《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 6
Advertisement
[Zawgyi]
စစ္သည္ေတြအားလံုးထြက္သြားတဲ့အခါ စစ္ထူခ်င္းယီြက နဥ္ရႈဆီေလ်ွာက္လာၿပီး သူ႔ဓားကို စားပဲြေပၚပစ္တင္လိုက္ေလ၏။ အေစခံမေလးယဲြ႕လန္ဟာ စစ္ထူခ်င္းယီြကို နတ္ဆိုးတစ္ေကာင္လို မ်က္လံုးအျပဴ းသားနဲ႔ၾကည့္ရင္း ေၾကာက္လြန္းသျဖင့္ သူမဒူးေတြေပ်ာ့ေခြလာကာ ၾကမ္းေပၚလဲက်သြားသည္။
နဥ္ရႈမ်က္ခံြေတြ လႈပ္ခတ္သြားေပမယ့္လည္း သူမက သူမရဲ႕တည္ၿငိမ္တဲ့အမူအရာကို ဆက္လက္ထိန္းသိမ္းထားဆဲပင္။ Fudge...သူမသာ ၿပိဳင္ဘက္ကင္းသိုင္းပညာကို ေလ့က်င့္နိုင္ခဲ့ရင္...။ သူမ သူ႔ကို ေသလမ္းကို တည့္တည့္မတ္မတ္ပို႔ေပးနိုင္မွာေသခ်ာတယ္။
စစ္ထူခ်င္းယီြက နဥ္ရႈကိုၾကည့္လိုက္ၿပီး တိုးညင္းစြာရယ္လိုက္သည္။
"မိန္းကေလးမုက ဒီေလာက္ရဲရင့္လိမ့္မယ္လို႔ ထင္မထားတာကိုေတာ့ ကိုယ္ဝန္ခံရမယ္။ မင္း ဒီစစ္သူႀကီးကို ေစာင့္ေနတာလား?"
စစ္ထူခ်င္းယီြက ဗို္လ္ခ်ဳပ္တစ္ေယာက္ျဖစ္ေပမယ့္လည္း သူ႔ပံုစံက အေတာ္ေလးကိုေကာင္းမြန္ကာ ရဲစြမ္းသတၲိရွိတဲ့ေလထုကိုလည္း ထုတ္လႊတ္ေနေသးသည္။ နဥ္ရႈကိုၾကည့္ေနတဲ့သူ႔မ်က္လံုးေတြက ေလာင္ၿမိဳက္ေနတဲ့ဆႏၵေတြျပည့္လို႔ေနသည္။
နဥ္ရႈက ေခ်ာင္းဟန္႔လိုက္ကာ သူမအသံကို အနည္းငယ္ပိုၿပီးျပတ္သားသြားေအာင္လုပ္လိုက္သည္။
"ဗိုလ္ခ်ဳပ္က ဒီမိန္းကေလးကို သတ္မွာလား?"
"မင္းကို သတ္မယ္? ဒီဗိုလ္ခ်ဳပ္က မင္းကို ဘယ္လိုလုပ္သတ္ရက္မွာလဲ?"
သူက ဒီလိုေျပာေနေပမယ့္လည္း ေနာပ္ထပ္ဓားတစ္လက္ကို ရုတ္ခ်ည္းဆဲြထုတ္လိုက္ၿပီး အျဖဴ ေရာင္ဓားသြားရဲ႕အလင္းတန္းေတြက နဥ္ရႈမ်က္နွာကို ေရာင္ျပန္ဟပ္လာသည္။
စစ္ထူခ်င္းယီြက နဥ္ရႈနဖူးကို ဓားနဲ႔ထိုးသြင္းရန္ျပင္လိုက္ေသာ္လည္း နဥ္ရႈက ေရွာင္ရန္မႀကိဳးစားဘဲ သူ႔ကိုသာ ေၾကာင္အစြာၾကည့္ေနလိုက္သည္။
"မမေလး!"
