《Accidental Blessing[ Completed ]》4
Advertisement
Uni
4
"အား........ လူယုတ်မာ ဝမ်ရိပေါ်"
မနေ့ညက ဘာတွေဘယ်လိုဆက်ဖြစ်တယ်ဆိုတာ ရှောငိးကျန့် မမှတ်မိတော့ဘူး။ အခု သူအိပ်ရာနိုးလာတဲ့အခါ သူမသိတဲ့အခန်းတစ်ခုထဲမှာ ရောက်နေပြီး ဇိမ်ခံအိပ်ရာပေါ်ကနေ သူနိုးလာခဲ့တယ်။
ပိုဆိုးတာက သူ့အနားမှာ ဝမ်ရိပေါ်က အိပ်နေပြီး သူ့ရဲ့အဝတ်အစားတွေဟာလည်း လဲလှယ်ခြင်းခံထားရတယ်။
ရှောင်းကျန့်ဟာ စိတ်လှုပ်ရှားလွန်းလို့ အောက်နှုတ်ခမ်းလေးကိုဖိကိုက်မိတယ်။
စိတ်လှုပ်ရှားစွာနှင့်ပင် သူဘာမှမစဉ်းစားနိုင်တော့ဘဲ သူ့ဘက်ကိုမျက်နှာမူအိပ်နေတဲ့ ဝမ်ရိပေါ်ကို ကုတင်ပေါ်ကနေ တွန်းချပစ်တယ်။
"အား.... လူယုတ်မာ ဝမ်ရိပေါ်"
ရှောင်းကျန့်ဟာ သူဝတ်ဆင်ထားတဲ့ Bathrobeကို သပ်ရပ်နေအောင်ပြုပြင်ပြီး ကုတင်ပေါ်ကနေ အမြန်ဆငိးတယ်။ ဝမ်ရိပေါ်ဟာ ရုတ်တရက်အတွန်းချခံလိုက်ရတာမို့ မျက်သွားတဲ့ခါးကိုဖိရင်း ကုတင်အောက်ကနေ ရှောင်းကျန့်ကို အိပ်ချင်မူးတူးပုံစံနှင့် ကြည့်တယ်။
"ဘာတွေလာအော်နေတာလဲ ရှောင်းကျန့်... မင်းရူးနေလား"
"မင်းယုတ်မာတာလေ... မင်းငါ့ကို ဘာလုပ်ခဲ့တာလဲ။ မင်း လူယုတ်မာ ငါကလူလွတ်မဟုတ်ဘူးနော် မင်းကို တရားစွဲပစ်မယ် နှာဘူးကောင်...."
ရှောင်းကျန့်က ရှက်ရွံ့စွာနှင့် ထင်ရာတွေအော်ဟစ်နေတော့ ဝမ်ရိပေါ်က မြန်မြန်မတ်တပ်ရပ်ပြီး သက်ပြင်းချတယ်။
"အရက်မူးသမားရဲ့ မနေ့က မင်းဘယ်လိုတောင်မူးနေတာလဲဆိုတာ မမှတ်မိတာလား.. ငါသာ မင်းကို ဒီကိုမခေါ်လာခဲ့ရင် မင်း သူစိမ်းတစ်ယောက်ရဲ့ မုဒိမ်းအကျင့်ခံနေရပြီ....
အေး ပြီးတော့ ငါမင်းလို ကလေးအဖေတစ်ယောက်ကို ဘာမှမလုပ်ဘူး..
မင်းကိုယ်မင်း စောက်ထင်ကြီးမနေနဲ့။
ငါက မင်းလိုအသက်ကြီးနေတဲ့ဟာတွေ နိုးပဲနော်... နုထွတ်နေမှ အား...."
ဝမ်ရိပေါ်က ဆတ်ဆတ်ထိမခံပြန်ပြောတော့ ရှောင်းကျန့်ဟာ ရှက်ရှက်နှင့် ဝမ်ရိပေါ်ကို ခေါင်းအုံးနှင့် ပစ်ပေါက်ကာ ရေချိုးခန်းထဲလှစ်ခနဲပြေးဝင်တော့တယ်။
ရေချိုးခန်းထဲရောက်မှ ရှောင်းကျန့်ဟာ မနေ့ညက မမ်မိုရီတွေကို တစ်စစီဆွဲထုတ်ခေါ်နေရတယ်။ အကုန်လုံးကို ပြန်မှတ်မိသွားတဲ့အခါ စောက်မှတ်မရှိတဲ့ သူ့အကြောင်းကို တွေးမိတာကြောင့် သူ့ခေါင်းသူပြန်ထုလို့ နောင်တတွေရနေမိတော့တယ်။
"ငါတို့ ဒီမှာဖြစ်တဲ့အကြောင်းတွေ ဘယ်သူမှကို ပြန်မပြောပါနဲ့"
ရှောင်းကျန့်ဟာ ဝမ်ရိပေါ်ကို စိုးထိတ်စွာ ပြောလာခဲ့တယ်။သူတို့နှစ်ယောက်လုံးဟာ ပေကျင်းက သူတို့လုပ်ဖော်ကိုင်ဖက်Idolရဲ့မွေးနေ့ပွဲကို လာတက်ကြရင်း ဒီလိုမဟုတ်မဟတ်ကိစ္စတွေက အဆင်မသင့်စွာ ဖြစ်လာခဲ့တယ်။
"အင်း..."
ဝမ်ရိပေါ်က တိတ်ဆိတ်နေတယ်။ အခု ဝမ်ရိပေါ်က ရှောင်းကျန့်ကို အရင်သူတည်းခိုတဲ့ဟိုတယ်ကို ကားမောင်းပြီး ပြန်ပို့ပေးနေတာဖြစ်တယ်။ ကားထဲမှာ နှစ်ဦးသားတိတ်ဆိတ်လို့ ဘာစကားမျှမပြောကြ။
ရှောင်းကျန့်ဟာ မနေ့ညကကိစ္စကိုပြန်တွေးရင် ခေါင်းကိုက်ရတာမို့ သူရှောင်နေတာဖြစ်တယ်။
ဟိုတယ်ဆင်ဝင်အရှေ့ရောက်တဲ့အခါ ဝမ်ရိပေါ်က ကားကိုဖြေးညင်းစွာ ရပ်လိုပ်တယ်။ ရှောင်းကျန့်ဟာ ခါးပတ်ကြိုးကိုမြန်မြန်ဆန်ဆန်ဖြုတ်လို့ ကားတံခါးဖွင့်လို့ ထွက်တယ်။ ရုတ်တရက် သူ့လက်ဖဝါးဟာ ခပ်ကြီးကြီးလက်ဖဝါးတစ်ခုရဲ့ ဆုပ်ကိုင်ခြင်းကို ခံလိုက်ရတယ်။
ရှောင်းကျန့်ရင်ထဲသိမ့်ခနဲဖြစ်သွားပြီး သူ့ရဲ့တုံ့ပြန်နိုင်စွမ်းတွေဟာ ဒီလက်ဖဝါးနွေးနွေးကြီးအောက်မှာ ကျဆုံးသွားတယ်။
"မင်း ဘယ်သူနဲ့ လက်ထပ်ခဲ့တာလဲ"
ဝမ်ရိပေါ်ဟာ တည်ငြိမ်နေဆဲ မျက်ဝန်းတွေနှင့် ရှောင်းကျန့်ကို မော့ကြည့်လာခဲ့တယ်။ ရှောင်းကျန့်ဟာ အောက်နှုတ်ခမ်းကို အသာဖိကိုက်တယ်။ စိတ်လှုပ်ရှားစွာနှင့်ဝမ်ရိပေါ်ကို ဘယ်လိုအဖြေပေးရမလဲဆိုတာ စဉ်းစားနေခဲ့တယ်။
"သိပ်လှတဲ့ အမျိုးသမီးလေးနဲ့ပေါ့...
