《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 13[ေခြးတိုးေပါက္ကေနထြက္ရတာဘယ္လိုေနလဲ?]
Advertisement
[Zawgyi]
ယဲြ႕လန္က နဥ္ရႈက ပ်က္စီးေနတဲ့ေနာက္ဘက္ဥယ်ာဥ္ဆီေခၚသြားကာ နံရံတစ္ခုအေျခက ျမက္ေျခာက္ေတြကိုဖယ္ရွားၿပီး ေခြးတိုးေပါက္တစ္ခုေပၚလာေစရန္လုပ္ေဆာင္လုိက္သည္။
နဥ္ရႈ ယဲြ႕လန္ကိုၾကည့္လိုက္သည္။
"ဒီမွာ ေခြးတိုးေပါက္တစ္ခုရွိတာ နင္ဘယ္လိုသိတာလဲ? အရင္က သြားဖူးတယ္လား?"
"မမေလး...ဒီအေစခံကို ဘယ္လိုလုပ္ၿပီး အဲ့လိုေျပာနိုင္ရတာလဲ?"
နဥ္ရႈကိုၾကည့္ေနတဲ့ ယဲြ႕လန္ရဲ႕မ်က္ဝန္းေတြဟာ မ်က္ရည္မ်ားျဖင့္ျပည့္လို႔ေနသည္။
နဥ္ရႈ : ငါဘာေျပာလိုက္မိလို႔လဲ!?
"ဒီအေစခံက မမေလးရဲ႕ကိုယ္ပိုင္အေစခံပါ။ ဘယ္လိုလုပ္ ေခြးတိုးေပါက္ကေနသြားဖူးမွာလဲ? ဒီအေစခံက အၿမဲတမ္းအဓိကဝင္ေပါက္ကိုပဲသံုးခဲ့တာ။"
ယဲြ႕လန္က သူမရဲ႕သိကၡာကို ကာကြယ္၏။
နဥ္ရႈ : ...
ႀကီးစြာဒုကၡေရာက္လ်က္နွင့္ပင္ နဥ္ရႈ ေခြးတိုးေပါက္ကေနတိုးထြက္လိုက္သည္။ သူမ ညပ္လုနီးပါးပင္။ ယဲြ႕လန္ကသာ သူမကို ေနာက္ကေနခပ္ျပင္းျပင္းေလးမတြန္းေပးပါလ်ွင္ သူမ အျပင္ထြက္နိုင္လိမ့္မည္မဟုတ္။ သူမမွာ ေသေလာက္ေအာင္ႀကီးမားသည့္လက္နက္ႀကီးေတြရွိေနတာ အၿမဲတမ္းေကာင္းတဲ့အရာမဟုတ္ဘူးဆိုတာ နဥ္ရႈ ပထမဆံုးအေနျဖင့္သိသြားသည္။
[T/N : May be ရင္သား။ လက္နက္ႀကီးကဘာလဲစဥ္းစားေနတာ ခုမွအေျဖထြက္။]
သူမ ရင္ဘတ္ကိုပုတ္လိုက္သည္။ အညပ္ခံထားရတာေၾကာင့္ တကယ္ကိုနာေနေပသည္။
ထို႔ေနာက္တြင္ေတာ့ ယဲြ႕လန္က ေခြးတိုးေပါက္ကေန လြယ္ကူစြာတိုးထြက္လာ၏။ နဥ္ရႈမ်က္နွာမဲ့ေနတာကို သူမျမင္တဲ့အခါ နဥ္ရႈအက်ႌမွာေပေနတဲ့ ဖုန္မႈန္႔ေတြနဲ႔ ျမက္အပိုင္းအစေတြကိုကူဖယ္ေပးရန္ လ်င္ျမန္စြာေလ်ွာက္လာေလသည္။
