်းကျန့်။ အခုကစပြီး ကံစီမံရာအတိုင်းသွားမယ့်ဆိုရင်ရော…အဆုံးသတ်မှာက အတိတ်ဘဝနဲ့ထပ်တူကျမှာလား။ဒါမှမဟုတ် ကွဲပြားမှာလား။မတွေးတတ်တော့ဘူး ရှောင်းကျန့်ရယ်…။
Advertisement
*********************
"အရှင့်သား…အရှင့်သား မယ်မယ်နှင့် မိဖုရားလောင်း ရောက်ရှိလာကြောင်းပါ"
ဝမ်ရိပေါ်တွေးနေသော အတိတ်ဘဝအကြောင်းကို ရပ်ပြီး အဆောင်ရှေ့ကို ထွက်လာလိုက်သည်။မယ်မယ်က သူ့ ကိုတွေ့ တွေ့ ချင်းအနားသို့ မြန်မြန်ရောက်လာသည်။
"သားတော်ရိပေါ်…ရှင်းယန်လေးလာလာ…"
ရှင်းယန်နှင့်အကြည့်ချင်းစုံသွားသည့်တခဏ ရှင်းယန်က ရှက်ရွံစွာ ခေါင်းကိုငုံ့သွားသည်။
"သားတော်တို့ စကားသေချာပြောကြဦး…
ရင်းရင်းနှီးနှီးဖော်ဖော်ရွေရွေနေကြနော် မယ်မယ်သွားပြီ"
ခပ်ပြုံးပြုံးနဲ့ မယ်မယ်က ဝမ်ရိပေါ်ကို မျက်စိမှိတ်ပြသွားသေးသည်။
"အဟမ်း…ရှင်းယန် အထဲကို လာလေ"
ရှင်းယန်က ခပ်လှလှလေးပြုံးကာ ခေါင်းငြိမ့်သည်။
ဒီမိန်းကလေးကလည်း ဟိုဘဝတုန်းက သူ့ အတွက်ကြောင့်အသက်ဆုံးရှုံးသွားတာပဲ။မိဖုရားထဲမှ သူ့ ကိုဂရုစိုက်ဆုံးနဲ့ သူ့ စိတ်ကို အသိဆုံးသောသူ။ဒါပေမဲ့ သူ့ ရင်ထဲမှာ ရှောင်းကျန့်ကလွဲပြီး ဘယ်သူ့ မှထည့်မရခဲ့ဘူး။တောင်းပန်ပါတယ် ရှင်းယန်…။
"အေးအေးဆေးဆေးနေပါ…အဆင်မပြေတာရှိရင် ကိုယ့်တော့်ကိုပြောလို့ရပါတယ်"
"ဟုတ်ကဲ့ပါ အရှင့်သား"
"အခု ခရီးပင်ပန်းနေမှာပဲ။အနားယူတော့လေ"
"ဒါဆို ရှင်းယန်ပြန်ပါတော့မယ် အရှင့်သား"
"ကောင်းပါပြီ"
********
"ရှောင်းကျန့် ပြန်ရောက်လာပြီလား ကျိရန်"
"မနက်ကပဲ ပြန်လွတ်လာပါပြီ အရှင့်သား"
"အဲ့ထဲမှာ အစာကောင်းကောင်းစားရဲ့လား"
"အများကြီးတော့ မစားပေမဲ့ စားသင့်သလောက်တော့ စားပါတယ် အရှင့်သား"
ကျိရန်က ကြိတ်ရယ်မိ၏။အရှင့်သားက တကယ်ပဲ ရှောင်းကျန့်ဆိုတဲ့ကောင်လေးကို သဘောကျနေတာပဲ။ရှေ့ကျရင် ဒေါသကြီးသလိုလိုနဲ့ နောက်ကွယ်မှာ အရမ်းကို ဂရုစိုက်နေတာ။
"သူ့ ကို ဒီကိုလွှတ်လိုက်"
"ကျွန်တော်မျိုးသွားခေါ်လိုက်ပါ့မယ် အရှင့်သား"
ဓားရေးကွင်းမှာ ချွေးသံတရွှဲရွှဲနဲ့ အရှင့်သားက ရှောင်းကျန့်ကို ဘာအတွက်ခေါ်မှန်းမသိ။ကျိရန်ကတော့ တာဝန်ကျေပွန်စွာနဲ့ပဲ အရှင့်သားရှေ့ကို ရှောင်းကျန့်အားခေါ်ခဲ့လိုကိသည်။
"ရှောင်းကျန့်ရောက်ပါပြီ အရှင့်သား"
အရှင့်သားက ကျွန်တော်တို့ဘက်ကို တစ်ချက်လှည့်ကြည့်ပြီး ဓားကို လက်နဲ့သပ်သည်။
ကျိရန် အလိုက်သိစွာပဲ ခပ်လှမ်းလှမ်းတစ်နေရာသို့ လျှောက်သွားလိုက်သည်။အရှင့်သားတို့ လွတ်လွတ်လပ်လပ်စကားပြောပါစေ။
ဝမ်ရိပေါ်က ရှောင်းကျန့်နားရောက်လာပြီး ဓားအား ရှောင်းကျန့်လည်ပင်းပေါ် တင်လိုက်သည်။
"ရှောင်းကျန့်!!"
