《After Agonising ,Will You Love Again? [ Completed ]》CHAPTER - [ 14 ]
Advertisement
သူ၏လည်တိုင်အား မက်မောစွာ နမ်းရှိုက်နေသော အရှင့်သားအား ပုခုံးနှစ်ဖက်ကို အသာတွန်းလိုက်သည်။အရှင့်သားက စိတ်အလိုမကျစွာ သူ့ အား ပြန်လည်စိုက်ကြည့်လို့လာသည်။
အရှင့်သားရဲ့ ပါးနှစ်ဖက်ကို အုံ့ကိုင်ပြီး နဖူးပြင်အား မြတ်နိုးစွာ ရှောင်းကျန့် နမ်းလေသည်။
"အရှင့်သားကို တစ်ခုလောက်မေးလို့ရမလားဟင်"
ရှောင်းကျန့်က အောက်နှုတ်ခမ်းကို သွားဖြင့်အသာဖိပြီး ရှက်သည့်ဟန် ပုံပေါ်သည်။ဝမ်ရိပေါ်က အပြုံးမမည်သော အပြုံးတစ်ခုကို ပြုံးရင်း မေးလေဆိုသည့်သဘောဖြင့် မျက်ခုံးနှစ်ဖက်ကို ပင့်ပြသည်။
"ဘာလို့ ကျွန်တော်နဲ့ နှီးနှောချင်ရတာလဲ...
တကယ် ကျွန်တော် ထင်တာမမှားဘူးဆိုရင် အရှင့်သားလည်း ကျွန်တော့်ကို စိတ်ဝင်စားတော်မူနေတာလားဟင်"
ရှောင်းကျန့် သူသိချင်နေသောအရာကို အရှင့်သားဆီမှ ဘယ်လိုအဖြေဖြစ်နေပါစေ ကြားဝံ့တာကြောင့် ရဲတင်းစွာပင် မေးလိုက်သည်။
အရှင့်သားက ခဏတာတွေဝေသွားပုံပေါ်သည်။ သူ့ အပေါ် အုံ့မိုးနေရာမှ ဖယ်သွားပြီး မတ်တပ်ရပ်ကာ ဝတ်ရုံကို ကျနစွာ ပြန်ပြင်ဆင်နေလေသည်။
"ငါ့ကိုယ်ငါ မသိဘူး"
အရှင့်သားက ထိုစကားကိုပြောပြီး နောက်ကျောပေးကာ တစ်ဖက်လှည့်သွားလေသည်။တောင့်ဖြောင့်သော ကျောပြင်က သူ့ နှလုံးသားကို တဒိတ်ဒိတ်ခုန်စေပြန်သည်။
မချစ်သင့်သည့်နှလုံးသားက မထိန်းသိမ်းနိုင်စွာ ချစ်မိတဲ့အခါ ပြန်ရသည့်အကျိုးရလဒ်က နာကျင်မှု့ သာ။သူ့ လိုလူမျိုးကို မျိုးရိုးမြင့်သည့် အရှင့်သားက ပြန်လည် ချစ်မြတ်နိုးရန် ဘယ်လိုမှ မဖြစ်နိုင်။
သူ အိပ်ယာပေါ်မှ အသာထပြီး နောက်ကျောပေးနေသည့် အရှင့်သားအား အနောက်မှ သိုင်းဖက်လိုက်သည်။
"ခဏလေးပါပဲ ဖက်ပါရစေ"
အရှင့်သားက သက်ပြင်းအရှည်ကြီး တစ်ခုကို ချသည်။အရှင့်သား စိတ်ရှုတ်အောင် သူပြုမူမိသည် ထင်။
"ရှောင်းကျန့်! ဖယ်တော့"
ရှောင်းကျန့်က နာခံစွာပင် သူ့ ခါး၌ ရစ်တွယ်ထားသော လက်ကို ဖယ်ခွာသွားသည်။ဝမ်ရိပေါ် မျက်နှာချင်းဆိုင် ပြန်လှည့်လိုက်ပြီး အရည်လေးတွေ လဲ့နေသော မျက်ဝန်းတစ်စုံအား စိုက်ကြည့်လိုက်သည်။
"ငါ မင်းကို မချစ်ဘူး ရှောင်းကျန့်!
