《Accidental Blessing[ Completed ]》‼️8‼️
Advertisement
Uni
8
ဝမ်ရိပေါ်မှာ အားဟွေ့ကိုပြန်တွေ့တွေ့ချင်း ပြေးဖက်တော့တယ်။ သူ့စိတ်ထဲမှာ သမီးလေးသာ သူ့ဆီပြန်မလာခဲ့တော့ရင်ဆိုတဲ့အတွေးကြီးက ထိုးနှက်နှိပ်စက်နေခဲ့တာ။
သူဟာ အဖေတစ်ယောက်ဆိုပေမယ့် သမီးလေးအပေါ် စိတ်ပျော်ရွှင်မှုရအောင် မကာကွယ်ပေးနိုင်ခဲ့ဘူး။
သူ့မျက်ရည်တွေဟာ မထိန်းနိုင်တော့၊ သမီးလေးကို ပွေ့ဖက်လို့ သူငိုချမိခဲ့တယ်။
"တောင်းပန်ပါတယ် သမီးလေးရယ်.. ဒယ်ဒီတောင်းပန်ပါတယ်"
"သမီးလည်း တောင်းပန်ပါတယ်.. ဒယ်ဒီ။
သမီး ခုလို မဆိုးသင့်ပါဘူး။ သမီး လိမ္မာပါ့မယ်..."
သမီးလေးရဲ့တောင်းပန်စကားကြားတဲ့အခါ ဝမ်ရိပေါ်ရင်ထဲမှာ ပိုလို့ဝမ်းနည်းသွားရတယ်။ ရှောင်းကျန့်ဟာ ဖက်ငိုနေတဲ့သားအဖကိုကြည့်ပြီး သူလည်းစိတ်မကောင်းဖြစ်မိရတယ်။ သူသာ သူ့သမီးလေးပျောက်သွားရင် ရူးတောင်ရူးသွားလိမ့်မယ်။
ရှောင်းကျန့်လည်း အားကွေ့ရဲ့လက်ကိုတွဲလို့ သူတို့သားအဖအရှေ့ကနေ ထွက်လာခဲ့တယ်။
"ပါပါး.. အားဟွေ့က သမီးတို့ကို မလိုချင်ဘူးထင်တယ်"
အားကွေ့က မျက်နှာငယ်လေးနှင့် ရှောင်းကျန့်ကို ရင်ဖွင့်လာတယ်။ ရှောင်းကျန့်ဟာ သမီးလေးရဲ့ခေါင်းလေးကိုအသာပုတ်လို့ အားပေးရတယ်။
"သမီး... အားဟွေ့ဘဝမှာ တွယ်တာစရာ ဒယ်ဒီတစ်ယောက်ပဲရှိတာလေ။ သူ့ဒယ်ဒီရဲ့လက်ကို သူမလွှတ်တမ်းဖမ်းဆုပ်ထားမှာပဲ...
သမီးလေးက ညီမလေးကို နားလည်ပေးရမယ်။ သမီးမှာက ဒယ်ဒီရှိတယ်၊ ပါပါးရှိတယ်။ ဘိုးဘိုးကြီးလည်းရှိတယ်...
သမီးလေးက ပြည့်စုံပြီးသားပဲလေ"
"တကယ်လို့ ဒယ်ဒီက အားဟွေ့ကြောင့်နဲ့ သူ့မာမီကိုတွေ့ပြီး သမီးတို့ဆီ မလာရင်ရော"
ရှောင်းကျန့်ရင်ထဲ စိုးထိတ်သွားရတယ်။ အားဟွေ့နှင့် သူ ကစားပွဲတစ်ခုကို စိန်ခေါ်ခဲ့ပြီ။ အနိုင် အရှုံးတွေကို သူစိတ်မဝင်စားပါဘူး။ ကလေးတစ်ယောက်နှင့် ယှဉ်ပြိုင်ရတဲ့အထိ သူမတုံးအပါဘူး။
ဒါပေမယ့် သူ့ရင်ထဲမှာ တိတ်တိတ်လေးဆုတောင်းနေမိတယ်။
ဝမ်ရိပေါ်ရဲ့ ရွေးချယ်မှုဟာ သူတို့သားအဖဖြစ်ပါစေလို့ပေါ့...
"ပါပါးကတော့ ဒယ်ဒီကို ယုံကြည်တယ်။ ဒယ်ဒီက ပါပါးတို့ကို ချစ်ပါတယ်... သမီးတို့တစ်သက်လုံး သူ အိမ်ထောင်မပြုဘဲနဲ့ စောင့်နေခဲ့တာပဲလေ...
သမီးကရော မယုံကြည်ဘူးလား"
"သမီး ယုံကြည်ပါတယ် ဒါမယ့် အားဟွေ့က ဒယ်ဒီနဲ့အနီးကပ်ဆုံးမလား"
ရှောင်းကျန့်ဟာ အားကွေ့ရဲ့လက်ကလေးကို အသာဆုပ်ကိုင်လျက် အားငယ်နေတဲ့မျက်ဝန်းလေးတွေကို သိမ်မွေ့စွာ ကြည့်လိုက်၏။
"သမီးစိတ်ထဲမှာ ဒယ်ဒီနဲ့ဝေးနေသေးတယ်လို့ခံစားရရင် ပါပါးတို့ အနီးဆုံးကို သွားကြတာပေါ့..."
