《After Agonising ,Will You Love Again? [ Completed ]》CHAPTER - [ 25 ]
Advertisement
ဘုရင်မင်းမြတ် ဝမ်ရိပေါ်က အိပ်ယာထက်မှာ နဖူးပေါ် လက်တင်ရင်း သူ မြင်မက်မိခဲ့သော အိမ်မက်တစ်ချို့ ကို ပြန်တွေးနေခဲ့လေသည်။
အထင်လွဲမှားစွာ နာကျည်းရက်ခဲ့သော ရှောင်းရှောင်းက သူ သေသွားပြီးနောက် တစ်ခါတည်း ဘာကြောင့်များ လိုက်သေခဲ့ရတာလဲ။
သူ့ ကို ချစ်ခဲ့ပေမယ့် အယုံလွယ်ခဲ့တဲ့ ချစ်ရသူက ကိုယ့်လိုပဲ
နာကျင်စွာ ခံစားခဲ့ရတယ်။ဒါပေမယ့် ပြန်လည်မွေးဖွားလာပြီး
နောက်တစ်ဖန် သူ့ ကို ချစ်နေတုန်းပဲ။သူကလည်း ချစ်နေလျက်ပါပဲ။
သက်တောင့်သက်သာမရှိတဲ့ အိပ်ယာက သူ့ လို လူတစ်ယောက်အတွက် တစ်ကယ်ပဲ ဆိုးရွားလွန်းလှပါတယ်။
ဘေးကုတင်က ကျိရန်ကတော့ ဟောက်သံတောင် ထွက်လို့!
အိပ်မရချင်းအတူတူ အိပ်ယာမှ ထတော်မူပြီး အိမ်အပြင်ဘက်ကို ထွက်လာလိုက်သည်။
သန့်ရှင်းသောလေကို တဝကြီး ရှူရှိုက်လိုက်ရင်း ကောင်းကင်ကို မော့ကြည့်မိသည်။နန်းတော်မဟုတ်တဲ့ သာမာန်နေရာလေးတစ်ခုကို မရောက်စဖူး ရောက်နေခဲ့သည်။
ဘဝနှစ်ဆက် ချစ်မိခဲ့တဲ့သူဟာ နန်းတော်လို ကြီးမြတ်တဲ့နေရာကို သဘောမကျစွာ နေဖို့ ငြင်းပယ်ထားတယ်။
သူသာ နန်းတော်ထဲက အရှင်မဟုတ်ဘဲ အခြားရာထူးတစ်ခုခုသာဆို ထိုနေရာကို အပြီးထွက်ပြီး အပြင်မှာ နေလိုက်ချင်ပေမယ့် တိုင်းပြည်ရဲ့ အမြင့်ဆုံးရာထူးတစ်ခုကို ထမ်းဆောင်နေရသည့်အခါ တာဝန်တွေကို လက်လွတ်စပယ် ပစ်ထားခဲ့လို့မရ။
ဘဝဟောင်းမှာရော ဘဝအသစ်မှာပါ ရန်သူတွေဖြစ်ခဲ့ ဖြစ်နေတဲ့ သူတွေကလည်း နန်းတော်ထဲမှာ။အချစ်ဆုံး မယ်မယ်ကလည်း ထိုနေရာမှာ။ဘယ်လိုလုပ်ပြီး အဲ့နေရာကို စွန့်ခွာရက်မှာလဲ။မယ်မယ့်ကို ကာကွယ်ပေးပြီး ရန်သူတွေကို လက်တုန့်ပြန်ဖို့က အရှင် ဝမ်ရိပေါ်ရဲ့ ပြန်လည်မွေးဖွားခြင်းအတွက် ရည်ရွယ်ချက် တစ်ခုပဲလေ။
ထိုရှုပ်ထွေးလွန်းလှတဲ့ နန်းတော်ကြီးထဲကို ရိုးသားတဲ့ ကိုယ်ဝန်ဆောင်သည် ရှောင်းရှောင်းလေးကို ခေါ်သွားရပါ့မလား။
"ညီလေး"
နောက်ကျောမှ ထွက်လာသည့်အသံလေးကို ကြည်လင်သည်။စိမ့်စမ်းရေပမာ အေးချမ်းပြီး အရှင့်ရဲ့ နှလုံးသားလေးထဲ ငြိမ့်ညောင်းစွာ နွေးနွေးထွေးထွေးလေး ဝင်ရောက်လို့ လာလေသည်။
"အော်…အကိုကြီး"
ဗိုက်ကလေးကို လက်တစ်ဖက်နဲ့ အသာမလို့ အနားရောက်လာသည့် ရှောင်းကျန့်ကို အရှင်က နူးညံ့သော အကြည့်များဖြင့် ငေးကြည့်နေလေသည်။
"အိပ်မရဘူးလား"
"ဟုတ်တယ်ဗျ။
အကိုကြီးရော အိပ်မရလို့လား"
"ဟုတ်တယ်။
ဗိုက်ထဲက အကောင်ပေါက်လေးက အရမ်းကို တိုးလွန်းတော့ အိပ်မရဘူး"
"သူ တော်တော့်ကို အပြင်ထွက်ချင်နေပြီ ထင်တယ်နော်"
"ဟုတ်မယ်"
လစ်ကနဲ ပေါ်လွင်သွားတဲ့ ပါးခြိုင့်ရေးရေးလေးကို ဝမ်ရိပေါ်
သဘောကျသည်။တကယ်ပင် ရှောင်းရှောင်းက ချို့ ယွင်းချက်မရှိတဲ့ အလှနတ်ဘုရားလေး!
