《After Agonising ,Will You Love Again? [ Completed ]》CHAPTER - [ 24 ]
Advertisement
"ရှောင်းရေ…"
"ကျွန်တော် ရှိပါတယ် အကိုစုန့်လန်"
အိမ်ထဲကနေ ဗိုက်ကလေးကိုင်ကာ ထွက်လာသည့် ရှောင်းကျန့်က ယောကျာ်းလေးကိုယ်ဝန်ဆောင်ပေမယ့် ကြည့်ရမဆိုးစွာ တစ်မျိုးလေး ချစ်ဖို့ကောင်းနေလေသည်။
"သတင်းတစ်ခုကြားလာလို့"
စုန့်လန်က လက်ထဲက ရှောင်းကျန့်အကြိုက် မြေပဲစေ့ထုပ်လေးကို ကမ်းပြီး ဆိုလာလေသည်။ရှောင်းကျန့်သည် ကိုယ်ဝန်ရှိသည့်နေ့ကစပြီး မြေပဲကိုသာ အခါခါ တောင်းစားသည်။
ကိုယ်ဝန်ဆောင်သူတို့၏ ထုံးစံအတိုင်း ရှောင်းကျန့်ကတော့
မြေပဲစေ့ကိုသာ အခုထိ နေ့မပြတ်စားနေတော့သည်။
စုန့်လန်ကလည်း အပြင်ထွက်ပြီး ပြန်လာသည့်အခါတိုင်း မမေ့မလျော့ ဝယ်လာပေးတတ်လေသည်။
"ဘာသတင်းများလဲ အကိုရဲ့"
"တို့နိုင်ငံရဲ့ ဘုရင်က ဒီမြို့မှာ မိဖုရား လာကောက်သည်တဲ့"
"ဟင်"
ရှောင်းကျန့်သည် စုန့်လန်မှဆိုသော ဘုရင်ဆိုသည့် အခေါ်အဝေါ်ကြောင့် မေ့ထားခဲ့မိသော အကြောင်းအရာများ ဦးနှောက်ထဲတွင် တရိပ်ရိပ်ပေါ်လာလေသည်။
သူ ချစ်ရသော အရှင်က တိုက်ဆိုင်စွာပင် ဒီလိုနေရာမှာ မိဖုရားလာကောက်သည်တဲ့လား။
"အရှင်ကိုယ်တိုင် ကြွားလာတာတဲ့ ရှောင်းရေ…"
စုန့်လန်က သူ့ စကားနဲ့သူ ဆက်ပြောနေရင်း ရှောင်းကျန့်ဘက်ကို ကြည့်လိုက်တော့ မျက်ဝန်းလှလှလေးမှာ အရည်ကြည်တွေ ရစ်သိုင်းနေတာ တွေ့ မြင်ရလေသည်။
ထိုအခါမှ ပြာပြာသလဲထပြီး အလုပ်ရှုပ်ဟန် ဆောင်ရသည်။ ဒီစည်းမစောင့်တဲ့ ပါးစပ်ကလည်း ဘာတွေ သွားပြောမိပါ့လိမ့်။သူသာ မပြောပြရင် ရှောင်းက သိမှာ မဟုတ်ဘူးကို။
အခုတော့ ရှောင်းက ဘုရင်လို့ကြားလိုက်တာနဲ့ မျက်ရည်တွေတောင် ဝဲတက်လာနေပြီ။မင်း တော်တော် အလိုက်မသိတတ်တာပဲ စုန့်လန်။
အခုထိ ရှောင်းကို သေချာမစောင့်ရှောက်ဘဲ နာကျင်အောင် လုပ်ချင်နေတယ်။
*******
"ကျိရန် ဒီအိမ်ဟုတ်လို့လား"
"ဟုတ်ပါတယ် အရှင်ရဲ့!
