《After Agonising ,Will You Love Again? [ Completed ]》CHAPTER - [ 11 ]
Advertisement
အရှင့်သားကို သူပုန်ကောင်လူတွေ ခေါ်သွားပြီးတာနဲ့ စုန့်လန်က ရှောင်းကျန့်ဆီသို့ ခြေလှမ်းလာသည်။ဒီတစ်ခါတော့ လက်ကို ကြိုးမချည်ထားတာကြောင့် လက်သီးဖြင့်ထိုးရန် ရှောင်းကျန့် ကြံရွယ်နေလိုက်သည်။
ဖြောင်း!
ရုတ်တရက် ဘယ်ဘက်ပါးက နာကျင်မှုနဲ့အတူ ရှောင်းကျန့် အနည်းငယ် အံ့သြသွားရသည်။
"ဟက်…အခုနကောင်က မင်းတို့ တစ်ဖွဲ့ တည်းကမလား…"
ရှောင်းကျန့် သူပုန်ကောင်ရဲ့ ဥာဏ်ပြေးမှု့ ကိုတော့ တကယ့်တကယ်ကို အံ့သြမိသွားသည်။ဒီလိုကောင်ကို ဖမ်းနိုင်ဖို့ အရှင့်သား တော်တော့်ကိုပင် ကြိုးစားရဦးမည်။
သူ မေးတာကို ဘာမှမပြောဘဲ အံကြိတ်ကာ အလှလေးက တင်းမာသောမျက်နှာဖြင့် ပြန်လည်မော့ကြည့်နေသည်။စုန့်လန်က သူရိုက်ခဲ့သော အလှလေး၏ ပါးပြင်လေးအား နမ်းရန်ပြုလိုက်သည်။လျှင်မြန်လွန်းသည့် အလှလေးကလည်း လက်ဖဝါးနုနုလေးနဲ့ စုန့်လန်ပါးကို ပြန်ရိုက်လေသည်။
"ပြီးရင် အဲ့ရိုက်ခဲ့တဲ့ပါးကို အလှလေး နမ်းရမှာနော်"
ရှောင်းကျန့် ထပ်မံစွာပင် သူပုန်ကောင်ရဲ့ဘယ်ဘက်ပါးကို လက်သီးဖြင့် ထိုးလိုက်သည်။အရှိန်မထိန်းနိုင်သော စုန့်လန်က အနောက်သို့ လန်ကျသွားပြီး ဒေါသကလည်း အခုနထက် ပိုမိုတောက်လောင်လာသည်။
"တောက်ခ်!!
မင်းကများ ငါ့ကို ရာရာစစ…
အပြင်ကကောင်တွေလာစမ်း!ဒီအထဲကောင်ကို အခုနဝင်လာတဲ့ သူဘုန်းစားကောင်နဲ့ တစ်ခါတည်း အချုပ်ချထားလိုက်!"
စုန့်လန်က နှုတ်ခမ်းထောင့်က စီးကျနေသော သွေးကို သုတ်ကာ ရှောင်းကျန့်အနားသို့ ပြန်လာသည်။ဒီတစ်နေ့အတွင်းပင် အရှေ့က အလှလေးကြောင့် နှုတ်ခမ်းသွေးထွက်တာ နှစ်ခါရှိပြီ ဖြစ်သည်။
"မင်း ဒီနေ့တော်တော်လွန်နေပြီ…
ဒါပေမဲ့ မင်းက အလှလေးမို့ ငါ ခွင့်လွှတ်လိုက်မယ်…
အခုတော့ မင်းရဲ့တစ်ဖွဲ့ တည်းကောင်နဲ့သွားပြီး အစာငတ်ခံလိုက်ဦး"
ရှောင်းကျန့်ကလည်း ချုပ်နေသော လူတွေလက်ထဲမှ စုန့်လန်ကို ကြည့်ကာ ခပ်ပြင်းပြင်း တောက်တစ်ချက်ခေါက်သွားသေးသည်။
"ဟက်…စွာတာလေးက ချစ်စရာလေး!"