"စိတ်မဆိုးနဲ့နော် အကိုကြီး။
ကျွန်တော် တစ်ခုလောက် မေးလို့ရမလားဗျ"
ရှောင်းကျန့်က အပြုံးတစ်ပွင့်ကို ဖန်တီးလို့ ဘေးက လူကို
ခေါင်းငြိမ့်ပြတယ်။အဆော့အသန်လွန်းတဲ့ ကလေးလေးကြောင့် အိပ်မရခြင်းအတူတူ ဒီတစ်ယောက်နဲ့ စကားပြောရတာ တော်တော်အဆင်ပြေနေတယ်လို့ ခံစားနေရတယ်။
ပြီးတော့လည်း ရင်ဘတ်တစ်ခြမ်းက ထိုလူ့ အသံတစ်ချက်ကြားတိုင်း အမည်မသိတဲ့ လှုပ်ရှားမှုတွေ ဖြစ်ဖြစ်သွားတယ်။ သူဟာ တစ်ကယ်ပဲ အရှင်မဟုတ်တဲ့ အခြားလူစိမ်းတစ်ယောက်ကို သဘောကျချင်နေတာလား!
"စိတ်မဆိုးပါဘူး မေးပါ"
"ဗိုက်ထဲက ကလေးလေးရဲ့ အဖေရောဟင်"
ရှောင်းရှောင်းက ထိုမေးခွန်းကို ကြားပြီး ငိုင်တွေတွေလေး ဖြစ်သွားတယ်။ဒါပေမယ့် တစ်ခဏချင်းမှာပဲ ခေါင်းလေးငုံ့ကာ ငြင်ငြင်သာသာလေးပြုံးကာ ခေါင်းခါပြတယ်။
"ကျွန်တော်တို့က ဝေးကွာခဲ့ပြီးပြီ"
အရှင် ဝမ်ရိပေါ်ရဲ့ နှလုံးသားကို အပ်နဲ့တစ်ချက်ချင်း ထိုးသလို ခံစားရတယ်။ဓားသွားထက်လို နှုတ်ခမ်းပါးလေးက သူတို့နှစ်ယောက် ဘယ်တော့မှ ပြန်မဆုံနိုင်တော့ဘူးလို့ တိကျစွာ ထင်မြင်နေသလို ပြတ်သားတဲ့ စကားတစ်ခွန်းကို ဆိုလေသည်။
"ကြာပြီလားဗျ"
"ပြောပြရမယ်ဆို အရှည်ကြီးပါပဲ ညီငယ်လေးရယ်။
ဒီအတိုင်း ကိုယ်ဝန်ဆောင်ထားတဲ့ အကိုကြီးလို့ပဲ သိပေးနေလို့ ဖြစ်တယ်မလား"
ထိုစကားကို ပြောပြီးတော့ ရှောင်းရှောင်းက ကောင်းကင်ကြီးကို မော့ကြည့်နေသည်။သေချာကြည့်မယ်ဆိုရင် မျက်ဝန်းလှလှလေးမှာ အရည်တစ်ချို့ ကပ်ညှိနေလေမည်။
ချစ်ရသော အရှင်ကို လွမ်းဆွတ်တမ်းတမိပါသည်။
တစ်နေရာတည်း အတူတူရှိနေတယ်လို့ ခံစားမိတာနဲ့ ကျွန်တော်ရှောင်းကျန့်သည် အရှင့်ကို သတိရမြင်မိပြီး အိပ်မရတဲ့ ဖြစ်ရပါသည်။
ဒီအချိန်တော်မှာ အရှင်ကရော အိပ်စက်တော်မူနေမလား။ ဘေးနားမှာ တစ်စုံတစ်ယောက်နဲ့များလား။
မသိစိတ်ကနေ လှမ်းကြည့်ရုံနဲ့ သဝန်တိုမိပါတယ်။
သိပ်ချစ်ရပါတယ် အရှင်ရယ်။
*********
"ရှောင်း"
"ဟုတ် အကိုစုန့်လန်"
"ဘာတွေလုပ်နေတာလဲ!
ခန္ဓာကိုယ်က မပေါ့မပါးကြီးနဲ့။မွေးဖို့ကလည်း သိပ်မလိုတော့ဘူးဟာ"
"ဒီအတိုင်း ဝတ်ရုံလေးတွေကို လျှော်ဖွတ်တာလေးပါ အကို စုန့်လန်ရယ်။ကျွန်တော့်ကို အရမ်းကြီးလည်း စိတ်မပူပါနဲ့ဗျာ"
"မပူလို့ရမလား။
ကိုယ့်မှာ ဒီညီလေး တစ်ယောက်တည်း ရှိတာကို!
