《After Agonising ,Will You Love Again? [ Completed ]》CHAPTER - [ 16 ]
Advertisement
ဝမ်ဟန်က ရှောင်းကျန့်ကို ဆွဲခေါ်လာပြီး အဆောင်တော်တွင်း ရောက်တာနဲ့ တစ်ကိုယ်လုံးကို သိမ်းကျုံးဖက်လေသည်။ ဒါပေမဲ့ ရှောင်းကျန့်က ရုန်းကန်ပြီး ဝမ်ဟန်ရဲ့ လက်မောင်းကို ဖိကိုက်လေသည်။
"ဖယ်... ကျွန်တော့်ကို မဖက်ပါနဲ့"
ဝမ်ဟန်က အတင်းရုန်းထွက်ချင်နေသော ရှောင်းကျန့်ကို မေးစေ့အားကိုင်ကာ ဆွဲမော့လိုက်ပြီး လည်တိုင်ပေါ်က ညိုပုတ်ရောင်ဖြစ်နေသည့် အမှတ်အရာများကို ကြည့်ရင်း ခပ်မဲ့မဲ့ ပြုံးသည်။
"ဒီအမှတ်တွေက ဟိုကောင်လုပ်ထားတာပေါ့"
ရှောင်းကျန့်က သူ့ မေးစေ့ကို ကိုင်ထားသော လက်အား ရိုက်ထုတ်ပြီး ကိုယ်ကို ရုန်းထွက်လိုက်သည်။
"ငါ့ကို မထိနဲ့…
ငါ မင်းကို မုန်းတယ်!"
မျက်ဝန်းသွယ်သွယ်လေးမှ မျက်ရည်ကြည်များက ပြည့်လျှံ လာပြီး ချစ်ရသူမှ သူ့ အား နာကျည်းစွာ ကြည့်လေသည်။ ထိုအကြည့်များက သူ့ နှလုံးသားအား ဓားနဲ့မွန်းနေသကဲ့သို့ ဝမ်ဟန် ခံစားရသည်။သို့ပေမဲ့ မျက်နှာအမူအယာကတော့ ဟန်ဆောင်စွာပင် အပြုံးမပျက်ခဲ့ပေ။
"နှစ်ရက်ပဲ လိုတော့တယ်။
ကျန့်က ကိုယ့်ကြင်ယာတော်လေး ဖြစ်လာတော့မယ်။
ကိုယ့်ကို မုန်းနေလည်း မထူးဘူးဆိုတာ သိတယ်မလား!"
"မလုပ်ဘူး!
ငါ မင်းရဲ့ကြင်ယာတော် သေတောင်မလုပ်ဘူး!"
"မရဘူး။ဘုရင့်အကိုတော်ရဲ့အမိန့်ကို မနာခံလို့မရဘူး ကျန့်! ကျိန်းသေကို ကိုယ့်ကြင်ယာတော် ဖြစ်လာမှာ"
"ကြည့်နေလိုက်လေ…ငါ့ကို"
ပြတ်သားစွာ ငြင်းလာသော ကျန့်စကားကြောင့် ဝမ်ဟန် အနည်းငယ်ပင် တုန်လှုပ်လာလေသည်။ဘယ်ကိုမှ ထွက်ပြေးစရာမရှိတဲ့ ကျန့်က သူ့ ကိုယ်သူ သတ်သေမှာတော့ မဖြစ်နို်င်ဘူးမလား။
"အပြင်မှာ လူရှိလား!
အထဲကို လာစမ်း"
"လာ…လာပါပြီ မင်းသား"
"ရှောင်းကျန့်ကို ဒီအဆောင်ကနေ တစ်လှမ်းမှ အပြင်ကို မထွက်စေနဲ့။မနက်ဖြန်မှာ မင်းကြီးက ကြင်ယာတော်နဲ့ လက်ထပ်ပွဲလုပ်မှာ ဖြစ်ပြီး နောက်ရက်ကျရင် ငါ့ပွဲဖြစ်တာကြောင့် ဒီနှစ်ရက်မှာ ငါအားမှာ မဟုတ်ဘူး။ဒါ့ကြောင့် ရှောင်းကျန့်ကို သေချာစောင့်ကြည့်ထား ငါ့အမိန့်ပဲ!!!"
"အမိန့်တော်အတိုင်းပါ မင်းသား"
ဝမ်ဟန်က ခေါင်းငုံ့ကာ အံကြိတ်နေသော ရှောင်းကျန့်ကို
တစ်ချက်လှည့်ကြည့်ပြီး အပြင်သို့ ပြန်ထွက်သွားလေသည်။
ရှောင်းကျန့်ကတော့ ဝမ်ဟန့်ကို ဒေါသထွက်လွန်းတာကြောင့် လက်သည်းတွေ အသားထဲ စိုက်တဲ့အထိ လက်သီးကို ဆုပ်ထားမိလေသည်။
***************
ဒီနေ့မှ နန်းစတက်သော နိုင်ငံတော်၏ဘုရင်မင်းမြတ်ကတော့ သူ့ အဆောင်တော်၌ နေ့ခင်းဘက်ကြီး သေရည်ကို သောက်နိုင်သမျှ သောက်တော်မူနေလေသည်။
ကိုယ်ရံတော်ဖြစ်သူကျိရန်မှာ အရှင့်ကိုကြည့်ရင်းစိတ်ပင်ပန်းလာရတာကြောင့် သေရည်အိုးကိုယူကာသောက်ပြီးအရှင့်ကိုအဖော်ပြုပေးသည်။
"ကျိရန်!"