"မမေလး...ဘာလို႔ ကိုယ့္ကိုကိုယ္ ဒီနည္းလမ္းနဲ႔နွိပ္စက္ရတာလဲ? သခင္ႀကီးသာသိရင္ ရင္နာေနေတာ့မွာပဲ။"
ယဲြ႕လန္ကေျပာသည္။
နဥ္ရႈကေတာ့ လံုးဝဂရုမစိုက္ပါေခ်။ ဒါကို ဘယ္လိုလုပ္နွိပ္စက္တယ္ေခၚလို႔ရမွာလဲ? မူလဇာတ္ေၾကာင္းမွာ မုယန္မုန္႔ႀကံဳေတြ႕ခဲ့ရတာေတြကသာ အစစ္အမွန္နွိပ္စက္နည္းဟဲ့။ သူမကိုယ္သူမနွိပ္စက္ရံုမကဘူး...ေယာက်္ားေတြကလည္း သူမကိုနွိပ္စက္ေသးတယ္။ ၿပီးေတာ့ တစ္ေယာက္တည္းေတာင္မဟုတ္ဘူးေနာ္။
"ဝိုး...ၾကည့္ပါဦး။ ဒါက ၾသဇာအာဏာရွိတဲ့အိမ္က ခ်မ္းသာလွပတဲ့မမေလးရဲ႕ ထြက္ေပၚလာမႈလား? ေခြးတိုးေပါက္ကေနထြက္ရတာ ဘယ္လိုေနလဲ?"
စစ္ထူခ်င္းယီြရဲ႕အသံက ရုတ္တရက္ေပၚလာသည္။
နဥ္ရႈ လွည့္ပတ္ၾကည့္ေသာ္လည္း သူ႔ကိုမေတြ႕ပါေခ်။
"မ..မမေလး..သူက ဟိုမွာ။"
ယဲြ႕လန္မွာ သြားခ်င္းရိုက္ကာ တုန္ေန၏။ နဥ္ရႈၾကည့္လိုက္ေတာ့ အျပာေရာင္ဝတ္စံုကိုဝတ္ဆင္ထားကာ နက္ေမွာင္ေနတဲ့ဆံပင္ေတြကေလမွာလြင့္လ်က္ နံရံေပၚမွာ အရမ္းကိုသားနားတဲ့ပံုစံနဲ႔ရပ္ေနတဲ့ စစ္ထူခ်င္းယီြကိုေတြ႕လိုက္ရ၏။
ိနဥ္ရႈ သူမရဲ႕အနည္းငယ္ရႈပ္ေထြးေနတဲ့ဆံပင္ေတြကို ေနာက္ျပန္သပ္တင္လိုက္ကာ ညင္သာစြာေျပာလိုက္သည္။
"အရမ္းသက္ေတာင့္သက္သာရွိတယ္။ ေတာ္ေတာ္ေလးေကာင္းတယ္။"
"ဟမ့္!"
စစ္ထူခ်င္းယီြက ေအးစက္စက္ျဖင့္ဟမ့္ဟုဆိုကာ လက္ေတြကိုဆန္႔တန္းလ်က္ ငွက္တစ္ေကာင္လိုပင္ ေပါ့ပါးစြာခုန္ခ်၏။ နဥ္ရႈ ေနာက္ကိုေျခတစ္လွမ္းဆုတ္လိုက္သည္။
စစ္ထူခ်င္းယီြက နဥ္ရႈေရွ႕ကိုက်လာကာ ေအးစက္စြာေျပာေလ၏။
"မင္းက ဒီစစ္သူႀကီးရဲ႕ခြင့္ျပဳခ်က္မရဲဘဲ စံအိမ္ေတာ္ကေနခိုးထြက္ဖို႔ သတၱိေတြရွိေနတယ္ေပါ့။ ဒီစစ္သူႀကီးက မင္းကို ဘယ္လိုအျပစ္ေပးသင့္လဲ?"
နဥ္ရႈ ယဲြ႕လန္ကိုဆဲြကာ ေနာက္ကိုေျဖးေျဖးခ်င္းဆုတ္၏။
"ရွင္ ဘာလုပ္မလို႔လဲ?"
