《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 7
Advertisement
[Zawgyi]
စစ္ထူခ်င္းယီြက နဥ္ရႈရဲ႕လက္ကိုနမ္းဖို႔ ေခါင္းငံုု႔လိုက္သည္။ ဒါေပမယ့္ နဥ္ရႈက သူမလက္ကို သူ႔လက္ထဲကေနရုန္းထြက္လိုက္ကာ သူမလည္ပင္းမွာဆဲြထားတဲ့ခရာဆီလက္လွမ္းလိုက္ၿပီး အားကုန္သံုး၍ ခရာမႈတ္လိုက္သည္။
ဖုတ္! အနက္ေရာင္ပံုရိပ္တစ္ခုက ျပတင္းေပါက္ကေန ခုန္ဝင္လာသည္။ သူက အနက္ေရာင္အဝတ္အစားေတြဝတ္ထားၿပီး အဝတ္မ်က္နွာဖံုးတစ္ခုကိုလည္းတပ္ထားေသးတာေၾကာင့္ လင္းထင္းေနတဲ့အခန္းထဲမွာ ထင္ရွားေနေတာ့သည္။
"ဒီမမေလးအတြက္ သူ႔ကိုေသေအာင္ရိုကိပစ္လိုက္စမ္း! ဒီအယုတ္တမာေကာင္က မင္းမမေလးအေပၚ အခြင့္အေရးယူဖို႔ႀကိဳးစားရဲတယ္! ဒါေၾကာင့္ သူ႔ရဲ႕တန္ဆာကို ျဖတ္ပစ္လိုက္!"
နဥ္ရႈက စစ္ထူခ်င္းယီြကို လက္ညႇိဳးထိုးကာ စတင္ဆဲဆိုေလေတာ့သည္။ တည္ၿငိမ္ေအးစက္ၿပီး သီးသန္႔ဆန္တဲ့အမူအရာေတြလံုးဝမရွိေတာ့တာေၾကာင့္ စစ္ထူခ်င္းယီြက ေနာက္ကို အနည္းငယ္ဆုတ္သြားသည္။ အလွေလးရဲ႕စိတ္ထားက ဘာေၾကာင့္ရုတ္တရက္ႀကီးေျပာင္းလဲသြားရသလဲဆိုတာကို သူရႈပ္ေထြးေနတာ ထင္ရွားလို႔ေနသည္။
သူက မ်က္ခံုးပင့္ကာ ခပ္တိုးတိုးရယ္ရင္းေျပာလာသည္။
"ဒီေတာ့ မင္းမွာအကူရွိေနတယ္ေပါ့။ အလွေလးေရ...ဒီစစ္သူႀကီးက မင္းစကားေျပာတာကိုၾကားရတာ အရမ္းသေဘာက်တယ္။ မင္းဆဲဆိုေနရင္ေတာင္မွ မင္းအသံေလးက နားဝင္ခ်ိဳေနတုန္းပဲ။"
နဥ္ရႈ : ....
What the fuck!
အခုေတာ့ နဥ္ရႈတစ္ေယာက္ သူမ ဆံြ႕အသြားေအာင္ အဆိပ္သာေသာက္ပစ္ခ်င္ေနေတာ့သည္။
ဒါက သနားစရာေကာင္းတဲ့အမ်ိဳးသမီးဇာတ္လိုက္ရဲ႕ဘဝပဲ။ နာက်င္စရာေကာင္းတဲ့အေျခအေနမ်ိဳးနဲ႔ႀကံဳရရင္ေတာင္ သူမမ်က္နွာအမူအရာေလးက အမ်ိဳးသားေတြက သူမကိုပိုနွိပ္စက္ခ်င္စိတ္ျဖစ္ေပၚလာေအာင္ ထိရွကဲြလြယ္တဲ့ပံုစံမ်ိဳးနဲ႔ လွပေနဦးမွာျဖစ္သည္။
နဥ္ရႈ သူမရဲ႕လည္ပင္းကိုဖိလိုက္ကာ သူမအသံရဲ႕ဆဲြေဆာင္မႈကို တတ္စြမ္းသမ်ွေလ်ွာ႔ခ်ရင္း လ်ွိဳ႕ဝွက္အေစာင့္ကို ေအာ္ေျပာလိုက္သည္။
"သူ႔ရဲ႕ တန္ဆာကိုျဖတ္ပစ္လိုိက္စမ္းပါ!"