မင်း ငါ့အပြုအမူတွေကြောင့် အထင်မှားနေတာ။ငါ မင်းကိုဘယ်တုန်းကမျှ စိတ်လည်းမဝင်စားသလို ချစ်လည်းမချစ်ဘူး။အခု အခြေအနေကလည်း မသိစိတ်ထဲက တစ်စုံတစ်ခုက တွန်းအားပေးလို့ပဲ..."
အရှင့်သားစကားတွေက ရှောင်းကျန့်အသဲနှလုံးကို ခြေဖြင့် အကြိမ်ကြိမ်ချနင်းရုံမက ပြင်းထန်သောအားဖြင့် ဆောင့်ကန်နေသလို။ဒီစကားတွေကို ခံနိုင်ရည်ရှိဖို့ ဘယ်လိုပဲ ပြင်ဆင်ထားပါစေ လက်တွေ့ ကြားလာရသည့်အခါ ပစ်လဲကျသွားစေဖို့ လုံလောက်ပါတယ်။
"ဒါဆို အရှင့်သား နမ်းခဲ့သည့်အပြုအမူတွေမှာ ကျွန်တော့်အပေါ် နည်းနည်းလေးတောင် စိတ်မဝင်စားခဲ့ဘူးပေါ့"
"ဟင့်အင်း နည်းနည်းလေးတောင်မှပဲ!"
ဝမ်ရိပေါ် ထိုအခန်းတွင်းမှ ပြန်ထွက်လာသည်။
နာကျင်လိုက်စမ်းပါ...ရှောင်းကျန့်။
မင်း ငါ့အပေါ် တကယ်ချစ်နှစ်သက်နေရင် ဟိုးဘဝက ငါခံစားရသလို နာကျင်နေမှာပဲ။ဒါမှ ကိုယ်ချင်းစာတတ်မှာ။
မင်း အခုနာကျင်နေတာ ငါ့ရဲ့ တစ်ဝက်လောက်ပဲ ရှိပါသေးတယ်။ကိုယ့်ချစ်တဲ့တစ်ယောက်က အခြားတစ်ယောက်နဲ့ ချစ်ရည်လူးနေတာကို မင်း မျက်မြင်တွေ့ မှ ငါ့ နာကျင်မှု့ ကို မှီနိုင်မှာ။
ဝမ်ဟန်က အမတ်တွေရှေ့မှာ ခမည်းတော်ကို မင်းကို ကြင်ယာတော်အဖြစ် မြှောက်တင်ပေးဖို့ ရဲတင်းစွာ ပြောတာကို ငါ မုန်းတယ် ရှောင်းကျန့်...။
ဒါကို မင်းက နောက်ကွယ်မှာ မပျော်ချင်ဟန်ဆောင်ပြီး ငါ့အပေါ် စိတ်ယိုင်သလို လုပ်နေတာကြောင့် ကိုယ့်စိတ်ကို ထိန်းမရဖြစ်မိသွားသေးတယ်။မင်းကို မချစ်ဖို့ အကြိမ်ကြိမ်တားနေမိရက်နဲ့ပဲ ငါ့ကိုယ့်ငါ မထိန်းချုပ်နိုင်ဘူး။
ဟိုဘဝနဲ့မတူဘဲ မင်းကို ပြောင်းလဲသွားပြီလို့ ထင်ခဲ့မိတာလည်း နောင်တရတယ် ရှောင်းကျန့်ရယ်...
***************
"ကျန့်!"
