《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 3
Advertisement
[Zawgyi]
"ဒင္...နဥ္ရႈ..မြ! ငါက 2333ပါ။"
နဥ္ရႈေခါင္းထဲကေန အသံတစ္သံက ရုတ္တရက္ထြက္ေပၚလာတာေၾကာင့္ နဥ္ရႈ လန္႔ၿပီး ခုတင္ေပၚကေန ထခုန္မိေတာ့မလိုျဖစ္သြားသည္။
"အဲ့ဒါ ဘာႀကီးလဲ?"
နဥ္ရႈ ေအးစက္စြာ ေမးလိုက္သည္။ ၿပီးေတာ့ မြလို႔ေတာင္အသံထြက္တယ္လား? ဟားဟား...
2333က စေနာက္ေနျခင္းကိုရပ္ကာ ေျပာလာသည္။
"မင္းက မုယန္မုန္႔ကို သူမရဲ႕ကံၾကမၼာကေနလြတ္ေျမာက္ဖုိ႔ ကူညီတိုက္ခိုက္ေပးမယ္ဆိုမွေတာ့ မင္း အဲ့ဒီ့အမ်ိဳးသားေတြလက္ထဲမွာ မင္းရဲ႕အပ်ိဳစင္ဘဝကို ဆံုးရႈံးလို႔မရဘူး။ မုယန္မုန္႔က သူမရဲ႕ဘဝသံုးခုလံုးမွာ ဒီလူေတြဖိအားေပးတာကို ခံခဲ့ရတယ္။ ဒါေၾကာင့္ မင္းသာ pointမ်ားမ်ားလိုခ်င္ရင္ သူတို႔ကိုလည္း နည္းနည္းေလာက္ျပန္ၿပီး ဖိအားေပးသင့္တယ္ နဥ္ရႈ။"
"စိတ္ဒဏ္ရာရမွတ္မ်ားေလ အေတြ႕အႀကံဳမွတ္ေတြ မင္းပိုရေလပဲ။ ဒီကမၻာရဲ႕စည္းကမ္းေတြက အရမ္းအားေကာင္းလြန္းတာေၾကာင့္ ဒီတာဝန္က ခက္ခဲတယ္။ မုယန္မုန္႔ရဲ႕ဘဝက သတ္မွတ္ထားၿပီးသား။ အဲ့ဒါေၾကာင့္ သူမျပန္လည္ေမြးဖြားၿပီးတာေတာင္ ဒီကံၾကမၼာကေန မလြတ္ေျမာက္နို္င္တာပဲ။"
2333က ရွင္းျပသည္။
ဒီကမၻာက လမ္းၾကမ္းၾကမ္းေပၚက ရထားတစ္စင္းလိုဆိုတာ နဥ္ရႈသေဘာေပါက္သည္။ သူမအေနနဲ႔ ဇာတ္ေၾကာင္းအတိုင္းလိုက္ပါရံုကလဲြၿပီး ေ႐ြးခ်ယ္စရာမရွိေပ။ ဇာတ္ေၾကာင္းကို သူမဖ်က္ဆီးလိုက္ရင္ေတာင္မွ ကမၻာ့စည္းမ်ဥ္းေတြက မၾကာခင္မွာပဲ သူမကို မူလဇာတ္ေၾကာင္းဆီျပန္ေရာက္ရွိသြားေအာင္ တြန္းပို႔လိမ့္မည္။
ရုတ္တရက္ သူမ ျပင္းထန္လြန္းတဲ့ဖိအားေတြကို ခံစားလိုက္ရသည္။ ေသစမ္း...သူမေ႐ြးခ်ယ္လိုက္တဲ့တာဝန္က ဘာလို႔အရမ္းခက္ခဲေနရတာလဲ? လူတိုင္း ျငင္းပယ္ၾကတဲ့တာဝန္ကို သူမေ႐ြးခ်ယ္မိၿပီး အဆံုးသတ္သြားမွာေတာ့ မဟုတ္ေလာက္ပါဘူးေနာ္?
Fuck!