စစ္ထူခ်င္းယီြက လ်ွိဳ႕ဝွက္အေစာင့္နဲ႔ စတင္တိုက္ခိုက္ေနေခ် ၿပီ။ ဓားသြားအခ်င္းခ်င္း ထိုးခုတ္မႈေတြၾကားမွာ စားပဲြအေတာ္မ်ားမ်ားက စစ္ေဘးဒဏ္ခံရသူေတြလိုပင္ ပ်က္စီးသြားၾကသည္။
ယဲြ႕လန္က တိုက္ခိုက္ေနတဲ့သူေတြကို မ်က္ေတာင္မခတ္ၾကည့္ရင္း နဥ္ရႈအနားကိုတိုးကပ္လာသည္။ ေမးခြန္းထုတ္လိုက္တဲ့သူမအသံက တုန္ရီလို႔ေနသည္။
"မမေလး...တန္ဆာဆိုတာ ဘာႀကီးလဲ?"
ဘုတ္! လူရိပ္တစ္ခုက နဥ္ရႈေရွ႕ကိုက်လာသည္။ ထိုသူက လ်ွိဳ႕ဝွက္အေစာင့္ဆိုတာ နဥ္ရႈေတြ႕လိုက္တဲ့အခါ သူမ မေကာင္းတဲ့ခံစားခ်က္ရလာသည္။ လ်ွိဳ႕ဝွက္အေစာင့္က သူ႔ရင္ဘတ္ကို လက္တစ္ဖက္ျဖင့္ဖိရင္း ထရပ္လိုက္သည္။
"သခင္မေလး...ဒီလူက အရမ္းသန္မာတယ္။ ကြၽန္ေတာ္ သူ႔ကိုမနိုင္ဘူး။ ဒါေၾကာင့္ ကြၽန္ေတာ္ ကြၽန္ေတာ့္ဒဏ္ရာေတြကို အရင္သြားကုလိုက္ဦးမယ္။"
စကားဆံုးသည္နွင့္ သူက ျပတင္းေပါက္မီခုန္ထြက္ကာ ဒီလိုပဲ ထြက္ေျပးသြားေလေတာ့သည္။ ဒီလိုပဲ...။
Fuck! နင္က ဒီေလာက္ေတာင္အသံုးမက်မွေတာ့ နင့္ကိုေကြၽးေမြးထားရတာ ဘာအက်ိဳးရွိလဲ? ထြက္ေျပးမယ္ဆိုရင္ေတာင္ အနည္းဆံုးေတာ့ နင့္သခင္ကိုပါေခၚသြားသင့္တယ္!
နဥ္ရႈ ေအးစက္ၿပီးသီးသန္႔ဆန္တဲ့အမူအရာကို ျပန္လည္ရယူလိုက္ကာ သူမေမးကို အထက္စီးဆန္စြာေမာ့လ်က္ စစ္ထူခ်င္းယီြကိုၾကည့္လိုက္သည္။ စစ္ထူခ်င္းယီြရဲ႕လက္တစ္ဖက္က ဒဏ္ရာရထားကာ ေသြးေတြစီးက်ေနသည္။
"စစ္သူႀကီး...ဘာျဖစ္ေနတာလဲ?"