~~~~~~~~~~~~~~~~~~~~~~
အားဟွေ့၊ ညက ကောင်းကောင်းအိပ်ပျော်ခဲ့တယ်။ ညက ဒယ်ဒီက သူကြိုက်တဲ့ ပျားရည်ပိုင်မုန့် ကိုယ်တိုင်လုပ်ကျွေးတယ်။ ဒယ်ဒီနဲ့ ညက စကားတွေအများကြီးပြောဖြစ်ခဲ့တယ်။
ရှောင်းကျန့်နှင့် သဘောတူညီမှုရယူထားတဲ့ အကြောင်းအရာကိုတော့ သူမပြောခဲ့။
ဒါက လျှို့ဝှက်ရမယ့်အရာဖြစ်တယ်။ သူ့ခေါင်းထဲမှာ မာမီကိုရှာဖွေဖို့ အကြောင်းအရာတွေ တန်းစီနေတယ်။
ရေမိုးချိုး၊ ကျောင်းဝတ်စုံလဲပြီး လေလးတချွန်ချွန်နှင့် ထမင်းစားခန်းထဲသို့ ဝင်လာခဲ့တယ်။
ထမင်းစားပွဲမှာ အတူထိုင်နေတဲ့ ဒယ်ဒီနှင့် အားကွေ့ကိုတွေ့တဲ့အခါ အားဟွေ့ နည်းနည်းအံ့အားသင့်သွားတယ်။ ဒီထက်ပိုအံ့အားသင့်စရာက နေ့တိုင်းလိုလိုခြောက်ကပ်ခဲ့ရတဲ့ ထမင်းစားပွဲမှာ မွှေးကြိုင်နေတဲ့ အရံဟင်းတွေနှင့် ထမင်းပူပူနွေးနွေးက အသင့်ဖြစ်နေတယ်။
"ဖယ်ကြနော်... တုံယမ်းဟင်းရည်ပူပူလေး လာပါပြီ"
ဟင်းရည်အိုးကိုကိုင်လို့ ထမင်းစားပွဲပေါ်လာချပေးတဲ့သူက ရှောင်းကျန့်ဖြစ်တယ်။ ရှောင်းကျန့်ဟာ အေပရွန်ကိုဝတ်ထားပြီး ချစ်စရာကောင်းတဲ့ အိမ်ရှင်မတစ်ဦးနှင့်တူနေတယ်။ သူ့ကိုလည်း ရွှင်ပျစွာ ပြုံးပြနှုတ်ဆက်ပြီး ဒယ်ဒီရဲ့ဘေးနေရာမှာ ဝင်ထိုင်တယ်။
အားဟွေ့လည်း စိတ်မပါပေမယ့် သူ့ခန္ဓာကိုယ်က အလိုလို အားကွေ့ရဲ့ဘေးနားမှာ ဝင်ထိုင်မိတယ်။ အရင်ကဆို ထမင်းစားပွဲပေါ်မှာ ပေါင်မုန့်မီးကင်ထောပတ်သုပ်နှင့် နို့နှစ်ခွက်ပဲရှိတာ။ နေ့လယ်စာဆို ကျောင်းမှာစားရပြီး ညစာဆို အပြင်ထွက်စားဖြစ်တာ များတယ်။ ခုလို စားပွဲပေါ်မှာ ဖွယ်ဖွယ်ရာရာရှိလှတဲ့ ဟင်းတွေကိုမြင်တဲ့အခါ သူ့အစာအိမ်ဟာ ပြုံးပျော်နေတယ်။
ရှောင်းကျန့်က ငါးခူကြော်ကို လက်နှင့်နွှင်လို့ အားဟွေ့ရဲ့ပန်းကန်လုံးထဲကို ထည့်ပေးတယ်။ အားကွေ့ကလည်း ကြက်ဥလိပ်ကို တူနှင့်ညှပ်ယူလို့ သူ့ပန်းကန်လုံးထဲ ထည့်ပေးတယ်။
သူ့နှလုံးသားထဲ နွေးထွေးသွားရတယ်။
"သမီးလေး ဝအောင်စားနော်... ဝမ်ရိပေါ်က ပေါင်မုန့်မီးကင်ပဲကျွေးတာဆို။ နံနက်စာကို အဟာရပြည့်အောင်စားမှ ဉာဏ်ကောင်းတာ။ ဟင်းရည်ပူလေးလည်း သောက်သွားဦး"
ရှောင်းကျန့်က ပြောရင်းဆိုရင်း ဟင်းရည်ပန်းကန်လုံးလေးထဲကို ဟင်းရည်တွေထည့်လို့ အားဟွေ့ရဲ့ဘေးမှာ ထားပေးတယ်။
"ဒီလို အိမ်ထမင်းဟင်း မစားရတာကြာပြီ... မာမီ ဆေးရုံတက်ကတည်းက အခုထိပဲ"
"အန်တီရော သက်သာရဲ့လား"
"ဒီလိုပါပဲ... နောက်ဆုံးအဆင့်ရောက်နေတော့ စိတ်ခွန်အားဖြစ်အောင် စာလေးတွေဖတ်ပြ၊ ဘုရားကျောင်းပို့ပြီးတော့ အေးချမ်းအောင် လုပ်ပေးရတယ်။
အစာအိမ်ကင်ဆာဆိုတော့ အမြဲတမ်းဆေးသွင်းရတာမို့ ဆေးရုံမှာနေတာလေ..."
"အော်... နောက်ရက်ကျမှ အားကွေ့နဲ့သွားလိမ့်မယ်၊ မင်းလိုက်ပို့ဦးနော်"
"အင်း... ငါလည်း မင်းနဲ့အားကွေ့ကို တစ်ခါတည်း တရားဝင်မိတ်ဆက်ပေးမယ်။ မာမီကတော့ မင်းကို ဟိုးအရင်ကတည်းက သဘောကျခဲ့တာပါ...
မြေးမလေးမွေးပေးထားတာသိရင် ပိုတောင်သဘောကျဦးမယ်"
"အင်း..."
ဝမ်ရိပေါ်ကတော့ အနှစ်နှစ်ကာလက အငတ်ဘေးဆိုက်ခဲ့သလိုပဲ အားရပါးရစားချက်က ထမင်းသုံးပန်းကန်လောက် ကုန်သွားတယ်။ အားဟွေ့ကတော့ ဘာစကားမျှမဆို၊ ရှောင်းကျန့်ထည့်ပေးသမျှကို တိတ်တိတ်လေးငုံ့စားနေတယ်။
ရှောင်းကျန့် ဟင်းချက်ကောင်းတာကတော့ တကယ်ကောင်းတယ်။ စားပြီးရင်း သူထပ်စားချင်နေတာမို့ ထမင်းနောက်တစ်ပန်းကန်တောင်းလိုက်တယ်။
ရှောင်းကျန့်က သူချက်တာကို အားရပါးရစားနေတဲ့သားအဖကိုကြည့်ပြီး တကယ်ဝမ်းသာမိတယ်။ ထမင်းပန်းကန်လုံးအပြည့်ထည့်ပေးပြီး ဟင်းတွေလည်း အများကြီးထည့်ပေးတဲ့အခါ နှစ်ယောက်သား ခေါင်းမဖော်တမ်း စားကြတယ်။
ရှောင်းကျန့်နှင့် အားကွေ့ဟာ တစ်ယောက်ကိုတစ်ယောက် ပြုံးရွှင်စွာကြည့်လို့ ခေါင်းညိတ်ပြလိုက်တယ်။ ခုလို မိသားစုထမင်းဝိုင်းလေးကိုမြင်ခွင့်ရတာ အရမ်းကို စိတ်ချမ်းသာဖို့ကောင်းတယ်။
နံနက်စာထမင်းပွဲပြီးတဲ့အခါ ရှောင်းကျန့်က အားဟွေ့နှင့် အားကွေ့အတွက် နေ့လည် မုန့်စားကျောင်းဆင်းချိန် အချိုတည်းဖို့ ပူတင်းဘူးလေး တစ်ယောက်တစ်ဘူးစီ ပေးဆယ်။
Advertisement
အားဟွေ့ဟာ ပူတင်းဘူးလေးက်ုကိုင်ပြီး ငေးငိုင်နေမိတယ်။ ရှောင်းကျန့်က အရူးလိုပဲ၊ သူ့အစာအိမ်ကိုဆွဲဆောင်ပြီး အနိုင်ပိုင်းနေတာ။
အားကွေ့ကတော့ အားဟွေ့နှင့် ကျောင်းအတူသွားရတာကို ပြုံးပျော်နေတယ်။ အားဟွေ့က တိတ်ဆိတ်နေတဲ့အခါ အားကွေ့ကစလို့ ပြောတယ်။
"နင် ပါးပါးက်ု သဘောမကျဘူးလား"
"သူက ငါ့မာမီမှ မဟုတ်တာ၊ ယောကျာ်းတစ်ယောက်က ဘယ်လိုလို့ မိခင်ကောင်းဖြစ်နိုင်မှာလဲ... မိခင်တစ်ယောက်လုပ်တက်တဲ့အရာတွေလုပ်ပြတိုင်း မိခင်ကောင်းမှမဟုတ်တာ"
အားဟွေ့ရဲ့စကားကြောင့် အားကွေ့ မျက်နှာလေးငယ်သွားရတယ်။ သူများတွေနှင့်ဆို သူ့မျက်နှာက အမြဲချေမိုးနေပေမယ့် အားဟွေ့ကိုဆိုရင်တော့ သူအမြဲပြုံးပြနေခဲ့တာ။ အားဟွေ့က သူ့ညီမလေးပဲ၊ သူသည်းခံရမယ်ဆိုတဲ့စ်တ်ကြောင့်ပဲ။ ဒါပေမယ့် အားဟွေ့က လွန်လွန်းတယ်။
"အားဟွေ့..."