ယဲြ႕လန္က ေအာ္လိုက္သည္။ သူမမ်က္နွာက ျဖဴ ေဖ်ာ့ေနေခ် ၿပီ။
နဥ္ရႈရဲ႕အမူအရာက လံုးဝမေျပာင္းလဲတာကို စစ္ထူခ်င္းယီြျမင္တဲ့အခါ သူက ဓားကိုေအာက္စိုက္ခ်လိုက္ကာ တစ္ျခားလက္တစ္ဖက္ကိုဆန္႔ထုတ္လုိက္ၿပီး သူမဆံပင္မွာထိုးထားတဲ့ ဆံထိုးကို လ်င္ျမန္စြာပင္ဆဲြနႈတ္လိုက္သည္။ ၿပီးေနာက္ သူက ဆံထိုးကို သူ႔နွာေခါင္းနားကပ္ကာရွဴ ရႈ္ိက္လိုက္ၿပီး နက္ရႈိင္းေသာအသံနွင့္ တီးတိုးေရ႐ြတ္ေလသည္။
"ေမႊးလိုက္တာ။"
နဥ္ရႈ နႈတ္ခမ္းေတြတြန္႔ေကြးသြားေပမယ့္လည္း သူမက စကားမေျပာေခ်။ သူမကိုယ္ရဲ႕ဆဲြေဆာင္မႈေတြေလ်ာ့က်သြားေစဖို႔ သူမအေနနဲ႔ ေအးစက္ၿပီးသီးသန္႔ဆန္တဲ့အမူအရာကို ထိန္းထားရန္လိုသည္။ မုယန္မုန္႔ရဲ႕ကိုယ္က pheromoneေတြထုတ္လႊင့္ေနၿပီး 'ကြၽန္မကို ျမန္ျမန္စားပါ...ကြၽန္မကိုစား'လို႔ ေျပာေနသေယာင္ေယာင္...။
ဒါေပမယ့္ ေအးတိေအးစက္အမူအရာနဲ႔အမ်ိဳးသမီးကို ႀကိဳက္တဲ့အမ်ိဳးသားေတြေတာ့ မရွိဘူးေလ။ ဟုတ္တယ္မလား?
စစ္ထူခ်င္းယီြက ဆံထိုးကို နဥ္ရႈဆံပင္ေတြထဲ တစ္ဖန္ထိုးစိုက္ေပးလိုက္သည္။
"အမ္..ဒီဆံထိုးက မင္းနဲ႔လိုက္ဖက္တာပဲ။"
အိုက္ယား...ၿပီးေတာ့ သူက အီစီကလီလုပ္တဲ့ေနရာမွာ ဆရာႀကီးပဲဟ။
မူလဇာတ္ေၾကာင္းမွာ စစ္ထူခ်င္းယီြက မုယန္မုန္႔ကို ရိုးရိုးသားသားဆက္ဆံဖို႔ သူ႔ကိုယ္သူဖိအားေပးခဲ့ၿပီး ေနာက္ေတာ့ မုနးယန္မုန္႔ကိုယ္ရဲ႕ဆဲြေဆာင္မႈကို ခံလိုက္ရသည္။ ထို႔ေၾကာင့္ပင္ ဝန္ႀကီးခ်ဳပ္အိမ္ေတာ္ဝင္းတစ္ခုလံုးဟာ သူတို႔ကိုယ္သူတို႔ ေပ်ာ္ရႊင္ေစဖို႔ ေနရာတစ္ခုျဖစ္လာခဲ့သည္။
အမ်ိဳးသမီးတစ္ေယာက္က သူမရဲ႕ပထမဆံုးလူအေပၚ ထူးျခားတဲ့စိတ္ခံစားမႈေတြမျဖစ္ေပၚဘဲမေနေပ။ ထပ္ေျပာရရင္ ရင္းနွီးကြၽမ္းဝင္မႈက ခ်စ္ခင္နွစ္သက္မႈေတြကိုေပၚေပါက္လာေစသည္။ ထို႔ေၾကာင့္ပင္ သိပ္မၾကာမီမွာ မုယန္မုန္႔က သူမရဲ႕နွလံုးသားကို စစ္ထူခ်င္းယီြအားေပးအပ္ခဲ့သည္။
