《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 9
Advertisement
[Zawgyi]
နဉ်ရှု : ...
သူမ အရမ်းရွံတာပဲ။
Advertisement
.....
.......
[Unicode]
ယွဲ့လန်ထွက်သွားပြီးနောက် စစ်ထူချင်းယွီက နဉ်ရှုကိုကြည့်ရန် ခေါင်းငုံ့လာပြန်၏။ နဉ်ရှုက စစ်ထူချင်းယွီရဲ့အကြည့်ကို တည်ငြိမ်စွာရင်ဆိုင်ရင်း သူမအင်္ကျီလက်ရှည်နဲ့ဖုံးနေတဲ့ ကပ်ကြေးကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်သည်။ ယွဲ့လန် အဝတ်စတွေညှပ်ပြီးတော့ သူမ ကပ်ကြေးကို တိတ်တိတ်လေးယူထားခဲ့တာဖြစ်သည်။
စစ်ထူချင်းယွီကသာ သူမကိုတစ်ခုခုလုပ်ရဲရင် သူမ လုံးဝတုန့်ဆိုင်းမနေဘဲ သူ့ရင်ဘတ်ကို ကပ်ကြေးနဲ့ထိုးမှာပင်။ သူက ချောတော့ရော ဘာဖြစ်လဲ? သူဘယ်လောက်ချောချော မုဒိမ်းကောင်က မုဒိမ်းကောင်ပင်။
"ဒီစစ်သူကြီးက မင်းလိုမျိုး ချမ်းသာတဲ့မိသားစုကမိန်းမတွေကို အမုန်းဆုံးပဲ။ လူတွေရှေ့မှာတော့ မင်းလိုလူမျိုးတွေက အပြစ်ကင်းစင်ပြီး သဘောကောင်းချင်ယောင်ဆောင်တယ်။ နောက်ကွယ်မှာတော့ တစ်ခြားလူတွေအပေါ် အကန့်အသတ်လေးတောင်မထားဘဲ အနိုင်ကျင့်နှိပ်စက်တယ်။"
စစ်ထူချင်းယွီက နဉ်ရှုမေးကို ဖျစ်ညှစ်လိုက်ကာ မှောင်မိုက်စွာပြောလာ၏။
"ဒါကြောင့်ပဲ...ဒီစစ်သူကြီးက မင်းလိုမိန်းမမျိုးတွေနဲ့တွေ့တဲ့အခါတိုင်း အရင်ဆုံးအဓမ္မကျင့်ပြီး သတ်ပစ်လိုက်တာပဲ။"
FUCK! ဒီကောင်က စိတ်မမှန်တဲ့ကောင်ပဲ။ မုယန်မုန့်တစ်ယောက် အဓမ္မကျင့်ခံရပြီးတာတောင် နှုတ်ဆိတ်နေခဲ့တာကို သူမ သဘောပေါက်သွားသည်။ သူမက အသတ်မခံချင်ခဲ့တာပဲ။
နဉ်ရှုရဲ့ အမူအရာက အပြောင်းအလဲမရှိတာကို စစ်ထူချင်းယွီမြင်တဲ့အခါ သူကမေးလာ၏။
"ပြောကြည့်။ ဒီစစ်သူကြီးက မင်းကို ဘယ်လိုလုပ်သင့်လဲ?"
"အရင်ဆုံးသတ်ပြီးမှ အဓမ္မကျင့်ရင်ရော?"
