《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 21
Advertisement
[Zawgyi]
{ဘာလို႔လဲဆိုေတာ့ ဒါက အလကားေလ}
နဥ္ရႈ ထိုအေၾကာင္းကိုစဥ္းစားၿပီးေနာက္ ခ်က္လက္မွတ္တစ္ေစာင္ကိုထုတ္ကာ ေျပာလိုက္သည္။
"ဒီမွာ။ ဒီပိုက္ဆံကိုယူထား။ ဒီေန႔ကစၿပီး ငါတို႔အတြက္ တစ္ေန႔တစ္ႀကိမ္စားစရာလာပို႔ေပး။ ၿပီးေတာ့ ရွင္ စားစရာဝယ္တဲ့အခါက်ရင္ အနက္ေရာင္ဝတ္စံုႀကီးကိုလဲ။ သြားလို႔ရၿပီ။ အခု ကြၽန္မရွင့္ကို မျမင္ခ်င္ဘူး။"
နဥ္ရႈက လ်ိွိဳ႕ဝွက္သက္ေတာ္ေစာင့္ကို အေရးမစိုက္စြာလက္ယမ္းျပလိုက္သည္။
လ်ွိဳ႕ဝွက္သက္ေတာ္ေစာင့္က ခ်က္လက္မွတ္ကို သူ႔အဝတ္အစားထဲထိုးထည့္လိုက္သည္။ နဥ္ရႈ ထပ္ေျပာလိုက္၏။
"ခ်က္လက္မွတ္ကို ေငြတံုးေတြနဲ႔သြားလဲေခ်။ ခ်က္လက္မွတ္နဲ႔ ပစၥည္းေတြဝယ္ဖို႔မႀကိဳးစားနဲ႔။"
လ်ွိဳ႕ဝွက္သက္ေတာ္ေစာင့္က ေခါင္းၿငိမ့္ကာေျပာလာ၏။
"ကြၽန္ေတာ္ သိပါတယ္။"
နဥ္ရႈ : …
တစ္ခ်ိဳ႕အေၾကာင္းေတြေၾကာင့္ ဒီလူက တကယ္ကိုမယံုရဘူးလို႔ခံစားေနရတယ္။
လ်ွိဳ႕ဝွက္သက္ေတာ္ေစာင့္က ျပတင္းေပါက္အျပင္ဘက္ကိုခုန္ထြက္သြားကာ ေပ်ာက္ကြယ္သြားေလ၏။
ညမွာေတာ့ စစ္ထူခ်င္းယီံလာတဲ့အခါ သူက သူမအတြက္ အရသာအမ်ိဳးမ်ိဳးရွိေသာ စားေကာင္းေသာက္ဖြယ္အမ်ားအျပားကို ယူလာေပးသည္။ နဥ္ရႈကေတာ့ အေတာ္ေလးကိုစိုးရိမ္သြားေလ၏။ အေၾကာင္းျပခ်က္မရွိပါဘဲ ရုတ္တရက္ႀကီးအေလးအနက္ထားဂရုစိုက္လာတဲ့တစ္စံုတစ္ေယာက္က ေဖာက္ျပန္တဲ့လူ ဒါမွမဟုတ္ လူဆိုးဓားျပပဲ။
သူမဒါကိုစားၿပီးရင္ ေနာက္ထပ္ျပကြက္က အိပ္ရာေပၚေရာက္သြားတဲ့ျပကြက္ပဲျဖစ္ရမယ္။
ဖီ! နင္ ဒီမမေလးရဲ႕ ရံြရွာမႈေတြကို မခံစားရဘူးလား? ဒီမမေလးစားမယ့္ဟာေတြထဲ ဘာေတြပါေနလဲ?