"အမိန့်ရှိပါ အရှင်"
"ဟားဟား အရှင့်သားကနေ အရှင် ဖြစ်သွားပြီပေါ့"
"မှန်လှပါ"
"ဒီအတိုင်း လွတ်လွတ်လပ်လပ်ပဲ ပြောပါလား…
ကျိရန်နဲ့ကျွန်တော်က ဟိုငယ်ငယ်လေးကတည်းက အတူတူရှိလာခဲ့တဲ့သူပဲ"
"မှန်လှပါ အရှင်"
ဝမ်ရိပေါ်က ကျိရန်ဘက်လှည့်ကြည့်ပြီး တစ်ချက်ရယ်လိုက်သည်။ပြီးမှ သေရည်ပုလင်းကို မော့သောက်လိုက်သည်။
"ကျွန်တော်လေ…ကျွန်တော့်ရင်ဘတ်ထဲက နာတယ်သိလား"
"အင်း ရိပေါ်!"
ဝမ်ရိပေါ်က ကျိရန်ကို ထပ်မံလှည့်ကြည့်လိုက်ပြီး ပြုံးကာ
ခေါင်းငြိမ့်ပြသည်။
"အင်း အဲ့လိုရင်းရင်းနှီးနှီးပြော…
မူးနေတဲ့ ကျွန်တော့်ကို အကိုကျိရန်က နည်းနည်းတော့ သည်းခံပေး…
ဒါပေမဲ့ မူးပြီး ပြန်နိုးလာခဲ့ရင်တော့ ဒီပုံစံကို ဘယ်တော့မှ
ပြန်ထုတ်ပြမှာ မဟုတ်တော့ဘူး"
"ရိပေါ် ရင်ဖွင့်စရာရှိရင် ရင်ဖွင့်လို့ရပါတယ်…
ဒီအကိုကျိရန်က နားထောင်ပေးမှာမို့!"
ဝမ်ရိပေါ်က လက်ထဲက သေရည်ပုလင်းကို ဘေးသို့ချလိုက်ပြီး ကျိရန်ပုခုံးပေါ်သို့ လက်တင်လိုက်သည်။
"ကျွန်တော်ကလေ ရူးမိုက်တယ် သိလား!
ဟိုးဘဝမှာရော ဒီဘဝမှာရော…အချစ့်ကြောင့် ရူးမိုက်တယ်"
"ရိပေါ်က ဟိုဘဝကို မှတ်မိတယ်"
ကျိရန်က အံ့သြစွာ ပြောတော့ ဝမ်ရိပေါ် ရယ်ပဲရယ်နေလိုက်သည်။ပြန်လည်မွေးဖွားလာတယ်လို့ ပြောလိုက်ရင်လည်း
ယုံမှာ မဟုတ်တာကြောင့် ပြောပြဖို့ နှုတ်ဆိတ်နေလိုက်သည်။
"အများကြီးတော့ မမှတ်မိပေမဲ့ အနာကျင်ဆုံးအချိန်တွေတော့ မှတ်မိနေတာပေါ့ အကိုကျိရန်ရာ!"
"အော် ဒါဆို ပြောပြပါဦး…
ဟိုးဘဝမှာတုန်း ဘယ်မိန်းကလေးကို ရူးသွပ်ခဲ့လို့လဲ"
ဝမ်ရိပေါ်က သေရည်ပုလင်းကို ပြန်လည်ယူကာ မော့သောက်လိုက်ပြန်သည်။
"ဟင့်အင်း သူတစ်ယောက်တည်းကိုပဲ"
"ရှောင်းကျန့်ပဲ!"
"ဟုတ်တယ်။
ဟိုဘဝမှာက ရှောင်းကျန့်က ကျွန်တော့်ကို မချစ်ဘူး။
ဒီဘဝမှာကျ ရှောင်းကျန့်က ကျွန်တော့်ကို ချစ်တယ် ထင်ရပေမဲ့ နောက်ဆုံးတော့ သူ လိမ်တာ ခံလိုက်ရတာပါပဲ"
"ဟိုဘဝကိုတော့ အကိုမသိပေမဲ့ ဒီဘဝမှာတော့ ရှောင်းကျန့်က ရိပေါ်ကို တကယ်ချစ်တာပါ။ချစ်လို့ပဲ မနေ့ညက သူ…သူ ဟိုဟာကို လက်ခံခဲ့တာပေါ့"
ဝမ်ရိပေါ်က နာကျင်စွာ ပြုံးလိုက်ပြီး ခေါင်းခါလိုက်သည်။
"မဟုတ်ဘူး အကိုကျိရန်။
ဝမ်ဟန်အကြံအောင်မြင်ဖို့အတွက် သူ လုပ်သွားတာ။
ကျွန်တော့်ကို ဒီဘက်မှာ မြူစွယ်ထားတာမို့ ဝမ်ဟန်က ခမည်းတော်က အချိန်ကိုက်စွာ လုပ်ကြံသွားတာ"
"အဲ့လိုမဟုတ်ဘဲ တိုက်ဆိုင်တယ်လို့ ရိပေါ် မတွေးမိဘူးလား"
"သူတို့နှစ်ယောက်ပြောတာကို မကြားခင်အထိ ရှောင်းကျန့်ကို ယုံကြည်ပြီး အဲ့လိုတွေးမိပါတယ်"
"ရိပေါ်က ဘယ်လိုကြားခဲ့လို့လဲ"
"မနေ့ညက ကျန့် အဲ့ကောင်ဆီမှာ ရှိနေတာ ကိုယ်တို့အတွက် လုပ်ခွင့်ရသွားတာပဲ။ကျန့်ကို ကျေးဇူးတင်တယ် သိလား…တဲ့ အဟက်! ဝမ်ဟန်က ရှောင်းကျန့်ကို ပြောနေခဲ့တာ။ ပြီးတော့ ဝမ်ဟန်က ရှောင်းကျန့်လက်ကို ဆွဲပြီး ထွက်သွားတယ်။ရှောင်းကျန့်ကလည်း တစ်ချက်မရုန်းဘဲ လိုက်သွားတယ်လေ။ကျွန်တော် အမြင်မမှားတာတော့ သေချာတယ် အကို ကျိရန်!"