"ဟုတ်ကဲ့ မင်းသားဝမ်ဟန်"
"အရင်လို ရင်းရင်းနှီးပဲ ပြောလေ"
မင်းသား ဝမ်ဟန်က ရှောင်းကျန့်ကို သူ့ အဆောင်ဆီသို့ ခေါ်ဆောင်ပြီး အဝတ်တန်ဆာများပြောင်းလဲကာ ဝတ်ဆင်ပေးတော့မူသည်။
"အင်း"
ချိုသာသော မျက်နှာထားဖြင့် ဘယ်လိုပင်ပြောစေကာမူ ရှောင်းကျန့်ကတော့ တုပ်တုပ်ပင်မလှုပ်ပါ။
"ကျွန်တော် အပြင်ကို ခဏလောက်သွားပါရစေ"
"ညမှောင်နေပြီ ကျန့်ရယ် ဒီအချိန်ကြီး ဘယ်သွားမလို့လဲ"
"ဒီထဲမှာ နေရတာ အသက်ရှူနည်းနည်းကြပ်နေလို့ပါ"
"ကောင်းပြီ။ဒါဆို ကိုယ်လည်း လိုက်ခဲ့တယ်"
ရှောင်းကျန့်က သက်ပြင်းခပ်ဖျော့ဖျောလေးချပြီး ဝမ်ဟန့်ကို မော့ကြည့်လာလေသည်။
"ကျွန်တော် တစ်ယောက်တည်း သွားပါရစေ...
တောင်းဆိုပါတယ် ဒီတစ်ခုတည်းပါ"
ဝမ်ဟန်က အချိန်အတော်ကြာ စဉ်းစားပြီးမှ လက်ခံလိုက်သည်။အခုချိန်မှာ ကျန့်အတွက် စဉ်းစားပေးသင့်သည်။
ကျန့်က မိမိကို မချစ်ဖူးဆိုတာ သိသော်ငြားလည်း ပိုင်ဆိုင်ချင်သော အတ္တစိတ်ကြောင့် ဝမ်ဟန်က ရှေ့ဆက်တိုးခဲ့သည်။
အချစ်ဆိုတာ လုပ်ယူလို့ရပါတယ်။အခုချိန် ကျန့်က တစ်ခြားသူကို ချစ်နေတယ်ဆိုရင်တောင် သူနဲ့လက်ထပ်ပြီး အချိန်တစ်ခုရောက်ရင်တော့ သူ့ ကို ပြန်ချစ်လာမည်ဟု ဝမ်ဟန် ယုံကြည်ပါသည်။
***********
ရှောင်းကျန့်က ဒီနန်းတော်တစ်လုံးမှာ သူအကြိုက်ဆုံးနေရာ တစ်ခုတည်းသော ပန်းဥယျာဉ်ဆီသို့ပဲ ခပ်မြန်မြန်လာခဲ့သည်။ မွှေးပြန့်သော ပန်းရနံ့က နှောက်နေသော သူ့ စိတ်ကို ကြည်လင်နိုင်စွမ်းရှိသည်။
လပြည့်ညမို့ ဥယျာဉ်တစ်ခုလုံးသည်လည်း မီးထွန်းထားသဖွယ် ရှင်းရှင်းလင်းလင်း မြင်နေရသည်။လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ လတ်ဆက်သောလေအား တဝကြီးရှူရှိုက်လိုက်လေသည်။
"ရှောင်းကျန့်လည်း ဒီရောက်နေတာလား"
အရှင့်သားက သေရည်အိုးကို မော့သောက်ရင်း ရှောင်းကျန့်ကို ကြည့်နေသည်။ရှောင်းကျန့်လည်း နောက်ကနေ ပေါ်လာသည့် အရှင့်သားကြောင့် ရုတ်တရက်မို့ လန့်သွားသည်။ ချက်ချင်း ကိုယ့်ကို ညွှန့်ကိုင်းပြီး အရိုအသေပေးလေသည်။
Advertisement
"ဒီထဲမှာ ဝမ်ဟန်နဲ့ ချိန်းထားလို့ ရှောင်းကျန့်က ရောက်နေတာလား...ဒီကိုမလာဘဲ သူ့ အဆောင်သွားတွေ့ လည်း ရတာပဲကို။အရင်လို ခိုးကြောင်ခိုးဝှက် တွေ့ စရာမလိုတော့ဘူး။ မကြာခင်ပဲ တရားဝင် လက်ဆက်ရတော့မယ်"
