《After Agonising ,Will You Love Again? [ Completed ]》FINAL CHAPTER
Advertisement
Zawgyi
"တော်တာက တော်တာ သက်သက်…။
"ရပါတယ် အကိုကျိရန်…
**********
"တော်သေးတာပေါ့"
Advertisement
သူက မမြင်နိုင်ခဲ့ဘူး"
BJYXSZD!!!! ]
**************************************
ကြင်ယာတော်ရှောင်းက ခေါင်းလေး ဟိုစောင်းကြည့် ဒီစောင်းကြည့်ရယ်ဖြင့် ချစ်ရတဲ့သူနှစ်ယောက် ပြန်လာဖို့ကို အဆောင်တော်ရှေ့မှာ ခေါက်တုန့်ခေါက်ပြန် လျှောက်ရင်း မျှော်နေရှာလေသည်။
"ယွမ်အာလေးကို ရှာလို့ မတွေ့ လို့များ ဒီလောက်ကြာနေတာလား အကိုကျိရန်ရယ်"
"ကြင်ယာတော်ရှောင်းရယ်…အဲ့လောက်ကြီးလည်း စိုးရိမ်တော်မမူပါနဲ့။မင်းကြီးရော မင်းသားလေးပါ တော်လွန်ထက်မြတ်သူတွေမို့ နန်းတော်ကို သေချာပေါက် ပြန်ရောက်လာမှာပါ"
"တော်တာက တော်တာ သက်သက်…။
ဘယ်သူမဆို သေကံကြုံလာရင် ရှောင်ဖယ်လို့မှ မလွဲပဲရယ်"
"ဟာ…ကြင်ယာတော်ရှောင်းကလည်း ဘာတွေပြောနေတာလဲ"
ကြင်ယာတော်ရှောင်းက ကျိရန်ကို စိုက်ကြည့်လာသည့်မို့ ကိုယ်ရံတော်ကျိရန်ခဗျာ ခေါင်းကိုငုံ့လို့ အမြန်ပင် တောင်းပန်ရတော့သည်။
"တောင်းပန်ပါတယ် ကြင်ယာတော်…
စကားပြောရိုင်းမိသွားတဲ့ ကျွန်တော်မျိုးကို ခွင့်လွှတ်ပေးပါ"
ကြင်ယာတော်ရှောင်းက သက်ပြင်းဖွဖွလေးချလို့ ကျိရန်ဆီမှ အကြည့်လွှဲလိုက်ပြီး အရှေ့နားက ဝင်ပေါက်ကိုသာ တစ်ခါ လှမ်းမျှော်ကြည့်ပြန်လေသည်။
"ရပါတယ် အကိုကျိရန်…
ကျွန်တော့်ကို အဲ့လောက်ထိ ခယဖို့မလိုပါဘူး"
"ကျေးဇူးကြီးမြတ်လှပါတယ် ကြင်ယာတော်"
ကြင်ယာတော်ရှောင်းက ခါးစည်းကြိုးလေးကို ဖွဖွကိုင်ပြီး သားအဖနှစ်ယောက် အန္တရာယ်ကင်းစေဖို့ရာ တတွတ်တွတ် ဆုတောင်းနေမိလေသည်။
"ကျိရန် ဘာလုပ်နေလို့များ သားတော်လေးက ရုတ်တရက် ပျောက်သွားရတာလဲ"
"ကျွန်တော်မျိုး မင်းသားလေးရဲ့ သလွန်တော်ခြေရင်းမှာပဲ အိပ်ချင်လွန်းလို့ ခဏတာအိပ်ပျော်သွားချိန်မှာပဲ မင်းသားလေးက ပျောက်သွားတာပါ ကြင်ယာတော်…
ကျွန်တော်မျိုးရဲ့ ပေါ့ဆမှုတွေ အများကြီး ပါ,ပါတယ်"
"အိပ်ချင်တာကို ကျွန်တော် နားလည်ပါတယ်…
ဒီလောက်ထိလည်း ကိုယ့်ကိုကိုယ် အပြစ်ပုံမချပါနဲ့ အကိုကျိရန်"
"ကျွန်တော် တကယ် တောင်းပန်ပါတယ် ကြင်ယာတော်"
