《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 24
Advertisement
[Zawgyi]
နဉ်ရှုက ပြန်ဖြေသည်။
နဉ်ရှု : …
......
[Unicode]
{လေးထောင့်ကျကျမျက်နှာနဲ့အစ်ကိုကြီး}
စစ်ထူချင်းယွီက နဉ်ရှုကို လော်ကျွင့်ယွမ်နဲ့အတူထွက်သွားခွင့်မပေးနိုင်ချေ။ ဒါက မူလဇာတ်ကြောင်းနဲ့ အနည်းငယ်တော့ ကွဲပြားနေပေ၏။
သို့သော်လည်း နဉ်ရှုကတော့ ဘာကြောင့်ဆိုတာ ချက်ချင်းပင်သိသွားလေ၏။ ဘာကြောင့်လဲဆိုတော့ စစ်ထူချင်းယွီက သူမနဲ့ အခုထိမအိပ်ရသေးတာကြောင့်ပင်။ ရယူဖို့ခက်ခဲတာတွေက အကောင်းဆုံးဟု အမြဲလိုလိုထင်ရသည်။ ရယူဖို့လွယ်ကူလွန်းနေလျှင် တန်ဖိုးထားခြင်းခံရမည်မဟုတ်ပေ။
ပြီးတော့ အခု ဘုရင်ခံမင်းသားပေါ်လာခဲ့ပြီ။ ဒီလူ့မှာ ဆိုးရွားတဲ့ရည်ရွယ်ချက်တွေရှိတာ သိသာနေသည်။ ထပ်ပြောရမည်ဆိုလျှင် သူ့ရဲ့ရာထူးက စစ်ထူချင်းယွီထက်မြင့်သည်၊ အာဏာလည်းပိုကြီးသည်၊ ပြီးတော့ စစ်ထူချင်းယွီနည်းတူ ကြည့်ကောင်းသည်။ ဒါကပင် စစ်ထူချင်းယွီကို သူ့နေရာခြိမ်းခြောက်ခံရသလို ခံစားရစေတာကြောင့် သူက သူ့ရဲ့ယောက်ျားမာနအတွက် မင်းသားကို ဖက်ပြိုင်အံတုပေလိမ့်မည်။
Advertisement
လုစားရတဲ့အစားအစာက ပိုအရသာရှိသည်၊ လုယူရတဲ့မိန်းမက ပိုလှသည်။ ထင်ထားသလိုပင် လူတွေက စက်ဆုပ်ဖို့ကောင်းသည်။
လော်ကျွင့်ယွမ်က မတရားစွာပင်ပြောတော့သည်။
"ဒီလိုမိန်းကလေးမျိုးက ဂရုတစိုက်ကာကွယ်ပေးခံရသင့်တယ်။ မောင်မင်းလို ရက်စက်ကြမ်းကြုတ်တဲ့လူရဲ့လက်ထဲမှာ ခံစားရအောင်မလုပ်သင့်ဘူး။ မောင်မင်းက သူမကို ကြိုးတုပ်ပြီး လမ်းတကာကိုဖြတ်ပြီးလူတိုင်းရဲ့ရှေ့မှာ လမ်းလျှောက်စေတယ်! မောင်မင်း ကိုယ့်ကိုကိုယ် ရက်စက်တယ်လို့မခံစားရဘူးလား?"
"သူမက ဒီစစ်သူကြီးရဲ့အစေခံပဲ။ ဒါကြောင့် သူမကို ကျွန်တော်မျိုးစိတ်တိုင်းကျဆက်ဆံမယ်။ ဒါက မင်းသားကိစ္စလား?"
စစ်ထူချင်းယွီက အေးစက်စွာပြောလေ၏။
"အခုကစပြီး သူမကို ဒီမင်းသားပိုင်တ
ယ်လို့ ပြောခဲ့ပြီးပြီ။ သူမက အမျိုးသမီးအစေခံတစ်ယောက်ပဲဖြစ်နေရင်တောင်မှ ဒီမင်းသားမှာ သူမကို မြင့်မြတ်တဲ့အဆင့်အတန်းတစ်ခုပေးနိုင်တဲ့အာဏာရှိတယ်။ စစ်ထူချင်းယွီ၊ မောင်မင်း ကိုယ့်နေရာကိုယ်သတိရသင့်တယ်။ မောင်မင်းမှာ ဒီမင်းသားနဲ့ဆန့်ကျင်ယှဉ်ပြိုင်ဖို့ ဘာအခွင့်အရေးရှိလို့လဲ?"