Advertisement
ဝမ်ရိပေါ်က ထိုစကားများကို မျက်ရည်များကျလာရင်း ပြောနေတာ ဖြစ်တာကြောင့် ကျိရန်စိတ်မကောင်းစွာ ရိပေါ်ကို ဖက်ကာ နှစ်သိမ့်လိုက်သည်။
"ရိပေါ်ရယ်!"
"တစ်ဘဝမှာ တစ်ခါလောက် ကျွန်တော် ချစ်ရတဲ့သူကို ယုံကြည်ချင်တယ် အကိုကျိရန်ရယ်!!"
ကျိရန်က ဘာမှပြန်မပြောတော့ဘဲ ဝမ်ရိပေါ်ကျောကို ခပ်ဖြည်းဖြည်းပုတ်ကာ ငြိမ်နေလိုက်သည်။
အခက်အခဲတွေကြားက ကြီးပြင်းလာတဲ့ ကလေးလေး။
မယ်တော်က ဘုရင့်အချစ်တော်ဖြစ်ပေမဲ့လည်း ညီအကို မောင်နှမတွေအကြား မျက်နှာငယ်ခဲ့ရတဲ့ ကလေးလေး။
အခုတော့ အကုန်လုံးကို အထီးကျန်စွာ ကျော်လွှားပြီးတော့
နန်းတက်လာခဲ့ပေမဲ့ နှလုံးသားက ဒဏ်ရာများနဲ့ ပြည့်နှက်နေဆဲ။
ရိပေါ်...မင်းကိုလေ
အကိုအသက်နဲ့ရင်းပြီးနောက်ဆုံးအချိန်အထိကာကွယ်စောင့်ရှောက်ပါ့မယ်လို့ကတိပေးတယ်။
မင်းနှလုံးသားလေး အချစ်စစ်အချစ်မှန်နဲ့ တွေ့ ဆုံပြီး အမြန်ဆုံး အဆင်ပြေပါစေလို့
အကို ဆုတောင်းပေးပါတယ်။
အပူအပင်းကင်းစွာ အိပ်ပျော်နေရှာနေသော ဝမ်ရိပေါ်ကို
ကြည့်ရင်း ကျိရန် ဆိုလိုက်သည်။
*************
နန်းတက်ဘုရင် ဝမ်ရိပေါ်နှင့် ကြင်ယာတော် လီရှင်းယန်
လက်ထပ်ပွဲနေ့…
မာကျောတင်းမာနေသော မျက်နှာထားနှင့် မင်္ဂလာဝတ်ရုံ အနီရောင်ကို ဝတ်ဆင်ကာ မိဖုရားတော်လောင်းအလာကို စောင့်နေသော ဘုရင်မင်းမြတ် ဝမ်ရိပေါ်။
ခဏအကြာမှာတော့ အလှဘုရင်မလေးလို့ ထင်ရက်လောက်အောင် ချောမောသိမ်မွေ့ သော မိဖုရားလောင်း လီရှင်းယန် ရောက်ရှိလာသည်။
.
.
.
.
.
"ဘုရင်မင်းမြတ် ဝမ်ရိပေါ်နှင့် မိဖုရား လီရှင်းယန် မိုးမြေကန်တော့ပါ!"
"လက်ဆက်တာ အထမြောက်တော့မူသွားပြီ ဖြစ်တာကြောင့်
ဒီနေ့ကစပြီး တရားဝင်အကြင်လင်မယား ဖြစ်တော်မူသွားပါပြီ"
ရှောင်းကျန့်ကို ချုပ်ထားသော အဆောင်ဟာ နန်းရင်ပြင်နဲ့
အတော်နီးတာကြောင့် စည်တော်သံကို ရှင်းလင်းစွာ ကြားရလေသည်။
ရှောင်းကျန့် အောက်နှုတ်ခမ်းကို ကိုက်ပြီး ခွေခွေလေးနေလျက်ပင် အလိုက်မသိတတ်သော မျက်ရည်များက အလိုလိုစီးကျလာသည်။
အစကတည်းက မပိုင်ဆိုင်ချင်ပေမဲ့ ချစ်ရသူဖြစ်တာကြောင့်
အတ္တလေးတော့ ဖြစ်မိသည်။အခုလိုအချိန်မှာတော့ ယုတ်မာသော ဝမ်ဟန်ကြောင့် ချစ်ရသူရဲ့ တန်ဖိုးရှိသော အခါသမယလေးကိုပင် မမြင်နိုင်ခဲ့။
သူ့ ဘဝကို သူ နာကျင်သည်။
သူဟာ သာမာန်ဖြစ်နေတာကြောင့် အခုလိုမျိုး အနိုင်ကျင့်ခြင်း ခံနေရတာ ဖြစ်သည်။
သူ ရုန်းထွက်မယ်။ဒီကနေ ရုန်းထွက်ပြီး ဘယ်သူ့ မှမသိသော နေရာတစ်ခုမှာ တိတ်တိတ်ကလေး ရှင်သန်မယ်။