မင်းရော ဘယ်သူနဲ့ လက်ထပ်ခဲ့တာလဲ"
ရှောင်းကျန့်ဟာ ဝမ်ရိပေါ်ကို တုန်ယီနေတဲ့အသံလေးနှင့် ပြန်မေးလာခဲ့တယ်။ ဝမ်ရိပေါ်ဟာ ရှောင်းကျန့်ရဲ့လက်ကို လွှတ်ချလိုက်တယ်။ ပြီးတော့ အေးစက်စွာနှင့် ပြန်ဖြေလာခဲ့တယ်။
"ငါ့ကိုယုံကြည်အားကိုးတဲ့ မိန်းကလေးနဲ့ လက်ထပ်ခဲ့တာ..."
သူတို့နှစ်ယောက်ကြားက လေထုဟာ ရုတ်ချည်းအေးစက်လာတယ်။ ဝမ်ရိပေါ်ဟာ နှုတ်ဆက်စကားမဆိုတော့ဘဲ ဆင်ဝင်အရှေ့ကနေ ကားကို အမြန်ဆုံးမောင်းထွက်သွားခဲ့တယ်။ ရှောင်းကျန့်ဟာ ထိုနေရာမှာပဲ အေးစက်ငြိမ်သက်လျက် ကျန်ရှိနေခဲ့တယ်။
မနေ့ညက သူတို့နှစ်ယောက် Hotelမှာ ဘေးချင်းကပ်အိပ်ခဲ့တယ်ဆိုတာ မယုံကြည်နိုင်လောက်အောင် သူတို့နှစ်ဦးကြားမှာ အေးစက်ပြတ်သားနေခဲ့တယ်။
ဟုတ်ပါတယ်လေ... သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးက လွန်ခဲ့တဲ့ဆယ့်ငါးနှစ်ကတည်းက ပြီးဆုံးသွားခဲ့ပြီပဲ။ ဘာတွေ သူတောင့်တနေမိနေတာလဲ။
ဝမ်ရိပေါ်လိုလူက သူနှင့်ဝါသနာတူမိန်းကလေးမျိုးနှင့်ပဲ ထိုက်တန်ပါတယ်။
~~~~~~~~~~~~~~~~~~
ဝမ်ချင်ဟာ သူ့အရှေ့က ကလေးနှစ်ယောက်ကိုကြည့်လို့ နည်းနည်းလန့်နေမိတယ်။ မသိရင် သူက အပြစ်သားဖြစ်နေပြီး သူတို့နှစ်ဦးက အမှုစစ်တွေလိုပဲ သူ့ကို နှစ်ဦးသား ပြိုင်တူစိုက်ကြည့်နေကြတယ်။
ဝမ်ချင်ဟာ တုန်တုန်ယင်ယင်နှင့် နို့လက်ဖက်ရည်ကိုမော့သောက်လိုက်တယ်။
"သမီးတို့က ဘာသိချင်တာလဲ"
"အကုန်လုံးပဲ... ဒယ်ဒီနှင့် CEOရှောင်းက အရင်တုန်းက ရည်းစားဟောင်းတွေဆိုတာ သမီးတို့ သိပြီးသွားပြီ..
သူတို့ဘယ်လိုတွေ ဖြစ်ခဲ့သလဲဆိုတာ အန်တီချင်ချင်သိတယ်ဆိုတာ သမီးသိတယ်နော်"
"ဘာ ဘာတွေသိချင်တာလဲ"
အခုခေတ်ကလေးတွေကို ဝမ်ချင် လိုက်မမှီတော့။ ဆယ်ကျော်သက်အရွယ်ကလေးတွေက ဟိုးအရင်ပြီးခဲ့တဲ့နှစ်တွေကအကြောင်းတွေကို စူးစမ်းနေတယ်တဲ့။
"အန်တီချင်ချင်လည်း သိရက်သားနှင့်... ဒယ်ဒီက သမီးတစ်သက် နောက်အိမ်ထောင်မပြုခဲ့ဖူးဘူး။ ဒါ့အပြင် တွဲခဲ့တဲ့မိန်းကလေးတောင် မရှိဘူး...
ဟိုတစ်နေ့က CEOရှောင်းနှင့်တွေ့ပြီးပြန်လာတော့ အခန်းထဲမှာ တစ်ညလုံး အရက်တွေမူးနေနေတာ...
သူတ်ု့နှစ်ယောက်ကြား တစ်ခုခုထူးခြားမှုရှိတယ်ဆိုတာ ဟုတ်တယ်မလား"
"အင်း...."
အားကွေ့ကပါ အင်းတစ်လုံးနှင့်ထောက်ခံပြီး ဝမ်ချင်ကို မေးလာတဲ့အခါ ဝမ်ချင်က ခေါင်းတွေထကုတ်မိတဲ့အထိ စိတ်ရှုပ်လာမိတယ်။
"တကယ် ဖြေရမှာလား"
"အင်း...."
နှစ်ယောက်သားပြိုင်တူဖြေလို့ သူ့မျက်နှာအရှေ့တိုးလာတဲ့အခါ ဝမ်ချင်က တံတွေးကို ဂလုသံမြည်တဲ့အထိ မြိုချလိုက်မိတော့တယ်။
"ဟုတ်ပါပြီ... ငါ့အစ်ကိုဝမ်ရိပေါ်နှင့် ရှောင်းကျန့်က တကယ်ကို တွဲခဲ့ကြတာ။ သိပ်လည်း ချစ်ကြတယ်။
အင်း အစက စပြောရရင် ရှောင်းကျန့်က ပိုက်ဆံအတော်ချမ်းသာတဲ့အသိုင်းအဝိုင်းကဖြစ်ပြီး မာနလည်းတော်တော်ကြီးတယ်။ စိတ်ရင်းကောင်းပြီး ဖော်ရွေပေမယ့် သူ့ကိုစိတ်ဝင်စားနေသူမှန်သမျှ ငြင်းလွှတ်တာပဲ...
Advertisement
ဝမ်ရိပေါ်ကကျ hip hop danceကိုစိတ်ဝင်စားတဲ့သူပေါ့။ ငါ့အစ်ကိုဝမ်ရိပေါ်က စော်ကြည်ဘဲပဲ... သူကိုယ်တိုင်ကလည်း သူ့လာကြ်ုက်သမျှ ကောင်မလေးအချောလေးတွေနဲ့ အကုန်တွဲတယ်။ ပွေတယ်ပေါ့...
