《Accidental Blessing[ Completed ]》1
Advertisement
Uni
1
၂၀၂၂ ခုနှစ်၊ ချုံချင်းမြို့တော်၊ Children Street Dance Battle နောက်ဆုံးအဆင့်။
အမှတ် ၄ အလယ်တန်းကျောင်းအကဖွဲ့နှင့် အမှတ် ၁၈ အလယ်တန်းကျောင်းအကဖွဲ့ဟာ နောက်ဆုံးအဆင့်သို့ တက်ရောက်ရပြီး နှစ်ဖွဲ့ထဲက တစ်ဖွဲ့ကသာ အနိုင်ရသူအဖြစ် သတ်မှတ်မှာ ဖြစ်တယ်။
အကဖွဲ့နှစ်ဖွဲ့ဟာ ဘယ်သူအရင်ဦးဆုံးယှဉ်ပြိုင်ရမလဲဆိုတာ အရင် မဲနှိုက်ဆုံးဖြတ်ကြတယ်။ မဲအရ အမှတ် ၄ က အရင်ယှဉ်ပြိုင်ရမှာ ဖြစ်တယ်။
musicစဖွင့်လိုက်တာနှင့် အမှတ် ၄အဖွဲ့မီာစည်းချက်သံနှင့်အညီ ကပြယှဉ်ပြိုင်တယ်။ အလယ်တန်းကျောင်းသူ/သားတွေဆိုပေမယ့် hip hop danceကို စနစ်တကျသင်ယူထားကြပြီး အဖွဲ့လိုက်စည်းလုံးမှုကိုလည်း တွေ့ရတယ်။
ဒိုင်လူကြီးတွေဟာ သဘောကျစွာ ခေါင်းတညိတ်ညိတ်ပြုလို့ အမှတ်ပေးနေကြပြီ။
ဧည့်ပရ်တ်သတ်တွေကလည်း သဘောကျစွာနှင့် အမှတ် ၄ အဖွဲ့ကို လက်ခုပ်တီးလို့ အော်ဟစ်အားပေးကြတယ်။
အမှတ် ၁၈ ယှဉ်ပြိုင်ရမယ့် အချိန်ရောက်လာပြီ။ musicစဖွင့်လိုက်တဲ့အခါ အကအဖွဲ့ရဲ့ intro အကကို စတင်ကတယ်။ သို့ပေမယ့် သိပ်မထူးမခြားနားပဲ ကကွက်တွေက မြင်ဖူးနေကျလိုမျိုးဖြစ်နေပြီး စိတ်ဝင်စားစရာမတွေ့ရဘူး။
ဒိုင်လူကြီးတွေဟာ ခေါင်းတွေတရမ်းရမ်းနှင့် အချင်းချင်းတီးတိုးတိုင်ပင်နေချိန်မှာပင် musicသံက ပြောင်းသွားပြီး ခပ်မြူဒမြူးသီချင်းတစ်ပုဒ်တည်းတင်မဟုတ်ဘဲ remix လုပ်ထားတာကို တွေ့ရတယ်။
musicအလှည့်အပြောင်းနှင့်အတူ အဖွဲ့ရဲ့အလယ်မှာ centre ကျကျ ပေါ်ထွက်လာသူက အကအဖွဲ့ရဲ့ ခေါင်းဆောင် အသက်ဆယ့်လေးနှစ်သာရှိသေးတဲ့ ကျောင်းသူလေး ဝမ်ဟွေ့ဟွေ့။
အဖွဲ့ရဲ့အလယ်မှာ ပေါ့ပေါးသွက်လက်စွာနှင့်ပင် ကျွမ်းနှစ်ပတ်လောက် ခုန်ပြလိုက်ပြီး
သွက်လက်ပြီး ဆန်းပြားလှတဲ့ ကကွက်နှင့်အတူ အဖွဲ့ကို ဦးဆောင်လို့ ကတော့တယ်။
မိမိုက်လွန်းပြီး လှပလွန်းသော ကကွက်ကြောင့် ကြည့်ရှူသူပရိတ်သတ်တွေရဲ့ လက်ခုပ်သံတွေဟာ ပွဲခင်းတစ်ခုလုံး ပြည့်နှက်ဆူညံသွားတော့တယ်။
ဒိုင်လူကြီးမင်းများမှာလည်း မချီးကျူးရမနေနိုင်တော့ မတ်တပ်ရပ်လို့ပင် လက်ခုပ်တီးအားပေးတော့တယ်။
ထို့နေ့ရဲ့ Final Battleမှာ အမှတ် ၁၈ ကျောင်းက အနိုင်ရတယ်။ ထို့အပြင် အမှတ် ၁၈ အဖွဲ့ရဲ့ ခေါင်းဆောင် ဝမ်ဟွေ့ဟွေ့ဟာ လူကြိုက်အများဆုံး မျက်နှာသစ်အကသမားဆုကို ရရှိခဲ့တယ်။
အမှတ် ၁၈ ကို အနိုင်ရအောင်သင်ကြားပေးခဲ့တဲ့ ဆရာဟာ GreenMax Studioရဲ့CEO and Founder ဝမ်ရိပေါ်ဖြစ်တယ်။
ဝမ်ရိပေါ်က ဝမ်ဟွေ့ဟွေ့ကို ဂုဏ်ယူစွာနှင့် ပန်းစည်းလေး လက်ဆောင်ပေးတယ်။
ဝမ်ဟွေ့ဟွေ့က ပြုံးရွှင်နေတဲ့မျက်နှာလေးနှင့် ပန်းစည်းကိုလက်ခံရယူပြီး ဝမ်ရိပေါ်ရဲ့ပါးကို ရွှတ်ခနဲနမ်းတယ်။
ဝမ်ရိပေါ်ဟာလည်း ဝမ်းသာပီတိဖြစ်နေတဲ့မျက်နှာနှင့်ပင် ဝမ်ဟွေ့ဟွေ့ရဲ့ နှဖူးလေးကို အသာဖိကပ်လို့ နမ်းတယ်။ ပြီးတော့ ဂုဏ်ယူဖွယ်စကားကိုဆို၏။
"ငါ့သမီးလေးက သိပ်ကိုတော်တယ်..."