ဘယ္လိုပဲျဖစ္ျဖစ္ ဒီတစ္ႀကိမ္မွာ သူမရဲ႕အလုပ္က မုယန္မုန္႔ရဲ႕ကံၾကမၼာကိုေျပာင္းလဲၿပီး အဲ့ဒီ့ေယာက္်ားေတြကို စိတ္ပိုင္းဆိုင္ရာထိခိုက္မႈတစ္ခ်ိဳ႕ေပးနိုင္ဖို႔ပဲ။
ဒါေပမယ့္ ဒါကလည္း ယုတၲိရွိသည္။ သူမသာ စက္ဆုပ္ဖို႔ေကာင္းတဲ့အရူးေတြကို ေသေအာင္မရိုက္နိုင္ရင္ သူမက နွစ္သစ္ေတြက်င္းပဖို႔ သူတို႔ကိုဝန္းရံအေဖာ္ျပဳခိုင္းရမွာလား?
နဥ္ရႈ ခုတင္ေပၚကထလိုက္ၿပီး ၿပိဳင္ဘက္ကင္းသိုင္းပညာကို ေလ့က်င့္ဖို႔ျပင္လိုက္သည္။ သူမသာမသန္မာရင္ အဓမၼက်င့္ခံရတဲ့ကံၾကမၼာကို ကာကြယ္နို္င္မွာမဟုတ္သလို သူမကလည္း အဓမၼအက်င့္ခံရဖို႔ ဆႏၵမရွိဘူး။
အခ်ိန္အေတာ္ၾကာသြားၿပီးတဲ့ေနာက္မွာ သူမက အသက္ျပင္းျပင္းရွဴ သည္...ၿပီးရင္ ထပ္ၿပီးအသက္ရွဴ ျပန္သည္။ ဝမ္းနည္းဖို႔ေကာင္းစြာပဲ ဒီကိုယ္က လံုးဝမက်င့္ႀကံနိုင္ဘူးဆိုတာ သူမသိသြားေတာ့သည္။ သူမ ေလးနာရီနီးပါးၾကာေအာင္ေလ့က်င့္ၿပီးတာေတာင္ သူမကိုယ္ထဲမွာ စြမ္းအင္အစုေလးတစ္စုေတာင္္ ရွိမလာေပ။
သူမ စိုးရိမ္လာတာေၾကာင့္ ေခြၽးေတြထြက္လာေတာ့သည္။ ခ်ီးတဲ့မွ! ခြန္အားသာမရွိရင္ သူမက ဒီလူေတြလွဲခ်ဖို႔ ထိုင္ေနေပးတဲ့ဘဲကေလးသာသာပဲေလ! ဒီလိုမျဖစ္ရဘူး!
သူမက ေရခဲလိုၾကည္လင္ၿပီး ေက်ာက္စိမ္းလိုသန္႔ရွင္းတဲ့သူဆိုတာ နဥ္ရႈသတိရသြားသည္။ သူမ ဘယ္လိုလုပ္ၿပီး ဒီလိုလုပ္ဖို႔ျဖစ္နိုင္မွာလဲ?
[T/N : က်င့္ႀကံတာကိုေျပာခ်င္တာ ထင္ပါတယ္။]
"နဥ္ရႈ...ဒီကိုယ္က က်င့္ႀကံဖို႔ လံုးဝမျဖစ္နိုင္ဘူး။ လက္ေလ်ွာ႔လိုက္ေတာ့။"
2333ရဲ႕အသံက နဥ္ရႈေခါင္းထဲမွာ ပဲ့တင္ထပ္လာသည္။
နဥ္ရႈ စိတ္ဆင္းရဲသြားသည္။ လွပတဲ့အမ်ိဳးသမီးဇာတ္လိုက္ရဲ႕ရည္႐ြယ္ခ်က္က တစ္ျခားသူေတြဆဲြလွဲတာခံရဖို႔ဆိုတာက ယုတၲေတာ့ရွိသား။ သူမသာ ၿပိဳင္ဘက္ကင္းသိုင္းပညာကို ေအာင္ေအာင္ျမင္ျမင္ေလ့က်င့္နိုင္သြားရင္ သူမက အရမ္းသန္မာသြားမွာ။ အဲ့ဒါဆို အမ်ိဳးသားေတြက သူမကို ဘယ္လိုလုပ္ၿပီးဆဲြလွဲလို႔ရေတာ့မွာလဲ?