အဝေးကနေပဲ ချစ်ရသော အရှင့်ရဲ့ ကောင်းသတင်းတွေကို
လှပစွာ ပြုံးကာ နားစွင့်နေမယ်။
ချက်ချင်းပဲ မတ်တပ်ရပ်လိုက်ကာ ညက ဖွေရှာထားသော
အပေါက်ဆီသို့ လှမ်းလိုက်သည်။လွယ်လွယ်ကူကူပင် အဆောင်အပြင်ဘက်သို့ ရောက်လာလေသည်။
အပေါ်ဝတ်ရုံကို ချွတ်လိုက်ပြီး ဆံပင်ကို မျက်နှာအုပ်တဲ့အထိ ပုခုံးမှ တစ်ဆင့် ရှေ့သို့ချလိုက်သည်။ဒီအချိန်မှာ နန်းတော်ထဲက လူအများစုသည် ဘုရင့်လက်ဆက်ပွဲတွင်သာ ရှိနေမည် ဖြစ်တာကြောင့် သူလည်း မိန်းကလေးအယောင်ဆောင်ကာ အစောင့်တွေရှေ့ကနေ ဖြတ်ပြီး နန်းရင်ပြင်ဆီသို့ ခပ်မြန်မြန်လျှောက်သွားလိုက်သည်။
ဘယ်အချိန်မဆို မျက်နှာထားတင်းနေသည့် ချစ်ရသူကို
တစ်ချက်လှမ်းကြည့်ပြီး ရှေ့က လှပသော မိဖုရားကို ကြည့်ကာ ခပ်ဖွဖွလေးပြုံးလိုက်မိသည်။
"အရှင်တို့က နေနဲ့လလိုမျိုး လိုက်ဖက်တော်မူပါတယ်။
ကျွန်တော်မျိုးနဲ့ကတော့ ကံမကုန်ရင် ပြန်ဆုံကြမယ် အရှင်။
အရှင် ပျော်ရွှင်ပါစေ အေးချမ်းပါစေ ချစ်ရသောသူနှင့် အသက်ထက်ဆုံး ပေါင်းသင်းနိုင်ပါစေ။အရှင် သွေးကြွေးဆပ်သင့်သော သူများကိုလည်း အမြန်ဆုံး သုတ်သင်ရှင်းလင်းနိုင်ပါစေ။ကျွန်တော်မျိုးရှောင်းကျန့် ချစ်ရသော အရှင့်သားကို နှုတ်ဆက်ခဲ့ပါတယ်။"
ထိုနေ့မှာတော့ အကျဉ်းသားတစ်ယောက် လွတ်မြောက်သွားကို သိရှိခဲ့ပေမဲ့ မည်သူမျှ မရှာဖွေဘဲ မင်းသားဝမ်ဟန်ရဲ့ ကြင်ယာတော်လောင်းကိုသာ အပူတပြင်း လိုက်ရှာဖွေနေတော့သည်။
ဘုရင်မြင့်မြတ် ဝမ်ရိပေါ်သည်လည်း ထိုသတင်းကြောင့်
ရင်ထဲ၌ ပူလောင်စွာ စီးတော်မြင်းကို အမြန်သုတ်ချေတင်ပြီး
နန်းတော်အပြင်သို့ ထွက်လာခဲ့လေသည်။
မင်္ဂလာအိပ်ခန်းဝင်ရန် စောင့်နေသည့် မိဖုရား လီရှင်းယန်သည်လည်း ထိုနေ့ညတွင် အရှင်ရောက်မလာတာကြောင့် စောင့်နေရင်းပဲ အိပ်ပျော်တော် မူသွားလေသည်။
**************************************
ဝမ္ဟန္က ေရွာင္းက်န႔္ကို ဆြဲေခၚလာၿပီး အေဆာင္ေတာ္တြင္း ေရာက္တာနဲ႕ တစ္ကိုယ္လုံးကို သိမ္းက်ဳံးဖက္ေလသည္။ ဒါေပမဲ့ ေရွာင္းက်န႔္က ႐ုန္းကန္ၿပီး ဝမ္ဟန္ရဲ႕ လက္ေမာင္းကို ဖိကိုက္ေလသည္။
"ဖယ္... ကြၽန္ေတာ့္ကို မဖက္ပါနဲ႕"
ဝမ္ဟန္က အတင္း႐ုန္းထြက္ခ်င္ေနေသာ ေရွာင္းက်န႔္ကို ေမးေစ့အားကိုင္ကာ ဆြဲေမာ့လိုက္ၿပီး လည္တိုင္ေပၚက ညိုပုတ္ေရာင္ျဖစ္ေနသည့္ အမွတ္အရာမ်ားကို ၾကည့္ရင္း ခပ္မဲ့မဲ့ ၿပဳံးသည္။
"ဒီအမွတ္ေတြက ဟိုေကာင္လုပ္ထားတာေပါ့"
ေရွာင္းက်န႔္က သူ႕ ေမးေစ့ကို ကိုင္ထားေသာ လက္အား ရိုက္ထုတ္ၿပီး ကိုယ္ကို ႐ုန္းထြက္လိုက္သည္။
"ငါ့ကို မထိနဲ႕
ငါ မင္းကို မုန္းတယ္!"