-------------------
ဝမ်ရိပေါ် သူ့ ရဲ့လျှင်မြန်သော ဥာဏ်ကိုမှ တစ်ကွက်ကျော်ကာ ရိပ်မိသွားသော သူပုန်ခေါင်းဆောင်ကို ဘယ်လိုနည်းလမ်းဖြင့် ထပ်မံကိုင်တွယ်ရမလဲဆိုတာ တွေးတောနေမိသည်။
အထိုးခံထားရသော ပါးကို ထိမိလိုက်သည်နှင့် မျက်လုံးထဲမှာ ညိုးငယ်နေသောရှောင်းကျန့် မျက်နှာလေးကို မြင်ယောင်လာသည်။
"အခု ဘယ်လိုရှိနေမလဲ"
ဒီနေရာကို ကျိရန်တို့နှင့် အတူတွေ့ သော်လည်း လူအင်အားမမျှတခြင်းကြောင့် အခြေအနေအရင်ကြည့်ရန် သူတစ်ယောက်တည်း ဝင်လာခြင်းဖြစ်သည်။
ကျိရန်တို့ကို နန်းတော်မှ ရဲမက်များရောက်လာမှ ဒီဂူအတွင်းသို့ ဝင်လာရန် မိန့်ကြားထားသည်။ဘာမှမဟုတ်တဲ့ သူပုန်ခေါင်းဆောင်လေးက သူ့ လိုအိမ်ရှေ့စံကို ယှဉ်နိုင်ပါ့မလား။
"အထဲကို မြန်မြန်ဝင်!"
အထဲကို ဝင်လာတဲ့ ရှောင်းကျန့်က မျက်နှာမှာ လက်ဝါးရာကြီး ထင်လို့။သူ့ ကို တွေ့ ပေမဲ့လည်း အကြည့်ချင်းရှောင်သွားတဲ့ ရှောင်းကျန့်ကြောင့် စိတ်ထဲနည်းနည်း ကသိကအောက်တော့ ဖြစ်သွားသည်။ဒါမှမဟုတ် ရှောင်းကျန့်က သူ့ ရဲ့အခုလိုပုံစံကို မမှတ်မိနေနိုင်တာလည်း ဖြစ်နိုင်တာပဲကို။
ထောင့်မှာ ကပ်ထိုင်နေသည့် ရှောင်းကျန့်အနားသို့ သွားပြီး ထိုင်လိုက်သည်။
"အဟမ်း…"
"အရှင့်သား"
ခပ်တိုးတိုးအသံဖြင့် ကိုယ်ကို ညွှန်ကိုင်းနေသည့် ရှောင်းကျန့်ကြောင့် ဝမ်ရိပေါ် အံ့သြသွားရသေးသည်။ဒါဆို အခုနတုန်းက သူဘယ်သူမှန်းသိရဲ့သားနဲ့ တမင်သက်သက် အကြည့်လွှဲသွားတာပေါ့။
"ပါးက နာနေလား"
ထိတွေ့ ရန် လက်ကို လှမ်းမိတော့ ရှောင်းကျန့်က ခေါင်းအား တစ်ဖက်သို့စောင်းကာ ရှောင်ထွက်သွားသည်။
"ကျွန်တော့်လို လူမျိုးအတွက် ဒီဒဏ်ရာက ဘာမှမဖြစ်ပါဘူး အရှင့်သား…"
"ကောင်းပြီ"
သူ့ ကိုသိသိသာသာရှောင်နေသည့် ရှောင်းကျန့်ကို စကားထပ်မပြောချင်တော့၍ ထိုသူအနားမှထကာ အခုနနေရာသို့သာ ပြန်သွားထိုင်နေလိုက်သည်။