လော်ကျွင့်ယွမ်က အထင်သေးသလိုပြောလာ၏။
စစ်ထူချင်းယွီ အမုန်းဆုံးအရာတစ်ခုက လူတွေသူ့ကိုအထင်သေးတာပင်။ လော်ကျွင့်ယွမ်က သူ့(STQY)အပေါ်ကို အထင်သေးကာ သူ့(STQY]ကိုဖိနှိပ်ရန် သူ့(LJY)ရဲ့အဆင့်အတန်းကိုအသုံးပြုလာချိန်မှာတော့ သူ့(စစ်ထူချင်းယွီ)ရဲ့မျက်နှာက ချက်ချင်းပင်မြင်မကောင်းလောက်အောင်ဖြစ်သွားတော့သည်။
"ဒါဆို မင်းသားက ဘာလုပ်ဖို့ဆန္ဒရှိပါသလဲ? ကျွန်တော်မျိုးက အဆုံးထိ မင်းသားနဲ့ သေချာပေါက်ပူးပေါင်းဆောင်ရွက်ပေးမှာပါ။"
စစ်ထူချင်းယွီရဲ့အမူအရာက မှောင်မိုက်သွားပြီး ဆုံးဖြတ်ထားဟန်ဖြစ်သွားသည်။
ထိုအတောအတွင်းတွင် နဉ်ရှုကတော့ ဘေးမှာရပ်နေကာ သူတို့နှစ်ယောက်ငြင်းခုန်နေတာကို ကြည့်နေ၏။ သူမက အဓိကပါဝင်ပတ်သက်နေတဲ့သူဖြစ်ပေမယ့် ဝင်ပြောပိုင်ခွင့်မရှိတာက အတော်လေးဝမ်နည်းဖို့ကောင်းသည်။
နဉ်ရှု ချက်ချင်းဆိုသလို နာကျင်နေတဲ့အမူအရာလုပ်လိုက်ပြီး သူမရင်ဘတ်ကိုဖိကိုင်ရင်း သူတို့ကို မျက်ရည်များဖြင့်ကြည့်လိုက်သည်။
"ရှင်တို့ ဘယ်လိုလုပ်ပြီး ဒီလိုလုပ်နိုင်ရတာလဲ? ကျွန်မက လူတစ်ယောက်ပါ။ ပစ္စည်းတစ်ခုမဟုတ်ဘူး။ ကျွန်မက ရှင်တို့တွေတိုက်ခိုက်ပြီးလုယူလို့ရတဲ့ပစ္စည်းမဟုတ်ဘူး။ ရှင်တို့ ကျွန်မကို နည်းနည်းလောက် လေးသားပေးလို့မရဘူးလား? ဝူးဝူးဝူး..."
သူမ မျက်ရည်များကိုသုတ်ကာဖြင့် အထဲမှာရှိတဲ့လူနှစ်ယောက်က အပြင်မှာတိုက်ခိုက်ကြမလား၊ အိပ်ရာထဲမှာတိုက်ခိုက်ကြမလားဆိုတာကိုတောင့် စောင့်ကြည့်ခြင်းမရှိတော့ဘဲ နူးညံ့သိမ်မွေ့သောခြေလှမ်းများဖြင့် ပြေးထွက်သွားတော့သည်။
"မမလေး၊ ဒီအစေခံကို စောင့်ပါဦး!"
ယွဲ့လန် နဉ်ရှုနောက်သို့ ချက်ချင်းပြေးလိုက်သွားလိုက်သည်။
နဉ်ရှု နောက်ပြန်လှည့်ကြည့်လိုက်ပြီးနောက် ယွဲ့လန်က သူမနောက်ကလိုက်လာတာမြင်တဲ့အခါ သူမ အလောတကြီးပင်အရှိန်မြှင့်လိုက်သည်။ ယွဲ့လန်ကတော့ သူမနောက်ကနေ အော်ဟစ်နေဆဲသာ။
"မမလေး! ဒီအစေခံကိုစောင့်ပါဦး။ အား!"
ိနဉ်ရှုကတော့ အားကုန်သွားသည်အထိ ပြေးနေခဲ့ပြီးမှ လက်ရန်းကိုမှီကာ အမောတကောအသက်ရှူ နေတော့သည်။ ယွဲလန်ကား မောလွန်း၍သတိမေ့တော့မလိုပင်။ သူမက မေးလာ၏။
"မမလေး၊ ဘာလို့ အရမ်းမြန်အောင်ပြေးရတာလဲ?"
"နင်က ငါ့နောက်ကနေ အပြင်းအထန်လိုက်နေတာလေ။ ငါ ဘယ်လိုလုပ်မပြေးဘဲနေရမှာလဲ?"