အမွန္ေတာ့ စစ္ထူခ်င္းယီြကလည္း သူမကိုခ်စ္တယ္လို႔ မုယန္မုန္႔ေတြးထင္ခဲ့တာျဖစ္သည္။ ၿပီးေတာ့ သူသာ သူမကိုမခ်စ္ရင္ ဘာေၾကာင့္မ်ား သူမနဲ႔ေန႔တိုင္းအိပ္ၿပီး ခ်စ္စိတ္ျပင္းျပစြာ လုပ္ေဆာင္မွာလဲေလ? အဆံုးသတ္မွာေတာ့ သူက သူမကိုျပည့္တန္ဆာတစ္ေယာက္လိုသာသေဘာထားခဲ့ၿပီး တုန္႔ဆိုင္းျခင္းအလ်င္းမရွိဘဲ သူမကို တစ္ျခားလူတစ္ေယာက္ထံ လက္ေဆာင္အျဖစ္ဆက္သလိုက္သည္။
ဒါက မုယန္မုန္႔ရဲ႕နွလံုးသားေလးကို ကဲြေၾကသြားေစသည္။
ဒီအလွေလးက သူ႔ကိုဂရုမစုိက္တာကို စစ္ထူခ်င္းယီြျမင္တဲ့အခါ ဖတ္မရတဲ့အၿပံဳးတစ္ခုက သူ႔နႈတ္ခမ္းေတြမွာျဖစ္တည္လာၿပီး ညင္သာစြာမွတ္ခ်က္ခ်ေလ၏။
"စိတ္ဝင္စားစရာပဲ...။ ေတာ္ေတာ္ေလး စိတ္ဝင္စားဖို႔ေကာင္းတယ္။"
နဥ္ရႈ : သခင္ႀကီး...ဒီစကားက မိန္းကေလးေတြကို ေကာက္ယူေတာ့မယ့္ေနရာမွာသံုးတဲ့ ေရွးအက်ဆံုးစကားပဲ။ ေနာက္တစ္ခြန္းက မိန္းကေလး...မင္း ငါ့စိတ္ဝင္စားမႈကို ေအာင္ေအာင္ျမင္ျမင္ရရွိသြားၿပီဆိုတာ ျဖစ္လိမ့္မယ္။
"အရမ္းေကာင္းတယ္။ မင္း ငါ့စိတ္ဝင္စားမႈကို ရသြားၿပီ။"
စစ္ထူခ်င္းယီြက ေပါ့ပါးစြာမွီခ်လိုက္ၿပီး သူ႔မ်က္နွာကို နဥ္ရႈမ်က္နွာနဲ႔နီးေအာင္ ေရႊ႕လိုက္သည္။ ဒီလႈပ္ရွားမႈက သူက သူမကိုနမ္းေတာ့မယ့္ပံုစံလိုပင္။ တစ္ခ်ိန္တည္းမွာပဲ သူက အမ်ိဳးသမီးေတြရဲ႕နွလံုးသားကို ျပင္းျပင္းထန္ထန္ခုန္ေပါက္သြားေစနိုင္တဲ့ ဖိနွိပ္နိုင္တဲ့ေအာ္ရာကို ထုတ္လႊတ္လိုက္သည္။
ဒါေပမယ့္ စစ္ထူခ်င္းယီြရဲ႕ အီစီကလီစေကးေတြကို ရင္ဆိုင္ေနတဲ့သူက နဥ္ရႈျဖစ္သည္။ သူမက သူ႔ကို အမူအရာမဲ့စြာျဖင့္ တစ္ခ်က္ၾကည့္လိုက္သည္။
စစ္ထူခ်င္းယီြက နဥ္ရႈေမးကိုပင့္မလိုက္ရင္း ပိုနီးေအာင္ကပ္လာသည္။ သူက သူမကို တကယ္နမ္းေတာ့မလိုပင္။
Tsk..tsk...သူ႔ကိုယ္က ေသြးနံ႔ဆိုးေတြထြက္ေနတယ္။ ဒီလူက ဝက္တစ္ေကာင္ကိုသတ္ၿပီးျပန္လာတဲ့အနံ႔ထြက္ေနတာေတာင္ ခုထိေရမခ်ိဳးရေသးဘူးလား?
