《After Agonising ,Will You Love Again? [ Completed ]》CHAPTER - [ 17 ]
Advertisement
ပုန်းနေသော လူတစ်ယောက်ကို ရှာတွေ့ ဖို့ဆိုတာ မဖြစ်နိုင်ဘူးဆိုတာ နားလည်မိပါရဲ့။ထွက်သွားတော့မှ ရင်ထဲ၌ အဆုံးရှုံးမခံနိုင်သော ခံစားချက်တို့သည် ဝမ်ရိပေါ် နှလုံးသားကို ပြင်းထန်စွာ ရိုက်ခတ်ပါသည်။
ထွက်ပြေးသွားသောသူသည် သူ လွဲမှားစွာ သိထားသည့်အကြောင်းအရာများကို အမှားဖြစ်ကြောင်း ထင်ထားခဲ့သည့် အတွေးများဟာ အမှားဖြစ်ကြောင်း ပေါ်လွင်အောင် သူ့ စိတ်ကို မြင်သာအောင် ပြသွားလေသည်။
တကယ်လို့ သူထင်ထားသည်များဟာ အမှန်သာ ဖြစ်မယ်ဆို ထိုသူသည် အဘယ်ကြောင့် နန်းတော်အပြင်သို့ ထွက်ပြေးအံ့မည်နည်း။မကြာမီခင်ပဲ သူ ချစ်ရသောသူဟု ထင်ခဲ့မိသည့်သူနှင့် လက်ဆက်တော့မည်ပဲကို။
မယုံကြည်မိခဲ့လို့ ကိုယ်တောင်းပန်ပါတယ် ရှောင်းရှောင်း။ကိုယ်ဟာ အသိဥာဏ်မရှိတဲ့သူတစ်ယောက်ပါ။ပြန်လာပေးပါ…ကိုယ့်အနီးဆုံးကို ပြန်လာပေးပါ။မင်း ကိုယ့်ကို ချစ်ပေးခဲ့တဲ့ အချစ်ထက် သာလွန်အောင် များစွာ မြတ်နိုးပေးပါ့မယ်။
နှုတ်တော်မှ ထိုစကားကို ထပ်ခါထပ်ခါ အော်ပြောရင်း နာကျင်မောပန်းစွာ ရှိုက်ငိုမိသည်။ဘယ်လိုမှ ရှာမတွေ့ တော့သော သူကို တမ်းတစွာ သုံးရက်မနားမနေ ရှာဖွေရင်းကွင်းပြင်ကျယ်တစ်ခုတွင် အရှင် ဝမ်ရိပေါ် လမှိုင်းချစွာ အော်နေမိသည်။
********
လွန်ခဲ့သော ခြောက်လခန့်မှ ဖြစ်ပွားသော အခိုင်အတန့်များသည် လွန်စွာမှ သူ့ နှလုံးသားကို စုတ်ပြတ်စေသည်။
အခုချိန်မှာ ဘယ်များရောက်လို့နေမှာပါလဲ။
နေများကောင်းတော် မူရဲ့လား။
အချုပ်ထဲမှ လွတ်မြောက်သွားသလို ပျော်ရွှင်နေမှာလား ရှောင်းရှောင်း။
ကိုယ်ကတော့ အဆင်မပြေဘူး နှလုံးသားလေးရယ်။
ကျိရန် အကူအညီကြောင့် တိုင်းပြည်ရေးရာတွေကို ချောမွေ့ အောင် လုပ်နေပေမဲ့ မင်းကို တမ်းတသော စိတ်များက နေ့တိုင်း နေ့တိုင်း အချိန်တိုင်း အချိန်တိုင်း ကိုယ့်ကို စိုးမိုးလျက်ရှိတယ်။ကိုယ့်ဆီ ပြန်လာပေးပါလား…
မင်း နှစ်သက်တဲ့ ပန်းဥယျာဉ်လေးကို ကိုယ်ကိုတိုင် ပြုစုစိုက်ပျိုးထားတယ်။ပန်းတွေလည်း အများကြီး ထပ်တိုး စိုက်ထားပေးတယ်။လွမ်းခဲ့ရသော နေ့တွေကို ရေတွက်ရင်း အရှင်မင်းကြီး ဝမ်ရိပေါ်က မင်းကို တမ်းတနေပါတယ် ရှောင်းရှောင်းရေ။