အရှင့်သားက သေရည်ရဲ့အရှိန်ကြောင့် မျက်နှာတစ်ခုလုံးနီမြန်းနေပြီး မျက်ဝန်းတွေပါ နီရဲနေသည်။ထိုမျက်ဝန်းတွေက ရှောင်းကျန့်ကို ရှောင်ကွင်းပြီး ထွန်းလင်းနေသည့် လကိုသာ လှမ်းမျှော်ကြည့်သည်။
"အရှင့်သား တစ်စုံတစ်ခုကို အတော့်ပင် အထင်လွဲနေပါပြီ"
"ဘာလဲ...မင်းနဲ့ဝမ်ဟန်က ဘာမှမဟုတ်ဘူးလို့ ပြောဦးမလို့လား"
"ကျွန်တော် မရှက်တမ်းဝန်ခံရရင် အရှင့်သားတစ်ယောက်ကိုပဲ စွဲလန်းတောင်းတဖူးတာပါ။အခြား ဘယ်ယောကျာ်း ဘယ်မိန်းမကိုမျှ မနှစ်သက်ဖူးပါ။ကျွန်တော် ကျိန်ဆိုကျိန်ရဲပါတယ် အရှင့်သားရိပေါ်"
"ဟားဟား"
ဝမ်ရိပေါ်က လက်ထဲက သေရည်အိုးကို အကုန်မော့ချလိုက်ပြီး ရှောင်းကျန့် မျက်ဝန်းတွေကို တည့်တည့်စိုက်ကြည့်လိုက်သည်။
"မင်း ငါ့ကို ဒီလိုချဉ်းကပ်ဖို့ ဝမ်ဟန်က မှာထားတာလား"
အရှင့်သားရဲ့ ရုတ်တရက်အမေးကြောင့် ရှောင်းကျန့် ခဏတာ တွေဝေသွားသည်။အရှင့်သားက သူ့ အချစ်ကို ဘာလို့ ဒီလောက်ထိများ အထင်လွဲနေရတာလဲ။
"ဟင့်အင်း။
ကျွန်တော် ချစ်တာ...ကျွန်တော့် နှလုံးသားထဲကနေ အရှင့်သားကို ချစ်တာ။ဘယ်သူ့ ရဲ့အမိန့်မှလည်း မဟုတ်သလို ဘယ်သူ့ ရဲ့အကြံစည်မျိုးလုံးဝမပါဘဲ ကျွန်တော့် နှလုံးသားထဲနေ အရှင့်သားကို ချစ်တာ။အရှင့်သား ကျွန်တော့် အချစ်ကို ယုံကြည်ပေးပါ"
ရှောင်းကျန့်က ပြောလည်းပြောပြီး အရှင့်သားရဲ့လည်တိုင်ကို လက်နှစ်ဖက်ဖြင့် ချိတ်တွယ်လိုက်ကာ အရှင့်သားရဲ့ နှုတ်ခမ်းတွေကို သူ၏နှုတ်ခမ်းဖြင့် ဖိကပ်လိုက်သည်။
အရှင့်သားက ခေါင်းကို အတော်ပင် ရုန်းကာ ရှောင်းကျန့်ကို ခါးမှကိုင်ပြီး ဆွဲဖယ်နေသည်။ရှောင်းကျန့်ကလည်း လုံးဝကို ရဲတင်းစွာပင် မျက်စိကိုမှိတ်ကာ အရှင့်သားနှုတ်ခမ်းတွေကို စုပ်ယူသည်။
နှစ်ယောက်သား ရုန်းရင်းဆန်ခတ်ဖြစ်နေရင်း အရှင့်သားက ခြေထောက်ချော်ကာဖြင့် လှဲကျသွားသည်။ရှောင်းကျန့်ပါ ထပ်လျက်သား။သို့ပေမဲ့ အရှင့်သားရဲ့ အောက်နှုတ်ခမ်းတွေကိုတော့ ရှောင်းကျန့်က ယုန်သွားဖြင့်ဖိကာ မလွတ်စေအောင် ပြုမူထားလေသည်။
သေရည်အလွန်အကြူးသောက်ထားတာ ဝမ်ရိပေါ်ဆိုပေမဲ့ သူ့ ခါးပေါ်မှာ ခွထိုင်လျက်သားဖြစ်နေသော ရှောင်းကျန့်က အသိစိတ်မဲ့စွာ ဝမ်ရိပေါ်လည်တိုင်ကို နမ်းရှုံ့ နေသည်။
"ရှောင်းကျန့်...ဖယ်တော့!!"