တစ်ရက် မာနကြီးတဲ့ရှောင်းကျန့်ကို အစ်ကိုတို့အဖွဲ့ထဲက တစ်ယောက်က သဘောကျပြီးလိုက်တယ်...
အဲ့ဒီတော့ ရှောင်းကျန့်က သူက လိင်တူမကြိုက်ဘူးဆိုပြီး ငြင်းလွှတ်တာ။
အဲ့ဒီမှာပဲ ငါ့အစ်ကိုက မာနကြီးတဲ့ဒီဘဲကို ရအောင်တွဲပြမယ်ဆိုပြီး အလောင်းအစားလုပ်ပြီး လိုက်တယ်...
ရှောင်းကျန့်ကလည်း အစ်ကိုရိပေါ်ကို တကယ်ကြိုက်သွားတာ အဲ့လိုနဲ့ သူတို့တွဲဖြစ်သွားတယ်။ နှစ်ယောက်သား တစ်နှစ်ေကျာ်လောက်တွဲလိုက်ကြတယ်...
ဘယ်လိုဖြစ်လဲမသိဘူး ရှောင်းကျန့်က သူ့ကို အလောင်းအစားလုပ်ပြီးလိုက်တာ သိသွားတယ်။
နှစ်ယောက်သား အကြီးအကျယ်ရန်ဖြစ်ခဲ့ကြတယ်...
အဲ့ဒါက ဘာပြဿနာမှမဟုတ်သေးပေမယ့် ငါ့အစ်က်ုကလည်း အတော်ဆိုးပါတယ်။ ဘယ်ကတည်းက မူးယစ်ဆေးတွေသုံးနေလဲမသိဘူး ဆေးစွဲလာတယ်...
ဆေးသုံးမိရင် အသိစိတ်ကလွတ်ပြီး သူ့လာကြူသမျှစော်တွေနဲ့ အီစကလီတွေလုပ်ပစ်၊ တွဲပစ်တာ...
အရင်တည်းကစိတ်နာနေပါတယ်ဆိုမှ ဒါကို ရှောင်းကျန့်ကသိတော့ ပိုစိတ်ဆိုးလာရော အစ်ကို့ကို ပြဿနာသွားရှာတော့ ထပ်ပြီး အကြီးအကျယ်ရန်တွေဖြစ်ကြတယ်။
ရှောင်းကျန့်ကလည်း စိတ်ကြီးတယ်။ ဝမ်ရိပေါ်ကိုမကျေနပ်လို့ ဆေးမှုနှင့် ရဲကိုဖမ်းခိုင်းလိုက်တာ အဲ့ဒါ ငါ့အစ်ကို ထောင်ကျသွားတယ်... ဒါတောင် ရှေ့နေကောင်းလို့ တစ်နှစ်ပဲကျတာ...
အဲ့ဒါပါပဲ ငါ့အစ်ကိုလည်း ထောင်ကထွက်လာတော့ ရှောင်းကျန့်က Parisမှာ ကျောင်းသွားတက်ပြီး ပျောက်သွားတယ်။ အခုကျမှ ပြန်လာတာ....
ငါလဲ အဲ့လောက်ထိပဲသိတာ။ ဒါတွေတောင် အဲ့အချိန်တုန်းက ငါကငယ်သေးတော့ အကုန်မသိဘူး"
ဝမ်ချင်သေချာ ဇာတ်ကြောင်းပြန်ပြီးတဲ့နောက် ကြည့်လိုက်တော့ အားဟွေ့နှင့် အားကွေ့ဟာ အသီးသီးလက်သီးလေးတွေဆုပ်လို့ တစ်ယောက်ကိုတစ်ယောက် စူးစိုက်စွာကြည့်နေကြတယ်။
"အစက ငါက ပါပါးခံစားနေရတော့ ပါပါးအတွက် အချစ်သစ်ထူထောင်ပေးချင်ခဲ့တာ တကယ်တော့ နင့်အဖေက ငါ့ပါပါးကို ခံစားရအောင်လုပ်ခဲ့တာပဲ..."
ရုတ်တရက်ကြီး စကားနည်းတဲ့အားကွေ့က အားဟွေ့ကို စိုက်ကြည့်လို့ စကားစလာတယ်။ အားကွေ့ရဲ့စကားက ရန်သူဆန်လွန်းပြီး ဒယ်ဒီရဲ့ခံစားချက်ကို ထည့်မတွက်ဘူးလို့ အားဟွေ့ခံစားရတယ်။
"နင်ဘာစကားပြောတာလဲ... ဒါက လူငယ်သဘာဝပဲလေ။ နင့်အဖေကိုပဲ ငါ့ဒယ်ဒီက တစ်သက်လုံးတွဲပေးနေရမှာလား။
ပြီးတော့ နင်တို့က ဘာနစ်နာနေလို့လဲ ငါ့ဒယ်ဒီထောင်ကျရတာ နင့်အဖေကြောင့်လေ...
နင့်အဖေက ရည်းစားမပီသလို့ ငါ့ဒယ်ဒီထောင်ကျရတာ"
"ဟ... နင့်အဖေ စောက်ဆေးစွဲနေတာလဲ ပြောဦးလေ။ ဘာလဲ နင့်အဖေကို မှန်တယ်ထင်နေတာလား... နင့်အဖေက ငါ့ပါပါးကို အလောင်းအစားလည်းလုပ်သေးတယ်၊ ကောင်မတွေနဲ့တွဲခုတ်ပြီး ဖောက်ပြန်သေးတယ်... နင့်အဖေက စောက်ကျင့်မကောင်းတဲ့ကောင်ပဲ"
အားကွေ့က စကားနည်းပြီး အေးဆေးတဲ့ကလေးနှင့်မတူတော့၊ ဆဲဆိုတက်တဲ့ ရန်ဖြစ်နေကျ ကလေးဆိုးလေးနှင့် တူလာ၏။
သူ့ဒယ်ဒီကို စော်ကားလာတာမို့ အားဟွေ့ဟာ သည်းညည်းမခံနိုင်တော့။ ဒေါသတွေ အင်မတန်ထွက်လာပြီး စိတ်တွေတအားတိုလာတယ်။
"နင် ငါ့ဒယ်ဒီကို မစော်ကားနဲ့။ ငါ့ဒယ်ဒီက လူငယ်သဘာဝမို့ မိုက်ရူးရဲဆန်ရင်တောင် နင့်အဖေက ယုတ်မာပက်စက်တာလေ... သူ့ကိုမကြိုက်တော့တိုင်း စောက်ကျင့်ယုတ်ပြီး မစားရတဲ့အမဲ သဲနဲ့ပက်တာ...
