《After Agonising ,Will You Love Again? [ Completed ]》CHAPTER - [ 9 ]
Advertisement
Unicode
တဖြည်းဖြည်း အရှင့်သားမျက်နှာက မိမိမျက်နှာအနားကို ကပ်လာတာကြောင့် ရှောင်းကျန့် ယောင်ရမ်းစွာပဲ မျက်စိမှိတ်ထားမိသည်။
သူ့ ရဲ့ ပါးတစ်ဝိုက်မှာ ခပ်နွေးနွေးလေက ရိုက်ခတ်လာပြီး သူ့ ရင်တုန်စွာနဲ့ပဲ စောင့်မျှော်နေမိသည်။သူ့ နှလုံးသားကလည်း အပြင်သို့ ပေါက်ထွက်မတက်ခုန်နေပြီး လက်ဖျားများပင် အေးစက်လာသည်။
ရုတ်တရက်ပင် သန်မာသော လက်တစ်စုံဖြင့် နောက်သို့ အတွန်းခံလိုက်ရသည်။ကျောက်တုံးပေါ် ကျသွားသော အနေအထားကြောင့် တင်ပါးက အောင့်တက်သွားသည်။
နာသွားသောနေရာကို လက်တစ်ဖက်ဖြင့်ဖိပြီး အားယူကာ မတ်တပ်ပြန်ရပ်လိုက်သည်။ခေါင်းကို အနည်းငယ်မော့ကာကြည့်မိတော့ ခပ်ဆိုးဆိုးပြုံးနေသော အရှင့်သားကို တွေ့ ရသည်။
"မင်းလို ငါ့အခိုင်းအစေက ငါ့အကြင်နာကို တောင့်တနေတယ်ပေါ့။ယောကျာ်းလေးတစ်ယောက်ဖြစ်ပြီး မရှက်ဘူးလား ဒီလိုပုံစံဖြစ်နေတာရှောင်းကျန့်"
ရင့်သီးသော အရှင့်သားစကားကြောင့် နှလုံးသားကို ဖျစ်ညှစ်ထားသလို ရှောင်းကျန့်ခံစားရသည်။ဒါပေမဲ့ အရှင့်သားပြောသော စကားများသည် မှန်ကန်သည်။သူသည်သာ ကိုယ့်အဆင့်ကိုယ်မသိ ကိုယ့်သဘာဝကို ကိုယ်မသိဖြစ်နေတာ။
"ကျွန်တော်မျိုးရှောင်းကျန့် အမှားပြုမိပါတယ် အရှင့်သား…"
အရှင့်သားက လျှင်လျှင်မြန်မြန်ပင် အနားသို့ ထပ်ရောက်လာပြီး ပုခုံးနှစ်ဖက်ကို ကျိုးကြေသွားမတက် ဖိကိုင်သည်။
"မင်း ငါ့ကို ချစ်နေတာလား…"
အရှင့်သား အမေးကြောင့် ရှောင်းကျန့် ချက်ချင်းပင် ပြန်မဖြေနိုင်သေး။ဒီအတိုင်းပင် အရှင့်သားရဲ့ အနီးကပ်ချောမှု့ ကိုသာ ငေးကြည့်နေမိသည်။
"တကယ်လို့ ချစ်နေခဲ့မယ်ဆိုရင် အခု ဒီနေရာ ဒီအချိန်မှာပဲ ရပ်တန့်လိုက်တော့ ရှောင်းကျန့်!
