《မျန်ရဲ့ဝိညာဉ် ကူးပြောင်းလာတယ် ||မြန်မာဘာသာပြန်||》[89+90]
Advertisement
[Unicode]
089 : ကိုယ်ခံပညာပြိုင်ပွဲကျ ဘာလို့မပါရတာလဲ?
ဟုန်စီရွေ့သည် လူလတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦးနှင့်အတူ လိုက်ပါလာသည်။
"သူဌေးချင်...."
ရှေ့ကနေလျှောက်လာနေတဲ့ လူလတ်ပိုင်းအရွယ် အမျိုးသားသည် ပညာရှင်တစ်ယောက်လို ၀တ်ဆင်ထား၏။ သူကား ဟုန်စီရွေ့ နှင့် တစ်ဝက်လောက်တူကာ ဝဖိုင့်ဖိုင့်ဗိုက်နှင့်အတူ ကြင်နာတတ်တဲ့ မျက်နှာပေါက်နှင့် အရိမေတ္တေယျဘုရားကဲ့သို့ အပြုံးတစ်ခုကို ပန်ဆင်ထားသည်။ အခြားလူလတ်ပိုင်းအရွယ် အမျိုးသားကတော့ မီးခိုးရောင်၀တ်စုံနှင့် အနက်ရောင်တာဘန်(ခေါင်းပေါင်း)ကို ၀တ်ဆင်ထားသည်။ပိန်ပါးပြီး လူယဥ်ကျေးပုံစံပေါက်နေကာ သူ့မျက်လုံးထဲတွင် ဉာဏ်ပညာရှိကြောင်း ပေါ်လွင်နေ၏။
ဟုန်စီရွေ့သည် အရိမေတ္တေယျဘုရားအပြုံးနှင့်တူသည့်လူကို ပြောလိုက်သည်။ "အဖေ ဒါက ရှန်းရှန်းခန်းမပိုင်ရှင် သူဌေးချင်ပါ။ သူဌေးချင် ဒါက ကျွန်တော့်အဖေ။ လောကသိနာမည်က ယုံချန်။"
ချင်မျန် စိတ်ကူးထားသည့် ကျောင်းအုပ်ဟုန်နှင့် လုံးဝကွဲပြားနေသည်။ သူ့မျက်လုံးထဲရှိ အံ့အားသင့်သွားသည်ကို ကောင်းစွာဖုံးကွယ်မထားနိုင်ခဲ့သော်လည်း သူ့အမူအရာကို အမြန်ပြင်လိုက်ပြီး နှုတ်ဆက်ဖို့ ရှေ့တိုးသွားလိုက်သည်။ "ဒီငယ်သားက ကျောင်းအုပ်ဟုန်ကို နှုတ်ခွန်းဆက်ပါတယ်"
ဟုန်ယုံချန်သည် အကယ်ဒမီကျောင်း၏ ကျောင်းအုပ်ဖြစ်လာလျှင် သူ့တွင် နာမည်ကောင်း (ဂုဏ်ဒြပ်)ရှိရမည်။ သို့သော်လည်း ဟုန်စီရွေ့က သူ့ကို ထိုကဲ့သို့ မိတ်ဆက်ပေးခဲ့ခြင်း မရှိပေ။ ဟုန်ယုံချန်သည် သူ့ရဲ့ကျော်ကြားမှုဖြင့် အခြားသူများအပေါ် မညှဉ်းဆဲလိုသည်မှာ ဖြစ်နိုင်သည်။
ကျောင်းအုပ်ဟုန်သည် ချင်မျန်၏မျက်လုံးထဲကနေ အံ့အားသင့်သွားသည်ကိုတွေ့လိုက်ရသော်လည်း ကျိုးနွံစွာပြုံးကာ အလေးမထားခဲ့ပေ။ "သူဌေးချင် ယဉ်ကျေးနေဖို့ မလိုပါဘူး။ ဒီလို စွမ်းရည်ပြိုင်ပွဲတွေက ကျောင်းသားတွေအတွက်လည်း အကျိုးရှိစေပါတယ်။ ကျွန်တော့်ရဲ့အထောက်အပံ့က ပမွှားပါပဲ"
ဟုန်စီရွေ့က တခြားလူကို ဆက်မိတ်ဆက်ပေးလိုက်သည်။ “ဒါက ကျွန်တော်တို့ အကယ်ဒမီကျောင်းတော်ရဲ့ ဆရာလျိုပါ။ လောကသိနာမည်က ကျင်းရှန်း။"
"မင်္ဂလာပါ ဆရာလျို" ချင်မျန် သူ့ရှေ့တွင် လက်ခွက်ပိုက် ဦးညွှတ်ရင်း ပြောလိုက်သည်။
ဆရာလျို ပြောလိုက်သည်။ "ဖိတ်စာမပါဘဲ ဒီကိုရောက်လာတာကို သူဌေးချင်အနေနဲ့ စိတ်ထဲမရှိပါနဲ့"
ချင်မျန် အလျင်အမြန် ပြောလိုက်သည်။ "ကျွန်တော် မဝံ့ရဲပါဘူး။ ကျွန်တော်ရဲ့နိမ့်ကျတဲ့ ဝိုင်ဆိုင်ကသာ ကျောင်းအုပ်ဟုန်နှင့် ဆရာလျိုတို့ ရောက်လာလို့ ဂုဏ်တတ်ရပါတယ်။ လူကြီးမင်းတို့ ကျေးဇူးပြု၍ ဝင်ပါ!”
သူသည်လည်း ကျောင်းအုပ်ဟုန်နှင့် ဆရာလျိုနှင့်အတူ ပင်းကျစ်အဆောက်အဦးသို့ လိုက်ပါသွားခဲ့သည်။
ကျောင်းအုပ်ဟုန်နှင့် ဆရာလျိုတို့သည် ပထမထပ်ရှိ ဧည့်ခန်းထဲတွင် လူများ ခန်းမပြည့်လုနီးပါးဖြစ်နေသည်ကို တွေ့လိုက်ရသည်။ အချို့သော ကျောင်းသားများသည် နံရံတစ်ခုရှေ့တွင် တစ်စုံတစ်ခုကို ချီးမွမ်းပြီး မှတ်ချက်ပေးနေကြသည်။ နှစ်ယောက်သား သိလိုစိတ်ဖြင့် ချဉ်းကပ်လိုက်ကြသည်။ နံရံပေါ်က ကဗျာတွေကို တွေ့တော့ အနီးကပ်ကြည့်ဖို့ ထပ်တိုးကပ်လိုက်ကြ၏။
"နွေဦးအခါဝယ်....မင်းရဲ့သရဖူအထိ ကျောက်စိမ်းတန်ဆာ ပန်ဆင်လို့ထား။အို ဝေလွန်းပင်ရယ်...အကိုင်းအခက်ပေါင်း သောင်းခြောက်ထောင်နှယ် မင်းရဲ့ ပိုးသားကျစ်ဆံမြီးတွေလို တွဲခို ပြုတ်ကျနေသလိုများ။ ပဲ့ကိုင်ရှင်ကား ဘယ်သူငြား။မင်းရဲ့ အရွက်တွေကို အဘယ်သူကများ ဖြတ်လိုက်လေသလဲ။ ဘယ်သူများ သိနိုင်မလဲလေ။ ကတ်ကြေးဓားသွားများကဲ့သို့ ထက်ရှတဲ့ နှောင်းဖေဖော်ဝါရီရဲ့ လေပြည်ညင်းလေများလား။"
"ကဗျာကောင်းပဲ!”