သူ တစ်ယောက်ကြောင့် ကိုယ့်မှာဘယ်လောက်တောင် စိတ်ပူပန်ခဲ့ရသလဲ။ရှောင်းကျန့်မဟုတ်သော အခြားတစ်ယောက်သာဆိုရင် ဒီလိုမျိုး လိုက်ရှာပြီး သူဘုန်းစားလိုပုံစံမျိုးလည်း လုပ်မည် မဟုတ်ပေ။မိမိစေတနာကို နားမလည်သော သူမျိုးနှင့် စကားမပြောချင်တော့ပေ။
ခေါင်းကို နံရံအားမှီပြီး မျက်လုံးကိုသာ မှိတ်ထားလိုက်သည်။ ကျိရန်တို့အလာကို စောင့်နေရမယ်။
မျက်လုံးမှိတ်လိုက်တာနဲ့ မြင်ယောင်လာတာက အတိတ်ကပုံရိပ်တစ်ခု။
ဟိုဘဝမှာတုန်းက ရှောင်းကျန့်က အခုလို သူ့ နောက်မလိုက်လာပေ။ဒါပေမဲ့ သူ သူပုန်ခေါင်းဆောင်ဆိုသူကို လွယ်လွယ်ကူကူ ဖမ်းနိုင်ခဲ့သည်။
သူပုန်ခေါင်းဆောင်က အသတ်ခံရနီးတောင် သူ့ ကိုပြောသွားသေးတယ်။အလိမ်ခံလိုက်ရတာတဲ့…။
ဘာကြောင့်လဲဆိုတာတော့ သူမတွေးမိခဲ့ပါ။အဲ့တုန်းက အလှဂေဟာတစ်ခုမှာပဲ သတင်းရထားတဲ့ ကျိရန်ပြောစကားကြောင့် တစ်ခါတည်း စောင့်ဖမ်းလိုက်သည်ပဲ။
အခုကျတော့ ကိုယ်ကပါ ပြန်အဖမ်းခံလိုက်ရသည်။
ဘဝနှစ်ဘဝ ကွာခြားနေတာတွေကလည်း တစ်ဘဝချင်းလို့တောင် ထင်မှတ်နိုင်လိုတောင်ရနိုင်တယ်။
ဒါပေမဲ့ ထူးဆန်းတာတစ်ခုက အခုလို ဖမ်းထားခံရတာတောင် သူ့ စိတ်ထဲပေါ့ပါးနေသလိုပဲ။ရှောင်းကျန့်နဲ့များ အတူတူအဖမ်းခံရလို့များလား။ဟက်…မဖြစ်နိုင်တာ စတွေးပြန်ပြီ။
"အင်း…ဟင်း"
အသံကြောင့် မျက်လုံးကိုဖွင့်ကြည့်တော့ ပါးကိုကိုင်ကာ ညည်းနေသည့် ရှောင်းကျန့်ကို တွေ့ သည်။မနေနိုင်သော သူကပဲ အနားသို့သွားကာ သူအဝတ်စကို အာငွေ့ ပေးပြီး ရှောင်းကျန့်ပါးကို ထိပေးလိုက်သည်။
"ရိပေါ်"
"ဟမ်"
မျက်နှာတစ်ဝိုက်မှာချွေးတွေစို့နေပြီး နှုတ်ခမ်းတွေခြောက်နေသော ရှောင်းကျန့်နဖူးအား လက်ဖြင့်ထိလိုက်သည်။
"အား"
အရမ်းကို ပူခြစ်တောက်နေသည့် အသားကြောင့် သူ အော်မိသွားသည်။
"ရှောင်းကျန့်…ရှောင်းကျန့်!"