နဥ္ရႈ လက္သီးတင္းတင္းဆုပ္ကာ စစ္ထူခ်င္းယီြရဲ႕မ်က္လံုးကို တည့္တည့္ပိတ္ထိုးလိုက္ေပမယ့္ သူက သူမရဲ႕လက္ကိုဖမ္းဆုပ္လိုက္တာနဲ႔ပဲ အဆံုးသတ္သြားသည္။ သူက ဖတ္မရတဲ့အၿပံဳးတစ္ခုနဲ႔ နဥ္ရႈကိုၾကည့္ရင္း သူမလက္သီးဆုပ္ကေလးကို သူ႔ရဲ႕ႀကီးမားတဲ့လက္ႀကီးနဲ႔ တင္းၾကပ္စြာဆုပ္ကုိင္လိုက္သည္။
"ဒီစစ္သူႀကီးက မင္းရဲ႕ ေအးစက္စက္အမူအရာကို သေဘာက်တယ္။ ဒါေပမယ့္ သာယာမႈေၾကာင့္ ေရခဲလိုအလႊာေလးကြာက်သြားၿပီး မင္းထုတ္လႊတ္လာမယ့္ ပူေလာင္ျပင္းျပတဲ့ခ်စ္စိတ္ေတြက ပိုၿပီးဆဲြေဆာင္မႈရွိေနမွာ။"
စစ္ထူခ်င္းယီြက အေတာ္ေလးနိမ့္က်တဲ့စကားေတြကိုေျပာေနေပမယ့္ သူ႔ရဲ႕ေခ်ာေမာခန္႔ညားတဲ့မ်က္နွာနဲ႔ေပါင္းစပ္လိုက္တဲ့အခါ ဒီစကားေတြကေတာင္ အေတာ္ေလးညႇိဳ႕ယူဖမ္းစားနိုင္ေနသည္။
နဥ္ရႈ : Pfff...!
Fuck! ေအးစက္ၿပီး သီးသန္႔ဆန္သလိုသရုပ္ေဆာင္မယ့္အစီအစဥ္ က်ရႈံးတယ္!
......
[Unicode]
စစ်သည်တွေအားလုံးထွက်သွားတဲ့အခါ စစ်ထူချင်းယွီက နဉ်ရှုဆီလျှောက်လာပြီး သူ့ဓားကို စားပွဲပေါ်ပစ်တင်လိုက်လေ၏။ အစေခံမလေးယွဲ့လန်ဟာ စစ်ထူချင်းယွီကို နတ်ဆိုးတစ်ကောင်လို မျက်လုံးအပြူးသားနဲ့ကြည့်ရင်း ကြောက်လွန်းသဖြင့် သူမဒူးတွေပျော့ခွေလာကာ ကြမ်းပေါ်လဲကျသွားသည်။
နဉ်ရှုမျက်ခွံတွေ လှုပ်ခတ်သွားပေမယ့်လည်း သူမက သူမရဲ့တည်ငြိမ်တဲ့အမူအရာကို ဆက်လက်ထိန်းသိမ်းထားဆဲပင်။ Fudge...သူမသာ ပြိုင်ဘက်ကင်းသိုင်းပညာကို လေ့ကျင့်နိုင်ခဲ့ရင်...။ သူမ သူ့ကို သေလမ်းကို တည့်တည့်မတ်မတ်ပို့ပေးနိုင်မှာသေချာတယ်။
Advertisement
စစ်ထူချင်းယွီက နဉ်ရှုကိုကြည့်လိုက်ပြီး တိုးညင်းစွာရယ်လိုက်သည်။
"မိန်းကလေးမုက ဒီလောက်ရဲရင့်လိမ့်မယ်လို့ ထင်မထားတာကိုတော့ ကိုယ်ဝန်ခံရမယ်။ မင်း ဒီစစ်သူကြီးကို စောင့်နေတာလား?"
စစ်ထူချင်းယွီက ဗိုလ်ချုပ်တစ်ယောက်ဖြစ်ပေမယ့်လည်း သူ့ပုံစံက အတော်လေးကိုကောင်းမွန်ကာ ရဲစွမ်းသတ္တိရှိတဲ့လေထုကိုလည်း ထုတ်လွှတ်နေသေးသည်။ နဉ်ရှုကိုကြည့်နေတဲ့သူ့မျက်လုံးတွေက လောင်မြိုက်နေတဲ့ဆန္ဒတွေပြည့်လို့နေသည်။
နဉ်ရှုက ချောင်းဟန့်လိုက်ကာ သူမအသံကို အနည်းငယ်ပိုပြီးပြတ်သားသွားအောင်လုပ်လိုက်သည်။
"ဗိုလ်ချုပ်က ဒီမိန်းကလေးကို သတ်မှာလား?"