~~~~~~~~~~~~~~~~~~~~
ချုံချင်းမြို့ရဲ့ လူချမ်းသာတွေသာနေထိုင်တဲ့ XPalace ရဲ့ အပန်းဖြေပန်းခြံကြီးထဲမှာ XPalace ကို စတင်တည်ထောင်ခဲ့တဲ့ သူဌေးကြီး ရှောင်းလုံဟာ သူ့ရဲ့အသက် ၈၅ နှစ်ပြည့်မွေးနေ့ကို ခမ်းနားကြီးကျယ်စွာ ကျင်းပနေတယ်။
အဘိုးရှောင်းလုံဟာ သူ့ရဲ့တစ်ဦးတည်းသောမြစ်မလေး ရှောင်းကွေ့ကို လက်ဆွဲလို့ သူ့ရဲ့အပေါငိးအဖော်တွေကို ဂုဏ်ယူစွာကြွားတယ်။ သူ့မြစ်မလေး ရှောင်းကွေ့က စာသိပ်တော်ပြီး အတန်းထဲမှာ အမြဲလိုလိုပထမရကြောင်း၊ ဘာသာရပ်စွမ်းရည်ပြိုင်ပွဲတွေမှာဆိုလည်း အမြဲပထမရကြောင်း ကြွားတယ်။
အဘိုးရှောင်းရဲ့ ဟိုးနှစ်တွေတုန်းကလည်း စာသိပ်တော်ပြီး ထူးချွန်တဲ့ သူ့မြေးရှောင်းကျန့်ကို ကြွားတာပါဘဲ။ ခုတော့ သိပ်တော်တဲ့မြစ်ကလေးပါရလာတော့ အဘိုးရှောင်းက သိပ်ကို ဂုဏ်ယူရသောပါဘဲ။
ရှောင်းကျန့်ဟာ အကြွားသန်တဲ့ သူ့အဘိုးကိုကြည့်ပြီး ပြံးရုံသာတတ်နိုင်တယ်။ ဘဝရဲ့ နောက်ဆုံးနေ့ရက်တွေကို ရင်ဆိုင်နေရတဲ့ အဘိုးကို သူကိုယ်တိုင်ပြုစုဖို့ သမီးလေးကိုခေါ်ပြီး အရင်လက သူ့ကုမ္ပဏီရှိတဲ့ Parisကနေ ပြန်လာခဲ့တယ်။ သမီးလေးရှောင်းကွေ့ကတော့ ကျောင်းပါပြောင်းလာခဲ့ရတာမို့ ရှောင်းကျန့်ကို စိတ်ဆိုးနေတယ်။ ဒါပေမယ့်လည်း ရှောင်းကျန့် မတတ်နိုင်ဘူး။ သူ့ဇနီးခေါင်းချသွားတဲ့ ချူံချင်းကအိမ်မှာသာ ခေါင်းချချင်တဲ့အဘိုးကြောင့် သူတို့ဟာ ချုံချင်းမှာနေဖို့ ဖြစ်လာရတယ်။
"ဒါဆို အားကွေ့လေးကို ဘယ်မှာကျောင်းထားဖို့ စီစဉ်ထားသလဲ။ ကျဲကျဲသိတဲ့ Private Schoolရှိတယ်။ အားလင်လည်း အဲ့ဒီမှာ တက်နေတာလေ.. "
ရွှယ်လုကျဲကျဲက အားကွေ့အတွက် စဉ်းစားပြီး မေးလာခဲ့တယ်။
"အားကွေ့ကို privateမထားတော့ဘူး ကျဲ.. နိုင်ငံရပ်ခြားမှာနေခဲ့ရတဲ့ အားကွေ့ကို ကိုယ့်နိုင်ငံရဲ့ယဉ်ကျေးမှုသင်ယူနိုင်ဖို့ အစိုးရကျောင်းပဲ ထားဖြစ်မယ်..."
"ကောင်းတယ်... အားကွေ့လည်း အတွေ့အကြုံရတာပေါ့"
ဒီလိုနဲ့ပဲ ရှောင်းကွေ့ဟာ နယ်ပယ်ပေါင်းစုံမှာ ထူးချွန်သူတွေ မွေးထုတ်ပေးတဲ့ အမှတ် ၁၈ အလယ်တန်းကျောင်းကို တတ်ရောက်ဖို့ ဖြစ်လာတော့တယ်။ ရှောင်းကွေ့ဟာ privateကျောင်းတက်ချင်ပေမယ့် လိမ္မာပြီး မိဘစကားနားထောင်တက်သူမို့ ပါပါးရွေးချယ်ပေးတဲ့ကျောင်းကို တက်ရောက်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီနှစ်ထဲမှာဆို သူ့အသက်က ၁၄ နှစ်ပြည့်ပြီ။ သူ ပါပါးအပေါ် ကလေးတစ်ယောက်လို မဆိုးသင့်တော့ဘူး။ ရင့်ကျက်တည်ငြိမ်ရမယ်။
ရှောင်းကျန့်ဟာ သမီးလေးရဲ့ ကျောင်းuniformက နက်ကတိုင်ဖဲပွင့်လေးကို လှလှလေးဖြစ်အောင် သေချာပြင်ဆင်ပေးတယ်။ သမီးလေးရဲ့ အညိုရောင်ဆံနွယ်လေးတွေကို စိတ်ရှည်လက်ရှည် သေချာဖြီးသင်လို့ အပြာရောင်ဖဲပွင့်လေးနှင့်သေချာစည်းပေးတယ်။
"ပါးပါးရဲ့မင်းသမီးလေးက သိပ်လှသွားပြီ... ဒီေန့အတန်းထဲကို ပြောင်းလာတဲ့ ကျောင်းသူသစ်လေးက သိပ်လှတာပဲလို့ ချီးကျူးကြလိမ့်မယ်"
ရှောင်းကျန့်ကသာ တပြုံးပြုံးနှင့် ချီးကျူးနေပေမယ့် အားကွေ့ကတော့ တည်တည်ငြိမ်ငြိမ်ပါပဲ။ ရှောင်းကျန့်ကတော့ အဲ့ဒီအရာကို စိတ်ပူနေမိတယ်။ အပြုံးအရယ်နည်းပါးပြီး သူစိမ်းတွေနဲ့ဆို သိပ်အရောမဝင်တက်တဲ့ အားကွေ့လေးက အရွယ်နှင့်မလိုက် တည်ငြိမ်လွန်းတယ်။ အများနဲ့ဆို ခပ်ချေချေပုံစံဖြစ်နေတဲ့ သမီးလေးက သူနှင့်ဆိုရင်တော့ ခွေးပေါက်လေးတစ်ေကာင်လို ကပ်ချွဲနေတက်တယ်။
Advertisement
"အားကွေ့.... ကျောင်းရောက်ရင် တည်တည်ကြီးမနေနဲ့နော်။ ပြုံးစရာရှိတာပြုံး၊ ရယ်စရာရှိတာရယ်... သူငယ်ချင်းအသစ်တွေရအောင်လည်းလုပ်ဦး"
"အင်း..."