ဆရာလျို ရွတ်ဆိုအပြီးတွင် လူအချို့က စိတ်လှုပ်ရှားစွာ ချီးကျူးခဲ့ကြသည်။ကျောင်းအုပ်ဟုန်နှင့် ဆရာလျိုတို့သည်လည်း ဝိုင်အိမ်တွင် ထိုသို့သော လေးကြောင်းတစ်ပိုဒ် ကဗျာမျိုးကို တွေ့ရန် မမျှော်လင့်ထားပေ။ အံ့သြတကြီးနဲ့ သဘောကျစွာ ခေါင်းညိတ်ပြလိုက်၏။
နှစ်ယောက်သား အချင်းချင်း မဆက်သွယ်မိကြဘဲ အခြားကဗျာသုံးပုဒ်ကို ဆက်ကြည့်လိုက်ကြသည်။
“နွေအခါဝယ်......စိမ်းရွက်ဖန့် အမိုးအောက် ရှည်လျားလိုက်တဲ့ နွေနေ့ရက်များ၌ ရေကန်ပေါ်ဝယ် မဏ္ဍပ်များနှင့် လှေကားထစ်များကို ရောင်ပြန်ဟပ်နေလျက်။ နှင်းဆီ မွှေးရနံ့များဖြင့် သင်းထုံမွှေးပျံ့ ဥယျာဉ်၌ဝယ် လေပြေလေညင်းနှင့်အတူ ကန့်လန့်ကာများ တဖျပ်ဖျပ်ယိမ်းထိုးနေလေရဲ့။
“ဆောင်းဦးအခါဝယ်......စိမ်းလန်းသာယာတောင်ကုန်းများပေါ်မှ ခပ်ငြိမ်ငြိမ် စမ်းချောင်းတစ်စင်း စီးဆင်းနေလေရဲ့။ ဆောင်းဦးအသွေးအရောင်သဖွယ် စမ်းရေထဲ၌ ကောင်းကင် ရောင်ပြန်ထင်ဟပ်နေလျက်။ ကမ္ဘာမြေကြီးနှင့် အကွာအဝေး တဝေးတစ်နေရာစီ.....မေပယ်ရွက်များနှင့် ကတ္တီပါတိမ်တိုက်များကား အေးအေးလူလူ လွင့်မျောနေလေရဲ့။"
“ဆောင်းအခါဝယ်.......တောင်တစ်ထောင်မှာ ငှက်တစ်ကောင်မဟုတ်၊ တစ်သောင်းသောလမ်းမှာ ဝိညာဉ်တစ်ကောင်မှ မဟုတ်။ ဖောင်ပေါ်အထက် ကောက်ရိုးဝတ်ရုံဝတ်ထားတဲ့ အဘိုးအိုတစ်ယောက် နှင်းရည်တွေ စက်စက်ယို အချိန်ဝယ် တစ်ယောက်တည်း ငါးဖမ်းနေလေရဲ့။"
ဖတ်ပြီးနောက် စီရွေ့သည် စိတ်အားထက်သန်စွာ မေးလိုက်သည်။ "သူဌေးချင် ဒီကဗျာလေးပုဒ်ကို ဘယ်သူရေးတာလဲ?ဒီကဗျာလေးပုဒ်က တစ်ခုမှ အဆက်မပြတ်ဘူး။ ဒီကဗျာတွေကို ဖန်တီးနိုင်သူမှာ အရည်အချင်းကောင်းတွေ ရှိရမယ်။”
ဒီစကားတွေဟာ ကျောင်းအုပ်ဟုန်နှင့် ဆရာလျို ပြောချင်ပေမယ့် ဟုန်စီရွေ့က ဦးဆောင်ပြောခဲ့လိုက်သည်။ နှစ်ယောက်စလုံးက ချင်မျန်ကို တောက်ပသော မျက်လုံးများဖြင့် ကြည့်နေကြသည်။
ချင်မျန် ရယ်ပြီး "အားထျဲ ထွက်သွားတုန်းက လူတွေပြောတာကို သူကြားဖူးလိုက်တယ်လေ။ တော်တော်ကောင်းတယ်လို့ ထင်တဲ့အတွက် ရေးချထားလိုက်တာ”
"အိုး?"