***********
ရှောင်းကျန့် နန်းတော်မှ အဝေးဆုံးနေရာသို့ ရောက်နိုင်သမျှ သွားနိုင်သမျှသော အားဖြင့် သွားနေသည်။ရုပ်ဖျက်ထားသော သူ့ ကို အများစုက မိန်းကလေးလို့ထင်ပြီး တစ်နာရာသို့ ရောက်တိုင်း တတ်နိုင်သမျှ အကူအညီပေးကြလေသည်။
သို့ပေမဲ့ အခုရောက်နေသော နေရာကား အိမ်ခြေအနည်းငယ်ပျက်သော လမ်းတစ်ခု ဖြစ်သည်။အဝေးတစ်ရာမှ မြင်နေရသော မီးရောင်လေးတစ်ခုကို လှမ်းမျှော်ကြည့်ရင်း ထိုနေရာသို့ မြန်မြန်ရောက်အောင် သွားသည်။မကြာခင်မှာပင် မှောင်လာတော့မည့် ဖြစ်တာကြောင့် ထိုနေရာမှာ တည်းခိုရဖို့ ခွင့်တောင်းရဦးမည် ဖြစ်သည်။
သူ မြင်နေရသော မီးအရောင်နှင့် နီးကပ်လာသည်နှင့်အမျှ လူတစ်ချို့ ၏ စကားပြောဆိုသံများအား ကြားရသည်။သာမာန်စကားပြောနေသည်နှင့်မတူဘဲ လေးတိလေးတွဲနှင့် ဆွဲဆွဲငင်ငင်ပြောဆိုနေကြသည်။
ထိုအသံများ၏ ပိုင်ရှင်များသည် သေရည်သောက်သုံးထားသည့် သူများ ဖြစ်နိုင်ချေရှိသည်ဟု ခန့်မှန်းမိသည်။သို့သော် ဒီတစ်ညစာ တည်းခိုခွင့်ရရန်အတွက် ထိုသူများဆီမှ ရှောင်းကျန့် အကူအညီလိုနေသည်။
"ဟေ့ တစ်ယောက်တည်းလား!"
ရှောင်းကျန့် ခေါင်းကို အသာငုံ့ကာ ဖြည်းဖြည်းငြိမ့်ပြလိုက်သည်။ပြီးနောက် ခေါင်းကို မော့ပြီး အကူအညီတောင်းရန် အစပြုလိုက်သည်။
"တစ်ခုလောက် ကူညီပေးပါလား…
ဒီအနားမှာ တည်းခိုလို့ရမည့်နေရာ ရှိနိုင်မလားဟင်"
အရှေ့က သက်လတ်ပိုင်းအရွယ် လူကြီး ငါးယောက်က တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ရှောင်းကျန့်ကို ပြန်ကြည့်လာသည်။
"အသံလေးက ယောကျာ်းလေး အသံပါလား!
မင်းက ယောကျာ်းလေးလား မိန်းကလေးလား"
"ကျွန်တော်က ယောကျာ်းလေးတစ်ယောက်ပါ"
ထိုအထဲမှ တစ်ယောက်က ရှောင်းကျန့်ဆီသို့ အနီးကပ်လာပြီး ရဲတင်းစွာပင် သူ့ မေးစေ့အား ဆွဲမော့လိုက်သည်။
"ရုပ်ရည်က အရမ်းလှတယ်ကွ…
ယောကျာ်းလေးလား မိန်းကလေးလားဆိုတာ ငါတို့ ဒီနားချုံပုတ်ထဲမှာပဲ စမ်းသပ်ကြည့်ကြမလား!"
နောက်ကလူလေးယောက်ကပါ တဟားဟားအော်ရယ်လာပြီး
သူ့ အနားသို့ တိုးကပ်လာလေသည်။ဒီလူငါးယောက်ကြားထဲက ဘယ်လိုထွက်ပြေးရမလဲဆိုတာ ရှောင်းကျန့် အမြန်စဉ်းစားနေရသည်။
"ယောကျာ်းလေးလည်း အဆင်ပြေတယ်ကွ…
ငါတို့ တစ်သက်မှ တစ်ခါပဲ ရမှာ!"
"ဟားဟား အလှလေးကို ချုပ်ကွာ"
ရှောင်းကျန့် နောက်ကို ဆုတ်ရင်း ဆုတ်ရင်း ဖင်ထိုင်လျက် ကျသွားသည်။ထိုလူငါးယောက်ကလည်း သူ့ ကို အုံ့မိုးလာပြီး
သူ့ လက်တွေကို ချုပ်ကိုင်ကာ အတင်းနမ်းရှုတ်လာသည်။
ခွပ်!!
