《After Agonising ,Will You Love Again? [ Completed ]》CHAPTER - [ 22 ]
Advertisement
Unicode
"အရှင်…"
ပေလွှာတွေကို ဖတ်နေတုန်း ကိုယ်ရံတော်ကျိရန်ရဲ့ အခေါ်ကြောင့် ခေါင်းငဲ့ကြည့်လိုက်သည်။
"ပြောပါ ကျိရန်"
"မိဖုရားရှင်းယန် အခန်းထဲမှာ အဆိပ်မိပြီး သေဆုံးနေကြောင်းပါ"
"ဘာ!"
အပြစ်မရှိပါပဲလျက် နန်းသွေးလေးကို လွယ်ထားရတဲ့ မိဖုရားရှင်းယန်က အသက်ပေးလိုက်ရပြီ။ဘယ်သူ့ လက်ချက်ဆိုတာ ရိပ်မိလောက်ပေမဲ့ ဘာမှမလုပ်ချင်တာကြောင့် သက်ပြင်းတစ်ချက်ချကာ အရှင်က ဒီအတိုင်းပင် ထားခဲ့လေသည်။
ကိုယ်ရံတော် ကျိရန်ထွက်သွားတော့မှ ဝမ်ရိပေါ်က အပြစ်မဲ့သော ရှင်းယန်အား သူကိုယ်တိုင် လုပ်ခဲ့သည်ကို နည်းနည်းတော့ နောင်တရမိပေမဲ့ သူဟာ အချစ်ရူးတစ်ယောက်လို ဖြစ်နေတာကြောင့် အမှန်တရားတွေကို မျက်ကန်းခဲ့ပါသည်။
ဧကရာဇ် ဝမ်ရိပေါ်က မိဖုရားရှင်းယန်အဆောင်သို့ သွားနေပေမဲ့ အိပ်ခန်းတော့ မဝင်ခဲ့ဖူးပါ။တစ်ခါက ချစ်ရသူက အခြားသူနဲ့ ကူးလူးပျော်မွေ့ နေတုန်းကို မျက်မြင်သက်သေတွေ့ ခဲ့ပြီးနောက်ပိုင်း မိဖုရားရှင်းယန်ဆီသို့ သွားကာ ရင်ထဲပြည့်နှက်နေတာတွေ ဖွင့်ဟမိသည်။
"ရှင်းယန်!"
"ပြောပါ အရှင်"
"ကိုယ်တော့်ကို တစ်ကယ်ပဲ ချစ်ခင်တာလား"
"နည်းနည်းတော့ ရှက်ပေမဲ့ ရှင်းယန်ရင်ထဲမှာ အရှင့်ကို ချစ်တဲ့စိတ်က ပြောမပြတတ်ပါပဲ။အရှင် အခုလိုဖြစ်နေတာ ဘာအကြောင်းကြောင့်ဖြစ်တာလည်းဆိုတာ မသိပေမဲ့ ရှင်းယန်နှလုံးသားတွေ ကြေမွမတတ်ခံစားနေရပါတယ်။"
"ဒါဆို ကိုယ်တော်တို့ နန်းသွေးယူရအောင်"
"အရှင် ဒါက မိဖုရားခေါင်ကြီးတာဝန်ပါ။ရှင်းယန် မခံယူဝံ့ပါ"
"ကိုယ်တော့်သဘောကို ဆန့်ကျင်တာလား!"
"အဲ့လို မဟုတ်ရပါဘူး အရှင်"
"ကောင်းပြီ"
ထိုနေ့ညက အရှင်ဝမ်ရိပေါ်ဟာ သေရည်အလွန်အကျူးသောက်ထားပြီး အသိစိတ်မဲ့သူနှယ် တော်တော်ကြာသည်အထိ မိဖုရားလီရှင်းယန်ကို လက်ဖျားနဲ့တောင် မထိတွေ့ လာသောကြောင့် အရှင့်ကို မြတ်နိုးနေမိသော ရှင်းယန်က နားလည်စွာ အိပ်ဆောင်တော်မှ ထွက်ပြီး ဧကရာဇ်ကို တစ်ပါးတည်း ထားခဲ့လေသည်။
အရှင်ဝမ်ရိပေါ်ဟာ ထိုအခါမှ မျက်လုံးထဲမှာ မြင်ယောင်လာသူလေးကို မှန်းဆလို့ သူ့ ကိုယ်တိုင်ပင် ဖြေလျှော့ခဲ့လေသည်။
မနက်လင်းတော့ မိဖုရားရှင်းယန်က ဘေးနားမှာ အိပ်စက်တော်မူနေတာကို တွေ့ တာကြောင့် အထင်လွဲမှားစွာ ဖြစ်ခဲ့လေသည်။
*********
သုံးလအကြာမှာတော့ ရှင်းယန်ဆီမှ နန်းသွေးလေးဖြစ်တည်နေသည့်ကို ကြားသိရသောအခါမှာတော့ ဧကရာဇ်ဝမ်ရိပေါ်ရင်ထဲ ကြည်နူးမှုလေးဖြစ်သွားသည်။
သို့ပေသိ…။
"အရှင်"
"အင်း ရှင်းယန်"
"ရှင်းယန် အရှင့်ကို လျှောက်တင်စရာရှိပါတယ်"
"ရှင်းယန် အဆင်ပြေသလိုသာ ပြောပါ"
"ရှင်းယန်…ရှင်းယန်ဆီမှာ တည်နေတဲ့ သွေးသားက အရှင့်သွေးသားမဟုတ်ရပါဘူး"
"……"
"အရှင်နဲ့ရှင်းယန်က တစ်ခါမှ အတူမနေခဲ့ဖူးပါဘူး"
"ဒါဆို ရှင်းယန်က ဘယ်သူရဲ့ ကိုယ်ဝန်ကို ဆောင်ထားတာလဲ?ဘုရင့်မိဖုရားကို ဒီလိုမျိုးလွန်လွန်ကျူးကျူး အဘယ်သူက
ပြုမူထားတာလဲ? အခုချက်ချင်း လျှောက်တင်!"
"အဲ့ဒါက………"
ရှင်းယန်ပြောပြသော စကားများအား ကြားပြီး ဝမ်ရိပေါ် လက်သီးတင်းတင်းဆုပ်မိသည်။ဝမ်ဟန်က သူ့ ဆီကနေ ရှောင်းရှောင်းကို လုယူထားသည်မက အခု သူ့ ကိုချစ်မြတ်နိုးသည့် မိဖုရားကိုပါ ကျူးလွန်လာသည်အထိ။
ငါ မင်းကို လုံးဝခွင့်မလွှတ်ဘူး ဝမ်ဟန်!