မ်က္ဝန္းသြယ္သြယ္ေလးမွ မ်က္ရည္ၾကည္မ်ားက ျပည့္လွ်ံ လာၿပီး ခ်စ္ရသူမွ သူ႕ အား နာက်ည္းစြာ ၾကည့္ေလသည္။ ထိုအၾကည့္မ်ားက သူ႕ ႏွလုံးသားအား ဓားနဲ႕မြန္းေနသကဲ့သို႔ ဝမ္ဟန္ ခံစားရသည္။သို႔ေပမဲ့ မ်က္ႏွာအမူအယာကေတာ့ ဟန္ေဆာင္စြာပင္ အၿပဳံးမပ်က္ခဲ့ေပ။
"ႏွစ္ရက္ပဲ လိုေတာ့တယ္။
က်န႔္က ကိုယ့္ၾကင္ယာေတာ္ေလး ျဖစ္လာေတာ့မယ္။
ကိုယ့္ကို မုန္းေနလည္း မထူးဘူးဆိုတာ သိတယ္မလား!"
"မလုပ္ဘူး!
ငါ မင္းရဲ႕ၾကင္ယာေတာ္ ေသေတာင္မလုပ္ဘူး!"
Advertisement
"မရဘူး။ဘုရင့္အကိုေတာ္ရဲ႕အမိန႔္ကို မနာခံလို႔မရဘူး က်န႔္! က်ိန္းေသကို ကိုယ့္ၾကင္ယာေတာ္ ျဖစ္လာမွာ"
"ၾကည့္ေနလိုက္ေလငါ့ကို"
ျပတ္သားစြာ ျငင္းလာေသာ က်န႔္စကားေၾကာင့္ ဝမ္ဟန္ အနည္းငယ္ပင္ တုန္လႈပ္လာေလသည္။ဘယ္ကိုမွ ထြက္ေျပးစရာမရွိတဲ့ က်န႔္က သူ႕ ကိုယ္သူ သတ္ေသမွာေတာ့ မျဖစ္နို္င္ဘူးမလား။
"အျပင္မွာ လူရွိလား!
အထဲကို လာစမ္း"
"လာလာပါၿပီ မင္းသား"
"ေရွာင္းက်န႔္ကို ဒီအေဆာင္ကေန တစ္လွမ္းမွ အျပင္ကို မထြက္ေစနဲ႕။မနက္ျဖန္မွာ မင္းႀကီးက ၾကင္ယာေတာ္နဲ႕ လက္ထပ္ပြဲလုပ္မွာ ျဖစ္ၿပီး ေနာက္ရက္က်ရင္ ငါ့ပြဲျဖစ္တာေၾကာင့္ ဒီႏွစ္ရက္မွာ ငါအားမွာ မဟုတ္ဘူး။ဒါ့ေၾကာင့္ ေရွာင္းက်န႔္ကို ေသခ်ာေစာင့္ၾကည့္ထား ငါ့အမိန႔္ပဲ!!!"
"အမိန႔္ေတာ္အတိုင္းပါ မင္းသား"
ဝမ္ဟန္က ေခါင္းငုံ႕ကာ အံႀကိတ္ေနေသာ ေရွာင္းက်န႔္ကို
တစ္ခ်က္လွည့္ၾကည့္ၿပီး အျပင္သို႔ ျပန္ထြက္သြားေလသည္။
ေရွာင္းက်န႔္ကေတာ့ ဝမ္ဟန႔္ကို ေဒါသထြက္လြန္းတာေၾကာင့္ လက္သည္းေတြ အသားထဲ စိုက္တဲ့အထိ လက္သီးကို ဆုပ္ထားမိေလသည္။
***************
ဒီေန႕မွ နန္းစတက္ေသာ နိုင္ငံေတာ္၏ဘုရင္မင္းျမတ္ကေတာ့ သူ႕ အေဆာင္ေတာ္၌ ေန႕ခင္းဘက္ႀကီး ေသရည္ကို ေသာက္နိုင္သမွ် ေသာက္ေတာ္မူေနေလသည္။
ကိုယ္ရံေတာ္ျဖစ္သူက်ိရန္မွာ အရွင့္ကိုၾကည့္ရင္းစိတ္ပင္ပန္းလာရတာေၾကာင့္ ေသရည္အိုးကိုယူကာေသာက္ၿပီးအရွင့္ကိုအေဖာ္ျပဳေပးသည္။
"က်ိရန္!"
"အမိန႔္ရွိပါ အရွင္"
"ဟားဟား အရွင့္သားကေန အရွင္ ျဖစ္သြားၿပီေပါ့"
"မွန္လွပါ"
"ဒီအတိုင္း လြတ္လြတ္လပ္လပ္ပဲ ေျပာပါလား
က်ိရန္နဲ႕ကြၽန္ေတာ္က ဟိုငယ္ငယ္ေလးကတည္းက အတူတူရွိလာခဲ့တဲ့သူပဲ"
"မွန္လွပါ အရွင္"
ဝမ္ရိေပၚက က်ိရန္ဘက္လွည့္ၾကည့္ၿပီး တစ္ခ်က္ရယ္လိုက္သည္။ၿပီးမွ ေသရည္ပုလင္းကို ေမာ့ေသာက္လိုက္သည္။
"ကြၽန္ေတာ္ေလကြၽန္ေတာ့္ရင္ဘတ္ထဲက နာတယ္သိလား"
"အင္း ရိေပၚ!"
ဝမ္ရိေပၚက က်ိရန္ကို ထပ္မံလွည့္ၾကည့္လိုက္ၿပီး ၿပဳံးကာ
ေခါင္းၿငိမ့္ျပသည္။
"အင္း အဲ့လိုရင္းရင္းႏွီးႏွီးေျပာ
မူးေနတဲ့ ကြၽန္ေတာ့္ကို အကိုက်ိရန္က နည္းနည္းေတာ့ သည္းခံေပး
ဒါေပမဲ့ မူးၿပီး ျပန္နိုးလာခဲ့ရင္ေတာ့ ဒီပုံစံကို ဘယ္ေတာ့မွ
ျပန္ထုတ္ျပမွာ မဟုတ္ေတာ့ဘူး"
"ရိေပၚ ရင္ဖြင့္စရာရွိရင္ ရင္ဖြင့္လို႔ရပါတယ္
ဒီအကိုက်ိရန္က နားေထာင္ေပးမွာမို႔!"