အရင်ကတော့ အဓမ္မကျင့်ပြီးမှ သတ်တာပင်။ လောလောဆယ်တော့ ကောင်းကောင်းဆိုးဆိုး သူမက အမျိုးသမီးဇာတ်လိုက်ဖြစ်တာကြောင့် သူမအခြေအနေက နည်းနည်းတော့ ထူးခြားရမည်လေ။
"ဒါဆို တစ်ချိန်တုန်းက ဒီစစ်သူကြီးကို ဒူးထောက်ပြီး သူ့ဖိနပ်တွေကိုလျက်ခိုင်းခဲ့တဲ့ မမလေးဘယ်လိုဖြစ်သွားလဲဆိုတာ ခန့်မှန်းကြည့်။"
စစ်ထူချင်းယွီက နဉ်ရှုနဲ့ စကားပြောချင်နေပုံပေါ်သည်။ ခေါင်းစဉ်က အတော်လေးကိုစိတ်မသက်မသာဖြစ်ဖွယ်ပင်။
"ဒီစစ်သူကြီးက သူမကို ဘယ်လိုလုပ်မလဲဆိုတာ ခန့်မှန်းကြည့်။"
စစ်ထူချင်းယွီက ထိုင်ချလိုက်ကာ နဉ်ရှုကို ခပ်ဖျော့ဖျော့အပြုံးတစ်ခုဖြင့်ကြည့်လာသည်။ သို့သော်လည်း သူ့မျက်လုံးတွေထဲမှာတော့ ရွံရှာစက်ဆုပ်မှုအပြည့်ပင်။
နဉ်ရှု မျက်တောင်ခတ်ကာပြောလိုက်သည်။
"ရှင် သူမကို လူမဆန်တဲ့နည်းတွေနဲ့ နှိပ်စက်ညှင်းပန်းခဲ့မှာ သေချာတယ်။"
"ဒီစစ်သူကြီးက သူမကို ဝံပုလွေအုပ်ထဲပစ်ချလိုက်တယ်။ ဝံပုလွေတွေက ဆေးခတ်ခံထားရတာကြောင့် သူတို့က သူမအသားတွေကိုစုတ်ဖြဲကြကြီး သူမကို ကာမဆက်ဆံကြတယ်။ ဒါပေမယ့် ဒီစစ်သူကြီးက သူမကို ဒီလောက်မြန်မြန်ကြီးမသေစေချင်တာမို့ သူမက လဝက်လောက်အသက်ရှင်ခဲ့ပြီး တစ်ချိန်လုံးဝံပုလွေတွေရဲ့အောက်မှာ နေခဲ့ရတယ်။ နောက်ဆုံးကျတော့ သူမ သွေးထွက်လွန်ပြီးသေသွားခဲ့တယ်။ သူမသေသွားတဲ့အချိန်မှာ တစ်ချိန်တုန်းက သူမရဲ့ကျက်သရေရှိတဲ့မျက်နှာလေးကိုတောင် ဒီစစ်သူကြီး မမှတ်မိနိုင်တော့ဘူး။"
စစ်ထူချင်းယွီက နဉ်ရှုကိုကြည့်လာသည်။
"ဒီလိုနှိပ်စက်တဲ့နည်းလမ်းမျိုးကို မင်းဘယ်လိုထင်လဲ?"
နဉ်ရှု : ...
သူမ အရမ်းရွံတာပဲ။
ထို့နောက်တွင်မူ စစ်ထူချင်းယွီက ဆက်လက်စကားပြောနေခဲ့သည်။ အတိုချုံးရလျှင်တော့ ဒါတွေက တစ်ချိန်က ဆင်းရဲပြီး ချမ်းသာတဲ့မိသားစုတွေရဲ့မမလေးတွေလက်ထဲမှာ အနိုင်ကျင့်အရှက်ခွဲခံခဲ့ရတဲ့ လူငယ်လေး စစ်ထူချင်းယွီအကြောင်းပင်။ စစ်ထူချင်းယွီက အရပ်ရှည်ပြီးချောမောခန့်ညားတာကြောင့် ချမ်းသာတဲ့မမလေးတွေရဲ့ သူ့ကိုဖိနှိပ်လိုစိတ်ကို အစပျိုးပေးသလိုဖြစ်နေခဲ့သည်။ သူမတို့က သူ့ကို မြေပေါ်မှာဒူးထောက်စေကာ ခွေးလိုဟောင်ခိုင်းသည်။ သူမတို့ရဲ့ ဖိနပ်တွေကိုပင် လျက်ခိုင်းလေ၏။
ဒါတွေက စစ်ထူချင်းယွီရဲ့နှလုံးသားထဲမှာ နက်ရှိုင်းစွာအရိပ်ထင်နေခဲ့ပြီး သူ့စိတ်ကို မူမမှန်ဖြစ်လာစေခဲ့သည်။ သူအောင်မြင်မှုတွေရရှိလာခဲ့ပြီး အသိအမှတ်ပြုခံခဲ့ရချိန်မှာတော့ သူက သူ့ကိုဒီလိုလုပ်ခဲ့သူတွေတစ်ယောက်ချင်းစီကို အရက်စက်ဆုံး၊ လူမဆန်ဆုံးနည်းလမ်းတွေနဲ့ ချက်ချင်းပင် လက်စားချေလေတော့၏။