သူတို့သုံးယောက်သား ဒီအဖြေအတွက် စိတ်ပျက်သွားကြ၏။ သို့သော်လည်း သူတို့လုပ်နိုင်တာ ဘာမှမရှိပေ။
"ကျောင်းအုပ်၊ ဆရာလျိုနဲ့ ဟုန်သခင်လေး ကျေးဇူးပြုပြီး ဒီကိုကြွပါ။" ချင်မျန် လူလေးယောက်အတွက် စတုရန်းစားပွဲတစ်ခုဆီသို့ ခေါ်သွားလိုက်သည်။
"ခဏကြာတော့ စားပွဲထိုးလေးသည် ကောင်းမွန်တဲ့ လက်ဖက်ရည်၊ ချယ်ရီယို အချိုပွဲတစ်ပန်းကန်၊ ကြည်လင်တောက်ပတဲ့ ချယ်ရီဖျော်ရည်တစ်ဂျားနှင့်အတူ လိုက်ဖက်ညီတဲ့ ဖန်ခွက်လေးခွက်တို့ကို ချပေးလာသည်။ ဝါးအကိုင်းအခက်များဖြင့် ပြုလုပ်ထားသောသစ်သီးခြင်းတောင်းတစ်တောင်းထဲတွင် လတ်ဆတ်သော ချယ်ရီသီးများကို တည်ခင်းထားပြီး ရေပုတီးစေ့*များဖြင့် အလှဆင်ထားကာ ဆွဲဆောင်မှုရှိလှ၏။
Advertisement
T/N: ရေပုတီးစေ့ဆိုတာ ရေစိမ်ပူဖောင်းကိုပဲ ပြောတာပါ
"ကျေးဇူးပြုပြီး ဖြည်းဖြည်းချင်း သုံးဆောင်ကြပါ” စားပွဲထိုးလေးသည် လေးလေးစားစား ဦးညွှတ်ကာ နောက်ပြန်ဆုတ်သွားခဲ့သည်။
ဟုန်စီရွေ့သည် ကျောင်းအုပ်ဟုန်နှင့် ဆရာလျိုတို့ စားပွဲထံ၌ ခဏထိုင်ပြီး အဆာပြေအနေနှင့် သစ်သီးများကိုစားသောက်နေသည်။ ထို့နောက် ကျောင်းနေဖက်များဆီ သွားထိုင်လိုက်သည်။
ပြိုင်ပွဲချိန်ရောက်သည်နှင့် တပြိုင်နက် ဝိုင်အိမ်ရှိ ဧည့်သည်များအားလုံး တိတ်ဆိတ်သွားတော့သည်။ ဒီနေ့ ဒီကိုလာရတဲ့ အကြောင်းရင်းက စားသောက်တာအပြင် စွမ်းရည်ပြိုင်ပွဲတွေ ကြည့်ဖို့ပင်။
ချင်မျန်နှင့် လဲ့ယ်ထျဲသည် ကျောင်းအုပ် နံဘေးတွင် ရပ်နေကြသည်။ ချင်မျန် လူအများရှေ့၌ ရပ်လျက် လက်ခွက်အုပ်ကာ အော်ပြောလိုက်သည်။ "လူကြီးမင်းတို့....ကျွန်တော်က ချင်မျန်ပါ။ ဒါက လဲ့ယ်ထျဲပါ။ ကျွန်တော်တို့က ရှန်းရှန်းခန်းမဆောင်ရဲ့ပိုင်ရှင်တွေပါ။ အားလုံးကို ရှန်းရှန်းခန်းမဆောင်မှ ကြိုဆိုလိုက်ပါတယ်။ အားလုံးပဲ စားသောက်နေထိုင်ရတာ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ စွမ်းရည်ပြိုင်ပွဲတွေက မကြာခင် စတင်တော့မှာပါ။ အဲဒီမတိုင်ခင်မှာ ဂုဏ်ထူးဆောင်ဧည့်သည်နှစ်ယောက်ဖြစ်တဲ့ ကျောင်းအုပ်ဟုန်နဲ့ ချင်းယွမ်ကျောင်းက ဆရာလျိုတို့နှင့် မိတ်ဆက်ပေးပါမယ်။”
ကျောင်းအုပ်ဟုန်နှင့် ဆရာလျိုတို့သည် လူစုလူဝေးကို အရိုအသေပြုလိုက်ကြသည်။
ချင်မျန် ဆက်ပြောလိုက်သည်။ "ဒီလူကြီးမင်းနှစ်ယောက်က စွမ်းရည်ပြိုင်ပွဲရဲ့ အကဲဖြတ်ဒိုင်တွေပါ။ ဒါကြောင့် ပြိုင်ပွဲဝင်အားလုံး မမျှတမှုတွေအတွက် စိတ်ပူစရာမလိုပါဘူး။”
လူတိုင်းက ခေါင်းညိတ်ကြလေသည်။ ကျိုးယန်ကောင်တီမှလူများသည် ကျောင်းအုပ်ဟုန်သည်သာမက ဆရာလျိုတို့သည် အနှစ် 20 ကြာ ပုံရိပ်ကိုထိန်းထားနိုင်သည့် ကျင်းရှီများပင်ဖြစ်ကြသည်ကို သိထားကြသည်။ သူတို့၏စိတ်သဘောထား၊အရည်အချင်းနှင့် ဂုဏ်သတင်းသည် ယုံကြည်ထိုက်ပေသည်။
ချင်မျန် မန်နေဂျာဆွန်းကို အချက်ပြလိုက်သည်။မန်နေဂျာဆွန်းသည် ခန်းမအလယ်သို့ လျှောက်သွားလိုက်၏။ သူ့မျက်နှာပေါ်တွင် အပြုံးဖြင့် ပြောလိုက်သည် - "ကျွန်တော်က ရှန်းရှန်းခန်းမဆောင်ရဲ့ မန်နေဂျာဆွန်းမော့ရှန်ပါ။ အားပေးမှုအတွက် အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။ စွမ်းရည်ပြိုင်ပွဲတွေ စတင်တော့မှာပါ.........”
"ခဏနေဦး!” အရပ်ရှည်ပြီး သန်မာတဲ့ ပညာရှင်တစ်ယောက် ရုတ်တရက် မတ်တပ်ထရပ်လိုက်သည်။ သူ့ရဲ့အဖြူရောင်ကျောင်းသားဝတ်ရုံကိုအခြေခံ၍ သူသည် ချင်းယွမ်အကယ်ဒမီကျောင်း၏ကျောင်းသားတစ်ဦးပင် ဖြစ်ရချေမည်။
ခန်းမထဲတွင် လူတိုင်း၏မျက်လုံးများက စူးစူးစိုက်စိုက်ကြည့်နေကြပြီး ရုတ်တရက် တိတ်ဆိတ်သွားကြသည်။
ချင်မျန် သူ့လက် သို့မဟုတ် ခန္ဓာကိုယ်တွင် အနီရောင်ပန်းပွင့်တစ်ပွင့်မျှမရှိသည်ကို သတိပြုမိသောအခါတွင် သူ့မျက်လုံးများ မှိန်သွားသည်။
တစ်စုံတစ်ယောက်က မစခင်မှာတင် ရုတ်ရုတ်သဲသဲ ဖြစ်စေချင်နေတာလား?
လဲ့ယ်ထျဲ သူ့ပခုံးကို ကိုင်လိုက်သည်နှင့် လဲ့ယ်ထျဲ၏မျက်လုံးထဲရှိ ငြိမ်သက်နေသော အကြည့်များကြောင့် မကြာမီ သူ့သည်လည်း ငြိမ်သက်သွားစေသည်။
ဟုတ်သား! ဒီလူ ပြဿနာလုပ်ချင်ရင်တောင် အားထျဲက ဒီမှာ ရှိနေတာပဲ။ ဘာကိုကြောက်ရမှာလဲ?
ကျောင်းအုပ်က ဟုန်စီရွေ့ကို အသံတိုးတိုးနဲ့ မေးလိုက်သည်။ "သူက ငါတို့ အကယ်ဒမီကျောင်းရဲ့ ကျောင်းသားတစ်ယောက်လား။ မင်းသူ့ကိုသိလား?"