"......"
" ယောကျာ်းလေးတစ်ယောက်ကရော မိခင်ကောင်းဖြစ်ခွင့်မရှိဘူးလား...
ပါပါးက ဒယ်ဒီ သူ့အနားမှာမရှိခဲ့ပေမယ့် ငါ့ကို သူ့ဗိုက်ထဲမှာ အကြာကြီးထည့်ပြီး မွေးတော့လည်း သူပဲ အစစအရာရာဂရုစိုက်တာ...
ခင်ပွန်းသည်အနားမှာရှိတဲ့ သာမန်မိန်းမတွေတောင် ကလေးတစ်ယောက်မွေးဖို့ ဘယ်လောက်တောင် ပင်ပန်းခက်ခဲခဲ့ရလဲ။
ပါးပါးဆိုရင် ယောကျာ်းလေးတစ်ယောက်အနေနဲ့ ကိုယ်ဝန်ဆောင်ရတာ ဘယ်လောက်ပင်ပန်းလိုက်မလဲ....
နင်က ဒါတွေ သိမှာတဲ့လား။
နင့်မာမီက နင့်ကိုမွေးပြီးတည်းက ပစ်သွားတာဆိုတော့ နင်ဒါတွေ ဘယ်သိမလဲ...
ငါ့ပါပါးက ယောကျာ်းလေးဆိုပေမယ့် နင့်မာမီလို ကိုယ့်သမီးကို ပစ်မသွားဘူး..
ငါ့ကို ခုလိုကောင်းကောင်းကြီးပြင်းတဲ့အထိ သူ့လက်တွေနှင့် စောင့်ရှောက်ခဲ့တာ။
ပါပါးက ကမ္ဘာပေါ်မှာ အကောင်းဆုံးမိခင်ပဲ..."
အားကွေ့ဘဝမှာ ဒီလောက် ကြာရှည်တဲ့စကားမျိုး မပြောဖူး။ ထိုစကားတွေပြောနေရင်းလည်း သူမျက်ရည်တွေဝဲနေခဲ့တယ်။ အားဟွေ့မှာ ဘာပြန်ပြောရမှန်းမသိ။ သေချာတာတစ်ခုက အားကွေ့ပြောသလိုပဲ သူ့မာမီက သူ့ကို စွန့်ပစ်သွားခဲ့တာ...
"မဟုတ်ဘူး.. ငါ့မာမီက ငါ့ကို မစွန့်ပစ်ဘူး။ ဟင့်အင်း မာမီက ငါ့ကို မစွန့်ပစ်ဘူး"
အားဟွေ့က ထိုနေရာမှာပင်ထိုင်ချလို့ ငိုချတဲ့အခါ အားကွေ့မှာ ဘာလုပ်ရမှန်းမသိ။ အားဟွေ့က ထိုနေရာမှာတင် ကျုံ့ကျုံ့လေးထိုင်လို့ နားနှစ်ဖက်ကိုပိတ်လျက် ငိုနေခဲ့တယ်။ အားကွေ့ မပြောသင့်တဲ့စကားကိုဆိုလိုက်မှန်းနားလည်တဲ့အခါ အားဟွေ့ကိုဆွဲထူလို့ ပွေ့ဖက်လို့ အားပေးတယ်။
"ဘာမှမဖြစ်ဘူးနော် အားဟွေ့၊ အဆင်ပြေသွားမှာ.. နင့်ဘေးနားမှာ ငါရှိတယ်နော်"
အားကွေ့က ပွေ့ဖက်အားပေးနေပေမယ့်လည်း အားဟွေ့ရင်ထဲမှာ စို့နစ်ဝမ်းနည်းရတယ်။ ဒီနံနက်ခင်းမှာတွေ့ရတဲ့ ရှောင်းကျန့်ရဲ့ နွေးထွေးမှုကို ပြန်မြင်ယောင်တဲ့အခါ မာမီသာ သူ့ကိုမစွန့်ပစ်ဘဲ ရှောင်းကျန့်လို နွေးထွေးမှုပေးရင် ဘယ်လောက်ကောင်းလိုက်မလဲလို့ သူတွေးနေမိခဲ့တယ်။
သူ မာမီကို ရှာရမယ်။ ရှာတွေ့တဲ့အခါ သူ့ကို ချစ်ပေးဖို့၊ နွေးနွေးထွေးထွေးဆက်ဆံပေးဖို့ ပြောရမယ်။ ဒါကြောင့် သူမာမီကို ရှာတွေ့မှဖြစ်မယ်။
~~~~~~~~~~~~~~~~~~~~~
"ဘွားဘွား.. နေကောင်းရဲ့လား"
အားဟွေ့က ဆန်ပြုတ်ပူပူလေးကို ဇွန်းနှင့်မွှေလို့ ဆေးရုံကုတင်ပေါ်လှဲနေတဲ့ ဘွားဘွားကို မေး၏။
"ကောင်းပါတယ် သမီးရယ်.. ဒါနဲ့ ချင်ချင် ပြန်မရောကိသေးဘူးနော်"
"ချင်ချင်က NGOအဖွဲ့နှင့်ချိတ်ပြီး ပရဟိတသွားလုပ်နေတာ... သူသွားတဲ့နေရာက အတော်ခေါင်တယ်၊ ဖုန်းလိုင်းရော အင်တာနက်ရော မမိဘူးလေ...
ပြန်လာတော့မယ်လို့ ပြောပါတယ်"
အားကွေ့က ဘွားဘွားအား ဆန်ပြုတ်ပူပူလေးကို ခွံ့ကျွေးရင်း ပြောပြတယ်။ သူ ဘွားဘွားကို မေးချင်တာလေးတွေရှိတယ်။ ဒီအကြောင်းအရာတွေက ဘွားဘွားသာလျှင် သိနိုင်မှာဖြစ်မယ်။
"ဘွားဘွား... သမီးသိချင်တာလေးရှိတယ်"
"ပြောလေ မီးလေးရဲ့.."