"မင်းကို သတ်မယ်? ဒီဗိုလ်ချုပ်က မင်းကို ဘယ်လိုလုပ်သတ်ရက်မှာလဲ?"
သူက ဒီလိုပြောနေပေမယ့်လည်း နောပ်ထပ်ဓားတစ်လက်ကို ရုတ်ချည်းဆွဲထုတ်လိုက်ပြီး အဖြူ ရောင်ဓားသွားရဲ့အလင်းတန်းတွေက နဉ်ရှုမျက်နှာကို ရောင်ပြန်ဟပ်လာသည်။
စစ်ထူချင်းယွီက နဉ်ရှုနဖူးကို ဓားနဲ့ထိုးသွင်းရန်ပြင်လိုက်သော်လည်း နဉ်ရှုက ရှောင်ရန်မကြိုးစားဘဲ သူ့ကိုသာ ကြောင်အစွာကြည့်နေလိုက်သည်။
"မမလေး!"
ယွဲ့လန်က အော်လိုက်သည်။ သူမမျက်နှာက ဖြူ ဖျော့နေချေ ပြီ။
နဉ်ရှုရဲ့အမူအရာက လုံးဝမပြောင်းလဲတာကို စစ်ထူချင်းယွီမြင်တဲ့အခါ သူက ဓားကိုအောက်စိုက်ချလိုက်ကာ တစ်ခြားလက်တစ်ဖက်ကိုဆန့်ထုတ်လိုက်ပြီး သူမဆံပင်မှာထိုးထားတဲ့ ဆံထိုးကို လျင်မြန်စွာပင်ဆွဲနှုတ်လိုက်သည်။ ပြီးနောက် သူက ဆံထိုးကို သူ့နှာခေါင်းနားကပ်ကာရှူ ရှုိက်လိုက်ပြီး နက်ရှိုင်းသောအသံနှင့် တီးတိုးရေရွတ်လေသည်။
"မွှေးလိုက်တာ။"
နဉ်ရှု နှုတ်ခမ်းတွေတွန့်ကွေးသွားပေမယ့်လည်း သူမက စကားမပြောချေ။ သူမကိုယ်ရဲ့ဆွဲဆောင်မှုတွေလျော့ကျသွားစေဖို့ သူမအနေနဲ့ အေးစက်ပြီးသီးသန့်ဆန်တဲ့အမူအရာကို ထိန်းထားရန်လိုသည်။ မုယန်မုန့်ရဲ့ကိုယ်က pheromoneတွေထုတ်လွှင့်နေပြီး 'ကျွန်မကို မြန်မြန်စားပါ...ကျွန်မကိုစား'လို့ ပြောနေသယောင်ယောင်...။
ဒါပေမယ့် အေးတိအေးစက်အမူအရာနဲ့အမျိုးသမီးကို ကြိုက်တဲ့အမျိုးသားတွေတော့ မရှိဘူးလေ။ ဟုတ်တယ်မလား?
စစ်ထူချင်းယွီက ဆံထိုးကို နဉ်ရှုဆံပင်တွေထဲ တစ်ဖန်ထိုးစိုက်ပေးလိုက်သည်။
"အမ်..ဒီဆံထိုးက မင်းနဲ့လိုက်ဖက်တာပဲ။"
အိုက်ယား...ပြီးတော့ သူက အီစီကလီလုပ်တဲ့နေရာမှာ ဆရာကြီးပဲဟ။
မူလဇာတ်ကြောင်းမှာ စစ်ထူချင်းယွီက မုယန်မုန့်ကို ရိုးရိုးသားသားဆက်ဆံဖို့ သူ့ကိုယ်သူဖိအားပေးခဲ့ပြီး နောက်တော့ မုနးယန်မုန့်ကိုယ်ရဲ့ဆွဲဆောင်မှုကို ခံလိုက်ရသည်။ ထို့ကြောင့်ပင် ဝန်ကြီးချုပ်အိမ်တော်ဝင်းတစ်ခုလုံးဟာ သူတို့ကိုယ်သူတို့ ပျော်ရွှင်စေဖို့ နေရာတစ်ခုဖြစ်လာခဲ့သည်။