*******
"ဝမ်ဟန်!"
"အိုး…ဧကရာဇ်ပြည့်ရှင် ညီတော် ဝမ်ရိပေါ်ပါလား?
ဒီအကိုတော်ဆီ ဘာအကြောင်းများရှိလို့ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်ရှိလာရတာလဲ?"
အောင်နိုင်သူတစ်ယောက်ကို ခပ်မဲ့မဲ့ပြုံးကာ ပြောနေသည့်
ဝမ်ဟန်ကို ဝမ်ရိပေါ် လည်ပင်းကို လက်စွဲတော် ဓားနဲ့ အပိုင်းပိုင်း ခုတ်ချင်စိတ်ကို မနည်းတင်းခံထားရသည်။
"ဘာလဲ…
အခု မိဖုရားဆီက နန်းသွေးလေးရဲ့ ပိုင်ရှင်ကို သိသွားလို့လား"
ဝမ်ရိပေါ် အနားသို့ ပိုတိုးကပ်သွားတော့ ဝမ်ဟန်က နောက်သို့ဆုတ်ပြီး သူ့ ဓားအား ထုတ်ကာ ဝမ်ရိပေါ်ဘက်သို့ ချိန်ရွယ်ထားလေသည်။
"ဝမ်ရိပေါ် ကျွတ် ကျွတ် ကျွတ်!
ဘုရင် ဖြစ်ရတာ မကောင်းဘူးမလား ဒီကအကိုတော်ကို ကြည်ကြည်ဖြူဖြူပေးအပ်လိုက်ပါလား ဒါဆို အဆင်ပြေပြီလေ"
"မင်း ဘာလို့ ဒီလောက် အတ္တကြီးရတာလဲ ဝမ်ဟန်!"
"မကြီးပါဘူး"
"ရှောင်းကျန့်ကိုရော…
ရှင်းယန်ကိုရော…
မင်း ငါ့ကို ညီတော်အဖြစ် နည်းနည်းလေးတောင် မသတ်မှတ်ထားဘူးလား"
"ဖခမည်းတော်ဆီက အချစ်တော်မရတဲ့ငါက မင်းလို အချစ်ရော ထီးနန်းရော ရထားတဲ့သူကို ညီတော်အဖြစ်သတ်မှတ်မယ် ထင်လား!"
ဝမ်ဟန်ရဲ့ မျက်ဝန်းတွေက ရဲတက်လာသည်။
ချက်ချင်းပင် အရှေ့က ဝမ်ရိပေါ်ကိုသာ သူ့ ဓားဖြင့် သတ်လိုက်ရင် ကျိန်းသေပေါက် ဘုရင်ဖြစ်မည်ဟူသော အတွေးဆိုးဆိုးတစ်ခုက ခေါင်းထဲသို့ အမြန်ပြေးဝင်လာသည်။
ဆိုးရွားသော အပြုံးအား ပြုံးလိုက်ပြီး ဓားကိုင်ထားသောလက်ကို ရွယ်ကာ လွှဲလိုက်သည်။ဒါပေမဲ့…
ထိစေချင်သော သူကို မထိဘဲ ဘယ်အချိန်က ရောက်လာမှန်းမသိသော လီရှင်းယန်အား နောက်ကျောမှ ဓားနှင့်ပိုင်းဖြတ်လိုက်သလို ဖြစ်သွားသည်။
အရှင့်အစား ဝင်ခံလိုက်သော ရှင်းယန်က မျက်နှာချင်းဆိုင်က
အရှင့်အား ကြည့်ကာ ခပ်တိုးတိုး စကားပြောလာသည်။
"ဒီဘဝမှာ… အရှင့်အပေါ်… သစ္စာမရှိတဲ့… မိဖုရားတစ်ပါးရဲ့ ပြစ်ဒဏ်လို့ပဲ… သတ်မှတ်လိုက်ပါ… အရှင်။အရှင့်ကို… အတိုင်းအဆမဲ့… ချစ်မြတ်နိုးပါသည်…နောင်ဘဝတွင် အရှင်ကို… သန့်ရှင်းသော… ခန္တာကိုယ်ဖြင့် ဖြူဖြူစင်စင်… ချစ်မြတ်နိုးပါရစေ"
Advertisement
ပြောပြီးတာနဲ့ လဲကျသွားသော မိဖုရားရှင်းယန်အား ပွေ့ ဖက်လိုက်ပြီး အရှင်ဧကရာဇ်ဟာ မျက်ရည်တစ်စက်မှ မကျဘဲ
အံကို ကြိတ်ကာ နာကျင်မှုကို ခံစားနေလေသည်။
ကိုယ်တော် တောင်းပန်ပါတယ် ရှင်းယန်။
ဘာမှမဟုတ်တဲ့ ကိုယ်တော်အတွက် ရှင်းယန်က အသက်ပေးဆပ်သွားတာ။ကိုယ်တော်နဲ့လည်း ဘဝအဆက်ဆက်မှာ မတွေ့ ဆုံချင်တော့ပါနဲ့။ရှင်းယန်ရဲ့ အဖြစ်အပျက်ဆိုးတွေ ကိုယ်တော် မမြင်ဝံ့တော့လို့ပါ။အနူးအညွှတ်ကို တောင်းပန်ပါတယ် ရှင်းယန်!
******
ဘုရင်ကိုယ်တိုင် တရားခံကို ဖော်ထုတ်လို့ရပေမဲ့ ဝမ်ဟန်ကိုသာ သေဒဏ်ချမှတ်လိုက်ရင် ချစ်ရသော ရှောင်းရှောင်းက ကျိန်းသေ ဝမ်းနည်းနေမှာ ဖြစ်သည်ကို တွေးမိသော ဧကရာဇ်ဝမ်ဟာ အသက်မဲ့နေသာ မိဖုရားရှင်းယန်ကိုယ်အား ချီပွေ့ လာပြီး အဆိပ်မိသေဆုံးဟန် တမင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
ရှင်းယန်အတွက် မတရားမှန်းသိပေမဲ့ ရှောင်းရှောင်းဝမ်းနည်းနေမည်ကို သူ့ မှ မမြင်ရက်ဘဲ။ထပ်ပြီးတော့ တောင်းပန်ပါတယ် ရှင်းယန် ကိုယ်တော် ရူးမိုက်လွန်းခဲ့ပါတယ်။
ရှင်းယန်သေဆုံးပြီး တစ်လအကြာ…။
ရှောင်းရှောင်းက သူ့ ဆီပထမဆုံးလာခဲ့သည်။ဘာအကြောင်းအရင်းကြောင့်လာလာ ကြင်ယာတော်ရှောင်းက သူ့ ဆီလာနေသည်ဆိုသော အသိကြောင့် အပြုံးတွေက ထိန်းလို့မရ။
ဝမ်ရိပေါ်က အခြားသူပိုင်ဆိုင်နေသည်ကို သိသော်ငြားလည်း
တကယ့်ကိုပင် အပြစ်မမြင်စွာ ရှောင်းရှောင်းကို ချစ်နေတုန်းပင်။
"အရှင်!"