"အင်း…"
"မင်းဖျားနေတယ်"
"အင်း…ချမ်းတယ် ရိပေါ်"
ချက်ချင်းကြီး ချမ်းလာပြန်တဲ့ ရှောင်းကျန့်ကြောင့် သူ့ အပေါ်ဝတ်ရုံကို ချွတ်ကာ ရှောင်းကျန့်အပေါ် ခြုံပေးလိုက်သည်။
Advertisement
"အဟင်း…ချမ်းတယ်…မား"
ရှောင်းကျန့်က သူ့ ဆီသို့အတင်းတိုးဝင်လာပြီး ခါးကိုဖက်ကာ ရင်ဘတ်ပေါ်မှာခေါင်းတင်ထားသည်။ဝမ်ရိပေါ်လက်နှစ်ဖက်က လေပေါ်မှာပင်တန်းလန်းဖြစ်နေပြီး ပြန်လည်ဖက်တွယ်ရန် တွန့်ဆုတ်နေမိသည်။
"အဟင့်…ချမ်းတယ်…ဖက်ထားပေးပါ"
ငိုသံပါလာတဲ့ ရှောင်းကျန့်ကြောင့် တွန့်ဆုတ်နေသောလက်တွေဟာ ချက်ချင်းပင် ရှောင်းကျန့်ကျောပြင်ကို ဖက်လိုက်မိသည်။
ရှောင်းကျန့်မျက်နှာက သူ့ လည်ပင်းနားကို ရောက်လာပြီး
အသက်ရှူသောလေ ခပ်နွေးနွေးကလည်း သူ့ လည်ပင်းတစ်ဝိုက်ကို လာရောက်ထိသည်။
အပြင်ကကြည့်လျှင် သူတို့ကို မမြင်နိုင်ရပေမဲ့ အခုလောလောဆယ်အခြေအနေသည် နှစ်ယောက်သားကြားလေမရှိအောင်ပင် ဖက်တွယ်ထားသော အခြေအနေပင် ဖြစ်သည်။
ဒီအတိုင်းပင် ငြိမ်ငြိမ်လေးနေစဉ် ပါးပြင်ကို ခပ်ဖွဖွလာထိတဲ့
လက်ချောင်းလေးတွေကြောင့် ဝမ်ရိပေါ် မျက်စိမဖွင့်သေးဘဲ
အိပ်ချင်ယောင်ဆောင်လိုက်သည်။
"အရှင့်သားက အိပ်နေတာတောင် ချောလိုက်တာ…"
ရှောင်းကျန့်က သူ့ လက်မနဲ့ အရှင့်သားရဲ့ အောက်နှုတ်ခမ်းကို ဖွဖွလေးပွတ်သည်။
"တစ်ခါသာ အရသာသိဖူးတဲ့ ဒီနှုတ်ခမ်းလေးကို ကျွန်တော်
နောက်ထပ် အရသာ သိချင်လိုက်တာ"
အနီးကပ်ကာ စကားပြောနေသည်မို့ ရှောင်းကျန့်ပါးစပ်က ခပ်နွေးနွေးလေတွေသည်လည်း ဝမ်ရိပေါ် မေးတစ်ဝိုက်မှာ ထိတွေ့ နေသည်။
ခပ်ခြောက်ခြောက် အသားလေးက သူ့ အောက်နှုတ်ခမ်းကို
ဖိစုပ်လိုက်တဲ့အခါ သူ မျက်စိဖွင့်လိုက်သည်။အနီးကပ်မြင်နေရသည့် မျက်တောင်လေးတွေက ယောက်ျားလေးတန်မဲ့ ရှည်ရှည်ကော့ကော့လေး။
ပူနွေးနေသောလျှာက သူ့ ခံတွင်းထဲသို့ ဝင်ရောက်လာသည့်အခါ ဝမ်ရိပေါ် ခေါင်းကို အနည်းငယ် စောင်းလိုက်သည်။
ရှောင်းကျန့်ရဲ့ခါးကို တိုးဖက်လိုက်ပြီး ပေါင်ပေါ်သို့ ပွေ့ တင်ကာ ခွထိုင်စေလိုက်သည်။