ဒါနဲ့ ဧည့်သည်တော်တွေရော"
"အထဲမှာ ရှိမှာပေါ့"
"ကြည့်ရတာ နောက်ထပ်နှစ်ရက်သုံးရက်လောက် နေဦးမယ် ထင်တယ်။"
"ဖြစ်နိုင်တယ်"
"ရှောင်းလည်း ဂရုတစိုက်နေနော်"
"ဟုတ် အကိုစုန့်လန်"
"ဒါဆို အပြင်ထွက်ပြီး ငွေစလေး နည်းနည်းပါးပါး ရှာလိုက်ဦးမယ်။ပြန်လာရင် ရှောင်းကြိုက်တဲ့ မြေပဲစေ့တွေ ဝယ်လာပေးမယ်နော်"
"ဟုတ်ဟုတ် အကို စုန့်လန်။
ကျေးဇူးအများကြီး တင်ပါတယ်။
မြေပဲစေ့ကို စောင့်နေမယ်နော်"
ရှောင်းက ကလေးလေးလိုပဲ လက်ဝါးနှစ်ဖက်ကို တီးလို့ ပြုံးနေလေသည်။စုန့်လန်ကတော့ ထိုအပြုံးလေးတွေကို နှလုံးသားထဲမှာ တစ်သက်လုံး ကွယ်ဝှက်ထားဖို့ စိတ်ထဲ ရေရွတ်နေမိသည်။
Advertisement
ထိုအပြုံးတွေကို အပိုင်လိုချင်လောက်သည်အထိ လောဘမကြီးပါနဲ့ စုန့်လန်။ထိုအပြုံးတွေက ပိုင်ရှင်ရှိတယ်။သူများအပိုင်ကို မလုယူသင့်ဘူးလို့ သိထားတယ်လေကွာ!
*******
သတိရရချင်း ခန္ဓာကိုယ်က ယိမ်းယိုင်နေပေမယ့် တစ်စုံတစ်ယောက်က သူ့ အား ဖယ်တွယ်ထားနေသည်ကိုလည်း သတိထားမိသည်။
မျက်လုံးကို ဖြည်းဖြည်းချင်းစီ ဖွင့်ကြည့်မိတော့ ရောက်ရှိနေတာက ဝေါယာဉ်တစ်ခု။အနီရောင်ပတ်ပတ်လည် ပိတ်စများဖြင့် ကာထားသော နေရာမှာ။
ဖက်တွယ်ထားပေးတဲ့ လူကို ကြည့်မိတော့ သူ့ ရဲ့………။
"အရှင်"
ရှောင်းကျန့်ရဲ့ မျက်ဝန်းများက အံ့သြမှုကြောင့် ပြူးကျယ်နေလိမ့်မည်။နှုတ်ခမ်းပါးလေးက အသာဟလို့ သူ့ အား ငုံ့မိုးကြည့်နေသည့်သူကို ခေါ်မိသည်။
"ဘယ်လို…လုပ်ပြီး…ကျွန်တော်…ဒီ…ဒီကို ရောက်နေတာလဲ အရှင်"
အရှင်က သူ့ လက်ညိုးဖြင့် ရှောင်းကျန့်နှုတ်ခမ်းကို ကပ်လိုက်သည်။
"ကိုယ့်ကြင်ယာတော်လေးကို ကိုယ်တော် ပြန်ခေါ်လာတာလေ"
ထိုစကားနဲ့အတူ နဖူးပြင်ပေါ်သို့ နွေးထွေးသော အနမ်းတစ်ခုကိုလည်း ကြင်ယာတော်လေး ရှောင်းကျန့်က လက်ခံရရှိလိုက်လေသည်။
"ရိပေါ်!"