ဝမ္ရိေပၚက လက္ထဲက ေသရည္ပုလင္းကို ေဘးသို႔ခ်လိဳက္ၿပီး က်ိရန္ပုခုံးေပၚသို႔ လက္တင္လိုက္သည္။
"ကြၽန္ေတာ္ကေလ ႐ူးမိုက္တယ္ သိလား!
ဟိုးဘဝမွာေရာ ဒီဘဝမွာေရာအခ်စ့္ေၾကာင့္ ႐ူးမိုက္တယ္"
"ရိေပၚက ဟိုဘဝကို မွတ္မိတယ္"
က်ိရန္က အံ့ၾသစြာ ေျပာေတာ့ ဝမ္ရိေပၚ ရယ္ပဲရယ္ေနလိုက္သည္။ျပန္လည္ေမြးဖြားလာတယ္လို႔ ေျပာလိုက္ရင္လည္း
ယုံမွာ မဟုတ္တာေၾကာင့္ ေျပာျပဖို႔ ႏႈတ္ဆိတ္ေနလိုက္သည္။
"အမ်ားႀကီးေတာ့ မမွတ္မိေပမဲ့ အနာက်င္ဆုံးအခ်ိန္ေတြေတာ့ မွတ္မိေနတာေပါ့ အကိုက်ိရန္ရာ!"
"ေအာ္ ဒါဆို ေျပာျပပါဦး
ဟိုးဘဝမွာတုန္း ဘယ္မိန္းကေလးကို ႐ူးသြပ္ခဲ့လို႔လဲ"
ဝမ္ရိေပၚက ေသရည္ပုလင္းကို ျပန္လည္ယူကာ ေမာ့ေသာက္လိုက္ျပန္သည္။
"ဟင့္အင္း သူတစ္ေယာက္တည္းကိုပဲ"
"ေရွာင္းက်န႔္ပဲ!"
"ဟုတ္တယ္။
ဟိုဘဝမွာက ေရွာင္းက်န႔္က ကြၽန္ေတာ့္ကို မခ်စ္ဘူး။
ဒီဘဝမွာက် ေရွာင္းက်န႔္က ကြၽန္ေတာ့္ကို ခ်စ္တယ္ ထင္ရေပမဲ့ ေနာက္ဆုံးေတာ့ သူ လိမ္တာ ခံလိုက္ရတာပါပဲ"
"ဟိုဘဝကိုေတာ့ အကိုမသိေပမဲ့ ဒီဘဝမွာေတာ့ ေရွာင္းက်န႔္က ရိေပၚကို တကယ္ခ်စ္တာပါ။ခ်စ္လို႔ပဲ မေန႕ညက သူသူ ဟိုဟာကို လက္ခံခဲ့တာေပါ့"
ဝမ္ရိေပၚက နာက်င္စြာ ၿပဳံးလိုက္ၿပီး ေခါင္းခါလိုက္သည္။
"မဟုတ္ဘူး အကိုက်ိရန္။
ဝမ္ဟန္အႀကံေအာင္ျမင္ဖို႔အတြက္ သူ လုပ္သြားတာ။
ကြၽန္ေတာ့္ကို ဒီဘက္မွာ ျမဴစြယ္ထားတာမို႔ ဝမ္ဟန္က ခမည္းေတာ္က အခ်ိန္ကိုက္စြာ လုပ္ႀကံသြားတာ"
"အဲ့လိုမဟုတ္ဘဲ တိုက္ဆိုင္တယ္လို႔ ရိေပၚ မေတြးမိဘူးလား"
"သူတို႔ႏွစ္ေယာက္ေျပာတာကို မၾကားခင္အထိ ေရွာင္းက်န႔္ကို ယုံၾကည္ၿပီး အဲ့လိုေတြးမိပါတယ္"
"ရိေပၚက ဘယ္လိုၾကားခဲ့လို႔လဲ"
"မေန႕ညက က်န႔္ အဲ့ေကာင္ဆီမွာ ရွိေနတာ ကိုယ္တို႔အတြက္ လုပ္ခြင့္ရသြားတာပဲ။က်န႔္ကို ေက်းဇူးတင္တယ္ သိလားတဲ့ အဟက္! ဝမ္ဟန္က ေရွာင္းက်န႔္ကို ေျပာေနခဲ့တာ။ ၿပီးေတာ့ ဝမ္ဟန္က ေရွာင္းက်န႔္လက္ကို ဆြဲၿပီး ထြက္သြားတယ္။ေရွာင္းက်န႔္ကလည္း တစ္ခ်က္မ႐ုန္းဘဲ လိုက္သြားတယ္ေလ။ကြၽန္ေတာ္ အျမင္မမွားတာေတာ့ ေသခ်ာတယ္ အကို က်ိရန္!"
ဝမ္ရိေပၚက ထိုစကားမ်ားကို မ်က္ရည္မ်ားက်လာရင္း ေျပာေနတာ ျဖစ္တာေၾကာင့္ က်ိရန္စိတ္မေကာင္းစြာ ရိေပၚကို ဖက္ကာ ႏွစ္သိမ့္လိုက္သည္။
"ရိေပၚရယ္!"
"တစ္ဘဝမွာ တစ္ခါေလာက္ ကြၽန္ေတာ္ ခ်စ္ရတဲ့သူကို ယုံၾကည္ခ်င္တယ္ အကိုက်ိရန္ရယ္!!"