ကိုယ်ရံတော် ကျိရန်က စကားပြောရင်းပင် မျက်ရည်တွေ ကျလာသည်မို့ ကြင်ယာတော်ရှောင်းလည်း စိတ်မကောင်းပင် ဖြစ်မိလေသည်။
"မငိုပါနဲ့ အကိုကျိရန်…ကျွန်တော်တို့ ဝမ်သားအဖနှစ်ယောက် ဘေးကင်းစေဖို့ပဲ ဆုတောင်းနေကြရအောင်"
"ကျွန်တော်မျိုးဆုတောင်းပါ့မယ် ကြင်ယာတော်"
**********
နေအလင်းရောင် ပျောက်ကွယ်လုလုနီးပါးမှာ နန်းတော်သည့်ဝင်လာသည့် လူအနည်းငယ်။
ကြင်ယာတော်ရှောင်းက ပြေးလွှားကာရယ်ပဲ ထိုလူတွေဆီ ခြေတော်သုတ်တော့သည်။ထို့အထဲမှ ကလေးငယ်လေးအား ချီတွယ်ထားသည့် ချစ်ရသူကို ပြေးဖက်လိုက်လေသည်။
"တော်သေးတာပေါ့"
ဖက်ပြီးတာနဲ့ အရှင်ရိပေါ်ဆီက သားတော်လေးအား ချီကာ ဘယ်နေရာ ထိခိုက်ဒဏ်ရာရှိနေမလဲဆိုတာ စူးစမ်းရှာဖွေနေလေသည်။
"ယွမ်အာလေး ဘာဖြစ်သွားသေးလဲ…
ဘယ်နေရာထိခိုက်သေးလဲ ဟင်…
အရှင်ရော…အရှင်ရော ဘေးကင်းရဲ့လား…
တော်သေးတာပေါ့ ကျွန်တော်ချစ်ရသူနှစ်ယောက်က ကျွန်တော့်ဆီပြန်လာလို့…တကယ်လို့များ…တကယ်လို့လေ ကျွန်တော့်ဆီသာ ပြန်မရောက်လာခဲ့ရင် ကျွန်တော် ဒီနေရာတင်ပဲ ဝိဥာဉ်တော် လွှင့်တော့မှာ အရှင်ရဲ့…"
အရှင်ရိပေါ်က ကြင်ယာတော်ရှောင်းအား ပြုံး၍ ကြည့်ကာ ရင်ခွင်ထဲ ထည့်ကာ ဖက်လိုက်လေသည်။
"အဲ့လောက်ထိ စိတ်မပူပါနဲ့လို့ ကိုယ်တော်ပြောခဲ့တယ်လေ ရှောင်းရှောင်းရယ်"
"အော်…ပြောတတ်လိုက်တာ အရှင်ရယ်
ကျွန်တော်မျိုးက ဘယ်လိုနေနိုင်ပါ့မလဲ"
"အခု ကိုယ်တို့ ဘေးကင်းနေပြီမို့ ဘာမှ စိတ်မပူနဲ့တော့"
ထိုအချိန် မိန်းမတစ်ယောက်အား ဖမ်းဆီးခေါ်ဆောင်လာသည့် မင်းသားဝမ်ဟန်။ထိုမိန်းမသည် အခြားသူတော့ မဟုတ်ခဲ့။မင်းသားဝမ်ဟန်ရဲ့ မိဖုရားတစ်ပါးသာ…။
"အရှင် ဒီမိန်းမကို အမိန့်ချပေးပါ"
မင်းသားဝမ်ဟန်က အရှင်ရိပေါ်အား ရိုရိုသေသေပင် ခေါ်ကာ မေးလာခဲ့လေသည်။ကြင်ယာတော်ရှောင်းကတော့ ဘာတွေဖြစ်နေမှန်း နားမလည်သေးပေ။
"တောင်းပန်ပါတယ်…ကျွန်တော်မျိုးမ တောင်းပန်ပါတယ်"
"ပါပါးရှောင်း…ပါပါးရှောင်း…
ယွမ်အာကို…သူ…သူ ခေါ်ထားတာ…"
ယွမ်အာပြောလိုက်ပြီးသည်နှင့် ကြင်ယာတော်ရှောင်းက ချက်ချင်းပင် ထိုမိန်းမအား နဂါးမျက်စောင်းဖြင့် ကြည့်လိုက်လေသည်။
"ကိုယ်နို့ကို သောက်ခဲ့တဲ့ ကလေးလေးတစ်ယောက်ကို ဘာလို့များ ခေါ်သွားခဲ့ရတာလဲ မိဖုရား!