ငါ မင်းကို ထပ်မချစ်ချင်ဘူး။ငါ ထပ်ပြီး မနာကျင်ချင်တော့ဘူး…"
အရှင့်သားက မျက်တောင်တစ်ချက်ခတ်ပြီး လှည့်ထွက်သွားသည်။အနောက်မှာ ကျန့်ခဲ့သည့် ရှောင်းကျန့်သည်လည်း အသံမထွက်ပေမဲ့ ပါးနှစ်ဖက်ပေါ်ကျနေသည့် မျက်ရည်စီးကြောင်းများသည် အဆက်မပြတ်စွာ ဖြစ်နေတော့သည်။
ဘာလို့ ဒီလောက်တောင်များ သူ ဝမ်းနည်းနေရတာလဲ။
-------------------
အရှင့်သား ဝမ်ရိပေါ် ငိုနေသည်။နိုင်ငံတစ်နိုင်ရဲ့ အိမ်ရှေ့စံမင်းသားက နှလုံးသားရေရာကိစ္စကြောင့် ရင်ဘတ်ထဲက တင်းကြပ်စွာ ခံစားရပြီး ငိုနေမိသည်။
ဘာမှကို သတိမရတော့တဲ့အထိ ရှောင်းကျန့်ကို နမ်းချင်လာသည်။သို့ပေသိ အနားကို ကပ်သွားကာ သွေးကြောစိမ်းလေးတွေ ပေါ်နေသည့်ပါးပြင်လေးဆီ နီးကပ်သွားရင်း နီဖူးဖူး နှုတ်ခမ်းလေးဆီ တိုးသွားတိုင်း အတိတ်ဘဝက အရာတွေ ပြန်မြင်ယောင်လာသည်။
ဟိုးဘဝတုန်းက ဒီနှုတ်ခမ်းကို သူ ထိတောင်မထိတွေ့ ခဲ့ဖူး။ဒါပေမဲ့ အခြားသောတစ်ယောက်သောသူကတော့ နက်နက်ရှိုင်းရှိုင်းထိ ခံစားဖူးခဲ့သည်။သူ အဲ့တစ်ယောက်ကို ကျရှုံးခဲ့သည်။
ဒူးထောက်ကာ အရှုံးပေးနေသည့် သူ့ ကို ခပ်မဲ့မဲ့ပြုကာ တံတွေးဖြင့် ထွေးခဲ့ဖူးသော ထိုနှုတ်ခမ်း။အခုသာ နမ်းလိုက်မယ်ဆို သူ ရူးရာကျမိတော့မှာ။
သူ ထပ်ပြီးကျရှုံးတော့မှာ။
ဒီဘဝမှာတော့ သူ ကျရှုံးလို့ မရဘူး။လက်အားပြင်းပြင်းဖြင့် အနောက်သို့ တွန်းထုတ်လိုက်သည်။
ကျောက်တုံးပေါ်ကျသွားသည့် ကိုယ်လေးကို သူ လှမ်းဖမ်းချင်ပါသည်။ဒါပေမဲ့ သူ့ ရဲ့မာနက မလုပ်ဖို့ တားဆီးခဲ့သည်။
အတွန်းခံရတာတောင် သူ့ ကို ဘာမှပြန်မပြောဘဲ ကြည့်နေကျ ခပ်နွမ်းနွမ်းမျက်ဝန်းတွေကို အလိုမကျတာကြောင့် အနီးသို့သွားပြီး ပုခုံးနှစ်ဖက်ကို ဆုပ်ကိုင်လိုက်သည်။
မရည်ရွယ်ထားသော စကားလုံးတစ်ချို့ က သူ့ ရဲ့နှုတ်တော်မှ ထွက်ကျလာသည်။သူပြောလိုက်တဲ့ စကားတိုင်း နာကျင်ဟန်မပြသည့် အရှေ့ကလူသားကိုလည်း ဒေါသထွက်လာသည်။
ရင်ဘတ်ထဲက ရင့်သီးစွာ ထွက်လာသော စကားတစ်ချို့ ကို ပြောပြီး ပြေးထွက်လာမိသည်။သူ ရှောင်းကျန့်နဲ့ ဝေးရာမှာ နေရမယ်။သူ ထပ်ပြီး မနာကျင်ရအောင် ရှောင်းကျန့်နဲ့ အဝေးဆုံးမှာ သူ နေရမယ်။