ႏူးညံ့ၿပီး အားနည္းတဲ့ကိုယ္ကသာ ဆဲြလွဲဖို႔လြယ္ကူမွာေလ။ ၿပီးေတာ့ အဓိပၸါယ္မရွိတဲ့ဘယ္ရုန္းကန္မႈမ်ိဳးမဆို ရယ္စရာသာျဖစ္ေနမွာပဲ။ အမ်ိဳးသမီးဇာတ္လိုက္ကို သာလြန္တဲ့ခြန္အားပိုင္ဆိုင္ေစဖို႔ခြင့္ျပဳရမယ္? မျဖစ္နိုင္တာ!
နဥ္ရႈ ခုတင္ေပၚမွာထိုင္လိုက္ၿပီး သက္ျပင္းခ်လိုက္သည္။ ထိုစဥ္မွာပဲ အခန္းတံခါးက ဘမ္းကနဲျမည္ကာ တြန္းဖြင့္ခံလိုက္ရေလ၏။
ခံုေပၚမွာ အိပ္ေပ်ာ္ေနတဲ့ေကာင္မေလးက ဒီအသံကိုလန္႔သြားတာေၾကာင့္ ေျမေပၚကိုျပဳတ္က်သြားသည္။ သူမက ေတြေဝစြာထလိုက္ရင္း နဥ္ရႈကိုေမးလာသည္။
"မမေလး..မမေလး! ဘာျဖစ္ေနတာလဲ?"
ဘာေတြျဖစ္ေနလဲဆိုတာ ငါဘယ္လိုလုပ္သိမွာလဲ? နဥ္ရႈ တံခါးဆီၾကည့္လိုက္သည္။ လူတစ္ေယာက္က ေနာက္မွာအျခားသူေတြၿခံရံလ်က္ ဝင္လာေလ၏။
"ယန္မုန္႔...ၿမိဳ႕က စစ္တပ္နဲ႔အဝိုင္းခံထားရၿပီ။ ျမန္ျမန္ ထြက္သြားေတာ့။"
အေတာ္ေလးၾကည့္ေကာင္းတဲ့ လူလတ္ပိုင္းႀကီးတစ္ဦးက စိုးရိမ္စြာေျပာလာသည္။
သူက မူလခႏၶာရွင္ရဲ႕ အေဖပင္ျဖစ္သည္။ ၿပီးေတာ့ ၿမိဳ႕ကိုတိုက္ခိုက္ေနတာက ဗိုလ္ခ်ဳပ္လားဆိုတာ သူမစိုးရိမ္လာသည္။ တစိမ့္စိမ့္ေၾကာက္ရံြ႕မႈေၾကာင့္ သူမနွလံုးသားေလး ခုန္လႈပ္ေနသည္။
"မင္းမမေလးကို သူ႔ပစၥည္းေတြသိမ္းဖို႔ ျမန္ျမန္ကူညီလိုက္!"
ဝန္ႀကီးခ်ဳပ္မုက မ်က္နွာကေသမလိုျဖဴ ေဖ်ာ့ေနတဲ့ အေစခံမေလးကို ေအာ္လိုက္သည္။
အေစခံမေလးက ပစၥည္းေတြကို လ်င္ျမန္စြာပင္ စတင္ထုပ္ပိုးေတာ့သည္။
ထို႔ေနာက္ ဝန္ႀကီးခ်ဳပ္မုက နဥ္ရႈကိုၾကည့္ကာ သက္ျပင္းခ်လိုက္သည္။
"သုန္ဟြာျပည္က ပ်က္စီးသြားၿပီ။"
နဥ္ရႈလည္း သက္ျပင္းရႈိက္လိုက္၏။ ဒါက မူလခႏၶာရွင္ရဲ႕ ကံဆိုးျခင္းအစပဲ..အား!
"အေဖ...သမီးတို႔ ဘယ္ကိုသြားၾကမွာလဲ?"
သူမ ထြက္ေျပးနိုင္လိမ့္မယ္လို႔ေတာ့ နဥ္ရႈမခံစားရေပ။ အဆံုးသတ္မွာေတာ့ ဇာတ္ေၾကာင္းက အေတာ္ေလးကိုအားေကာင္းတယ္ေလ။
.....
