《After Agonising ,Will You Love Again? [ Completed ]》CHAPTER - [ 27 ]
Advertisement
ဘုရင်မင်းမြတ် ဝမ်ရိပေါ်၏ ပထမဆုံး သားတော်တစ်ဖြစ် အိမ်ရှေ့စံမင်းသားလေး ဝမ်ရှောင်းယွမ်မှာ မိခင်နို့နှင့်မဟုတ်ဘဲ နွားနို့သာ သောက်သုံးခဲ့ရသဖြင့် သာမာန်ကလေးများကဲ့သို့ အာဟာရ ပြည့်ပြည့်ဝဝမရရှိသောကြောင့် အားနည်းသော ကလေးလေးနှယ် ရောဂါများ မကြာခဏဝင်ကာ နေမကောင်းဖြစ်လေသည်။
ဒါကို ကြင်ယာတော်ရှောင်းကလည်း စိတ်မသာဖြစ်သလို
မင်းကြီးဝမ်ရိပေါ်ကလည်း ရင်တွင်း၌ပင် စိတ်အလွန်မကောင်းဖြစ်ရလေသည်။
ရင်နှစ်သည်းချာသားတော်လေးအစား ကိုယ်တိုင်သာ ခံစားလိုက်ချင်သည်။ဒါကို တွေ့ မြင်နေရသည့် အထိန်းတော်ကြီးသည်လည်း မင်းကြီးနှင့်ကြင်ယာတော်ကဲ့သို့ပင် ပူဆွေးနေရလေ၏။
"မင်းကြီး ကျွန်တော်မျိုးတစ်ခုလောက် လျှောက်တင်ပါရစေ…"
သားတော်လေးအား ရင်ထဲ၌ပိုက်ကာ မြူနေသည့် မင်းကြီး ဝမ်ရိပေါ်အား အထိန်းတော်ကြီးမှ လျှောက်တင်လေသည်။
"ပြောပါ အထိန်းတော်ကြီး"
"မင်းသားလေးက အစစ်အမှန်ပင် မိခင်နို့လိုအပ်နေကြောင်းပါ။ဒါကို မင်းကြီးမှ ဝေးဝေးလံလံရှာဖွေမနေဘဲ သွေးသားတော်စပ်သည့် မင်းသားဝမ်ဟန်၏မိဖုရားမှ တောင်းဆိုပြုပါလားလို့ ကျွန်တော်မျိုးအကြံပေးပါရစေ။တကယ်လို့များ မင်းကြီးကိုယ်တိုင် မတောင်းဆိုချင်လျှင် ကြင်ယာတော်ရှောင်းကို တောင်းဆိုခြင်း ပြုခိုင်းတော်မူပါလား မင်းကြီး"
ဒီလိုမျိုး ရဲရဲတင်းတင်း လျှောက်တင်နိုင်ဖို့ အထိန်းတော်ကြီးဟာ အချိန်အတော်ကြာအောင်ထိ အားယူနေခဲ့ရလေသည်။
မင်းကြီးဝမ်ရိပေါ်ဟာ အတိတ်က အကြောင်းအရာတစ်ချို့ကြောင့် မင်းသားဝမ်ဟန်နှင့် မယ်တော်ကြီးတို့ကိုလည်း နန်းတော်တွင်းမှ မနှင်ထုတ်ရုံတစ်မယ် နေစေခဲ့သည်။
နန်းတွင်းရေးရာကို ကိစ္စသေးသေးကိုမျှ ပါဝင်ပတ်သတ်စေခိုင်းခြင်း မရှိခဲ့ပေ။
"ကိုယ့်တော့် သားတော်လေးကို သန့်စင်သောနို့ချိုကိုသာ တိုက်ကျွေးစေလိုတယ် အထိန်းတော်ကြီး။ဘယ်လိုဥာဏ်ဖြင့် ဒီလိုအတွေးမျိုးတွေးအံ့သလဲ"
"အရှင်…"