ဝင်ဝင်ချင်း ဦးညွှတ်လိုက်တဲ့ ကြင်ယာတော်ကို လက်မောင်းကနေ ကိုင်လို့ ပြန်ထစေသည်။
"ဘာအကြောင်းအရာများရှိလို့လဲ ကြင်ယာတော်ရှောင်း"
"အရှင့်မှ ကျွန်တော်မျိုးဆီ မလာတာ။ကိုယ်တိုင်လာရတာပေါ့"
ရှောင်းရှောင်းရဲ့စကားကြောင့် ပျော်နေသည့်စိတ်ကို အတင်းဖုံးဖိရင်း ပြုံးပြလိုက်သည်။
"ကောင်းပါပြီ ကြင်ယာတော်"
"အရင်လို ရှောင်းရှောင်းလို့ပဲ ခေါ်ပါလား"
ပါးကို အနည်းငယ်ဖောင်း၍ နှုတ်ခမ်းကိုသာမာန်ထက်အရှေ့ကို ဆူထားတဲ့ကြင်ယာတော်က ရှောင်းရှောင်းမှဟုတ်ရဲ့လားဆိုပြီး သေချာကြည့်မိသည်။
"အရှင် ရိပေါ်!"
"……"
"အဲ့လို ခေါ်မယ်နော်
စကားနည်းနည်းပြောချင်လို့ ဒီကအစောင့်တွေ အပြင်က ဝေးဝေးနေရာကို သွားခိုင်းပါလား အရှင်ရိပေါ်"
ဝမ်ရိပေါ်က နှစ်ခါမစဉ်းစားတော့ဘဲ ကိုယ်ရံတော်ကျိရန်နဲ့အခြားရဲမက်တွေ အကုန်လုံးကို ခပ်ဝေးဝေးမှာ သွားနေရန် အမိန့်ပေးလိုက်သည်။
"ကိုယ့်ကို ဘာများပြောချင်လို့လဲ ရှောင်းရှောင်း"
ရှောင်းရှောင်းက ခေါင်းကို ဖြည်းဖြည်းချင်းစီ ငုံ့သွားပြီး နားရွက်ဖျားလေးတွေ ရဲလာသလို ဖြစ်လာသည်။
"ကျွန်တော်မျိုးက ကိုယ်ဝန်ဆောင်လို့ရပါတယ် အရှင်
ယောကျာ်းလေးပေမဲ့ သားအိမ်ပါတယ်လို့ သမားတော် ပြောပါတယ်။အဲ့တာ…!"
"အဲ့တာ ဘာဖြစ်လဲ ဆက်ပြောလေ ရှောင်းရှောင်း"
"အဲ့တာ…ဟို…အရှင့်ရင်သွေးကို ကျွန်တော်မျိုးဆောင်လို့ ရမလား အရှင်"
စကားတွေ အနည်းငယ်ထစ်လို့ တစ်ကိုယ်လုံးနီမြန်းနေတဲ့
အရှေ့က ကိုယ်လုံးလေးကို ဆွဲယူလိုက်ပြီး ပေါင်ပေါ်တင်လိုက်သည်။
"တကယ် ကိုယ့်သွေးသားကို ဆောင်ပေးမှာလား"
ခပ်ရဲရဲဖြစ်နေသော မှဲ့နက်လေးရှိသည့် နှုတ်ခမ်းလေးကို ဖိကိုင်လို့ ခေါင်းငြိမ့်ပြသော ရှောင်းရှောင်းအား ခါးကို ဆွဲဖက်လိုက်သည်။
ဖူးစိုနေသည့် နှုတ်ခမ်းပါးလေးကို တစ်ချက်ငုံလိုက်သည်။
"ချစ်ဖို့ကောင်းတယ် ရှောင်းရှောင်း"
"အာ…အရှင်ကလည်း!"
နမ်းနေသည့်အဆင့်မှာတင် မွှေးရနံ့တစ်မျိုးကြောင့် မျက်လုံးတွေက မှေးစင်းလာပြီး ဘယ်လိုမှ ရှေ့မဆက်နိုင်ဘဲ ဘေးသို့ ထိုးချသွားခဲ့သည်။သူ အိပ်ပျော်သွားခဲ့တာ ဖြစ်သည်။
ဧကရာဇ်ဝမ်ရိပေါ်ဟာ နမ်းနေစဉ်အတွင်း မွှေးရနံ့ကိုရလာသည်နှင့် ပြုံးမိသည်။သိလျက်ပင် သူ ကိုယ်တိုင် နစ်ဝင်ခဲ့မိသည့်နွံ။
သူ့ ကို မချစ်သည့်ရှောင်းရှောင်းဟာ အဘယ်နည်းနဲ့မှ သူနဲ့ ဒီလိုအခြေအနေမျိုး မဖြစ်နိုင်ပါ။ရှောင်းရှောင်းချစ်ရသူက ခိုင်းစေလို့ ဒီအထိ ဖြစ်လာသည်ကို နားလည်ပါသည်။
******
ဝမ်ရိပေါ် သတိမေ့သွားသည်နှင့် ဝမ်ဟန်က အပြေးဝင်လာပြီး ဝမ်ရိပေါ်လည်ပင်းကို ဓားထောက်ကာ အပြင်သို့ ထွက်လာလေသည်။
"ဘုရင့်အစေခံတွေ ထွက်လာစမ်း!