"သမီးရဲ့ အမေက ဘယ်သူလဲဟင်... သမီးသိချင်တယ်"
မြေးမလေးရဲ့မေးခွန်းကြောင့် အဘွားဟာ သက်ပြင်းချလိုက်တယ်။ သူ့ဘဝနောက်ဆုံးရက်ကို ရောက်နေပြီပဲ။ သူမသေခင်မှာတော့ သူ့မြေးလေးကို အမှန်တရားတွေပြောပြဖို့ သူဆုံးဖြတ်ပြီးသားပါ...
ဒါတွေဟာ တစ်သက်လုံးလည်း ဖုံးကွယ်ထားသင့်တဲ့အရာတွေမှ မဟုတ်တာ။
"ဒါတွေ သမီးသိခဲ့ပြီလား။
အေးလေ ဖုံးကွယ်လို့ရတဲ့အရာမှမဟုတ်တာ။ သမီးရဲ့အမေကို ဘွားဘွားသိပါတယ်...
ချင်ချင်ပြန်လာတဲ့အခါ သမီးရဲ့မေမေဆီ လိုက်ပို့ခိုင်းမယ်... နော်။
သူကလည်း သမီးကိုတွေ့ရင် သိပ်ဝမ်းသာမှာ.."
"သူက သမီးကိုတွေ့ရင် ဝမ်းသာမယ်၊ သူက သမီးကို ပစ်ထားခဲ့တာ မဟုတ်ဘူးလား"
အဘွားဟာ အားဟွေ့လေးရဲ့လက်ကို ဆုပ်ကိုင်လို့ နွေးထွေးစွာ ပြောတယ်။
"ဘယ်အမေက ကိုယ့်သားသမီးကို စွန့်ပစ်ရက်ပါ့မလဲ၊ သမီးမာမီက သိပ်သတ္တိရှိတဲ့သူပါ.. သူက အရာအားလုံးနှင့်ရင်ဆိုင်ပြီး သမီးကို မွေးခဲ့တာ...
ဒါပေမယ့် သမီးလေး အသက်ရှင်နေမှန်းတောင် သူမသိရှာပါဘူး... သမီးကို သူ့အမျိုးထဲက တခြားတစ်ယောက်က ဘွားကို လာပေးခဲ့တာ.. သူ
အဟွတ်..."
ဘွားဘွားဟာ စကားတွေပြောရလွန်းလို့ မောလာဟန်ရတယ်။ ရင်ဘတ်ကိုဖိလို့ ငြိမ်သက်သွားတယ်။
"သမီးရဲ့ ချင်ချင်က လိုက်ပို့ပေးပါလိမ့်မယ်... သူက ရှင်းပြလိမ့်မယ်"
ဘွားဘွားရဲ့စကားကြောင့် အားဟွေ့ ထခုန်မတက် ပျော်ရွှင်သွားရတယ်။ တကယ်ပဲ သူ သူ့မာမီနှင့် တွေ့ခွင့်ရတော့မယ်။ သူ့မာမီက သူ့ကို မစွန့်ပစ်ခဲ့ဘူး၊ သူရှိနေမှန်းတောင် မသိခဲ့ရဘူး။ ဒါဆို သူ့ကိုတွေ့ရင် မာမီက အရမ်းပျော်နေမှာပဲ...
သူလည်း အရမ်းတွေ့ချင်နေမိပြီ။ သူ့ရင်ထဲမှာ ကြည်နူးဝမ်းသာရလွန်းလို့ သူတအားကို မြူးထူးနေတော့တယ်....
~~~~~~~~~~~~~~~~~~~~~~~~~
ရှောင်းကျန့်က နံနက်တိုင်း သူတို့သားအဖအတွက် နံနက်စာလာပြင်ပေးတယ်။ အားကွေ့ကလည်း သူ့ကို အရင်လို နွေးနွေးထွေးထွေးဆက်ဆံဆဲ။ ရှောင်းကျန့်ဟာ သူတို့သားအဖအပေါ် အရမ်းကောင်းလွန်းပါတယ်။ ဒါပေမယ့် သူက သူ့ကိုမွေးပေးခဲ့တဲ့မာမီမှမဟုတ်တာ။
Advertisement
သူစိမ်းတွေနှင့် မိသားစုဘဝတည်ဆောက်တဲ့အခါ မလိုလားအပ်တဲ့ပြဿနာတွေ ရှိလာနိုင်တယ်။ အဓိကကတော့ ရှောင်းကျန့် ဘယ်လောက်ပဲကောင်းပါစေ၊ သမီးအရင်းမဟုတ်တဲ့ သူ့ကို စိတ်ရင်းနှင့်မကောင်းပေးနိုင်ဘူး။ ဒယ်ဒီကရော သူ့ကိုဘယ်လောက်ချစ်ပါစေဦး၊ အားဟွေ့ရှိလာတဲ့အခါ သူ့အချစ်တွေက မျှဝေပေးရမယ်။
ဒါတွေကို သူမဖြစ်ချင်ဘူး။
မာမီကို ပြန်တွေ့တဲ့အခါ ဒယ်ဒီ့ကို လက်ထပ်ခိုင်းပြီး ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေး ဖန်တီးကြမယ်။ ဒါကြောင့် ဒီရက်တွေအတွင်းမှာ သူသည်းခံနေခဲ့တယ်။
နောက်ဆုံးတော့ သူတောင့်တရတဲ့အချိန်ရောက်လာခဲ့တယ်။ ချင်ချင်ဆီက ဖုန်းဝင်လာခဲ့တယ်။ ညနေကျောင်းလာကြိုပြီး မုန့်သွားစားကြဖို့ ပြောတယ်။
အားဟွေ့ ပျော်ရလွန်းလို့ ထခုန်ပေါက်မိတယ်။
သူထခုန်ပေါက်နေတာကို တအံ့တဩကြည့်နေတဲ့ ဒယ်ဒီတို့ကို သူပြုံးပြလိုက်တယ်။
သူကျောင်းမသွားခင် မီးဖိုချောင်သန့်ရှင်းရေးလုပ်နေတဲ့ ရှောင်းကျန့်အနားကပ်သွားလိုက်တယ်။ ပြီးတော့ တိုးတိုးလေးပြောလိုက်တယ်။
"မာမီကို ရှာတွေ့ပြီနော်..."