ပြီးတော့ တိုင်းပြည်အရှင်သခင်ရဲ့ တစ်ဦးတည်းသော သားတော်လေး။ဒုတိယမင်းသားတစ်ဖြစ် မိဖုရားခင်ပွန်းရဲ့ တူတော်!"
"တောင်းပန်ပါတယ် ကြင်ယာတော်!
ကျွန်တော်မျိုးမ အမှားကြီး လုပ်မိပါတယ်"
အရှင်ရိပေါ်က ထိုမိန်းမရှေ့ တိုးသွားကာ လည်ပင်းက အင်္ကျီစကို လက်ဖြင့် ဆုပ်ကိုင်လိုက်သည်။
"ဒါဆို ဘာလို့ ဒီလိုလုပ်တယ်ဆိုတာ ပြောပြပေးနိုင်သလား!"
"အငြိုးကြီးကြီးရယ်လို့တော့ မရှိပါဘူး အရှင်ရယ်။
ဒီစကားကိုတော့ ကျွန်တော်မျိုးမ မုသားမပြောရပါဘူး။
အမှန်တော့ ကျွန်တော်မျိုးမက ကြင်ယာတော်ရှောင်းအပေါ် မနာလိုဝန်တိုစိတ် ဖြစ်ခဲ့မိတာပါ။
ယွမ်အားလေး မဖွားမြင်ခင်ကရော ဖွားမြင်ပြီးတော့ရော…
မင်းသားဝမ်ဟန် ကျွန်တော်မျိုးမခင်ပွန်းက လက်ဆက်ထားတဲ့ ကျွန်တော်မျိုးမကို စိတ်ထဲမထည့်ထားခဲ့ဘဲ ကြင်ယာတော်ရှောင်းကို တစ်ချိန်လုံးတောင်းတနေခဲ့လိုပါ။မင်္ဂလာဦးညက တစ်ကြိမ်တည်းသောကြောင့် ကျွန်တော်မျိုးမဆီမှာ သန္ဓေတည်လာခဲ့ပေမယ့် မင်းသားဝမ်ဟန်က မသိချင်ယောင်ဆောင်ကာ အနည်းငယ်လေးပင် ဂရုမစိုက်ပေးခဲ့ပါ။သမီးတော်လေးကို ဖွားမြင်ပြီး မကြာခင်မှာပဲ ကြင်ယာတော်ရှောင်းဆီမှာ မင်းသားယွမ်အာလေး သန္ဓေတည်လာချိန်မှာတော့ မင်းသားဝမ်ဟန်က ငိုကြွေးနေခဲ့သေးတာ။မွေးဖွားလာတော့လည်း ကြင်ယာတော်တို့ သားအဖနှစ်ယောက်ကို အဝေးကနေ ချောင်းကြည့်နေခဲ့တာ……ဒါတွေကြောင့် ကျွန်တော်မျိုးမရဲ့ နှလုံးသားတွေ နာကျင်လာတာကြောင့် ဒီလိုမဆင်ခြေတဲ့ လုပ်ရပ်တွေ လုပ်ခဲ့မိတာပါ။အရှင် အမိန့်ချတဲ့အတိုင်း ကျွန်တော်မျိုးမ နာခံပါ့ပါမယ်…"
ဆွဲကိုင်ထားသော ဝတ်ရုံအစကိုပင် အရှင်က လွှတ်ပေးလိုက်ပြီး မတ်တပ်ရပ်လိုက်သည်။
မင်းသားဝမ်ဟန်ကပါ မိဖုရားရဲ့ စကားတွေကြောင့် မျက်ရည်တွေ အဆက်မပြတ်စီးကျကာ ဒူးထောက်ထိုင်ချလိုက်သည်။
"ဒီပြသာနာရဲ့အစဟာ ကျွန်တော်မျိုး ဖြစ်တာကြောင့် ကျွန်တော့်ကိုသာ ပြစ်ဒဏ်ချလိုက်ပါ အရှင်"
"ဒါတွေအကုန်လုံးကို ကျွန်တော်မျိုးမ လုပ်ခဲ့တာကြောင့် မင်းသားဝမ်ဟန်ကို ဘာပြစ်ဒဏ်မှ မပေးဘဲ ကျွန်တော်မျိုးမကိုသာ ပေးတော်မူပါ အရှင်"
အရှင်ရိပေါ်က သက်ပြင်းအနည်းငယ်ချလိုက်ပြီး ကြင်ယာတော်ရှောင်းနဲ့ သားတော်လေးယွမ်အာဘက်ကို လှည့်ကြည့်လိုက်လေသည်။
ကြင်ယာတော်ရှောင်းက မျက်နှာငယ်လေးဖြင့် ခေါင်းအသာယမ်းပြတော့ အရှင်ရိပေါ်က နားလည်စွာပင် ခေါင်းပြန်ငြိမ့်ပြလိုက်လေသည်။
"မင်းသားဝမ်ဟန်နဲ့မိဖုရားအား ဂုဏ်ရာထူးတွေ ဖြုတ်လို့ ပြည်နှင်ဒဏ်သင့်စေ"
မင်းသားမဟုတ်တော့သည့် ဝမ်ဟန်က မတ်တပ်ရပ်လို့ ဇနီးဖြစ်သူ၏ လက်အားကိုင်ဆွဲလိုက်သည်။
"ဒီနေ့က စပြီး ကိုယ် မင်းကို ပိုချစ်ပေးပါ့မယ် ပြီးတော့ သမီးလေးကိုရော…"
တရွေ့ ရွေ့ ပင် နန်းတော်အပြင်သို့ ထွက်ခွာသွားသော သူတို့အား တိုင်းပြည်၏ အရှင်နှင့်ကြင်ယာတော်တို့လည်း ငေးကြည့်နေကြလေသည်။