မင်းတို့ ဘုရင်ကို ငါ သတ်တော့မှာ…အခုချက်ချင်း ငါ့ရှေ့ဒူးထောက်ကြစမ်း"
အများစုက ကိုယ့်အသတ်သေမှာကို ကြောက်နေကြပြီး သစ္စာရှိသော ကိုယ်ရံတော် ကျိရန်က လက်နက်ချလို့ ဒူးထောက် ထိုင်ချလေသည်။နောက်တစ်ယောက်ကတော့ ဘုရင့်ရဲ့ မယ်တော်။သူမလည်း ထိုနည်းပင် ဒူးထောက်ထိုင်ချလိုက်သည်။
"ကိုယ့်အသက်ကျတော့ နှမြောကြတယ် အဟက်
ဒီနှစ်ယောက်တော့ မနှောမြောဘူး ထင်တယ်။
ကျန်တဲ့သူတွေက ဒူးမထောက်ဘူးဆိုတော့ ငါ့ဘက်တော်သားတွေ ဖြစ်ပြီပဲ"
"ဝမ်ဟန်"
ဝမ်ဟန်က ခေါ်သံကြားရာ အနောက်သို့ လှည့်ကြည့်ရင်း
ပြုံးပြလိုက်သည်။
"အော်…ကျန့်!ယ"
"မင်း ယုတ်မာတယ်
ပြောတော့ ရိပေါ်ကို ငါ့ဆီကိုယ်ဝန်ရှိတဲ့အခြေအနေ အထင်လွဲစေရုံဆို"
"ငါ ပြောတာ လိုက်လုပ်တဲ့ မင်း အမှား မဟုတ်လား
ငါက ဘာဖြစ်လို့ မင်းဆီကိုယ်ဝန်ရှိသလို လုပ်ခိုင်းရမှာလဲ"
ဝမ်ဟန်က ရှောင်းကျန့်အား ဝမ်ရိပေါ်အနား တစ်သက်လုံးအတူတူရှိချင်ရင် ကိုယ်ဝန်ရှိရမည်ဟု ဆိုလာတာကြောင့်
ရှောင်းကျန့်လည်း အရူးတစ်ယောက်လို ယုံကြည်ခဲ့မိသည်။
ရိပေါ်သာ ရှောင်းကျန့်ဆီမှာ နန်းသွေးတည်ရှိနေမယ်ဆိုရင် သူ့ အား ချစ်မြတ်နိုးကာ ဂရုစိုက်မည်ဟု ရှောင်းကျန့်က အရှေ့အနောက်မတွေးဘဲ လုပ်ချင်ရာ လုပ်ပစ်မိသည်။
ရိပေါ်နဲ့နမ်းနေစဉ်အတွင်း သူဟာ ပျော်ရွှင်လွန်းလို့ မျက်ရည်မကျတတ်ပင် ဖြစ်သွားမိသည်။ဘယ်ကထွက်လာမှန်းမသိပေတဲ့ မွှေးရနံ့တစ်ခုကြောင့် သူ သတိမမေ့ခင်လေးမှာ ရိပေါ်လဲကျသွားတာကို မြင်လိုက်သည်။
ဝေးဝါးနေစဉ်အတွင်းမှာပဲ အထဲသို့ ဝင်လာသော လူတစ်ယောက်ကို တွေ့ လိုက်သည်။ရိပေါ်ကို ခေါ်ဆောင်သွားသည်ကို မြင်တာနဲ့ သူလည်း အနောက်သို့ အားယူကာ လိုက်သွားမိတော့ အခုအခြေအနေမြင်ကွင်းကို မြင်ရကာ ဘေးနားသို့ လူသုံးယောက်လောက်လာကာ တစ်စုံတစ်ခုအား အတင်းရှူခိုင်းလိုက်တော့ သူ အမြင်တွေကြည်လာလေသည်။
Advertisement
ဒါပေမဲ့ ဘယ်မှသွားလို့မရအောင် ထိုသူသုံးယောက်က သူ့ အား ချုပ်ထားလေသည်။
"ဝမ်ဟန် ငါ မင်းကို သတ်မယ်!"
ဝမ်ဟန်က ဘာမှမဖြစ်သလို တစ်ချက်ရယ်သွားပြီး တစ်ဖက်လှည့်ကာ ဒူးထောက်နေသော ကျိရန် အား လည်ပင်းမှ
ပိုင်းဖြတ်လိုက်လေသည်။
"အား…!!!"
**************************************
Zawgyi
"အရွင္"
ေပလႊာေတြကို ဖတ္ေနတုန္း ကိုယ္ရံေတာ္က်ိရန္ရဲ႕ အေခၚေၾကာင့္ ေခါင္းငဲ့ၾကည့္လိုက္သည္။
"ေျပာပါ က်ိရန္"
"မိဖုရားရွင္းယန္ အခန္းထဲမွာ အဆိပ္မိၿပီး ေသဆုံးေနေၾကာင္းပါ"
"ဘာ!"
အျပစ္မရွိပါပဲလ်က္ နန္းေသြးေလးကို လြယ္ထားရတဲ့ မိဖုရားရွင္းယန္က အသက္ေပးလိုက္ရၿပီ။ဘယ္သူ႕ လက္ခ်က္ဆိုတာ ရိပ္မိေလာက္ေပမဲ့ ဘာမွမလုပ္ခ်င္တာေၾကာင့္ သက္ျပင္းတစ္ခ်က္ခ်ကာ အရွင္က ဒီအတိုင္းပင္ ထားခဲ့ေလသည္။
ကိုယ္ရံေတာ္ က်ိရန္ထြက္သြားေတာ့မွ ဝမ္ရိေပၚက အျပစ္မဲ့ေသာ ရွင္းယန္အား သူကိုယ္တိုင္ လုပ္ခဲ့သည္ကို နည္းနည္းေတာ့ ေနာင္တရမိေပမဲ့ သူဟာ အခ်စ္႐ူးတစ္ေယာက္လို ျဖစ္ေနတာေၾကာင့္ အမွန္တရားေတြကို မ်က္ကန္းခဲ့ပါသည္။
ဧကရာဇ္ ဝမ္ရိေပၚက မိဖုရားရွင္းယန္အေဆာင္သို႔ သြားေနေပမဲ့ အိပ္ခန္းေတာ့ မဝင္ခဲ့ဖူးပါ။တစ္ခါက ခ်စ္ရသူက အျခားသူနဲ႕ ကူးလူးေပ်ာ္ေမြ႕ ေနတုန္းကို မ်က္ျမင္သက္ေသေတြ႕ ခဲ့ၿပီးေနာက္ပိုင္း မိဖုရားရွင္းယန္ဆီသို႔ သြားကာ ရင္ထဲျပည့္ႏွက္ေနတာေတြ ဖြင့္ဟမိသည္။
"ရွင္းယန္!"