ကိုယ်ရံတော်တစ်ချို့ ပြင်ပေးထားသည့်နေရာမှာပဲ လဲလျောင်းပြီး မျက်လုံးကို မှိတ်လိုက်သည်။သူ ခဏတော့ အနားယူဦးမယ်။နိုးလာတဲ့အခါ ရင်ဘတ်ထဲက နာကျင်မှုတွေ ပျောက်သွားရင် ကောင်းမှာပဲလို့ သူ ယုတ္တိမရှိစွာပဲ စိတ်ကူးယဉ်မိပါသည်။
---------------------
တစ်ခဏတာ အိပ်ပျော်သွားခဲ့ပြီး ပြန်နိုးလာတော့ ခပ်လှမ်းလှမ်းမှာထိုင်နေသောရှောင်းကျန့်ကို တွေ့ သည်။မို့အစ်နေသော မျက်ခွံများက ငိုထားသည်မှာ သိသာထင်ရှားသည်။
"အရှင့်သား"
"အင်း"
"အရှင့်သားအတွက် ရှောင်းကျန့်က သစ်သီးများ ခူးထားပါတယ်။အရှင့်သား သုံးဆောင်တော်မူပါဦး"
"အင်း ချထားလိုက်"
သစ်သီးများကို ခူးလာသော ကာယံကံရှင်ကိုယ်တိုင်ကတော့ နေရာမှာပဲ မလှုပ်မရှက်ထိုင်နေကာ ခေါင်းကိုသာငုံ့ထားသည်။
သူလည်း ဘာမှထွေထွေထူးထူးတွေးမနေတော့ဘဲ ရှေ့ကသစ်သီးအနည်းငယ်ကို စားကာ ခရီးအတွက် ပြင်ဆင်လိုက်သည်။ကျိရန်က အခုထိ သတင်းပေးမလာသေး။နည်းနည်းတော့ စိတ်ထဲ လေးပင့်နေသည်။
"သွားကြရအောင်"
"အမိန့်အတိုင်းပါ အရှင့်သား"
အခုချိန်ထိ ရှောင်းကျန့်က အလာတုန်းကလို အနားလည်း ကပ်မလာတော့သလို သူ့ ကိုတစ်ချက်မှလည်း ကြည့်မလာပါ။ ထိုသို့ နေပြန်တော့လည်း ဝမ်ရိပေါ် စိတ်ထဲအလိုမကျ။
တကယ်ပဲ သူ့ စိတ်သူ နားမလည်နိုင်တော့ဘူး။
----------------------
သတင်းပေးတစ်ယောက်ကြောင့် ကျိရန်က တည်ခိုတည်းတစ်ခုမှာ စောင့်နေကြောင်း သိရသည်။ရုပ်ဖျက်ကာ ကျိရန်ရှိသောနေရာသို့ လျှင်မြန်စွာပင် ဦးတည်လိုက်သည်။
"ကျိရန်"
"အရှင့်သား"
"သတင်းရပြီလား"
"သူပုန်ခေါင်းဆောင်က ဒီမြို့ထဲမှာပဲ လှည့်ပတ်သွားနေသည်တဲ့။သန်းခေါင်ယံအချိန်မှ သူတို့လိုချင်တာကို လုယက်သည်လို့တော့ ဒေသခံတွေရှိမှ သိရပါတယ် အရှင့်သား။ သူပုန်ခေါင်းဆောင်က နေ့ခင်းဘက်မှာ နေရာကောင်းရှာဖွေနေတာဖြစ်ပြီး မျက်နှာဖုံးက အများအားဖြင့် အနက်ရောင်ဖြစ်တယ်လို့ သူတို့ပြောကြပါတယ် အရှင့်သား"
"အခုချိန်ထိ မင်းနဲ့သူ ထိပ်တိုက်မတွေ့ သေးဘူးလား"
Advertisement
"သတင်းပေးလို့ ကျွန်တော်မျိုးရောက်သွားတဲ့အချိန်တိုင်း ပျောက်ပျောက်သွားပြီး တစ်ခါမျှ ထိပ်တိုက်မတွေ့ သေးပါဘူး အရှင့်သား"
"ဒါဆို မင်းကို ဘယ်သူမှန်း သိနေတာပဲ…ငါ လာတယ်ဆိုတာလည်း သိချင်သိထားလိမ့်မယ်!"