ကျွန်တော် သေချာစုံစမ်းထားတာပါ"
ကျိရန်က အရှင်ဝမ်ရိပေါ် အမိန့်တော်အတိုင်း ကြင်ယာတော် ရှောင်းကျန့်ကို နေ့ညမပြတ် လိုက်လံရှာဖွေနေခဲ့သည်။
တစ်နေ့မှာတော့ ဒီမြို့လေးမှာ ကြင်ယာတော်ရှောင်းကို တွေ့ ခဲ့သလို အပိုဆုအနေဖြင့် အချုပ်မှ ထွက်ပြေးသွားသော သူပုန်ခေါင်းဆောင်စုန့်လန်ကိုပင် တစ်နေရာတည်းတွင် အတူတူ တွေ့ ရှိခဲ့လေသည်။
အရှင့်ကို ချက်ချင်းပဲ လျှောက်တင်တော့ စိတ်လောနေသည့် အရှင်ကလည်း မျက်နှာမှာ ဖော်ပြမရသော အပြုံးတွေဖြင့် ထိုနေရာသို့ လိုက်ပို့ပေးရန် အတင်းတောင်းဆိုတော့သည်။
ဒီမြို့ နယ်တွင် မိဖုရားကောက်မည်ဟု သတင်းတစ်ပုဒ်လုပ်ကာ အူမြူးနေသည့် သူ့ အရှင့်ကို ခေါ်ဆောင်လာခဲ့ရသည်။
ယခုတွင်လည်း နှစ်ယောက်သားရုပ်ဖျက်ကာ ရှောင်းကျန့်တို့ နေထိုင်ရာ အိမ်ဘေးနားသို့ ရောက်ရှိနေလေသည်။
"အရှင်တွေ့ လား"
"ဘာလဲ"
"ဟိုမှာလေ…အပြင်ဘက်မှာ လူနှစ်ယောက် စကားပြောနေကြတယ်။တစ်ယောက်က ဗိုက်ကလေးပူပူလေး။
အဲ့ဒါ သေချာပေါက် အရှင့်ချစ်ရသူလေးပဲ"
"အဲ့ဒါဆို အထဲဝင်ရအောင်လေ ကျိရန်"
"ခဏနေဦးလေ အရှင်ရဲ့!
တံခါးလေး ဘာလေးခေါက်ဦးလေ…
ကျွန်တော်တို့က ခရီးသွားကုန်သည်တွေနော်။
အရှင် စကားပြောရင် ဂရုပြုပါ။ကိုယ်တော်လို့ ထည့်ပြောမိရင် ရိပ်မိသွားမယ်နော် အရှင်"
"ငါ သိပါတယ် ကျိရန်ရာ။
လာပါ သွားမယ်"
ယပ်တောင်တစ်ချောင်းကို တဖျပ်ဖျက်ခတ်လို့ နိုင်ငံတော်ရဲ့
ရှင်ဘုရင်ကြီးက သူ့ ကြင်ယာတော်လေးရှိရာသို့ ရုပ်ဖျက်သွားလေရဲ့။
*****
"ဒါဆို အကိုတို့က ကုန်သည်တွေဆိုတော့ ဘာတွေများ
ရောင်းဝယ်ကြတာလဲ"
စုန့်လန်က အရှေ့မှာ ခပ်တည်တည်ထိုင်နေသော လူစိမ်းနှစ်ယောက်ကို သေချာကြည့်ရင်း မေးသည်။
သူ့ အထင် အသားဖြူဖြူနှုတ်ခမ်းမွှေးကားကားနဲ့ တစ်ယောက်က သူ့ ဘေးက ရှောင်းကိုပဲ ကြည့်နေသလားလို့။
ဗိုက်ကလေးပူနေလို့ ထူးဆန်းတယ် ထင်ပြီး ကြည့်နေတာလား။ဒါမှမဟုတ် ကိုယ့်ညီငယ်လေးကို တဏှာစိတ်ဖြင့် ကြည့်နေတာလား။သဘောတော် မတွေ့ လိုက်တာနော်!