ရှောင်းကျန့်ဟာ အားကွေ့ကို ကျောင်းပို့တဲ့လမ်းတစ်လျှောက်လုံး ခပ်ချေချေမနေဖို့ မှာနေရတယ်။ ကျောင်းရောက်တဲ့အခါ ကျောင်းအုပ်ကြီးနှင့်ကိုယ်တိုင်တွေ့ပြီး အားကွေ့ကို သေချာစောင့်ရှောက်ဖို့ မှာတယ်။ အဘိုးရှောင်းရဲ့နောက်ခံအင်အားကောင်းမှုကြောင့် အားကွေ့ဟာ အခန်း၁မှာ နေရာရခဲ့တယ်။ အားကွေ့ အခန်းထဲကို နေရာတကျဖြစ်ပြီဆိုမှ ရှောင်းကျန့်ဟာ ကျောင်းထဲက ထွက်လာတော့တယ်။
!!ဘုန်း...!!
"အ...."
"အ..."
ကျောင်းရဲ့ ဆင်ဝင်အကွေ့အောက်မှာ ရှောင်းကျန့်ဟာ ကျောင်းသူတစ်ဦးရဲ့ကိုယ်နှင့် ရုတ်တရက်ဝင်တိုက်ခြင်းခံလိုက်ရတယ်။ ကျောင်းသူရော သူရော ပစ်လဲသွားတယ်။တစ်ဖက်ကကျောင်းသူက သူ့ကို တရိုတသေတောင်းပန်လာခဲ့ပြီး
ထွက်ကျသွားတဲ့ သူ့အိတ်ထဲက ပစ္စည်းအချို့ကို ကူကောက်လို့ ထည့်ပေးနေတယ်။
"တောင်းပန်ပါတယ်နော် သမီးမမြင်မိလို့ပါ၊ သမီးကျောင်းနောက်ကျနေလို့ ပြေးမိလို့ပါ"
"ရပါတယ်၊ ဦးဦး ဘာမှမဖြစ်ပါဘူး၊ ကျောင်းနောက်ကျရင် သွားပါ"
ချစ်စရာကောင်းစွာ တောင်းပန်လာတဲ့ ကလေးမို့ ရှောင်းကျန့်က ဘာမှသိပ်တွေးမနေဘူး။ ကလေးက ထပ်မံတောင်းပန်စကားဆိုရင်း ကျောင်းထဲကို ပြေးဝင်သွားတော့တယ်။
ရှောင်းကျန့်ဟာ ထွက်ခွာသွားတဲ့ ကလေးရဲ့ကျောပြင်ကိုကြည့်ရင်း တည်ငြ်မ်လွန်းတဲ့ သူ့သမီးငယ်လေးကိုလည်း အဲ့ကျောင်းသူလို ပေါ့ပါးသွက်လက်စေချင်နေမိတယ်။ ရှောင်းကျန့်လည်း သူ့သမီးလေးအကြောင်းကိုတွေးရင်း ကျောင်းထဲက ထွက်လာလိူက်တော့တယ်။
~~~~~~~~~~~~~~~~~~~~~
ဒီနေ့ သူတို့ အမှတ် ၁၈ ကျောင်းမှာ အခန်း ၁ က ကျောင်းပြောင်းလာတဲ့ ကျောင်းသူလေးအကြောင်း နာမည်ကြီးနေတယ်။ သူ့နာမည်က ရှောင်းကွေ့။ တည်တည်ငြိမ်ငြိမ်လေးနှင့် အတော်ချောမောပြီး Parisကပြောင်းလာတယ်။ သူ့အဖေက Sean Fashionရဲ့ CEO and Designer ၊ အဘိုးဖြစ်သူက XPalaceရဲ့ တည်ထောင်သူဥက္ကဌကြီး ဖြစ်တယ်။ ဒါ့အပြင် ရှောင်းကွေ့က အရင်ကျောင်းမှာဆို အမြဲပထမရခဲ့သူဖြစ်တယ်တဲ့။ လုံးဝကို စိတ်ကူးယဉ်ဝတ္ထုထဲက ထွက်လာသလိုပဲ။
ဒီလိုပါပဲ။ အမှတ် ၁၈ ကို အကောင်ကြီးကြီးရဲ့သားသမီးပြောင်းလာရင် ခဏတစ်ဖြုတ်တော့ နာမည်ကြီးမယ်။ ပြီးရင် အားလုံးနှင့် တန်းတူဖြစ်သွားတာပါဘဲ။
"ဟဲ့.. အားဟွေ့.. ဟိုမှာတစ်ယောက်တည်းထိုင်စားနေတဲ့ ကျောင်းသူက ရှောင်းကွေ့လေ"
သူငယ်ချင်းလုလုက အားဟွေ့ကို စားသောက်တန်းမှာ တစ်ယောက်တည်းထိုင်စားနေတဲ့ ကျောင်းသူသစ်ကိုပြတယ်။ ကျောင်းသူသစ်က အများပြောသလို တကယ်ချောတယ်။ ဝတ်စားထားတဲ့ပုံစံကလည်း တကယ်ကို ဈေးကြီး branded ချည်းပဲ။ ဒါပေမယ့် ရုပ်က ထောင့်မကျိုးဘူး။ တစ်ယောက်တည်းထိုင်နေပြီး တိတ်တိတ်ဆိတ်ဆိတ်ထမင်းစားနေတယ်။ ကြည့်ရတာ မာနကြီးမယ့်ပုံပေါ်တယ်။
"ဟေး... အားဟွေ့လာ၊ ငါ ရှောင်းကွေ့နဲ့ မိတ်ဆက်ပေးမယ်"
အခန်း၁က သူတို့အကအဖွဲ့ထဲကသူငယ်ချင်းလီရင်က အားဟွေ့တို့ကိုခေါ်လို့ ရှောင်းကွေ့နှင့်မိတ်ဆက်ပေးဖို့ သူထိုင်နေတဲ့နေရာကို ခေါ်ပြီး ထိုင်စားစေတယ်။
"အားကွေ့... ဒါ ငါ့တို့အကအဖွဲ့ထဲက ဝမ်ဟွေ့ဟွေ့နဲ့ လုလုတဲ့။ သူတို့က အခန်း ၃ က..."