စစ္ထူခ်င္းယီြက နဥ္ရႈအေပၚကေနငံု႔မိုးၾကည့္လာကာ ႀကီးၾကယ္လြန္းတဲ့စြန္႔ႀကဲမႈကိုျပဳလုပ္ေနသကဲ့သို႔ ေျပာလာ၏။
"ဒီစားစရာေတြကို ဒီစစ္သူႀကီးက မင္းမအတြက္ အထူးတလည္ျပင္ဆင္လာေပးတာ။ မင္းရဲ႕ေပါက္စီေတြကို လႊင့္ပစ္လိုက္သင့္ၿပီ။"
နဥ္ရႈ ေခါင္းယမ္းလိုက္သည္။
"ဒီမမေလးက ဒီေပါက္စီေတြစားရတာႀကိဳက္တယ္။ ကြၽန္မ အရင္က ဒီအရသာရွိတဲ့စားစရာေတြကို အမ်ားႀကီးစားခဲ့ၿပီးၿပီ။ အဲ့ဒါေၾကာင့္ အေျပာင္းလဲျဖစ္ေအာင္လို႔။"
စစ္ထူခ်င္းယီြက ေအးစက္စြာရယ္ေလ၏။
"ဘုရင္ခံမင္းသားေၾကာင့္လား? ဆိုင္မွာတုန္းက ဘုရင္ခံမင္းသားက မင္းကို ခက္ခဲတဲ့အေျခအေနကေနလြတ္ေအာင္ကူညီေပးခဲ့တယ္လို႔ ငါၾကားတယ္။ အဲ့ဒါေၾကာင့္ ဒီေပါက္စီေတြကိုစားရတာ မင္းအရမ္းႀကိဳက္ေနတာလား? သူက မင္းကို ဒါေတြရေအာင္ကူညီေပးခဲ့လို႔ေလ။"
နဥ္ရႈ : ဒီစိတ္ကူး၊ ဒီအေတြးက...မယံုနိင္စရာပဲ။
သူမ ေပါက္စီေတြကိုစားေနတာက အလကားရလို႔ပါေနာ္။
သူမ ျပန္မေျဖတဲ့အခါ စစ္ထူခ်င္းယီြက ဒါကို တိတ္တိတ္ေနျခင္းအားျဖင့္ဝန္ခံျခင္းလို႔မွတ္ယူလိုက္ၿပီး ခ်က္ခ်င္းပင္ေအာ္ေင့က္ေတာ့သည္။
"မုယန္မုန္႔! မင္း ဒီစစ္သူႀကီးကို တကယ္အထင္ေသးရဲတယ္ေပါ့!? ဒီေန႔...မင္းႀကိဳက္သည္ျဖစ္ေစ၊ မႀကိဳက္သည္ျဖစ္ေစ...ဒီစားစရာေတြကို စားကိုစားရမယ္!"
"ဒင္! စိတ္ဒဏ္ရာမွတ္ +5။ လက္ရွိစိတ္ဒဏ္ရာမွတ္စုစုေပါင္းက 35မွတ္ျဖစ္ပါတယ္။"
2333က သူ႔ရဲ႕တည္ရွိမႈကိုသတိရေစရန္ ထပ္ေပၚလာျပန္သည္။
နဥ္ရႈမွာ ထိုကဲ့သို႔သတၱိရွိေနသည့္Systemတစ္ခုနွင့္ အသားမက်ေသး။အရင္တုန္းက Systemက တာဝန္ထမ္းေဆာင္ေနခ်ိန္တစ္ခ်ိန္လံုး အသံေလးတစ္သံထြက္လာဖို႔ပင္ခဲယဥ္းေနေသာ္လည္း အနွီအဆင့္ျမႇင့္ထားေသာSystemကေတာ့ တစ္ခ်ိန္လံုးေပၚလာေနသည္။ ဒါက တကယ္ကုိစိတ္တိုဖို႔ေကာင္းလြန္းသည္။
2333က နဥ္ရႈရဲ႕သေဘာမက်မႈကို ခံစားမိပံုရကာ ေဆာင့္ႀကီးေအာင့္ႀကီးျဖင့္ေျပာလာ၏။
"တာဝန္က ဘယ္လိုျဖစ္ေနတယ္ဆိုတာ ငါ မင္းကိုသိေစခ်င္ရံုေလးကို။ မင္းက ငါ့ကိုဘယ္လိုလုပ္စိတ္တိုရက္ရတာလဲ? ဝူးဝူးဝူး...မင္းက ငါ့ကိုရင္နာေစတယ္..."