ဒီတစ်ခါတော့ ရှောင်းကျန့်က သူ့ စကားကို လုံးဝနားမထောင်တော့။
"ရှောင်းကျန့်...!"
သူကိုယ်တိုင်ပင် ရုန်းထွက်လို့ရပါလျက် ပါးစပ်ဖြင့်သာ ငြင်းဆန်နေတာကို ဝမ်ရိပေါ် သတိမထားမိပါ။
ရှောင်းကျန့်က အရှင့်သားရဲ့ဝတ်ရုံတွေကို ဆွဲချွတ်ပြီး တဖြည်းဖြည်းနောက်သို့ လျှောဆင်းကာ အရှင့်သားခြေထောက်နှစ်ချောင်းကြားမှာ ဝပ်တွားသည်။
"ရှောင်းကျန့် မလုပ်နဲ့!"
"ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ အရှင့်သား...
ကျွန်တော် တစ်ခါတည်းပါ"
ရှောင်းကျန့် ငိုသံကြောင့် ဝမ်ရိပေါ် ချက်ချင်း ထထိုင်လိုက်သည်။တအားဝမ်နည်းစွာ ငိုရှိုက်နေသည့် ရှောင်းကျန့်ကိုမြင်တော့ သူ့ ရင်ထဲ၌လည်း ထပ်တူစွာ ခံစားရပေသည်။
ရှောင်းကျန့်က ချက်ချင်းသူ့ ကို ကျောပေးကာ လှည့်သွားသည်။
"ကျွန်တော် တောင်းပန်ပါတယ် အရှင့်သား..
ကျွန်တော် စိတ်မထိန်းနိုင်လို့ပါ။ကျွန်တော် ကြီးမားသော အပြစ်ကို ပြုမူမိပါတယ်။အဟင့်...ကျွန်တော် အရှင့်သားကို တပ်မက်မိသွားလို့ပါ ကျွန်တော့်ကို...ကျွန်တော့်ကို..."