မင်းကြီးဝမ်ရိပေါ်က မျက်နှာတော်တင်းနေရာမှ ချက်ချင်းပင် ပြေလျော့ကာ သူ၏ကြင်ယာတော်ဘက်သို့ မျက်နှာလှည့်သွားလေသည်။
"ကြင်ယာတော်ရှောင်း…"
"အထိန်းတော်ကြီးပြောတာ မှန်တယ်လို့ ကျွန်တော်လည်း ထင်မိတယ် အရှင်။သားတော်လေးကလည်း တစ်နေ့တစ်ခြား ရောဂါဘယတွေထူထူလာပြီး အခြားသွေးမစပ်တဲ့ မိခင်နို့ကိုလည်း အရှင်မတိုက်ဝံ့ဘူးလေ။ဒါ့ကြောင့် အထိန်းတော်ကြီး ပြောတဲ့အတိုင်း မင်းသားဝမ်ဟန်ရဲ့မိဖုရားဆီမှာ ကျွန်တော်ကိုယ်တိုင်ပဲ သွားရောက်တောင်းဆိုပါရစေ။အရှင် ခွင့်ပြုပေးမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။အရှင့်သားလေး ဝမ်ရှောင်းယွမ်လေးကို သနားတော်မူပေးပါ အရှင်…"
အရှင် ဝမ်ရိပေါ်ဟာ လက်တော်ထဲက ပြုံးရယ်ပြနေသည့် သားတော်လေးကို တစ်လှည့်။ခပ်ဖျော့ဖျော့လေးပြုံးကာ တောင်းဆိုဟန် ပြုနေသည့် ကြင်ယာတော်ရှောင်းကို တစ်လှည့်ကြည့်ကာ ဝေခွဲမရ ဆုံးဖြတ်ရ ခက်နေရှာလေသည်။
"ရှောင်း ပြောတဲ့အတိုင်း ကိုယ်တော် ခွင့်ပြုလိုက်မယ်။
မိဖုရားကို တောင်းဆိုသည့်အခါ အလွန်တရာကြီး မခယမိပါစေနဲ့။မင်းဟာ ဝမ်ရိပေါ်ဆိုတဲ့ အရှင့်ရဲ့ ကြင်ယာတော် ဖြစ်တာမို့"
"ကျွန်တော် ဝမ်းသာမိပါတယ် အရှင်။
သားတော်လေး ကျန်းကျန်းမာမာရှိစေဖို့ ကျွန်တော် ဘာမဆိုလုပ်မှာမို့ အရှင် ဒီလိုထိ ကန့်သတ်ထားဖို့ မလိုပါဘူး"
"ရှောင်း!"
"အရှင်"
"ကိုယ်တော် မင်းကို အောက်ကျမခံစေချင်ဘူး"
"သားတော်လေးအတွက် အောက်ကျခံသင့်ရင် ခံရမှာပဲ အရှင်"
အရှင် ဝမ်ရိပေါ်က သားတော်လေးကို ငုံ့ကြည့်ပြီး နဖူးပြင်နုနုလေးအား အနမ်းပေးလိုက်သည်။
"ခမည်းတော် ဒီလိုတွေပြောနေတာ သားတော်လေးကို မချစ်လို့ မဟုတ်ရပါဘူး။သူတို့တွေနဲ့ ပတ်သတ်လာရင် ဖြစ်ပျက်ခဲ့တဲ့ အတိတ်ဆိုးတွေက ခမည်းတော်ရဲ့ ဘယ်ဘက်ရင်ဘတ်ကို နာနာကျင်ကျင်ဖြစ်စေလို့ပါ။သားတော်လေး ခမည်းတော်ကို ခွင့်လွှတ်ပေးပါ"
စိတ်ထဲ၌ ရေရွတ်ပြီး သားတော်လေးအား ရှောင်းလက်ထဲသို့ ပြန်ထည့်လိုက်ကာ အဆောင်အပြင်သို့ အရှင်ဝမ်ရိပေါ် ပြန်ကြွတော် မူလေသည်။
*******
"အရှင်"
"အရှင်!"
"အရှင်!!"