"ေျပာပါ အရွင္"
"ကိုယ္ေတာ့္ကို တစ္ကယ္ပဲ ခ်စ္ခင္တာလား"
"နည္းနည္းေတာ့ ရွက္ေပမဲ့ ရွင္းယန္ရင္ထဲမွာ အရွင့္ကို ခ်စ္တဲ့စိတ္က ေျပာမျပတတ္ပါပဲ။အရွင္ အခုလိုျဖစ္ေနတာ ဘာအေၾကာင္းေၾကာင့္ျဖစ္တာလည္းဆိုတာ မသိေပမဲ့ ရွင္းယန္ႏွလုံးသားေတြ ေၾကမြမတတ္ခံစားေနရပါတယ္။"
"ဒါဆို ကိုယ္ေတာ္တို႔ နန္းေသြးယူရေအာင္"
"အရွင္ ဒါက မိဖုရားေခါင္ႀကီးတာဝန္ပါ။ရွင္းယန္ မခံယူဝံ့ပါ"
"ကိုယ္ေတာ့္သေဘာကို ဆန႔္က်င္တာလား!"
"အဲ့လို မဟုတ္ရပါဘူး အရွင္"
"ေကာင္းၿပီ"
ထိုေန႕ညက အရွင္ဝမ္ရိေပၚဟာ ေသရည္အလြန္အက်ဴးေသာက္ထားၿပီး အသိစိတ္မဲ့သူႏွယ္ ေတာ္ေတာ္ၾကာသည္အထိ မိဖုရားလီရွင္းယန္ကို လက္ဖ်ားနဲ႕ေတာင္ မထိေတြ႕ လာေသာေၾကာင့္ အရွင့္ကို ျမတ္နိုးေနမိေသာ ရွင္းယန္က နားလည္စြာ အိပ္ေဆာင္ေတာ္မွ ထြက္ၿပီး ဧကရာဇ္ကို တစ္ပါးတည္း ထားခဲ့ေလသည္။
အရွင္ဝမ္ရိေပၚဟာ ထိုအခါမွ မ်က္လုံးထဲမွာ ျမင္ေယာင္လာသူေလးကို မွန္းဆလို႔ သူ႕ ကိုယ္တိုင္ပင္ ေျဖေလွ်ာ့ခဲ့ေလသည္။
မနက္လင္းေတာ့ မိဖုရားရွင္းယန္က ေဘးနားမွာ အိပ္စက္ေတာ္မူေနတာကို ေတြ႕ တာေၾကာင့္ အထင္လြဲမွားစြာ ျဖစ္ခဲ့ေလသည္။
*********
သုံးလအၾကာမွာေတာ့ ရွင္းယန္ဆီမွ နန္းေသြးေလးျဖစ္တည္ေနသည့္ကို ၾကားသိရေသာအခါမွာေတာ့ ဧကရာဇ္ဝမ္ရိေပၚရင္ထဲ ၾကည္ႏူးမႈေလးျဖစ္သြားသည္။
သို႔ေပသိ။
"အရွင္"
"အင္း ရွင္းယန္"
"ရွင္းယန္ အရွင့္ကို ေလွ်ာက္တင္စရာရွိပါတယ္"
"ရွင္းယန္ အဆင္ေျပသလိုသာ ေျပာပါ"
"ရွင္းယန္ရွင္းယန္ဆီမွာ တည္ေနတဲ့ ေသြးသားက အရွင့္ေသြးသားမဟုတ္ရပါဘူး"
""
"အရွင္နဲ႕ရွင္းယန္က တစ္ခါမွ အတူမေနခဲ့ဖူးပါဘူး"
"ဒါဆို ရွင္းယန္က ဘယ္သူရဲ႕ ကိုယ္ဝန္ကို ေဆာင္ထားတာလဲ?ဘုရင့္မိဖုရားကို ဒီလိုမ်ိဳးလြန္လြန္က်ဴးက်ဴး အဘယ္သူက
ျပဳမူထားတာလဲ? အခုခ်က္ခ်င္း ေလွ်ာက္တင္!"
"အဲ့ဒါက"
ရွင္းယန္ေျပာျပေသာ စကားမ်ားအား ၾကားၿပီး ဝမ္ရိေပၚ လက္သီးတင္းတင္းဆုပ္မိသည္။ဝမ္ဟန္က သူ႕ ဆီကေန ေရွာင္းေရွာင္းကို လုယူထားသည္မက အခု သူ႕ ကိုခ်စ္ျမတ္နိုးသည့္ မိဖုရားကိုပါ က်ဴးလြန္လာသည္အထိ။
ငါ မင္းကို လုံးဝခြင့္မလႊတ္ဘူး ဝမ္ဟန္!
*******
"ဝမ္ဟန္!"
"အိုးဧကရာဇ္ျပည့္ရွင္ ညီေတာ္ ဝမ္ရိေပၚပါလား?
ဒီအကိုေတာ္ဆီ ဘာအေၾကာင္းမ်ားရွိလို႔ ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ႀကီး ေရာက္ရွိလာရတာလဲ?"
ေအာင္နိုင္သူတစ္ေယာက္ကို ခပ္မဲ့မဲ့ၿပဳံးကာ ေျပာေနသည့္
ဝမ္ဟန္ကို ဝမ္ရိေပၚ လည္ပင္းကို လက္စြဲေတာ္ ဓားနဲ႕ အပိုင္းပိုင္း ခုတ္ခ်င္စိတ္ကို မနည္းတင္းခံထားရသည္။
"ဘာလဲ
အခု မိဖုရားဆီက နန္းေသြးေလးရဲ႕ ပိုင္ရွင္ကို သိသြားလို႔လား"
ဝမ္ရိေပၚ အနားသို႔ ပိုတိုးကပ္သြားေတာ့ ဝမ္ဟန္က ေနာက္သို႔ဆုတ္ၿပီး သူ႕ ဓားအား ထုတ္ကာ ဝမ္ရိေပၚဘက္သို႔ ခ်ိန္႐ြယ္ထားေလသည္။
"ဝမ္ရိေပၚ ကြၽတ္ ကြၽတ္ ကြၽတ္!
ဘုရင္ ျဖစ္ရတာ မေကာင္းဘူးမလား ဒီကအကိုေတာ္ကို ၾကည္ၾကည္ျဖဴျဖဴေပးအပ္လိုက္ပါလား ဒါဆို အဆင္ေျပၿပီေလ"
"မင္း ဘာလို႔ ဒီေလာက္ အတၱႀကီးရတာလဲ ဝမ္ဟန္!"