ခပ်ဆတ်ဆတ်တုန်နေသည့် နှုတ်ခမ်းလေးကို ခပ်တိုးတိုးအသံလေး ထွက်လာသည်။
"နားထောင်နေပါတယ် အရှင့်သား…"
"ငါ့ကို လက်စားချေချင်လား"
ရုတ်တရက်မေးလိုက်လို့ ထင်သည်။ရှောင်းကျန့်က ဝမ်ရိပေါ်ကို အံသြစွာနဲ့ပဲ ပြန်ကြည့်နေသည်။
"ဘာအတွက်ကြောင့်များ ကျွန်တော်က အရှင့်သားကို လက်စားချေရမှာပါလဲ"
တမင်သက်သက် မသိချင်ယောင် ဆောင်နေတာလား။ ဒါမှမဟုတ် တကယ်များ မသိတော့တာလား။
ဟန်ဆောင်နေတာလား ရှောင်းကျန့်။
"စစ်သူကြီးရှောင်းက မင်းအဖေမလား"
"ဟုတ်…ဟုတ်ပါတယ် အရှင့်သား"
"ဒါ့ကြောင့် မေးနေတာလေ…မိသားစုအတွက် ကလဲ့စားတွေချေချင်နေလားလို့…"
ရှောင်းကျန့်ရဲ့ မျက်ဝန်းတွေမှာ မျက်ရည်တွေ စို့လာသည်။ ထိုအရာကိုမြင်တဲ့ ဝမ်ရိပေါ်သည်လည်း ရင်ဘတ်ထဲမှာ တစ်စုံတစ်ခု ပြည့်ကြပ်လို့လာသည်။
မိသားစုကို သတိရသွားလို့လား…ဒါမှမဟုတ် ငါ့ကို တအား မုန်းနေလို့လား။
"ကျွန်တော့်ခမည်းတော်လုပ်ရပ်ကြောင့် ကျွန်တော်တို့ မိသားစုခံရတာ ကျွန်တော် နားလည်သဘောပေါက်ပါတယ်အရှင့်သား။ဒီလိုမျိုး ပစ်ဒဏ်ချလို့ မင်းကြီးကို မနာကျည်းသလို အရှင့်သားတို့အပေါ်ကိုလည်း ကလဲ့စားချေချင်စိတ် နည်းနည်းလေးတောင် မရှိပါဘူး အရှင့်သား။ကျွန်တော်မျိုးရဲ့ ဘဝကံကြမ္မာက ဒီလိုဖြစ်ဖို့ပါလာတာ ကျွန်တော့်ဇာတာပါပဲ…အခုဘဝကို မနှစ်မြိုတာမျိုးမဖြစ်သလို ဒီ့ထက်ပိုကောင်းတဲ့ဘဝကိုလည်း လောဘမတတ်ပါဘူး အရှင့်သား…"
ဖြည်းဖြည်းချင်းသာ ပြောသွားသည့် ရှောင်းကျန့်ကို ဝမ်ရိပေါ် အံ့သြမှင်သက်စွာနဲ့ပဲ စိုက်ကြည့်နေမိသည်။ပြောနေသည့်စကားများကိုကြည့်လျှင် ဟိုဘဝက ရှောင်းကျန့်နဲ့ပင် သိပ်မတူတော့သလို…။
လည်ပင်းပေါ်ကဓားကို ပြန်ရုတ်သိမ်းလိုက်ပြီး အရဲတင့်စွာမော့ကြည့်နေသည့် ညို့ မှိုင်းမှိုင်း မျက်ဝန်းတွေကို ထပ်မံပြီး စိုက်ကြည့်လိုက်သည်။
"အခုပြောခဲ့တဲ့စကားတွေက တမင်လိမ်ညာပြောနေတာမလား ရှောင်းကျန့်!"
ဝမ်ရိပေါ်စကားကြောင့် ရှောင်းကျန့်မျက်ဝန်းထဲ နားမလည်သည့် အရိပ်အယောင်များဖြတ်ပြေးသွားရသည်။
"ဘယ်လိုမျိုးကြောင့် ကျွန်တော်လိမ်ညာတယ်လို့ ထင်နေရတာပါလဲ အရှင့်သား"
"မင်းကို မယုံလို့ပေါ့"
ရှောင်းကျန့်က ဝမ်ရိပေါ်လက်ထဲက ဓားကိုဆွဲယူပြီး လက်ကောက်ဝတ်ကို လှီးချလိုက်သည်။ရုတ်တရက်မို့ ဝမ်ရိပေါ်လည်း မတားလိုက်နိုင်။
"ရှောင်းကျန့်!!"
"ဒါဆို ကျွန်တော်ပြောတာ ယုံပေးမယ်မလား အရှင့်သား…
ကျွန်တော်ပြောခဲ့သမျှဟာ အရှင့်သားကို လိမ်ညာခြင်းတစ်ခုမှ မပါပါဘူး။"
"ယုံတယ် ယုံတယ်…
ငါ ယုံတာမို့ ဒီ့ထက်ထိခိုက်အောင် မလုပ်ပါနဲ့တော့!"