"မှန်လှပါ အရှင့်သား…
ဒါဆို ကျွန်တော်မျိုးတို့ ဘယ်လိုဆက်လုပ်ကြမလဲ အရှင့်သား"
"သူတို့ထဲကို သူလျှိုတစ်ယောက်လွှတ်ရမယ်…
သူတို့လုံးဝမထင်ထားတဲ့ပုံမျိုး"
"ကျွန်တော်ရှောင်းကျန့် သွားပါ့မယ် အရှင့်သား"
ရှောင်းကျန့်က ဖြူဖြူသေးသေးမို့ လေ့ကျင့်ထားတဲ့ နန်းတော်က လူတွေနဲ့တော့ မတူ။သာမာန်အရပ်သား သခင်လေးတစ်ယောက်နဲ့ တူသည်။သို့ပေသိ ဒီလို အန္တရာယ်ရှိသော အလုပ်မျိုးကို ဝမ်ရိပေါ် မလွှတ်နိုင်ဘူး။တကယ်လို့ ရှောင်းကျန့်တစ်ခုခုဖြစ်ခဲ့ရင် အကိုတော်ဝမ်ဟန် စိတ်ပူလိမ့်မယ်။ဟုတ်တယ်…သူ လုံးဝ ရှောင်းကျန့်ကို မပူပန်ဘူး။အကိုတော် ပူပန်မှာစိုးလို့ ဟုတ်တယ်။
"မသွားရဘူး ရှောင်းကျန့်။
မင်းက ဒီလိုအတွေ့ အကြုံမျိုးလည်း ရှိတာမဟုတ်ဘူး။တကယ်လို့ တစ်ခုခုဖြစ်ခဲ့ရင် အကိုတော်က ငါ့ခေါင်းလာပုံလိမ့်မယ်"
"ကျွန်တော် တတ်နိုင်သလောက် ဆောင်ရွက်ပေးချင်လို့ပါ အရှင့်သား။ကျွန်တော်မျိုး တစ်ခုခုဖြစ်ခဲ့ရင်လည်း စိတ်ပူပန်မည့်သူ မရှိပါဘူး အရှင့်သား…ကျွန်တော်မျိုးကို ခွင့်ပြုပေးပါ"
"ရှောင်းကျန့်!!!"
"ရှောင်းကျန့်ဆို အဆင်ပြေနိုင်တယ် အရှင့်သား…"
ကျိရန်ကပင် ဝင်ပြောလာသည်မို့ ဝမ်ရိပေါ် အတော်ပင် စိတ်အိုက်လာလေပြီ။သူတို့တွေကပဲ တာဝန်အရမ်းသိတတ်နေတာလား သူကပဲ အကဲပိုပြီး စိုးရိမ်လွန်နေတာလား သူ မတွေးချင်တော့ဘူး။ကျိရန်ပြောစကားကြောင့်ပဲ ခေါင်းကို မငြိမ့်ချင် ငြိမ်ချင် ငြိမ့်ပြလိုက်သည်။
"ဒါဆို အရှင့်သားဆီက ခွင့်ပြုချက်ရပြီဆိုတော့ ရှောင်းကျန့် ကျွန်တော့်နောက်လိုက်ခဲ့ပါ"