"မႀကီးပါဘူး"
"ေရွာင္းက်န႔္ကိုေရာ
ရွင္းယန္ကိုေရာ
မင္း ငါ့ကို ညီေတာ္အျဖစ္ နည္းနည္းေလးေတာင္ မသတ္မွတ္ထားဘူးလား"
"ဖခမည္းေတာ္ဆီက အခ်စ္ေတာ္မရတဲ့ငါက မင္းလို အခ်စ္ေရာ ထီးနန္းေရာ ရထားတဲ့သူကို ညီေတာ္အျဖစ္သတ္မွတ္မယ္ ထင္လား!"
ဝမ္ဟန္ရဲ႕ မ်က္ဝန္းေတြက ရဲတက္လာသည္။
ခ်က္ခ်င္းပင္ အေရွ႕က ဝမ္ရိေပၚကိုသာ သူ႕ ဓားျဖင့္ သတ္လိုက္ရင္ က်ိန္းေသေပါက္ ဘုရင္ျဖစ္မည္ဟူေသာ အေတြးဆိုးဆိုးတစ္ခုက ေခါင္းထဲသို႔ အျမန္ေျပးဝင္လာသည္။
ဆိုး႐ြားေသာ အၿပဳံးအား ၿပဳံးလိုက္ၿပီး ဓားကိုင္ထားေသာလက္ကို ႐ြယ္ကာ လႊဲလိုက္သည္။ဒါေပမဲ့
ထိေစခ်င္ေသာ သူကို မထိဘဲ ဘယ္အခ်ိန္က ေရာက္လာမွန္းမသိေသာ လီရွင္းယန္အား ေနာက္ေက်ာမွ ဓားႏွင့္ပိုင္းျဖတ္လိုက္သလို ျဖစ္သြားသည္။
အရွင့္အစား ဝင္ခံလိုက္ေသာ ရွင္းယန္က မ်က္ႏွာခ်င္းဆိုင္က
အရွင့္အား ၾကည့္ကာ ခပ္တိုးတိုး စကားေျပာလာသည္။
"ဒီဘဝမွာ အရွင့္အေပၚ သစၥာမရွိတဲ့ မိဖုရားတစ္ပါးရဲ႕ ျပစ္ဒဏ္လို႔ပဲ သတ္မွတ္လိုက္ပါ အရွင္။အရွင့္ကို အတိုင္းအဆမဲ့ ခ်စ္ျမတ္နိုးပါသည္ေနာင္ဘဝတြင္ အရွင္ကို သန႔္ရွင္းေသာ ခႏၱာကိုယ္ျဖင့္ ျဖဴျဖဴစင္စင္ ခ်စ္ျမတ္နိုးပါရေစ"
ေျပာၿပီးတာနဲ႕ လဲက်သြားေသာ မိဖုရားရွင္းယန္အား ေပြ႕ ဖက္လိုက္ၿပီး အရွင္ဧကရာဇ္ဟာ မ်က္ရည္တစ္စက္မွ မက်ဘဲ
အံကို ႀကိတ္ကာ နာက်င္မႈကို ခံစားေနေလသည္။
ကိုယ္ေတာ္ ေတာင္းပန္ပါတယ္ ရွင္းယန္။
ဘာမွမဟုတ္တဲ့ ကိုယ္ေတာ္အတြက္ ရွင္းယန္က အသက္ေပးဆပ္သြားတာ။ကိုယ္ေတာ္နဲ႕လည္း ဘဝအဆက္ဆက္မွာ မေတြ႕ ဆုံခ်င္ေတာ့ပါနဲ႕။ရွင္းယန္ရဲ႕ အျဖစ္အပ်က္ဆိုးေတြ ကိုယ္ေတာ္ မျမင္ဝံ့ေတာ့လို႔ပါ။အႏူးအၫႊတ္ကို ေတာင္းပန္ပါတယ္ ရွင္းယန္!
******
ဘုရင္ကိုယ္တိုင္ တရားခံကို ေဖာ္ထုတ္လို႔ရေပမဲ့ ဝမ္ဟန္ကိုသာ ေသဒဏ္ခ်မွတ္လိုက္ရင္ ခ်စ္ရေသာ ေရွာင္းေရွာင္းက က်ိန္းေသ ဝမ္းနည္းေနမွာ ျဖစ္သည္ကို ေတြးမိေသာ ဧကရာဇ္ဝမ္ဟာ အသက္မဲ့ေနသာ မိဖုရားရွင္းယန္ကိုယ္အား ခ်ီေပြ႕ လာၿပီး အဆိပ္မိေသဆုံးဟန္ တမင္ လုပ္ေဆာင္ခဲ့ျခင္း ျဖစ္သည္။
ရွင္းယန္အတြက္ မတရားမွန္းသိေပမဲ့ ေရွာင္းေရွာင္းဝမ္းနည္းေနမည္ကို သူ႕ မွ မျမင္ရက္ဘဲ။ထပ္ၿပီးေတာ့ ေတာင္းပန္ပါတယ္ ရွင္းယန္ ကိုယ္ေတာ္ ႐ူးမိုက္လြန္းခဲ့ပါတယ္။
ရွင္းယန္ေသဆုံးၿပီး တစ္လအၾကာ။
ေရွာင္းေရွာင္းက သူ႕ ဆီပထမဆုံးလာခဲ့သည္။ဘာအေၾကာင္းအရင္းေၾကာင့္လာလာ ၾကင္ယာေတာ္ေရွာင္းက သူ႕ ဆီလာေနသည္ဆိုေသာ အသိေၾကာင့္ အၿပဳံးေတြက ထိန္းလို႔မရ။
ဝမ္ရိေပၚက အျခားသူပိုင္ဆိုင္ေနသည္ကို သိေသာ္ျငားလည္း
တကယ့္ကိုပင္ အျပစ္မျမင္စြာ ေရွာင္းေရွာင္းကို ခ်စ္ေနတုန္းပင္။
"အရွင္!"