"ဒါဆို ကျွန်တော့်ကို အရှင့်သားအနားမှာ အမြဲထားပေးပါ"
ဝမ်ရိပေါ် ခဏတာစဉ်းစားပြီး ခေါင်းငြိမ့်ပြလိုက်သည်။
"အင်း…ကောင်းပြီ။
ဓားကို ပြန်ပေး"
ဓားပြန်ရရချင်း ဘေးချကာ ဝတ်ရုံစကို ဆွဲဖြဲပြီး သွေးထွက်နေသည့် ရှောင်းကျန့်ရဲ့လက်ကောက်ဝတ်ကို စည်းပေးလိုက်သည်။
ဒီနေ့ပြောခဲ့တာတွေသာ အမှန်ဆို ငါ မင်းကို ထပ်ချစ်မိတော့မယ်ထင်တယ် ရှောင်းကျန့်ဟု စိတ်ထဲ၌ ရေရွတ်ကာ အရည်လဲ့နေသည့် မျက်ဝန်းတွေအား ဝမ်ရိပေါ် စိုက်ကြည့်လိုက်သည်။
ဒီဘဝမှာတော့ မနာကျင်ဘူး အသက်ရယ်...။
**************************************
Zawgyi
ေလးလံေနသည့္ မ်က္ခြံေတြကို အားယူကာ ေရွာင္းက်န႔္ ဖြင့္ၾကည့္လိုက္သည္။အခုေရာက္ေနတာက အိပ္ယာတစ္ခုေပၚမွာ။
မ်က္ႏွာက်က္က အနီေရာင္ေဖ်ာ့ေဖ်ာ့ေလး။
ဒါကဒါက အရွင့္သားရဲ႕ သလြန္ေတာ္မလား။အံၾသစြာနဲ႕ပဲ ေဘးဖက္ေတြကို လိုက္ၾကည့္လိုက္သည္။
ေက်ာေပးကာ ထိုင္ေနေသာ သူ တိတ္တခိုးခ်စ္ရသည့္ အရွင့္သား။
"နိုးလာၿပီလား"
လွည့္မၾကည့္ဘဲ သူနိုးလာတာ ဘယ္လိုမ်ားသိသြားတာလဲ။ ခါတိုင္းထက္ မတူဘဲ ႏူးညံ့ေနသည့္ အရွင့္သားအသံေၾကာင့္ ရင္ထဲလွိုက္ဖိုလို႔ သြားသည္။
အိပ္ယာေပၚက အလွ်င္အျမန္ကုန္းထၿပီး အရွင့္သားအေရွ႕သြားကာ ဒူးေထာက္ထိုင္ခ်လိဳက္သည္။
Advertisement
"အရွင့္သားအတြက္ အႏွောက္အယွက္ျဖစ္သြားေစခဲ့လို႔ ေရွာင္းက်န႔္ ေတာင္းပန္ပါတယ္"
ေခါင္းကို ၾကမ္းျပင္နဲ႕ထိမတက္ ငုံ႕ေနသည့္ လူကို အရွင့္သားဝမ္ရိေပၚၾကည့္လိုက္သည္။အသိစိတ္တစ္ခ်ိဳ႕ က လြန္ခဲ့သည့္ တစ္နာရီဆီသို႔ ေရာက္သြားေလသည္။
မေန႕ကတည္းက အစာမစားရေသးတဲ့ ေရွာင္းက်န႔္ကို ဝမ္ရိေပၚ ဘယ္လိုစိတ္နဲ႕သနားသြားလည္း မသိပါ။ကိုယ္ရံေတာ္ က်ိရန္ကို စားစရာတစ္ခ်ိဳ႕ ယူခဲ့ေစၿပီး အခ်ဳပ္ခန္းသို႔ လာရာမွ ျမင္လိုက္ရတဲ့ျမင္ကြင္းတစ္ခုေၾကာင့္ သနားစိတ္ဝင္ေနတဲ့ သူ႕ စိတ္ကေလး ဟိုးအေဝးကို လႊင့္ျပယ္သြားသည္။
ေရွာင္းက်န႔္မွာ သူမရွိရင္ ဝမ္ဟန္ဆိုတဲ့ေကာင္ရွိေနမွာကို သူ ေမ့ေနခဲ့တာ။သူကသာ ဟိုဘဝမွာေရာ ဒီဘဝထိပါ ေရွာင္းက်န႔္ေဘးနား မရွိမျဖစ္လုပ္ခ်င္ေနတာ။နာနာက်င္က်င္ ခံစားၿပီးတာေတာင္မွ သူ ထပ္ခ်စ္ခ်င္ေနေသးတာ။
မင္းက အ႐ူးပဲ ဝမ္ရိေပၚ။