[Unicode]
"ဒင်...နဉ်ရှု..မွ! ငါက 2333ပါ။"
နဉ်ရှုခေါင်းထဲကနေ အသံတစ်သံက ရုတ်တရက်ထွက်ပေါ်လာတာကြောင့် နဉ်ရှု လန့်ပြီး ခုတင်ပေါ်ကနေ ထခုန်မိတော့မလိုဖြစ်သွားသည်။
"အဲ့ဒါ ဘာကြီးလဲ?"
နဉ်ရှု အေးစက်စွာ မေးလိုက်သည်။ ပြီးတော့ မွလို့တောင်အသံထွက်တယ်လား? ဟားဟား...
2333က စနောက်နေခြင်းကိုရပ်ကာ ပြောလာသည်။
"မင်းက မုယန်မုန့်ကို သူမရဲ့ကံကြမ္မာကနေလွတ်မြောက်ဖို့ ကူညီတိုက်ခိုက်ပေးမယ်ဆိုမှတော့ မင်း အဲ့ဒီ့အမျိုးသားတွေလက်ထဲမှာ မင်းရဲ့အပျိုစင်ဘဝကို ဆုံးရှုံးလို့မရဘူး။ မုယန်မုန့်က သူမရဲ့ဘဝသုံးခုလုံးမှာ ဒီလူတွေဖိအားပေးတာကို ခံခဲ့ရတယ်။ ဒါကြောင့် မင်းသာ pointများများလိုချင်ရင် သူတို့ကိုလည်း နည်းနည်းလောက်ပြန်ပြီး ဖိအားပေးသင့်တယ် နဉ်ရှု။"
"စိတ်ဒဏ်ရာရမှတ်များလေ အတွေ့အကြုံမှတ်တွေ မင်းပိုရလေပဲ။ ဒီကမ္ဘာရဲ့စည်းကမ်းတွေက အရမ်းအားကောင်းလွန်းတာကြောင့် ဒီတာဝန်က ခက်ခဲတယ်။ မုယန်မုန့်ရဲ့ဘဝက သတ်မှတ်ထားပြီးသား။ အဲ့ဒါကြောင့် သူမပြန်လည်မွေးဖွားပြီးတာတောင် ဒီကံကြမ္မာကနေ မလွတ်မြောက်နိုင်တာပဲ။"
Advertisement
2333က ရှင်းပြသည်။
ဒီကမ္ဘာက လမ်းကြမ်းကြမ်းပေါ်က ရထားတစ်စင်းလိုဆိုတာ နဉ်ရှုသဘောပေါက်သည်။ သူမအနေနဲ့ ဇာတ်ကြောင်းအတိုင်းလိုက်ပါရုံကလွဲပြီး ရွေးချယ်စရာမရှိပေ။ ဇာတ်ကြောင်းကို သူမဖျက်ဆီးလိုက်ရင်တောင်မှ ကမ္ဘာ့စည်းမျဉ်းတွေက မကြာခင်မှာပဲ သူမကို မူလဇာတ်ကြောင်းဆီပြန်ရောက်ရှိသွားအောင် တွန်းပို့လိမ့်မည်။
ရုတ်တရက် သူမ ပြင်းထန်လွန်းတဲ့ဖိအားတွေကို ခံစားလိုက်ရသည်။ သေစမ်း...သူမရွေးချယ်လိုက်တဲ့တာဝန်က ဘာလို့အရမ်းခက်ခဲနေရတာလဲ? လူတိုင်း ငြင်းပယ်ကြတဲ့တာဝန်ကို သူမရွေးချယ်မိပြီး အဆုံးသတ်သွားမှာတော့ မဟုတ်လောက်ပါဘူးနော်?
Fuck!