နင့်အဖေသာ စိတ်ရင်းမှန်ရင် ကိုယ့်ရည်းစားကို ထောင်ထဲမပို့ဘူးဟဲ့"
"နင့်အဖေကမှ လူရှုပ်လူပွေ အော်ဂလီဆန်ဖို့ကောင်းတာ"
"ငါ့ဒယ်ဒီကို လာမထိနဲ့လို့ပြောနေတယ်နော် အောင်မယ် နင့်အဖေက စောက်ကျင့်တစ်စက်မှမကောင်းတဲ့ဟာကြီး"
"နင် လူပါးမဝနဲ့"
"နင်သာ လူပါးမဝနဲ့ စောက်ကျင့်ယုတ်တဲ့ကောင်ရဲ့သမီးရဲ့"
"အား...."
ဘယ်ကနေ ဘယ်လိုစဖြစ်လဲဆိုတာ ဝမ်ချင် မခန့်မှန်းမိတော့။ သူတားဖို့ ပြင်ဆင်နေချိန်မှာပဲ အားဟွေ့နှင့် အားကွေ့ဟာ စကားအချေအတင်များလို့ တစ်ယောက်နှင့်တစ်ယောက် ရိုက်ထုပုတ်သတ်နေကြပြီ။ဝမ်ချင် ဝင်ဆွဲပေမယ့် ကလေးနှစ်ယောက်ဟာ တစ်ယောက်ဆံပင်တစ်ယောက် အားနှင့်ဆုပ်ဆွဲထားကြပြီး လုံးထွေးနေကြတယ်။ ဆိုင်ထဲက တခြားသူတွေဟာလည်း အံ့ဩလျက် ကလေးတွေဖြစ်တဲ့ရန်ပွဲကို ရပ်ကြည့်နေကြတယ်။
ဝမ်ချင် အားနှင့်ဝင်ဆွဲပေမယ့် မဆွဲနိုင် အနောက်ကိုလှန်ကျလို့ ပစ်လဲသွားရတယ်။ နောက်ဆုံး သူ သူ့အစ်ကိုကိုသာ ဖုန်းလှမ်းဆက်လို့ ခေါ်ရတယ်။
~~~~~~~~~~~~~~~~~~
ဝမ်ရိပေါ်ကို ဖုန်းလှမ်းဆက်ခေါ်ပေမယ့် တကယ်တမ်းရောက်လာတာက ရှောင်းကျန့်ဖြစ်တယ်။ ဝမ်ရိပေါ်က ပေကျင်းရောက်နေတာမို့ အမြန်ဆုံး flightနှင့်ပြန်လာဖို့ ပြင်၏။
ဘာမဟုတ်တဲ့ပြဿနာလေးဆိုပေမယ့် ဆိုင်ထဲကသူတွေတိုင်တန်းမှုကြောင့် ရဲစခန်းကို ရောက်သွားရတယ်။
ရှောင်းကျန့်ဟာ ရဲစခန်းထဲကို အမောတကောနှင့် ပြေးဝင်လာခဲ့တယ်။
ရောက်ရောက်ချင်း တွေ့လိုက်ရတဲ့ သမီးဖြစ်သူရဲ့ မျက်နှာက ဒဏ်ရာတွေကြောင့် သူဒေါသတွေ တအားထွက်လာရတယ်။ အားဟွေ့ကိုကြည့်လိုက်တော့လည်း ဒဏ်ရာတွေရှိတယ်ဆိုပေမယ့် အားကွေ့က ဒဏ်ရာတွေပိုများနေတာမို့ သူသည်းခံမယ့်စိတ်ကို ဖျောက်ဖျက်လိုက်တယ်။
တစ်သက်နှင့်တစ်ကိုယ် သူ့သမီးလေးကို သူတောင် ရိုက်တာမျိုးမလုပ်ခဲ့။
အခုတော့ သူ့သမီးလေးက သူ့ကြောင့် ထိခိုက်ဒဏ်ရာရလာရပြီ။
"ပါးပါး..."
"သမီးလေး တအားနာနေလား... "
ရှောင်းကျန့်က အားကွေ့ရဲ့မျက်နှာက ဒဏ်ရာတွေကို တို့ထိလို့မေးတော့ အားကွေ့က ခေါင်းရမ်းရင်း ရှောင်းကျန့်ရဲ့ရင်ခွင်ထဲဝင်လို့ ပွေ့ဖက်တယ်။ အားဟွေ့ဟာ အားကွေ့ကို နွေးထွေးစွာပွေ့ဖက်နေတဲ့ ရှောင်းကျန့်ကိုမြင်တော့ သူ့စိတ်ထဲ မသိမသာဝမ်းနည်းမိသွားတယ်။
ရှောင်းကျန့်ဟာ သူသိပ်သဘောကျခဲ့ရတဲ့ အားဟွေ့ကို မျက်ဝန်းရဲတွေနှင့် စိုက်ကြည့်တယ်။
"ဒါက အသက်မပြည့်တဲ့ ကလေးအချင်းချင်းဖြစ်တဲ့ကိစ္စမို့ ခံဝန်နှင့်ပဲ ပြီးပါမယ်... ကလေးတွေကို ရန်မဖြစ်အောင် သင်ကြားပေးပါ"
သူတို့ဖြစ်စဉ်ကို ကိုင်တွယ်တဲ့ရဲက ပြောလာတော့ ရှောင်းကျန့်က အားကွေ့အတွက် အာမခံလက်မှတ်ထိုးပေးတယ်။
"ဟုတ်ကဲ့ပါ ကျွန်တော် ကျွန်တော့်သမီးကို သေချာသင်ကြားပါ့မယ်...
ဘယ်ကနေဘယ်လိုစဖြစ်တာလဲ အားကွေ့"
Advertisement
အားကွေ့ကိုမေးတော့ အားကွေ့က ခေါင်းငုံ့တယ်။ အားဟွေ့က ခပ်သွက်သွက်ပဲ ထဖြေလာတယ်။
"ဦးလေးရဲ့ သမီးက စတာလေ... သမီးအဖေကို စော်ကားတာ"
"ဟုတ်လား သမီး..."
အားကွေ့က မျက်ရည်တွေဝဲလျက် ပြန်ဖြေလာတယ်။
"သမီး ပါပါးအတွက် မခံချင်ဘူးလေ... ပြီးတော့ ပါပါးမှားခဲ့တဲ့ကိစ္စတွေမှ မဟုတ်တာ။ ပါပါးက ခံစားခဲ့ရတာလေ"
ရှောင်းကျန့်ဟာ အားကွေ့ရဲ့စကားကြောင့် ရင်ထဲထိသွားခဲ့ရတယ်။ တစ်ခါမှ ရန်မဖြစ်ဖူးတဲ့ သူ့သမီးလေးက သူ့အတွက် ရန်ဖြစ်ပေးတယ်။ သူ့မျက်ရည်တွေထိန်းမရ ပါးပြင်ပေါ်သို့ စီးကျလာရတယ်။ အားကွေ့ကို ရင်ခွင်ထဲထည့်ပြီး နွေးထွေးစွာ ပွေ့ဖက်လိုက်တယ်။
"ဒါက ကလေးအချင်းချင်းဖြစ်တဲ့ကိစ္စမို့ နှစ်ဦးနှစ်ဖက်ကို အမုန်းမပွားစေချင်ပါဘူး။ အားဟွေ့နှင့်အားကွေ့က သူငယ်ချင်းတွေပဲလေ အဖေတွေအတွက် ကူညီပေးချင်ဇောနှင့် ဖြစ်ကြတာပဲဟာ..