ပေလွှာဖတ်နေသည့် အရှင်ဝမ်ရိပေါ်အား ကြင်ယာတော်ရှောင်းမှ အဖြူရောင်အဝတ်စလေးကို အသာမကာ ပြေးလို့ အော်ခေါ်ပြီး ဝင်လာလေသည်။
အရှင့်နားရောက်သည့်အခါ အရှင့်ကို ပြေးဖက်လေသည်။
ရုတ်တရက်မို့ အရှင်ဝမ်ရိပေါ်က ကြင်ယာတော်ရှောင်း၏ ခန္ဓာကိုယ်လေးကို လက်ဖြင့် အသာထိန်းလိုက်ပြီး နောက်သို့လန်မကျသွားအောင် ထိန်းလိုက်လေသည်။
"ဝမ်ဟန့်မိဖုရားက အလွန်တရာ စိတ်ထားမြင့်မြတ်တယ် အရှင်။သားတော်လေးကို သူ့ ဆီမှာ နို့ရည်မကုန်ခမ်းသရွေ့ တိုက်ကျွေးပါ့မယ်တဲ့။အခုပဲ အထိန်းတော်ကြီးက တစ်ခွက်မျှ ယူလာပြီး သားတော်လေးကို အဆောင်တော်အတွင်းမှာ တိုက်နေတယ်!"
"ကိုယ်တော်လည်း ဝမ်းသာမိပါတယ်။
ရှောင်းစိတ်ချမ်းသာရသလို ကိုယ်တော်လည်း စိတ်ချမ်းသာရပါတယ်။သားတော်လေးလည်း ကျန်းကျန်းမာမာကြီးပြင်းလာရပြီပေါ့။သားတော်လေး ကြီးပြင်းလာရင် ကိုယ်တော့်ထက် ထူးချွန်ထက်မြတ်တဲ့ သူ ဖြစ်စေချင်တယ်"
ကြင်ယာတော်ရှောင်းက အရှင်ဝမ်ရိပေါ်ပေါင်ပေါ် ခွထိုင်ထားပြီး အရှင်၏လည်တိုင်ကိုလည်း လက်နှစ်ဖက်ဖြင့် သိုင်းဖက်ထားသေးသည်။
"ကျွန်တော်နဲ့တူရင် ကျိန်းသေပေါက် အရမ်းလိမ္မာတဲ့ သားလေးဖြစ်မှာ…"
"ကိုယ်တော်နဲ့တူရင် အရမ်းတော်တဲ့ ကလေးလေးဖြစ်မှာ…"
"ရှူး……"
ရှောင်းကျန့်က အရှင့်ရဲ့ နှုတ်ခမ်းပေါ် လက်ညိုးတင်လိုက်ပြီး ဆက်ပြောမည့်စကားလုံးများကို ရပ်တန့်ထားဟန် ပြုသည်။
"ဆက်မပြောနဲ့တော့"
"ကိုယ့်လိုဘုရင်ကို အမိန့်ပေးတယ်ပေါ့!"
အရှင်ဝမ်ရိပေါ်က ဝတ်ရုံလွှာတွေအောက် လက်ထည့်ပြီး ကြင်ယာတော်ရှောင်း၏ပေါင်တွေကို ပွတ်သပ်လာလေသည်။ ရှောင်းက အရှင့်ရဲ့လက်တွေကို ဖမ်းဆုပ်ထားလိုက်ပြီး အောက်နှုတ်ခမ်းကို ယုန်သွားလေးဖြင့် ဖိကြိတ်ပြလေသည်။
"ကိုယ့်ဘာကိုယ် ပေလွှာဆက်ဖတ်နေလေ…
ဒီလက်တော်က ကျွန်တော်မျိုးအသားတွေကို ဘာကြောင့်များ ပွတ်သပ်နေသလဲ အရှင်"
"အရှင့်လက်တွေက အကျင့်ပါတော်မူနေတာပါ…
ရှောင်းပဲ ဒီလိုအကျင့်ပါအောင် ဖန်တီးထားပြီးတော့!"