ထိုထဲမှ လူတစ်ယောက်ရဲ့ ခေါင်းကို တစ်စုံတစ်ယောက်က
တစ်ခုခုဖြင့် ရိုက်လိုက်သောအသံ ဖြစ်သည်။
"ဘယ်ခွေးမသားက ငါတို့ကို ရန်လာစတာလဲကွ"
တစ်ကိုယ်လုံး အနက်ရောင်ဝတ်စုံဝတ်ထားသည့် လူက
ထွက်လာပြီး ထိုလူငါးယောက်အား လျှင်မြန်စွာပင် တစ်ယောက်တစ်ချက်စီ တိုက်ခိုက်လေသည်။
ထိုသူသည် သိုင်းပညာတတ်သော သူသာ ဖြစ်သည်။
မနိုင်တော့မှန်းသိသော အရက်သမားငါးယောက်တို့လည်း
အလျှင်အမြန်ပင် အဝေးသို့ ပြေးထွက်သွားလေသည်။
ရှောင်းကျန့်လည်း ငေးငိုင်ကြည့်နေတာကြောင့် ထိုအနက်ရောင်ဝတ်စုံဖြင့်လူ အနားရောက်လာကာမှ သတိပြန်ဝင်လာသည်။ဖရိုဖရဲဖြစ်နေသော သူ့ ကို ထိုလူက သပ်ရပ်စွာ ပြင်ပေးပြီး သူမေးစေ့ကိုလည်း ကိုင်လိုက်သည်။
"အလှလေး"
ထိုလူက မျက်နှာ၌ အုပ်ထားသော ပုဝါစကို ဖြည်ချလိုက်ပြီး
ရှောင်းကျန့်အား အပြုံးမမည်သော အပြုံးတစ်ခုကို ပြုံးပြလာသည်။
"စုန့်လန်!"
Advertisement
"အင်း ကိုယ်လေ…
လာ သွားကြအောင်!"
စုန်လန့်က ရှောင်းကျန့်လက်အား ဆွဲကာ ထိုလမ်းနေရာတွေကို ကျွမ်းကျင်စွာ တစ်နေရာဆီသို့ ခေါ်ဆောင်သွားလေသည်။
***********
ဝမ်ဟန်ကတော့ ရှောင်းကျန့်ထွက်ပြေးသွားသည့်နေ့မှစ၍
အော်ဟစ်သောင်းကျန်းနေလေသည်။သူ့ လူတွေနဲ့နေရာအနှံ့အပြားရှာဖွေသော်လည်း ကျန့်ရဲ့ခြေရာလေးပင် ရှာမတွေ့ ။
ရင်ထဲ၌ ပူလောင်နေသော ခံစာချက်တွေကို စေခိုင်းသူ
ညွှန်ကြားသူ မယ်တော်ဖြစ်သူအား အကုန်လုံး ပုန်ချပစ်သည်။
"သားတော်ရယ် လူတစ်ယောက်ကြောင့် ဒီလောက်သောင်းကျန်းပြမှ ဖြစ်မှာလား"
"ကျွန်တော်ချစ်တဲ့သူက ကျွန်တော့်အနားက ထွက်ပြေးသွားတာကို ကျွန်တော်က ပျော်ရွှင်ပြနေရမှာလား မယ်တော်။
မယ်တော်ပြောတော့ ဒီလိုတွေ အကုန်လုပ်လိုက်ရင် ကျွန်တော် ကျန့်ကို အေးဆေးပိုင်ဆိုင်နိုင်ပြီဆို!"