အျပင္မွာအေစာင့္က်ေနတဲ့ စစ္သည္တစ္ေယာက္က ရုတ္ရုတ္သဲသဲျဖစ္သြားတဲ့အသံေတြကို ၾကားသြားသည္။
စစ္ထူခ်င္းယီြက နဥ္ရႈကို သူ႔ရဲ႕ျဖဴ ေဖြးေနတဲ့သြားေတြေပၚေအာင္ ၿပံဳးၿဖဲၿဖဲလုပ္ျပရင္း ညင္သာစြာပင္ျပန္ေျဖလိုက္သည္။
"ဘာမွမျဖစ္ဘူး။ အေျခအေနက နည္းနည္းေလးတင္းမာသြားရံုပါ။"
ထြက္လာတဲ့စကားေတြက အေတာ္ကိုရိသဲ့သဲ့နိုင္လွသည္။
အျပင္ဘက္ကလူက ခပ္ညစ္ညစ္ရယ္သံတစ္ခ်က္ေပးၿပီး ထြက္သြားေလ၏။
စစ္ထူခ်င္းယီြက နဥ္ရႈကိုလက္ညႇိုဳးထိုးကာ လက္ေခ်ာင္းကို ေကြးလ်က္ေခၚလိုက္သည္။
"ဒီကိုလာခဲ့။ ဒီစစ္သူႀကီးရဲ႕ဒဏ္ရာကို ပတ္တီးစည္းေပး။"
နဥ္ရႈက ဘာလုပ္ရမယ္မသိတာေၾကာင့္ တိတ္ဆိတ္လို႔သာေန၏။
"မင္းက ဒီကိုမလာမွေတာ့ ဒီစစ္သူႀကီးက မင္းဆီလာရမွာေပါ့။ ဒီစစ္သူႀကီးသာ မင္းဆီလာရင္ ကိစၥေတြက ဒီဒဏ္ရာကို ပတ္တီးစည္းေပးတာေလာက္နဲ႔ ၿပီးသြားမွာမဟုတ္ဘူးေနာ္။"
စစ္ထူခ်င္းယီြက ေျပာရင္းနွင့္ပင္ သူမဆီေလ်ွာက္လာ၏။
ေသစမ္း! နဥ္ရႈ သူ႔ကို တိတ္တဆိတ္က်ိန္ဆဲကာ သူ႔ဆီေလ်ွာက္သြားလိုက္သည္။ ေျခလွမ္းအနည္းငယ္လွမ္းၿပီးေနာက္မွာေတာ့ သူမရဲ႕ခါးက သူမလႈပ္ရွားလိုက္တိုင္း ယိမ္းႏဲြ႕ေနတာကို နဥ္ရႈသတိထားမိသြားသည္။ ဒါက သူ႔အလိုလိုျဖစ္လာတာပင္။
......
[NOTE]
ကိုယ္သံုးလိုက္တဲ့ တန္ဆာဆိုတဲ့ေနရာမွာ မူရင္းစာေရးဆရာေရးထားတာက chinese modernစကားျဖစ္တဲ့ 'JJ'ပါတဲ့။ JJဆိုရင္ english meaningမွာက joking, sweet guy friendဆိုတဲ့အဓိပၸါယ္မ်ိဳးရွိေနလို႔ E-translatorက weenieလို႔ျပန္ထားတာ။ ဘာျဖစ္ျဖစ္ မႀကီးနဥ္က ေခတ္သစ္စကားသံုးလိုက္တဲ့ပံုရပါတယ္။ အဲ့ဒါေၾကာင့္ ယဲြ႕လန္က နားမလည္တာျဖစ္ေလာက္တယ္။
.....
[Unicode]
စစ်ထူချင်းယွီက နဉ်ရှုရဲ့လက်ကိုနမ်းဖို့ ခေါင်းငုံ့လိုက်သည်။ ဒါပေမယ့် နဉ်ရှုက သူမလက်ကို သူ့လက်ထဲကနေရုန်းထွက်လိုက်ကာ သူမလည်ပင်းမှာဆွဲထားတဲ့ခရာဆီလက်လှမ်းလိုက်ပြီး အားကုန်သုံး၍ ခရာမှုတ်လိုက်သည်။
ဖုတ်! အနက်ရောင်ပုံရိပ်တစ်ခုက ပြတင်းပေါက်ကနေ ခုန်ဝင်လာသည်။ သူက အနက်ရောင်အဝတ်အစားတွေဝတ်ထားပြီး အဝတ်မျက်နှာဖုံးတစ်ခုကိုလည်းတပ်ထားသေးတာကြောင့် လင်းထင်းနေတဲ့အခန်းထဲမှာ ထင်ရှားနေတော့သည်။
"ဒီမမလေးအတွက် သူ့ကိုသေအောင်ရိုကိပစ်လိုက်စမ်း! ဒီအယုတ်တမာကောင်က မင်းမမလေးအပေါ် အခွင့်အရေးယူဖို့ကြိုးစားရဲတယ်! ဒါကြောင့် သူ့ရဲ့တန်ဆာကို ဖြတ်ပစ်လိုက်!"