အမျိုးသမီးတစ်ယောက်က သူမရဲ့ပထမဆုံးလူအပေါ် ထူးခြားတဲ့စိတ်ခံစားမှုတွေမဖြစ်ပေါ်ဘဲမနေပေ။ ထပ်ပြောရရင် ရင်းနှီးကျွမ်းဝင်မှုက ချစ်ခင်နှစ်သက်မှုတွေကိုပေါ်ပေါက်လာစေသည်။ ထို့ကြောင့်ပင် သိပ်မကြာမီမှာ မုယန်မုန့်က သူမရဲ့နှလုံးသားကို စစ်ထူချင်းယွီအားပေးအပ်ခဲ့သည်။
အမှန်တော့ စစ်ထူချင်းယွီကလည်း သူမကိုချစ်တယ်လို့ မုယန်မုန့်တွေးထင်ခဲ့တာဖြစ်သည်။ ပြီးတော့ သူသာ သူမကိုမချစ်ရင် ဘာကြောင့်များ သူမနဲ့နေ့တိုင်းအိပ်ပြီး ချစ်စိတ်ပြင်းပြစွာ လုပ်ဆောင်မှာလဲလေ? အဆုံးသတ်မှာတော့ သူက သူမကိုပြည့်တန်ဆာတစ်ယောက်လိုသာသဘောထားခဲ့ပြီး တုန့်ဆိုင်းခြင်းအလျင်းမရှိဘဲ သူမကို တစ်ခြားလူတစ်ယောက်ထံ လက်ဆောင်အဖြစ်ဆက်သလိုက်သည်။
ဒါက မုယန်မုန့်ရဲ့နှလုံးသားလေးကို ကွဲကြေသွားစေသည်။
ဒီအလှလေးက သူ့ကိုဂရုမစိုက်တာကို စစ်ထူချင်းယွီမြင်တဲ့အခါ ဖတ်မရတဲ့အပြုံးတစ်ခုက သူ့နှုတ်ခမ်းတွေမှာဖြစ်တည်လာပြီး ညင်သာစွာမှတ်ချက်ချလေ၏။
"စိတ်ဝင်စားစရာပဲ...။ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်။"
နဉ်ရှု : သခင်ကြီး...ဒီစကားက မိန်းကလေးတွေကို ကောက်ယူတော့မယ့်နေရာမှာသုံးတဲ့ ရှေးအကျဆုံးစကားပဲ။ နောက်တစ်ခွန်းက မိန်းကလေး...မင်း ငါ့စိတ်ဝင်စားမှုကို အောင်အောင်မြင်မြင်ရရှိသွားပြီဆိုတာ ဖြစ်လိမ့်မယ်။
"အရမ်းကောင်းတယ်။ မင်း ငါ့စိတ်ဝင်စားမှုကို ရသွားပြီ။"
စစ်ထူချင်းယွီက ပေါ့ပါးစွာမှီချလိုက်ပြီး သူ့မျက်နှာကို နဉ်ရှုမျက်နှာနဲ့နီးအောင် ရွှေ့လိုက်သည်။ ဒီလှုပ်ရှားမှုက သူက သူမကိုနမ်းတော့မယ့်ပုံစံလိုပင်။ တစ်ချိန်တည်းမှာပဲ သူက အမျိုးသမီးတွေရဲ့နှလုံးသားကို ပြင်းပြင်းထန်ထန်ခုန်ပေါက်သွားစေနိုင်တဲ့ ဖိနှိပ်နိုင်တဲ့အော်ရာကို ထုတ်လွှတ်လိုက်သည်။
ဒါပေမယ့် စစ်ထူချင်းယွီရဲ့ အီစီကလီစကေးတွေကို ရင်ဆိုင်နေတဲ့သူက နဉ်ရှုဖြစ်သည်။ သူမက သူ့ကို အမူအရာမဲ့စွာဖြင့် တစ်ချက်ကြည့်လိုက်သည်။
စစ်ထူချင်းယွီက နဉ်ရှုမေးကိုပင့်မလိုက်ရင်း ပိုနီးအောင်ကပ်လာသည်။ သူက သူမကို တကယ်နမ်းတော့မလိုပင်။
Tsk..tsk...သူ့ကိုယ်က သွေးနံ့ဆိုးတွေထွက်နေတယ်။ ဒီလူက ဝက်တစ်ကောင်ကိုသတ်ပြီးပြန်လာတဲ့အနံ့ထွက်နေတာတောင် ခုထိရေမချိုးရသေးဘူးလား?