"အလုပ်ကို သေချာလုပ်ဖို့ မှာချင်တယ်"
အရှင့်သား ဘယ်သူ့ ကို ဦးတည်ပြောမှန်း သိပေမယ့် ကြားက ကျိရန်ကပင် ပြန်လည်ဖြေကြားလိုက်သည်။
"စိတ်ချပါ အရှင့်သား။
ပြင်ဆင်စရာရှိတာပြင်ဆင်ပြီး ကျွန်တော်တို့ အမြန်ဆုံးပဲ ဆောင်ရွက်လိုက်ပါ့မယ် အရှင့်သား…"
အခန်းထဲက ထွက်ခွာသွားသော တစ်ယောက်သောသူကတော့ ဝမ်ရိပေါ်ကို မော့လို့ပင် မကြည့်လာသလို ဖြေစကားလည်း တစ်ခွန်းမှ ထွက်မလာခဲ့ပါ။
---------------------
ကျိရန်ပြင်ဆင်ပေးထားသည့်ပုံစံဖြင့် ရှောင်းကျန့်နေသားမကျ။ မျက်နှာကိုလည်း မိန်းကလေးသုံးပစ္စည်းများဖြင့် ခြယ်သပေးထားပြီး ခန္ဓာကိုယ်ကိုလည်း မိန်းကလေးအဝတ်အစားများဖြင့် ပြင်ဆင်ပေးထားသည်။
"ဒီပုံစံကြီးနဲ့သွားမှ ဖြစ်မှာလား ကျိရန်ကော"
ကျိရန်က ခေါင်းငြိမ့်ပြပြီး မိန်းကလေးတွေထက်တောင် လှပနေသည့် ရှောင်းကျန့်ကို ကြည့်ကာ ပြုံးမိသည်။ရှောင်းကျန့်က တော်တော့်ကိုချောတာ။ဒါ့ကြောင့်မို့လည်း အရှင့်သား သဘောကျနေတာ…ရှောင်းကျန့်ကို အရှင့်သားစွဲလန်းနေတာ မဖြစ်နိုင်စရာမရှိ…။
"ဒီနေရာရဲ့ နာမည်အကြီးဆုံး အလှဂေဟာမှာ ထိုလူတွေလာမယ်လို့ သတိရထားတယ်။ဘယ်အခန်းမှာ ရှိမလဲဆိုတာ ကောစုံစမ်းပေးမယ်။ပြီးရင် ရှောင်းကျန့်က အခန်းထဲဝင်ပြီး နည်းနည်းသရုပ်ဆောင်ပေးရမယ်။တကယ်လို့ အဲ့ထဲမှာ ခေါင်းဆောင်ပါလာခဲ့ရင် တစ်နည်းနည်းဖြင့် အခန်းပြင် ထွက်လာခဲ့။မပါလာခဲ့ရင် သူတို့အကြိုက်မြူစွယ်ပြီး သူတို့နောက်ကို လိုက်သွား။အရှင့်သားနဲ့ကောတို့လည်း အနောက်ကလိုက်လာမှာမို့ ဘာမှစိတ်မပူနဲ့။"
"ဟုတ်ကဲ့ ကော!"