Systemရဲ႕ ဝမ္းပန္းတနည္းငိုေႂကြးေနသံကိုၾကားတဲ့အခါ နဥ္ရႈတုန္လႈပ္သြားသည္။ Fuck! ဒီSystemက တကယ္ကိုအရွက္မရွိတာပဲ။
သူမ ဘာမွမလုပ္ရေသးေသာ္လည္း စိတ္ဒဏ္ရာမွတ္က 35ထိပင္ေရာက္ေနၿပီ။ ဒီစိတ္ဒဏ္ရာမွတ္ေတြအားလံုးက စစ္ထူခ်င္းယီြရဲ႕ သူ႔ဘာသာေဒါသထြက္ေနမႈေၾကာင့္ပင္။
သူရဲ႕သိမ္ငယ္စိတ္ေၾကာင့္ သူမလုပ္သမ်ွအရာတိုင္း သူ႔အေပၚသက္ေရာက္သြားျခင္းျဖစ္သည္။ သူမလုပ္လိုက္တဲ့ သာမန္လုပ္ရပ္ေလးတိုင္းက သူ႔စိတ္ထဲက အတိတ္ဆိုးေတြကို ပိုဆိုးသြားေစသည္။
Tsk tsk tsk။ မင္းမွာ ခ်ိဳ႕ယြက္းခ်က္တစ္ခုခုမရွိဘူးဆိုရင္ အမ်ိဳးသားဇာတ္လိုက္ျဖစ္မလာနိုင္ဘူးထင္တယ္။
နဥ္ရႈက ေမးကိုေမာ့ကာ ျငင္းပယ္လိုက္ေလ၏။
"ဒါက ဘာေတြမ်ားအရမ္းထူးျခားေနလို႔လဲ? အရင္တုန္းက ဒီလိုဟာမ်ိဳးေတြကို ဒီမမေလးေန႔တိုင္းစားေနၾက။ ဒီလိုစားစရာမ်ိဳးေတြကိုအၾကာႀကီးစားခဲ့ရတာ ဒီမမေလးၿငီးေငြ႕ေနၿပီ။ ဒါေတာင္မွ ရွင္က ဒီစားစရာေတြက အရမ္းကိုထူးျခားေနသလို လုပ္ေနေသးတယ္။ ရွက္ဖို႔ေကာင္းလိုက္တာ။"
စစ္ထူခ်င္းယီြရဲ႕မ်က္နွာအေရာင္မွာ ျဖဴ စုတ္သြားသည္။သူက သူမကိုစိုက္ၾကည့္ကာေျပာလာ၏။
"မင္း လူတိုင္းရဲ႕အထက္မွာရွိေနသလိုလုပ္ေနတာကုိျမင္တဲ့အခါတိုင္း ငါမင္းရဲ႕မာနေတြကိုရိုက္ခ်ိဳးၿပီး ငါ့ေျခေထာက္မွာဝပ္တြားခယေနေအာင္လုပ္ခ်င္စိတ္ေတြျပင္းပလာတယ္။"
သူက သူ႔ကိုယ္သူနိမ့္က်တယ္လို႔ခံစားေနရၿပီး တစ္ျခားသူေတြက အထက္စီးဆန္သလိုလုပ္တာကိုလည္း သည္းမခံနိုင္ျပန္ဘူး။ မယံုနိုင္စရာပဲ။
......
[Unicode]
{ဘာလို့လဲဆိုတော့ ဒါက အလကားလေ}
နဉ်ရှု ထိုအကြောင်းကိုစဉ်းစားပြီးနောက် ချက်လက်မှတ်တစ်စောင်ကိုထုတ်ကာ ပြောလိုက်သည်။
"ဒီမှာ။ ဒီပိုက်ဆံကိုယူထား။ ဒီနေ့ကစပြီး ငါတို့အတွက် တစ်နေ့တစ်ကြိမ်စားစရာလာပို့ပေး။ ပြီးတော့ ရှင် စားစရာဝယ်တဲ့အခါကျရင် အနက်ရောင်ဝတ်စုံကြီးကိုလဲ။ သွားလို့ရပြီ။ အခု ကျွန်မရှင့်ကို မမြင်ချင်ဘူး။"
နဉ်ရှုက လျှို့ဝှက်သက်တော်စောင့်ကို အရေးမစိုက်စွာလက်ယမ်းပြလိုက်သည်။
လျှို့ဝှက်သက်တော်စောင့်က ချက်လက်မှတ်ကို သူ့အဝတ်အစားထဲထိုးထည့်လိုက်သည်။ နဉ်ရှု ထပ်ပြောလိုက်၏။
"ချက်လက်မှတ်ကို ငွေတုံးတွေနဲ့သွားလဲချေ။ ချက်လက်မှတ်နဲ့ ပစ္စည်းတွေဝယ်ဖို့မကြိုးစားနဲ့။"