စိတ္တိုတိုနဲ႕ ဝမ္ဟန္ကိုပါ ခ်ဳပ္ပစ္လိုက္ေတာ့ ေရွာင္းက်န႔္က အၿမဲၾကည့္ေနၾက မ်က္ဝန္းေတြနဲ႕ ညို႔ မွိုင္းမွိုင္းၾကည့္ေနျပန္သည္။အဲ့အၾကည့္ေတြက ဘာအဓိပ္ပါယ်တွေ ပါေနမလဲဆိုတာ သူ တကယ္မသိဘူး။
ဝတ္႐ုံကို တစ္ခ်က္ခါၿပီးေတာ့ပဲ လွည့္ထြက္လာခဲ့တယ္။ ဆြဲငင္ေနတဲ့ မ်က္ဝန္းညိုေတြမွာ ထပ္ၿပီး မက်ဆဳံးခ်င္ဘူး။
လမ္းခုလတ္မွာပဲ အခ်ဳပ္ခန္းက ရဲမက္တစ္ေယာက္က သူ ေရွ႕ဒူးေထာက္လာသည္။
"အထဲမွာ အခ်ဳပ္သားတစ္ေယာက္ လဲက်သြားလို႔ပါ အရွင့္သား။မင္းသားဝမ္ဟန္က သူ႕ ကိုကယ္ေပးဖို႔ ကြၽန္ေတာ္မ်ိဳးတို႔ကို ဒူးေထာက္ေတာင္းပန္ေနတာေၾကာင့္ အခုလိုမ်ိဳးအရွင့္သားေနာက္လိုက္လာၿပီး ေတာင္းဆိုရျခင္းပါ။"
"လဲက်သြားတဲ့သူက ဘယ္သူလဲ"
"မင္းသားဝမ္ဟန္က က်န႔္လို႔ေခၚလိုက္တာ ကြၽန္ေတာ္မ်ိဳးၾကား"
စကားေတာင္မဆုံးေသးဘဲ အေနာက္ကိုလွည့္ထြက္သြားတဲ့ အရွင့္သားေၾကာင့္ ေျပာမဲ့စကားေတြ ပါးစပ္ေလးဟေန႐ုံသာ ရဲမက္တစ္ေယာက္ က်န္ခဲ့ေလရွာသည္။
ေနာက္တစ္ေခါက္ ဝမ္ရိေပၚ အခ်ဳပ္ခန္းထဲသို႔ ေျခခ်ရျပန္သည္။
"ရိေပၚညီေတာ္ က်န႔္ကို ကယ္ေပးပါ"
သံတိုင္ကို လက္နဲ႕ရိုက္ၿပီး ေအာ္ေျပာေနသည့္ ဝမ္ဟန္ကို ဝမ္ရိေပၚ ဂ႐ုမစိုက္။အထဲမွာ ေခြေခြေလးပုံလဲေနသည့္ သူဆီကိုသာ ရွိသမွ်အာ႐ုံေတြ ေရာက္ရွိလို႔ေနသည္။
ကိုယ္ရံေတာ္က်ိရန္က ေရွာင္းက်န႔္ကို ေပြ႕ ခ်ီၿပီး အခ်ဳပ္ခန္းထဲမွထြက္ကာ အရွင့္သားေရွ႕မွာ မတ္တပ္ရပ္သည္။
"ဘယ္ေခၚသြားရပါမလဲ အရွင့္သား"
"ငါ့အေဆာင္ကို
ခနေနဦး!!"
အရွင့္သားေခၚသံေၾကာင့္ က်ိရန္သြားမဲ့ေျခလွမ္းေတြ ရပ္တန႔္လိုက္သည္။
"သမားေတာ္ကို သြားေခၚလိုက္
သူ႕ ကို ငါ့ကိုေပး က်ိရန္"
အရွင့္သားစကားေၾကာင့္ က်ိရန္ခဏတာ အံၾသသြားေသာ္လည္း သူ႕ လက္ထဲကကိုယ္ေလးကို အလွ်င္အျမန္ဆြဲယူသြားတာေၾကာင့္ သတိအျမန္ျပန္ကပ္သြားသည္။
"အမိန႔္အတိုင္းပါ အရွင့္သား"
ဝမ္ရိေပၚ ေရွာင္းက်န႔္ကို အေဆာင္သို႔ ေပြ႕ ခ်ီလာၿပီး ၾကမ္းျပင္ေပၚမွာ မခ်ခ်င္တာေၾကာင့္ သူ႕ အိပ္ယာေပၚသို႔သာ ခ်လိဳက္သည္။
မ်ားမၾကာမီမွာပဲ သမားေတာ္နဲ႕က်ိရန္တို႔ ေရာက္ရွိလာသည္။
"မစိုးရိမ္ရပါဘူး အရွင့္သား။
မေန႕ကတည္းက အစာမစားရေသးလို႔ အားနည္းၿပီး မူးလဲက်သြားတာပါ။မၾကာခင္ သတိရလာပါလိမ့္မယ္။အားရွိေစမယ့္အစာေလး ျပန္ေကြၽးရင္ ခ်က္ခ်င္းေကာင္းမွာပါ အရွင့္သား"
"ေကာင္းၿပီ"
"ကြၽန္ေတာ္မ်ိဳးကို ခြင့္ျပဳေတာ္မူပါဦး အရွင့္သား"
"က်ိရန္သမားေတာ္ကို ပို႔ေဆာင္ေပးလိုက္ပါ"