ဟုန်စီရွေ့က ထူးဆန်းသောအမူအရာဖြင့် ခေါင်းညိတ်ပြလိုက်ပြီး “သိတယ်။ သူ... သူက ကျွန်တော်တို့ရဲ့ အကယ်ဒမီကျောင်းမှာ အရမ်းကို စားချင်စိတ်ပြင်းပြတဲ့ ကျောင်းသားပဲ ဖြစ်ရမယ်။"
အခုချိန်ထိ သူ မှတ်မိနေပါသေး၏။ သူ ထမင်းစားဖို့သွားတုန်းက ပေါင်ရှု့သည် သူ့လက်ထဲမှာ ပန်းကန်အလွတ်တစ်လုံးတောင်ကိုင်ထားတဲ့အပြင် ရှေ့စားပွဲပေါ်တင်ထားတဲ့ ပန်းကန်အလွတ်ငါးလုံးပါ ရှိနေသေးသည်လေ။
"အိုး? ဟားဟား။” ကျောင်းအုပ်ဟုန် ထူးထူးခြားခြား ရယ်မောရင်း မုတ်ဆိတ်မွေးတွေကို လှမ်းကိုင်လိုက်သည်။
လဲ့ယ်ရှန်းကျစ်သည် အနှီပညာရှင်ကို မှတ်မိသွားပြီး သူ့ထံသို့ အမြန်လျှောက်သွားခဲ့သည်။ သူ နူးညံ့သိမ်မွေ့စွာပြောလိုက်ပြီး "မင်းမှာမေးစရာတွေရှိရင် ပြိုင်ပွဲပြီးတဲ့အထိစောင့်လေ"
"မရဘူး" ပေါင်ရှုက "ပြိုင်ပွဲပြီးရင် အဲဒါကို ပြောဖို့ အရမ်းနောက်ကျသွားလိမ့်မယ်။ ပြောချင်တာက ပြိုင်ပွဲတွေက စာပေအနုပညာနဲ့ပဲ ဆိုင်နေတယ်။ ဘာကြောင့် ကိုယ်ခံပညာပြိုင်ပွဲမရှိရတာလဲ။ ကျွန်တော်မှာလည်း အရည်အချင်းရှိတယ်။ ကွန်ဖူးတတ်တယ်!”
အနှီအခြေအနေသို့ ပြောင်းလဲသွားလေတော့သည်။ချင်မျန် ပြောလိုက်၏။ "ဒီကိစ္စက ကျွန်တော်တို့ရဲ့ ပေါ့ဆမှုပါ"
သူ့ရဲ့ အေးဆေးတည်ငြိမ်မှုကြောင့် ဧည့်သည်တွေလည်း လက်ခံနိုင်ကြ၏။
ပေါင်ရှု့သည် ပြုံးလိုက်သောအခါတွင် ပြည့်ပြည်ဖောင်းဖောင်းပါးလေးများက မြင့်တက်လာပြီး ကြည့်ရသည်မှာ အလွန်ရိုးရှင်းပြီး ရိုးသားသည့် ပုံပန်းရှိလေသည်။ သူ ဝမ်းသာအားရနဲ့ မေးလိုက်၏။ “ပြိုင်ပွဲမှာ ဝင်ပြိုင်လို့ရမလား?”
ချင်မျန် စိတ်ရှည်ရှည်ထားရန် သူ့လက်ကို မြှောက်ပြလိုက်သည်။ထို့နောက် သူ အသံမြှင့်ပြီး ပြောလိုက်၏။ "ကိုယ်ခံပညာပြိုင်ပွဲမှာ တခြားကျောင်းသားတွေ ပါဝင်ချင်ပါသလား?”
နောက်ထပ် ပညာရှင်နှစ်ယောက် မတ်တပ်ထရပ်လိုက်ကြသည်။
ပုချင်းယွမ်သည် အလွန်ဝမ်းသာသွားပြီး ဝမ်ရှန်းဝမ်ကို ပြောလိုက်သည်။ "ဒါကောင်းတယ်။သူတို့သုံးယောက်က ကွန်ဖူးမတတ်ရင်တောင် သူတို့က အဆင့်တစ်၊ နှစ်၊ သုံး ဆိုပြီး ရနိုင်တယ်။"
သူ့အနားက ဝမ်ရှန်းဝမ်ကတော့ ထိတ်လန့်သွားပြီး တားလိုက်၏။ "မင်းအသံကိုတိုးစမ်းပါ"
ချင်မျန် တွေးလိုက်၏။ ဒါ ကိုင်တွယ်ရလွယ်တာပဲ! "ကိုယ်ခံပညာပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်သူ နည်းလွန်းတာကြောင့် စာပေအနုပညာပြိုင်ပွဲအပြီးမှာ မင်းတို့သုံးယောက် ကျွန်တော်နဲ့ ပြိုင်ရမယ်။ မင်းတို့ သုံးယောက်လုံး ကျွန်တော့်ကို နိုင်ရင် နံပါတ်တစ်၊ နှစ်၊ သုံးကို ဆုံးဖြတ်ဖို့ ပြိုင်ပွဲကို ဆက်လုပ်နိုင်တယ်။ ရှုံးနိမ့်ခဲ့ရင်တော့ မင်းတို့က အဆင့်သတ်မှတ်ချက်မှာတင် ပါဝင်ဖို့ အရည်အချင်းမရှိဘူး။ မင်းတို့သုံးယောက် ဘယ်လိုထင်လဲ?"
Advertisement
"ဟမ်?" ချူကျုံးဝမ် လဲ့ယ်ရှန်းကျစ်ကို အံ့အားသင့်စွာ မေးလိုက်၏။ "မင်းမရီးက ကွန်ဖူးတတ်တာလား?"