"အရာရာကို ကွက်တိ လုပ်ခဲ့တာပဲ။
ဒါပေမဲ့ ဟိုကောင်လေးက ထွက်ပြေးသွားတော့ မယ်တော်လည်း ဘယ်တတ်နိုင်ပါ့မလဲ။သူ မရှိလည်း ဘာဖြစ်လဲ သူ့ နေရာမှာ မိန်းကလေးလှလှလေးတွေ မယ်တော်ရှာပေးမယ်"
ဝမ်ဟန်က ခေါင်းခါပြလိုက်ပြီး သူ့ မယ်တော်အနားသို့ တိုးကပ်သွားလိုက်သည်။
"သူ တစ်ယောက်ကိုပဲ ချစ်တယ် မယ်မယ်
သူ့ ကိုပဲ လိုချင်တယ်။အခြားသူတစ်ယောက်နဲ့ အိပ်ပြီးတာတောင် ကျွန်တော် လိုချင်နေတုန်းပဲ။သူ့ ကို ရှာပေးပါ မယ်မယ်။တကယ်လို့ သူ မရှိရင် ကျွန်တော် ရူးသွားလိမ့်မယ် မယ်မယ်။မယ်မယ်လိုချင်တဲ့ ထီးနန်းကို ရအောင် ယူပေးပါ့မယ်။ကျန့်ကို ရှာပေးပါနော်"
သားဖြစ်သူက ဝမ်းနည်းစွာငိုကြွေးနေတော့လည်း အမေဖြစ်သူ သူမကလည်း သားတော်အတွက် ကြိုးစားရှာပေးဖို့
ခေါင်းငြိမ့်လိုက်သည်။ပြီးတော့ သူလိုချင်သော အရာတစ်ခုကိုလည်း ရအောင်ယူပေးမယ်လို့လည်း ပြောသေးတာကို။
"မယ်မယ် တတ်နိုင်သမျှ ရှာပေးပါ့မယ်။
ဒီအတောအတွင်းမှာ သားတော်က သောင်းကျန်းမနေဘဲ ဝမ်ရိပေါ်ရဲ့ အားနည်းချက်ကို ထပ်ရှာနေပါ။ဝမ်ရိပေါ်လည်း
ထိုကောင်လေးကို ချစ်မိနေတယ်ဆိုရင် အပူတပြင်းရှာဖွေနေသည်မှာ အမှန်ပင်။အဲ့ထွက်ပြေးသွားတဲ့နေ့ကတောင် သူကိုယ်တိုင် စီးတော်မြင်းနဲ့တစ်ယောက်တည်း လိုက်ရှာသေးတယ်မလား"
"ဟုတ်တယ် မယ်မယ်။
ဝမ်ရိပေါ်က ပါးစပ်ကနေ ကျန့်ကို မချစ်ဘူးပြောနေပေမဲ့ သူ့ ရင်ထဲမှာ ရှိနေတယ်ဆိုတာ သိသာတယ် မယ်မယ်။"
"ဟုတ်ပြီ။
သူ့ ကို အမြန်ဆုံးရှင်းနိုင်ဖို့ မယ်မယ်တို့ ကြိုးစားရမယ်"
********
"အရှင့်ကို ကျွန်တော်မျိုး လျှောက်တင်စရာ ရှိပါတယ်"
"ဝင်လာခဲ့"
အရင်ကထက် အပြုံးတွေရှားပါးသွားသော အရှင်ဖြစ်သူအား ကျိရန် ကြည့်ရင်း သက်ပျင်းအနည်းငယ် ချမိသည်။အရှင်သည် တည်ငြိမ်နေပုံပေါ်နေပေမဲ့ ရင်ထဲမှာ ဘယ်လောက်ပူနေမလဲဆိုတာ ကျိရန် ရိပ်မိပါသည်။
"အရှင့်လက်ဆက်ပွဲနေ့က ကျွန်တော်တို့ မသိလိုက်သော ကိစ္စတစ်ခုရှိပါတယ်"
"အင်း ပြော"
"အဲ့နေ့က အကျဉ်းသား စုန့်လန် ထွက်ပြေးလွတ်မြောက်သွားပါတယ်။ထိုနေ့က အရှင့်သား လက်ဆက်ပွဲဖြစ်နေတာက တစ်ကြောင်း ရှောင်းကျန့်ထွက်ပြေးသွားသော အကြောင်းက တစ်ခုဖြစ်တာကြောင့် အာရုံမစိုက်မိသွားသလို ဖြစ်မိသွားပါတယ် အရှင့်။ကျွန်တော်မျိုး အမှားပါ"
"ဒါက ကျိရန်အမှားမဟုတ်ပါဘူး။အကျဉ်းခန်းစောင့်နေတဲ့
ရဲမက်တွေရဲ့ လစ်ဟင်းမှုပါ။ဒါဆို အကျဉ်းသားစုန့်လန်ကို
အလိုရှိကြောင်း ပုံတူပန်းချီဆွဲပြီး ဖြန့်ဝေလိုက်ပါ။သတင်းပေးတဲ့သူ့ ကိုလည်း ဆုတော်လာဒ်တော် ချီးမြှင့်ပါ "
"အမိန့်တော်အတိုင်းပါ အရှင်"
"ပြီးတော့……ရှောင်းကျန့်။
အင်း သူ့ ကိုလည်း အဲ့လိုထုတ်လိုက်ပါ။အမိန့်မပါဘဲ ထွက်ပြေးတယ်ဆိုကတည်းက ပစ်မှုမြောက်တာပဲ။သေချာကို ပုံတူဆွဲပါ။ရှောင်းကျန့်ရဲ့ ဘယ်ဘက်နှုတ်ခမ်းအောက်မှာ မှဲ့ပါတယ်"
"မှန်လှပါ အရှင်။
ဒါဆို ကျွန်တော်မျိုး အခု လုပ်ဆောင်လိုက်ပါတော့မယ်။
ကျွန်တော်မျိုးကို ခွင့်ပြုပါဦး အရှင်"
"အင်း သွားတော့!"
