《After Agonising ,Will You Love Again? [ Completed ]》CHAPTER - [ 29 ]
Advertisement
နန်းတော်၏ တစ်ခုတည်းသော ဥယျာဉ်တော်လေးမှာ ကြင်ယာတော်ရှောင်းဟာ သူ၏ သားတော်လေးနဲ့အတူ အဖော်ပြုကာ ဆော့ကစားနေပေးလေသည်။
နှစ်ခါလယ်သားကျော်ကျော်ရှိပြီဖြစ်တဲ့ သားတော် ဝမ်ရှောင်းယွမ်လေးဟာ အရှင်ရိပေါ်နဲ့ပင် တော်တော်တူလေသည်။ပါးဖောင်းဖောင်းလေးနှင့်အတူ မျက်ရစ်မပါတဲ့ မျက်လုံးကျဉ်းကျဉ်းလေး။
"အရမ်းမပြေးနဲ့လေ ယွမ်အာ"
"ဟီးဟီး"
အတတ်လေး ယွမ်အာလေးက သူ့ ပါပါးရှောင်းကို လှည့်ပတ်ကာ ပြေးနေလေသည်။အနီးအနားက စောင့်ကြည့်နေသော အထိန်းတော်ကြီးနှင့် ကိုယ်ရံတော်တစ်ချို့ ကလည်း
ကောင်းမွန်စွာ ကြီးပြင်းလာသော အိမ်ရှေ့စံလေးကို ဂုဏ်ယူစွာပင် ပြုံး၍ ကြည့်နေလေသည်။
"အထိန်းတော်ကြီး"
ဘေးနားသို့ ရုတ်တရက်ကြီး ရောက်လာသော အရှင်ကြောင့်
အထိန်းတော်ကြီး အလျှင်အမြန်ပင် အရိုအသေ ပေးလိုက်ရသည်။
"အမိန့်ရှိပါ အရှင်"
"ကျေးဇူးတင်ပါတယ်"
"မခံယူဝံ့ပါဘူး အရှင်"
"ကိုယ်တော့် သားတော်လေးနဲ့ ကြင်ယာတော်လေးကို ကောင်းမွန်စွာ စောင့်ရှောက်ပေးခဲ့လို့ပါ"
"ဒါက ကျွန်တော်မျိုးအလုပ်ဖြစ်တာကြောင့် တာဝန်ရယ် စိတ်ရင်းနဲ့ပါ စောင့်ရှောက်ပေးခဲ့လို့ အခုလိုမျိုး အရှင့်ချီးကျူးတာကို ခံရတာပါ။ကျေးဇူးကြီးမြတ်တော်မူပါတယ် အရှင်"
"ယွမ်အာလေးက ကိုယ်တော်လေးနဲ့ ပိုတူသလိုပဲ"
အရှင်ရိပေါ်ကဲ့သို့ အထိန်းတော်ကြီးပါ ဝမ်ရှောင်းယွမ်လေးကို လှမ်းကြည့်လေသည်။
"ကြင်ယာတော်ရှောင်းက အရှင့်ကို ပိုချစ်ခဲ့လို့ ဖြစ်မယ်လို့ ကျွန်တော်မျိုး ထင်ရပါတယ်"
အထိန်းတော်ကြီးက ထိုစကားကို ရဲတင်းစွာပင် ပြောလိုက်လေသည်။အရှင့်ကိုယ်ရံတော်ကျိရန်ကလည်း ထိုစကားကို မှန်ကန် ထောက်ခံသည့်အနေဖြင့် အထိန်းတော်ကြီးအား ခေါင်းငြိမ့်ပြလေသည်။
"ဟင်း...အဲ့လိုလား"
ထိုအချိန် ကစားနေရင်း ဝမ်ရှောင်းယွမ်လေးက သူတို့အား ကြည့်နေသည့် ခမည်းတော်ကို တွေ့ လိုက်လေသည်။ခမည်းတော်ဖြစ်သူဆီသို့ ပြေးလာပြီး ကားပေးထားသော လက်ထဲပြေးဝင်ကာ ကိုယ်ပေါ်သို့ ခုန်တက်လိုက်သည်။
"ခမည်းတော်"
"ခင်ဗျာ"
ယွမ်အာက ပါပါးရှောင်းဘက်ကို လက်ညိုးထိုးပြပြီး ရယ်တော့သည်။
"ပါပါးကလေ ယွမ်အာ့ကိုတောင် လိုက်မမှီဘူးသိလား..."