"အမိန႔္အတိုင္းပါ အရွင့္သား"
သလြန္ေပၚက လူကို တစ္ခ်က္ၾကည့္ၿပီး စားပြဲခုံအပုေလးရွိရာသို႔သြားကာ ေက်ာေပးၿပီး ထိုင္လိုက္သည္။ခဏတာအတြင္း ဘာမွမျဖစ္ခဲ့သလို သူ႕ ရဲ႕စိတ္ေတြ အသိမကပ္ခဲ့။ရဲမက္ဆီက က်န႔္ဆိုတဲ့ အသံၾကားသြားကတည္းကပင္။
ဘာျဖစ္လို႔မ်ား သူ႕ ကိုေခြးတစ္ေကာင္လို တန္ဖိုးမရွိစြာ ဆက္ဆံခဲ့တဲ့သူကို ဒီေလာက္ထိ စိုးရိမ္ခဲ့ရတာလဲ။သူ႕ ႏွလုံးသားက အမွတ္မရွိတာလား။
လက္သီးကို တင္းတင္းဆုပ္ၿပီး အသက္ကိုဝဝရႉလိုက္သည္။ ဝမ္ရိေပၚ မင္းအခုတေလာ စိတ္ေတြေပ်ာ့ညံလာသလိုပဲ။ပုံစံတူအျဖစ္မ်ိဳး ထပ္ျဖစ္ခ်င္ေနတယ္ေပါ့။တစ္ဘဝပဲေလေတာ္ၿပီေပါ့။မိုးနတ္မင္းက ဒီဘဝကို မင္းအမွားေတြျပင္ဆင္ဖို႔အတြက္ ဖန္ဆင္းေပးထားတာေလ။ဒါေတာင္ မင္းက မေျပာင္းမလဲ ျဖစ္ခ်င္ေနတာလား။
ေနာက္ဆီက သက္ျပင္းခ်သံေသးေသးေလးေၾကာင့္ အေတြးေတြကို ရပ္တန႔္ပစ္လိုက္သည္။
"အခု သက္သာၿပီဆိုေတာ့ အခ်ဳပ္ခန္းထဲ ျပန္သြားရမယ္"
ေမာ့ၾကည့္လာတဲ့ အၾကည့္ေတြကို ေရွာင္ဖယ္ၿပီး စကားကို ခပ္မွန္မွန္ပဲ ေျပာလိုက္သည္။
"ကြၽန္ေတာ္မ်ိဳး တစ္ခုေလာက္ေတာင္းဆိုလို႔ရမလား အရွင့္သား"
""
အရွင့္သားက ဘာမွျပန္မေျပာလာေပမဲ့ ေရွာင္းက်န႔္သူ႕ စကားကို ဆက္ေျပာလိုက္သည္။
"ေနာက္ဆို ဒီလိုမ်ိဳး ေလွ်ာက္မသြားေတာ့ပါဘူး။
အရွင့္သားေဘးမွာေနၿပီး အရွင့္သားေနာက္ကိုပဲ သြားေလရာ လိုက္ပါရေစ။ကြၽန္ေတာ္မ်ိဳးကို ခြင့္ျပဳေတာ္မူေပးပါ အရွင့္သား"
"အခ်ဳပ္သုံးရက္က်ၿပီးရင္လား"
"မွန္လွပါအရွင့္သား"
"စဥ္းစားေပးမယ္"
ဒီတစ္ခါမွာေတာ့ ေရွာင္းက်န႔္မ်က္ဝန္းေတြနဲ႕ ဝမ္ရိေပၚ ဆုံေတြ႕ သြားသည္။ဝမ္းသာေပ်ာ္႐ႊင္ၿပီး လိုခ်င္တဲ့အရာ ရလိုက္သမ်ိဳး။အဲ့မ်က္ဝန္းေၾကာင့္ပဲ သူ႕ ႏွလုံးသားက တသိမ့္သိမ့္ျဖစ္လာျပန္သည္။
"က်ိရန္"
"ရွိပါတယ္ အရွင့္သား"
"ေရွာင္းက်န႔္ကို ျပန္ပို႔လိုက္"
"ဟုတ္ကဲ့ပါ အရွင့္သား"
ေက်ာျပင္ေသးေသးေလးကို ေနာက္ကေနၾကည့္ကာ သက္ျပင္းခ်မိျပန္သည္။
ငါက ေရွာင္ဖယ္ေလ မင္းက တိုးေဝွ႕ေလပါလား ေရွာင္းက်န႔္။ အခုကစၿပီး ကံစီမံရာအတိုင္းသြားမယ့္ဆိုရင္ေရာအဆုံးသတ္မွာက အတိတ္ဘဝနဲ႕ထပ္တူက်မွာလား။ဒါမွမဟုတ္ ကြဲျပားမွာလား။မေတြးတတ္ေတာ့ဘူး ေရွာင္းက်န႔္ရယ္။
*********************
"အရွင့္သားအရွင့္သား မယ္မယ္ႏွင့္ မိဖုရားေလာင္း ေရာက္ရွိလာေၾကာင္းပါ"