ရှောင်းက မျက်စောင်းအနည်းငယ်စောင်းလို့ လူလည်လုပ်နေသည့် အရှင်ဖြစ်သူအား ထိုးပစ်လိုက်လေသည်။
"ကျွန်တော် ဘယ်တုန်းကများ ဖန်တီးမိခဲ့လို့လဲ အရှင်"
အရှင်က ရှောင်းကို ပုခုံးမှ သိုင်းဖက်လိုက်ပြီး ရှောင်းပုခုံးပေါ် မေးတင်ထားကာ နှုတ်ခမ်းဖြင့်လည်း တဖွဖွနမ်းနေလေသည်။
Advertisement
"ကိုယ်တော်က ရှောင်းကို စတာပါ။
တကယ်တော့် ကိုယ်တော်တို့က တစ်ကြိမ်ပဲ အတူနေခဲ့ဖူးတာပဲကို"
ရှောင်းနားရွက်တွေ ချက်ချင်းရဲတက်သွားတာကို အရှင်တွေ့ လိုက်သည်။ဒီကိစ္စနဲ့ပတ်သတ်ပြီး သူတို့ကြားမှာ ဝေးကွာလွန်းသည့်အနေအထားဖြစ်တာကြောင့် ရှောင်း ရှက်သွားတာ ဖြစ်နိုင်လေသည်။
ပေါင်ပေါ်က အတင်းဆင်းရန်ပြုနေသည့် ခန္ဓာကိုယ်လေးကို ခါးကနေ ပြန်ဆွဲယူ၍ ပိုမိုနီးကပ်စေလိုက်သည်။
အနီးကပ်မြင်နေရသည့် နှုတ်ခမ်းပါးလေးအောက်က မှဲ့နက်လေးကို လက်မဖြင့် ခပ်ဖြည်းဖြည်းချင်း ဖိပွတ်လိုက်သည်။
"ဒီမှဲ့လေးကလေ ရှောင်းကို ကိုယ်တော် နမ်းချင်လာအောင် တမင်ဆွဲဆောင်နေသလိုပဲ!"
ရှောင်းကျန့်က ဘေးဘီကို ဝဲ့ကြည့်ကာ ဘယ်သူ့ မှ မရှိကာမှ သက်ပြင်းအနည်းငယ်ချကာ အသက်ကို မှန်မှန်ရှူလိုက်သည်။ဒီနေ့မှ အရှင်က ဒီလိုစကားတွေပြောနေရတာလဲ!
"အရှင်"
ရှောင်းက အရှင့်ရင်ဘတ်ကို လက်ဖြင့်တိုးလေသည်။
သူ တွန်းလိုက်သောအားက များပေမယ့်လည်း အရှင်က ရွေ့ တောင်မရွေ့ ရှာ။ခါးကို ထပ်မံဆွဲကပ်ခံလိုက်ရတာကြောင့် ပ်ုလိုပင် နီးကပ်သွားလေသည်။
"ရှောင်း"
ရှောင်းက လှုပ်ခတ်သွားသော နှုတ်ခမ်းတစ်စုံကို စိုက်ကြည့်နေမိသည်။ဘာတွေများ အကြည့်မလွှဲချင်ရလောက်အောင် သူ့ ကို ဆွဲဆောင်ထားနေတာလဲ။
"ကိုယ်ပြောတာ ကြားလား"
"ဟင်…ဟင် ဘာလဲ အရှင်"
"အာ…ရှောင်းက တကယ်မကြားတာလား။
မကြားချင်ယောင်ဆောင်နေတာလား"
"ကျွန်တော် တကယ်မကြားတာပါ အရှင်"
မကြားကြောင်း လက်တစ်ခါခါပြနေသည့် ရှောင်းလက်ကလေးအား အရှင်ဝမ်ရိပေါ်က သူ့ လက်ဖဝါးကြီးဖြင့် ဖမ်းဆုပ်လိုက်ကာ လက်ဖမိုးပေါ် အနမ်းတစ်ပွင့် ကျဲလျလေသည်။
"ကိုယ် မင်းနဲ့ … ချင်တယ်"
ဒီတစ်ခါမှာတော့ ကြင်ယာတော်ရှောင်းရဲ့နားရွက်သာမက မျက်နှာပါ ပေါက်ကွဲတော့မတက် နီရဲလာပြီး အံ့သြဟန်လည်း ဖြစ်ကာ မျက်လုံးလေးအနည်းငယ်ပြူးလျက် ပါးစပ်လေးတောင် အသာဟလိုက်သေးသည်။
"အရှင်…အရှင် အဲ့တာက…ကျွန်တော်…အခု…အဆင်သင့်မဖြစ်သေးဘူး…"
အရှင်ဝမ်ရိပေါ်က ခပ်ရေးရေးပြုံးလျက် ရှောင်းအား နောက်သို့ တွန်းချကာ အပေါ်မှ အုံ့မိုးလိုက်လေသည်။
"ဘာလို့ အဆင်သင့်မဖြစ်သေးတာလဲ"
ရှောင်းရဲ့ နှုတ်ခမ်းလေးတွေက နီနေပြီး တဆက်ဆက်တုန်နေလေသည်။
"ကျွန်တော်…ဘာမှ…မပြင်ဆင်ရသေးဘူး…"
အရှင်ဝမ်ရိပေါ်က ရှောင်းရဲ့နားဖျားလေးနားကပ်၍ တီးတိုးပြောလေတယ်။
"အဲ့ဒါအတွက်…စိတ်မပူပါနဲ့…ကိုယ်တော်ပြင်ဆင်ပေးပါ့မယ်"
**************************************
"အရှင်"
"ကြင်ယာတော်ရှောင်း"
"ရှောင်း!"