စစ္ထူခ်င္းယီြမွာ မ်က္နွာမဲ့သြားကာ ေလသံတိုးတိုးနွင့္ေမးလာ၏။
"မင္းစိတ္ထဲမွာ...ဒီစစ္သူႀကီးက လိင္ဆက္ဆံတာကိုပဲလုပ္ခ်င္ေနတဲ့သူလား?"
နဥ္ရႈက ရိုးရိုးတန္းတန္းပင္ေခါင္းၿငိမ့္တုန္႔ျပန္၏။ "ေဖာက္ျပန္တဲ့လိင္စိတ္ရွိသူ"ဆိုတဲ့နာမည္က နင္အထူးတလည္ပိုင္ဆိုင္ထားတဲ့နာမည္ပဲ။
စစ္ထူခ်င္းယီြက ေအးစက္စြာရယ္ေမာလာ၏။
"ဒီစစ္သူႀကီးက ဘာမွမလုပ္ဘူးဆိုရင္ ဒီနာမည္ကို လက္လႊတ္လိုက္တာျဖစ္သြားမလားပဲ?"
သူက စကားေျပာရင္းျဖင့္ နဥ္ရႈကိုဆဲြရန္ လက္လွမ္းလိုက္ေသာ္လည္း နဥ္ရႈက ရုတ္တရက္ေအာ္လိုက္ေလ၏။
"ငါ့လ်ွိဳ႕ဝွက္လက္နက္ကိုၾကည့္စမ္း! ဖီ!"
နဥ္ရႈက စစ္ထူခ်င္းယီြမ်က္နွာေပၚ တံေတြးေထြးခ်လိုက္ကာ ယဲြ႕လန္ကိုဆဲြၿပီး ေျပးေတာ့သည္။
စစ္ထူခ်င္းယီြက နည္းနည္းေလးလႈပ္ရံုမ်ွနွင့္ နဥ္ရႈရဲ႕တံေတြးကိုေရွာင္လိုက္နိုင္ေသာ္လည္း သူမေနာက္ကိုမလိုက္ဘဲ ျမင္ကြင္းမွေျပးထြက္သြားသည္ကိုသာ ၾကည့္ေနေလ၏။
"မမေလး..ေစာင့္ပါဦး။ ဒီအေစခံ ဆက္မေျပးနိုင္ေတာ့ဘူး။"
ယဲြ႕လန္မွာ မူးေမ့ေတာ့မလိုပင္။
နဥ္ရႈ ရပ္လိုက္ကာ အေမာတေကာအသက္ရွဴ ရင္း ပတ္ဝန္းက်င္ကိုၾကည့္လိုက္သည္။ စစ္ထူခ်င္းယီြ ဘယ္မွာမွရွိမေနပါ။ သူက သူမတို႔ေနာက္လိုက္မလာသည့္ပံုပင္။
"မမေလး အရမ္းကိုခံစားခဲ့ရၿပီ။"
ယဲြ႕လန္မွာ နဥ္ရႈတစ္ေယာက္ အေၾကာက္အလန္႔မရွိတံေတြးေထြးထုတ္လိုက္သည့္ျမင္ကြင္းကို စိတ္ထဲမွမထုတ္နိုင္ေသး။
"မမေလးက ႏူးညံ့သိမ္ေမြ႕ၿပီး ျမင့္ျမတ္ေပမယ့္ အခုေတာ့ဒီလုိျဖစ္လာၿပီ။ သခင္ႀကီးသာသိရင္ ရင္နာေနေတာ့မွာပဲ။"
"ေကာင္းၿပီ။ ဝမ္းနည္းေနတာေတာ္ေတာ့။ အခု ငါတို႔ ဘယ္သြားစားၾကမလဲ?"
အနားကဆိုင္တစ္ဆိုင္က ေပါင္းထားတဲ့အစာသြပ္ေပါက္စီေတြကိုျပထားတာ နဥ္ရႈျမင္တဲ့အခါ သြားရည္ေတြစီးက်လုနီးပါးပင္။
"ဆိုင္ရွင္...ကြၽန္မတို႔ကို ေပါက္စီနွစ္ျခင္းေပးပါ။"
"ရွဴ း! ရွဴ း! သူေတာင္းစားေတြကို မႀကိဳဆိူဘူး!"