ဝမ်ရိပေါ်က တသိမ့်သိမ့်တုန်နေသော ကိုယ်လုံးလေးအား နောက်မှ သိုင်းဖက်ကာ ရင်ခွင်ထဲ ထည့်လိုက်သည်။
"တစ်ကြိမ်လောက် အတူတူမှားကြမလား"
အငိုတိတ်သွားသော ရှောင်းကျန့်က အရှင့်သားမျက်နှာကို ဖြည်းဖြည်းချင်းစီ လှည့်ကြည့်လာသည်။သူ့ မျက်ဝန်းထဲမှာ မယုံကြည်နိုင်သော အဓိပ္ပါယ်တွေ များစွာ ပါဝင်နေပြီ။
"ကိုယ် တစ်ကယ်ပြောတာ ရှောင်းရှောင်း"
အရှင့်သားရဲ့ မျက်ဝန်းတွေက နူးညံ့နေသည်။ဥပမာအားဖြင့်
ချစ်ရသူတစ်ယောက်ကို ကြည့်ကာ ပြောနေသလိုမျိုး။
"ကိုယ်တို့ကို အခြားသူတွေမပိုင်ဆိုင်ခင် ပထမဆုံးနဲ့နောက်ဆုံးအကြိမ် မှားကြမယ်မလား"
"ကျွန်တော် အရှင့်သားကို ပိုင်ဆိုင်ချင်တယ်"
ဒီတစ်ခါမှာတော့ အရှင့်သားရဲ့ မျက်ဝန်းတွေက အံ့သြမှုတွေ ပြည့်နှက်သွားပြန်သည်။တကယ့်ကိုပင် မထင်မှတ်ထားသော စကားကို ကြားရသလိုမျိုး။
"ညာနေတာတော့ မဟုတ်ဘူးမလား ရှောင်းရှောင်း"
"ကျွန်တော့်မျိုးက အရှင့်သားကို ညာရဲပါ့မလား"
အရှင့်သားက ရှောင်းကျန့်နှုတ်ခမ်းကို ဖွဖွဖိကိုင်လာသည်။
"ဒီနှုတ်ခမ်းလေးက ကိုယ့်ကို မညာဘူးမလား"
"ကျွန်တော် ကျိန်ပြောရဲပါတယ်"
အရှင့်သားက ဝတ်ရုံတွေကို ကောက်ဝတ်ကာ မတ်တပ်ထရပ်ပြီး ရှောင်းကျန့်ကို ပွေ့ ချီလေသည်။
"ဘယ်...ဘယ်သွားမလို့လဲ အရှင့်သား"
"ကိုယ့်အိပ်ဆောင်ကို သွားမလို့!"
**************************************
Advertisement
"ငါ့ကိုယ်ငါ မသိဘူး"
"ခဏလေးပါပဲ ဖက်ပါရစေ"
"ရှောင်းကျန့်! ဖယ်တော့"
***************
"ကျန့်!"
"အင်း"
***********
"ဟားဟား"
"ဟင့်အင်း။
"ရှောင်းကျန့်...ဖယ်တော့!!"
"ရှောင်းကျန့်...!"
**************************************
Advertisement
- In Serial38 Chapters
Saving Scout O'Brian
•GirlxGirl• Scout O'Brian hasn't had the greatest start at life. Growing up in countless foster homes, hasn't been her ideal childhood. One of the worst ones gifted her with a gorgeous little girl, and although she was young, Scout knew she'd work as hard as she could to be the best mother she could. In order to protect her, Scout plays it off like Charlotte is her sister. Over the years She's done odd jobs to earn money that she put away so she could leave on her 18th birthday. They've ranged from dog walking to selling drugs on the street. She's in no way proud of this, but she did what she did in order to protect herself and Charlotte. She's been arrested many times, in countless fist-fights protecting her "sister" from creepy foster siblings. But when she turns eighteen and finally frees her and Charlotte from their latest "Family from Hell" and books it three thousand miles all the way to Oregon, things finally start to look up. Until she falls for her gorgeous but mean as hell principle, and then everything she's ever known falls apart.
8 187 - In Serial37 Chapters
Sayonee
What if a girl had to sacrifice herself for family.Getting into a pure bond like nikkah is a dream of every girl. Witnessing such a moment is a proud moment for a child's parents.What happens when everything crumble down in front of the parents eye. Seeing their daughter tie a knot to man in the name of sacrifice. Ainam basim and Ehan hamid , two people under one roof. Trying to digest that they are married now. Give a look to know how they experience the feeling of love.
8 195 - In Serial26 Chapters
Beautiful ➳ Neil Perry.
based on the 1989 film 'dead poets society', a neil perry love story.