လဲ့ယ်ရှန်းကျစ်လည်း အံ့သြသွားပြီး “မသိဘူး တာ့ကော သင်ပေးထားတာဖြစ်ရမယ်။”
ဧည့်သည်များ အားလုံး စိတ်လှုပ်ရှားနေကြသည်။ ထမင်းစားသောက်ရင်း အံ့သြစရာကောင်းတဲ့ ပြိုင်ပွဲတွေကို တွေ့ရဖို့ မမျှော်လင့်ခဲ့ကြဘူးလေ။ မဟာရှမင်းဆက်သည် ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်မှုထက် စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုကို အမြဲအားထားခဲ့သည်။ ထို့ကြောင့် သိုင်းပညာကို လူအနည်းငယ်လောက်သာ သိကြသည်။
ပေါင်ရှုက မဆိုင်းမတွ သဘောတူလိုက်ပြီး "သူဌေးချင်....မင်းရဲ့ ခန္ဓာကိုယ်သေးသေးလေးကို ကြည့်စမ်းပါဦး... ဒီ ချယ်ရီယိုက အရသာရှိတယ်ဟ....ကျွန်တော် သနားမှာ မဟုတ်ဘူးနော်"
ချင်မျန်၏နှုတ်ခမ်းထောင့်မှာ လှုပ်ယမ်းသွားသော်လည်း သူ့မျက်နှာမှာ ငြိမ်သက်နေပြီး နှုတ်ခမ်းများက ပြုံးနေသည်။ လောကီလောကမှ ကျွမ်းကျင်သူတစ်ဦး၏လျှို့ဝှက်ဆန်းကြယ်သော ဟန်ပန်အမူအရာဖြင့် ချင်မျန် ပြောလိုက်သည်။ “မင်း ငါ့ကို ရိုက်နိုင်တဲ့အခါမှ ဒီအကြောင်း ပြောကြရအောင်။”
ဤအသုံးအနှုန်းသည် ပေါင်ရှု့ကို ဖြတ်ရိုက်စေခဲ့သလိုပင်။ လက်သီးတွေကို ဆုပ်ထားရင်း သူ့အမူအရာမှာ လေးနက်လာ၏။တခြားနှစ်ယောက်ဖြစ်သည့် လီရှန်းနှင့် ကျိုးဟိုင်တို့သည်လည်း ရောက်ရှိလာသည်။
ထို့နောက် မန်နေဂျာဆွန်းက ယခင်အမှာစကားကို ဆက်ပြောကြားခဲ့သည်။ "ပထမပြိုင်ပွဲက စားခြင်း သို့မဟုတ် အစားအစာ အမျိုးအစားအားလုံးရဲ့ နာမည်ဖြင့် ကဗျာ ရေးစပ်ရမှာဖြစ်ပါတယ်။မည်သည့်အစားအစာမဆို ဟင်းလျာ ဝိုင်၊ သို့မဟုတ် ဘယ်သစ်သီးများကိုမဆို အသုံးပြုနိုင်ပါတယ်။ စုတ်တံ၊ မှင်၊ စက္ကူနှင့် မှင်ကျောက် အဆင်သင့်ဖြစ်နေပါပြီ။ ကျေးဇူးပြုပြီး ကဗျာတွေကို ချရေးပေးပါ။ ပေးသောအချိန်က နံ့သာတိုင်တစ်တိုင်စာပါ။ "
ကျောင်းအုပ်ဟုန်သည် ချင်မျန်နှင့် လဲ့ယ်ထျဲတို့ကို စေ့စေ့တွေးရင်း ကြည့်လိုက်သည်။ ဝိုင်ဆိုင်ကို အရောင်းမြှင့်တင်ဖို့ ပိုင်ရှင်နှစ်ဦးက အမှန်တကယ်ကို အားထုတ်မှု မရှိတာပဲ။
လဲ့ယ်ရှန်းကျစ်သည် စာရေးရန် စုတ်တံကို မကိုင်မီ အကျဉ်းချုံး စဉ်းစားခဲ့သည်။
ချင်မျန်နှင့် လဲ့ယ်ထျဲသည် မထင်ရှားသော ထောင့်တစ်ခုတွင် ရပ်ကာ ခန်းမအတွင်းရှိ လူအားလုံးကို အသာအယာ ကြည့်နေကြသည်။ ဟင်းချက်နည်းလာဝယ်ခဲ့သူတွေရဲ့ရင်းနှီးတဲ့ မျက်နှာတချို့ကို တွေ့ရတော့ သူတို့ မအံ့သြမိပေ။ သူတို့ရဲ့ ရည်ရွယ်ချက်က ထင်ရှားလေသည်မလား။
"ချင်းဇီ...မင်း သူတို့နဲ့ ပြိုင်မှာလား?" လဲ့ယ်ထျဲ မေးလိုက်သည်။
ချင်မျန် အပြုံးလေးနဲ့ ပြောလိုက်သည်။ "မဟုတ်ရင် ခင်ဗျားက သူတို့နဲ့ ပြိုင်ချင်တာလား။ခင်ဗျားအတွက် လက်ကလေးလှန်လိုက်ရုံနဲ့တင် သူတို့ကိုအနိုင်ယူလိုက်ဖို့ဆိုတာ မလွယ်လွန်းဘူးလား?"
လဲ့ယ်ထျဲ၏မျက်နှာမှာ ထုတ်ဖော်မပြသော်လည်း သူ့မျက်လုံးထဲတွင် အပြုံးလေးတစ်ခုပေါ်လာသည်။
ချင်မျန်ကတော့ ဒါကို ရှင်းရှင်းလင်းလင်းမြင်လိုက်ပြီး ရယ်မောလိုက်၏။ ဒီလူကြီးက ချီးမွမ်းတာကို နားထောင်ရတာ ကြိုက်တာလား?
လဲ့ယ်ထျဲ၏ပါးစပ်မှ အသဲတိုးတိုးလေး ထွက်လာ၏။ "မင်းရဲ့ ချီးမွမ်းတာကိုပဲ နားထောင်ရတာ ကြိုက်တယ်"
ချင်မျန်၏မျက်ဝန်းထဲမှာတော့ ရယ်ချင်စိတ်တွေ ပြည့်လျှံနေသော်လည်း သူ တည်တည်ငြိမ်ငြိမ်ပြန်ပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ် သူတို့က သုံးယောက်ပဲ ရှိတယ်လေ။ အဆင့်ကို စီစဥ်ထားပြီးသားဆိုရင်တောင် ငွေအနည်းအကျဉ်းမျှပါပဲ။ အားလုံးက အပျော်သဘောပဲပေါ့။”
နျဲ့ဟန်၊ ချူကျုံးဝမ်၊ ဟုန်စီရွေ့နှင့် အခြားသူများသည် အချင်းချင်း တိုးတိုးပြောနေသော အနှီလူနှစ်ယောက်ကို ကြည့်နေကြသည်။ သူတို့ရဲ့ ခံစားချက်တွေက အရမ်းကောင်းနေတယ်လို့ မြင်နိုင်၏။
"နျဲ့ဟန်က ဂုဏ်ပြုဆောင်ဧည့်ခန်းကို ကြိုမှာထားတယ်။ လူငယ်လေးနဲ့ သူ့နောက်လိုက်တဲ့ အစေခံကတော့ ဇိမ်ခံအခန်းနဲ့ သာမန်အခန်းကို အသီးသီး သီးသန့်မှာထားတယ်”
ချင်မျန် ဂရုမစိုက်စွာ ပြောလိုက်သည်။ “ဆိုးဆိုးရွားရွားဖြစ်လာမှာမဟုတ်ပါဘူး။ ရှန်းရှန်းခန်းမဆောင်မှာ ဘာအရိပ်အယောင်မှ မရှိဘူး။ ဒါကြောင့် သူတို့ကို ကြည့်ခွင့်ပေးလိုက်ပါ။ ကျွန်တော်တို့ရဲ့ဝိုင်အိမ်ရဲ့ထူးခြားမှုက ဒီလိုပြင်ပပုံစံများသာမဟုတ်ဘူး စိတ်ဝိညာဉ်တိုင်းပါ တည်ရှိနေတာ။”
သူ့ဇနီးလေးရဲ့ ဂုဏ်ယူဝင့်ကြွားနေတဲ့ အသွင်အပြင်လေးမှာ အရမ်းကို ငေးမောဖွယ်ရာပင်။ လဲ့ယ်ထျဲ သူ့လက်ကို တည်ငြိမ်စွာ ဆုပ်ကိုင်လိုက်သည်။
__________________________________
090 : တစ်ခုတည်းသော တောက်ပမှုဖြင့် လောကကြီးကိုအံ့အားသင့်သွားစေမည်။
နံ့သာတစ်တိုင် ကုန်ဆုံးသွားပြီးတဲ့နောက်မှာတော့ ပညာရှင်လူငယ်လေးတွေသည် တစ်ချက်ပြီးတစ်ချက် ရေးဆွဲနေသည်ကို ရပ်လိုက်ကြ၏။ ကျောင်းအုပ်ဟုန်နှင့် ဆရာလျိုတို့က သူတို့၏ကဗျာများကို တစ်လှည့်စီရွတ်ဆိုခိုင်းသည်။
“အသားမပါဘဲ အစာစားနိုင်ပေမယ့် ဝါးမပါဘဲ အသက်မရှင်နိုင်။ အသားမရှိရင် လူကိုပိန်စေတယ်။ ဝါးမရှိရင် လူကို ဂုဏ်ကျစေတယ်” ဟူ၍ ပဏာမပြိုင်ပွဲဝင်သူက ယင်း၏ကဗျာကို ယုံကြည်မှုရှိရှိ ရွတ်ဆိုခဲ့သည်။
လူအုပ်ကြီးက ရယ်မောလိုက်ကြသည်။
“ဟားဟား........”