စစ်ထူချင်းယွီက မုယန်မုန့်ကို ဖမ်းမိမိချင်းမှာတင် ဘာကြောင့် အကြောင်းပြချက်မရှိ အဓမ္မကျင့်ရသလဲဆိုတာ နဉ်ရှုနားလည်သွားသည်။ ဒီတော့ ဒါက နောက်ကြောင်းပေါ့လေ။ မင်းသားက သူမကိုတောင်းဆိုလာတဲ့အခါ စစ်ထူချင်းယွီက မုယန်မုန့်ကို တုန့်ဆိုင်းခြင်းအလျင်းမရှိဘဲ လက်ဆောင်အဖြစ်ဆက်သလိုက်သည်မှာလည်း အံ့သြစရာမရှိတော့။
စစ်ထူချင်းယွီက ချမ်းသာတဲ့မိသားစုက မိန်းကလေးတွေကိုမုန်းပြီး မုယန်မုန့်ကတော့ သုန်ဟွာပြည်ဝန်ကြီးချုပ်၏ သမီးဖြစ်သည်လေ။ သူမက အမည်ခံကြွယ်ဝချမ်းသာသူမဟုတ်ဘဲ အမှန်တကယ်ကြွယ်ဝချမ်းသာသူဖြစ်နေခဲ့သည်။
ထို့ကြောင့်ပင် စစ်ထူချင်းယွီက မုယန်မုန့်ကိုမြင်တဲ့အခါ သူ့ရဲ့အမုန်းတရားတွေကို သူမရဲ့ကိုယ်ပေါ်သွန်ချလိုက်ခြင်းပင်။ သို့သော်လည်း အမျိုးသမီးဇာတ်လိုက်ရဲ့ကိုယ်က အရမ်းကိုဆွဲဆောင်မှုရှိတာကြောင့် စစ်ထူချင်းယွီက မုယန်မုန့်ကို သူ့ရဲ့ကိုယ်ပိုင်ပစ္စည်းတစ်ခုအဖြစ်မှတ်ယူကာ သူမကို ဒီအိမ်တော်ထဲမှာ အကျဉ်းချထားတော့သည်။ တစ်ရက်မှာ နှစ်ဆယ့်လေးနာရီရှိပေမယ့် သူကတော့ အချိန်အားလုံးကို သူမနဲ့အိပ်ခြင်းဖြင့်သာကုန်ဆုံးလေ၏။
နဉ်ရှု ဆွံ့အသွားချေပြီ။ မုယန်မုန့်က ဒီကိစ္စထဲကို ဆွဲထည့်ခံလိုက်ရခြင်းသာ။ ကျွတ်..ကျွတ်...သူက ဒီလိုပြင်းထန်များပြားလွန်းတဲ့နစ်နာမှုတွေကို ခံစားခဲ့ရတဲ့အတွက် လူ့အဖွဲ့အစည်းအားလုံးနဲ့ အမျိုးသမီးတွေအားလုံးအပေါ်မှာ လက်စားချေတတ်တဲ့ ချာတူးလန်ဖွတ်ကျားတစ်ကောင်ဖြစ်သွားတယ်။
နဉ်ရှုမျက်နှာပေါ်က အထင်သေးတဲ့အမူအရာကို စစ်ထူချင်းယွီမြင်တဲ့အခါ သူ့အမူအရာက ချက်ချင်းပင်မည်းမှောင်သွားတော့သည်။
"ဒါ ဘာအမူအရာလဲ? မင်းက ငါ့ကို အထင်သေးနေတာလား? မင်းကိုယ်မင်း မြင့်မြတ်ပြီး အာဏာရှိတဲ့မမလေးလို့ ထင်နေသေးတာလား?"
"ကျွတ်..ကျွတ်..ကျွန်မ ဘာမှမပြောရသေးပါဘူး။ ရှင်ကသာ လျှောက်ပြောနေတာ။ ရှင် ဘာပြောချင်နေတာလဲ?"
နဉ်ရှု စကားပြောရင်း ခေါင်းယမ်းလိုက်သည်။
"ရှင်က ရှင့်ရဲ့ပျက်စီးသွားတဲ့ဂုဏ်သိက္ခာအတွက် အမျိုးသမီးတွေရဲ့ကိုယ်ကို နှိပ်စက်ညှင်းပန်းတာနဲ့ ပြန်ရယူဖို့ကြိုးစားနေတာလား?"
"ဟက်...ဂုဏ်သိက္ခာကို ပြန်ရယူတယ်? မင်းက မင်းကိုယ်မင်း အထင်ကြီးလွန်းနေပြီ။ မင်းက သုန်ဟွာပြည်ရဲ့ အလှဆုံးမိန်းကလေးဆိုတာတော့ ငါကြားခဲ့ပါရဲ့။ ဒီစစ်သူကြီးရဲ့အောက်မှာ မင်းသာယာမှုနဲ့ညည်းညူ နေတဲ့အခါ ဘယ်လိုပုံစံများဖြစ်နေမလဲလို့ ဒီစစ်သူကြီးစဉ်းစားကြည့်ပါရစေ။ ပြီးရင်တော့ မင်းက လူတိုင်းအသုံးပြုနိုင်မယ့် စစ်တပ်ပြည့်တန်ဆာတစ်ယောက်ဖြစ်လာလိမ့်မယ်။"
စစ်ထူချင်းယွီရဲ့ မေးခွန်းထုတ်နေသံက ပေါ့ပါးစွာမြင့်တက်လာကာ သူက နဉ်ရှုကိုမုန်းတီးမှုတွေဖြင့်ကြည့်နေလေ၏။
သောက်ကျင့်မကောင်းတဲ့ psychopathကောင်!