ဝမ်ရိပေါ်က ပေလွှာတစ်လိပ်ကို ကောက်ကိုင်လိုက်ပြီး
ဖတ်ချင်ယောင် ဆောင်လိုက်သည်။အရမ်းတမ်းတနေပေမဲ့
ဘုရင်တစ်ယောက်၏သိက္ခာဖြစ်တာကြောင့် ဟန်ဆောင်ထားတာ ဖြစ်သည်။
ပေလွှာထက်၌ ပေါ်လာသည့် စာတွေအစား အပြစ်ကင်းစင်သည့် မျက်နှာလေး။ဖြူစင်သည့် အပြုံးလှလှလေး။ပြုံးလိုက်တိုင်း သွယ်လျသော မျက်ဝန်းလေးများသည် စာမျက်နှာ၌
ပေါ်လာသည်။
သူ့ ကိုမြင်တိုင်း တစ်ခုခုကို လွမ်းနေသလိုလို တောင်းပန်သလိုလို ကြည့်လာသည့် မှိုင်းညို့ ညို့အကြည့်တွေ။နှုတ်ခမ်းပါးလေး ပြုံးလိုက်တိုင်း ပေါ်လာသည့် သွားညီညီလေးတွေ။ ထိုကြားထဲမှာမှ အရှေ့နှစ်ချောင်းပဲ ကွက်ကြီးနေသည့် ယုန်သွားလေး နှစ်ချောင်း။
ပေလွှာကို ပိတ်ပြီး မျက်လုံးကို မှိတ်ချလိုက်သည်။
ချက်ချင်းပင် အတင်းတိုးဝင်လာသော အတိတ်ဘဝက အကြောင်းအရာ။
ချစ်ရသောသူ့ ကို စတွေ့ ခဲ့သည့်နေ့။
အသက် ၁၈ ပြည့်ပြီး နောက်တစ်နေ့ တောကစား ထွက်ခဲ့နေသည့်နေ့။တောထဲမှာ ယုန်လေးတစ်ကောင်ကို တွေ့ ခဲ့သည်။ယုန်လေးက သိပ်ချစ်စရာကောင်းတယ်။သူ အပိုင်လိုချင်လာတယ်။
**************************************
Advertisement
********
***********
"ဟေ့ တစ်ယောက်တည်းလား!"
ခွပ်!!
"အလှလေး"
"စုန့်လန်!"
"အင်း ကိုယ်လေ
လာ သွားကြအောင်!"
***********
"ဟုတ်တယ် မယ်မယ်။
"ဟုတ်ပြီ။
********
"ဝင်လာခဲ့"
"အင်း ပြော"
"မှန်လှပါ အရှင်။
"အင်း သွားတော့!"