ကျောင်းအုပ်ဟုန်နှင့် ဆရာလျိုတို့ ခေါင်းယမ်းလိုက်ကြသည်။ ကဗျာနဲ့ စာသားတွေကို သိတဲ့ ဧည့်သည်တချို့ကလည်း ခေါင်းခါကြ၏။
ဆရာလျိုက ရိုးရှင်းစွာ မှတ်ချက်ပြုလေသည်။ "ဒီကဗျာကို ချောမွေ့စွာ ရွတ်ဆိုနိုင်ပေမယ့် 'ကဗျာ' ရဲ့ 'ကျက်သရေ' ကို ဆုံးရှုံးလိုက်ရတဲ့အတွက် စိတ်မကောင်းစရာပဲ"
ဆန့်ကျင်ဘက်အနေနှင့် ဤကဗျာသည် အလွန်ကောင်းပြီး ဝိုင်ဆိုင်တွင် ချိတ်ဆွဲရန် သင့်လျော်သည်ဟု ချင်မျန် တွေးထင်ခဲ့သည်။ ထို့ကြောင့် သူ ပညာရှင်အား သဘောကျစွာ ပြုံးပြကာ ပြိုင်ပွဲအပြီးတွင် သူနှင့် စကားပြောရန် ဆုံးဖြတ်ခဲ့သည်။
ဒုတိယပညာရှင်က ဆို၏။ “မင်းရဲ့ရွှေရောင်တောက်တဲ့ ကျိုးယန်ဝိုင်က ဘယ်လောက်အရသာရှိလိုက်လဲ။ကျောက်စိမ်းခွက်ထဲ ဖြည့်လေ တောက်ပနေလိမ့်မယ်။ အကျွန်ုပ်ကို မူးအောင် လုပ်ပေးနိုင်ရင် လုံလောက်ပြီမို့ ထို့အဝယ် အိမ်၌ လွမ်းဆွတ်ဖွယ်ရာ မရှိတော့ဘူးဆိုတာ မှတ်ထင်ပေလိမ့်မည်"
"ကောင်းတယ်!” ကျောင်းအုပ်ဟုန် သဘောကျစွာ ခေါင်းညိတ်လိုက်ပြီး "ကဗျာတစ်ခုလုံးရဲ့ အနက်က နွေဦးလေနုအေးကို ခံစားရင်း ဝိုင်သောက်သလိုမျိုး အဓိပ္ပါယ်ရှိလှတယ်။ ဒါ လက်ရာမြောက်ကဗျာတစ်ပုဒ်ပဲ။”
ကျောင်းအုပ်ဟုန်နှင့် ဆရာလျိုတို့သည် အလွန်လျင်မြန်စွာ မှတ်ချက်ပေးခဲ့ကြပြီး မကြာမီ ကဗျာပြိုင်ပွဲ ပြီးဆုံးသွားခဲ့သည်။ ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများမှာ ဟုန်စီရွေ၊ ဝမ်ရှန်းဝမ်နှင့် အခြားဆင်းရဲနွမ်းပါးသည့်အငယ်တန်းဂျူနီယာလေးဖြစ်သည်။
လဲ့ယ်ရှန်းကျစ်၏ကဗျာသည် အလွန်ကောင်းသော်လည်း ကံမကောင်းစွာဖြင့် ထိပ်တန်းသုံးပုဒ်သို့ မရောက်နိုင်ခဲ့ပေ။ သို့သော်လည်း လက်ရေးလှနှင့် စစ်တုရင်ပြိုင်ပွဲများတွင် ဒုတိယရခဲ့သည်။
.........
နောက်ဆုံး ပြိုင်ပွဲမှာ ကုချင်းပင် ဖြစ်သည်။ ဟုန်စီရွေ့၏ သီချင်းသည် အံ့ဩစရာကောင်းပြီး ပထမနေရာကို အလွယ်တကူ ရရှိခဲ့သည်။ ကျောင်းအုပ်ဟုန်ကတော့ ပြုံးနေတာ မရပ်နိုင်တော့ပေ။
စာပေအနုပညာပြိုင်ပွဲအပြီးတွင် ချင်မျန်သည် သူ့လူများကို အလွန်ကောင်းမွန်သော ကဗျာများအား ချိတ်ဆွဲလိုက်ရန် ပြောဆိုခဲ့သည်။ ထို့နောက် ကြိုတင်ပြင်ဆင်ထားသည့် အသစ်စက်စက် ငွေတုံးများကို ထုတ်ယူလိုက်ပြီး သူသည် ကျောင်းအုပ်ဟုန်နှင့် ဆရာလျိုတို့ကို ဆုချီးမြှင့်သည့် ဧည့်သည်များအဖြစ် ပြိုင်ပွဲအနိုင်ရ ကျောင်းသားများအား ဆုငွေများ ပေးအပ်စေခဲ့သည်။
အဆင့်တစ်ခုမှမရရှိခဲ့သော ကျောင်းသားများသည်လည်း စိတ်ပျက်ခြင်း မရှိခဲ့ကြပေ။ အခမဲ့ စားသောက်နိုင်သေးသည်လေ။
"သူဌေးချင်....ကိုယ်ခံပညာပြိုင်ဖို့ အချိန်ရောက်ပြီ!" ပေါင်ရှုက ချင်မျန် မေ့သွားမည်ကို စိုးရိမ်၍ အော်လိုက်သည်။
ချင်မျန် ပြောလိုက်သည်။ "အပြင်ထွက်ပြီး ယှဉ်ပြိုင်ကြရအောင်။ဒီဘက်ကို ကျေးဇူးပြုပြီး။"
အဆောက်အဦး၏ရှေ့ ပွင့်လင်းမြင်သာသောနေရာသည် ကိုယ်ခံပညာယှဉ်ပြိုင်ရန် လုံလောက်အောင် ကျယ်ဝန်းလေသည်။ ဧည့်သည်တွေအားလုံးကလည်း အပြင်ဘက်သို့ လိုက်ကြည့်ကြ၏။
ချင်မျန်သည် ပေါင်ရှု၊ လီရှန်းနှင့် ကျိုးဟိုင်တို့၏အလယ်တွင် ဝိုင်းရံခံထားရသည်။
"ဘယ်သူအရင်လာမလဲ?" ချင်မျန် သူ့လက်ကောက်ဝတ်တွေကို ဖြေလျှော့ရင်း မေးလိုက်သည်။
ပေါင်ရှုက ရင်ဘတ်ကို တင်းတင်းပုတ်ကာ "ကျွန်တော် အရင်လာခဲ့မယ်"
ချင်မျန် ခေါင်းညိတ်ပြလိုက်သည်။ "ကောင်းပြီ....ကျေးဇူးပြုပြီး"
လဲ့ယ်ရှန်းကျစ်သည် လဲ့ယ်ထျဲဆီသို့ လှမ်းသွားပြီး "တာ့ကော....မရီး အဆင်ပြေပါ့မလား?"