~~~~~~~~~~~~~~~~~~~~~~~~~
ဒီပြိုင်ပွဲမှာ သူရှုံးသွားခဲ့ပြီ။ မဖြစ်ပါစေနဲ့ဆုတောင်းခဲ့ပေမယ့် သူ့ဆုတောင်းတွေမပြည့်ခဲ့။ သူဟာ ဝမ်ရိပေါ်နဲ့များ ရေစက်မပါတာလားလို့ သူတွေးနေမိခဲ့တယ်။
သူ့လက်တွေဟာ တုန်ယင်နေပြီး ထုံးစံအတိုင်း အောက်နှုတ်ခမ်းကိုဖိကိုက်လို့ သူ့စိတ်တွေငြိမ်အောင်ထိန်းတယ်။
သူမငိုမိအောင်ထိန်းပေမယ့် မျက်ရည်တွေက စီးကျလာတယ်။
သူ ဝမ်ရိပေါ်ကို ထပ်မခွဲနိုင်တော့ဘူး။ ဝမ်ရိပေါ်ကို သူတကယ်ချစ်တာ။ ခုလို ပြန်ဆုံကြတဲ့အခါ ပျော်ရွှင်စရာကောင်းတဲ့မိသားစာဘဝရပြီ ထင်ခဲ့တာ။
အခုတော့ အရေးမပါတဲ့ ကတိစကားတစ်ခုကြောင့် သူလက်လွှတ်ရတော့မယ်။
"ပေါင်ပေါင်း... ဘာဖြစ်လို့လဲ ပေါင်ပေါင်း"
"ရိပေါ်..."
ရှောင်းကျန့်ဟာ ဝမ်ရိပေါ်ကိုတွေ့တာနှင့် စိုးရိမ်တကြီးဖက်တွယ်တော့တယ်။ သူတကယ်ချစ်တယ်။ ဝမ်ရိပေါ်ကို တအားချစ်တယ်။ သူ ပထမဆုံးတွေးမိတွေးရာ တွေးလိုက်တာက ဝမ်ရိပေါ်ကို သူ့ဘဝထဲက မထွက်သွားအောင် လုပ်ရမယ်။ ဘယ်လောက်ပဲ ဒုတိယလူဝင်လာပါစေ၊ သူ့ကိုပဲ ချစ်နေရမယ်။
"ရိပေါ်..."
ရှောင်းကျန့်ဟာ ဝမ်ရိပေါ်ကို မျက်ရည်တွေလဲ့အိုင်နေတဲ့ ရီဝေဝေမျက်ဝန်းတွေနှင့် ကြည့်လာခဲ့တယ်။
"ရိပေါ်...."
"ပေါင်ပေါင်း... မင်းဘာဖြစ်နေတာလဲ"
"ငါ့ကို ချစ်ပေးပါ"
"ဟင်..."
ရှောင်းကျန့်ဟာ ဝမ်ရိပေါ်ရဲ့နှဖူးပြင်ပေါ်သို့ ကြင်ကြင်နာနာအနမ်းတစ်ပွင့် ခြွေချလိုက်တယ်။
"ငါတို့ အတူနေရအောင် ရိပေါ်... ငါမင်းကို လိုအပ်တယ်"
ရှောင်းကျန်ရဲ့စကားဟာ သူ့သွေးတွေကို ပြောင်းပြန်စီးဆင်းစေသလိုပဲ၊ ဝမ်ရိပေါ်မှာ ကြက်သီးမွေးညင်းတွေထလာရတယ်။ သူ အဲ့အရာကို တစ်ကိုယ်ရေအာသာဖြေတာကလွဲလို့ မလုပ်ဖြစ်တာကြာခဲ့ပြီ။
သူ့နောက်ဆုံးပြီးခဲ့တာက ရှောင်းကျန့်ဖြစ်သလို သူအခုစတင်မယ့်သူကလည်း ရှောင်းကျန့်ဖြစ်တယ်။
ရှောင်းကျန့်ဟာ ဝမ်ရိပေါ်ရဲ့ တီရှပ်ကို ချိုင်းကနေမလို့ ဆွဲချွတ်ပေးတယ်။ ပြီးနောက် သူ့ရဲ့အင်္ကျီကြယ်သီးတွေအပေါ် ဝမ်ရိပေါ်ရဲ့လက်တွေ လာတင်စေတယ်။
"ရိပေါ်.... မင်း ငါ့ကို မလိုချင်တော့ဘူးလား"
"ရှောင်းကျန့်... ငါရူးတော့မှာပဲကွာ၊ ဒါကို မင်းစခဲ့တာနော်.. ငါထိန်းထားမှာမဟုတ်ဘူး"
ရှောင်းကျန့်ဟာ ဝမ်ရိပေါ်ရဲ့လက်ကိုဆွဲလို့ သူ့အင်္ကျီအောက်က သူ့ရဲ့ရင်ဘတ်တွေကို ထိတွေ့စေတယ်။ အောက်နှုတ်ခမ်းလေးကိုအသာဖိကိုက်လျက် ဝမ်ရိပေါ်ကို ရီဝေဝေမျက်ဝန်းတွေနှင့် ဆွဲငင်ညှို့ယူတယ်။
ဝမ်ရိပေါ်ဟာ မထိန်းတော့၊ ခပ်ကြမ်းကြမ်းပဲ ရှောင်းကျန့်ရဲ့ အင်္ကျီကြယ်သီးတွေကို ဆွဲချွတ်တယ်။ ပြီးနောက် ပေါင်အောက်ကနေမချီပြီး ရှောင်းကျန့်ကို သူ့ခြေတံရှည်တွေနှင့် ခါးကို ခွစေတယ်။
ရှောင်းကျန့်ရဲ့ နှဖူးပြင်ပေါ်သို့ အနမ်းနုနု ခြွေချတယ်။ ထိုမှတစ်ဆင့် နှာတံစင်းစင်းလေးတစ်လျှောက် နှုတ်ခမ်းတွေနှင့် နူးညံ့ညင်သာစွာ ပွတ်ဆွဲတယ်။
ပန်းသွေးရောင်သန်းလာတဲ့ ပါးပြင်နှစ်ဖက်ပေါ်သို့ တစ်လှည့်စီ အနမ်းခြွေချတယ်။
ရှောင်းကျန့်ဟာ အလိုအသင့်လေးပဲ နှုတ်ခမ်းလေးကို ဖွင့်ဟလို့ ထားပေးတဲ့အခါ ဝမ်ရိပေါ်ဟာ အောက်နှုတ်ခမ်းကို ဖိဆွဲလို့ ကိုက်တယ်။ နာကျင်မှုနှင့်အတူ ရရှိလိုက်တဲ့ သာယာမှုက တအားကိုခံစားလို့ကောင်းစေတယ်။