အရှင်က သူ ကိုယ်လေးအား ဖက်လေသည်။
သို့ပေမယ့် ကြားက ခံနေသည့် ဗိုက်လေးကြောင့် ဖွဖွလေးပင် ဖက်ထားလေသည်။
"ကိုယ်တော်တို့ အတိတ်တွေကို အကုန်သိရပြီ ရှောင်းရှောင်း။ ဒီဘဝမှာတော့ သိပ်ချစ်ကြတဲ့ ကိုယ်တော်တို့နှစ်ယောက် မခွဲပဲနေကြရအောင်"
"ရွာကို မိဖုရားလာကောက်တာ မဟုတ်ဘဲ ကျွန်တော့်ကို လာရှာတာများလား အရှင်"
အရှင်က ဖက်ထားတာကို လွှတ်ပေးပြီး ပြုံးပြလာသည်။
အရှင့်အပြုံးကို ဒီဘဝမှာ မြင်ရခဲလွန်းသည့် ရှောင်းကျန့်က ဘေးနားက အရာဝတ္ထုများ ရပ်တန့်သွားသလို ထင်သည်အထိ ငေးကြည့်နေမိသည်။
"ဟုတ်တယ်ဆိုရင်ရော ကိုယ့်ရှောင်းရှောင်းက ယုံမှာလား"
ဒီတစ်ခါမှာတော့ ကြင်ယာတော်ရှောင်းရဲ့ ရင်ထဲက ဒုတ်ကနဲဆိုသည့် အသံနှင့်အတူ ဗိုက်ပူပူလေးမှလည်း နေရာလေးတစ်ခုက ဒုတ်ကနဲ ဖြစ်သွားလေသည်။
"ရှောင်းရှောင်း"
"……"
"ကိုယ်တော် မင်းဆီ ရုပ်ဖျက်ပြီး လာခဲ့ပါတယ်"
"ကုန်သည်နှစ်ယောက်အဖြစ်"
"ဒီအတိုင်းခေါ်ရင် ငြင်းဆန်မှာ စိုးမိတာကြောင့် မေ့ဆေးအနည်းငယ်သုံးပြီး ကိုယ်တော် ခေါ်ဆောင်လာမိပါတယ်။
ကိုယ်တော့်ကို စိတ်ကွက်တော်မမူပါနဲ့။
အတိတ်ဘဝက ကိုယ်တော် အထင်အမြင်လွဲခဲ့တာတွေကိုလည်း ခွင့်လွှတ်ပေးပါ ရှောင်းရှောင်း!"
"ကျွန်တော့်မျိုးဆီက အရှင်က ခွင့်လွှတ်မှုကို တောင်းဆိုရမှာ မဟုတ်ပါဘူး။ကျွန်တော်ကသာ အရှင့်ဆီက ခွင့်လွှတ်မှုကို တောင်းဆိုရမှာပါ။အရှင့်အပေါ် အရမ်းပဲ ရက်စက်မိခဲ့ပါတယ်။ ခွင့်လွှတ်ပေးပါ အရှင်"
အရှင်က ကြင်ယာတော်ရဲ့ ပါးလေးကို လက်မလေးနဲ့ ဖွဖွလေး ပွတ်ပေးတယ်။မြတ်နိုးရသော အရာတစ်ခုကို ငေးကြည့်နေသည့် မျက်ဝန်းတွေဖြင့်။
ထိုအရာလေး ပျောက်ပျက်သွားမှာကို ပူပန်နေသလို ထိုအရာလေးဟာ သူ့ အပိုင်ပါလားဆိုသည့် အမူအယာတွေ ရောယှက်လို့!
"မြတ်နိုးမိပါတယ် ကြင်ယာတော်"
"အရှင့်ထက် ပိုမိပါတယ်"
နောက်တစ်ကြိမ် ချစ်သူနှစ်ဦးဟာ ပွေ့ ဖက်တယ်။
ဝမ်းသာခြင်း မျက်ရည်တွေက မျက်ဝန်းတွေမှာ ပြည့်နေခဲ့တယ်။
**************************************
ဘုရင္မင္းျမတ္ ဝမ္ရိေပၚက အိပ္ယာထက္မွာ နဖူးေပၚ လက္တင္ရင္း သူ ျမင္မက္မိခဲ့ေသာ အိမ္မက္တစ္ခ်ိဳ႕ ကို ျပန္ေတြးေနခဲ့ေလသည္။
အထင္လြဲမွားစြာ နာက်ည္းရက္ခဲ့ေသာ ေရွာင္းေရွာင္းက သူ ေသသြားၿပီးေနာက္ တစ္ခါတည္း ဘာေၾကာင့္မ်ား လိုက္ေသခဲ့ရတာလဲ။
သူ႕ ကို ခ်စ္ခဲ့ေပမယ့္ အယုံလြယ္ခဲ့တဲ့ ခ်စ္ရသူက ကိုယ့္လိုပဲ
နာက်င္စြာ ခံစားခဲ့ရတယ္။ဒါေပမယ့္ ျပန္လည္ေမြးဖြားလာၿပီး
ေနာက္တစ္ဖန္ သူ႕ ကို ခ်စ္ေနတုန္းပဲ။သူကလည္း ခ်စ္ေနလ်က္ပါပဲ။
သက္ေတာင့္သက္သာမရွိတဲ့ အိပ္ယာက သူ႕ လို လူတစ္ေယာက္အတြက္ တစ္ကယ္ပဲ ဆိုး႐ြားလြန္းလွပါတယ္။
ေဘးကုတင္က က်ိရန္ကေတာ့ ေဟာက္သံေတာင္ ထြက္လို႔!