"အရှင့်…အရှင့်သား"
ရှောင်းကျန့်က ဝမ်ရိပေါ်ကို မျက်လုံးအပြူးသားနဲ့ ကြည့်နေပေမဲ့ ဝမ်ရိပေါ်အကြည့်တွေက ရှောင်းကျန့်ရဲ့ နီရဲရဲပါးပြင်ပေါ်မှာ။
"အရမ်းနာနေလား"
ဒီတစ်ကြိမ်အမေးမှာတော့ ရှောင်းကျန့်က ခေါင်းငြိမ့်ပြပြီး မျက်ရည်တွေတောင် ဝဲလာသည်ကို ဝမ်ရိပေါ်တွေ့ ရသည်။
ချက်ချင်းပင် မျက်လုံးထောင့်က စီးကျလာသည့် မျက်ရည်စကို ဝမ်ရိပေါ် လက်မနဲ့ဖယ်ရှားလိုက်သည်။
"ဘာလို့ငိုတာလဲ…အရမ်းနာနေတာလား"
ရှောင်းကျန့်က ဝမ်ရိပေါ်ကို ကြည့်နေကျ ညို့ မှိုင်းသော အကြည့်ဖြင့်ပင် ခေါင်းထပ်ငြိမ့်ပြသည်။
အရှင့်သားက သဘောကျရသော နှုတ်ခမ်းတစ်စုံဖြင့် သူ့ ရဲ့ပါးကို ခပ်ဖွဖွလာထိသည်။
"ဒီလိုဆိုရင်ရော နည်းနည်း သက်သာမလား"
ရှောင်းကျန့်က မျက်တောင်တစ်ချက်ခတ်လိုက်ပြီး ဝမ်ရိပေါ်ကို လည်ပင်းမှ သိုင်းဖက်ကာ နှုတ်ခမ်းတစ်ခုလုံးအား အရှင့်သား နှုတ်ခမ်းအတွင်းသို့ မြှုံနှံလိုက်သည်။
ခါးပေါ်က အရှင့်သားလက်တွေက ပိုမိုတင်းကြပ်သွားပြီး
သူ့ ရဲ့လျှာကို လာရောက်လှည့်ပတ်ကာ အပြင်ဘက်သို့ ပါအောင်ပင် စုပ်ယူလေသည်။
အချိန်အတော်ကြာ အနမ်းချင်းဖလှယ်နေရာမှ ရှောင်းကျန့်အနည်းငယ်မော့နေတာကြောင့် အရှင့်သားပုခုံးတွေကို တွန်းလိုက်သည်။
"အရှင့်သား…အဖျားကူးတော့မယ်။
တောင်းပန်ပါတယ်…"
အရှင့်သားက ဘာမှပြန်မပြောဘဲ အောက်နှုတ်ခမ်းနားက မှဲ့လေးကို ထပ်နမ်းပြန်သည်။
"အရှင့်သား…"
ဝမ်ရိပေါ်က ဘာမှပြန်မပြောဘဲ ရှောင်းကျန့်ခေါင်းကို ဖိကာ သူ့ လည်တိုင်မှာ အပ်စေပြီး ဖက်လိုက်သည်။
"အိပ်တော့…"
အမိန့်သံအနည်းငယ်ပါနေသည့် စကားကို ရှောင်းကျန့် နာခံကာ မျက်ဝန်းတွေကို ပိတ်ချလိုက်သည်။
"ကျွန်တော် ရှောင်းကျန့်က အရှင့်သား ဝမ်ရိပေါ်ကို သိပ်ချစ်တယ်…"
အရှင့်သားဆီက ဘာမှပြန်မကြားရပေမဲ့ သက်ပြင်းချသံ သေးသေးလေးတော့ ချသံကြားလိုက်ရသည်။ထို့နောက်မှာတော့ ရှောင်းကျန့် အိမ်မက်ကမ္ဘာထဲ ရောက်လို့ သွားတော့သည်။
---------------------
ဝုန်း!!