"Hi... နိဟောင်"
"နိဟောင်နော်... နင်က Parisကပြောင်းလာတာဆို"
သူတို့က ဖော်ဖော်ရွေရွေဆက်ဆံပေမယ့် ရှောင်းကွေ့က သူတို့ကို တစ်ချက်သာလှန်ကြည့်ပြီး ခေါင်းငုံ့ကာ ဆက်စားတယ်။ ရှောင်းကွေ့ရဲ့အပြုအမူကြောင့် သူတို့ အံ့ဩသွားတယ်။ သူစားလို့ပြီးမှ သူတို့ဘက်ကိုကြည့်ပြီး ပြုံးတယ်။
"နိဟောင်... ငါက ရှောင်းကွေ့ပါ။ ဟုတ်တယ် Parisက ပြောင်းလာတာ"
"Parisက သိပ်လှမှာပဲနော်။ ငါတစ်ခါမှ မရောက်ဖူးဘူး"
"အင်း.."
"ငါတို့ကို Parisအကြောင်း ပြောပြပါလား.."
"Parisအကြောင်းက Baiduမှာရှာလိုက်ရင် အကုန်သိနိုင်တယ်လေ"
လုလုက တက်ကြွစွာမေးနေပေမယ့် ရှောင်းကွေ့ရဲ့ အဖြေတုံးတိကြီးကြောင့် သူနှင့် လုလုတို့ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြတယ်။ ကျောင်းသူသစ်နှင့်တွေ့ဆုံမှုက အဲ့ဒီမှာပဲ ပြီးဆုံးတယ်။
အိမ်ပြန်ရာက်တဲ့အခါ အားဟွေ့ဟာ ရှောင်းကွေ့ရဲ့အကြောင်းကိုစဉ်းစားပြီး စိတ်မသက်သာတွေဖြစ်နေမိတယ်။ ဘာလဲ သူက တအားတွေချမ်းသာနေတော့ ငါတို့ကို မတူမတန်သလို ဆက်ဆံတာလား။ ထိုအကြောင်းကို ဒယ်ဒီကို စိတ်တိုတိုနှင့် ပြောပြနေတယ်။
ဒယ်ဒီကတော့ သူပြောနေတာ နားထောင်နေရဲ့လားမသိ၊ သူ့ခေါက်ဆွဲပန်းကန်ကို ရှလွတ်သံတွေထွက်တဲ့အထိ အရသာရှ်စွာစားနေတယ်။ သူစားလို့ပြီးမှ အားဟွေ့ကိုကြည့်ပြီး ခေါင်းညိတ်တယ်။
"အင်း.."
စိတ်တိုလိုက်တာ။ ဟိုသူဌေးကောင်မ စိတ်ကြီးဝင်နေတဲ့အကြောင်းကို ပြောပြနေပါတယ်ဆိုမှ ဒယ်ဒီက အဲ့ကောင်မလိုပုံစံလာလုပ်တော့ ပိုစိတ်တိုလာတယ်။ ဒယ်ဒီနဲ့ အဲ့ကောင်မချိုးတဲ့ပုံစံက တစ်ပုံစံတည်းပဲ။
"ကျစ်... ဒယ်ဒီရာ။ ပြောနေတယ်လေ ဒီမှာ အားဟွေ့ပြောနေတယ်လေ"
ဝမ်ရိပေါ်က သမီးဖြစ်သူရဲ့စိတ်ဆိုးနေပုံလေးကိုကြည့်ပြီး အားရပါးရယ်တယ်။ ဝမ်ရိပေါ်က ရယ်လာတော့ အားဟွေ့ကလပိုပြီးစိတ်ဆိုးလာကာ နှုတ်ခမ်းကစူထော်ထွက်လာတယ်။
"ဒယ်ဒီရာ ရယ်စရာပါနေလို့လား"
"ဟားဟား..ဟာ့ "
ဝမ်ရိပေါ်က စူထွက်လာတဲ့နှုတ်ခမ်းကိုအသာဆွဲလိမ်တော့ အားဟွေ့က ဝမ်ရိပေါ်ကို ပြန်ရိုက်လာတယ်။ သူတို့နှစ်ယောက်က သိပ်ချစ်ကြတဲ့ သားအဖနှင့်မတူဘူး။ ခုချက်ချင်းထသတ်တော့မယ့် နပန်းသမားတွေအတိုင်းပဲ။ ဝမ်ရိပေါ်က သူများတွေနှင့်ဆို ခပ်တည်တည်တင်းတင်းနေတက်ပေမယ့် အားဟွေ့ကိုဆို စိတ်ဆိုးတဲ့အထိ အမြဲတမ်းစနောက်နေတက်တယ်။ စိတ်ဆိုးအောင် စတယ်။ ပြီးရင် အားဟွေ့ကြိုက်တာလေးဝယ်ကျွေးလို့ ချော့တက်တယ်။ အဲ့အခါကျရင် အားဟွေ့က စိတ်ဆိုးပြေသွားပြီး ပြုံးပြုံးရွှင်ရွှင်ဖြစ်သွားတက်တယ်။
ဝမ်ရိပေါ်က သူ့သမီးနှင့်ပတ်သတ်လို့ အမြဲတွေးမိတယ်။ သူများကို အရှုံးမပေးတက်ဘဲ ခေါင်းသိပ်မာတဲ့ သူ့သမီးက ဘယ်သူနှင့်တူလို့ အဲ့လောက်စိတ်ကြီးရတာလဲဆိုတာ...