"ကိုယ်တော်……"
"ဟဲဟဲ ကျွန်တော်တို့က ဒီအတိုင်း တွေ့ ရာလိုက်ဝယ်တဲ့ ကုန်သည်တွေပါဗျာ"
စကားဖြတ်ပြောတဲ့တစ်ယောက်က ဟိုတစ်ယောက်က လက်ကုပ်တာ စုန့်လန် တွေ့ လိုက်လိုက်သလားလို့။
ဒီလူတွေက လူလ်ိမ်တွေများလား။
စုန့်လန် ခေါင်းနည်းနည်းတော့ ရှုပ်လာပြီ ဖြစ်သည်။
ဘေးနားက ရှောင်းကို ကြည့်လိုက်တော့လည်း ဟိုသူစိမ်းနှစ်ယောက်ကို ဖော်ရွေစွာ ပြုံးပြနေလေသည်။
"နှစ်ရက်သုံးရက် တည်းခွင့်ပြုပါတယ်
သက်တောင့်သက်သာ အနားယူတော်မူကြပါ အဆွေတော်တို့"
စုန့်လန်က စကားကိုခပ်ပြတ်ပြတ်ပြောပြီး ရှောင်းလက်ကို ဆွဲကာ တစ်ဖက်သို့ ထွက်လာခဲ့လေသည်။ဒါတောင်မှ ဟိုတစ်ယောက်က ရှောင်းကို လိုက်ကြည့်နေတုန်း။
"ရှောင်း"
"ဗျာ"
"အခု ရောက်နေတဲ့ နှစ်ယောက်က ရိုးသားနိုင်မလား"
"သူတို့ပုံကြည့်ရသလောက်တော့ ကျွန်တော်လည်း ရိုးသားတယ်လို့ ထင်မြင်မိပါတယ် အကိုစုန့်လန်"
"ရှောင်း ရိုးသားတယ်ထင်တော့လည်း ထားလိုက်တော့
ကိုယ့်ကိုကိုယ်တော် ဂရုစိုက်နေနော် ရှောင်း။
မမွေးလာသေးတဲ့ ကလေးလေးကိုလည်း ပိုဂရုစိုက်!
မွေးဖွားတော့မည့်ရက်တွေကလည်း ကပ်နေပြီမလား"
"ဟုတ်အကို စုန့်လန်။
ကျွန်တော် သေချာဂရုစိုက်ပါ့မယ်"
*******
"ကျိရန်!"
"ရှိပါတယ် အရှင်"
"သူတို့နှစ်ယောက်က ငါကိုယ်တော်တို့ ကွယ်ရာမှာ ဘာတွေများ ခိုးကြောင်ခိုးဝှက် သွားပြောနေတာ ဖြစ်နိုင်လဲ"
"ကျွန်တော်မျိုးကျိရန်က အကြားအမြင်ရသော ပုဂ္ဂိုလ်မဟုတ်တာကြောင့် မသိနိုင်ပါဘူး အရှင်"
အရှင်ဝမ်ရိပေါ်က ဘေးနားကနေ သူ့ အား ပြန်ပြောနေသည့် ကျိရနိအား ကြည့်လိုက်သည်။
Advertisement
"အသုံးမကျတဲ့ ကိုယ်ရံတော်!"
ထိုသို့ပြောပြီးတာနဲ့ ဝတ်ရုံကိုခါပြီး ထထွက်သွားလေသည်။
ဒါတော့ အရမ်းများသွားပြီ အရှင်။
ကိုယ့်မှာတော့ တလွမ်းလွမ်း တဆွေးဆွေးဖြစ်နေသည့် အရှင့်ကို မမြင်ရက်တော့မှာမို့ အားကြိုးမာန်တက် ရှာပေးတဲ့ မျက်နှာလေးကိုမှ အရှင်က ငဲ့ကွက်မကြည့်ဘဲ ပြောထွက်ရက်လိုက်တာ။
"ဒီက အကိုကြီးက ရောဂါတစ်ခုခုများ ဖြစ်နေတာလား"
"ခင်ဗျာ"
တည်းခွင့်တောင်းထားတဲ့ ကုန်သည်နှစ်ယောက်အနက် အသားဖြူဖြူနဲ့ တစ်ယောက်က ထိုင်ခုံလေးမှာ ထိုင်ကာ မြေပဲစေ့ စားနေသော သူ့ ဘေးနားလာကာ ထိုစကားကို ဆိုလေသည်။
လူကတော့ နှုတ်ခမ်းမွှေးနဲ့ပါ။ဘာလို့များ သူ့ အား အကိုကြီးဟု ခေါ်လေသလဲ။သူလည်း အဆင်ပြေပြေ သူ့ အတိုင်း
ရေလိုက် ငါးလိုက် လုပ်ပေးလိုက်သည်။
"မဟုတ်ရပါဘူး ညီလေးရာ။
ကျွန်တော်က အမျိုးသားကိုယ်ဝန်ဆောင်သည် ကော တစ်ယောက်ပါ"
"ဒါဆို အခုဏတစ်ယောက်က အကိုကြီးရဲ့ ခင်ပွန်းလား"
"သူက ကိုယ့်ရဲ့ အကိုကြီးပါ"
"အော်…တော်သေးတာပေါ့"
"ခင်ဗျာ!"