ဝင္ဝင္ခ်င္း ဦးၫႊတ္လိုက္တဲ့ ၾကင္ယာေတာ္ကို လက္ေမာင္းကေန ကိုင္လို႔ ျပန္ထေစသည္။
"ဘာအေၾကာင္းအရာမ်ားရွိလို႔လဲ ၾကင္ယာေတာ္ေရွာင္း"
"အရွင့္မွ ကြၽန္ေတာ္မ်ိဳးဆီ မလာတာ။ကိုယ္တိုင္လာရတာေပါ့"
ေရွာင္းေရွာင္းရဲ႕စကားေၾကာင့္ ေပ်ာ္ေနသည့္စိတ္ကို အတင္းဖုံးဖိရင္း ၿပဳံးျပလိုက္သည္။
"ေကာင္းပါၿပီ ၾကင္ယာေတာ္"
"အရင္လို ေရွာင္းေရွာင္းလို႔ပဲ ေခၚပါလား"
ပါးကို အနည္းငယ္ေဖာင္း၍ ႏႈတ္ခမ္းကိုသာမာန္ထက္အေရွ႕ကို ဆူထားတဲ့ၾကင္ယာေတာ္က ေရွာင္းေရွာင္းမွဟုတ္ရဲ႕လားဆိုၿပီး ေသခ်ာၾကည့္မိသည္။
"အရွင္ ရိေပၚ!"
""
"အဲ့လို ေခၚမယ္ေနာ္
စကားနည္းနည္းေျပာခ်င္လို႔ ဒီကအေစာင့္ေတြ အျပင္က ေဝးေဝးေနရာကို သြားခိုင္းပါလား အရွင္ရိေပၚ"
ဝမ္ရိေပၚက ႏွစ္ခါမစဥ္းစားေတာ့ဘဲ ကိုယ္ရံေတာ္က်ိရန္နဲ႕အျခားရဲမက္ေတြ အကုန္လုံးကို ခပ္ေဝးေဝးမွာ သြားေနရန္ အမိန႔္ေပးလိုက္သည္။
"ကိုယ့္ကို ဘာမ်ားေျပာခ်င္လို႔လဲ ေရွာင္းေရွာင္း"
ေရွာင္းေရွာင္းက ေခါင္းကို ျဖည္းျဖည္းခ်င္းစီ ငုံ႕သြားၿပီး နား႐ြက္ဖ်ားေလးေတြ ရဲလာသလို ျဖစ္လာသည္။
"ကြၽန္ေတာ္မ်ိဳးက ကိုယ္ဝန္ေဆာင္လို႔ရပါတယ္ အရွင္
ေယာက်ာ္းေလးေပမဲ့ သားအိမ္ပါတယ္လို႔ သမားေတာ္ ေျပာပါတယ္။အဲ့တာ!"
"အဲ့တာ ဘာျဖစ္လဲ ဆက္ေျပာေလ ေရွာင္းေရွာင္း"
"အဲ့တာဟိုအရွင့္ရင္ေသြးကို ကြၽန္ေတာ္မ်ိဳးေဆာင္လို႔ ရမလား အရွင္"
စကားေတြ အနည္းငယ္ထစ္လို႔ တစ္ကိုယ္လုံးနီျမန္းေနတဲ့
အေရွ႕က ကိုယ္လုံးေလးကို ဆြဲယူလိုက္ၿပီး ေပါင္ေပၚတင္လိုက္သည္။
"တကယ္ ကိုယ့္ေသြးသားကို ေဆာင္ေပးမွာလား"
ခပ္ရဲရဲျဖစ္ေနေသာ မွဲ႕နက္ေလးရွိသည့္ ႏႈတ္ခမ္းေလးကို ဖိကိုင္လို႔ ေခါင္းၿငိမ့္ျပေသာ ေရွာင္းေရွာင္းအား ခါးကို ဆြဲဖက္လိုက္သည္။
ဖူးစိုေနသည့္ ႏႈတ္ခမ္းပါးေလးကို တစ္ခ်က္ငုံလိုက္သည္။
"ခ်စ္ဖို႔ေကာင္းတယ္ ေရွာင္းေရွာင္း"
"အာအရွင္ကလည္း!"
နမ္းေနသည့္အဆင့္မွာတင္ ေမႊးရနံ႕တစ္မ်ိဳးေၾကာင့္ မ်က္လုံးေတြက ေမွးစင္းလာၿပီး ဘယ္လိုမွ ေရွ႕မဆက္နိုင္ဘဲ ေဘးသို႔ ထိုးခ်သြားခဲ့သည္။သူ အိပ္ေပ်ာ္သြားခဲ့တာ ျဖစ္သည္။
ဧကရာဇ္ဝမ္ရိေပၚဟာ နမ္းေနစဥ္အတြင္း ေမႊးရနံ႕ကိုရလာသည္ႏွင့္ ၿပဳံးမိသည္။သိလ်က္ပင္ သူ ကိုယ္တိုင္ နစ္ဝင္ခဲ့မိသည့္ႏြံ။
သူ႕ ကို မခ်စ္သည့္ေရွာင္းေရွာင္းဟာ အဘယ္နည္းနဲ႕မွ သူနဲ႕ ဒီလိုအေျခအေနမ်ိဳး မျဖစ္နိုင္ပါ။ေရွာင္းေရွာင္းခ်စ္ရသူက ခိုင္းေစလို႔ ဒီအထိ ျဖစ္လာသည္ကို နားလည္ပါသည္။
******
ဝမ္ရိေပၚ သတိေမ့သြားသည္ႏွင့္ ဝမ္ဟန္က အေျပးဝင္လာၿပီး ဝမ္ရိေပၚလည္ပင္းကို ဓားေထာက္ကာ အျပင္သို႔ ထြက္လာေလသည္။
"ဘုရင့္အေစခံေတြ ထြက္လာစမ္း!