အသံတစ်ချို့ ကြောင့် ရှောင်းကျန့်လန့်နိုးသွားသည်။ညက အရှင့်သားခြုံပေးထားသော ဝတ်ရုံလည်း မရှိတော့သည့်အပြင် သူ့ ကိုယ်ကလည်း နူးညံ့နွေးထွေးသော အရှင့်သား ကိုယ်ပေါ်မှာ မဟုတ်။ကြမ်းတမ်းသော ကြမ်းပြင်ပေါ်မှာသာ ရောက်ရှိလို့နေသည်။
"အလှလေး…"
သူပုန်ခေါင်းဆောင်က စုန့်လန်က သူ့ အနားသို့ ရောက်ရှိလာပြီး သူ့ ကို ဆွဲထူပေးသည်။
"လာ…ကိုယ့်နောက်လာခဲ့"
မနေ့ကတင် အကြမ်းပြုခဲ့သူဟာ သူ မဟုတ်တော့တဲ့အတိုင်း။
အရှင့်သားကို လှမ်းကြည့်ပြန်တော့လည်း သူတို့ကိုမကြည့်ဘဲ မျက်နှာလွှဲထားသည်။အရှင့်သားကလည်း မနေ့ညက သူ မဟုတ်သည့်အတိုင်း အေးစက်နေပြန်သည်။
ရှောင်းကျန့် စုန့်လန်နောက်လိုက်လာတော့ မနေ့က အိပ်ယာပေါ်မှာပဲ သူ့ ကိုထိုင်ခိုင်းသည်။ဘယ်ကထုတ်လာမှန်းမသိတဲ့ ဆေးမြစ်တစ်ခုကို သွေးပြီး သူ့ ရဲ့ပါးပြင်ကို လိမ်းပေးနေသည်။
"ဒီဆေးမြစ်က အယာင်လျော့စေတယ်…"
"ဘာလို့ ကျွန်တော့်ကို ဂရုစိုက်နေတာလဲ"
"မနေ့က ကိုယ်နည်းနည်း စိတ်လွတ်သွားတယ်။
အလှလေးကို မရိုက်လိုက်သင့်ဘူး"
"ငါ မေးနေတာဖြေလေ ခွေးကောင်ရဲ့"
စုန့်လန်က သက်ပြင်းတစ်ချက်ချပြီး ရှောင်းကျန့်လက်တွေကို
ဆုပ်ကိုင်သည်။
"ဂရုစိုက်ချင်လို့ စိုက်တာ ဘာဖြစ်လဲပြော!"
ရှောင်းကျန့် သူ့ လက်တွေကို ရုန်းထွက်လိုက်ပြီး အရှေ့က ခွေးကောင်ကို ရိုက်ရန် လက်ရွယ်လိုက်သည်။
"စိတ်လျော့ အလှလေး…
ကိုယ်ပြောတာ နားထောင်…အခုကစပြီး အလှလေးက ကိုယ့်ရဲ့ဇနီးဖြစ်သွားပြီ။ကိုယ်တို့ အခု ဒီမြို့ က ထွက်သွားတော့မယ်"
"ငါက ဘာလို့ မင်းဇနီးဖြစ်ရမှာလဲ သူပုန်ကောင်ရဲ့!"
စုန့်လန်က ဒေါသထွက်နေသော ရှောင်းကျန့်ကို သိမ်းကြုံးဖက်လိုက်သည်။
"ကိုယ် မင်းကို ချစ်တယ် အလှလေး…
မြင်မြင်ကတည်းက ချစ်မိသွားတာ ထင်တယ်။ဒါ့ကြောင့် မင်းက ကိုယ့်အပိုင်ဖြစ်ရမယ်။ကိုယ် မင်းနဲ့ တစ်အိုးတစ်အိမ် ထူထောင်ချင်တယ်။နန်းတော်က လူတွေလက်ထဲ အမိခံလို့မဖြစ်ဘူး။ဒါ့ကြောင့် ကိုယ်တို့ ဒီမြို့ ကနေ ထွက်ခွာပြီး စခန်းပြောင်းတော့မှာ!"
Advertisement
"ငါ့မှာ ပိုင်ရှင်ရှိတယ်…
သူ တစ်ယောက်ပဲ ငါ့ကို ပိုင်တယ်။ငါက သူ့ ရဲ့အပိုင်။
ငါ သူ့ ကို ချစ်တယ်။သူလည်း ငါ့ကို………ချစ်တယ်။
ဒါ့ကြောင့် မင်းပြောတာတွေ တစ်ခုမှ ငါ လက်မခံနိုင်ဘူး စုန့်လန်!"
**************************************
ဖြောင်း!
"တောက်ခ်!!
-------------------
"အခု ဘယ်လိုရှိနေမလဲ"
"အထဲကို မြန်မြန်ဝင်!"