"ဟုတ်လား...
ကိုယ်တို့ ယွမ်အာလေးက တော်တာကိုး"
ရှောင်းကျန့်လည်း အတိုင်အဖောက်ညီနေသည့် သားအဖအနားရောက်လာပြီး စကားတတ်နေသည့် ဝမ်ရှောင်းယွမ်၏ ခေါင်းကို ဖွဖွလေး ထုလိုက်သည်။
"သက်သက်မဲ့ လျှော့လိုက်နေတာကို မင်းက ငါ့ယောကျာ်းကို တိုင်နေတာပေါ့ ဟုတ်လား"
"ပါပါးက ယွမ်အာ့နောက်ကို မလိုက်နိုင်တာပါ"
စကားလေး မပီကလာ ပီကလာပြောနေသည် ဝမ်ရှောင်းယွမ်လေးက အားလုံးရဲ့အမြင်ထဲမှာ ချစ်ခင်စရာအပြည့်။
အရှင်က နှာမှုတ်ကာ ကလေးလေးနဲ့အပြိုင် စိတ်ကောက်နေသည့် ကြင်ယာတော်ရှောင်းအား လှမ်းဖက်လိုက်သည်။
"ကိုယ့်အသက်ကလေးကလည်း သားတော်လေးနဲ့ အပြိုင်မလုပ်ပါနဲ့"
"ကျွန်တော် ဘာမှမလုပ်ဘူးလေ ယောက်ျား...
အရှင့်သားကသာ ကျွန်တော်မျိုးကို အနိုင့်ကျင့်ပြီး စကားနိုင်လုနေတာ"
"ကဲကဲ...လာလာ အနားယူမယ်"
**********
တစ်ခါတစ်လေမှ အဆောင်အပြင်ထွက်သည့် ကျန့်နဲ့ တိုက်တိုက်ဆိုင်ဆိုင် ထိပ်တိုက်တွေ့ လေသည်။အချိန်တွေ ကြာသွားပေမယ့်လည်း အတိတ်ကဖြစ်ရပ်တွေက ဝမ်ဟန့်အတွက် မနေ့တစ်နေ့ကလိုပင်။
"မင်းသား ဝမ်ဟန်"
"ကြင်ယာတော်ရှောင်း"
အပြန်အလှန် ဦးညွှတ်အပြီးမှာ ဝမ်ဟန်က ရှောင်းကျန့်ကို အကြည့်ချင်းမဆုံပေ။
"ကြင်ယာတော်ရှောင်း တစ်ယောက်တည်း ဘယ်သွားမလို့ပါလဲ"
"ယွမ်အာလေး အိပ်နေတော့ အထိန်းတော်ကြီးနဲ့ ထားခဲ့ပြီး အရှင့်ဆီ သွားမလို့ပါ မင်းသား။
မင်းသားဝမ်ဟန်ရော ဘယ်က ပြန်လာတာလဲဟင်"
"ကိုယ်က ဘာရယ်မဟုတ်ပါဘူး ဒီအတိုင်းပဲ"
"ကောင်းပါပြီ။
ကျွန်တော်မျိုးကို သွားခွင့်ပြုပါဦး"
ချက်ချင်းပင် ဝမ်ဟန်က ရှောင်းကျန့်လက်ကို လှမ်းဆွဲလိုက်သည်။ဒါပေမယ့် ရှောင်းကျန့်ကလည်း ချက်ချင်းပင် ရုန်းထွက်သွားလေသည်။
"မလေးမစားပြုမိတဲ့အတွက် တောင်းပန်ပါတယ် ကြင်ယာတော်"
"ဘာပြောစရာရှိသေးလို့လဲ မင်းသားဝမ်ဟန်"
"ကိုယ်...တောင်းပန်ပါတယ် ကျန့်....