" ဒါနဲ့ ကလေးက ဖွားတော့မှာလားဟင်"
"ဖွားတော့မယ်။
ကြည့်ပါလား အောက်နားကို တော်တော်လျှောနေပြီ "
"ဒီမှာ အကိုကြီးက နေထိုင်အခြေချတာ အတော်ကြာနေပြီလား"
"ဒီကိုယ်ဝန်လေး စရှိကတည်းကပဲ"
ရှောင်းကျန့်က ဗိုက်လေးကို ပွတ်ရင်း ပြောလို့လာသည်။
အပြုံးတွေကို အသက်ဝင်နေပြီး အရှင်ဝမ်ရိပေါ် ကိုယ်တိုင်
မြင်ရခဲသော အပြုံးများ ဖြစ်လေသည်။
"နန်းတော်ကို လိုက်မလား"
သူ့ အား ကြောင်ငေးသော မျက်ဝန်းများဖြင့် စိုက်ကြည့်လာလေသည်။နန်းတော်ဆိုတာနဲ့ ဒီလိုပုံစံမျိုး ဖြစ်သွားရသလား။
ကိုယ့်အပေါ်ကို ဘယ်လောက်တောင်များ အကြွေးတင်နေတယ်လို့ သတ်မှတ်ထားသလဲ။
"နန်းတော်ကို လိုက်ချင်ရင် လိုက်ခဲ့လေ။
အဲ့မှာ ကျွန်တော်တို့က ပစ္စည်းသွားပို့ရမှာ။အဲ့ဒါ့ကြောင့် အကို ကြီးကို ခေါ်မိတာပါ"
"မလိုက်တော့ပါဘူး ညီလေးရယ်"
ညို့ မှိုင်းသွားသော မျက်နှာလေးကြောင့် ဝမ်ရိပေါ် ရင်ထဲ တဆစ်ဆစ်နဲ့ရယ်။
"အကိုကြီး မလိုက်ချင်ရင် မခေါ်တော့ပါဘူးဗျာ။"
ရှောင်းကျန့်က ခေါင်းငြိမ့်ပြလို့ ထိုနေရာမှ ထကာ မိမိအဆောင်အတွင်းသို့ ပြန်ဝင်လာလိုက်သည်။
ဒီတစ်ညမှာတော့ အရှင့်ပုံရိပ်တွေနဲ့ သူ အိပ်လို့ပျော်မည် မဟုတ်တော့ပေ။
**************************************
"ရှောင်းရေ"
"ဟင်"
*******
"ဟုတ်ပါတယ် အရှင်ရဲ့!
"အရှင်တွေ့ လား"
"ဘာလဲ"
"ခဏနေဦးလေ အရှင်ရဲ့!
"ငါ သိပါတယ် ကျိရန်ရာ။
လာပါ သွားမယ်"
*****
ရောင်းဝယ်ကြတာလဲ"
"ကိုယ်တော်"
ဒီလူတွေက လူလျိမျတှမြေားလား။
"ရှောင်း"
"ဗျာ"
"ဟုတ်အကို စုန့်လန်။
*******
"ကျိရန်!"