"အရှင်"
*******
"အရှင်"
"အရှင်!"
"အရှင်!!"
"ရှူး"
"ဆက်မပြောနဲ့တော့"
"အရှင်"
"ရှောင်း"
"ကိုယ်ပြောတာ ကြားလား"
"ဟင်ဟင် ဘာလဲ အရှင်"
"ကိုယ် မင်းနဲ့ ချင်တယ်"
**************************************
Advertisement
- In Serial26 Chapters
Before the Day Is Done
The Seven were Mari's entire world. They kept her hidden away, with only themselves for company, but one day they all left. When they came back, everything changed. Mari was thrust into a world of cities, castles, kingdoms, and kings, and none of it made any sense to her. Mari, like always, was subject to the Seven's wills and whims, but ever since they taken the city, they were leaving her by herself more and more, dealing with problems they kept her in the dark about. Mari now had more questions than ever before and no one to answer them.
8 140 - In Serial39 Chapters
MC Forbidden (Broken Demons MC #9)
Needles lives his dream, a member of the Broken Demons MC and runs the tattoo shop owned by the club. He's watched his brothers settle down and start families and he can't help but wonder when it'll be his turn. Molly is the black sheep of the family. After making some poor choices her parents have had enough and send her to live with her aunt for a while. Will she return to the life she doesn't fit into or can she finally find where she belongs?
8 131 - In Serial45 Chapters
Rabh Ne Banade Jodi✔️ completed
Rabh has made the jodi of:Dr. Kabir Singh Romana who is a handsome dentist and a billionaire business man. He has everything you name - wealth, fame, fortune, luck, looks.However he lacks love,Craves affection and wants careTo change that comes in Sahiba Kaur Khurana a preety, soft woman dispite being a billionaire's daughter and the apple of eye of the whole family she is down to earth. A preschool teacher by profession, she loves teaching kids and is full of care affection and love but has insecurities due to her past... Let us how this jodi made in heaven by RABH works out?!?!!?!
8 169 - In Serial49 Chapters
Thirsty (Vampire BTS x Reader)
He placed torturously slow, sweet kisses all over her neck before biting into her skin. We all watched in complete silence, one you could hear a pin drop in, but not because of the act, we were almost used to that, but because of the girl's breathless moans of bliss that echoed off the walls as he devoured her blood."People are trapped in history,And history is trapped in them.Do you really think you have the guts to destroy me?".
8 157 - In Serial7 Chapters
Being His Villain ~ BL [Quick Wear]
Vin wakes up in an empty space with no memories and only a feeling of needing to find someone. That's when 111, a system, shows up.111 stated that Vin needed to go through multiple worlds as a villain and get rid of the protagonists halos with the condition of not going OOC and he'd be able to wish for whatever he wanted.Vin agreeing, goes through the worlds as villains along with a dog that is always trailing close behind him. This is a story where Vin will play as the villain and finds his true love, who will love him forever, unconditionally.**inconsistent updates**no images are mine unless stated otherwise**original story
8 195 - In Serial8 Chapters
New Rules
They say that revenge is a dish best served cold. That is exactly what Neha Sharma wants. And Neha she wants...she always gets.
8 90