အစာသြပ္ေပါက္စီဆိုင္ပိုင္ရွင္က သူမတို႔ကို ရန္လိုစြာျဖင့္ေမာင္းထုတ္ေလ၏။ ယဲြ႕လန္က မ်က္ခံုးပင့္ကာေအာ္ေတာ့သည္။
"အတင့္ရဲလိုက္တာ! ငါတို႔မိသားစုသခင္မေလးကို ရိုင္းရိုင္းစိုင္းစိုင္းဆက္ဆံရဲတယ္!"
"နင္တို႔႔ အခုမသြားရင္ ငါ နင္တို႔ကိုေသေအာင္ရိုက္မယ္! ေ-ာက္သူေတာင္းစားေလးေတြ!"
ဆိုင္ရွင္က သူမတို႔ကို ရိုင္းစိုင္းစြာေအာ္ေလ၏။
နဥ္ရႈ စိတ္ဓာတ္က်သြားသည္။ ေကာင္းသည္ျဖစ္ေစ..ဆိုးသည္ျဖစ္ေစ...သူမက သူမဘယ္သြားသြား ေစတနာရွင္ေတြနဲ႔ပဲေတြ႕ေနရတဲ့ အမ်ိဳးသမီးဇာတ္လိုက္ေလ။ ဘာလို႔ ေပါက္စီဆိုင္ပိုင္ရွင္က သူမကို မုန္းတီးနာက်ည္းေနသလိုမ်ိဳး အရမ္းေတြေဒါသထြက္ေနရတာလဲ?
"ငါ့မမေလးက ဘယ္သူဆိုတာေရာ ရွင္သိလား?"
ယဲြ႕လန္က နဥ္ရႈမ်က္နွာကို လက္ကိုင္ပဝါတစ္ထည္ျဖင့္သုတ္ေပးကာ ေလ်ာ့တိေလ်ာ့ရဲျဖစ္ေနတဲ့ဆံပင္ေတြကို ေဘးကိုသပ္တင္ေပးလိုက္သည္။ ၿပီးေနာက္ သူမက ဆိုင္ရွင္ကိုေမးလိုက္၏။
"အခု ရွင္ေျပာနိုင္ၿပီလား? ငါ့မမေလးက ဘယ္သူဆိုတာ သိၿပီလား?"
ဆိုင္ရွင္က သူမမ်က္လံုးေတြကုိ အနည္းငယ္က်ယ္ေအာင္ဖြင့္ကာ ေျပာလာ၏။
"နင္တို႔ဘယ္သူဆိုတာ ဘယ္သူကဂရုစိုက္လို႔လဲ? နင္တို႔မွာ ပိုက္ဆံရွိရင္ ေပါက္စီဝယ္! မရွိရင္ ထြက္သြား!"
နဥ္ရႈ : ...
"ထားလိုက္ေတာ့။ သြားရေအာင္။"
လူေတြ ပိုပိုၿပီးဝိုင္းအံုလာတာကို နဥ္ရႈေတြ႕လိုက္ရသည္။ အမ်ိဳးသမီးဇာတ္လိုက္က ဇာတ္လမ္းရဲ႕အဓိကမ႑ိဳင္ျဖစ္တာေၾကာင့္ သူမဘယ္သြားသြား ဆူပူမႈေတြျဖစ္ေပၚကာ လူထုရဲ႕အာရံုကိုဆဲြေဆာင္မိသြားလိမ့္မည္။
Advertisement
......