နဉ်ရှုက စစ်ထူချင်းယွီကို လက်ညှိုးထိုးကာ စတင်ဆဲဆိုလေတော့သည်။ တည်ငြိမ်အေးစက်ပြီး သီးသန့်ဆန်တဲ့အမူအရာတွေလုံးဝမရှိတော့တာကြောင့် စစ်ထူချင်းယွီက နောက်ကို အနည်းငယ်ဆုတ်သွားသည်။ အလှလေးရဲ့စိတ်ထားက ဘာကြောင့်ရုတ်တရက်ကြီးပြောင်းလဲသွားရသလဲဆိုတာကို သူရှုပ်ထွေးနေတာ ထင်ရှားလို့နေသည်။
သူက မျက်ခုံးပင့်ကာ ခပ်တိုးတိုးရယ်ရင်းပြောလာသည်။
"ဒီတော့ မင်းမှာအကူရှိနေတယ်ပေါ့။ အလှလေးရေ...ဒီစစ်သူကြီးက မင်းစကားပြောတာကိုကြားရတာ အရမ်းသဘောကျတယ်။ မင်းဆဲဆိုနေရင်တောင်မှ မင်းအသံလေးက နားဝင်ချိုနေတုန်းပဲ။"
နဉ်ရှု : ....
What the fuck!
အခုတော့ နဉ်ရှုတစ်ယောက် သူမ ဆွံ့အသွားအောင် အဆိပ်သာသောက်ပစ်ချင်နေတော့သည်။
ဒါက သနားစရာကောင်းတဲ့အမျိုးသမီးဇာတ်လိုက်ရဲ့ဘဝပဲ။ နာကျင်စရာကောင်းတဲ့အခြေအနေမျိုးနဲ့ကြုံရရင်တောင် သူမမျက်နှာအမူအရာလေးက အမျိုးသားတွေက သူမကိုပိုနှိပ်စက်ချင်စိတ်ဖြစ်ပေါ်လာအောင် ထိရှကွဲလွယ်တဲ့ပုံစံမျိုးနဲ့ လှပနေဦးမှာဖြစ်သည်။
နဉ်ရှု သူမရဲ့လည်ပင်းကိုဖိလိုက်ကာ သူမအသံရဲ့ဆွဲဆောင်မှုကို တတ်စွမ်းသမျှလျှော့ချရင်း လျှို့ဝှက်အစောင့်ကို အော်ပြောလိုက်သည်။
"သူ့ရဲ့ တန်ဆာကိုဖြတ်ပစ်လိုက်စမ်းပါ!"
စစ်ထူချင်းယွီက လျှို့ဝှက်အစောင့်နဲ့ စတင်တိုက်ခိုက်နေချေ ပြီ။ ဓားသွားအချင်းချင်း ထိုးခုတ်မှုတွေကြားမှာ စားပွဲအတော်များများက စစ်ဘေးဒဏ်ခံရသူတွေလိုပင် ပျက်စီးသွားကြသည်။
ယွဲ့လန်က တိုက်ခိုက်နေတဲ့သူတွေကို မျက်တောင်မခတ်ကြည့်ရင်း နဉ်ရှုအနားကိုတိုးကပ်လာသည်။ မေးခွန်းထုတ်လိုက်တဲ့သူမအသံက တုန်ရီလို့နေသည်။
"မမလေး...တန်ဆာဆိုတာ ဘာကြီးလဲ?"