~~~~~~~~~~~~~~~~~~~~~~
ရှောင်းကျန့်ဟာ တအားကို စိတ်တိုနေတယ်။ တစ်ဖက်ကုမ္ပဏီရဲ့ projectက သူ့projectရဲ့ဒီဇိုင်းနှင့် မသိမသာဆင်တူနေပြီး အရင်ဦးဆုံးထုတ်ပြလိုက်တယ်။ လုံးဝ copyထားတာ ဒီအိုင်ဒီယာက ဘယ်သူမှတွေးနိူင်မှာမဟုတ်ဘူး။ ဒါပေမယ့် သူခိုးက သိသာမှာစိုးလို့ တချို့အရာတွေပြင်ဆင်ပြီး ပုံစံအသစ်ပြောင်းထားတယ်။
Advertisement
သန်းချီပြီးမြတ်မယ့် project ထက် သူသုံးလလောက်အားစိုက်ထားရတာကြောင့် ခုလိုဖြစ်သွားတဲ့အခါ တအားကိုစိတ်တိုပြီး ပင်ပန်းနေတယ်။
အားကွေ့ဟာ ရှောင်းကျန့်ရဲ့လက်ကလေးကို ခပ်ဖွဖွဆုပ်ကိုင်ပြီး အားပေးတယ်။
"အဆင်ပြေသွားမှာပါ ပါပါးရယ်... ဒီလိုနယ်ပယ်ထဲမှာ Ideaတူတာမျိုးက ရှိတက်ပါတယ်။ စိတ်လျှော့နော်"
ရှောင်းကျန့်ကသာ တအားတွေစိတ်တိုနေတာ။ ဖက်ရှင်လောကမှာ ဒီလိုအိုင်ဒီယာတူတာတွေက ခဏခဏ ဖြစ်လေ့ဖြစ်ထရှိတယ်။ ဒါပေမယ့် ရှောင်းကျန့်က စိတ်ကြီးတယ်။ သူလုပ်မယ့်ဟာကို သူများက ဦးသွားရင် ဘယ်လောက်ရှုံးရှုံး အသစ်ပြောင်းပစ်တယ်။ရှောင်းကျန့်ဟာ စိတ်တိုတိုနှင့် ချက်ချင်းပဲ Parisက သူ့လက်ထောက်တွေကို ဖုန်းဆက်လို့ projectအသစ်ပြန်ရေးဆွဲဖို့ design teamကို ညွှန်ကြားခိုင်းတယ်။
အားကွေ့ဟာ အသားတွေတဆတ်ဆတ်တုန်တဲ့အထိ စိတ်တိုနေတဲ့ ပါပါးကိုကြည့်ပြီး သက်ပြင်းအသာချတယ်။ ပါပါးစိတ်တိုနေရင် ကလေးလေးလိုပဲ။ ပါပါးစိတ်ပြေမယ့်နည်းလမ်းက တစ်ခုတည်းပဲ။ stressတွေကို လျှော့ချပေးနိုင်မယ့် cake ချိုချိုလေးစားတာပါပဲ။
အားကွေ့ဟာ အလိုက်သိစွာပဲ အစားအေသာက်မှာတဲ့ appကနေ စားလို့ကောင်းမယ့်ကိတ်မုန့်ချိူချိုလေးကို မှာတယ်။ ရောက်လာတာနှငိ့ စိတ်တိုပြီး Parisကသူ့အောက်လက်ငယ်သားတွေကို ဖုန်းတွေတဂွမ်ဂွမ်ဆက်၊ ညွှန်ကြားနေတဲ့ ပါပါးရဲ့အရှေ့မှာ ကိတ်မုန့်ချိုချိုလေး ချထားပေးလိုက်တယ်။ ပါပါးက သူမှာစရာရှိတာတွေမှာပြီးတာနှင့် ကိတ်မုန့်ချိုချိုလေးကိုစားပြီး သူ့ stressတွေကို ချေဖျက်တယ်။
ပြီးရင် ပါပါးက ပြောလိမ့်မယ်။
"ငါ့သမီးလေးက အကောင်းဆုံးပဲ"
~~~~~~~~~~~~~~~~~~~~~
"ဒါလေးက Gucciရဲ့ Flora Gorgeous Gardenia လို့ခေါ်တဲ့ ရေမွှေးလေးပါ။ ဆယ်ကျော်သက်မိန်းကလေးတွေအတွက် အထူးထုတ်ထားမို့ ရနံ့လေးက သင်းသင်းလေးနှင့် နုငယ်ပျိုမျစ်မှုကို ဖော်ဆောင်ပေးပါတယ်။
ပြီးတော့ ဆယ်ကျော်သက်တွေကြားမှာ အခု ခေတ်စားနေတာပါ"
ရေမွှေးကောင်တာက အရောင်းစာရင်းမလေးက ရှောင်းကျန့်ကို ဆယ်ကျော်သက်တွေသုံးတဲ့ ရေမွှေးအကြောင်းတွေ ရှင်းပြနေတယ်။ ရေမွှေးနံ့ချေးများတဲ့ အားကွေ့အတွက် သူကိုယ်တိုင် သေချာလိုက်ရွေးပေးနေတာဖြစ်တယ်။
အားကွေ့ဆိုတာလေ ချေးသာများတက်တာ၊ သူကိုယ်တိုင်ဘယ်တော့မှ ရွေးမဝယ်တက်။ သူ့အသုံးအဆောင်မှန်သမျှ ဒီအဖေဝယ်ပေးတာချည်းပဲ။
ရှောင်းကျန့်ဟာ အနံ့တွေလိုက်စမ်းနေရင်း Diorရဲ့ Eau de Toilette အနံ့လေးကို စမ်းကြည့်ဖို့ ပြင်လိုက်တယ်။ တိုက်ဆိုင်စွာပါပဲ၊ထိုရေမွှေး sample ဘူးလေးကို တစ်စုံတစ်ယောက်ကလည်း လာကိုင်တယ်။
"အယ်..."
"ဟိုတစ်နေ့က ကျောင်းမှာတိုက်မိတဲ့ ဦးဦးမလား"
"ဟုတ်တယ်.. အဲ့ဒီသမီးလေးပဲ"
ဟိုတစ်နေ့က အားကွေ့တို့ကျောင်းမှာ သူနှင့်မတော်တဆဝင်တိုက်မိတဲ့ ကျောင်းသူေလးဖြစ်တယ်။ ကျောင်းပိတ်ရက်မို့ ကျောင်းသူလေးက shopping ထွက်လာပုံရတယ်။ ပန်းရောင်ဂါဝန်အတိုလေးနှင့် သိပ်ကို ချစ်ဖို့ကောင်းနေတယ်။ ထိုဂါဝန်လေးကို သူသိပ်မှတ်မိတာပေါ့၊ သူ့ရဲ့ဖန်တီးမှုတစ်ခူဖြစ်တဲ့ Sean Fashionက ဆယ်ကျော်သက်တွေအတွက် ပေါ့ပေါ့ပါးပါး outfitတစ်မျိုးဖြစ်တယ်။ သူ့ရဲ့ဖန်တီးမှုလေးက သူ့သမီးအားကွေ့အတွက် ရည်ရွယ်ခဲ့ပေမယ့် ဒီကျောင်းသူလေးနှင့် တိုင်းချုပ်ထားလားအောက်မေ့ရတဲ့အထိ အတော်ကိုလိုက်ဖက်နေတယ်။
"သမီးက shopping ထွက်လာတာလား"
"ဟုတ် shopping ထွက်လာတာ၊ ရေမွှေးကုန်နေလို့လေ။ ဦးဦး အရင်ကြည့်ပါ..."