[Unicode]
ယွဲ့လန်က နဉ်ရှုက ပျက်စီးနေတဲ့နောက်ဘက်ဥယျာဉ်ဆီခေါ်သွားကာ နံရံတစ်ခုအခြေက မြက်ခြောက်တွေကိုဖယ်ရှားပြီး ခွေးတိုးပေါက်တစ်ခုပေါ်လာစေရန်လုပ်ဆောင်လိုက်သည်။
နဉ်ရှု ယွဲ့လန်ကိုကြည့်လိုက်သည်။
"ဒီမှာ ခွေးတိုးပေါက်တစ်ခုရှိတာ နင်ဘယ်လိုသိတာလဲ? အရင်က သွားဖူးတယ်လား?"
"မမလေး...ဒီအစေခံကို ဘယ်လိုလုပ်ပြီး အဲ့လိုပြောနိုင်ရတာလဲ?"
နဉ်ရှုကိုကြည့်နေတဲ့ ယွဲ့လန်ရဲ့မျက်ဝန်းတွေဟာ မျက်ရည်များဖြင့်ပြည့်လို့နေသည်။
နဉ်ရှု : ငါဘာပြောလိုက်မိလို့လဲ!?
"ဒီအစေခံက မမလေးရဲ့ကိုယ်ပိုင်အစေခံပါ။ ဘယ်လိုလုပ် ခွေးတိုးပေါက်ကနေသွားဖူးမှာလဲ? ဒီအစေခံက အမြဲတမ်းအဓိကဝင်ပေါက်ကိုပဲသုံးခဲ့တာ။"
ယွဲ့လန်က သူမရဲ့သိက္ခာကို ကာကွယ်၏။
နဉ်ရှု : ...
ကြီးစွာဒုက္ခရောက်လျက်နှင့်ပင် နဉ်ရှု ခွေးတိုးပေါက်ကနေတိုးထွက်လိုက်သည်။ သူမ ညပ်လုနီးပါးပင်။ ယွဲ့လန်ကသာ သူမကို နောက်ကနေခပ်ပြင်းပြင်းလေးမတွန်းပေးပါလျှင် သူမ အပြင်ထွက်နိုင်လိမ့်မည်မဟုတ်။ သူမမှာ သေလောက်အောင်ကြီးမားသည့်လက်နက်ကြီးတွေရှိနေတာ အမြဲတမ်းကောင်းတဲ့အရာမဟုတ်ဘူးဆိုတာ နဉ်ရှု ပထမဆုံးအနေဖြင့်သိသွားသည်။
[T/N : May be ရင်သား။ လက်နက်ကြီးကဘာလဲစဉ်းစားနေတာ ခုမှအဖြေထွက်။]
သူမ ရင်ဘတ်ကိုပုတ်လိုက်သည်။ အညပ်ခံထားရတာကြောင့် တကယ်ကိုနာနေပေသည်။
ထို့နောက်တွင်တော့ ယွဲ့လန်က ခွေးတိုးပေါက်ကနေ လွယ်ကူစွာတိုးထွက်လာ၏။ နဉ်ရှုမျက်နှာမဲ့နေတာကို သူမမြင်တဲ့အခါ နဉ်ရှုအင်္ကျီမှာပေနေတဲ့ ဖုန်မှုန့်တွေနဲ့ မြက်အပိုင်းအစတွေကိုကူဖယ်ပေးရန် လျင်မြန်စွာလျှောက်လာလေသည်။
"မမလေး...ဘာလို့ ကိုယ့်ကိုကိုယ် ဒီနည်းလမ်းနဲ့နှိပ်စက်ရတာလဲ? သခင်ကြီးသာသိရင် ရင်နာနေတော့မှာပဲ။"
ယွဲ့လန်ကပြောသည်။
နဉ်ရှုကတော့ လုံးဝဂရုမစိုက်ပါချေ။ ဒါကို ဘယ်လိုလုပ်နှိပ်စက်တယ်ခေါ်လို့ရမှာလဲ? မူလဇာတ်ကြောင်းမှာ မုယန်မုန့်ကြုံတွေ့ခဲ့ရတာတွေကသာ အစစ်အမှန်နှိပ်စက်နည်းဟဲ့။ သူမကိုယ်သူမနှိပ်စက်ရုံမကဘူး...ယောက်ျားတွေကလည်း သူမကိုနှိပ်စက်သေးတယ်။ ပြီးတော့ တစ်ယောက်တည်းတောင်မဟုတ်ဘူးနော်။
"ဝိုး...ကြည့်ပါဦး။ ဒါက သြဇာအာဏာရှိတဲ့အိမ်က ချမ်းသာလှပတဲ့မမလေးရဲ့ ထွက်ပေါ်လာမှုလား? ခွေးတိုးပေါက်ကနေထွက်ရတာ ဘယ်လိုနေလဲ?"