နဉ်ရှု လက်သီးတင်းတင်းဆုပ်ကာ စစ်ထူချင်းယွီရဲ့မျက်လုံးကို တည့်တည့်ပိတ်ထိုးလိုက်ပေမယ့် သူက သူမရဲ့လက်ကိုဖမ်းဆုပ်လိုက်တာနဲ့ပဲ အဆုံးသတ်သွားသည်။ သူက ဖတ်မရတဲ့အပြုံးတစ်ခုနဲ့ နဉ်ရှုကိုကြည့်ရင်း သူမလက်သီးဆုပ်ကလေးကို သူ့ရဲ့ကြီးမားတဲ့လက်ကြီးနဲ့ တင်းကြပ်စွာဆုပ်ကိုင်လိုက်သည်။
"ဒီစစ်သူကြီးက မင်းရဲ့ အေးစက်စက်အမူအရာကို သဘောကျတယ်။ ဒါပေမယ့် သာယာမှုကြောင့် ရေခဲလိုအလွှာလေးကွာကျသွားပြီး မင်းထုတ်လွှတ်လာမယ့် ပူလောင်ပြင်းပြတဲ့ချစ်စိတ်တွေက ပိုပြီးဆွဲဆောင်မှုရှိနေမှာ။"
စစ်ထူချင်းယွီက အတော်လေးနိမ့်ကျတဲ့စကားတွေကိုပြောနေပေမယ့် သူ့ရဲ့ချောမောခန့်ညားတဲ့မျက်နှာနဲ့ပေါင်းစပ်လိုက်တဲ့အခါ ဒီစကားတွေကတောင် အတော်လေးညှို့ယူဖမ်းစားနိုင်နေသည်။
နဉ်ရှု : Pfff...!
Fuck! အေးစက်ပြီး သီးသန့်ဆန်သလိုသရုပ်ဆောင်မယ့်အစီအစဉ် ကျရှုံးတယ်!
......
Advertisement
- In Serial167 Chapters
Knights, Nobles, and Cannibals
Empires wage all out warfare for control of powerful crystals. Twelve unique shards capable of becoming battery banks for different special powers designated by colors, with alchemy infusions adding even more. The faction that mines, barters, or conquers the most rocks will dominate the planet of Tenare!
8 215 - In Serial25 Chapters
Arcana
Seth Alberts is a young scientist of the Phantom Industries, the world's leading developer in the fields of medicine, agriculture, engineering and modern weaponry. Almost futuristic compared to the current technologies, unknown organizations have repeatedly tried to invade and eventually succeeded in infiltrating the island of the Phantom. Seth, in the midst of escaping, accidentally forces his way into another world that is full of mysteries unexplainable by natural science. *Cover photo is not mine and will be immediately taken down if requested by the original artist*
8 232 - In Serial11 Chapters
Through the Divide - Chains of the Freed, Book 1
Raymundo Gonzalez Liu was orphaned at a young age when his parents were murdered in the crossfire of a shooting between two rival gang members. He was adopted by his now father Liu Dewei Han, a secretive Asian man who claimed him after the incident. On his 16th birthday, his father and his teacher turned uncle take him Sky Diving over the skies of the Sleeping Giant Mountain range as both a birthday gift and a 'rite of passage into manhood' that his father claims has always been present in his own family. Follow Raymundo as he is introduced to something that should have either been long lost or not even exist in the first place- MAGIC and is offered a choice, become a part of guardians of humanity, or give up his new powers to live in normalcy? Ray's encounter causes him to be sought after by the forces of the divide, both benevolent and benign to take advantage of it. Will he be swallowed up by the divide or will he forge his own path?
8 129 - In Serial33 Chapters
Tann Angle's Formula
She was the creator of 'the world', she had the ability to bend the principles of sciences, she had the ability to change everything. However, this ability was taken away. She was left in a world of danger, haunted by the Hetzers. She had to face reality, to blend into the society created by her own hands, and to make relationships that she used to consider as 'unreal'.
8 202 - In Serial21 Chapters
Untold Stories
"Behind every poem, there's an untold story,..."
8 121 - In Serial7 Chapters
Writers Digest {A Writing Guide}
A guide from Creating Covers to Creating the perfect character. This guide has it all!
8 152