အရင်တုန်းက ဖြစ်ခဲ့သမျှ တောင်းပန်ရုံ မကျေအေးနိုင်ပေမယ့် ကိုယ့်ကို ခွင့်လွှတ်ပေးပါ ကျန့်။
ကိုယ့်အမှားတွေ ကျန့်အပေါ် အရမ်းမှားခဲ့ပါတယ်။
ဒါပေမယ့် ကိုယ် ကျန့်ကို တကယ်မြတ်နိုးခဲ့ပါတယ်။ဟိုးအရင်ကတည်းက အခုချိန်ထိရယ်ပါပဲ။ဘယ်လိုပဲ ဘယ်အရာနဲ့ မေ့ဖျောက်မေ့ဖျောက် ကိုယ် ကျန့်ရဲ့ အပြုံးတွေကို မေ့မရနိုင်ခဲ့ဘူး"
မင်းသားဝမ်ဟန် ကျနေသော မျက်ရည်စတွေကို လက်ဖြင့် ခပ်ကြမ်းကြမ်း သုတ်လိုက်လေတယ်။
"အခုအချိန်မှာ အဲ့တာတွေ ပြောမိလို့ ကျန့် စိတ်အနှောက်အယှက်ဖြစ်ရင်လည်း ကိုယ် ထပ်တောင်းပန်ပါတယ်။
ကိုယ့်ကို ခွင့်လွှတ်ပေးပါ"
ရှောင်းကျန့်က စိတ်မသက်သာစွာပင် သက်ပြင်းချလိုက်လေသည်။
"အတိတ်တွေ မေ့ချန်ထားပြီး လက်ရှိမှာ ပျော်ပျော်လေး နေကြရအောင် မင်းသားရယ်။မင်းသား အခုချိန်ထိ ကျွန်တော်မျိုးကို မချစ်သင့်တော့ပါဘူး။အဲ့ဒီ့အစား မင်းသားဘေးမှာ မင်းသားကိုယ်ပွားလေးနဲ့ အခစားနေသော မိဖုရားကိုသာ ချစ်ဖို့ မင်းသား ကြိုးစားသင့်ပါတယ်။သူမဟာ မင်းသားအချစ်နဲ့ ထိုက်တန်သော မိန်းမလှလေးပါ။ကျွန်တော်မျိုးကို မေ့ဖျောက်ပြီး
တစ်ခါလောက်ဖြစ်ဖြစ် ကြိုးစားကြည့်ပါ မင်းသား"
"ကြင်ယာတော် ပြောတဲ့အတိုင်း ကိုယ် နေကြည့်ပါ့မယ်..."
"အင်း"
ရှောင်းကျန့်က ဝမ်ဟန့်ရှေ့က ထွက်လာခဲ့လိုက်တယ်။
အမှားတွေကို စောစောမြင်ခဲ့တာ ကောင်းတယ် မင်းသားဝမ်ဟန်။ကျွန်တော် ဝမ်ဟန့်ကို မချစ်နိုင်ခဲ့တာကိုလည်း တောင်းပန်ပါတယ်။ကျွန်တော့်မျိုးရင်ထဲမှာ အရှင်ဟာ နှလုံးသားလေးခြမ်းစလုံး အပြည့်အဝယူနှင့်နေပြီးသားမို့ပါ...။
*******
"ရိပေါ်"
ရှောင်းကျန့်က အရှင့်အား ဝတ်ရုံဆင်ပေးနေရင်း ခေါ်လာလေသည်။
"ကိုယ့်ကို ဘယ်လိုခေါ်ရမလဲလို့ ရှောင်းရှောင်းကို ပြောထားလဲ"
ရှောင်းကျန့်က အရှင်ဖြစ်သူအား မျက်လုံးလေးစောင်းကြည့်လိုက်သည်။
Advertisement
"အရှင်ကလည်း"
"အဲ့လိုမဟုတ်ဘူးလေ"
"ယောကျာ်းရယ်...ယောက်ျားရဲ့!!"
အရှင်ဝမ်ရိပေါ်က သဘောကျစွာ ကြင်ယာတော်ရှောင်းရဲ့ နဖူးကို လက်ညိုးဖြင့် တောက်လိုက်သည်။
"အသံကလည်း ကျယ်လိုက်တာ"
"အဲ့လိုကြားချင်နေတာမလား"
"အင်း ဟုတ်တယ်လေ"
ခါးစည်းကြိုးကို ပတ်ပေးတော့ ရှောင်းကျန့်က အရှင့်ကို ဖက်ထားသလို ဖြစ်နေသည်။လက်မအားဖြစ်နေတဲ့ ရှောင်းကျန့်ကို အရှင်က နီးကပ်နေသော ပါးပြင်လေးအား အကြိမ်ကြိမ် နမ်းရှိုက်လေသည်။
ရွှတ်! ရွှတ်!