အချင်းချင်းတောင်းပန်လိုက်နော်"
ဝမ်ချင်က ကြားထဲကနေဖြန်ဖြေပေးတော့ ကလေးနှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် မကြည့်ကြ။ ရှောင်းကျန့်က အားကွေ့ရဲ့လက်ကလေးကိုအသာဆုပ်ကိုင်လို့ အားကွေ့ကို ခေါင်းညိတ်ပြလိုက်တယ်။
"Sorry..."
အားကွေ့က ခေါင်းငုံ့လျက် တီးတိုးတောင်းပန်ပေမယ့် အားဟွေ့က ခေါင်းမာလျက် ငြိမ်သက်နေတယ်။ ဝမ်ချင်က အားဟွေ့ရဲ့ကျောကိုအသာပုတ်လို့ တောင်းပန်ခိုင်းတော့ အားဟွေ့က အောက်နှုတ်ခမ်းလေးကိုဖိကိုက်လျက် ငြိမ်နေတယ်။
"သမီး မတောင်းပန်နိုင်ပါဘူး။ ဒီကိစ္စက သမီးက စလုပ်တာမှ မဟုတ်တာ..."
အားဟွေ့က ခေါင်းမာစွာနှင့်ပြောလာတော့ ဝမ်ချင်က ရှောင်းကျန့်တို့သားအဖကို အားနာစွာနှင့် ကြည့်လိုက်တယ်။
ရှောင်းကျန့်က အားဟွေ့ရဲ့မတောင်းပန်မှုကို စိတ်မရှည်တော့၊ အားကွေ့လက်ကို ဆွဲလို့ စခန်းထဲက ထွက်လာလိုက်တော့တယ်။
"သမီး ကားထဲဝင်နှင့်နော်.. ပါပါး သူ့အဒေါ်နဲ့ စကားပြောလိုက်ဦးမယ်"
"ဟုတ်..."
ရှောင်းကျန့်က စခန်းထဲကထွက်လာတဲ့ အားဟွေ့နှင့် ဝမ်ချင်ထံ လျှောက်လာခဲ့တယ်။
"ဝမ်ဟွေ့ဟွေ့... Spring collectionအတွက် ပူးပေါင်းမှုကို ရုပ်သိမ်းပါရစေ၊ ဒီအတွက် စာချုပ်လျော်ကြေးပေးစရာမလိုပါဘူး..."
"သမီးမမှားဘူးနော် ... ဒီကိစ္စမှာ သမီးက မှားတယ်ထင်နေတာလား"
အားဟွေ့ဟာ အရွယ်လေးနှင့်မလိုက် ခေါင်းမာလွန်း၏။ အောက်နှုတ်ခမ်းလေးကို အသာဖိကိုက်ရင်း ပြတ်သားစွာ ပြောလာတော့။
"အဟက်... ဝမ်ဟွေ့ဟွေ့ မင်းကလေ မင်းရဲ့အဖေနဲ့တစ်ပုံစံတည်းပဲ..
မင်းခေါင်းမာနေတော့ရော ဘာထူးမှာမို့လို့လဲ။ ဒီကိစ္စက မင်းတို့ချင်းဖြစ်တဲ့ဟာမို့ ငါမပါဝင်ပါဘူး...
ဒါပေမယ့်လေ မှားရင် ဝန်ခံတက်ရတယ်။
မင်းအဖေလည်း မင်းလိုပဲ ကိုယ့်အမှားကို ဝန်မခံရဲခဲ့ဘူး..."
"သမီး မမှားဘူး... သမီးရဲ့ဒယ်ဒီလည်း မမှားဘူး။ မတရားခံရတာ သမီးတို့လေ"
အားဟွေ့က လုံးဝမလျော့ဘဲ ပြန်ပြောလာတဲ့အခါ ရှောင်းကျန့်က မျက်လွှာကိုအသာချလျက် ထွကါလာတဲ့ဒေါသကိုထိန်းလိုက်တယ်။
"အရင်က ငါမင်းကို သိပ်သဘောကျပါတယ်။ အခုတော့ ကိုယ့်အမှားကိုဝန်မခံရဲတဲ့ ကလေးမျိုးကို ငါသိပ်မုန်းတာမို့
ငါတို့ဆက်မတွေ့ကြတော့ရင် ပိုကောင်းတာပေါ့"
နှုတ်ဆက်စကားအေးအေးလေးဆိုပြီး ထွက်ခွာသွားတဲ့ ရှောင်းကျန့်ကို တွေတွေလေးငေးမောနေတဲ့ တူမဖြစ်သူ အားဟွေ့ကိုကြည့်ရင်း ဝမ်ချင်ဟာ ရင်ထဲမကောင်း၊ သနားသွားရတယ်။ အားဟွေ့ရဲ့လက်ကလေးကို အသာဆုပ်ကိုင်ပေးတဲ့အခါ အားဟွေ့က မျက်ရည်တွေဝဲလျက် ဝမ်ချင်ကို ကြည့်လာတယ်။
"အန်တီချင်ချင်... ဒယ်ဒီသာ အားကွေ့အဖေနဲ့ မပတ်သတ်ခဲ့ရင် သိပ်ကောင်းမှာပဲ"
ဝမ်ချင်ဟာ အားဟွေ့ရဲ့လက်ကလေးကို ခပ်တင်းတင်းလေးဆုပ်ကိုင်ပေးတဲ့အခါ အားဟွေ့ရဲ့ တင်းထားခဲ့တဲ့စိတ်တွေက ပျော့ကျလာတယ်။ ပြီးတော့ တင်းခံထားသမျှ မျက်ရည်တွေက ပါးပြင်ပေါ်သို့ အတားဆီးမရှိ ကျဆင်းလာတယ်။
"သမီးလေ CEOရှောင်းကို တကယ်သဘောကျခဲ့တာ..."
(သဘောကျတယ်ဆိုတာ ဟိုလိုမဟုတ်ပါဘူးနော်၊ အားကျ လေးစားတာမျိုးကို ပြောတာပါ)
~~~~~~~~~~~~~~~~~~~~~~~~
ဖြစ်ပျက်ခဲ့သမျှ အကြောင်းကုန်စင်ကို ဝမ်ရိပေါ်သိတဲ့အခါ သက်ပြင်းချရုံပဲ တက်နိုင်တယ်။ သူတို့နှစ်ယောက်ရဲ့ အတိတ်မှာ ဖြစ်ပျက်သမျှကိစ္စတွေကြောင့် သူ့သမီးလေး ဝမ်းနည်းရပြီ။ ဘယ်သူနဲ့မှ ရန်အကြီးအကျယ်မဖြစ်ဖူးတဲ့ သမီးလေးက သူ့အတွက်နဲ့ ရန်ဖြစ်ပေးခဲ့ပြီး သူ့ကို ကာကွယ်ပေးခဲ့တယ်။
ပုံမှန် အတက်ကြွလွန်နေတဲ့ အားဟွေ့ဟာ ငြိမ်ငြိမ်သက်သက်လေးထိုင်လို့ ဖုန်းကြည့်နေတယ်။ ဝမ်ရိပေါ်က သူ့သမီးလေးအနားမှာ ထိုင်ချရင်း သမီးလေးကြည့်နေတာကိုကြည့်လိုက်တော့ ရှောင်းကျန့်တို့နှင့်အတူ ရ်ုက်ကူးထားတဲ့ အားဟွေ့ရဲ့ပုံတွေဖြစ်တယ်။
"သမီး..."