ခေါင်းငုံ့သွားသည့် ရှောင်းကျန့်ကို ကျိရန်က ပုခုံးကိုကိုင်ကာ ပုတ်ပေးသည်။
"ဘာမှမဖြစ်ဘူး စိတ်ချ။
တစ်ခုခုဖြစ်ခဲ့ရင်တောင် အရှင့်သားက ရှောင်းကျန့်ကို ကျိန်းသေပေါက်ကယ်တင်မှာ…
ကောတို့ ဒီညအပြီးဖြတ်ရမယ်…အရှင့်သားက ခေါင်းဆောင်ကို အရှင်ဖမ်းပြီး နောင်လိုက်တွေကို နန်းတော်ခေါ်သွားမယ်လို့ မိန့်ထားတယ်"
"ဟုတ်ကဲ့ ကော…"
ညကလည်း အတော်မှောင်လာပြီ ဖြစ်သလို ရှောင်းကျန့်တို့ရောက်နေသည့် အလှဂေဟာတွင်လည်း မွှေးရနံ့ပေါင်းစုံဖြင့် မိန်းမလှလေးများ၏ ချိုအီအီအသံများသည်လည်း ခပ်ရွှင်ရွှင် ကြားနေရသည်။
ဝမ်ရိပေါ်တို့အဖွဲ့ သည်လည်း အရပ်ဝတ်များဝတ်ကာ ထိုနေရာသို့ ရောက်ရှိနေသည်။သုံးယောက်တစ်ဖွဲ့ ဆီ ခွဲထွက်လာတာကြောင့် ယခုအချိန်ထိ ရှောင်းကျန့်ကို ဝမ်ရိပေါ် မတွေ့ ရသေး။
အလှလေးတစ်ယောက် ပေးသော ယမကာတစ်ခွက်ကို ယူရင်း အရိပ်အခြေအနေကို စူးစမ်းလိုက်သည်။ထောင့်တစ်နေရာမှာ စကားရပ်ပြောနေသည့် ကျိရန်ကို မြင်ပြီး သူ့ ရှေ့က အပြာနုရောင် ဝတ်စုံလေးနှင့် မိန်းကလေးကို သူ သေချာကြည့်မိသည်။
ခေါင်းငုံ့ထားတာကြောင့် မျက်နှာကို မမြင်ရသော်လည်း
သေးသွယ်သော ကိုယ်လုံးလေးနှင့် ဖြူဖွေးသော အသားအရည်ကြောင့် လှပသော မိန်းကလေးတစ်ယောက် ဖြစ်မည်ဟု ယူဆရသည်။
နှုတ်ခမ်းအောက်က မှဲ့နက်လေးကို ရုတ်တရက် မြင်လိုက်ရသည်။မိန်းကလေးတစ်ယောက်မဟုတ်တဲ့ ရှောင်းကျန့်က ဘာလို့ ဒီလောက်တောင် လှနေရတာလဲ။
--------------------
မျက်နှာကို ပဝါစဖြင့် ဖုံးရင်း ကျိရန်ကောပြောသည့် အခန်းဆီသို့ ရှောင်းကျန့် ခေါင်းငုံ့ကာ သွားနေရင်း ချောင်တစ်နေရာမှ လူတစ်ယောက်က လှမ်းဆွဲလိုက်တာကြောင့် ထိုလူနောက်ပါသွားသည်။
"အင့်…"
ရုတ်တရက်အသံထွက်မိသွားတာကြောင့် အလျှင်အမြန် ပါးစပ်ပိတ်လိုက်ရသည်။တော်ကြာ အရှေ့ကဘယ်သူမှန်းမသိ။သူ့ ကို ယောကျာ်းလေးမှန်းသိသွားလို့ မဖြစ်။
ခေါင်းကိုသာ ငုံ့ကာ ထိုလက်ထဲက ရုန်းထွက်နေမိသည်။ သန်မာသောလက်တစ်စုံကြောင့် ဘယ်လိုနည်းနဲ့မှ ရုန်းလို့မရ။
"ရှောင်းကျန့်"
ရင်းနှီးနေသော ခပ်တိုးတိုးအသံကြောင့် ရုန်းတာရပ်သွားပြီး အရှေ့ကလူကို ဖြည်းဖြည်းချင်း မော့ကြည့်မိသည်။
"အရှင့်……"
"ရှူး…!"
အရှင့်သားက ရှောင်းကျန့်မျက်နှာက ပါဝါစကို ဖယ်ပြီး ပါးပြင်ကို လက်မဖြင့် ခပ်ဖွဖွ လာရောက်ပွတ်သပ်သည်။
"အရှင့်…"
"ရှူး…"
ဒီတစ်ခါမှာလည်း နှုတ်ခမ်းသို့ ထိကပ်လာသည့် လက်ညိုးကြောင့် ဆုံးအောင်မခေါ်လိုက်နိုင်။အရှင့်သားရဲ့မျက်ဝန်းတွေက ရှောင်းကျန့်ရဲ့ အရောင်ဖြင့်ဆိုးဆေးတင်ထားသော နှုတ်ခမ်းဖူးဖူးဆီသို့သာ ရောက်နေသည်။
"အရမ်းလှတယ်…ရှောင်းကျန့်!