က်ိရန္က ဘာမွျပန္မေျပာေတာ့ဘဲ ဝမ္ရိေပၚေက်ာကို ခပ္ျဖည္းျဖည္းပုတ္ကာ ၿငိမ္ေနလိုက္သည္။
အခက္အခဲေတြၾကားက ႀကီးျပင္းလာတဲ့ ကေလးေလး။
မယ္ေတာ္က ဘုရင့္အခ်စ္ေတာ္ျဖစ္ေပမဲ့လည္း ညီအကို ေမာင္ႏွမေတြအၾကား မ်က္ႏွာငယ္ခဲ့ရတဲ့ ကေလးေလး။
အခုေတာ့ အကုန္လုံးကို အထီးက်န္စြာ ေက်ာ္လႊားၿပီးေတာ့
နန္းတက္လာခဲ့ေပမဲ့ ႏွလုံးသားက ဒဏ္ရာမ်ားနဲ႕ ျပည့္ႏွက္ေနဆဲ။
ရိေပၚ...မင္းကိုေလ
အကိုအသက္နဲ႕ရင္းၿပီးေနာက္ဆုံးအခ်ိန္အထိကာကြယ္ေစာင့္ေရွာက္ပါ့မယ္လို႔ကတိေပးတယ္။
မင္းႏွလုံးသားေလး အခ်စ္စစ္အခ်စ္မွန္နဲ႕ ေတြ႕ ဆုံၿပီး အျမန္ဆုံး အဆင္ေျပပါေစလို႔
အကို ဆုေတာင္းေပးပါတယ္။
အပူအပင္းကင္းစြာ အိပ္ေပ်ာ္ေနရွာေနေသာ ဝမ္ရိေပၚကို
ၾကည့္ရင္း က်ိရန္ ဆိုလိုက္သည္။
*************
နန္းတက္ဘုရင္ ဝမ္ရိေပၚႏွင့္ ၾကင္ယာေတာ္ လီရွင္းယန္
လက္ထပ္ပြဲေန႕
မာေက်ာတင္းမာေနေသာ မ်က္ႏွာထားႏွင့္ မဂၤလာဝတ္႐ုံ အနီေရာင္ကို ဝတ္ဆင္ကာ မိဖုရားေတာ္ေလာင္းအလာကို ေစာင့္ေနေသာ ဘုရင္မင္းျမတ္ ဝမ္ရိေပၚ။
ခဏအၾကာမွာေတာ့ အလွဘုရင္မေလးလို႔ ထင္ရက္ေလာက္ေအာင္ ေခ်ာေမာသိမ္ေမြ႕ ေသာ မိဖုရားေလာင္း လီရွင္းယန္ ေရာက္ရွိလာသည္။
.
.
.
.
.
"ဘုရင္မင္းျမတ္ ဝမ္ရိေပၚႏွင့္ မိဖုရား လီရွင္းယန္ မိုးေျမကန္ေတာ့ပါ!"
"လက္ဆက္တာ အထေျမာက္ေတာ့မူသြားၿပီ ျဖစ္တာေၾကာင့္
ဒီေန႕ကစၿပီး တရားဝင္အၾကင္လင္မယား ျဖစ္ေတာ္မူသြားပါၿပီ"
ေရွာင္းက်န႔္ကို ခ်ဳပ္ထားေသာ အေဆာင္ဟာ နန္းရင္ျပင္နဲ႕
အေတာ္နီးတာေၾကာင့္ စည္ေတာ္သံကို ရွင္းလင္းစြာ ၾကားရေလသည္။
ေရွာင္းက်န႔္ ေအာက္ႏႈတ္ခမ္းကို ကိုက္ၿပီး ေခြေခြေလးေနလ်က္ပင္ အလိုက္မသိတတ္ေသာ မ်က္ရည္မ်ားက အလိုလိုစီးက်လာသည္။
အစကတည္းက မပိုင္ဆိုင္ခ်င္ေပမဲ့ ခ်စ္ရသူျဖစ္တာေၾကာင့္
အတၱေလးေတာ့ ျဖစ္မိသည္။အခုလိုအခ်ိန္မွာေတာ့ ယုတ္မာေသာ ဝမ္ဟန္ေၾကာင့္ ခ်စ္ရသူရဲ႕ တန္ဖိုးရွိေသာ အခါသမယေလးကိုပင္ မျမင္နိုင္ခဲ့။
သူ႕ ဘဝကို သူ နာက်င္သည္။
သူဟာ သာမာန္ျဖစ္ေနတာေၾကာင့္ အခုလိုမ်ိဳး အနိုင္က်င့္ျခင္း ခံေနရတာ ျဖစ္သည္။
သူ ႐ုန္းထြက္မယ္။ဒီကေန ႐ုန္းထြက္ၿပီး ဘယ္သူ႕ မွမသိေသာ ေနရာတစ္ခုမွာ တိတ္တိတ္ကေလး ရွင္သန္မယ္။
အေဝးကေနပဲ ခ်စ္ရေသာ အရွင့္ရဲ႕ ေကာင္းသတင္းေတြကို
လွပစြာ ၿပဳံးကာ နားစြင့္ေနမယ္။
ခ်က္ခ်င္းပဲ မတ္တပ္ရပ္လိုက္ကာ ညက ေဖြရွာထားေသာ
အေပါက္ဆီသို႔ လွမ္းလိုက္သည္။လြယ္လြယ္ကူကူပင္ အေဆာင္အျပင္ဘက္သို႔ ေရာက္လာေလသည္။
အေပၚဝတ္႐ုံကို ခြၽတ္လိုက္ၿပီး ဆံပင္ကို မ်က္ႏွာအုပ္တဲ့အထိ ပုခုံးမွ တစ္ဆင့္ ေရွ႕သို႔ခ်လိဳက္သည္။ဒီအခ်ိန္မွာ နန္းေတာ္ထဲက လူအမ်ားစုသည္ ဘုရင့္လက္ဆက္ပြဲတြင္သာ ရွိေနမည္ ျဖစ္တာေၾကာင့္ သူလည္း မိန္းကေလးအေယာင္ေဆာင္ကာ အေစာင့္ေတြေရွ႕ကေန ျဖတ္ၿပီး နန္းရင္ျပင္ဆီသို႔ ခပ္ျမန္ျမန္ေလွ်ာက္သြားလိုက္သည္။
ဘယ္အခ်ိန္မဆို မ်က္ႏွာထားတင္းေနသည့္ ခ်စ္ရသူကို
တစ္ခ်က္လွမ္းၾကည့္ၿပီး ေရွ႕က လွပေသာ မိဖုရားကို ၾကည့္ကာ ခပ္ဖြဖြေလးၿပဳံးလိုက္မိသည္။
"အရွင္တို႔က ေနနဲ႕လလိုမ်ိဳး လိုက္ဖက္ေတာ္မူပါတယ္။
ကြၽန္ေတာ္မ်ိဳးနဲ႕ကေတာ့ ကံမကုန္ရင္ ျပန္ဆုံၾကမယ္ အရွင္။
အရွင္ ေပ်ာ္႐ႊင္ပါေစ ေအးခ်မ္းပါေစ ခ်စ္ရေသာသူႏွင့္ အသက္ထက္ဆုံး ေပါင္းသင္းနိုင္ပါေစ။အရွင္ ေသြးေႂကြးဆပ္သင့္ေသာ သူမ်ားကိုလည္း အျမန္ဆုံး သုတ္သင္ရွင္းလင္းနိုင္ပါေစ။ကြၽန္ေတာ္မ်ိဳးေရွာင္းက်န႔္ ခ်စ္ရေသာ အရွင့္သားကို ႏႈတ္ဆက္ခဲ့ပါတယ္။"
ထိုေန႕မွာေတာ့ အက်ဥ္းသားတစ္ေယာက္ လြတ္ေျမာက္သြားကို သိရွိခဲ့ေပမဲ့ မည္သူမွ် မရွာေဖြဘဲ မင္းသားဝမ္ဟန္ရဲ႕ ၾကင္ယာေတာ္ေလာင္းကိုသာ အပူတျပင္း လိုက္ရွာေဖြေနေတာ့သည္။