ပေါင်ရှုသည် အရပ်ရှည်ပြီး သန်မာသည်။ သူကား ချင်မျန်ထက် ဦးခေါင်းတစ်လုံးစာ ပိုမြင့်ရုံသာမက သူ့ခန္ဓာကိုယ်သည်လည်း အနည်းဆုံး ချင်မျန်နှစ်ကိုယ်စာလောက် ရှိလေသည်။ ထို့အပြင် သူ့ထံတွင် အဆီများသာမဟုတ် သန်မာကျစ်လစ်သည့်အသားများပါရှိနေကာ သူ့အား နွားသိုးပေါက်ငယ်ကဲ့သို့ အသွင်အပြင်မျိုးဖြစ်နေစေသည်။
လဲ့ယ်ထျဲကတော့ နှုတ်ဆိတ်နေခဲ့သည်။
ကျောင်းအုပ်ဟုန် သတိပေးလိုက်သည်။ "မင်းတို့နှစ်ယောက်ပဲနော်"
ပေါင်ရှုက အားတက်သရော ခေါင်းညိတ်လိုက်ပြီး "စိတ်မပူပါနဲ့ တင်းဟုန်(ကျောင်းအုပ်)။ တစ်ဖက်ကို မြေပြင်ပေါ်အရင်ပစ်ချနိုင်သူက အောင်နိုင်သူပဲ။ သူဌေးချင်ရော ဘယ်လိုထင်လဲ?”
ချင်မျန် သူ့ကို တိတ်တဆိတ် တစ်ချက် ကြည့်လိုက်၏။ မင်းက စပွန်ဆာလား? ငါက စပွန်ဆာလား?
"ရတာပေါ့”
"ပြိုင်ပွဲစပါပြီ" ဆရာလျို ပြောလိုက်သည်။
ပေါင်ရှုက ချင်မျန်ဆီကို ပြေးသွား၏။ သူ ညာလက်သီးကို ချိန်ရွယ်၍ ချင်မျန်ဆီကို လှည့်ဝင်လာခဲ့သည်။ သူ့ရဲ့ ကြီးမားသော လက်သီးသည် တူအလား။ ချင်မျန်သည်လည်း ခပ်သွက်သွက် လှဲဖယ်ကာ ရှောင်ရန် ဘေးသို့ စောင်းလိုက်သည်။ ထို့နောက် သူ့ညာဖက်လက်ဖဝါးသည် ပေါင်ရှု၏အောက်နံရိုးကို တိုက်ခိုက်လိုက်သည်။
ဒီတိုက်ပွဲကနေ သူတို့နှစ်ယောက်လုံးက တော်တယ်လို့ ကျွမ်းကျင်သူတွေက မြင်မိ၏။
ပေါင်ရှု အနည်းငယ် အံ့သြသွားသည်။ကျယ်လောင်သော ကြွေးကြော်သံဖြင့် တိုက်ခိုက်နေသည်ကို အရှိန်မြှင့်လိုက်သည်။အမူအရာနှင့် လှုပ်ရှားမှုတိုင်းသည် လေးလံပြီး အစွမ်းထက်လှသည်။
ချင်မျန်၏အားသာချက်မှာ သူ့တွင် ပျော့ပျောင်းသောခန္ဓာကိုယ် ရှိခြင်းသာ။ တစ်ချိန်တည်းမှာပင် သူသည် ရှောင်တိမ်းကာ ကျွမ်းကျင်စွာ လှုပ်ရှားခဲ့သည်။ ပေါင်ရှုသည်လည်း တကယ့်ကွန်ဖူးပညာရှင်တစ်ယောက် ဖြစ်သည်မို့ သူ့လှုပ်ရှားမှုတွေက နှေးကွေးမနေပေ။ လှည့်စားခဲ့သူမှာ ချင်မျန်သာ ဖြစ်သည်။ ဝိညာဉ်စမ်းရေသည် သူ့ရဲ့အမြင်အာရုံကို တိုးတက်စေသည်လေ။ သူ့မျက်လုံးများသည် ပေါင်ရှု၏လှုပ်ရှားမှုများကို အချိန်မီတားဆီးရန် ထောင့်နှင့်ဦးတည်ချက်ကို အလျင်အမြန်ဖမ်းကြည့်လိုက်သည်။သူတို့နှစ်ယောက်လုံး အချိန်အတော်ကြာအောင် အသာစီးမရနိုင်ဘဲ ဖြစ်နေရာ လူအုပ်ကြီးက ရံဖန်ရံခါ အော်ဟစ်အားပေးနေကြသည်။
အကွက် 50 ကျော်ပြီးနောက် ချင်မျန်သည် သူ့ရဲ့ ကန့်သတ်ချက်ကို ရောက်တော့မည်ဖြစ်ကြောင်း တွေ့ရှိသွားခဲ့သည်။ နောက်ဆုံးတွင်တော့ သူသည်ကား အခြားသူများနှင့် တိုက်ခိုက်ရန် အတွေ့အကြုံ မရှိခဲ့သူပေ။ မကြာခင်မှာပဲ သူ အားနည်းချက်တစ်ခုကို ထုတ်ဖော်ခံခဲ့ရပြီး ပေါင်ရှုရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရ၏။ ပေါင်ရှုသည် သူ၏ညာလက်မောင်းကို ချုပ်ထားရင်း အနိုင်ရရန် တစ်ဖက်လူကို မြေပြင်ပေါ်သို့ ပစ်ချရမည်ကို သတိရသွားကာ ချင်မျန်ကို မြေပြင်ပေါ်သို့ လှဲချပစ်လိုက်သည်။
လူတိုင်းသည်လည်း မကူညီနိုင်ဘဲ နှိုးဆော်သံဖြင့် အော်ဟစ်ကြတော့၏။
ချင်မျန်သည် သူ့မျက်နှာမှာ မြေကြီးနှင့် ထိကပ်တော့မည်ကို ကြည့်ရင်း အရိပ်တစ်ခု လင်းခနဲ ရောက်လာသည်ကို တွေ့လိုက်ရသည်။
လဲ့ယ်ထျဲ သူ့လက်ကို ချင်မျန်၏ခါးတွင် အချိန်မီ ဖမ်းတင်ထားလိုက်နိုင်သည်။ သူ့ကို ချီမြှောက်ပြီး မြဲမြံစွာ ရပ်နိုင်ရန် ကူညီပေးခဲ့သည်။
"ချင်းဇီ?" လဲ့ယ်ထျဲ သူ့ကို အပေါ်အောက် စုံကြည့်လိုက်သည်။
"ကျွန်တော် အဆင်ပြေပါတယ်" ချင်မျန် သူ့နှုတ်ခမ်းထောင့်တွေကို ညင်သာစွာ မြှောက်ပြလိုက်သည်။
"ဟေး....မင်း ဒါအကျင့်မကောင်းတာပဲ!မင်းအနိုင်ရပြီးတာတောင် ငါတို့ရဲ့သခင်ငယ်လေးကို ဘာလို့ မြေကြီးပေါ်လှဲချရတာလဲ?" ရှီလသည် မကျေနပ်သဖြင့် ပေါင်ရှုအား လက်ညှိုးထိုး ပြောဆိုနေသည်။
ပေါင်ရှုသည်ကား သူ့ခေါင်းကို ကုတ်လိုက်ပြီး ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။ "ငါ...ငါ မရည်ရွယ်ပါဘူး"
"ငါ အဆင်ပြေပါတယ် ရှီလ" ချင်မျန်သည် စိတ်မသက်မသာဖြင့် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ “ပေါင်သခင်လေးက ဒါကို မရည်ရွယ်ထားပါဘူး။ ဂုဏ်ယူပါတယ် ပေါင်သခင်လေး ”
ပေါက်ရှုက ဝမ်းသာအားရနဲ့ "ဟားဟား....ကျွန်တော်ကိုအနိုင်ယူခွင့်ပေးတာပါ!"
Advertisement
- In Serial785 Chapters
Empire of the Ring
Empire of the Ring is a Korean modern fantasy epic adventure novel that sets in the nations of the Caucasus mountain range which separates Europe and Asia. The nations of Caucasus are regions of many conflicts over territories, ethnicities, and religions. The story begins as Lee Youngho, a warm-hearted Korean merchandiser, takes a business trip to a disputed territory of the Caucasus nations to sell Korean unmanned security systems only to get misconstrued as a spy and caught by Armenian militia. Youngho eventually gets involved with the militia and CIA to help out people of the regions from conflicts and works toward a birth of a new empire in Caucasus.
8 198 - In Serial73 Chapters
Basic Skills