စစ်ထူချင်းယွီရဲ့အသံက ရုတ်တရက်ပေါ်လာသည်။
နဉ်ရှု လှည့်ပတ်ကြည့်သော်လည်း သူ့ကိုမတွေ့ပါချေ။
"မ..မမလေး..သူက ဟိုမှာ။"
ယွဲ့လန်မှာ သွားချင်းရိုက်ကာ တုန်နေ၏။ နဉ်ရှုကြည့်လိုက်တော့ အပြာရောင်ဝတ်စုံကိုဝတ်ဆင်ထားကာ နက်မှောင်နေတဲ့ဆံပင်တွေကလေမှာလွင့်လျက် နံရံပေါ်မှာ အရမ်းကိုသားနားတဲ့ပုံစံနဲ့ရပ်နေတဲ့ စစ်ထူချင်းယွီကိုတွေ့လိုက်ရ၏။
ိနဉ်ရှု သူမရဲ့အနည်းငယ်ရှုပ်ထွေးနေတဲ့ဆံပင်တွေကို နောက်ပြန်သပ်တင်လိုက်ကာ ညင်သာစွာပြောလိုက်သည်။
"အရမ်းသက်တောင့်သက်သာရှိတယ်။ တော်တော်လေးကောင်းတယ်။"
"ဟမ့်!"
စစ်ထူချင်းယွီက အေးစက်စက်ဖြင့်ဟမ့်ဟုဆိုကာ လက်တွေကိုဆန့်တန်းလျက် ငှက်တစ်ကောင်လိုပင် ပေါ့ပါးစွာခုန်ချ၏။ နဉ်ရှု နောက်ကိုခြေတစ်လှမ်းဆုတ်လိုက်သည်။
စစ်ထူချင်းယွီက နဉ်ရှုရှေ့ကိုကျလာကာ အေးစက်စွာပြောလေ၏။
"မင်းက ဒီစစ်သူကြီးရဲ့ခွင့်ပြုချက်မရဲဘဲ စံအိမ်တော်ကနေခိုးထွက်ဖို့ သတ္တိတွေရှိနေတယ်ပေါ့။ ဒီစစ်သူကြီးက မင်းကို ဘယ်လိုအပြစ်ပေးသင့်လဲ?"
နဉ်ရှု ယွဲ့လန်ကိုဆွဲကာ နောက်ကိုဖြေးဖြေးချင်းဆုတ်၏။
"ရှင် ဘာလုပ်မလို့လဲ?"
စစ်ထူချင်းယွီမှာ မျက်နှာမဲ့သွားကာ လေသံတိုးတိုးနှင့်မေးလာ၏။
"မင်းစိတ်ထဲမှာ...ဒီစစ်သူကြီးက လိင်ဆက်ဆံတာကိုပဲလုပ်ချင်နေတဲ့သူလား?"
နဉ်ရှုက ရိုးရိုးတန်းတန်းပင်ခေါင်းငြိမ့်တုန့်ပြန်၏။ "ဖောက်ပြန်တဲ့လိင်စိတ်ရှိသူ"ဆိုတဲ့နာမည်က နင်အထူးတလည်ပိုင်ဆိုင်ထားတဲ့နာမည်ပဲ။
စစ်ထူချင်းယွီက အေးစက်စွာရယ်မောလာ၏။
"ဒီစစ်သူကြီးက ဘာမှမလုပ်ဘူးဆိုရင် ဒီနာမည်ကို လက်လွှတ်လိုက်တာဖြစ်သွားမလားပဲ?"