ဘုရင္ျမင့္ျမတ္ ဝမ္ရိေပၚသည္လည္း ထိုသတင္းေၾကာင့္
ရင္ထဲ၌ ပူေလာင္စြာ စီးေတာ္ျမင္းကို အျမန္သုတ္ေခ်တင္ၿပီး
နန္းေတာ္အျပင္သို႔ ထြက္လာခဲ့ေလသည္။
မဂၤလာအိပ္ခန္းဝင္ရန္ ေစာင့္ေနသည့္ မိဖုရား လီရွင္းယန္သည္လည္း ထိုေန႕ညတြင္ အရွင္ေရာက္မလာတာေၾကာင့္ ေစာင့္ေနရင္းပဲ အိပ္ေပ်ာ္ေတာ္ မူသြားေလသည္။
**************************************
Advertisement
- In Serial921 Chapters
Reborn : Space Intelligent Woman
Revenge is the only thing she wants after knowing the truth.
8 12765 - In Serial304 Chapters
The Satan CEO’s Woman: He Unexpectedly Fell In Love With Her
She was the daughter of the leader of the League of Mercenaries. She was an S-Class Level Assassin and was on a league of her own.
8 1697 - In Serial6 Chapters
Steps to raise a Wife - SRW
When two different generations of individuals come together in an arranged marriage because of their families interest. One is a workaholic CEO of a city's biggest financial company while the other is a happy-go-lucky college student. This is a story of a man who is subconsciously raising his wife while the wife is trying to act like a mature and responsible wife. Let's witness their remarkable journey to have a happy ever-after story.
8 203 - In Serial32 Chapters
The fashion consultant | Sherlock Holmes x Reader|
A fashion consultant with a sharp eye meets Sherlock Holmes. A consulting detective that calls himself a high functioning sociopath in the most normal of circumstances. When she arrives at her new flat at 221 b backer street.
8 210 - In Serial59 Chapters
College Students
First day of college. Darcy Winters is a new student, she's quiet, quirky, lovable but not what people expect when they really get to know her, she puts on an act to mask what goes on in her head, to fight the battle of mental illness that controls her life, she doesn't tell most people because most people simply don't care or call her an attention seeker so she doesn't bother to let anyone in, but there is someone who lies in her future that she just might let in. Issac Flynn, the lovable rouge of the college, he's been a student for longer then he should by having failed most his subjects, he's very cheeky and wins over the hearts of teachers to get what he wants but will he also win the heart of someone else when all the new students arrive?
8 222 - In Serial44 Chapters
Little Dark Age ◆ JeonJungkook✔
"Dying was NOT on today's agenda.""Dying shouldn't be on any days agenda.""Oh, since when are you the one making the plans, huh?"❖Surviving the apocalypse is hard and all but have you tried getting along with a scythe swinging, sociopathic maniac? Yeah. THAT'S hard. Too bad that said sociopathic maniac is your only insurance of staying alive in this absolute mayhem.Highest Ranking:#2 post-apocalyptic
8 118