"အရှင်!"
"အင်း"
ကြည့်လိုက်ရင် ဘာမှမသိလိုဖြင့် အရှင်ရိပေါ်က ကြင်ယာတော်ရှောင်းအား စနောက်လေသည်။
"ဒီည အဆောင်တံခါး ပိတ်ထားမှာ"
အရှင်ဝမ်ရိပေါ်က ရှောင်းကျန့်ခါးအား ဖက်လိုက်သည်။
"အဲ့လိုရမလား?
ကိုယ်တော် ဘာပြောထားလဲ"
"ဘာပြောထားလို့လဲ"
"နေ့တိုင်းဆို နေ့တိုင်းပဲလို့!"
"ဟွန့်"
အရှင်က ပိုမိုတင်းကြပ်စွာ ဖက်လိုက်သည်။
ဒီဘဝမှာတော့ သူ စိတ်ချမ်းသာရပြီ ဖြစ်သည်။မြတ်နိုးရတဲ့ ရှောင်းရယ် ချစ်ရတဲ့ သားတော်လေး ယွမ်အာလေးရယ်။
တစ်သက်စာအတွက် ပျော်ရွှင်မှုတွေ အခုအခြေအနေနဲ့တင် လုံလောက်နေပြီ ဖြစ်သည်။
**************************************
နန္းေတာ္၏ တစ္ခုတည္းေသာ ဥယ်ာဥ္ေတာ္ေလးမွာ ၾကင္ယာေတာ္ေရွာင္းဟာ သူ၏ သားေတာ္ေလးနဲ႕အတူ အေဖာ္ျပဳကာ ေဆာ့ကစားေနေပးေလသည္။
ႏွစ္ခါလယ္သားေက်ာ္ေက်ာ္ရွိၿပီျဖစ္တဲ့ သားေတာ္ ဝမ္ေရွာင္းယြမ္ေလးဟာ အရွင္ရိေပၚနဲ႕ပင္ ေတာ္ေတာ္တူေလသည္။ပါးေဖာင္းေဖာင္းေလးႏွင့္အတူ မ်က္ရစ္မပါတဲ့ မ်က္လုံးက်ဥ္းက်ဥ္းေလး။
"အရမ္းမေျပးနဲ႕ေလ ယြမ္အာ"
"ဟီးဟီး"
အတတ္ေလး ယြမ္အာေလးက သူ႕ ပါပါးေရွာင္းကို လွည့္ပတ္ကာ ေျပးေနေလသည္။အနီးအနားက ေစာင့္ၾကည့္ေနေသာ အထိန္းေတာ္ႀကီးႏွင့္ ကိုယ္ရံေတာ္တစ္ခ်ိဳ႕ ကလည္း
ေကာင္းမြန္စြာ ႀကီးျပင္းလာေသာ အိမ္ေရွ႕စံေလးကို ဂုဏ္ယူစြာပင္ ၿပဳံး၍ ၾကည့္ေနေလသည္။
"အထိန္းေတာ္ႀကီး"
ေဘးနားသို႔ ႐ုတ္တရက္ႀကီး ေရာက္လာေသာ အရွင္ေၾကာင့္
အထိန္းေတာ္ႀကီး အလွ်င္အျမန္ပင္ အရိုအေသ ေပးလိုက္ရသည္။
"အမိန႔္ရွိပါ အရွင္"
"ေက်းဇူးတင္ပါတယ္"
"မခံယူဝံ့ပါဘူး အရွင္"
"ကိုယ္ေတာ့္ သားေတာ္ေလးနဲ႕ ၾကင္ယာေတာ္ေလးကို ေကာင္းမြန္စြာ ေစာင့္ေရွာက္ေပးခဲ့လို႔ပါ"