ဝမ္ရိေပၚေတြးေနေသာ အတိတ္ဘဝအေၾကာင္းကို ရပ္ၿပီး အေဆာင္ေရွ႕ကို ထြက္လာလိုက္သည္။မယ္မယ္က သူ႕ ကိုေတြ႕ ေတြ႕ ခ်င္းအနားသို႔ ျမန္ျမန္ေရာက္လာသည္။
"သားေတာ္ရိေပၚရွင္းယန္ေလးလာလာ"
ရွင္းယန္ႏွင့္အၾကည့္ခ်င္းစုံသြားသည့္တခဏ ရွင္းယန္က ရွက္႐ြံစြာ ေခါင္းကိုငုံ႕သြားသည္။
"သားေတာ္တို႔ စကားေသခ်ာေျပာၾကဦး
ရင္းရင္းႏွီးႏွီးေဖာ္ေဖာ္ေ႐ြေ႐ြေနၾကေနာ္ မယ္မယ္သြားၿပီ"
ခပ္ၿပဳံးၿပဳံးနဲ႕ မယ္မယ္က ဝမ္ရိေပၚကို မ်က္စိမွိတ္ျပသြားေသးသည္။
"အဟမ္းရွင္းယန္ အထဲကို လာေလ"
ရွင္းယန္က ခပ္လွလွေလးၿပဳံးကာ ေခါင္းၿငိမ့္သည္။
ဒီမိန္းကေလးကလည္း ဟိုဘဝတုန္းက သူ႕ အတြက္ေၾကာင့္အသက္ဆုံးရႈံးသြားတာပဲ။မိဖုရားထဲမွ သူ႕ ကိုဂ႐ုစိုက္ဆုံးနဲ႕ သူ႕ စိတ္ကို အသိဆုံးေသာသူ။ဒါေပမဲ့ သူ႕ ရင္ထဲမွာ ေရွာင္းက်န႔္ကလြဲၿပီး ဘယ္သူ႕ မွထည့္မရခဲ့ဘူး။ေတာင္းပန္ပါတယ္ ရွင္းယန္။
"ေအးေအးေဆးေဆးေနပါအဆင္မေျပတာရွိရင္ ကိုယ့္ေတာ့္ကိုေျပာလို႔ရပါတယ္"
"ဟုတ္ကဲ့ပါ အရွင့္သား"
"အခု ခရီးပင္ပန္းေနမွာပဲ။အနားယူေတာ့ေလ"
"ဒါဆို ရွင္းယန္ျပန္ပါေတာ့မယ္ အရွင့္သား"
"ေကာင္းပါၿပီ"
********
"ေရွာင္းက်န႔္ ျပန္ေရာက္လာၿပီလား က်ိရန္"
"မနက္ကပဲ ျပန္လြတ္လာပါၿပီ အရွင့္သား"
"အဲ့ထဲမွာ အစာေကာင္းေကာင္းစားရဲ႕လား"
"အမ်ားႀကီးေတာ့ မစားေပမဲ့ စားသင့္သေလာက္ေတာ့ စားပါတယ္ အရွင့္သား"
က်ိရန္က ႀကိတ္ရယ္မိ၏။အရွင့္သားက တကယ္ပဲ ေရွာင္းက်န႔္ဆိုတဲ့ေကာင္ေလးကို သေဘာက်ေနတာပဲ။ေရွ႕က်ရင္ ေဒါသႀကီးသလိုလိုနဲ႕ ေနာက္ကြယ္မွာ အရမ္းကို ဂ႐ုစိုက္ေနတာ။
"သူ႕ ကို ဒီကိုလႊတ္လိုက္"
"ကြၽန္ေတာ္မ်ိဳးသြားေခၚလိုက္ပါ့မယ္ အရွင့္သား"
ဓားေရးကြင္းမွာ ေခြၽးသံတ႐ႊဲ႐ႊဲနဲ႕ အရွင့္သားက ေရွာင္းက်န႔္ကို ဘာအတြက္ေခၚမွန္းမသိ။က်ိရန္ကေတာ့ တာဝန္ေက်ပြန္စြာနဲ႕ပဲ အရွင့္သားေရွ႕ကို ေရွာင္းက်န႔္အားေခၚခဲ့လိုကိသည္။
"ေရွာင္းက်န႔္ေရာက္ပါၿပီ အရွင့္သား"
အရွင့္သားက ကြၽန္ေတာ္တို႔ဘက္ကို တစ္ခ်က္လွည့္ၾကည့္ၿပီး ဓားကို လက္နဲ႕သပ္သည္။
က်ိရန္ အလိုက္သိစြာပဲ ခပ္လွမ္းလွမ္းတစ္ေနရာသို႔ ေလွ်ာက္သြားလိုက္သည္။အရွင့္သားတို႔ လြတ္လြတ္လပ္လပ္စကားေျပာပါေစ။
ဝမ္ရိေပၚက ေရွာင္းက်န႔္နားေရာက္လာၿပီး ဓားအား ေရွာင္းက်န႔္လည္ပင္းေပၚ တင္လိုက္သည္။
"ေရွာင္းက်န႔္!!"
