《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 23
Advertisement
[Zawgyi]
{ပေါက်စီမင်းသား}
"ရတယ်။ လမ်းသာပြပါ။"
"ရှင်က ဘယ်သူလဲ?"
“ပြန်တော့။”
.......
[Unicode]
{ပေါက်စီမင်းသား}
နဉ်ရှုပြောတာကို အစေခံလေးကြားတဲ့အခါ သူမက အလျင်အမြန်ပင်ပြန်ရှင်းပြလာ၏။
"စစ်သူကြီးက ရှင့်ကို ဖြစ်သလိုဝတ်လာဖို့ မှာလိုက်တာပါ။ ပြီးတော့ မျက်နှာမှာ ပြာတွေသုတ်လာရင် အကောင်းဆုံးလို့ပြောခိုက်ပါသေးတယ်။"
နဉ်ရှုနဲ့ယွဲ့လန်ကား သူမကို ဂရုမစိုက်ပါချေ။ ယွဲ့လန်ရဲ့ကျွမ်းကျင်တဲ့လက်တွေအောက်မှာ နဉ်ရှုတစ်ယောက် အင်မတန်လှပသွားပြီး နဉ်ရှုသည်ပင် သူမရဲ့ပုံစံကြောင့် ဆွဲဆောင်ခံလိုက်ရလေ၏။
အစေခံက နဉ်ရှုကို ခဏတာကြောင်အကာကြည့်နေပြီးမှ ခေါင်းယမ်းလိုက်တော့သည်။
"ရှင် ဒီလိုလုပ်လို့မရဘူး။ စစ်သူကြီးက ရှင့်ကိုသတ်လိမ့်မယ်။"
"ရတယ်။ လမ်းသာပြပါ။"
နဉ်ရှု ခေါင်းကိုမော့ကာ လေမှုတ်ထုတ်လိုက်ပြီး သူမလမ်းလျှောက်တိုင်း ခါးလှုပ်လီလှုပ်လဲ့ဖြစ်မနေစေရန် ဗိုက်ကိုကျုံ့ထားလိုက်သည်။
ဧည့်ခန်းထဲမှလေထုအခြေအနေကတော့ အတော်လေးဆိုးနေပေသည်။ လော်ကျွင့်ယွမ်က အဓိပ္ပါယ်ဖော်၍မရသော ခပ်ဖျောဖျော့အပြုံးတစ်ခုကို မျက်နှာထက်တွင်ျဖ်ာဆောင်ထားစဉ်မှာ စစ်ထူချင်းယွီရဲ့အမူအရာကတော့ အေးစက်နေ၏။ သူတို့က သူတို့ရဲ့စကားဝိုင်းကို သဘောကျပုံ လုံးဝမပေါ်။
နဉ်ရှုဝင်လာချိန်၌ နှစ်ဦးလုံးအံ့အားသင့်သွားကြသည်။ ထို့နောက်တွင်တော့ စစ်ထူချင်းယွီရဲ့မျက်နှာက ချက်ချင်းပင်မည်းမှောင်သွားလေတော့၏။ ဘုရင်ခံမင်းသားက မုယန်မုန့်အတွက် ဒီကိုရောက်နေတာကို သူသိသဖြင့် သူမကို ထင်ရှားပေါ်လွင်နေခြင်းမှ ရှောင်ရှားစေလိုခြင်းဖြစ်သော်လည်း သူမက လှလှပပဝတ်စားလာ၏။
သူမရဲ့ အေးတိအေးစက်နဲ့ဆွဲဆောင်မှုရှိတဲ့ဟန်ပန်က မိတ်ကပ်ပါးပါးကြောင့် ပို၍ထက်မြက်သိမ်မွေ့ပုံပေါ်နေသည်။ စစ်ထူချင်းယွီမှာ ဒေါသထွက်သွားရကာ နဉ်ရှုကို သူတစ်စစီဆုတ်ဖြဲပစ်ချင်မိတဲ့ သားကောင်လို ကြည့်မိရသည်။
တစ်ချိန်တည်းမှာပင် နဉ်ရှုကိုကြည့်နေတဲ့ လော်ကျွင့်ယွမ်ရဲ့မျက်လုံးများထဲတွင်တော့ အံ့အားသင့်မှုများဖြင့်ပြည့်နေ၏။ သူ့အကြည့်တွေမှာ နိုင်လိုမင်းထက်ပြုမူလိုသောအရိပ်အယောင်၊ မခွဲနိုင်မခွာရက်ဖြစ်နေသောခံစားချက်များနှင့် ဆုံးဖြတ်ချက်ချထားခြင်းတို့ပါဝင်နေသည်။
ဒီအမျိုးသမီးအစေခံက ဒီလောက်လှမယ်လို့ သူမထင်ထား။ သူမက မြို့တစ်မြို့ကိုပင် ပျက်စီးစေနိုင်သည်။ စစ်ထူချင်းယွီ သူမကို သူ့ဆီမပေးချင်သည်မှာ အံ့သြစရာမဟုတ်တော့။
"အဟမ်း၊ မင်း ဒီမင်းသားကို မှတ်မိသေးရဲ့လား?"