ဝမ်ရိပေါ်က သူ့သမီးလေးရဲ့လက်ကလေးကို အသာအယာဆုပ်ကိုင်ပြီး သမီးလက်ဖဝါးနုနုလေးကို နှုတ်ခမ်းနှင့်ဖိကပ်နမ်းလို့ အနွေးဓာတ်ပေး၏။
"သမီးလေး စိတ်မကောင်းဖြစ်နေတာလား..."
"အဲ့လိုတော့ မဟုတ်ပါဘူး။ သမီး စိတ်တိုလို့ပါ..."
ဝမ်ရိပေါ်က သူ့သမီးလေးရဲ့လက်ဖဝါးနုနုလေးကို အသာအယာပွတ်သပ်ရင်း နူးညံ့စွာ ပြုံးတယ်။
"သမီးလေး ပိစိသေးသေးလေးတုန်းကလေ လက်ဖဝါးလေးက တကယ့်ကိုသေးသေးလေး... နီတွတ်နေတာပဲ။ ဒယ်ဒီမှာ အဲ့ဒီလက်ဖဝါးသေးသေးလေးကို အူယားလွန်းလို့ မထိရဲမတို့ရဲနှင့် ဖြစ်ခဲ့ရတာ....
ကြည့်ပါဦး အခု အဲ့ဒီလက်သေးသေးလေးက ဒယ်ဒီ့ကို ကာကွယ်ပေးတက်နေပြီ..."
ဝမ်ရိပေါ်ရဲ့နွေးထွေးတဲ့စကားဟာ အားဟွေ့ရဲ့သွေးကြောတွေထဲကို နွေးနွေးထွေးထွေး စီးဆင်းသွားတယ်။
"ကျေးဇူးတင်တယ် ဒယ်ဒီကို ကာကွယ်ပေးခဲ့လို့ ဒယ်ဒီ့ရဲ့သမီးလေးကို သိပ်ကျေးဇူးတင်တယ်"
"သမီးက ဒယ်ဒီအထီးကျန်နေတော့ ဒယ်ဒီများ CEO ရှောင်းနှင့် ပြန်တွဲကြည့်ချင်မလားလို့ တွေးမိခဲ့တာ...
သူက ဒယ်ဒီ့ကို ထိခိုက်နစ်နာစေခဲ့မယ်လို့ သမီးမထင်ခဲ့မိဘူးလေ"
ဝမ်ရိပေါ်ဟာ သမီးလေးရဲ့လက်ဖဝါးလေးကို ပိုပြီးနွေးထွေးစွာ ဆုပ်ကိုင်လိုက်တယ်။
ပြီးတော့ သက်ပြင်းသေးသေးလေးတစ်ချက်ချတယ်။
"မဟုတ်ပါဘူး သမီးရယ်... သမီးရဲ့ ဒယ်ဒီက လူကောင်းမဟုတ်ခဲ့ပါဘူး။
အတိတ်မှာ ပွေရှုပ်ခဲ့သမျှက ကိုယ်တကယ်ချစ်တဲ့လူနှင့်တွေ့တဲ့အခါ အကုန်ဆုံးရှုံးစေတယ်။
ဒယ်ဒီက ရှောင်းကျန့်အပေါ် အပြစ်ကျူးလွန်မိတာ...
ဒယ်ဒီ သူ့မာနကိုရိုက်ချိုးချင်လို့ သူ့ကို အလောင်းအစားပြုပြီး စလိုက်တုန်းက တကယ်မချစ်ခဲ့ပေမယ့် အချိန်ကြာလာတော့ သူက ဒယ်ဒီရဲ့နှလုံးသားတစ်ခုလုံးဖြစ်လာတယ်....
ဒါပေမယ့် ဒယ်ဒီက တကယ်ဆိုးခဲ့တာပါ။ အပေါင်းအသင်းမှားပြီး မူးယစ်ဆေးစွဲခဲ့တယ်။ ဆေးမိရင် ဘာမှမသိတော့တဲ့ ဒယ်ဒီက ရှောင်းကျန့်ခွင့်မလွှတ်နိုင်တဲ့အပြစ်တွေအများကြီး ကျူးလွန်ခဲ့မိတယ်...."
"ဘာပဲဖြစ်ဖြစ် ဒယ်ဒီ့ကို သူ ထောင်ထဲမပို့သင့်ခဲ့ဘူးလေ"
ဝမ်ရိပေါ်ရင်ထဲမှာ ဆစ်ခနဲနာသွားရတယ်။ အဲ့ဒီအခါတုန်းက ချောင်တစ်ချောင်မှာ ထိုင်ပြီး ဆေးလွန်နေတဲ့သူနှင့် သူ့အပေါင်းအပါတွေကို ရဲတွေ လာဖမ်းတုန်းက ဘယ်သူရယ်ကြောင့်ဆိုတာ မသိခဲ့ရင်ကောင်းမယ်။ သူတို့ကို ရဲတိုင်တာ ရှောင်းကျန့်ဆိုတာ သိရတဲ့အခါ သူ့ရင်တွေတကယ်နာရတယ်။ ကိုယ်သိပ်ချစ်မိတဲ့သူက လုပ်ရက်လိုက်လေခြင်းဆိုတဲ့အတွေးနှင့် သူထောင်ထဲမှာ ရူးလောက်တယ်။
ဒါပေမယ့် သူထောင်ထဲမှာ ဆေးဖြတ်ပြီး သူအမှားတွေကို ပြင်ဆင်ခဲ့တယ်။ သူထောင်ကပြန်ထွက်လာတဲ့အခါ ရှောင်းကျန့်ကိုတောင်းပန်ပြီး ဘဝအသစ်စမယ် စဉ်းစားခဲ့ပေမယ့် ရှောင်းကျန့်ဟာ Parisကိုထွက်သွားပြီး အိမ်ထောင်ပြုလို့ ကလေးတစ်ေယာက်ရနေပြီ။ ဝမ်ရိပေါ်ရဲ့ဘဝဟာ ပျက်ဆီးပြီးသားပါ၊ ရှောင်းကျန့်ရဲ့ သစ္စာမရှိမှုက ထပ်မံသတ်လိုက်တဲ့အခါ သူ့နှလုံးသားပါ ရစရာမရှိအောင် ကြေမွပျက်ဆီးခဲ့ရတယ်။
အဆိုးထဲက အကောင်းပဲဆိုရမလား၊ သူ့ရဲ့ပွေရှုပ်မှုတွေကြောင့် မတော်တဆ ဖြစ်ပေါ်လာတဲ့ ဝမ်ဟွေ့ဟွေ့ဆိုတဲ့ သူ့ရဲ့အားအင်သစ်ကလေးက သူ့ဘဝထဲကို ရုတ်တရက်ဝင်ရောက်လာခဲ့တယ်။ သူ့ဘဝလဲကျနေတဲ့အချိန်မှာ သူ့သွေးတွေစီးဆင်းနေတဲ့ ချစ်စရာကောင်းလှတဲ့ သမီးလေး ပိုင်ဆိုင်ခွင့်ရတာဟာ မိုးကောင်ကင်က ချီးမြင့်တဲ့ ဆုလာဒ်ဆောင်ဖြစ်တယ်။
"ဘာပဲဖြစ်ဖြစ် အမုန်းပွားတာမကောင်းဘူးလေ၊ ဒယ်ဒီက သူလုပ်ရက်လေခြင်းဆိုတဲ့အတွေးကြောင့် ရှောင်းကျန့်အပေါ် စိတ်ခုမိပေမယ့် တကယ်တော့ ရှောင်းကျန့်ရဲ့လုပ်ရပ်ကပဲ ဒယ်ဒီကို လူကောင်းဖြစ်စေပြီး ဒီလို ချစ်စရာကောင်းတဲ့ သမီးလေး ရခဲ့တာပေါ့....