"မင်းသားဝမ်ဟန်က အခုလိုမျိုး အချစ်ခံရမှာ…
သူက မမြင်နိုင်ခဲ့ဘူး"
"ကိုယ့်တော့်ရှောင်းရှောင်းကရော အချစ်ခံလေးလား"
ကြင်ယာတော်ရှောင်းက အရှင်ရိပေါ်၏ ရင်ခွင်ထဲ တိုးဝင်လိုက်ပြီး ရင်ဘတ်အား ဖွဖွနမ်းလိုက်လေသည်။
"ကျွန်တော်က အရှင့်ရဲ့ တစ်ဦးတည်းသော အချစ်ခံလေးလေ"
နှစ်ယောက်စလုံးရဲ့မျက်နှာတွေကို မကုန်းခမ်းနိုင်တော့မည့်
အပြုံးတွေသာမက အချစ်တွေကိုပါ မြင်တွေ့ နေရလေသည်။
ဇတ်သိမ်းခန်းနှင့်စတင်ခဲ့သော ပုံပြင်လေးတစ်ပုံဟာ ကောင်းကင်နတ်မင်းကြီး၏ လှည့်စားသော ကံကြမ္မာကြောင့် ပျော်ရွင်စရာ အဆုံးသတ်လေးဖြင့် ပြီးဆုံးသွားတော့လေသည်။
[ ကဲ…ဒါလေးကို ဒီမှာတင် နှုတ်ဆက်လိုက်ပါပြီ။
အစအဆုံးတစ်ခေါက်လောက်ပြန်ဖတ်ပြီး စိတ်ထဲဘယ်လိုနေလည်းဆိုတာကိုလည်း ပြောပြသွားပေးကြပါဦးနော်။
အတူတူငိုလိုက် ပျော်လိုက်ဖြင့် ကိုယ်နဲ့တူတူ ဒါဒါလေးတွေ ဖြတ်သန်းလာကြတာ။Fic အသစ်တွေ အသစ်တွေမှာလည်း အတူတူရှေ့ဆက်သွားကြမယ်နော် 💛
BJYXSZD!!!! ]
*************************************
Advertisement
- In Serial26 Chapters
Songbird (PeterPan//OUAT)
"You don't understand!" the strange, yet beautiful, young girl cried. "Then explain!" Emma shouted exasperated. "I can't leave, because if I leave, he goes mad, and if he goes mad...no one wins."_________________________________________________________________________She is his songbird. Her voice keeps him from going insane, completely evil. So when she gets taken, you better believe he's going to get her back; no one messes with what's his. After all, Peter Pan always wins, even if it means resetting the board. _________________________________________________________________________WRITTEN: August 12, 2015
8 140 - In Serial39 Chapters
Intoxicated
I squeezed my eyes shut waiting for pain but nothing happen. He froze smelling me. He pulled away with his eyes wide. He looked my over in shock and I looked at him confused. What was going on? "It's you" he stated. "You're the one"
8 327 - In Serial65 Chapters
For-Getting You