လျှို့ဝှက်သက်တော်စောင့်က ခေါင်းငြိမ့်ကာပြောလာ၏။
"ကျွန်တော် သိပါတယ်။"
နဉ်ရှု : …
တစ်ချို့အကြောင်းတွေကြောင့် ဒီလူက တကယ်ကိုမယုံရဘူးလို့ခံစားနေရတယ်။
လျှို့ဝှက်သက်တော်စောင့်က ပြတင်းပေါက်အပြင်ဘက်ကိုခုန်ထွက်သွားကာ ပျောက်ကွယ်သွားလေ၏။
ညမှာတော့ စစ်ထူချင်းယီံလာတဲ့အခါ သူက သူမအတွက် အရသာအမျိုးမျိုးရှိသော စားကောင်းသောက်ဖွယ်အများအပြားကို ယူလာပေးသည်။ နဉ်ရှုကတော့ အတော်လေးကိုစိုးရိမ်သွားလေ၏။ အကြောင်းပြချက်မရှိပါဘဲ ရုတ်တရက်ကြီးအလေးအနက်ထားဂရုစိုက်လာတဲ့တစ်စုံတစ်ယောက်က ဖောက်ပြန်တဲ့လူ ဒါမှမဟုတ် လူဆိုးဓားပြပဲ။
သူမဒါကိုစားပြီးရင် နောက်ထပ်ပြကွက်က အိပ်ရာပေါ်ရောက်သွားတဲ့ပြကွက်ပဲဖြစ်ရမယ်။
ဖီ! နင် ဒီမမလေးရဲ့ ရွံရှာမှုတွေကို မခံစားရဘူးလား? ဒီမမလေးစားမယ့်ဟာတွေထဲ ဘာတွေပါနေလဲ?
စစ်ထူချင်းယွီက နဉ်ရှုအပေါ်ကနေငုံ့မိုးကြည့်လာကာ ကြီးကြယ်လွန်းတဲ့စွန့်ကြဲမှုကိုပြုလုပ်နေသကဲ့သို့ ပြောလာ၏။
"ဒီစားစရာတွေကို ဒီစစ်သူကြီးက မင်းမအတွက် အထူးတလည်ပြင်ဆင်လာပေးတာ။ မင်းရဲ့ပေါက်စီတွေကို လွှင့်ပစ်လိုက်သင့်ပြီ။"
နဉ်ရှု ခေါင်းယမ်းလိုက်သည်။
"ဒီမမလေးက ဒီပေါက်စီတွေစားရတာကြိုက်တယ်။ ကျွန်မ အရင်က ဒီအရသာရှိတဲ့စားစရာတွေကို အများကြီးစားခဲ့ပြီးပြီ။ အဲ့ဒါကြောင့် အပြောင်းလဲဖြစ်အောင်လို့။"
စစ်ထူချင်းယွီက အေးစက်စွာရယ်လေ၏။
"ဘုရင်ခံမင်းသားကြောင့်လား? ဆိုင်မှာတုန်းက ဘုရင်ခံမင်းသားက မင်းကို ခက်ခဲတဲ့အခြေအနေကနေလွတ်အောင်ကူညီပေးခဲ့တယ်လို့ ငါကြားတယ်။ အဲ့ဒါကြောင့် ဒီပေါက်စီတွေကိုစားရတာ မင်းအရမ်းကြိုက်နေတာလား? သူက မင်းကို ဒါတွေရအောင်ကူညီပေးခဲ့လို့လေ။"
နဉ်ရှု : ဒီစိတ်ကူး၊ ဒီအတွေးက...မယုံနိင်စရာပဲ။
သူမ ပေါက်စီတွေကိုစားနေတာက အလကားရလို့ပါနော်။
သူမ ပြန်မဖြေတဲ့အခါ စစ်ထူချင်းယွီက ဒါကို တိတ်တိတ်နေခြင်းအားဖြင့်ဝန်ခံခြင်းလို့မှတ်ယူလိုက်ပြီး ချက်ချင်းပင်အော်ငေ့က်တော့သည်။
"မုယန်မုန့်! မင်း ဒီစစ်သူကြီးကို တကယ်အထင်သေးရဲတယ်ပေါ့!? ဒီနေ့...မင်းကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ...ဒီစားစရာတွေကို စားကိုစားရမယ်!"