ဘုတ်! လူရိပ်တစ်ခုက နဉ်ရှုရှေ့ကိုကျလာသည်။ ထိုသူက လျှို့ဝှက်အစောင့်ဆိုတာ နဉ်ရှုတွေ့လိုက်တဲ့အခါ သူမ မကောင်းတဲ့ခံစားချက်ရလာသည်။ လျှို့ဝှက်အစောင့်က သူ့ရင်ဘတ်ကို လက်တစ်ဖက်ဖြင့်ဖိရင်း ထရပ်လိုက်သည်။
"သခင်မလေး...ဒီလူက အရမ်းသန်မာတယ်။ ကျွန်တော် သူ့ကိုမနိုင်ဘူး။ ဒါကြောင့် ကျွန်တော် ကျွန်တော့်ဒဏ်ရာတွေကို အရင်သွားကုလိုက်ဦးမယ်။"
စကားဆုံးသည်နှင့် သူက ပြတင်းပေါက်မီခုန်ထွက်ကာ ဒီလိုပဲ ထွက်ပြေးသွားလေတော့သည်။ ဒီလိုပဲ...။
Fuck! နင်က ဒီလောက်တောင်အသုံးမကျမှတော့ နင့်ကိုကျွေးမွေးထားရတာ ဘာအကျိုးရှိလဲ? ထွက်ပြေးမယ်ဆိုရင်တောင် အနည်းဆုံးတော့ နင့်သခင်ကိုပါခေါ်သွားသင့်တယ်!
နဉ်ရှု အေးစက်ပြီးသီးသန့်ဆန်တဲ့အမူအရာကို ပြန်လည်ရယူလိုက်ကာ သူမမေးကို အထက်စီးဆန်စွာမော့လျက် စစ်ထူချင်းယွီကိုကြည့်လိုက်သည်။ စစ်ထူချင်းယွီရဲ့လက်တစ်ဖက်က ဒဏ်ရာရထားကာ သွေးတွေစီးကျနေသည်။
"စစ်သူကြီး...ဘာဖြစ်နေတာလဲ?"
အပြင်မှာအစောင့်ကျနေတဲ့ စစ်သည်တစ်ယောက်က ရုတ်ရုတ်သဲသဲဖြစ်သွားတဲ့အသံတွေကို ကြားသွားသည်။
စစ်ထူချင်းယွီက နဉ်ရှုကို သူ့ရဲ့ဖြူ ဖွေးနေတဲ့သွားတွေပေါ်အောင် ပြုံးဖြဲဖြဲလုပ်ပြရင်း ညင်သာစွာပင်ပြန်ဖြေလိုက်သည်။
"ဘာမှမဖြစ်ဘူး။ အခြေအနေက နည်းနည်းလေးတင်းမာသွားရုံပါ။"
ထွက်လာတဲ့စကားတွေက အတော်ကိုရိသဲ့သဲ့နိုင်လှသည်။
အပြင်ဘက်ကလူက ခပ်ညစ်ညစ်ရယ်သံတစ်ချက်ပေးပြီး ထွက်သွားလေ၏။
စစ်ထူချင်းယွီက နဉ်ရှုကိုလက်ညှိုးထိုးကာ လက်ချောင်းကို ကွေးလျက်ခေါ်လိုက်သည်။
"ဒီကိုလာခဲ့။ ဒီစစ်သူကြီးရဲ့ဒဏ်ရာကို ပတ်တီးစည်းပေး။"
နဉ်ရှုက ဘာလုပ်ရမယ်မသိတာကြောင့် တိတ်ဆိတ်လို့သာနေ၏။
"မင်းက ဒီကိုမလာမှတော့ ဒီစစ်သူကြီးက မင်းဆီလာရမှာပေါ့။ ဒီစစ်သူကြီးသာ မင်းဆီလာရင် ကိစ္စတွေက ဒီဒဏ်ရာကို ပတ်တီးစည်းပေးတာလောက်နဲ့ ပြီးသွားမှာမဟုတ်ဘူးနော်။"
စစ်ထူချင်းယွီက ပြောရင်းနှင့်ပင် သူမဆီလျှောက်လာ၏။
သေစမ်း! နဉ်ရှု သူ့ကို တိတ်တဆိတ်ကျိန်ဆဲကာ သူ့ဆီလျှောက်သွားလိုက်သည်။ ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက်မှာတော့ သူမရဲ့ခါးက သူမလှုပ်ရှားလိုက်တိုင်း ယိမ်းနွဲ့နေတာကို နဉ်ရှုသတိထားမိသွားသည်။ ဒါက သူ့အလိုလိုဖြစ်လာတာပင်။
......