"ဒါက ကြၽန္ေတာ္မ်ိဳးအလုပ္ျဖစ္တာေၾကာင့္ တာဝန္ရယ္ စိတ္ရင္းနဲ႕ပါ ေစာင့္ေရွာက္ေပးခဲ့လို႔ အခုလိုမ်ိဳး အရွင့္ခ်ီးက်ဴးတာကို ခံရတာပါ။ေက်းဇူးႀကီးျမတ္ေတာ္မူပါတယ္ အရွင္"
"ယြမ္အာေလးက ကိုယ္ေတာ္ေလးနဲ႕ ပိုတူသလိုပဲ"
အရွင္ရိေပၚကဲ့သို႔ အထိန္းေတာ္ႀကီးပါ ဝမ္ေရွာင္းယြမ္ေလးကို လွမ္းၾကည့္ေလသည္။
"ၾကင္ယာေတာ္ေရွာင္းက အရွင့္ကို ပိုခ်စ္ခဲ့လို႔ ျဖစ္မယ္လို႔ ကြၽန္ေတာ္မ်ိဳး ထင္ရပါတယ္"
အထိန္းေတာ္ႀကီးက ထိုစကားကို ရဲတင္းစြာပင္ ေျပာလိုက္ေလသည္။အရွင့္ကိုယ္ရံေတာ္က်ိရန္ကလည္း ထိုစကားကို မွန္ကန္ ေထာက္ခံသည့္အေနျဖင့္ အထိန္းေတာ္ႀကီးအား ေခါင္းၿငိမ့္ျပေလသည္။
"ဟင္း...အဲ့လိုလား"
ထိုအခ်ိန္ ကစားေနရင္း ဝမ္ေရွာင္းယြမ္ေလးက သူတို႔အား ၾကည့္ေနသည့္ ခမည္းေတာ္ကို ေတြ႕ လိုက္ေလသည္။ခမည္းေတာ္ျဖစ္သူဆီသို႔ ေျပးလာၿပီး ကားေပးထားေသာ လက္ထဲေျပးဝင္ကာ ကိုယ္ေပၚသို႔ ခုန္တက္လိုက္သည္။
"ခမည္းေတာ္"
"ခင္ဗ်ာ"
ယြမ္အာက ပါပါးေရွာင္းဘက္ကို လက္ညိုးထိုးျပၿပီး ရယ္ေတာ့သည္။
"ပါပါးကေလ ယြမ္အာ့ကိုေတာင္ လိုက္မမွီဘူးသိလား..."
"ဟုတ္လား...
ကိုယ္တို႔ ယြမ္အာေလးက ေတာ္တာကိုး"
ေရွာင္းက်န႔္လည္း အတိုင္အေဖာက္ညီေနသည့္ သားအဖအနားေရာက္လာၿပီး စကားတတ္ေနသည့္ ဝမ္ေရွာင္းယြမ္၏ ေခါင္းကို ဖြဖြေလး ထုလိုက္သည္။
"သက္သက္မဲ့ ေလွ်ာ့လိုက္ေနတာကို မင္းက ငါ့ေယာက်ာ္းကို တိုင္ေနတာေပါ့ ဟုတ္လား"
"ပါပါးက ယြမ္အာ့ေနာက္ကို မလိုက္နိုင္တာပါ"
စကားေလး မပီကလာ ပီကလာေျပာေနသည္ ဝမ္ေရွာင္းယြမ္ေလးက အားလုံးရဲ႕အျမင္ထဲမွာ ခ်စ္ခင္စရာအျပည့္။
အရွင္က ႏွာမႈတ္ကာ ကေလးေလးနဲ႕အၿပိဳင္ စိတ္ေကာက္ေနသည့္ ၾကင္ယာေတာ္ေရွာင္းအား လွမ္းဖက္လိုက္သည္။
"ကိုယ့္အသက္ကေလးကလည္း သားေတာ္ေလးနဲ႕ အၿပိဳင္မလုပ္ပါနဲ႕"
"ကြၽန္ေတာ္ ဘာမွမလုပ္ဘူးေလ ေယာက္်ား...