ရှောင်းကျန့်ရဲ့လည်တိုင်ပေါ်မှာ စိုစွတ်စွတ်လျှာဖျားတွေဟာ ကူးလူးသွားနေတယ်။
ရှောင်းကျန့်ရဲ့ ရှပ်အင်္ကျီဟာ ဆွဲအချွတ်ခံလိုက်ရပြီး လေပေါ်သို့ ဝဲတက်သွားတယ်။
ဝမ်ရိပေါ်ဟာ ရှောင်းကျန့်ရဲ့လည်တိုင်ဝင်းဝင်းပေါ်မှာ အာရုံရောက်နေပြီး မည်သို့ပင် အိပ်ခန်းထဲရောက်သွားမှန်းမသိတော့။
ရှောင်းကျန့်ရဲ့ကိုယ်လေးဟာ ဇိမ်ခံမွေ့ရာအိအိကြီးရဲ့ အလယ်သို့ အိကနဲ ပစ်ချခံလိုက်ရတယ်။ ရှောင်းကျန့်ကို အပေါ်ကနေ ရီဝေယစ်မူးစွာကြည့်နေတဲ့ ဝမ်ရိပေါ်ရဲ့ပုံစံဟာ တအားကို ယောကျာ်းပီသလွန်းတာမို့ သူ့ရင်တွေ တဒိတ်ဒိတ်ခုန်လာရတယ်။
ဝမ်ရိပေါ်ဟာ ရှောင်းကျန့်ရဲ့ခြေတံရှည်နှစ်ချောင်းကိုစုကိုင်လို့ ထောင်လိုက်တယ်။ ခပ်မြန်မြန်ပဲ အောက်ပိုင်းမှာ ရှောင်းကျန့်ဝတ်ထားသမျှကို ချွတ်တယ်။ နှစ်အကြာကြီး အပြာရောင်ဆန်ဆန်တွေကို မေ့ထားတဲ့ ရှောင်းကျန့်ခမျာ ခုလိုဘာမှမရှိဘဲ အိပ်ရာပေါ်လှဲလျောင်းနေရတာဟာ အတော်ကို ရှက်လွန်းလို့ တစ်ကိုယ်လုံးလည်း ပန်းရောင်အတိဖြစ်နေပြီ။
ဝမ်ရိပေါ်ဟာ အရှက်သည်းပြီး မျက်နှာကိုလက်နှင့်အုပ်ထားတဲ့ သူ့ ပေါင်ပေါင်းကိုကြည့်ပြီး အသည်းယားနေရတယ်။
သူ့ကလေးကို မွေးပေးထားတဲ့ သူသိပ်ချစ်ရတဲ့ ချစ်သည်းညှာလေး။
ဗိုက်ပြားချပ်ချပ်လေးရဲ့အောက်ခြေမှာရှိတဲ့ အပ်ချုပ်ရာအမာရွတ်ကိုတွေ့တဲ့အခါ သူ့ရင်ထဲတသိမ့်သိမ့်ကြည်နူးရတယ်။
ထိုအမာရွတ်လေးအပေါ် နှုတ်ခမ်းလေးနှင့် နူးညံ့စွာဖိကပ်လို့ အနမ်းပေးတဲ့အခါ ရှောင်းကျန့်မှာ ကြက်သီးမွှေးညင်းတွေထလာရပြန်တယ်။
"ဘာ ဘာတွေလုပ်နေတာလဲ"
"သိပ်ချစ်တာပဲလေ အချစ်ရယ်... အားကွေ့ကို ဒီထဲကနေမွေးပေးခဲ့တာပေါ့နော်"
ရှောင်းကျန့်ဟာ အောက်နှုတ်ခမ်းလေးကိုဖိကိုက်လို့ ခေါင်းညိတ်လာတဲ့အခါ ဝမ်ရိပေါ်မှာ အသားယားစွာနှင့် ပါးပြင်နုနုကို အနမ်းခြွေမိပြန်တယ်။
ဝမ်ရိပေါ်ဟာ အချိန်မဆွဲနိုင်တော့၊ သူ့ရဲ့ကျန်နေတဲ့အောက်ပိုင်းအဝတ်ကို ချွတ်ချလိုက်တယ်။ ရှောင်းကျန့်ဟာ ဝမ်ရိပေါ်ရဲ့ရှိရင်းစွဲထိုအရာကို မြင်ပြီးတာနှင့် သူ့မှာ အတော်လန့်သွားရလွန်းလို့ အိပ်ရာခင်းတွေကို လက်နှင့်ဆုပ်ချေမိတဲ့အထိပဲ။
"ပေါင်ပေါင်း... ကိုယ့်ကိုကြည့်ပါဦး"
"ငါ...ငါကြောက်တယ်"
"မကြောက်ပါနဲ့ ပေါင်ပေါင်းရယ်... မင်း ကိုယ့်အတွက် သမီးလေးတောင်မွေးပေးပြီးပြီဘဲ"
"ဖြည်းဖြည်းနော်.."
"အင်းပါ အချစ်ရယ် ကိုယ်ညင်သာပါ့မယ်..."
ထို့နောက်တွင်တော့ ဝမ်ရိပေါ်ဟာ သူ နှစ်ရှည်လများစွာစောင့်ခဲ့ရတဲ့ အပြာရောင် အချစ်တွေကို အားသွန်ခွန်စိုက် ပုံဖော်တော့တယ်။ ဝမ်ရိပေါ်ဟာ သူ့အောက်မှာ အောက်နှုတ်ခမ်းလေးကိုဖိကိုက်လျက် သူ့အချစ်တွေကိုခံစားနေတဲ့ သူ့ချစ်သူလေးကိုကြည့်ပြီး ရင်ထဲမှာ တသိမ့်သိမ့်ဖြစ်နေရတယ်။ ဒီလို စွဲမက်စရာ မြင်ကွင်းလေးကို သူသိပ်လွမ်းမောနေခဲ့တာ...
ပန်းရောင်သန်းနေတဲ့ အတွင်းသားနုနုဟာ သူ့ကို ထုတ်ခွာလို့မရအောင် တင်းကျပ်စွာ ထွေးပိုက်ထားပြီး သူ့ရဲ့အချစ်ဆိပ်တွေကို ပွင့်အန်စေတယ်။
"ပေါင်ပေါင်း... ကိုယ်မင်းကို သိပ်ချစ်တယ်"
"ငါရောပဲ မင်းကို သိပ်ချစ်တယ် ရိပေါ်ရယ်... ရိပေါ် မင်း ငါ့ကို ဘယ်တော့မှ ထားမသွားရဘူးနော်"
"ကိုယ် မင်းကို ဘယ်တော့မှထားသွားမှာမဟုတ်ပါဘူး အချစ်ရယ်..."