[NOTE]
ကိုယ်သုံးလိုက်တဲ့ တန်ဆာဆိုတဲ့နေရာမှာ မူရင်းစာရေးဆရာရေးထားတာက chinese modernစကားဖြစ်တဲ့ 'JJ'ပါတဲ့။ JJဆိုရင် english meaningမှာက joking, sweet guy friendဆိုတဲ့အဓိပ္ပါယ်မျိုးရှိနေလို့ E-translatorက weenieလို့ပြန်ထားတာ။ ဘာဖြစ်ဖြစ် မကြီးနဉ်က ခေတ်သစ်စကားသုံးလိုက်တဲ့ပုံရပါတယ်။ အဲ့ဒါကြောင့် ယွဲ့လန်က နားမလည်တာဖြစ်လောက်တယ်။
.....
Advertisement
- In Serial26 Chapters
Gray Mage: The Alchemist
Ethan Dyre is many things. A lifelong university student, medical technician, aspiring doctor, and pathologically indecisive. When he dies and is transported to the world of Esturia, he is granted a great soul and a single talent, that of unlimited potential. Waist deep in a world where magic is commonplace, his dreams of being a great hero are dashed when he finds that he cannot use his power for anything but making things. This is his story. Well, it is my story. My name is Ethan, and I am the Gray Mage.
8 176 - In Serial90 Chapters
Accidentally Smithing
Nik's life has been boring for the last couple of years. His engineering degree progresses adequately, he had some friends but not too many. But Nik's life would take a twist when heading home to take a shower suddenly stopped being an option. The sweet relief through toilet paper turned to ... well let's just say it isn't pleasant. Disappointed by the class {smith} assigned to him, with no knowledge about smithing or ore refining, he needs to survive in a hostile environment. Join Nik on his journey to survive in a world outside his comfort zone. -------------------------------------------------------- Crafting begins in the early tens. I am aware that some of the prose could be improved upon in the early chapters. I am working on redoing that right now!! It should get better around chapter 10. -------------------------------------------------------- I plan on releasing one chapter per week, this is not guaranteed since uni takes priority number 1.
8 835 - In Serial15 Chapters
Reborn: Phantom Code
A soldier who fought till the end for one world is given a choice. Go to his rest knowing that the threat was over, or accept a new life in a new world where he might need to use skills born in decades of war. For this soldier there was little choice, he had sworn an oath and even in death his honor wouldn't allow him to abandon his duty. [participant in the Royal Road Writathon challenge] [This is an original story, not a fanfic just because the MC is originally named for a comic book character]
8 143 - In Serial8 Chapters
The Knight's New Day
Succumbing to his final battle, a knight thinks that his death is the end of his story.... until he is given a chance to live again, to earn a place in paradise.
8 200 - In Serial16 Chapters
Angelic Quest
Our main character Christopher, goes into Angelic Quest and has many adventures :)
8 227 - In Serial8 Chapters
The Prince of Lies
Sabar is dying. Or so he thinks.What seems like a death sentence: the dreaded sleeping disease - the quiet and deadly korean trypanosomiasis pandemic of 2030 - may not be what it seems. On the far side of the last river, where the waves lap against the cruel cliffs of Eda, there are worse things than passing in your sleep. Sabar must survive. To survive this strange hell, and walk between the dreams, he must become something else. If he does it - if he returns with a taste of the dream - he will turn the world upside down all over again
8 86