ဘယ်လိုပဲဖြစ်ဖြစ် ဒီတစ်ကြိမ်မှာ သူမရဲ့အလုပ်က မုယန်မုန့်ရဲ့ကံကြမ္မာကိုပြောင်းလဲပြီး အဲ့ဒီ့ယောက်ျားတွေကို စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတစ်ချို့ပေးနိုင်ဖို့ပဲ။
ဒါပေမယ့် ဒါကလည်း ယုတ္တိရှိသည်။ သူမသာ စက်ဆုပ်ဖို့ကောင်းတဲ့အရူးတွေကို သေအောင်မရိုက်နိုင်ရင် သူမက နှစ်သစ်တွေကျင်းပဖို့ သူတို့ကိုဝန်းရံအဖော်ပြုခိုင်းရမှာလား?
နဉ်ရှု ခုတင်ပေါ်ကထလိုက်ပြီး ပြိုင်ဘက်ကင်းသိုင်းပညာကို လေ့ကျင့်ဖို့ပြင်လိုက်သည်။ သူမသာမသန်မာရင် အဓမ္မကျင့်ခံရတဲ့ကံကြမ္မာကို ကာကွယ်နိုင်မှာမဟုတ်သလို သူမကလည်း အဓမ္မအကျင့်ခံရဖို့ ဆန္ဒမရှိဘူး။
အချိန်အတော်ကြာသွားပြီးတဲ့နောက်မှာ သူမက အသက်ပြင်းပြင်းရှူ သည်...ပြီးရင် ထပ်ပြီးအသက်ရှူ ပြန်သည်။ ဝမ်းနည်းဖို့ကောင်းစွာပဲ ဒီကိုယ်က လုံးဝမကျင့်ကြံနိုင်ဘူးဆိုတာ သူမသိသွားတော့သည်။ သူမ လေးနာရီနီးပါးကြာအောင်လေ့ကျင့်ပြီးတာတောင် သူမကိုယ်ထဲမှာ စွမ်းအင်အစုလေးတစ်စုတောင် ရှိမလာပေ။
သူမ စိုးရိမ်လာတာကြောင့် ချွေးတွေထွက်လာတော့သည်။ ချီးတဲ့မှ! ခွန်အားသာမရှိရင် သူမက ဒီလူတွေလှဲချဖို့ ထိုင်နေပေးတဲ့ဘဲကလေးသာသာပဲလေ! ဒီလိုမဖြစ်ရဘူး!
သူမက ရေခဲလိုကြည်လင်ပြီး ကျောက်စိမ်းလိုသန့်ရှင်းတဲ့သူဆိုတာ နဉ်ရှုသတိရသွားသည်။ သူမ ဘယ်လိုလုပ်ပြီး ဒီလိုလုပ်ဖို့ဖြစ်နိုင်မှာလဲ?
[T/N : ကျင့်ကြံတာကိုပြောချင်တာ ထင်ပါတယ်။]
"နဉ်ရှု...ဒီကိုယ်က ကျင့်ကြံဖို့ လုံးဝမဖြစ်နိုင်ဘူး။ လက်လျှော့လိုက်တော့။"
2333ရဲ့အသံက နဉ်ရှုခေါင်းထဲမှာ ပဲ့တင်ထပ်လာသည်။
နဉ်ရှု စိတ်ဆင်းရဲသွားသည်။ လှပတဲ့အမျိုးသမီးဇာတ်လိုက်ရဲ့ရည်ရွယ်ချက်က တစ်ခြားသူတွေဆွဲလှဲတာခံရဖို့ဆိုတာက ယုတ္တတော့ရှိသား။ သူမသာ ပြိုင်ဘက်ကင်းသိုင်းပညာကို အောင်အောင်မြင်မြင်လေ့ကျင့်နိုင်သွားရင် သူမက အရမ်းသန်မာသွားမှာ။ အဲ့ဒါဆို အမျိုးသားတွေက သူမကို ဘယ်လိုလုပ်ပြီးဆွဲလှဲလို့ရတော့မှာလဲ?
နူးညံ့ပြီး အားနည်းတဲ့ကိုယ်ကသာ ဆွဲလှဲဖို့လွယ်ကူမှာလေ။ ပြီးတော့ အဓိပ္ပါယ်မရှိတဲ့ဘယ်ရုန်းကန်မှုမျိုးမဆို ရယ်စရာသာဖြစ်နေမှာပဲ။ အမျိုးသမီးဇာတ်လိုက်ကို သာလွန်တဲ့ခွန်အားပိုင်ဆိုင်စေဖို့ခွင့်ပြုရမယ်? မဖြစ်နိုင်တာ!