လော်ကျွင့်ယွမ်က နဉ်ရှုကိုမေးလာသည်။ သူ့ဆီက ငါးကြီးအန်ဖတ်လိုအနံ့ရနေပြီး လူတွေရဲ့နှလုံးသားကို တဒိတ်ဒိတ်ခုန်လာစေနိုင်သည့် ယောက်ျားဆန်သောရောင်ဝါကို ထုတ်လွှတ်နေသည်။
နဉ်ရှုက အေးတိအေးစက်ဖြင့် ဂရုမထားသည့်ဟန် သရုပ်ဆောင်နေသော်လည်း သူမရဲ့ပါးစပ်ကိုဖွင့်ဟလာချိန်၌ မယုံနိုင်လောက်အောင် ကွဲအက်ကြမ်းတမ်းနေသောအသံထွက်လာသည်။
"ရှင်က ဘယ်သူလဲ?"
သူမရဲ့အသံကို လော်ကျွင့်ယွမ်ကြားတဲ့အခါ အေးခဲသွားသည်။ ဒါက အတော်လေးအဆင်မပြေသလိုခံစားရသည်။ ချောမောလှပတဲ့လူတစ်ယောက်မှာ ညင်သာနူးညံ့ပြီး ဆွဲဆောင်မှုရှိကာ သာယာသောအသံမျိုးရှိသင့်သည်။
"မင်း လည်ပင်းဘာဖြစ်ထားတာလဲ? ဒဏ်ရာရထားတာလား?"
လော်ကျွင့်ယွမ်က မျက်မှောင်ကုတ်လျက်မေးလာ၏။
"စိတ်မပူနဲ့။ ဒီမင်းသားက မင်းလည်ပင်းကို ပျောက်အောင်ကုပေးမယ်။"
နဉ်ရှု ဘာမှမပြောဘဲ မျက်ခုံးသာပင့်လိုက်သည်။
နဉ်ရှု မတုန့်ပြန်တာကို လော်ကျွင့်ယွမ်မြင်တဲ့အခါ သူက စိတ်အားထက်သန်စွာအစဖော်ပေးလာသည်။
"မင်း မေ့သွားပြီလား? ပေါက်စီတွေလေ၊ ပေါက်စီတွေ။ မှတ်မိပြီလား? ကိုယ်တို့ ပေါက်စီဆိုင်ရှေ့မှာ တွေ့ဖူးကြတယ်လေ။"
နဉ်ရှု စိတ်ပျက်ဟန်ဖြင့် နှုတ်ခမ်းများကို တွန့်ကွေးလိုက်သည်။ ပေါက်စီဆိုင်မှာတငန်းက သူမက လုံးဝကြီးကိုညစ်ပတ်ပေပွနေတာလေ။ ဒါကို သူတွေ့ခဲ့တဲ့တစ်ယောက်က သူမပါဆိုတာ လော်ကျွင့်ယွမ်က ဘယ်လိုလုပ်ပြီး အရမ်းတွေသေချာနေရတာတုန်း?