အိပ္မရခ်င္းအတူတူ အိပ္ယာမွ ထေတာ္မူၿပီး အိမ္အျပင္ဘက္ကို ထြက္လာလိုက္သည္။
သန႔္ရွင္းေသာေလကို တဝႀကီး ရႉရွိုက္လိုက္ရင္း ေကာင္းကင္ကို ေမာ့ၾကည့္မိသည္။နန္းေတာ္မဟုတ္တဲ့ သာမာန္ေနရာေလးတစ္ခုကို မေရာက္စဖူး ေရာက္ေနခဲ့သည္။
ဘဝႏွစ္ဆက္ ခ်စ္မိခဲ့တဲ့သူဟာ နန္းေတာ္လို ႀကီးျမတ္တဲ့ေနရာကို သေဘာမက်စြာ ေနဖို႔ ျငင္းပယ္ထားတယ္။
သူသာ နန္းေတာ္ထဲက အရွင္မဟုတ္ဘဲ အျခားရာထူးတစ္ခုခုသာဆို ထိုေနရာကို အၿပီးထြက္ၿပီး အျပင္မွာ ေနလိုက္ခ်င္ေပမယ့္ တိုင္းျပည္ရဲ႕ အျမင့္ဆုံးရာထူးတစ္ခုကို ထမ္းေဆာင္ေနရသည့္အခါ တာဝန္ေတြကို လက္လြတ္စပယ္ ပစ္ထားခဲ့လို႔မရ။
ဘဝေဟာင္းမွာေရာ ဘဝအသစ္မွာပါ ရန္သူေတြျဖစ္ခဲ့ ျဖစ္ေနတဲ့ သူေတြကလည္း နန္းေတာ္ထဲမွာ။အခ်စ္ဆုံး မယ္မယ္ကလည္း ထိုေနရာမွာ။ဘယ္လိုလုပ္ၿပီး အဲ့ေနရာကို စြန႔္ခြာရက္မွာလဲ။မယ္မယ့္ကို ကာကြယ္ေပးၿပီး ရန္သူေတြကို လက္တုန႔္ျပန္ဖို႔က အရွင္ ဝမ္ရိေပၚရဲ႕ ျပန္လည္ေမြးဖြားျခင္းအတြက္ ရည္႐ြယ္ခ်က္ တစ္ခုပဲေလ။
ထိုရႈပ္ေထြးလြန္းလွတဲ့ နန္းေတာ္ႀကီးထဲကို ရိုးသားတဲ့ ကိုယ္ဝန္ေဆာင္သည္ ေရွာင္းေရွာင္းေလးကို ေခၚသြားရပါ့မလား။
"ညီေလး"
ေနာက္ေက်ာမွ ထြက္လာသည့္အသံေလးကို ၾကည္လင္သည္။စိမ့္စမ္းေရပမာ ေအးခ်မ္းၿပီး အရွင့္ရဲ႕ ႏွလုံးသားေလးထဲ ၿငိမ့္ေညာင္းစြာ ႏြေးႏြေးေထြးေထြးေလး ဝင္ေရာက္လို႔ လာေလသည္။
"ေအာ္အကိုႀကီး"
ဗိုက္ကေလးကို လက္တစ္ဖက္နဲ႕ အသာမလို႔ အနားေရာက္လာသည့္ ေရွာင္းက်န႔္ကို အရွင္က ႏူးညံ့ေသာ အၾကည့္မ်ားျဖင့္ ေငးၾကည့္ေနေလသည္။
"အိပ္မရဘူးလား"
"ဟုတ္တယ္ဗ်။
အကိုႀကီးေရာ အိပ္မရလို႔လား"
"ဟုတ္တယ္။
ဗိုက္ထဲက အေကာင္ေပါက္ေလးက အရမ္းကို တိုးလြန္းေတာ့ အိပ္မရဘူး"
Advertisement
"သူ ေတာ္ေတာ့္ကို အျပင္ထြက္ခ်င္ေနၿပီ ထင္တယ္ေနာ္"
"ဟုတ္မယ္"
လစ္ကနဲ ေပၚလြင္သြားတဲ့ ပါးၿခိဳင့္ေရးေရးေလးကို ဝမ္ရိေပၚ
သေဘာက်သည္။တကယ္ပင္ ေရွာင္းေရွာင္းက ခ်ိဳ႕ ယြင္းခ်က္မရွိတဲ့ အလွနတ္ဘုရားေလး!
"စိတ္မဆိုးနဲ႕ေနာ္ အကိုႀကီး။
ကြၽန္ေတာ္ တစ္ခုေလာက္ ေမးလို႔ရမလားဗ်"
ေရွာင္းက်န႔္က အၿပဳံးတစ္ပြင့္ကို ဖန္တီးလို႔ ေဘးက လူကို
ေခါင္းၿငိမ့္ျပတယ္။အေဆာ့အသန္လြန္းတဲ့ ကေလးေလးေၾကာင့္ အိပ္မရျခင္းအတူတူ ဒီတစ္ေယာက္နဲ႕ စကားေျပာရတာ ေတာ္ေတာ္အဆင္ေျပေနတယ္လို႔ ခံစားေနရတယ္။
ၿပီးေတာ့လည္း ရင္ဘတ္တစ္ျခမ္းက ထိုလူ႕ အသံတစ္ခ်က္ၾကားတိုင္း အမည္မသိတဲ့ လႈပ္ရွားမႈေတြ ျဖစ္ျဖစ္သြားတယ္။ သူဟာ တစ္ကယ္ပဲ အရွင္မဟုတ္တဲ့ အျခားလူစိမ္းတစ္ေယာက္ကို သေဘာက်ခ်င္ေနတာလား!