~~~~~~~~~~~~~~~~~~~~~~~~~~
ချင်ချင်ကို တွေတွေ့ချင်း အားဟွေ့ ပြေးဖက်လိုက်တယ်။ ဝမ်ချင်မှာ ထူးထူးဆန်းဆန်း သူ့ကိုလွမ်းနေတဲ့တူမလေးကြောင့် အံ့ဩနေရတယ်။ ဝမ်ချင်လည်း အားဟွေ့နှင့်အတူ ဆေးရုံကိုသွားပြီး မာမီကို တွေ့ရတော့တယ်။
မာမီရဲ့ ရောဂါဝေဒနာက တစစပိုဆိုးလာပြီး နောက်ဆုံးနေ့ရက်ကို နီးလာနေပြီ။ ဝမ်ရိပေါ်ရော ဝမ်ချင်ပါ တစ်လှည့်စီ ဂရုစိုက်နေရပြီး အနားမှာ အမြဲရှိနေပေးရ၏။
မာမီဟာ ဝမ်ချင်ကိုတွေ့တဲ့အခါ ဖျော့တော့စွာနှင့် ပြုံးပြလာခဲ့တယ်။
"သမီး... အားဟွေ့လေးက သူ့အမေကို တွေ့ချင်တယ်တဲ့"
"ဟင် အားဟွေ့ သိသွားပြီလား"
"သိသွားပြီ ချင်ချင်... သမီး သမီးရဲ့အမေကိုတွေ့ချင်တယ်။ တွေ့ကိုတွေ့ရမယ့်အကြောင်းလည်း ရှိတယ်..."
ဝမ်ချင်ဟာ အားဟွေ့ရဲ့ စူးစမ်းတက်တဲ့စိတ်ကိုသိပေမယ့်လည်း ဒီလောက် မြန်မြန်သိသွားမယ်မထင်ခဲ့။ အကယ်လို့များ အားဟွေ့ သူ့အမေကိုတွေ့ရင် သူအံ့ဩတုန်လှုပ်ရလိမ့်မယ်။
"မာမီ... တကယ်ပြောပြစေချင်နေတာလား။ အားဟွေ့က ဒီအကြောင်းအရာတွေသိဖို့ ငယ်လွန်းသေးတယ်မလား"
"မဟုတ်ဘူး ချင်ချင်၊ မာမီ မသေခင် အကြွေးတွေမကျန်ချင်ဘူး။
မာမီ မြေးလေးကို သူ့အမေနဲ့တော့ တွေ့သွားစေချင်တာ.. ဒါ မာမီရဲ့ ဆန္ဒပါ"
ဝမ်ချင်ဟာ သူ့အမေရဲ့လက်ကလေးကိုအသာဆုပ်ကိုင်ပြီး ခေါင်းညိတ်ပြလိုက်တယ်။ အားဟွေ့က စိတ်ဝင်စားစွာနှင့် ဝမ်ချင်ရဲ့မျက်နှာကို ငေးကြည့်နေတယ်။
"အားဟွေ့... စိတ်ကို သေချာပြင်ဆင်ထားပါ။ ချင်ချင်ပြောသမျှတွေက မယုံကြည်နိုင်စရာအကြောင်းတွေရှိလိမ့်မယ်...
ဒါပေမယ့် ချင်ချင်ပြောသမျှတွေက အကုန် အမှန်တရားပဲ။ သမီး လက်ကိုလက်ခံရမယ်..."
"သမီး လက်ခံမှာပေါ့၊ အဓိကက သမီးမာမီကို သမီးတွေ့ချင်တာပဲ"
ဝမ်ချင်ဟာ တံတွေးတွေမြိုချကာ သက်ပြင်းချလိုက်တယ်။ အားဟွေ့ရဲ့ စိတ်ဝင်တစားရှိလှတဲ့မျက်နှာလေးကို သူနူးညံ့စွာ စိုက်ကြည့်လိုက်တယ်။
"သမီးလေးကို မွေးတဲ့ အမေက မိန်းမတစ်ယောက်မဟုတ်ဘူး။ အမျိုးသားတစ်ယောက်ပဲ..."
~~~~~~~~~~~~~~~~~~~~~~~~
"ရှောင်းကျန့်... သူက ကိုယ့်အမျိုးသမီးလေ."
ဝမ်ရိပေါ်ဟာ ဘေးနားမှာရှိတဲ့ အမျိုးသမီးတစ်ဦးရဲ့လက်ကိုတွဲလို့ သူ့ကို မိတ်ဆက်ပေးလာတယ်။ သူ့မျှော်လင့်ချက်တွေအကုန်အဖျက်ဆီးခံလိုက်ရသလိုပဲ၊ ဝမ်ရိေပါ်ရဲ့ ဘယ်ဘက်ဘေးနားမှာ အမျိုးသမီးတစ်ဦးရှိပြီး ညာဘက်ဘေးမှာတော့ အားဟွေ့ရှိနေခဲ့တယ်။ အားဟွေ့က သူ့ကို သေချာစိုက်ကြည့်လို့ပြောတယ်။
"မာမီနဲ့ ဒယ်ဒီ လက်ထပ်တော့မယ်၊ ခုချက်ချင်း ထွက်သွားလိုက်တော့"
"ဟင့်အင်း၊ ဟင့်အင်း ရိပေါ်... ဝမ်ရိပါ်"
ရှောင်းကျန့်ဟာ အိပ်မက်ဆိုးတွေမက်လို့ အိပ်ရာကနေနိုးလာတာဖြစ်၏။ အိပ်ရာရဲ့ဘေးဘက်ကို စမ်းကြည့်တဲ့အခါ ဝမ်ရိပေါ်မရှိ။ သူ့ရင်ထဲမှာ စို့နစ်ဝမ်းနည်းလာရတယ်။ သူတို့ နေ့ခင်းတုန်းက ဒီအိပ်ရာပေါ်မှာပဲ အချစ်စခန်းတွေထခဲ့ကြတယ်။
အခု ဝမ်ရ်ပေါ် အနားမှာမရှိတော့၊ အားဟွေ့ရဲ့မာမီကိုများ သူသွားတွေ့တာလား။
ရှောင်းကျန့် စိတ်လှုပ်ရှားစွာနှင့် အောက်နှုတ်ခမ်းကို အသာဖိကိုက်တယ်။
မဖြစ်ဘူး၊ အားဟွေ့ရဲ့မာမီနှင့် ဝမ်ရိပေါ်မတွေ့ရဘူး။ ဝမ်ရိပေါ်အနားကနေ သူထွက်မသွားနိုင်သလို၊ ဝမ်ရိပေါ်လည်း ထွက်မသွားရဘူး။
ရှောင်းကျန့်ဟာ အဝတ်အစားတွေအမြန်ဝတ်လို့ ဝမ်ရိပေါ်ကို ဖုန်းဆက်၏။ ဝမ်ရိပေါ်ရဲ့ဖုန်းက အိပ်ရာဘေးကစားပွဲပေါ် ကျန်နေခဲ့တဲ့အခါ ရှောင်းကျန့် ပိုစိတ်ပူသွားရတယ်။ ဘယ်လိုအရေးကြီးတဲ့ကိစ္စအတွက်ကြောင့် ဖုန်းကိုတောင် မေ့ခဲ့ရတာလဲ။
အားဟွေ့ရဲ့အမေကို တွေ့မှာမို့လို့ အရေးတကြီးသွားတာလား။ ရှောင်းကျန့်ရင်ထဲမှာမကောင်း၊ မျက်ရည်တွေဝဲတက်လာရပြီး သူဘာလုပ်ရမှန်းမသိ။
နောက်ဆုံး ဝမ်ရိပေါ်ရဲ့ Studioကိုသာ လိုက်သွားရန် ဆုံးဖြတ်လိုက်၏။
Studioလိုက်သွားတဲ့အခါလည်း ဝမ်ရိပေါ်ဟာ အရေးကြီးပုဂ္ဂိုလ်နှင့် တွေ့ရမှာမို့ အပြင်ထွက်သွားကြောင်း သိရတဲ့အခါ သူ့ရင်ထဲမှာ ပိုပူလောင်သွားရတယ်။ သူ studioထဲကနေ ယိုင်နဲ့စွာ ပြန်ထွက်လာခဲ့တယ်။ သူ ကားရှိရာနေရာကိုပြန်လာချိန်မှာပဲ လမ်းတစ်ဖက်မှာ အမျိုးသမီးတစ်ယောက်နှင့် ပြုံးပျော်စွာ စကားပြောနေတဲ့ ဝမ်ရိပေါ်ကို တွေ့တဲ့အခါ သူ့မျှော်လင့်ချက်တွေဟာ လဲပြိုပျက်ဆီးကုန်တယ်။
ဝမ်ရိပေါ်ကို သူမခွဲနိုင်ဘူး။ ဝမ်ရိပေါ်ကို သူတကယ်ချစ်တယ်။ သူ ဝမ်ရိပေါ်ကို ဘယ်သူမှ မပေးနိုင်ဘူး။
ရှောင်းကျန့်ဟာ ဘာမျှမမြင်တော့၊ လမ်းတစ်ဖက်ကို ကူးသွားတယ်။ သူ့စိတ်ထဲမှာ အမျိုးသမီးတစ်ဦးနှင့် စကားပြောနေတဲ့ ဝမ်ရိပေါ်ကို ပြေးခေါ်ချင်စိတ်ပဲရှိတော့တယ်။
!!တီ...တိ တီ.....!!!