ခပ္ဆတ္ဆတ္တုန္ေနသည့္ ႏႈတ္ခမ္းေလးကို ခပ္တိုးတိုးအသံေလး ထြက္လာသည္။
"နားေထာင္ေနပါတယ္ အရွင့္သား"
"ငါ့ကို လက္စားေခ်ခ်င္လား"
႐ုတ္တရက္ေမးလိုက္လို႔ ထင္သည္။ေရွာင္းက်န႔္က ဝမ္ရိေပၚကို အံၾသစြာနဲ႕ပဲ ျပန္ၾကည့္ေနသည္။
"ဘာအတြက္ေၾကာင့္မ်ား ကြၽန္ေတာ္က အရွင့္သားကို လက္စားေခ်ရမွာပါလဲ"
တမင္သက္သက္ မသိခ်င္ေယာင္ ေဆာင္ေနတာလား။ ဒါမွမဟုတ္ တကယ္မ်ား မသိေတာ့တာလား။
ဟန္ေဆာင္ေနတာလား ေရွာင္းက်န႔္။
"စစ္သူႀကီးေရွာင္းက မင္းအေဖမလား"
"ဟုတ္ဟုတ္ပါတယ္ အရွင့္သား"
"ဒါ့ေၾကာင့္ ေမးေနတာေလမိသားစုအတြက္ ကလဲ့စားေတြေခ်ခ်င္ေနလားလို႔"
ေရွာင္းက်န႔္ရဲ႕ မ်က္ဝန္းေတြမွာ မ်က္ရည္ေတြ စို႔လာသည္။ ထိုအရာကိုျမင္တဲ့ ဝမ္ရိေပၚသည္လည္း ရင္ဘတ္ထဲမွာ တစ္စုံတစ္ခု ျပည့္ၾကပ္လို႔လာသည္။
မိသားစုကို သတိရသြားလို႔လားဒါမွမဟုတ္ ငါ့ကို တအား မုန္းေနလို႔လား။
"ကြၽန္ေတာ့္ခမည္းေတာ္လုပ္ရပ္ေၾကာင့္ ကြၽန္ေတာ္တို႔ မိသားစုခံရတာ ကြၽန္ေတာ္ နားလည္သေဘာေပါက္ပါတယ္အရွင့္သား။ဒီလိုမ်ိဳး ပစ္ဒဏ္ခ်လိဳ႕ မင္းႀကီးကို မနာက်ည္းသလို အရွင့္သားတို႔အေပၚကိုလည္း ကလဲ့စားေခ်ခ်င္စိတ္ နည္းနည္းေလးေတာင္ မရွိပါဘူး အရွင့္သား။ကြၽန္ေတာ္မ်ိဳးရဲ႕ ဘဝကံၾကမၼာက ဒီလိုျဖစ္ဖို႔ပါလာတာ ကြၽန္ေတာ့္ဇာတာပါပဲအခုဘဝကို မႏွစ္ၿမိဳတာမ်ိဳးမျဖစ္သလို ဒီ့ထက္ပိုေကာင္းတဲ့ဘဝကိုလည္း ေလာဘမတတ္ပါဘူး အရွင့္သား"
ျဖည္းျဖည္းခ်င္းသာ ေျပာသြားသည့္ ေရွာင္းက်န႔္ကို ဝမ္ရိေပၚ အံ့ၾသမွင္သက္စြာနဲ႕ပဲ စိုက္ၾကည့္ေနမိသည္။ေျပာေနသည့္စကားမ်ားကိုၾကည့္လွ်င္ ဟိုဘဝက ေရွာင္းက်န႔္နဲ႕ပင္ သိပ္မတူေတာ့သလို။
လည္ပင္းေပၚကဓားကို ျပန္႐ုတ္သိမ္းလိုက္ၿပီး အရဲတင့္စြာေမာ့ၾကည့္ေနသည့္ ညို႔ မွိုင္းမွိုင္း မ်က္ဝန္းေတြကို ထပ္မံၿပီး စိုက္ၾကည့္လိုက္သည္။
"အခုေျပာခဲ့တဲ့စကားေတြက တမင္လိမ္ညာေျပာေနတာမလား ေရွာင္းက်န႔္!"
ဝမ္ရိေပၚစကားေၾကာင့္ ေရွာင္းက်န႔္မ်က္ဝန္းထဲ နားမလည္သည့္ အရိပ္အေယာင္မ်ားျဖတ္ေျပးသြားရသည္။
"ဘယ္လိုမ်ိဳးေၾကာင့္ ကြၽန္ေတာ္လိမ္ညာတယ္လို႔ ထင္ေနရတာပါလဲ အရွင့္သား"
"မင္းကို မယုံလို႔ေပါ့"
ေရွာင္းက်န႔္က ဝမ္ရိေပၚလက္ထဲက ဓားကိုဆြဲယူၿပီး လက္ေကာက္ဝတ္ကို လွီးခ်လိဳက္သည္။႐ုတ္တရက္မို႔ ဝမ္ရိေပၚလည္း မတားလိုက္နိုင္။
"ေရွာင္းက်န႔္!!"
"ဒါဆို ကြၽန္ေတာ္ေျပာတာ ယုံေပးမယ္မလား အရွင့္သား
ကြၽန္ေတာ္ေျပာခဲ့သမွ်ဟာ အရွင့္သားကို လိမ္ညာျခင္းတစ္ခုမွ မပါပါဘူး။"
"ယုံတယ္ ယုံတယ္
ငါ ယုံတာမို႔ ဒီ့ထက္ထိခိုက္ေအာင္ မလုပ္ပါနဲ႕ေတာ့!"