ပေါ်လာသည်။
**************************************
Advertisement
- In Serial58 Chapters
Just the Baby Momma
Ashley is an introverted nurse who tends to stay out of the scene, while Izzy is a rap star who is focused on his career. After a one night stand both of their worlds change. Can they figure things out for their childs stake or will they grow to hate each other. Read to find out more...#1 in fiction (05/23/20)#1 in unplanned (06/11/20)#1 in one night stand (04/22/20)#1 in baby daddy (04/22/20)#1 in babymama (04/22/20)#1 in bwbm (05/01/20)#1 in blacklove (05/03/20)#1 in bandhuntaizzy (05/01/20)#1 in black woman (05/03/20)#1 in rapper (05/10/20)#1 in bitter (05/23/20)#10 in urban (05/16/20)#2 in bitter (05/26/20)
8 115 - In Serial24 Chapters
Dil Mein Ho Tum (Completed)
#2 - muslim | 15-12-2021#2 - muslim love story | 15-12-2021#3 - forbidden | 1-08-2021#4 - spiritual | 28-01-2021#4 - intense | 17-12-2021#3 - twists and turns | 8-08-2022#6 - desi | 23-12-2021#14 - islamic love story | 27-03-2021#11 - love at first sight | 22-12-2021#14 - forbidden | 12-11-2021#22 - lovestory | 13-10-2021#16 - indian | 15-10-2021#34 - urdu | 5-12-2021#23 - marriage | 12-12-2021#21 - india | 16-12-2021 •••"This feels so right." Ayaan whispered, putting my hair behind my ear. Making butterflies appear in my stomach."Wh-What?" I asked nervously."You being My Wife." He said staring at me with such intensity in his eyes, making me blush.Hearing him calling me His wife, did something to my heart. "You were the one who kidnapped Mustafa, weren't you?" I asked suspiciously.A chuckle escape his lips, making him even more handsome than he is."Yes." He agrees."Why?" I gasped."Jaan Ho Tum Mere, Zoya. Aese kaese Mein Tumhe Kisi Aur Ka Hone Deta." He growls possessively, pulling me closer to him.
8 222 - In Serial61 Chapters
The Blood Order
"Are you coming to bed firefly?" He says to me laying his hands over my waist joining me in looking over the city. "I want to look out for a little longer if that is alright?" I mumble hoping that he heard me anyways, I wasn't ready to walk into that bedroom, and I don't think I ever would be. "Of course, I'll be getting ready for bed, come in whenever you are ready." He says confidently and walks away leaving my waist cold something for which I am grateful. Especially when my mind burns with other more dangerous thoughts. The warmth that forever lingers in the air, never burning the skin, but always reminding about what is around us. I force air into my lungs feeling the unexpected warmth fill me. He stands in the room watching me even though he said he was getting ready for bed. He is worried about me, about me jumping. I have contemplated it I will admit, but he would stop me before I fell even two feet. I was stuck, and no one could save me. Not even myself, my fucking weak self. His presence is demanding no matter where we are, but right now I could sense everything about him, and I try to suppress the unwanted feelings that curl right under my skin."Firefly? About done?" He calls out and I release my hand from the guard rail not realizing that as I looked at the lights that covered the shining city with the falling fire in the background that my subconscious was thinking about how nice it would be... how relieving it would be... to just fall. True freedom. I take a step back and wrap my hands together turning around to a fully clothed unchanged man and nod once. I could see the fear in his eyes that I would, he knows if he gave me the chance...I wasn't ready for this, but I had to survive. No matter what.Highest Ranks: #17 In Romance #5 in Soulmates
8 201 - In Serial17 Chapters
The knight family (sequel to Mr.&Mrs Knight )
The beginning of the sequel of Mr.&Mrs Knight is out! Follow the journey of the Knight family. See what life has in-store for them.
8 176 - In Serial30 Chapters
Where She Belongs
Looking at the motivational poster, I couldn't stop myself from snorting at the ridiculousness of it all. 'Why fit in, when you were born to stand out?' Who ever came up with that masterpiece was clearly not a wolf-shifter or had ever been a teenager. I would have killed to fit in - literally.----When you're a single, twenty-four year old wolf-shifter, that is unable to actually shift, pack is the over extended family you try to avoid at Christmas. No matter how hard she has tried to blend in, Samara Franklin has been cursed with not only the inability to shift, but to be what is termed a 'lone wolf'. She has no desire to be one of the pack, to follow her alpha's lead and has always preferred her own company over that of her family. For a race that is so co-dependent on one another, Samara just isn't. Yet it's more than that, Samara knows it, feels it, but what exactly it is, is something she has been unable to discover. Now with reports of someone hunting her kind, could the answers she's been looking for finally be found?
8 231 - In Serial34 Chapters
The Neko (boy x boy)
What happens when a neko is mated to a werewolf? Will he be able to outrun his abusive past so he can finally be happy?Boy x boy R18 Mature languageAbuse RapeSuicide mention
8 289