"ဒင်! စိတ်ဒဏ်ရာမှတ် +5။ လက်ရှိစိတ်ဒဏ်ရာမှတ်စုစုပေါင်းက 35မှတ်ဖြစ်ပါတယ်။"
2333က သူ့ရဲ့တည်ရှိမှုကိုသတိရစေရန် ထပ်ပေါ်လာပြန်သည်။
နဉ်ရှုမှာ ထိုကဲ့သို့သတ္တိရှိနေသည့်Systemတစ်ခုနှင့် အသားမကျသေး။အရင်တုန်းက Systemက တာဝန်ထမ်းဆောင်နေချိန်တစ်ချိန်လုံး အသံလေးတစ်သံထွက်လာဖို့ပင်ခဲယဉ်းနေသော်လည်း အနှီအဆင့်မြှင့်ထားသောSystemကတော့ တစ်ချိန်လုံးပေါ်လာနေသည်။ ဒါက တကယ်ကိုစိတ်တိုဖို့ကောင်းလွန်းသည်။
2333က နဉ်ရှုရဲ့သဘောမကျမှုကို ခံစားမိပုံရကာ ဆောင့်ကြီးအောင့်ကြီးဖြင့်ပြောလာ၏။
"တာဝန်က ဘယ်လိုဖြစ်နေတယ်ဆိုတာ ငါ မင်းကိုသိစေချင်ရုံလေးကို။ မင်းက ငါ့ကိုဘယ်လိုလုပ်စိတ်တိုရက်ရတာလဲ? ဝူးဝူးဝူး...မင်းက ငါ့ကိုရင်နာစေတယ်..."
Systemရဲ့ ဝမ်းပန်းတနည်းငိုကြွေးနေသံကိုကြားတဲ့အခါ နဉ်ရှုတုန်လှုပ်သွားသည်။ Fuck! ဒီSystemက တကယ်ကိုအရှက်မရှိတာပဲ။
သူမ ဘာမှမလုပ်ရသေးသော်လည်း စိတ်ဒဏ်ရာမှတ်က 35ထိပင်ရောက်နေပြီ။ ဒီစိတ်ဒဏ်ရာမှတ်တွေအားလုံးက စစ်ထူချင်းယွီရဲ့ သူ့ဘာသာဒေါသထွက်နေမှုကြောင့်ပင်။
သူရဲ့သိမ်ငယ်စိတ်ကြောင့် သူမလုပ်သမျှအရာတိုင်း သူ့အပေါ်သက်ရောက်သွားခြင်းဖြစ်သည်။ သူမလုပ်လိုက်တဲ့ သာမန်လုပ်ရပ်လေးတိုင်းက သူ့စိတ်ထဲက အတိတ်ဆိုးတွေကို ပိုဆိုးသွားစေသည်။
Tsk tsk tsk။ မင်းမှာ ချို့ယွက်းချက်တစ်ခုခုမရှိဘူးဆိုရင် အမျိုးသားဇာတ်လိုက်ဖြစ်မလာနိုင်ဘူးထင်တယ်။
နဉ်ရှုက မေးကိုမော့ကာ ငြင်းပယ်လိုက်လေ၏။
"ဒါက ဘာတွေများအရမ်းထူးခြားနေလို့လဲ? အရင်တုန်းက ဒီလိုဟာမျိုးတွေကို ဒီမမလေးနေ့တိုင်းစားနေကြ။ ဒီလိုစားစရာမျိုးတွေကိုအကြာကြီးစားခဲ့ရတာ ဒီမမလေးငြီးငွေ့နေပြီ။ ဒါတောင်မှ ရှင်က ဒီစားစရာတွေက အရမ်းကိုထူးခြားနေသလို လုပ်နေသေးတယ်။ ရှက်ဖို့ကောင်းလိုက်တာ။"
စစ်ထူချင်းယွီရဲ့မျက်နှာအရောင်မှာ ဖြူ စုတ်သွားသည်။သူက သူမကိုစိုက်ကြည့်ကာပြောလာ၏။
"မင်း လူတိုင်းရဲ့အထက်မှာရှိနေသလိုလုပ်နေတာကိုမြင်တဲ့အခါတိုင်း ငါမင်းရဲ့မာနတွေကိုရိုက်ချိုးပြီး ငါ့ခြေထောက်မှာဝပ်တွားခယနေအောင်လုပ်ချင်စိတ်တွေပြင်းပလာတယ်။"
သူက သူ့ကိုယ်သူနိမ့်ကျတယ်လို့ခံစားနေရပြီး တစ်ခြားသူတွေက အထက်စီးဆန်သလိုလုပ်တာကိုလည်း သည်းမခံနိုင်ပြန်ဘူး။ မယုံနိုင်စရာပဲ။
......