အဲ့ဒီတော့ သမီးတို့ကလေးအချင်းချင်းဖြစ်တဲ့ကိစ္စမှာ သမီးက အားကွေ့ကို တောင်းပန်ရမယ်နော်"
ထိုသို့ပြောတော့ အားဟွေ့က နှာခေါင်းရှုံ့ပြီး မျက်နှာကိုရွဲ့စောင်းပြတယ်။
"ဒယ်ဒီက CEOရှောင်းကို ကြိုက်နေတုန်းပဲမလား..."
အားဟွေ့ရဲ့စကားက သဘောကျဖွယ်ကောင်းတာမို့ ဝမ်ရိပေါ်က ဟက်ဟက်ပက်ပက်ရယ်တယ်။ သူ့ရင်ထဲကခံစားချက်တွေကို ဘာမဟုတ်သလိုပုံစံမျိုးနှင့် ဟားတိုက်ဖြေဖျောက်မှပဲ ခံသာနိုင်လိမ့်မယ်။
"အားဟွေ့ရယ်... အပိုတွေမပြောစမ်းပါနဲ့။ အားကွေ့ကိုတွေ့ရင် တောင်းပန်ရမယ်နော်"
"အားကွေ့ကိုပဲ တောင်းပန်မှာပါ... CEO ရှောင်းကို မတောင်းပန်နိုင်ဘူး"
"ဘာလို့လဲ.. "
ထိုအခါ အားဟွေ့ရဲ့မျက်နှာဟာ စိတ်မကောင်းဟန်ရှိပြီး တိတ်ဆိတ်သွားတယ်။ စိတ်လှုပ်ရှားရင် အောက်နှုတ်ခမ်းလေးကိုဖိကိုက်တက်တဲ့ အားဟွေ့က ထုံးစံအတိုင်း နှုတ်ခမ်းလေးကို ဖိကိုက်လို့ ငြိမ်နေတယ်။
"CEOရှောင်းက သမီးနဲ့ စာချုပ်ကိုလည်း ရပ်လိုက်ပြီ... ပြီးတော့ CEOရှောင်းက သမီးလို အမှားဝန်မခံတက်တဲ့ကလေးမျိုးကို မုန်းတယ်တဲ့"
ထိုစကားပြောပြီးနောက် အားဟွေ့က ခေါင်းလေးကိုအသာငုံ့လို့ ငြိမ်သက်သွားတယ်။ ဝမ်ရိပေါ်ဟာ အလွန်ဒေါသထွက်လာရင် နစ်နစ်နာနာစကားတွေဆိုတက်တဲ့ ရှောင်းကျန့်ကို သတိရလာတယ်။ ရှောင်းကျန့်က သိပ်စိတ်ကြီးပြီး အမြဲအနိုင်ရယူလိုစိတ်ရှိတယ်။ အရင်တုန်းကလည်း ရှောင်းကျန့်က သူ့ကို ဒေါသထွက်စွာနှင့် စကားနာတွေဆိုဖူးတယ်။
"ဝမ်ရိပေါ်... မင်းလို အချစ်ကိုတန်ဖိုးမထားတက်တဲ့ လူရှုပ်လူပွေကို ငါသိပ်မုန်းတယ်"
~~~~~~~~~~~~~~~~~~~~~~~~
Glaxy Milktea and Bakery, သူသောက်နေကျ chocolate milk tea နှင့် cakeမှာပြီး ရှောင်းကျန့်ဟာ Sean Fashionရဲ့ Instagram updateတွေစစ်ဆေးရင်း
အမှာထိုင်စောင့်နေကျနေရာလေးမှာ စောင့်နေတယ်။ သူ Sean Fashion ကို International brandတစ်ခုဖြစ်လာဖို့ ဒီနှစ်တွေအတွင်းမှာ သူအတော်အားထုတ်ကြိုးစားခဲ့ရတယ်။ သမီးလေးရလာတဲ့အချိန်တုန်းက သူ့မိဘဘယ်လောက်ပဲချမ်းသာပါစေဦး၊ သူ့ဘဝရဲ့ရည်မှန်းချက်က အောက်ခြေအဆင့်မှာပဲ ရှိသေးတယ်။
သမီးလေး သုံးနှစ်လောက်အထိ သူဘာအလုပ်မှမလုပ်ခဲ့၊ သမီးလေးရဲ့အနားမှာနေရင်း သူ့ဘဝကို အိမ်တွင်းပုန်းအဖြစ် ပြောင်းလဲခဲ့တယ်။ သမီးလေး ကလေးထိန်းကျောင်းထားတဲ့အချိန်ရောက်မှ သူ တက္ကသိုလ်ပြန်တက်ပြီး ခုလိုနေရာအထိရောက်အောင် ကြိုးစားခဲ့ရတယ်။ ဘာပဲဖြစ်ဖြစ် ချမ်းသာတဲ့မိသားစုနောက်ခံရှိတာဟာ သူ့အတွက် ကံကောင်းခြင်းဖြစ်သလို ဝမ်ရိပါ်ကြောင့် သူအသည်းတွေကွဲနေချိန် သမီးလေး သူ့ဘဝထဲကို မတော်တဆဝင်ရောက်လာခဲ့တာလည်း မိုးကောင်ကင်ကပေးတဲ့ ဆုလာဒ်ဖြစ်တယ်။
"Chocolate Milkteaတစ်ခွက် အချိုလျှော့ပေးပါ၊ cakeက white chocolate cake"
ကြားဖူးတဲ့အသံကြောင့် ရှောင်းကျန့်ဟာ သတိတရကြည့်လိုက်မိတယ်။ barမှာ မုန့်မှာနေတဲ့ အားဟွေ့၊ သူ့လက်ထဲကအရာနှင့် အလားတူမှာနေတာတွေ့တဲ့အခါ အဲ့ဒီကလေးမနှင့် သူ အကြိုက်ချင်းတူတာကို အမှတ်ရမိတယ်။ ဘာပဲဖြစ်ဖြစ် ဝမ်ရိပေါ်ရဲ့မိသားစုနှင့် မပတ်သတ်ဖို့ ရှောင်းကျန့်ဆုံးဖြတ်ချက်ချထားတယ်။
အားဟွေ့ဟာ မုန့်မှာယူပြီးတာနှင့် ထိုင်ဖို့နေရာရှာတဲ့အခါ လစ်လပ်နေတဲ့တစ်နေရာသာတွေ့၏။ ယနေ့က တနင်္ဂနွေနေ့ဖြစ်တာကြောင့် နာမည်ကြီးတဲ့ဒီဆိုင်မှာ နေရာတွေပြည့်နေတယ်။ အားဟွေ့ဟာ သက်ပြင်းချရင်း ထိုလစ်လပ်နေတဲ့တေရာမှာ ဝင်ထိုင်လိုက်၏။
ရှောင်းကျန့်ဟာ သူ့ဘေးမှာ လာထိုင်တဲ့အားဟွေ့ကြောင့် နည်းနည်းအနေရခက်သွားတယ်။ သို့ပေမယ့် ဖုန်းအကြည့်မပျက်ဘဲ မသိချင်ယောင်ဆောင်နေတယ်။
အားဟွေ့ဟာ စိတ်ထဲမှာ နည်းနည်းခံပြင်းမိတဲ့အတွက် အရင်နေ့တွေက ရှောင်းကျန့် သူ့ကိုပြောခဲ့တာတွေကို မကျေနပ်။ ပြန်ခနဲ့ချင်တဲ့စိတ်က တဖွားဖွားပေါ်လာတာမို့ မဟုတ်မဟတ်ကြံစည်လိုက်၏။
"ဟယ်လို ဒယ်ဒီ... ဟုတ် ဟုတ်။
ကောင်းပါတယ်... ဒါဆို လက်ထပ်ခွင့်တောင်းတာ လက်ခံလိုက်ပြီပေါ့။
Congratulations ပါ ဒယ်ဒီရေ... သမီးအတွက် မေမေအသစ်လက်ဆောင်ပေးလို့ ကျေးဇူးပါ။
Video recordထားတယ်မလား ပြန်လာမှ ကြည့်တော့မယ်..
အို့.... သမီးအတွက် မောင်လေးပါ ရတော့မှာလား အဟီး ဟီ တကယ်... ကိုယ်ဝန်လေးလရှိပြီ
သမီးကတော့ မောင်လေးပဲယူမှာနော်
လာမယ် လာမယ်... ခဏနော် မုန့်ဝယ်နေလို့"
Advertisement
- In Serial172 Chapters
Loving The Naughty Empress
“Why are you here, My Emperor?” Ni Qing put her hand on her waist to salute her emperor.
8 322 - In Serial6 Chapters
Rescued - Jungkook X Reader - COMPLETED
an abusive father. a broken past. you take a risk and escape from it all but you land yourself in a worse positionone night, everything changes when one of the worlds most feared mafia leaders Jeon Jungkook rescues you. how will you cope? have you really been RESCUED?a story of love, suspense and sadnessStarted - 16/10/18Completed - 06/12/18highest rankings : #1 - Rescued#2 - Jungkook#1 - New Beginnings#2 - Pregnancy#2 - Fluff