"စိတ္မဆိုးပါဘူး ေမးပါ"
"ဗိုက္ထဲက ကေလးေလးရဲ႕ အေဖေရာဟင္"
ေရွာင္းေရွာင္းက ထိုေမးခြန္းကို ၾကားၿပီး ငိုင္ေတြေတြေလး ျဖစ္သြားတယ္။ဒါေပမယ့္ တစ္ခဏခ်င္းမွာပဲ ေခါင္းေလးငုံ႕ကာ ျငင္ျငင္သာသာေလးၿပဳံးကာ ေခါင္းခါျပတယ္။
"ကြၽန္ေတာ္တို႔က ေဝးကြာခဲ့ၿပီးၿပီ"
အရွင္ ဝမ္ရိေပၚရဲ႕ ႏွလုံးသားကို အပ္နဲ႕တစ္ခ်က္ခ်င္း ထိုးသလို ခံစားရတယ္။ဓားသြားထက္လို ႏႈတ္ခမ္းပါးေလးက သူတို႔ႏွစ္ေယာက္ ဘယ္ေတာ့မွ ျပန္မဆုံနိုင္ေတာ့ဘူးလို႔ တိက်စြာ ထင္ျမင္ေနသလို ျပတ္သားတဲ့ စကားတစ္ခြန္းကို ဆိုေလသည္။
"ၾကာၿပီလားဗ်"
"ေျပာျပရမယ္ဆို အရွည္ႀကီးပါပဲ ညီငယ္ေလးရယ္။
ဒီအတိုင္း ကိုယ္ဝန္ေဆာင္ထားတဲ့ အကိုႀကီးလို႔ပဲ သိေပးေနလို႔ ျဖစ္တယ္မလား"
ထိုစကားကို ေျပာၿပီးေတာ့ ေရွာင္းေရွာင္းက ေကာင္းကင္ႀကီးကို ေမာ့ၾကည့္ေနသည္။ေသခ်ာၾကည့္မယ္ဆိုရင္ မ်က္ဝန္းလွလွေလးမွာ အရည္တစ္ခ်ိဳ႕ ကပ္ညွိေနေလမည္။
ခ်စ္ရေသာ အရွင္ကို လြမ္းဆြတ္တမ္းတမိပါသည္။
တစ္ေနရာတည္း အတူတူရွိေနတယ္လို႔ ခံစားမိတာနဲ႕ ကြၽန္ေတာ္ေရွာင္းက်န႔္သည္ အရွင့္ကို သတိရျမင္မိၿပီး အိပ္မရတဲ့ ျဖစ္ရပါသည္။
ဒီအခ်ိန္ေတာ္မွာ အရွင္ကေရာ အိပ္စက္ေတာ္မူေနမလား။ ေဘးနားမွာ တစ္စုံတစ္ေယာက္နဲ႕မ်ားလား။
မသိစိတ္ကေန လွမ္းၾကည့္႐ုံနဲ႕ သဝန္တိုမိပါတယ္။
သိပ္ခ်စ္ရပါတယ္ အရွင္ရယ္။
*********
"ေရွာင္း"
"ဟုတ္ အကိုစုန႔္လန္"
"ဘာေတြလုပ္ေနတာလဲ!
ခႏၶာကိုယ္က မေပါ့မပါးႀကီးနဲ႕။ေမြးဖို႔ကလည္း သိပ္မလိုေတာ့ဘူးဟာ"
"ဒီအတိုင္း ဝတ္႐ုံေလးေတြကို ေလွ်ာ္ဖြတ္တာေလးပါ အကို စုန႔္လန္ရယ္။ကြၽန္ေတာ့္ကို အရမ္းႀကီးလည္း စိတ္မပူပါနဲ႕ဗ်ာ"
"မပူလို႔ရမလား။
ကိုယ့္မွာ ဒီညီေလး တစ္ေယာက္တည္း ရွိတာကို!
ဒါနဲ႕ ဧည့္သည္ေတာ္ေတြေရာ"
"အထဲမွာ ရွိမွာေပါ့"
"ၾကည့္ရတာ ေနာက္ထပ္ႏွစ္ရက္သုံးရက္ေလာက္ ေနဦးမယ္ ထင္တယ္။"
"ျဖစ္နိုင္တယ္"
"ေရွာင္းလည္း ဂ႐ုတစိုက္ေနေနာ္"
"ဟုတ္ အကိုစုန႔္လန္"
"ဒါဆို အျပင္ထြက္ၿပီး ေငြစေလး နည္းနည္းပါးပါး ရွာလိုက္ဦးမယ္။ျပန္လာရင္ ေရွာင္းႀကိဳက္တဲ့ ေျမပဲေစ့ေတြ ဝယ္လာေပးမယ္ေနာ္"
"ဟုတ္ဟုတ္ အကို စုန႔္လန္။
ေက်းဇူးအမ်ားႀကီး တင္ပါတယ္။
ေျမပဲေစ့ကို ေစာင့္ေနမယ္ေနာ္"
ေရွာင္းက ကေလးေလးလိုပဲ လက္ဝါးႏွစ္ဖက္ကို တီးလို႔ ၿပဳံးေနေလသည္။စုန႔္လန္ကေတာ့ ထိုအၿပဳံးေလးေတြကို ႏွလုံးသားထဲမွာ တစ္သက္လုံး ကြယ္ဝွက္ထားဖို႔ စိတ္ထဲ ေရ႐ြတ္ေနမိသည္။
ထိုအၿပဳံးေတြကို အပိုင္လိုခ်င္ေလာက္သည္အထိ ေလာဘမႀကီးပါနဲ႕ စုန႔္လန္။ထိုအၿပဳံးေတြက ပိုင္ရွင္ရွိတယ္။သူမ်ားအပိုင္ကို မလုယူသင့္ဘူးလို႔ သိထားတယ္ေလကြာ!