Dix, a man whose entire name was a bad joke, thought he’d died and gone to heaven, until reality kicked him in his name again. Sure, he would have a whole new world to explore, one full of magic and adventure, but first he would have to be tested by the gods. They promised the tests weren’t deadly, just painful. If he does well, they might even give him prizes that will make him a target amongst the population of his new world. And the tests of the gods are just the beginning. Follow along as Dix falls back on his tried and true method of making it through life, letting his subconscious do all the work while he looks for girls. It’s not like that led him to his death once before, or anything. And what do you call a life after death anyways? A man too smart for his own good, he is woefully unprepared for what’s coming his way, no matter what he thinks. Trainers, friends, even gods won’t give him enough of a head start for the things people will ask him to do. Despite the odds of survival, he’s got a job to do. Time to get to work.
8 126 - In Serial11 Chapters
The Rektoning: DeadHeads revolt
Not all births are a gift from God, some are in fact gruesome, bloody, and involve a lot of pain and trauma. This goes doubly so if you're a not quite zombie, not quite human undead man baby called DeadHead. Stuck dealing with gods who think of humans as playthings, Demons that won't shut the hell up, and a curse that thinks it owns his body. Witness the ugly and cruel conception of a new type of hero. Spoiler he doesn't survive the birth...
8 121 - In Serial47 Chapters
Forced Development (What does it truly mean to live a fulfilling life?)
To get things started I would like to admit that this story does not bring much new to the table when it comes to the over-saturated Litrpg genre in terms of things like mechanics and power systems. Then what exactly am I trying to bring to the table with this work? A nice slow-paced novel about people maturing and growing older think of it as the re: zero or jobless reincarnation of Litrpgs. A story that tries to take into consideration how a worldwide system would affect the economics and culture of a world. A story that is much more character-focused than the typical heavy progression-focused novels this genre is known for. The RPG system, like any good power system, is there to actually explore the themes of the story and not just as a plot device for characters to get stronger. This is a story where we will see the growth of the Mc from being a baby to when he dies of old age. With plenty of heart-racing actions and intriguing plot developments along the way. Exploring themes like; What does it mean to improve at something and what does it mean to mature as a person? How does magic, the constant threat of monsters and people so much stronger than the average joe that they can destroy countries affect one's culture both on the micro and the macro scale? How people are affected by the culture in general? Generational trauma Nature vs Nurture Talent vs hard work What is morality, society, and people's opinions on both? What does it mean to be human and what does it mean to be alive in the context of a world with multiple sapient species vastly different from one another in basic biology? All these questions are going to be explored from multiple angles using the system as a catalyst for those discussions. So if any of does questions sound interesting to you what are you waiting for, I'm sure you are going to love this story. PS - Chapter come out every Friday at about the same time.
8 187 - In Serial34 Chapters
Unnatural Instinct: Transform
A loathsome monster has you trapped in his castle. Worse, something inside you is trying to break free. Something just as terrible as him. Can you halt your transformation before you lose yourself forever?You've always felt different from everyone else, an outsider, someone who doesn't quite fit in. You've never understood why, until one night you're snatched from your bed and hauled before a creature who's straight out of your nightmares.Huge, powerful, dreadful, he pursues you as his chosen mate and forces you to face the reality of what you are. Despite your resistance, the truth becomes undeniable. You're changing before your own eyes and there's nothing you can do to stop it. And the only person-thing-you can turn to for help is the one who did this to you in the first place. Someone like you: a killer, a cannibal ... A monster.Part 4 of the Unnatural Instinct Series: the hard and fast, wacky and naughty sexual encounters between humans and their monstrous or magical lovers.
8 226 - In Serial16 Chapters
The Dragon's last words...
1
8 196