8 205 - In Serial53 Chapters
The Unwanted Proposal
(Highest rank #3 in romance on 15/02/2017, #5 in romance on 13/11/16)Note: the story is unedited and you might find many mistakes.Avni is a beautiful independent lady of 25 whose life is almost perfect. But soon that is going to change when under certain circumstances she is bound to marry Aditya, her father's best friend's son. Aditya is handsome and rich. He is a man of secrets. What happens when they have to live under the same roof.
8 188 - In Serial61 Chapters
[C] Putera Kayangan
"eeeey!! tengoklah kejap lagi selipar jepun kau terputus pastu kau terpeleot jatuh longkang!" - Anayra ZaaraGarang? itulah dia insan bernama Anayra Zaara. Ada saja ayatnya untuk menyumpah orang. Sudahlah menyumpah orang, mulut masin pulak. Tak ke kesian orang tu jatuh longkang?"Sayang, are you okay?" - AyanYang ni pulak, bekas buaya jadian. Semua orang dia panggil sayang. Entah siapa sayang dia pun tak tahulah. Ada saja ayat manis yang mahu diberikan kepada gadis yang menarik perhatiannya.Sorang mulut manis.Sorang mulut masin.bagus betul !"Ya Allah, kasihanlah kepada hamba-Mu yang single ini, turunkanlah Putera Kayangan dari SyurgaMu Ya Allah" - Anayra ZaaraAkibat mulut masinnya, 'putera kanyangan' nya tiba. Jatuh dari langit? tidaklah. Sebetulnya bergolek."Pura-pura jadi kekasih aku, sampai kau lupa yang kau sedang berpura-pura." - AyanTanpa berfikir panjang, Anayra Zaara menerimanya dengan hati terbuka. Sejujurnya, hatinya sudah dicuri oleh lelaki itu."Kalau one day saya cakap saya dah tak cintakan awak? Awak akan percaya jugak? bila ayat tu keluar dari mulut saya, buang kepercayaan awak kepada saya, jangan percayakan saya lagi." - AyanApa maksudnya?"Aku benci! Aku jijik!" - Ayan"Enough! Kita over!" - Anayra Zaara.Ayan tersenyum puas. Akhirnya, dia melepaskan gadis itu. Dia dah boleh bebas!Anayra membawa diri. Namun, setelah semuanya terbongkar. Dia bergegas pulang.Dia ingatkan boleh mendapatkan hati lelaki itu dengan mudah. Tapi siapa sangka. Dia mendapat lelaki itu dengan cara yang terlalu mudah!Namun semua tu hanyalah satu salah faham."aku bagi kau masa tiga hari. Fikir nak kawin dengan Anayra atau nak kena sebat 100 kali dengan aku." - Zafran AlthafApakah pilihan Ayan?×× Cerita ni akan campur-campur POV mengikut kesuaian. But apa yang saya boleh simpulkan ialah 80% Pov Heroin5% Pov Hero15% Pov 3 Enjoy 〆start: 28 September 2021end:Update: Sabtu dan Ahad.#1 in Manis#1 in Malay+ Follow for Followbac
8 117 - In Serial36 Chapters
Blood Alpha (Completed)
{Unedited}Alyssa Bowers is the first female Alpha in over three centuries. She is not the Luna, she has no mate yet, she runs her pack of rogues the same way a male Alpha runs his pack. Damien Shaw is a three hundred year old Alpha, he is cruel, and cynical. His pack is the strongest out there. What happens when the world finds out about the first female Alpha and what happens when her mate thinks she will sit idly by and help him run his pack. ---This story contains mature scenes, please read at your own risk!#45 in Werewolf - 15/05/2020#61 in Romance - 20/05/2020#155 in Featured! - 20/05/2020#17 in Romance - 23/05/2020#99 in Featured! - 23/05/2020#44 Paranormal - 21/11/18#32 Paranormal - 23/11/18#142 Fantasy - 23/11/18#75 Romance - 12/12/18#7 Paranormal - 12/12/18#54 Romance - 13/12/18#4 Paranormal - 13/12/18
8 239