ထင်ထားသလိုပင်။ သူက မုယန်မုန့်ရဲ့အလှကို မျက်စိကျသွားချေပြီ။ သို့ပေမယ့် သူ သူမကိုရပြီးသွားတာနဲ့ သူမကို မြက်ပင်တစ်ပင်လို နင်းချေပစ်မှာပင်။ သူက သူမကို သူ့စိတ်တိုင်းကျ ကစားတတ်ပြီး သူမဓမ္မတာလာနေချိန်မှာ ဆက်ဆံရတာကို အဖူးတလည်နှစ်သက်သည်။ သူ့အကြိုက်က ထူးခြားတာပဲ။
“ပြန်တော့။”
စစ်ထူချင်းယွီက နဉ်ရှုကို အေးစက်စွာပြောလာသည်။
နဉ်ရှု မတုန့်ပြန်နိုင်ခင်မှာပင် လော်ကျွင့်ယွမ်က ပြောလာသည်။
"စစ်ထူချင်းယွီ၊ ဒီနေ့ ဒီမင်းသားလာတာက သူမကိုခေါ်ထုတ်သွားဖို့အတွက်ပဲ။"
စစ်ထူချင်းယွီက အေးစက်စွာရယ်လေ၏
"မင်းသား၊ သူမက ဒီစစ်သူကြီးပိုင်တာပါ။ သူမကို အတင်းအကြပ်လုယူချင်လို့ ဖြစ်မလား?"
အို...ဝေါင်း၊ သူတို့က သူမအတွက် တိုက်ခိုက်နေကြတာလား?
.......
Advertisement
- In Serial50 Chapters
WTF I'm a Dungeon!? (Dropped)
This story has been more or less dropped, read if you want to. The mad necromancer falls defeated, in his final moments he cast a spell and broke reality. Opening a portal and allowing countless souls to enter the world. They were reincarnated, born in new bodies and forced into a world unlike their own A boy wakes up a prince, in a kingdom on the verge of ruin. A girl finds herself on the cusp of madness, the voices torment her... Another finds themselves in the ruins of a destroyed city, a wreckage of some ancient war, their body little more than bones. This is the story of the one reborn as a dungeon. This is my first Web Novel so there may be some mistakes if you see any or have criticisms please comment on them. I don’t own the cover art. If you have any questions or suggestions about the story then feel free to come over to this discord channel https://discord.gg/9PmCR8F I'm usually active and will try to answer your questions as fast as possible.
8 160 - In Serial30 Chapters
Hazel
Despite pressure from the gaming community, professional gamer Hazel Hops has refused to get the computer implant that everyone promises would take her game to the next level. When her best friend, Sophie, falls into an unexplained coma a few weeks before the biggest tournament of the year, Hazel has to decide if she will do what it takes to beat the competition or step out of her comfort zone and dig in to save Sophie. She hopes that if she plays her cards right, she might manage both. Her plans are hijacked, though, by two compelling forces – one man who will do anything to stop her, and one who will do anything to save her.
8 114 - In Serial35 Chapters
Perfect Stranger
𝙸 𝚝𝚑𝚒𝚗𝚔 𝚊𝚋𝚘𝚞𝚝 𝚝𝚑𝚎 𝚍𝚊𝚢 𝙸 𝚖𝚎𝚝 𝚝𝚑𝚎 𝚙𝚎𝚛𝚏𝚎𝚌𝚝 𝚜𝚝𝚛𝚊𝚗𝚐𝚎𝚛, 𝙸 𝚝𝚑𝚒𝚗𝚔 𝚊𝚋𝚘𝚞𝚝 𝚞𝚜
8 144 - In Serial83 Chapters
Corruption of the Aether (PENDING EXTENSIVE REWRITE)
Callista is an Emissary of the Dominion's Emperor. When not tasked from their office, she is to undertake missions to protect and serve its people. She and her friends are tasked with hunting a rampaging beast. It is not an uncommon task, but one that marks the beginning of a world altering future soon to unfold. The Artwork for the cover is by Don Kelleher
8 277 - In Serial31 Chapters
how?。↠ 2yeon
❝ How can you possibly fall in love with a criminal like me? ❞082018 - 031319
8 124 - In Serial34 Chapters
Bnha gay oneshots
A bunch of gay ships from my hero academiaProbably smut, lots of fluff and feel free to comment on the first page of the book if u have any requests
8 71