သူက စကားပြောရင်းဖြင့် နဉ်ရှုကိုဆွဲရန် လက်လှမ်းလိုက်သော်လည်း နဉ်ရှုက ရုတ်တရက်အော်လိုက်လေ၏။
"ငါ့လျှို့ဝှက်လက်နက်ကိုကြည့်စမ်း! ဖီ!"
နဉ်ရှုက စစ်ထူချင်းယွီမျက်နှာပေါ် တံတွေးထွေးချလိုက်ကာ ယွဲ့လန်ကိုဆွဲပြီး ပြေးတော့သည်။
စစ်ထူချင်းယွီက နည်းနည်းလေးလှုပ်ရုံမျှနှင့် နဉ်ရှုရဲ့တံတွေးကိုရှောင်လိုက်နိုင်သော်လည်း သူမနောက်ကိုမလိုက်ဘဲ မြင်ကွင်းမှပြေးထွက်သွားသည်ကိုသာ ကြည့်နေလေ၏။
"မမလေး..စောင့်ပါဦး။ ဒီအစေခံ ဆက်မပြေးနိုင်တော့ဘူး။"
ယွဲ့လန်မှာ မူးမေ့တော့မလိုပင်။
နဉ်ရှု ရပ်လိုက်ကာ အမောတကောအသက်ရှူ ရင်း ပတ်ဝန်းကျင်ကိုကြည့်လိုက်သည်။ စစ်ထူချင်းယွီ ဘယ်မှာမှရှိမနေပါ။ သူက သူမတို့နောက်လိုက်မလာသည့်ပုံပင်။
"မမလေး အရမ်းကိုခံစားခဲ့ရပြီ။"
ယွဲ့လန်မှာ နဉ်ရှုတစ်ယောက် အကြောက်အလန့်မရှိတံတွေးထွေးထုတ်လိုက်သည့်မြင်ကွင်းကို စိတ်ထဲမှမထုတ်နိုင်သေး။
"မမလေးက နူးညံ့သိမ်မွေ့ပြီး မြင့်မြတ်ပေမယ့် အခုတော့ဒီလိုဖြစ်လာပြီ။ သခင်ကြီးသာသိရင် ရင်နာနေတော့မှာပဲ။"
"ကောင်းပြီ။ ဝမ်းနည်းနေတာတော်တော့။ အခု ငါတို့ ဘယ်သွားစားကြမလဲ?"
အနားကဆိုင်တစ်ဆိုင်က ပေါင်းထားတဲ့အစာသွပ်ပေါက်စီတွေကိုပြထားတာ နဉ်ရှုမြင်တဲ့အခါ သွားရည်တွေစီးကျလုနီးပါးပင်။
"ဆိုင်ရှင်...ကျွန်မတို့ကို ပေါက်စီနှစ်ခြင်းပေးပါ။"
"ရှူး! ရှူး! သူတောင်းစားတွေကို မကြိုဆိူဘူး!"
အစာသွပ်ပေါက်စီဆိုင်ပိုင်ရှင်က သူမတို့ကို ရန်လိုစွာဖြင့်မောင်းထုတ်လေ၏။ ယွဲ့လန်က မျက်ခုံးပင့်ကာအော်တော့သည်။
"အတင့်ရဲလိုက်တာ! ငါတို့မိသားစုသခင်မလေးကို ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံရဲတယ်!"
"နင်တို့ အခုမသွားရင် ငါ နင်တို့ကိုသေအောင်ရိုက်မယ်!ေ-ာက်သူတောင်းစားလေးတွေ!"