"ဒါဆို ကြၽန္ေတာ့္ကို အရွင့္သားအနားမွာ အၿမဲထားေပးပါ"
ဝမ္ရိေပၚ ခဏတာစဥ္းစားၿပီး ေခါင္းၿငိမ့္ျပလိုက္သည္။
"အင္းေကာင္းၿပီ။
ဓားကို ျပန္ေပး"
ဓားျပန္ရရခ်င္း ေဘးခ်ကာ ဝတ္႐ုံစကို ဆြဲၿဖဲၿပီး ေသြးထြက္ေနသည့္ ေရွာင္းက်န႔္ရဲ႕လက္ေကာက္ဝတ္ကို စည္းေပးလိုက္သည္။
ဒီေန႕ေျပာခဲ့တာေတြသာ အမွန္ဆို ငါ မင္းကို ထပ္ခ်စ္မိေတာ့မယ္ထင္တယ္ ေရွာင္းက်န႔္ဟု စိတ္ထဲ၌ ေရ႐ြတ္ကာ အရည္လဲ့ေနသည့္ မ်က္ဝန္းေတြအား ဝမ္ရိေပၚ စိုက္ၾကည့္လိုက္သည္။
ဒီဘဝမွာေတာ့ မနာက်င္ဘူး အသက္ရယ္...။
**************************************
Advertisement
- In Serial46 Chapters
Kisses For A Devil
*Highest ranking /7/ in romance* /1/ in humor*"Ms. Sanders?" He said in his deep and sexy voice after scrutinising me from head to toe.''Sir.''I gulped loudly before I said, ''I'd like to give you a blow job." ********Jane Sanders is a personal assistant of a playboy billionaire Leonardo Vincenzo. He hardly noticed her as a person. For him, she is a Robot who follows his commands and does everything from managing the meeting schedules to get rid of his regular one night stands without even complaining. They are the opposites of each other and the thing with being opposites is that when they get too close it's hard to resist. Circumstances make them realize that they both need each other whether it's professionally or emotionally. One challenge, two overdramatic families and a myriad of aww spawning kisses is enough to cast a spell of love.
8 179 - In Serial44 Chapters
The Bet (Lesbian Story)
Katherine Hills had it all, she was extremely beautiful but yet intelligent and ambitious. She had money and amazing parents who would do anything for her. She was the most popular girl in school and hanged out with the cool kids, and not to mention she was the most desired girl in school. But even though she had it all she was never satisfied and was as selfish as you can get. Not caring for anything or anyone.Amy Addams was a shy and delicate girl. She had a rough life, her mother died when she was young and her father was a drunken stoner low life. She didn't have any friends as a "loner" and the weird "genius" that aced all tests being constantly bullied in school. But still she tried her best to succeed in life. She barely had any money but yet went to the best private school in town on a scholarship, although no one really accepted her. So what happens when in a drunken state a group of Katherine's friends make a bet that will bring the paths of these two girls to cross?
8 125 - In Serial51 Chapters
CURSE OF LOVE
[ Completed ]Hunter PearcePria tampan dengan sifat arogan dan sombong itu harus dihadapkan dengan sebuah kutukan dari seorang wanita yang ia tolak melamar kerja di perusahaannya dengan alasan wajahnya yang kurang menarik.Ia harus mencari seseorang yang benar benar tulus mencintainya untuk mengangkat kutukan itu. Wajah tampannya kini berubah menjadi buruk rupa,kekasihnya pun pergi meninggalkannya.Sampai suatu hari ia menerima seorang wanita muda yang mau bekerja sebagai asisten pribadinya,membuatnya merasa nyaman dan membuatnya tidak merasa buruk rupa ketika bersama wanita itu."Choose the ones who look at you,like they just realized you exist." ucap tiba tiba wanita disampingnya ini yang sedang menatap lurus kearah danau,sontak membuat Hunter menoleh dan menatapnya penuh intens.
8 554 - In Serial64 Chapters
Fate Mate
Only days after her eighteenth birthday, Charlotte finally joins her pack in attending the Winter Solstice, a gathering of the four Western packs in the United States. Even though she is a Beta's daughter, Charlotte plans on keeping her head down at the party, a task that proves more difficult when she runs into the notorious Alpha of the Black Lupis Pack. Alpha Nolan has still not recovered from the tragic, mysterious loss of his first mate. So when he bumps into a young girl from a rival pack and feels the familiar fire reignite in his core, he thinks Fate is playing a cruel joke on him. Intent on keeping Charlotte out of harm's way, Alpha Nolan decides to push his young mate away. But Charlotte, and her dormant wolf, are determined to teach the broken Alpha how to love again.******NOT YET EDITED****Top Rankings: #1 in Werewolf (3/08/2022)
8 260 - In Serial65 Chapters
Angel Academy
For years angel academy has taught students of all races and ability's, angels, werewolves, vampires, dragon riders, you name it. The school was created for a purpose, to help students reach their full potential and rise against the demons that vow to destroy the world as we know it.But one girl changes everything.Nobody has seen her powerful kind for thousands of years. Her power could bring about the victory or downfall of every supernatural aspect. To everyone around her she is just an ordinary werewolf with and unordinary appearance but in reality she is much more.She is a Mythica. She always knew she was different. She was told to keep her powers hidden, that people would fear her for who she is. But now. Everything is going to change. -----------------------------There WILL be dragons !!-----------------------------***There may be some colorful language and violence. All rights reserved, this is my own work so please DO NOT copy anything without asking permission. Original images may be subject to copyright***HIGHEST RANK : #1 in fantasy#1 in dragons
8 124 - In Serial10 Chapters
Coming together (Dramione)
Hermione and Draco find each other in the muggle world after Hermione heard some bad news, she only has very little time to live. Can Draco help her with everything in her bucket list and save her?
8 136