ထိုကျောင်းသူလေးက ဖော်ဖော်ရွေရွေဆိုလာတော့ ရှောင်းကျန့်ကပြုံးရင်း sampleဘူးလေးကို ကျောင်းသူလေးလက်ထဲ ထည့်ပေး၏။
"သမီးအရင်ကြည့်ပါ၊ ဦးလည်း ဦးရဲ့သမီးအတွက် လာဝယ်တာလေ"
"အော်... ဟုတ် ဒီအနံ့လေးက တော်တော်ကောင်းတာပဲ။ သမီးက ပုံမှန်ဆို Gucci သုံးနေကျ အခုပြောင်းသုံးကြည့်မလားလို့"
"သမီးလည်း Gucci Crazyထင်တယ်"
"ဟုတ်တယ် သမီးအရင်သုံးတာ ဒါလေ"
ကျောင်းသူလေးက သူအရင်သုံးတဲ့ ရေမွှေးကိုပြတော့ ရှောင်းကျန့်က အံ့ဩစွာနှင့် ပြုံးမိသွားတယ်။
"သမီးရော အဲ့ဒါသုံးတာလား။ ဦးလည်း အဲ့ဒါသုံးတာလေ... သူက unisex perfumeဆိုတော့ အနံ့လည်းသိပ်မပြင်းလို မိန်းကလေးသုံးလို ချိုအီမနေဘူး"
"ဟုတ်တယ် သမီးက အဲ့ဒါကို သ်ပ်သဘောကျတာ။ အနံ့က နှစ်မျိုး mix ဖြစ်နေတာလေးသဘောကျတာရယ်။ ပြီးတော့လေ..."
shoppingထွက်ဖို့ အားကွေ့ကို ခေါ်ပေမယ့် အားကွေ့က ဒီနေ့ English Clubရှိတာမို့ မလိုက်တော့ဘူးဆိုတဲ့အတွက် သူတစ်ယောက်တည်း shoppingထွက်ခဲ့ရတယ်။
ဒီကျောင်းသူလေးလိုသာဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ၊ သူနှင့်အကြိုက်တူတဲ့အပြင် သူ့အတွက်ရော အားကွေ့အတွက်ပါ ကူရွေးပေးနေသေးတယ်။
မသိရင် သူတို့နှစ်ယောက်က အကြိုက်တူချက်ကတော့ တကယ့်သားအဖတွေအတိုင်းပဲ။ သူတို့နှစ်ယောက်က ခဏလေးအတွင်းမှာ မြန်မြန်ဆန်ဆန်ခင်မိသွားကြတယ်။
အဲ့ဒီကျောင်းသူလေးကလည်း သူ့အဖေမလာသေးလို့စောင့်နေရင်း တစ်ယောက်တည်း shoppingထွက်တာဖြစ်လို့ သူတို့နှစ်ယောက် အဖော်ရသွားကြတယ်။ ရေမွှေးဝယ်ပြီးတာနှင့် mallထဲက milktea ဆိုင်မှာ သူက အဲ့ဒီကျောင်းသူလေးကို ကိတ်မုန့်နှင့် milktea ဧည့်ခံလိုက်သေးတယ်။
"သမီးတို့က အတော်အကြိုက်ချင်းတူတယ်နော်... သမီးက ကိတ်အချိုတွေစားရတာ တကယ်သဘောကျတာ။
သမီးနာမည်က ဝမ်ဟွေ့ဟွေ့ပါ၊ အမှတ် ၁၈၊ အလယ်တန်းနောက်ဆုံးနှစ် "
" ဦးရဲ့နာမည်က ရှောင်းကျန့်ပါ၊ Sean Fashionရဲ့ CEOand Designerပါ။ ရော့... ဒါက Sean Fashionမှာ shoppingထွက်ရင် ဝယ်သမျှitemတွေမှန်သမျှကို 50%လျှော့ပေးတယ်လေ"
ရှောင်းကျန့်က သူ့ကိုယ်သူမိတ်ဆက်ပေးရင်း သူ့brand discount cardကို အားဟွေ့ထံ ပေး၏။ အားဟွေ့ဟာ အံ့ဩစွာနှင့်ပင် ထိုကဒ်ကိုယူရင်း တိုက်ဆိုင်လွန်းတဲ့ကံကို အတွေးလွနိနေမိတယ်။
စိတ်ထဲမှာလည်း ရှောင်းကွေ့အပေါ် မနာလိုစိတ်နဲနဲလေးဝင်လာမိတယ်။
ရှောင်းကွေ့ရဲ့အဖေက သိပ်ချောလွန်းတယ်။ ဝတ်ပုံစားပုံကလည်း ဒီဇိုင်းနာလို့မပြောရဘူး၊ အရမ်းကို ဖက်ရှင်ကျပြီး မြင်သူတိုင်း လည်ပြန်ငေးတဲ့အထိ ချောလွန်းတယ်။ စကားပြောတာကလည်း သိမ်မွေ့နူးညံ့ပြီး အပြုံးလေးတွေက လှလွန်းတယ်လို့ တွေးမိတယ်။ ပြီးတော့ အဲ့ဒီဦးဦးက ချောတာခန့်တာဆိုတာထက် ချစ်ဖို့ကောင်းတယ်။ ရှောင်းကွေ့က သူ့အဖေနှင့် လုံးဝမတူဘူးပဲ။
"ဒါဆို.. ဦးက ကျောင်းသူသစ် ရှောင်းကွေ့ရဲ့ အဖေပေါ့"
"ဟုတ်တယ် သမီးတို့ သိကြတာလား။"
"ဟုတ်၊ သမီးတို့ ခဏစကားပြောဖူးပါတယ်။ အခန်းတော့ မတူဘူးလေ သမီးက အခန်း ၃က"
"ဦးရဲ့သမီးက အရမ်းအနေအေးလို့လေ ချေတဲ့ပုံစံဖြစ်နေတက်တယ်၊ တကယ်တော့ သူက အဖော်သိပ်မက်တာ။ social လည်းမကောင်းတော့ အပေါင်းအသင်းနည်းရှာတယ်။
သမီးက သူလိုအပ်ရင် ကူညီပေးပါဦးနော်"
"ဟုတ်ကဲ့ပါ ဦး၊ အခု သမီးဝတ်ထားတာ Sean လေ"
အားဟွေ့က သူ့အင်္ကျီလေးကို ပုတ်ပြတယ်။ ရှောင်းကျန့်က ခေါင်းညိတ်ရင်း သူ့ရဲ့ဖန်တီးမှုနှင့် အားဟွေ့ သိပ်လိုက်ဖက်ကြောင်း ချီးကျူးတယ်။ ချက်ချင်းပဲ ရှောင်းကျန့်ရဲ့အတွေးထဲမှာ မီးသီးလေးတစ်လုံး ဖြတ်ခနဲလင်းလာတယ်။
"သမီးလေး... Model လုပ်ချင်လား"
"ဟင်... ဘယ်လိုမျိုးလဲ"
"ဒီတစ်ခါ ဦးလုပ်မယ့် projectက Spring Collection 2022 for All sex လေ...