နဉ်ရှု ခုတင်ပေါ်မှာထိုင်လိုက်ပြီး သက်ပြင်းချလိုက်သည်။ ထိုစဉ်မှာပဲ အခန်းတံခါးက ဘမ်းကနဲမြည်ကာ တွန်းဖွင့်ခံလိုက်ရလေ၏။
ခုံပေါ်မှာ အိပ်ပျော်နေတဲ့ကောင်မလေးက ဒီအသံကိုလန့်သွားတာကြောင့် မြေပေါ်ကိုပြုတ်ကျသွားသည်။ သူမက တွေဝေစွာထလိုက်ရင်း နဉ်ရှုကိုမေးလာသည်။
"မမလေး..မမလေး! ဘာဖြစ်နေတာလဲ?"
ဘာတွေဖြစ်နေလဲဆိုတာ ငါဘယ်လိုလုပ်သိမှာလဲ? နဉ်ရှု တံခါးဆီကြည့်လိုက်သည်။ လူတစ်ယောက်က နောက်မှာအခြားသူတွေခြံရံလျက် ဝင်လာလေ၏။
"ယန်မုန့်...မြို့က စစ်တပ်နဲ့အဝိုင်းခံထားရပြီ။ မြန်မြန် ထွက်သွားတော့။"
အတော်လေးကြည့်ကောင်းတဲ့ လူလတ်ပိုင်းကြီးတစ်ဦးက စိုးရိမ်စွာပြောလာသည်။
သူက မူလခန္ဓာရှင်ရဲ့ အဖေပင်ဖြစ်သည်။ ပြီးတော့ မြို့ကိုတိုက်ခိုက်နေတာက ဗိုလ်ချုပ်လားဆိုတာ သူမစိုးရိမ်လာသည်။ တစိမ့်စိမ့်ကြောက်ရွံ့မှုကြောင့် သူမနှလုံးသားလေး ခုန်လှုပ်နေသည်။
"မင်းမမလေးကို သူ့ပစ္စည်းတွေသိမ်းဖို့ မြန်မြန်ကူညီလိုက်!"
ဝန်ကြီးချုပ်မုက မျက်နှာကသေမလိုဖြူ ဖျော့နေတဲ့ အစေခံမလေးကို အော်လိုက်သည်။
အစေခံမလေးက ပစ္စည်းတွေကို လျင်မြန်စွာပင် စတင်ထုပ်ပိုးတော့သည်။
ထို့နောက် ဝန်ကြီးချုပ်မုက နဉ်ရှုကိုကြည့်ကာ သက်ပြင်းချလိုက်သည်။
"သုန်ဟွာပြည်က ပျက်စီးသွားပြီ။"
နဉ်ရှုလည်း သက်ပြင်းရှိုက်လိုက်၏။ ဒါက မူလခန္ဓာရှင်ရဲ့ ကံဆိုးခြင်းအစပဲ..အား!
"အဖေ...သမီးတို့ ဘယ်ကိုသွားကြမှာလဲ?"
သူမ ထွက်ပြေးနိုင်လိမ့်မယ်လို့တော့ နဉ်ရှုမခံစားရပေ။ အဆုံးသတ်မှာတော့ ဇာတ်ကြောင်းက အတော်လေးကိုအားကောင်းတယ်လေ။
.....
Advertisement
- In Serial79 Chapters
Avatar Online
Skilled, disciplined and merciless.
8 134 - In Serial10 Chapters
Natural Alchemist
Will is poor. This is a fact he does not like about himself. Even back at his home village he was considered poor, but poor in the big city means something completely different than poor in a small village... It means ten hour days of hard manual labor with barely enough money to survive, and poor living conditions. He's sick of it, and desperate for change. Perhaps that was what made him decide to spend such a large portion of his savings on a mysterious potion from that beggar... That, and it seemed so special when he held it. But ever since that day, he's been having the strangest dreams... And the work is really starting to take a toll on his body... Author's Note: I wasn't sure which mature content warnings I should put on this novel, as I'm pretty much pantsing the story. I'm putting them there mostly as a percaution, but also to not limit myself as to where the story can go. This is my first time writing and publishing anything substantial. Any feedback would be greatly appreciated.