လမ်းစည်းကမ်းနှင့်မညီစွာ လမ်းကူးသွားတဲ့ ရှောင်းကျန့်ဟာ အရှိန်နှင့် မောင်းလာတဲ့ ကားကိုမမြင်။ မီးနီလွတ်ပြီး အရှိန်နှင့်မောင်းလာတဲ့ကားဟာလည်း လမ်းဖြတ်လာတဲ့လူကိုမြင်တဲ့အခါ ထိန်းဖို့ အမြန်ကြိုးစား၏။ သို့သော်လည်း....
"ပါပါး...."
ပါးပါးဟု အော်ခေါ်သံအကျယ်ကြီးနှင့်အတူ ရှောင်းကျန့်ရဲ့ကိုယ်ဟာ တွန်းထုတ်ခြင်းခံလိုက်ရပြီး ပစ်လဲသွားခဲ့တယ်။ ထိုအခါကျမှ ရှောင်းကျန့်ဟာ ရူးမိုက်နေတဲ့စိတ်ကိုကျော်လွန်ပြီး သတိဝင်လာခဲ့တယ်။
ကတ္တရာလမ်းမပေါ်မှာ ကားတစ်စီးရပ်ထားတယ်။ ထိုကားအရှေ့မှာ မိန်းကလေးငယ်တစ်ဦး လဲကျနေတယ်။ ထိုမိန်းကလေးရဲ့ ခေါင်းမှာ သွေးတွေ... ရှောင်းကျန့် အလန့်တကြားနှင့် ကြည့်လိုက်တယ်။
Advertisement
- In Serial31 Chapters
Childcare Diaries
When I opened my eyes, I became the nanny from a book I once read.
8 299 - In Serial51 Chapters
Love on the Scale
When Christelle, a plus-sized girl with zero confidence, gets the opportunity to move out with her older brother (who's a model) and escape a home she's never felt comfortable in, she jumps for joy. But simply "moving out" turns into so much more. Suddenly she's thrust into a world filled with individuals whose job it is to be confident. Including Neil, a man who--for some crazy reason--is interested in her. She'll be forced to confront her insecurities head-on, along with her past demons, if she wants to make through unscathed.
8 247 - In Serial9 Chapters
GAY TRAIN
WELCOME TO THE GAY TRAIN WHERE EVERYONE IS WELCOME EXCEPT FOR THOSE WHO ARE BIASED AND HOMOPHOBIC! WE SUPPORT EVERYTHING AND ANYTHING AND YOU WILL ALWAYS BELONG HERE. WE ARE YOUR FAMILY WHO WILL ALWAYS BE THERE TO SUPPORT YOU NO MATTER WHAT. JOIN THE RAINBOW FAM! JOIN US!
8 72 - In Serial79 Chapters
Misery✓
{Slowly Editing}❝𝙻𝚘𝚟𝚎 𝚒𝚜 𝚕𝚒𝚔𝚎 𝚊 𝚌𝚒𝚐𝚊𝚛𝚎𝚝𝚝𝚎, 𝚒𝚝'𝚜 𝚏𝚞𝚗 𝚊𝚝 𝚏𝚒𝚛𝚜𝚝 𝚋𝚞𝚝 𝚎𝚟𝚎𝚗𝚝𝚞𝚊𝚕𝚕𝚢 𝚒𝚝 𝚔𝚒𝚕𝚕𝚜 𝚢𝚘𝚞❞♣♣♣So the person who abused her thinks they will get away with this. Oh I am gonna fucking kill them. Fade, the name sounds so similar but who is she? But what was happening to me? I never did something like this for anyone so why her? Did I just fucking like her? She looked so naive, she doesn't deserve this at all.♣♣♣Fade Emerson, a simple girl. She is pure as ice and one of the sweetest souls anyone can meet. Abused and treated like a servant, she has no hope left. Stefan Marcus, the CEO. The typical bad boy, rude, womanizer, toxic and cold. He is who she meets. Somewhere in between they already had met before. Will her life stay the same or will they both find true love? *Warning* This has sexual abuse, torture, foul language and mentions of self harm. Please be advised.Cover by me.
8 168 - In Serial19 Chapters
Missing
Jasmine went missing at the age of 8. Her family, her friends, her mate looked everywhere. They couldn't find her. When she returns? Will she be the same?
8 277 - In Serial36 Chapters
Sons, Too Mensao
Not mine. (Completed)#Credit to author and translator.Author: 冷優然Summary There is a family, under the Qi surname, living in the city. It is a strange but cosy family.A family of four composed of a mother and three sons. The most bewildering of all, the mother has a very beautiful appearance. She is thirty year old, yet still as delicate as a twenty-one.As for her three sons, respectively twenty-five, twenty-three, and eighteen year old, they are all handsome and elegant, yet the three of them are still single......"She's a princess of the demon realm who unexpectedly reborn. As a mommy with three babies, they are 25, 23, and 18 years old, all of which are not small! Are you really our mommy? The head of the household is me, of course I am your mommy! It turns out that mommy is actually a vampire! Another vampire is her big brother! Snow wolf tribe? Demon realm? It doesn't matter anyway! As long as we can live a happy life!"
8 121