Teengerတွေအတွက်လည်းပါတယ်၊
သမီးနှင့် ဦးရဲ့ဖန်တီးမှုတွေက သ်ပ်လိုက်ဖက်တယ်၊ ဦးရဲ့ဖန်တီးမှုတွေပြီးတဲ့အခါ သမီးကို ဝတ်ပေးပြီး ကြော်ငြာချင်တယ်"
အားဟွေ့ တကယ်အံ့ဩဝမ်းသာသွားရတယ်။ Sean Fashion ဆိုတာ Localရော International မှာ အောင်မြင်နေတဲ့ Luxury brandတစ်ခုဖြစ်တယ်။ ဒီလို brand မျိုးမှာ သူ model လုပ်ရရင် Street Dance လောကမှာ နာမည်ပိုကြီးလာနိုင်တယ်။
"သမီးရဲ့ ဒယ်ဒီကို ပြန်မေးပါဦးမယ်၊ သမီးရဲ့ဒယ်ဒီသာ ခွင့်ပြုရင် သမီးလုပ်ပါမယ်"
"ကောင်းပြီ သမီးလေး"
သူတို့နှစ်ယောက် အချိန်တိုလေးအတွင်းမှာ မြန်မြန်ဆန်ဆန်ခင်မင်သွားကြပြီး ဖုန်းနံပါတ်တွေလဲခဲ့လိုက်ကြတယ်။ ခဏနေတော့ အားဟွေ့ရဲ့ဒယ်ဒီကရောက်ကြောင်းဖုန်းဆက်လာတော့ အားဟွေ့က သွားဖို့ပြင်တယ်။
"သမီးသွားတော့မယ်နော် ဒယ်ဒီလာခေါ်နေပြီ၊ တာ့တာ...."
"တာ့တာ...."
အားဟွေ့ဟာ ရှောင်းကျန့်ကို ပြုံးပြနှုတ်ဆက်ပြီး ဆိုင်ထဲကထွက်သွားတယ်။ အားဟွေ့ရဲ့ဒယ်ဒီဆိုသူက ဆိုင်အပြင်မှာ ရပ်စောင့်နေတော့ ရှောင်းကျန့် သေချာမမြင်ရဘူး။ အားဟွေ့ရဲ့ ဒယ်ဒီဆိုသူက အရပ်အတော်ရှည်ပြီး ခန္ဓာကိုယ်တောင့်တင်းတာကိုတော့ အဝေးကနေမြင်လိုက်ရတယ်။ အားဟွေ့ဟာ သူ့အဖေရဲ့လက်မောင်းကိုတွဲလို့ ရှောင်းကျန့်ရဲ့မျက်စိရှေ့ကနေ ထွက်သွားတယ်။
ရှောင်းကျန့် တွေးမိတယ်။ သူ့သမီးအားကွေ့လည်း သူနှင့်အတူတူ shopping ထွက်ပေးရင် သိပ်ကောင်းမှာပဲလို့....
~~~~~~~~~~~~~~~~~~~~
"နည်းပြဝမ်.. ကျွန်တော်တို့ရဲ့ setting က နည်းနည်းအရောင်မှိုင်းနေသလိုပဲ၊ ဘာအရောင်ဆိုပိုလိုက်မလဲ"
Directorက studio settingကို ပြောင်းဖို့ ဝမ်ရိပေါ်နှင့် လာတိုင်ပင်တယ်။ ဒီရက်ပိုင်းမှာ ဝမ်ရိပေါ်တို့ studio မှာ သင်တန်းသားအသစ်တွေတိုးလာပြီး entertainment တွေက ပွဲဦးထွက်မယ့် သူသင်တန်းသားတွေကို youtubeမှာတင်ပြီး အစမ်းသဘောကြေငြာပေးဖို့ ပြင်ဆင်ပေးနေရတဲ့အတွက် အလုပ်ရှုပ်တဲ့ကာလဖြစ်တယ်။ ဒါက Entertainment လောကရဲ့ သဘာဝပဲ။
ပွဲဦးမထွက်ခင် သင်တန်းသားတွေဟာ အဆို သို့မဟုတ် အကနှင့် youtube မှာ predebutလုပ်ရတယ်။ သူနည်းပြလုပ်ဖို့ စာချုပ်ချုပ်ဆိုထားတဲ့ entertainmentတွေဆိုရင် အမြဲအကပိုင်းကို ဦးစားပေးလေ့ရှိတယ်။ အခုလည်း debutလုပ်တော့မယ့် အဖွဲ့တစ်ဖွဲ့ကို hip hop remixတစ်ပုဒ်နှင့် youtubeမှာ စတင်ပေးမယ်။ Debutမဟုတ်တာတောင် သူတို့မှာ အတော်အလုပ်ရှုပ်နေရပြီ။
ရိုက်ကူးမှုပြီးတာနှင့် သူတို့ခဏနားလိုက်ကြတယ်။ ဝမ်ရိပေါ်လည်း ခံတွင်းချဉ်လာတာမို့ စီးကရက်ခဲဖို့ အပေါ်ဆုံးထပ်ကို တက်လာခဲ့လိုက်တယ်။ ဒီ အထပ်တစ်ရာရှိတဲ့ XPalace Hotel ရဲ့ ခေါင်မိုးထပ်ကနေကြည့်ရင် ချုံချင်းမြို့တစ်မြို့လုံးရဲ့အလှကို တွေ့မြင်နိုင်တယ်။ ခေါင်မိုးထပ်မှာ ဘယ်သူမှမရှိ၊ လူသံတိတ်ဆိတ်ပြီး လေတတဝူးဝူးတိုက်သံသာ ကြားရ၏။
ဝမ်ရိပေါ်ဟာ သူ့ဘောင်းဘီအိတ်ကပ်ထဲကနေ သူသောက်နေကျ Net Shermans စီးကရက်ကိုထုတ်လို့ တရှိုက်မတ်မတ်ဖွာလိုက်တယ်။
" Let's take our time tonight, girl
Above us all the stars are watchin'
There's no place I'd rather be in this world
Your eyes are where I'm lost in...."
Bruno Marsရဲ့ Versace On the Floorသီချင်းသံငြိမ့်ငြိမ့်လေးက သူ့နားထဲဝင်လာတယ်။ စီးကရက်ကို ပါးစပ်မှာခဲလို့ သီချင်းသံရှိရာနေရာကို လာခဲ့တယ်။
" Underneath the chandelier
We're dancin' all alone..."