"ရှိပါတယ် အရှင်"
"ခင်ဗျာ"
"မဟုတ်ရပါဘူး ညီလေးရာ။
"အော်တော်သေးတာပေါ့"
"ခင်ဗျာ!"
"ဖွားတော့မယ်။
**************************************
Advertisement
- In Serial69 Chapters
For His Pleasure
"How much for an hour?" He dug through his wallet, fiercely dark gaze avoiding mine like the plague. I backed away from him, panic rising, "I'm not a prostitute." "Yes, you are. Screw the hour. How much for the whole night?"--Sofia had felt safe working as a seducer for the most powerful family of organised crime until a new leader took over, replacing the man she held as a saviour and father figure. The new boss is smug and an utter asshole, but it doesn't take long until Sofia no longer seduces competitors for the advantage of the family she had vowed herself to, and instead seduces the man tormenting every aspect of her existence. --✘ Contains sexual content and content unsuitable for people under the age of 18 (prostitution, drugs, violence).✘ This is an unedited first draft of this story, there are a lot of mistakes and it's pretty cringe.✘ Both MCs are incredibly toxic. You have been warned.
8 361 - In Serial92 Chapters
How I Became Immortal
Yuna's life was an unfortunate one. Her lover(Minho) and her cousin(Haemi) betrayed her and that resulted in her execution. The last words she uttered was that she was going to seek revenge if she ever got another chance! God as the witness, felt bad for poor Yuna and so he gives her the ability to remember everything in all of her lifetimes. She was planning on seeking revenge but unfortunately her plans didn't come to fruition. She was reincarnated into the modern era. During her 2nd lifetime, she becomes a successful engineer and moves on from her past lifetime. Unluckily for her, during her 3rd lifetime she gets reincarnated back to the past. Her plans change once again. She doesn't love Minho nor does she care about being empress. She decides on a new life without all of the chaos and scheming in the palace. Join Yuna on her journey to seeking a peaceful and successful life in the ancient period.
8 389 - In Serial29 Chapters
Let the Fates Decide...?
Everyone is born with a dormant wolf spirit that only awakens in the ones who defy tradition. Duchess Arwyn Kingston of Gwyniar has always followed her own set of rules. Yet the rules of society are simple: on a maiden's 25th birthday, she must attend a fate ceremony in which she chooses her future by drawing the name of the man she will marry. Obey, and she will live a long and happy life with her chosen beside her. Rebel, and the consequences will overshadow her forever. On the eve of her 25th birthday, Arwyn attends her fate ceremony, determined to defy her parents by choosing her best friend, Duke Raydir, rather than her Chosen. With this choice, Arwyn severs the strings of fate, awakening the wolf spirit in both Raydir and herself. As the truth of the inner wolf is revealed and secrets unfurled, Arwyn and Raydir must navigate a future more dangerous than either anticipated. Will their love endure or was that always meant for the fates to decide? *** *Exclusively on Wattpad and Royal Road. Any replication of it on any other site is prohibited. DO NOT REPLICATE THIS STORY* Shout out to my wonderful friend @stella_vigo for my cover (follow her on wattpad!) and to @BloodR0se17 (follow her on wattpad!) for helping with the blurb *Chapters are named after songs; I do not own any of the titles. Credit goes to the respective artists.* Copyright © ALL RIGHTS RESERVED
8 132 - In Serial11 Chapters
See you
au в котором Пак Чеен живет в полной темноте.
8 77 - In Serial33 Chapters
Dangerously ~Chris Evans~✅
"Why do you want to know so much about me?""Because I think you're intriguing." Chris lowered his voice and leaned into her."I'm not." She whispered with a gulp. His face was inches from hers."I think you are." Chris reached up and grazed her jaw with his fingertips."You don't want to do this." Livie warned."Let me decide that."
8 141 - In Serial10 Chapters
Military Luna (gxg)
Ava is ex- military and has a job as a detective. What will happen when she meets her mate and the things from her past come back to bite.This is a lesbian story.
8 80