"အဟမ်း"
"အရှင့်သား"
"ပါးက နာနေလား"
"ကောင်းပြီ"
"အင်းဟင်း"
"ရိပေါ်"
"ဟမ်"
"အား"
"အင်း"
"မင်းဖျားနေတယ်"
"အင်းချမ်းတယ် ရိပေါ်"
"အဟင်းချမ်းတယ်မား"
"အရှင့်အရှင့်သား"
"အရမ်းနာနေလား"
တောင်းပန်ပါတယ်"
"အရှင့်သား"
"အိပ်တော့"
---------------------
ဝုန်း!!
"အလှလေး"
"လာကိုယ့်နောက်လာခဲ့"
ဆုပ်ကိုင်သည်။
"စိတ်လျော့ အလှလေး
ငါ သူ့ ကို ချစ်တယ်။သူလည်း ငါ့ကိုချစ်တယ်။
**************************************
Advertisement
-
In Serial41 Chapters
ကံကွမ်မာစရော [OC] (Completed)
8 207 -
In Serial39 Chapters
Miss Ophelia (A Draco Malfoy Love Story)
My name is Ophelia Zabini. The Zabini family took me in after my mother died after giving birth to me, and my father not wanting me. I grew up with Blaise, Pansy Parkinson, and Draco Malfoy. A year after Blaise, Pansy, and Draco turned eleven and were sent to Hogwarts, it was my turn to go. However, Mum and Dad thought it would be better to send me to Beauxbatons Academy of Magic, something about staying away from someone; staying pure. I was disappointed I wouldn't be able to see everyone, but I obliged, and everything was going great. Then one night during supper, our palace was infiltrated, and Death Eaters attacked us. After being hit with a spell I don't ever remember existing, I remember Blaise apparating me to, what I'm assuming to be, the Great Hall in Hogwarts. I remember Blaise screaming for help and professors scrambling to get to me. But what I distinctively hear is a scream of my name.Coming from none other than the most wonderful man in the world;Draco Malfoy.
8 588 -
In Serial27 Chapters
SINS
sinnounplural noun: sinsan immoral act considered to be a transgression against divine law.-Even the demons in her mind are afraid of her thoughts.** THIS SHORT STORY CONTAINS TRIGGERS. READ AT YOUR OWN WILL. **Copyrighted. ©feb2015-mar2015
8 296 -
In Serial50 Chapters
Survivor's Guilt
2011: It's been ten years since the sky literally came crashing down around Yael Malkah and upended her world. Now she's returned to New York to visit her ailing grandmother. With no other family, it's up to her to take care of the family business, even at the risk of her sobriety.Haustin Macauley is a firefighter struggling to come to terms with his survivor's guilt, and does whatever he can to drown out the event that still keeps him up at night, even taking reckless risks. The only thing that keeps him going is the people he saved when hell came crashing around him, the only proof he has that he isn't a complete failure.When Yael meets the man who saved her life that fateful day, she can't help but feel a connection in her grief. As Haustin and Yael grow closer, the two must find their way through the minefield of family problems and post-traumatic stress to the possibility of a life that might resemble normal again.Weekly Friday updates. Occasional Tuesday updates.
8 124 -
In Serial18 Chapters
Being Popular (GirlxGirl) [COMPLETE]
Mickie James has always led an easy life, well as easy a life as you can when you're trying to hide the fact that you're in love with you best friend. For Mickie, there is no better person in this world then her best friend Courtney Diamond. She has everything, the gorgeous looks, the winning smile, not to mention she just happens to be the most popular girl at school, and Mickie just can't help herself from falling in love with her. Though with her social status and knowledge that Courtney would never love her back, Mickie knows not to tell anyone that she just so happens to be gay. Sometimes, being popular comes at a price.
8 94 -
In Serial32 Chapters
To Build A Home [ Simon x Wilhelm ]
Just another one of those Simon and Wilhelm stories, cuz they are my comfort couple <>A brief overview:The new year begins, with new stories and new people and Simon finds himself stuck in the common romantic's dilemma 'The head or the heart?'What will happen when Simon finds a new lover? And what will happen when Alexander walks back through the doors of Hillerska? Who must leave and who must stay? As they say, life comes full circle.OMG #1 edvinryding October 4, 2021 😭❤️
8 124