ဆယ်ကျော်သက်အရွယ် မိန်းကလေးငယ်လေးတစ်ယောက်။ သူ့ကိုကျောပေးလို့တစ်ဖက်ကိုလှည့်ပြီး ကနေတယ်။ နူးညံ့တဲ့ တေးဂီတသံနှင့်အတူ ကနေတဲ့ကဟန်ကလည်း နွဲ့နွဲ့နှောင်းနှောင်းလေး။
" There's no reason to hide
What we're feelin' inside
Right now...."
ဝမ်ရိပေါ်လို ဝရင့်အကသမားကြီးတောင် ထိုမိန်းကလေးရဲ့ နူးညံ့တဲ့ ကဟန်ကကွက်ထဲမှာ မျောသွားရတယ်။ သီချင်းက ယောကျာ်းလေးဆိုထားတဲ့ သီချင်းဖြစ်ပေမယ့် မိန်းကလေးတစ်ယောက်ဟာ ယောကျာ်းလေးတစ်ယောက်ရဲ့ခံစားချက်ကို သိမ်မွေ့နူးညံ့စွာနှင့် ပုံဖော်နိုင်စွမ်းရှိတယ်။
သီချင်းသံစဉ်ရော ကဟန်ရောက နူးညံ့သိမ်မွေ့နေပေမယ့် ကကွက်တွေမှာ သန်မာတဲ့စွမ်းအားတစ်ခုကို တွေ့နေရတယ်။ ဒါဟာ ပြောင်မြောက်လှတဲ့ အနုပညာအခြေခံတစ်ရပ်ပဲဖြစ်တယ်။
"So baby let's just turn down the lights
And close the door
Oooh I love that dress
But you won't need it anymore
No you won't need it no more
Let's just kiss 'til we're naked, baby
Versace on the floor
Oooh take it off for me, for me, for me, for me now, girl
Versace on the floor
Oooh take it off for me, for me, for me, for me now, girl"
သီချင်းပြီးဆုံးတဲ့အထိ သူရပ်ပြီး ငေးမောကြည့်နေမိတယ်။ Net Sherman ရဲ့ luxuryဆန်ဆန်စီးကရက်အရသာကိုခံယူရင်း ပြောင်မြောက်လှတဲ့အနုပညာတစ်ရပ်ကို ကြည့်နေရတာဟာ သိပ်ကိုကောင်းတဲ့ခံစားမှုတစ်ခုဖြစ်တယ်။
"ဟေ့လူ.... ခင်ဗျားမှာ ethicမရှိဘူးလား"
အေးစက်တည်ငြိမ်နေတဲ့ မျက်ဝန်းတစ်စုံက သူ့ကိုပြဿနာရှာတယ်။ အရွယ်ကြည့်တော့ သူ့သမီးအရွယ်လောက်ပဲရှိသေးတဲ့ ကလေးမလေးက သူ့လိုသူစိမ်းလူကြီးကို နည်းနည်းမှကြောက်နေပုံမရဘူး။ ကလေးမလေးက အေးအေးဆေးဆေးပဲ၊ သူ့ကျောပိုးအိတ်ဇစ်ကိုပိတ်ပြီး သူ့ကျောပိုးအိတ်ကို လွယ်တယ်။ သူ့ကို အေးစက်စက်မျက်ဝန်းတွေနှင့် ကြည့်တယ်။
ဝမ်ရိပေါ် ပြုံးမိသွားတယ်။ ဒီကလေးမလေးကိုကြည့်ရတာ သူ့ငယ်ဘဝကို မြင်နေရသလိုပဲ။
Advertisement
- In Serial72 Chapters
What's Your Diagnosis, Doc?
Gabriel Morelli is an elementary school teacher. He's the favourite teacher because of his fun lessons and his very laid back attitude. But he's also very selfless, taking time out of his day and using his own money to set up after-school programs for his students. He's always trying to help out as many people who need it. And of course, in the face of trouble, he doesn't mind jumping in to be the hero. That's exactly what he does one day after a terrible accident on the road, rushing to the rescue of a woman trapped in her car. This leaves him with a large gash in his arm in need of some stitches. Doctor Ava Dara is a young resident who just began working at a hospital in Vancouver. All the staff are called to the emergency room after a large number of patients began rolling in due to an accident. She gets stuck with a young man in need for stitches on his arm. She is not at all experienced with working in the emergency room. It still makes her nervous. So her attending gives her a simple task, stitches.Can simple stitches end up weaving together two very different hearts? One of them gone cold from a bad past and the other bright and innocent as ever? Can just one small connection in the emergency room really lead to a lifelong romance? Would a school teacher and a doctor really make a good match?
8 146 - In Serial38 Chapters
The Love Game
Ravina Dobs is bold, artistic, and somewhat terrifying. Theo Kim on the other-hand is popular, wealthy, and confusing... What do these two high school seniors have in common? Nothing. Except The Love Game.
8 292 - In Serial34 Chapters
The Billionaire Wants Me
Si Chavelle Quintessa Araneza ay isa lamang hamak na waitress sa isang restaurant. She came from a broken family. Ang ina niya lamang ang meron siya ngunit may sakit ito.She had a normal life when one night changed it all. The famous Aristaeus Ryker Valdero, a billionare, summoned her in the VIP room of the restaurant she was working.She thought it was just about the service but she didn't expect what the bachelor billionare told her.Ibibigay niya ba ang sarili niya para sa marangyang buhay ng kanilang mag ina? O aayawan niya ito? But what if she finds him...... attractive? What would happen?
8 120 - In Serial8 Chapters
Why Don't You..? (LeoXRaph) (CANCELLED)
Currently cancelled! Will not continue until further notice. Sorry...
8 212 - In Serial12 Chapters
Meant To Be Luna
She's been rejected.She's been beaten.She's been used.She's been made for a position of power.***When Kristin Knight is rejected and sold at the hands of her mate, she spends two years in captivity, beaten and used. She keeps up with the time through a sky light window, watching the sun rise and fall, marking each new day without a rescue from the man that put her there.So, when given a fleeting moment to escape, she takes it and runs with the sole purpose of not being caught. Only to end up in Black River territory, the fastest growing pack in the nation, found bloody and freezing to death at the hands of Alpha Grayson Black's guards. And the last thing she expects to find is that unmistakable pull of the mate bond to an entirely new Alpha - one stronger than she's ever encountered before.
8 292 - In Serial200 Chapters
...
8 177