8 186 - In Serial36 Chapters
Falling for a Star (Complete)
I had never paid much attention to celebrity gossip or what was going on in Hollywood because that was so far from the lifestyle I lived as a poor college student, working as a barista to save up for my own house after graduation. But then, without my knowledge, my Dad submitted my name into a talk show sweepstakes to win a week with Hollywood superstar Dylan Chase, to see what it's like to live like a celebrity for a week. My Dad thought it would be the perfect chance for me to get out of Iowa, see the world and have an adventure for once. I was dreading leaving home, flying for the first time and going by myself all the way to L.A. Plus the idea of spending a week with an arrogant, rich, snobby actor that was probably the worst kind of womanizer didn't sound like my idea of fun. What I found when I got there and met Dylan was the total opposite; a man that was humble, hard working, easy to talk to, and down to earth. Spending a week in Paradise in the guest house of Dylan Chase's Malibu mansion right on the beach, attending a movie premiere on his arm, shopping on Rodeo Drive and eating at five star restaurants was like a dream come true, but sleeping in his bed and falling for a guy from a completely different world than me was never part of the plan because we could never end up together. WARNING - 18+ Very mature sexual scenes.Highest Rankings: #2 in Erotic Romance out of 12,000 stories.#1 in Celebrity out of 18,000 stories
8 464 - In Serial74 Chapters
Kissing Is the Easy Part
{a Wattpad featured story} Flora is afraid being beautiful is her only talent. Some of the words she hates include economy class, second-hand clothes, and budget. She likes fashion, dating, not being on time and getting what she wants - until she meets Sean, who is like the clock striking midnight; he makes all her magic power wear off. He is as mature and sophisticated as the dark roasted coffee he drinks, while she is like a lollipop: colorful, dazzling on the outside but empty calories and artificial sweeteners on the inside. The attraction is instant, but getting a kiss is only the first step.
8 121 - In Serial42 Chapters
Broken- A Harry Potter Fanfic
The Dark Lord has finally been defeated. All Harry Potter wants is to finish his last year at Hogwarts and live a normal life like any other wizard. But that can be challenging when you're the saviour of the wizarding world, and when your eighth year at Hogwarts changes everything.These characters are owned by JK Rowling. I only own the writing and plot. It's canon, aside from some (very) small changes that probably won't go noticed.@m-blackhart designed this beautiful cover, i love them smmmThis will be a drarry (Draco and Harry) story.This story mentions PTSD, eating disorders, and depression. It will also include self harm, suicidal thoughts, and suicide attempts. If any of these topics are triggering for you, I would advise you against reading.#1 in fanfiction 05/21/21#1 in dracoxharry 02/20/21#1 in drarryfanfic 01/13/22
8 155 - In Serial50 Chapters
My Sisters Boyfriend | Yeonbin | Completed
**NO TRANSLATIONS ALLOWED** "..I cheated on your sister with you.. I'm.. I'm the worst.." He started crying. Tears rolling down his cheeks as he tried to breathe in between his bawling."And I feel even worse because.. I-I'd do it again!" Started: January 11, 2020 (Officially published on the 18th)Ended: April 6, 2020#1 TomorrowxTogether#1 Txt#1 Yeonbin#1 Taegyu#2 Yeonbin#19 Taegyu#28 Soft
8 146