*******
သတိရရခ်င္း ခႏၶာကိုယ္က ယိမ္းယိုင္ေနေပမယ့္ တစ္စုံတစ္ေယာက္က သူ႕ အား ဖယ္တြယ္ထားေနသည္ကိုလည္း သတိထားမိသည္။
မ်က္လုံးကို ျဖည္းျဖည္းခ်င္းစီ ဖြင့္ၾကည့္မိေတာ့ ေရာက္ရွိေနတာက ေဝါယာဥ္တစ္ခု။အနီေရာင္ပတ္ပတ္လည္ ပိတ္စမ်ားျဖင့္ ကာထားေသာ ေနရာမွာ။
ဖက္တြယ္ထားေပးတဲ့ လူကို ၾကည့္မိေတာ့ သူ႕ ရဲ႕။
"အရွင္"
ေရွာင္းက်န႔္ရဲ႕ မ်က္ဝန္းမ်ားက အံ့ၾသမႈေၾကာင့္ ျပဴးက်ယ္ေနလိမ့္မည္။ႏႈတ္ခမ္းပါးေလးက အသာဟလို႔ သူ႕ အား ငုံ႕မိုးၾကည့္ေနသည့္သူကို ေခၚမိသည္။
"ဘယ္လိုလုပ္ၿပီးကြၽန္ေတာ္ဒီဒီကို ေရာက္ေနတာလဲ အရွင္"
အရွင္က သူ႕ လက္ညိုးျဖင့္ ေရွာင္းက်န႔္ႏႈတ္ခမ္းကို ကပ္လိုက္သည္။
"ကိုယ့္ၾကင္ယာေတာ္ေလးကို ကိုယ္ေတာ္ ျပန္ေခၚလာတာေလ"
ထိုစကားနဲ႕အတူ နဖူးျပင္ေပၚသို႔ ႏြေးေထြးေသာ အနမ္းတစ္ခုကိုလည္း ၾကင္ယာေတာ္ေလး ေရွာင္းက်န႔္က လက္ခံရရွိလိုက္ေလသည္။
"ရိေပၚ!"
အရွင္က သူ ကိုယ္ေလးအား ဖက္ေလသည္။
သို႔ေပမယ့္ ၾကားက ခံေနသည့္ ဗိုက္ေလးေၾကာင့္ ဖြဖြေလးပင္ ဖက္ထားေလသည္။
"ကိုယ္ေတာ္တို႔ အတိတ္ေတြကို အကုန္သိရၿပီ ေရွာင္းေရွာင္း။ ဒီဘဝမွာေတာ့ သိပ္ခ်စ္ၾကတဲ့ ကိုယ္ေတာ္တို႔ႏွစ္ေယာက္ မခြဲပဲေနၾကရေအာင္"
"႐ြာကို မိဖုရားလာေကာက္တာ မဟုတ္ဘဲ ကြၽန္ေတာ့္ကို လာရွာတာမ်ားလား အရွင္"
အရွင္က ဖက္ထားတာကို လႊတ္ေပးၿပီး ၿပဳံးျပလာသည္။
အရွင့္အၿပဳံးကို ဒီဘဝမွာ ျမင္ရခဲလြန္းသည့္ ေရွာင္းက်န႔္က ေဘးနားက အရာဝတၳဳမ်ား ရပ္တန႔္သြားသလို ထင္သည္အထိ ေငးၾကည့္ေနမိသည္။
"ဟုတ္တယ္ဆိုရင္ေရာ ကိုယ့္ေရွာင္းေရွာင္းက ယုံမွာလား"
ဒီတစ္ခါမွာေတာ့ ၾကင္ယာေတာ္ေရွာင္းရဲ႕ ရင္ထဲက ဒုတ္ကနဲဆိုသည့္ အသံႏွင့္အတူ ဗိုက္ပူပူေလးမွလည္း ေနရာေလးတစ္ခုက ဒုတ္ကနဲ ျဖစ္သြားေလသည္။
"ေရွာင္းေရွာင္း"
""
"ကိုယ္ေတာ္ မင္းဆီ ႐ုပ္ဖ်က္ၿပီး လာခဲ့ပါတယ္"
"ကုန္သည္ႏွစ္ေယာက္အျဖစ္"
"ဒီအတိုင္းေခၚရင္ ျငင္းဆန္မွာ စိုးမိတာေၾကာင့္ ေမ့ေဆးအနည္းငယ္သုံးၿပီး ကိုယ္ေတာ္ ေခၚေဆာင္လာမိပါတယ္။
ကိုယ္ေတာ့္ကို စိတ္ကြက္ေတာ္မမူပါနဲ႕။
အတိတ္ဘဝက ကိုယ္ေတာ္ အထင္အျမင္လြဲခဲ့တာေတြကိုလည္း ခြင့္လႊတ္ေပးပါ ေရွာင္းေရွာင္း!"