ဆိုင်ရှင်က သူမတို့ကို ရိုင်းစိုင်းစွာအော်လေ၏။
နဉ်ရှု စိတ်ဓာတ်ကျသွားသည်။ ကောင်းသည်ဖြစ်စေ..ဆိုးသည်ဖြစ်စေ...သူမက သူမဘယ်သွားသွား စေတနာရှင်တွေနဲ့ပဲတွေ့နေရတဲ့ အမျိုးသမီးဇာတ်လိုက်လေ။ ဘာလို့ ပေါက်စီဆိုင်ပိုင်ရှင်က သူမကို မုန်းတီးနာကျည်းနေသလိုမျိုး အရမ်းတွေဒေါသထွက်နေရတာလဲ?
"ငါ့မမလေးက ဘယ်သူဆိုတာရော ရှင်သိလား?"
ယွဲ့လန်က နဉ်ရှုမျက်နှာကို လက်ကိုင်ပဝါတစ်ထည်ဖြင့်သုတ်ပေးကာ လျော့တိလျော့ရဲဖြစ်နေတဲ့ဆံပင်တွေကို ဘေးကိုသပ်တင်ပေးလိုက်သည်။ ပြီးနောက် သူမက ဆိုင်ရှင်ကိုမေးလိုက်၏။
"အခု ရှင်ပြောနိုင်ပြီလား? ငါ့မမလေးက ဘယ်သူဆိုတာ သိပြီလား?"
ဆိုင်ရှင်က သူမမျက်လုံးတွေကို အနည်းငယ်ကျယ်အောင်ဖွင့်ကာ ပြောလာ၏။
"နင်တို့ဘယ်သူဆိုတာ ဘယ်သူကဂရုစိုက်လို့လဲ? နင်တို့မှာ ပိုက်ဆံရှိရင် ပေါက်စီဝယ်! မရှိရင် ထွက်သွား!"
နဉ်ရှု : ...
"ထားလိုက်တော့။ သွားရအောင်။"
လူတွေ ပိုပိုပြီးဝိုင်းအုံလာတာကို နဉ်ရှုတွေ့လိုက်ရသည်။ အမျိုးသမီးဇာတ်လိုက်က ဇာတ်လမ်းရဲ့အဓိကမဏ္ဍိုင်ဖြစ်တာကြောင့် သူမဘယ်သွားသွား ဆူပူမှုတွေဖြစ်ပေါ်ကာ လူထုရဲ့အာရုံကိုဆွဲဆောင်မိသွားလိမ့်မည်။
......
Advertisement
- In Serial6 Chapters
My goal in Life
No goal, No motivation... Life is full of depression. Eagerness seems like a fleeting cloud... I think I was born in a wrong era.
8 150 - In Serial15 Chapters
Proper Human Studies
This is a collection of short stories about humans and who they are or were or might become.
8 183 - In Serial7 Chapters
Strongest Demon Vanquisher
[Renamed from Immortal's peak]Summary:Xiao Wen's a young orphan who survives on the streets. His whole life's a mystery, and he can barely remember when his mom leaves him at an early age, giving him a stature and telling him: “This is something very precious. If you get wounded, and want to fight back, when the light in the tunnel seem to fade; turn the halberd the way you want to go, and you will get the power that you seek.”Follow him on his journey to surmount fate, overturn the wheels of destiny, and become the most illustrious demon vanquisher in the seven heavens!Release schedule: Monday, Wednesday, Saturday
8 167 - In Serial21 Chapters
Sword and Bloodline
Bloodlines the pride of several families, without it you can't cultivate well and need to forge a path for yourself. These bloodlines were those of mystical beasts, strong ones who could split mountains with their claws. One way or the other cultivators began to posses the blood of this beasts and their human blood was flushed out, and so their generations were being born with the bloodline of mystical beasts. Lee our protagonist, was born in a clan with no bloodline and so they had to forcefully carve out a path for themselves through weapons. Our protagonist was suddenly struck with a very good luck that granted him two paths to tread. That of the.... SWORD AND BLOODLINE.
8 124 - In Serial17 Chapters
written experiments
Some short stories, sketches, experiments and more ... Have fun reading ...Toni
8 229 - In Serial23 Chapters
DarLentina One Shots (NarGina)
Them in different worlds.
8 118