ငါ နမ်းချင်တယ်…"
Advertisement
အပေါ်နှုတ်ခမ်းကို လာရောက်စုပ်ယူသော နှုတ်ခမ်းတစ်စုံ။နီးကပ်နေသော အနေအထားကြောင့် အရှင့်သားရဲ့ ပါးပေါ်က မွှေးညင်းလေးတွေကို မြင်ရသည်။
သူ့မျက်ဝန်းတွေပါပိတ်ချလိုက်ပြီးအရှင့်သားရဲ့အနမ်းတွေကိုတုံ့ပြန်လိုက်တယ်..။ပထမဆုံးအနမ်းတစ်ပွင့်မှာတင် အရှင့်သားကသူ့ကိုနက်ရှိုင်းစွာနဲ့ဘဲနမ်းရှိုက်လေ၏...။
ချစ်တယ် အရှင့်သား။ကျွန်တော်ရှောင်းကျန့်က အရှင့်သား ဝမ်ရိပေါ်ကို သိပ်ချစ်ပါတယ်။
****************************************
Zawgyi
-------------------
---------------------
"အရှင့်သား"
"အင်း"
"အင်း ချထားလိုက်"
"သွားကြရအောင်"
----------------------
"ကျိရန်"
"အရှင့်သား"
"သတင်းရပြီလား"
"မှန်လှပါ အရှင့်သား
"ရှောင်းကျန့်!!!"
"စိတ်ချပါ အရှင့်သား။
---------------------
"ဟုတ်ကဲ့ ကော!"
"ဘာမှမဖြစ်ဘူး စိတ်ချ။
"ဟုတ်ကဲ့ ကော"
--------------------
"အင့်"
"ရှောင်းကျန့်"
"အရှင့်"
"ရှူး!"
"အရှင့်"
"ရှူး"
ငါ နမ်းချင်တယ်"
Advertisement
- In Serial42 Chapters
Lily Bouquet - A Girls Love Anthology
Lily Bouquet is a collection of different short stories with a common theme: they're all stories about love between girls. The stories might vary in themes and genre, but they're all focused on the romantic relationship between two or more girls. While some stories might be a continuation of previous ones, this will be mentioned at the start, so any story can be read by itself.
8 121 - In Serial23 Chapters
The Doomed Duke's Healer
When her young brother's tragic accident awakens both horrifying visions of her older self and a near-miraculous healing power, Lianna Milliard, daughter of Count Milliard, finds out the hard way that her visions are not just fantasy. The devious Duke Brendwald seeks to make her his mistress and take over her family's county, but Lianna is desperate to try anything to change the horrible future she's seen for both herself and her family. But will trying to reach out to Brendwald's doomed rival really change her fate? Or could it lead to a path she never imagined?Follow this original novel as Lianna fights against fate, finds love where she never thought possible, and unravels a mystery to her world that she never knew could exist. This story has some scenes which may be graphic in nature. Content warnings will be given at the beginning of sections that have possibly graphic content. Read those sections at the reader's discretion. [Updates will return soon! (note posted 5/13/2022)]
8 118 - In Serial52 Chapters
Undeniable Attraction ✓
"And where the hell is the supposed assistant?" He angrily asked. "I'm here." A soft voice answered shyly. There was something about the voice that was oddly familiar. He was ready to fire the person until he turned around to find no one other than Shayan West, a woman he heavily despised. Her heart was pounding in her chest loudly as she stared at him, it was him, standing in front of her after five years. Everything was going great for Shayan until her new boss arrived. What happens when her new boss turns out to be no one other than Kel Adrios, the man who caused so much drama in her life. Would she continue working or quit? Will they overcome their misunderstanding and start a new or loose their love to revenge? After all it takes two to tango and the more you hate, the more you fall in love. Read to find out. You will experience a surge of emotions and your heart strings will be played like a guitar chord.Check out my blog belowhttps://niannilifestyleblog.wordpress.com/2020/07/29/how-to-deal-with-your-insecurities/
8 323 - In Serial77 Chapters
Bitter Sweet | ✔