"ကြၽန္ေတာ့္မ်ိဳးဆီက အရွင္က ခြင့္လႊတ္မႈကို ေတာင္းဆိုရမွာ မဟုတ္ပါဘူး။ကြၽန္ေတာ္ကသာ အရွင့္ဆီက ခြင့္လႊတ္မႈကို ေတာင္းဆိုရမွာပါ။အရွင့္အေပၚ အရမ္းပဲ ရက္စက္မိခဲ့ပါတယ္။ ခြင့္လႊတ္ေပးပါ အရွင္"
အရွင္က ၾကင္ယာေတာ္ရဲ႕ ပါးေလးကို လက္မေလးနဲ႕ ဖြဖြေလး ပြတ္ေပးတယ္။ျမတ္နိုးရေသာ အရာတစ္ခုကို ေငးၾကည့္ေနသည့္ မ်က္ဝန္းေတြျဖင့္။
ထိုအရာေလး ေပ်ာက္ပ်က္သြားမွာကို ပူပန္ေနသလို ထိုအရာေလးဟာ သူ႕ အပိုင္ပါလားဆိုသည့္ အမူအယာေတြ ေရာယွက္လို႔!
"ျမတ္နိုးမိပါတယ္ ၾကင္ယာေတာ္"
"အရွင့္ထက္ ပိုမိပါတယ္"
ေနာက္တစ္ႀကိမ္ ခ်စ္သူႏွစ္ဦးဟာ ေပြ႕ ဖက္တယ္။
ဝမ္းသာျခင္း မ်က္ရည္ေတြက မ်က္ဝန္းေတြမွာ ျပည့္ေနခဲ့တယ္။
**************************************
Advertisement
- In Serial50 Chapters
I Will Always be his REPLACED BRIDE
I can see through my veil, that all the people are congratulating each other, and are happy on my marriage...My eyes have started to get blurry and tears are about to fallAnd then I look for my husband who was first going to be my sister's husband sitting beside me with no emotions...His face has no emotions at all...All I was expecting was him to look at me atleast once...His jaw was clenched and he was cursing something, his hand were formed in a fist, i was very scared only looking at him..I dont know how i was going to face him all my life..i really wish, if my parents would be alive i would not be in this situation.. thinking about them a low sob escaped my lips...But I very well knew one thing that "I will always be his replaced bride"There is lots of drama in this story.. And what will happen when there will also be an entry of a baby..🤔🤔 Lets.. Read to find out..😊😊Hey guys, I want to make one thing clear that DO NOT COPY MY BOOK... if i find similar matter in other books i wont hesitate to Report..Thankyou so much for clicking on my book...do give it a try you wont regret i promise ♡︎Started on 8th March 2022Ended on 25th April 2022
8 202 - In Serial6 Chapters
The Tailor: A Short Story
A tailor had been commissioned to make a set of dresses for a lady of a castle which sparks jealousy and insecurity. This is the third story in my short story collection.
8 193 - In Serial33 Chapters
My Best Friend's Brother
"You know you love me," he said with that stupid smirk on his face.********Erica Jefferson is your typical highschool teenager though she has never dated. She moves into a new environment. Now, she struggles to protect her heart from a handsome devil, the Don Juan of school. But will she succeed.*********Joe Frost, widely known as the school man whore, is your average teenage boy. He likes sleeping around with different girls. He has never committed to anyone. But a new girl in the area might change that.*warning*-contains sexual/mature content-reader discretion is advised
8 232 - In Serial37 Chapters
HE IS THIRTY SEVEN | VKOOK ✓
Age is just a number and when did love ever have any boundaries? © Bangtanlover95
8 223 - In Serial59 Chapters
REQUIREMENTS | DRACO MALFOY
❛Let's hope Potter doesn't find out❜ ❉ fem!reader, ©kingdombyers OFFICIAL FANFIC HP READING LIST!!! 2ND PLACE WINNER OF THE POTTERHEAD CHALLENGE! (HR: #3 in Malfoy, #4 in Harry Potter, #2 in Like, #15 in Draco Malfoy :)
8 206 - In Serial37 Chapters
It has always been you (✔)
Empty hearts, merry eyes;Thin line and pure feelings. It is a tale of two hearts . It is a tale of their first innocent love. It is a tale of veer and suhani. From being each other's first love they come to hate each other. When they loved each other, destiny played a game to separate them. And when they hated each other, destiny played a game again, to reunite them via an arranged marriage. At last, It's all destiny, It's all love. A dramatic story...
8 262