အရွင့္သားကသာ ကြၽန္ေတာ္မ်ိဳးကို အနိုင့္က်င့္ၿပီး စကားနိုင္လုေနတာ"
"ကဲကဲ...လာလာ အနားယူမယ္"
**********
တစ္ခါတစ္ေလမွ အေဆာင္အျပင္ထြက္သည့္ က်န႔္နဲ႕ တိုက္တိုက္ဆိုင္ဆိုင္ ထိပ္တိုက္ေတြ႕ ေလသည္။အခ်ိန္ေတြ ၾကာသြားေပမယ့္လည္း အတိတ္ကျဖစ္ရပ္ေတြက ဝမ္ဟန႔္အတြက္ မေန႕တစ္ေန႕ကလိုပင္။
"မင္းသား ဝမ္ဟန္"
"ၾကင္ယာေတာ္ေရွာင္း"
အျပန္အလွန္ ဦးၫႊတ္အၿပီးမွာ ဝမ္ဟန္က ေရွာင္းက်န႔္ကို အၾကည့္ခ်င္းမဆုံေပ။
"ၾကင္ယာေတာ္ေရွာင္း တစ္ေယာက္တည္း ဘယ္သြားမလို႔ပါလဲ"
"ယြမ္အာေလး အိပ္ေနေတာ့ အထိန္းေတာ္ႀကီးနဲ႕ ထားခဲ့ၿပီး အရွင့္ဆီ သြားမလို႔ပါ မင္းသား။
မင္းသားဝမ္ဟန္ေရာ ဘယ္က ျပန္လာတာလဲဟင္"
"ကိုယ္က ဘာရယ္မဟုတ္ပါဘူး ဒီအတိုင္းပဲ"
"ေကာင္းပါၿပီ။
ကြၽန္ေတာ္မ်ိဳးကို သြားခြင့္ျပဳပါဦး"
ခ်က္ခ်င္းပင္ ဝမ္ဟန္က ေရွာင္းက်န႔္လက္ကို လွမ္းဆြဲလိုက္သည္။ဒါေပမယ့္ ေရွာင္းက်န႔္ကလည္း ခ်က္ခ်င္းပင္ ႐ုန္းထြက္သြားေလသည္။
"မေလးမစားျပဳမိတဲ့အတြက္ ေတာင္းပန္ပါတယ္ ၾကင္ယာေတာ္"
"ဘာေျပာစရာရွိေသးလို႔လဲ မင္းသားဝမ္ဟန္"
"ကိုယ္...ေတာင္းပန္ပါတယ္ က်န႔္....
အရင္တုန္းက ျဖစ္ခဲ့သမွ် ေတာင္းပန္႐ုံ မေက်ေအးနိုင္ေပမယ့္ ကိုယ့္ကို ခြင့္လႊတ္ေပးပါ က်န႔္။
ကိုယ့္အမွားေတြ က်န႔္အေပၚ အရမ္းမွားခဲ့ပါတယ္။
ဒါေပမယ့္ ကိုယ္ က်န႔္ကို တကယ္ျမတ္နိုးခဲ့ပါတယ္။ဟိုးအရင္ကတည္းက အခုခ်ိန္ထိရယ္ပါပဲ။ဘယ္လိုပဲ ဘယ္အရာနဲ႕ ေမ့ေဖ်ာက္ေမ့ေဖ်ာက္ ကိုယ္ က်န႔္ရဲ႕ အၿပဳံးေတြကို ေမ့မရနိုင္ခဲ့ဘူး"
မင္းသားဝမ္ဟန္ က်ေနေသာ မ်က္ရည္စေတြကို လက္ျဖင့္ ခပ္ၾကမ္းၾကမ္း သုတ္လိုက္ေလတယ္။
"အခုအခ်ိန္မွာ အဲ့တာေတြ ေျပာမိလို႔ က်န႔္ စိတ္အႏွောက္အယွက္ျဖစ္ရင္လည္း ကိုယ္ ထပ္ေတာင္းပန္ပါတယ္။
ကိုယ့္ကို ခြင့္လႊတ္ေပးပါ"
ေရွာင္းက်န႔္က စိတ္မသက္သာစြာပင္ သက္ျပင္းခ်လိဳက္ေလသည္။
"အတိတ္ေတြ ေမ့ခ်န္ထားၿပီး လက္ရွိမွာ ေပ်ာ္ေပ်ာ္ေလး ေနၾကရေအာင္ မင္းသားရယ္။မင္းသား အခုခ်ိန္ထိ ကြၽန္ေတာ္မ်ိဳးကို မခ်စ္သင့္ေတာ့ပါဘူး။အဲ့ဒီ့အစား မင္းသားေဘးမွာ မင္းသားကိုယ္ပြားေလးနဲ႕ အခစားေနေသာ မိဖုရားကိုသာ ခ်စ္ဖို႔ မင္းသား ႀကိဳးစားသင့္ပါတယ္။သူမဟာ မင္းသားအခ်စ္နဲ႕ ထိုက္တန္ေသာ မိန္းမလွေလးပါ။ကြၽန္ေတာ္မ်ိဳးကို ေမ့ေဖ်ာက္ၿပီး
တစ္ခါေလာက္ျဖစ္ျဖစ္ ႀကိဳးစားၾကည့္ပါ မင္းသား"
"ၾကင္ယာေတာ္ ေျပာတဲ့အတိုင္း ကိုယ္ ေနၾကည့္ပါ့မယ္..."