He craved the sweetness of her touch, crazed in a frenzy for a woman too pure for his bitter life.* * * *Tasneem was a natural artist. She could create masterpieces with anything whether it be makeup, paints, or cooking. Her tuition bills are becoming too hard for her family to handle and their café isn't as popular as it was before. Until one day, the ruthless CEO of Tarkan Industries walks in and completely changes everything.Two personalities that constantly clash and a tragic past leave Tasneem more eager to unravel the mysteries behind the cold CEO. Perhaps, she might finally be the one to bring peace to his bitter soul with only the recipe of sweetness.(Book Two in the American Muslimah Trilogy, but can be read as a stand alone)•Cover by @IamSumayya•[Featured by Wattpad][Highest ranking: #1 in Spiritual]
8 132 - In Serial51 Chapters
Bonded By Destiny
'Calm down Tamara, I can explain. ' My extra alert ears collected the sound waves, sending them to the brain for interpretation. I couldn't believe it! He was asking me to calm down after saying such words. 'My mind can only picture you between her legs right now, and you want me to calm down? ' The flames continued growing just as the invisible force wrenched me near him. His wide eyes met with mine as I leaned in closer to him, tiptoeing on my feet to reach just below his ear. 'The remedy for fire is fire.' My arms were convulsively grasped yet again by the inexplicable force. I failed miserably to counter the forced actions as my hands tore my blouse in an instant. 'No! ' His shout was a second late because the flames died out as my hands embedded into the cloth, pulling it apart in ferocious strength.*********-Orphaned and living as the only witch in a pack of werewolves, Tamara is hated and ridiculed despite her kindness. When the Alpha of the pack, Alpha Ryker turns out to be her mate, everything changes. Their bond is fated and sealed, and so is Tamara's role in saving the pack. Their victory depends on a prophecy and one life must be lost for others to be saved. As the pack's antagonist rises to power, she must team up with her mate despite the storms, betrayal and secrets surrounding them. Will they withstand or with the storm destroy everything they have ever known?
8 232 - In Serial97 Chapters
A Broken Alpha Series 1 (BxB)
An alpha in a wheelchair, and a mate beaten and sexually abused. BxB Omegaverse. Very detailed sex scenes. Thaddeus is one of the strongest and most powerful alphas. He is both fearless and one of the most feared alpha's, no one dares to cross him.While helping a neighboring pack that was being attacked by rogues he was stabbed in the back with a silver knife dipped in wolfsbane. It left him unable to walk and confine to a wheelchair. Although no one can explain it his wolf side was completely unaffected and has full use of all four legs. His wolf is the largest and strongest wolf around. His strength is unmatched and he is ruthless to anyone who crosses him. While out of town one year at an alpha convention he met his mate. But his mate was angered and disgusted to find out that he was mated to a male and he was in a wheelchair. After taking his anger out on him he rejected him.Thaddeus was heartbroken. He always believed a mate was a gift from the moon goddess and to be loved and cherished. It was the other half of your soul made specially for you my the moon goddess so gender was irrelevant. Six years later he has not found his second chance mate and believed he wasn't going to get one. That no one would want him anyways the way he was.What happens when he finds his second Chance mate unconscious and severely beaten.*** This book is complete, 107 chapters. But only 21 chapters are available here. My book got signed by GoodNovel so I had to take down most of the chapters. The link to finish reading the rest of the book is at the end of chapter 21. ****** Also trigger warning ⚠️ this book contains bad language, abuse, sexual assault and smut. This is also a bxb/male on male book. *****Pictures below are not my pictures. They're what I've imagined the characters to look like.
8 218