Advertisement
- In Serial7 Chapters
The Last Marshal
Weird West Fantasy Noir Once the Republic Marshals brought order to the chaotic lands along the Frontier, facing dangers both human and supernatural with ancient wisdom and a six-gun —but that was a long time ago. Destroyed by conspiracy and betrayal, all that remains of that secretive order is one nameless man on a trek though the West seeking revenge on the woman he blames for the Marshals' fall and his disgrace. When a visitor from our world joins him on his journey, they together must confront the horrors of a strange land, the mysteries of the past and the real meaning of their quest for justice. The world of Tellus is what 19th Century Earth would have looked like if the stories of Poe, Ambrose Bierce, Lovecraft and William Hope Hodgeson were real. History in this world moves slower. The old faiths persist and civilization never conquered the dark corners of the map, at least not without being inextricably changed. Technology and culture takes a little longer to evolve in this land, as people here tend to spend more time pursuing their elaborate revenge plots or trying to avoid being the next sacrifice to the Outer Gods rather than advancing science or statecraft. Imagine Cormac McCarthy by way of Edgar Rice Burroughs, though a little less testosterone-drenched than that description would imply. Three caveats: First, there are deep mysteries here, including how such a world came to be and who controls it. Second, this world is not wholly unconnected from our own. There is a historical point of divergence, but in the distant past. To paraphrase Twain: history in this world is not a repeat of our own, but it does often rhyme. And finally, this is not a setting that lends itself to happy endings.
8 148 - In Serial16 Chapters
Spaceslime
In the Babylonian debris field, on a derelict spaceship, life again awakens. Authors note: This is my first ever story that I have published on RoyalRoad and I hope you will enjoy it. Feedback is much appreciated.
8 182 - In Serial6 Chapters
Student Council Help Desk
Yuuta Nishimura, a Japanese exchange student studying in the Philippines as he started his life away from his comfort zone, he had a rather 'unwelcoming' beginnings in his few weeks of stay in Ecotec. But his dull life changed when he joined the Student Council Help Desk, a club that is dedicated to helping students on their affairs personal or academic.What shenanigans await in Yuuta's dull and boring life as each request unfolds each day!
8 58 - In Serial692 Chapters
The Forgotten Gods
Arn is a call center worker, who was pulled through the Gate of Seasons to be the Champion for Bartholemew, the god of Bards and Summer Beer. However, something went wrong in the transfer (Patch 42) and he finds himself as an illiterate, unattached champion who cannot level in a new world that’s out to kill him. Will Arn adapt to his new life and survive? Will Bartholemew regret his choice to keep a broken champion? Will the pantheon collapse as Arn uses his unauthorized memories from Earth and the Necklace of Cores to upend the fabric of society? Is this all going exactly as planned? Chapters drop once a day from Thursday to Monday.Book One is completely released on Royal Road and has already been sent to an editor working towards a Kindle Unlimited release.I expect this series to be five to seven books long and will come to a conclusion.
8 1016 - In Serial59 Chapters
The voice they never heard
All the words that never left my throat nor my head the way I wished they did.mention of sh, ED, depression, anxietyDisclaimer: I am not a poet. I focus on writing so most of these don't follow the traditional rules of poetry. impressive rankings#2 in poesia on 18/12/2021#1 poembook on 11/12/2021#2 in spokenwords on 06/12/2021
8 191 - In Serial22 Chapters
Virtuous Sons: A Greco Roman Xianxia
Book one now available on Kindle. The saying goes that when a man is born the Fates weave his destiny and swaddle him in it. Then one day the man dies, and the swaddle becomes a shroud. Heaven moves on. It is audacity to question the Fates. Olympus is Olympus. The land of men is the land of men. To transgress that, to cross the line of divinity and scale Olympus Mons? To defy the Fates and cast off their threads? That is hubris. It’s a mark that every philosopher bears plainly on their soul.
8 209