"အင္း"
ေရွာင္းက်န႔္က ဝမ္ဟန႔္ေရွ႕က ထြက္လာခဲ့လိုက္တယ္။
အမွားေတြကို ေစာေစာျမင္ခဲ့တာ ေကာင္းတယ္ မင္းသားဝမ္ဟန္။ကြၽန္ေတာ္ ဝမ္ဟန႔္ကို မခ်စ္နိုင္ခဲ့တာကိုလည္း ေတာင္းပန္ပါတယ္။ကြၽန္ေတာ့္မ်ိဳးရင္ထဲမွာ အရွင္ဟာ ႏွလုံးသားေလးျခမ္းစလုံး အျပည့္အဝယူႏွင့္ေနၿပီးသားမို႔ပါ...။
*******
"ရိေပၚ"
ေရွာင္းက်န႔္က အရွင့္အား ဝတ္႐ုံဆင္ေပးေနရင္း ေခၚလာေလသည္။
"ကိုယ့္ကို ဘယ္လိုေခၚရမလဲလို႔ ေရွာင္းေရွာင္းကို ေျပာထားလဲ"
ေရွာင္းက်န႔္က အရွင္ျဖစ္သူအား မ်က္လုံးေလးေစာင္းၾကည့္လိုက္သည္။
"အရွင္ကလည္း"
"အဲ့လိုမဟုတ္ဘူးေလ"
"ေယာက်ာ္းရယ္...ေယာက္်ားရဲ႕!!"
အရွင္ဝမ္ရိေပၚက သေဘာက်စြာ ၾကင္ယာေတာ္ေရွာင္းရဲ႕ နဖူးကို လက္ညိုးျဖင့္ ေတာက္လိုက္သည္။
"အသံကလည္း က်ယ္လိုက္တာ"
"အဲ့လိုၾကားခ်င္ေနတာမလား"
"အင္း ဟုတ္တယ္ေလ"
ခါးစည္းႀကိဳးကို ပတ္ေပးေတာ့ ေရွာင္းက်န႔္က အရွင့္ကို ဖက္ထားသလို ျဖစ္ေနသည္။လက္မအားျဖစ္ေနတဲ့ ေရွာင္းက်န႔္ကို အရွင္က နီးကပ္ေနေသာ ပါးျပင္ေလးအား အႀကိမ္ႀကိမ္ နမ္းရွိုက္ေလသည္။
႐ႊတ္! ႐ႊတ္!
"အရွင္!"
"အင္း"
ၾကည့္လိုက္ရင္ ဘာမွမသိလိုျဖင့္ အရွင္ရိေပၚက ၾကင္ယာေတာ္ေရွာင္းအား စေနာက္ေလသည္။
"ဒီည အေဆာင္တံခါး ပိတ္ထားမွာ"
အရွင္ဝမ္ရိေပၚက ေရွာင္းက်န႔္ခါးအား ဖက္လိုက္သည္။
"အဲ့လိုရမလား?
ကိုယ္ေတာ္ ဘာေျပာထားလဲ"
"ဘာေျပာထားလို႔လဲ"
"ေန႕တိုင္းဆို ေန႕တိုင္းပဲလို႔!"