Keira Peers is independent, kind, smart and headstrong girl, She always do what she likes, After her breakup with her not so good boyfriend she promise herself that she'll not fall again in love and relationship, but when hot as hell and Handsome as Angel Troy Adams enters in her life will she be able to save her promise,Troye Adams have everything Good Looks, money, etc, etc.. Everyone hates him because he is Rude, Ruthless, heartless and Arrogant. But as they say money can't buy you happiness, he is broken, he just can't move on from his past but what exactly is in his past.There is an clear connection when Keira Peers and Troy Adams meets. Keira can't spend one moment without seeing Troy and Living without Kiera is impossible for Troy but then why Troy hate Keira? what secrets he is hiding?
8 324 - In Serial75 Chapters
The Wife
Hisoka can be a little bit... creepy. At least that's everyone's impression of him. But what happens when they find out that Hisoka's got a family waiting for him? Just who is this crazy woman who married Hisoka? And will she put up with his antics for much longer?Changed and edited from xReader to xOC
8 89 - In Serial31 Chapters
A Shadow's Kiss ~ A Pitch Black/Rise of the Guardians Fanfiction
We've all heard the tales of our childhood heros. Santa, the Easter Bunny, the Toothfairy, Mr. Sandman, and Jack Frost. These are the Guardians of Childhood. But seventeen year old Anara Rose knows that there is one more Guardian who is more than what he seems...Pitch Black, the Guardian of Fear, the Boogeyman, the Nightmare King himself. "Is it possible for the Guardian of Fear to care for someone other than himself? Could this bond turn into something more...intimate? Could one decision change my life forever?" These are questions Anara must soon ask herself as she gets to know the man who has haunted the minds of young children around the world. Yet, only the Man in the Moon knows what could be in store for this odd couple
8 202 - In Serial87 Chapters
Two Alpha's and a Fox
you live a lift in a wolf where supernatural beings are comon, however your a species that is hunted by all sorts of creatures, scientists especially, but when you walk head first into two Alpha's.. who knew what was first thought to be seriously bad turned out of be pretty fucking good.trigger warnings, be prepared (:P)
8 159