မင္းတို႔ ဘုရင္ကို ငါ သတ္ေတာ့မွာအခုခ်က္ခ်င္း ငါ့ေရွ႕ဒူးေထာက္ၾကစမ္း"
အမ်ားစုက ကိုယ့္အသတ္ေသမွာကို ေၾကာက္ေနၾကၿပီး သစၥာရွိေသာ ကိုယ္ရံေတာ္ က်ိရန္က လက္နက္ခ်လိဳ႕ ဒူးေထာက္ ထိုင္ခ်ေလသည္။ေနာက္တစ္ေယာက္ကေတာ့ ဘုရင့္ရဲ႕ မယ္ေတာ္။သူမလည္း ထိုနည္းပင္ ဒူးေထာက္ထိုင္ခ်လိဳက္သည္။
"ကိုယ့္အသက္က်ေတာ့ ႏွေျမာၾကတယ္ အဟက္
ဒီႏွစ္ေယာက္ေတာ့ မႏွောေျမာဘူး ထင္တယ္။
က်န္တဲ့သူေတြက ဒူးမေထာက္ဘူးဆိုေတာ့ ငါ့ဘက္ေတာ္သားေတြ ျဖစ္ၿပီပဲ"
"ဝမ္ဟန္"
ဝမ္ဟန္က ေခၚသံၾကားရာ အေနာက္သို႔ လွည့္ၾကည့္ရင္း
ၿပဳံးျပလိုက္သည္။
"ေအာ္က်န႔္!ယ"
"မင္း ယုတ္မာတယ္
ေျပာေတာ့ ရိေပၚကို ငါ့ဆီကိုယ္ဝန္ရွိတဲ့အေျခအေန အထင္လြဲေစ႐ုံဆို"
"ငါ ေျပာတာ လိုက္လုပ္တဲ့ မင္း အမွား မဟုတ္လား
ငါက ဘာျဖစ္လို႔ မင္းဆီကိုယ္ဝန္ရွိသလို လုပ္ခိုင္းရမွာလဲ"
ဝမ္ဟန္က ေရွာင္းက်န႔္အား ဝမ္ရိေပၚအနား တစ္သက္လုံးအတူတူရွိခ်င္ရင္ ကိုယ္ဝန္ရွိရမည္ဟု ဆိုလာတာေၾကာင့္
ေရွာင္းက်န႔္လည္း အ႐ူးတစ္ေယာက္လို ယုံၾကည္ခဲ့မိသည္။
ရိေပၚသာ ေရွာင္းက်န႔္ဆီမွာ နန္းေသြးတည္ရွိေနမယ္ဆိုရင္ သူ႕ အား ခ်စ္ျမတ္နိုးကာ ဂ႐ုစိုက္မည္ဟု ေရွာင္းက်န႔္က အေရွ႕အေနာက္မေတြးဘဲ လုပ္ခ်င္ရာ လုပ္ပစ္မိသည္။
ရိေပၚနဲ႕နမ္းေနစဥ္အတြင္း သူဟာ ေပ်ာ္႐ႊင္လြန္းလို႔ မ်က္ရည္မက်တတ္ပင္ ျဖစ္သြားမိသည္။ဘယ္ကထြက္လာမွန္းမသိေပတဲ့ ေမႊးရနံ႕တစ္ခုေၾကာင့္ သူ သတိမေမ့ခင္ေလးမွာ ရိေပၚလဲက်သြားတာကို ျမင္လိုက္သည္။
ေဝးဝါးေနစဥ္အတြင္းမွာပဲ အထဲသို႔ ဝင္လာေသာ လူတစ္ေယာက္ကို ေတြ႕ လိုက္သည္။ရိေပၚကို ေခၚေဆာင္သြားသည္ကို ျမင္တာနဲ႕ သူလည္း အေနာက္သို႔ အားယူကာ လိုက္သြားမိေတာ့ အခုအေျခအေနျမင္ကြင္းကို ျမင္ရကာ ေဘးနားသို႔ လူသုံးေယာက္ေလာက္လာကာ တစ္စုံတစ္ခုအား အတင္းရႉခိုင္းလိုက္ေတာ့ သူ အျမင္ေတြၾကည္လာေလသည္။
ဒါေပမဲ့ ဘယ္မွသြားလို႔မရေအာင္ ထိုသူသုံးေယာက္က သူ႕ အား ခ်ဳပ္ထားေလသည္။
"ဝမ္ဟန္ ငါ မင္းကို သတ္မယ္!"
ဝမ္ဟန္က ဘာမွမျဖစ္သလို တစ္ခ်က္ရယ္သြားၿပီး တစ္ဖက္လွည့္ကာ ဒူးေထာက္ေနေသာ က်ိရန္ အား လည္ပင္းမွ
ပိုင္းျဖတ္လိုက္ေလသည္။
"အား!!!"
**************************************
Advertisement
- In Serial83 Chapters
My Villain Husband
She was once a poor woman who died at the hands of a villain, her husband.
8 528 - In Serial12 Chapters
Paper Houses
Girl meets boy. Marries boy. And eventually starts to fall for his sister. A fragmented story told in different perspectives about an unraveling marriage and the unexpected affair that upends their lives.
8 79 - In Serial81 Chapters
Prank || LJN
Texting AU"I almost choke on my soda wtf"When a girl texted a random number out of boredom, she didn't thought her prank would cause a lot of unexpected events.Book 1 of The Online Series HIGHEST RANKINGS#1 in mark #1 in renjun#1 in haechan #1 in bored#1 in parkjisung#1 in marklee#2 in nctdream#2 in jeno#2 in leejeno#3 in jaemin#6 in jisung#7 in donghyuk #10 in kpop #10 in donghyuck #11 in nct#11 in chenle #15 in random
8 176 - In Serial30 Chapters
Sweetly Possessive
One night stand changes everything in both their lives...=•=•=•Lawrence Basma is the stuck up CEO of Basma enterprises, who sleeps with any and every woman he wants, due to his handsome and sexy look, women are at his mercy. Handsome and rich with scars that are yet to heal...=•=•=•Trina Lackley is a 21 year old graduate, smart, beautiful Kind and lovely... She meets Mr.Basma and sleep with him on the same day, something unlike her...Read the book to find out more...
8 148 - In Serial13 Chapters
Accidental Confession - Haikyuu: Tsukishima x Yachi
Tsukishima thinks that Yachi confessed to him after she gives him a card. But after noticing Yachi is friends with the first year volleyball members, her classmate actually asked her to give the card to Tsukishima. How will Yachi deal with this misunderstanding?(Note: I cross-posted this story from AO3 as well as Fanfiction.net. Just in case anyone has seen this on other sites and thought I plagiarized my own story 🙂.)
8 168 - In Serial21 Chapters
Bint of Gilgit ~ Pakistani Love Story ~ ONGOING ~
For Nazli, the world is limited from her tribe to the Forbidden Valley. For Asadullah, the world is limitless and his for taking. ***"You should be honored that a man like I have taken such an interest in you!" Asadullah smirked, swirling his small handgun on his index finger. The green-eyed girl paled - her skin already porcelain white and quite different from any other he had seen in the country before. She was definitely beautiful even in her less than impressive rags. "Asadullah hardly makes such a generous offer." He said, liking the self-praise more than he wanted to admit. She shook her head - her dainty fingers wringing in her golden braid. Little Goldilocks. "Think again, little girl. The blood of your people will be on your hands." ***The setting is in Gilgit in a fictional valley called the Forbidden Valley. The image is not mine. The story and characters are.
8 107