"ဟြန႔္"
အရွင္က ပိုမိုတင္းၾကပ္စြာ ဖက္လိုက္သည္။
ဒီဘဝမွာေတာ့ သူ စိတ္ခ်မ္းသာရၿပီ ျဖစ္သည္။ျမတ္နိုးရတဲ့ ေရွာင္းရယ္ ခ်စ္ရတဲ့ သားေတာ္ေလး ယြမ္အာေလးရယ္။
တစ္သက္စာအတြက္ ေပ်ာ္႐ႊင္မႈေတြ အခုအေျခအေနနဲ႕တင္ လုံေလာက္ေနၿပီ ျဖစ္သည္။
**************************************
Advertisement
- In Serial43 Chapters
Working for Him
Sophia Parker has worked as a personal assistant to Adam Wilson for almost 2 years. She has acknowledged the fact that he will never notice her... as a woman. The best she can do is fight the attraction she feels for him, which is impossible because they work together closely every day! Little does she know that Mr. Wilson is also fighting this same attraction as well...Highest rankings#1 in CEO#173 in Romance#2 in Boss#2 in Office Romance#31 in Love#13 in Billionaire
8 318 - In Serial18 Chapters
When We Were Wallflower
"Am I imagining it..." " was it even real, to begin with.." Harold is a charismatic and handsome teenager who is loved by everyone he meets, but he has a secret no one knows about.... that he loves buying discounted items especially books and meat. As for the reason behind this obsession, only he knows. He struggled to live his life when he had to relocate to another country due to his father's job. There he met Elizabeth a girl who faces difficulty coping through everyday life after moving. Others are always misunderstanding her by the way she acts and the way she looks. They both find each other repulsive despite meeting each other for the first time. As they are forced to sit beside each other, they had no choice but to live in close Proximity. What will happen to them as they face different challenges ahead which might force them to risk everything or lose everything? As they try to navigate life step by step trying to find love and friendship in a place where they feel like a misfit.
8 194 - In Serial12 Chapters
How To Write A Book
Do you want to write a book but you don't know how? Well, I will help you. I will give you tips on how to write a book.
8 204 - In Serial26 Chapters
Trouble | Harry Styles (REVISING)
Being in a new school is a drag, Emma knows this. But her mind is changed when she's pulled into a clique she didn't expect to be in. And then she meets him; Harry Styles. Her life is completely flipped upside down and in that moment, she can't help but think this boy is nothing but trouble.SOME CHAPTERS INCLUDE ADULT LANGUAGE, ALCOHOL AND DRUG USE AND SEXUAL CONTENT. READ WITH CAUTION.© 2014-2020 DeadlyxStyles. ALL RIGHTS RESERVED.
8 210 - In Serial22 Chapters
Rejecting the Rejected
Kim Drake was a loner - someone most people didn't even knew existed, or cared to recognize her existence. This included her town's local bad boy, Carter, despite knowing that they were mates. Did she forget to mention she was a werewolf? Life was already had enough as a high schooler, not to mention being a teenage werewolf dealing with rejection from the one person who is supposed to accept and love her above everyone else.
8 306 - In Serial200 Chapters
A Gorgeous white (BL)
Author: Heather_ANAREStatus: ongoingStatus in COO: ongoingSource: webnovelEnding your own life isn't the right decision. Moulin had never believed this phrase until he did it. Moulin, a depressed shut-in digital writer, transmigrates into the frail body of a spoiled young master. Unknown to him, he was swallowed by the fear of death. This time, he intended to start a new beginning and relive his life carefully.An unusual world where special people possess elemental powers and thriving magical beasts, A cute meng selling snow-white fox, A crowd of overprotective people, and a powerful yet impressively annoying person...a stressful Moulin massaged his forehead. This couldn't possibly get any worse... Moumou: My body doesn't feel right...( secretly inspects lower body)Moumou: [email protected]$%#!!!!An Evil Lion: My love, our bed has gone cold...Moumou: (#ง'̀-'́)งWarning this novel includes the following:1. Smut 2. Gore 3. Inappropriate language‼️ PLEASE READ ‼️(this is not mine Credits to the owner of the story, I'm only doing this for offline reading,Please support the author in webnovel i will hunt you guys in you're dream's if you don't)
8 170