နဉ်ရှု အမူအရာမဲ့စွာပြန်ဖြေလိုက်သည်။
"ကျွန်မ ဘယ်လိုလုပ်သိမှာလဲ?"
"မင်းတစ်ခါစမ်းကြည့်လိုက်ရင် သိမှာပဲမလား?"
သူ့မျက်လုံးတွေက ဖုံးကွယ်ထားခြင်းမရှိတဲ့ တပ်မက်မှုတွေနဲ့ အမုန်းတရားတွေပြည့်နေသော်လည်း စစ်ထူချင်းယွီရဲ့အသံက အလွန်ပင် ဆွဲဆောင်မှုရှိနေလေ၏။
.....
ရှေ့အပိုင်းမှာ R-ratedအပိုင်းတွေ တော်တော်ပါတယ်လို့ပြောခဲ့တယ်နော်။ ဒါက မကြီးနဉ်မဖြစ်နိုင်ပါဘူး(ကိုယ့်အထင်)။ နောက်ပြီး သူပြောတဲ့R-ratedဆိုတာ အခုစစ်ထူချင်းယွီပြောသလိုမျိုးပေါ့...ဘယ်သူ့ကိုဘာလုပ်ခဲ့တယ်ဆိုတာမျိုးတွေဖြစ်မလားလို့? ဘာဖြစ်ဖြစ်..ကိုယ်ကလည်း ကြိုဖတ်တတ်တဲ့သူမဟုတ်တော့ ခန့်မှန်းယုံကလွဲပြီး ဖြေနိုင်မှာမဟုတ်ပါဘူး။ လွဲသွားခဲ့ရင်လည်း လွဲသွားတယ်မှတ်ပေါ့ကွာ XD ဟန်ရှီကျောင်းရှင်းရဲ့လက်ရာထဲမှာ အတူတူလိုက်ပါစီးမြောကြပါစို့ :3 ဇာတ်လမ်းအနှစ်သာရပျက်သွားမယ်ဆိုရင်တော့ ဘာသာပြန်သူကိုယ့်ရဲ့ညံ့ဖျင်းမှုလို့ပဲဆိုပါရစေ။
.......
Advertisement
- In Serial46 Chapters
THE RISE OF ROYAL RED EYES : BLOOD MOON
MATURE CONTENT (21+)When the witch clan faced a great battle at blood moon, for the help of the vampire clan, I had to marry Alexander Ostrander.That dark old creature, it wasn’t as much fun to imagin...
8 461 - In Serial113 Chapters
Big Red Button.
There is a button. It is red. It will be pushed. Semi-CYOA type story. (Note: It took me a couple chapters to figure out what I was doing and catch my stride. Feel free to start after the first ERROR chapter, you won't really be missing much. Just a poll about cupcakes.)
8 252 - In Serial28 Chapters
Aino and Eien
Luckless Eien is stuck surviving with his former sociopathic squad leader, Aino, after their city burns to the ground during a rebellion against the government. They are pursued by government agents, and Aino seems to know what she is doing, but can Eien really trust the woman who kills without remorse? His survival depends on it.
8 175 - In Serial8 Chapters
Blood Prejudice
An amusing toy because of his race, Yang is desperate to be free of his English oppressors. A mixed blood English-Indian girl, Maya, takes pity on him - or so it seems - and Yang falls effortlessly in love with her, only to uncover that she harbours a dark secret that sends them both fleeing the Continent in search of a freedom they might never find.
8 190 - In Serial21 Chapters
The new Hope: Carnage and Extermination (Droped )
The protagonist dies after trying to avenge his dead friend and after refusing to let his memories be deleted during reincarnation he is reincarnated as a demon and boom he has a twin sister. This FANFIC CONTAINS ELEMENTS OF : Shinka No Mi, Shield Hero, Re:Monster, Suterata no Yuusha no Eyuutan,Mushoku Tensei , Arifureta and a fanfic wich contents I loved but name i forgot. I hope you enjoy reading it as much as I enjoyed typing it. Tags [Action], [Mature],[Gore],[Demon],[War],[Family] The first volume is the prologue... The real story starts with volume 2 enjoy :)Shameless advertising: http://www.wattpad.com/story/36008949-flame-haze-shepherd-of-time . one of my buddies recently started to write a story .She still has a lot of ways to go (yes even more than I do)but I hope you guys can give her some good feedback because her story has a great potential.Be nice with her plss.
8 155 - In Serial4 Chapters
Forever with you. | Wi Ha Jun
Hi guys! I'm Wi Ha Jun's biggest fan and I love him so much
8 198