8 88 - In Serial12 Chapters
Flap Merganser: Space Duck
This story began as joke to troll some dude on reddit, but I fell in love with the premise and kind of went crazy writing without any direction or planning. Luckily for me, I spent a couple months convinced I was dying and stepped away from the project. I'm not dying by the way, at least not any more than in the traditional sense. But during that period of inner turmoil, I was able to step back and realize I wasn't too thrilled with the direction this was going. So I have relaunched this project under the name Duck Around and Find Out. Some elements will be the same, and some early chapters may be pretty close to what was in the original draft, but I wanted to get into the action with a bit more haste. That being said, I'm going to leave this up here for now so that you can see how this whole project started. So read it if you want to. Or don't. I don't really care. I'm just happy I don't actually have a terminal cancer.
8 157 - In Serial23 Chapters
The village elder is manipulating our minds!
Jonathan was a good student, a loyal son, a decent brother, and a nice friend. He was even quite handsome. But all of this ended when his mother died. His father committed suicide soon after, and his younger brother disappeared. His once good friends distanced themselves from his life and he was left all alone with a debt that appeared out of nowhere. All in the period of one month. Thankfully he didn't have a girlfriend otherwise she might've cheated on him... What a way for the perfect calm life to end... The police didn't say anything nor did they help him, on the contrary, they threatened him. Jonathan had lost all faith in Humanity... He stopped studying and doing his hobbies, locking himself inside his home. But something deep in him made him stop and rethink this situation. So he searched for the truth... And he found it little by little. Eventually finding a complex political game between his father and some of his old colleagues. A brutal truth... But instead of the satisfying conclusion of having his revenge. He was silenced... Forever. [The trial has ended. You have passed all hurdles. To never lose hope, this is the most important quality of a Human.] [You are fit for the task] [Survive] And so Jonathan was thrown somewhere unknown with no knowledge of what was going on. He only had a few choices that would very well determine if he would survive or not. But which to choose? Will he survive? If so, then how? (This will be a kingdom-building story with a system. But I won't delve too much into politics... Lets see how this go)
8 192 - In Serial95 Chapters
The Little Black Book for Girlz: A Book on Healthy Sexuality
Check it out: not just a book about sex, but a look at girl culture by youth themselves. No stuffy school textbook. No nosey adults. Just a diverse group of teen girls from a community youth project who had questions about sexuality. To find answers, they collected stories, poetry, and artwork from other youth. They also interviewed frontline health experts to get solid facts about the stuff young women have to deal with.It’s a great mix of real-life examples and life-saving info. Topics include: • Relationships • Periods • Sex • Birth control • Pregnancy • Sexually Transmitted Infections / AIDS • Sexual assault.Everything has been vetted by doctors, and the book is endorsed by health professionals, so you know you’re getting good info. There’s also a section at the back with places you can contact to find out more.It’s all stuff that youth need to know, and it’s all decked out in a compact, easy-to-browse ’zine style. The Little Black Book for Girlz is a super-important, take-anywhere empowerment guide for girls. Don’t leave your teen years without it.
8 81 - In Serial260 Chapters
A New Kind of Freak (A dragon evolution story)
For dragons, those who dominate the food chain, growth is always a troublesome time. Left to fend for oneself with only a library of memories passed down as their inheritance, no fate is worse than being a failure before birth. What can a small mutated hatchling do in such snowy outskirts? With few options besides magic, the Nexus provides a quick source of power, but that does not mean his enemies were without strength. Levels and stats are available to all in this dragon eat dragon wor- "So... am I really made of Ice-cream?" * * * This is a Progression fantasy where the main concept is about the growing protagonist actually focusing on their own growth without passing through constant hoops for the sake of it. He stays out of trouble, albeit not always successfully, and only cares about evolving enough that he can hold his own weight in the world. Showing that being made of ice-cream isn't a weakness, but a strength when nurtered properly. Also it doesn't end in a protagonist who becomes/kills god, because that just doesn't fit the theme.
8 3265