နဉ်ရှုက ပြန်ဖြေသည်။
"လေ့ကျင့်ခန်းလုပ်တယ်လို့ပဲမှတ်လိုက်။"
နှစ်ယောက်သား သူတို့အခန်းဆီပြန်လာခဲ့ကြသည်။ နဉ်ရှု ပထမဆုံးလုပ်တဲ့အရာကတော့ ရေခွက်ကြီးကြီးတစ်ခွက်ထဲရေထည့်ကာသောက်ခြင်းပင်။ ယွဲ့လန်က နှုတ်ခမ်းတွေကို မပျော်မရွှင်ဖြင့်ဖိကပ်လိုက်ရင်း မေးလေ၏။
"မမလေး၊ မမလေးဘာလို့ ဘုရင်ခံမင်းသားနဲ့လိုက်မသွားတာလဲ? ဘုရင်ခံမင်းသားက အဲ့စစ်သူကြီးထက်စာရင် အများကြီးကောင်းတာကို။ အဲ့စစ်သူကြီးကတော့ လူတွေကို အမြဲတမ်းရိုက်နေတာပဲ။"
စစ်ထူချင်းယွီက လူမဆန်ရက်စက်သူတစ်ယောက်သာ။
နဉ်ရှု မေးကိုထောက်ကာ ယွဲ့လန်ကိုကြည့်လိုက်သည်။ ပြီးနောက် လက်ညှိုးထိပ်ဖြင့် ယွဲ့လန်ရဲ့မေးကိုပင့်မလိုက်ရင်း စနောက်ကာဆို၏။
"နင့်ရုပ်ရည်က သိပ်မဆိုးဘူးပဲ ကောင်မလေးရ။"
"မမလေး၊ ဒီအစေခံက မမလေးနဲ့အရေးကြီးတဲ့ကိစ္စကိုဆွေးနွေးနေတာပါ။ ပြီးတော့ ဒီအစေခံရဲ့ရုပ်ရည်က မမလေးနဲ့ယှဉ်နိုင်လို့လား? မမလေးက အရွယ်မရောက်ခင်တည်းက သုန်ဟွာပြည်မှာ မမလေးရဲ့အလှကြောင့်ကျော်ကြားနေခဲ့ပြီးသား။"
အလှတရား? ဖီ! ဒါက ယောက်ျားတွေကို ပိုမက်မောလာစေတာပဲရှိတယ်။ ဒါကြောင့်ပဲ ယောက်ျားတိုင်းက တိုင်းပြည်ရဲ့နံပါတ်တစ်အလှဆုံးဖြစ်တဲ့မုယန်မုန့်နဲ့အိပ်ဖို့ကို အိပ်မက်မက်နေကြတာ။
"တော်တော့။ ဒီမမလေးမှာ အစီအစဉ်ရှိပြီးသား။ နင့်ရဲ့လေးထောင့်ကျကျမျက်နှာနဲ့အစ်ကိုကြီးက ဘာလို့ စားစရာယူမလာသေးတာလဲ?"
နဉ်ရှု ဗိုက်ကိုပွတ်လိုက်သည်။ သူမ တော်တော်ဆာနေပြီ။
"မမလေး ဘာတွေပြောနေတာလဲ? လေးထောင့်ကျကျမျက်နှာနဲ့အစ်ကိုကြီး? လျှို့ဝှက်သက်တော်စောင့်က ဒီအစေခံရဲ့အစ်ကိုကြီးမဟုတ်ပါဘူး!"
ယွဲ့လန်က ချက်ချင်းဆိုသလိုပင် ငြင်းလေသည်။
"ဒီအစေခံမှာ အဲ့လိုရုပ်ဆိုးဆိုးအစ်ကိုကြီးမရှိဘူး။"
နဉ်ရှု : …
သူမလှည့်လိုက်ချိန်မှာပဲ လျှို့ဝှက်သက်တော်စောင့်က ပြတင်းပေါက်ကို ကျော်တက်ပြီးဝင်လာတာတွေ့လိုက်ရသည်။ ယွဲ့လန်ပြောတာကို သူကြားသွားပုံပေါ်သည်။
......
Advertisement
- In Serial377 Chapters
My World Traveling System: The Harbinger Of Death
After being hit by thunder while sleeping with his phone, Frank awakened to his Ability, being revealed to a new world of wonders and dangers and countless other Worlds filled with Chaos through his World Traveling System!
8 2041 - In Serial44 Chapters
Laus Deo
Abigail and Elias just had the worst day of their lives: burying their parent's after their unexpected deaths. All mourning is put on hold when an irate angel appears in their house and demands their help.Humanity is in trouble. The seal on the demon kingdom has weakened and if it's not taken care of soon, well...all Hell will break loose, literally. Earth will become the stage for Heaven and Hell's eternal war.The siblings join forces with the angel, while trying to keep up with the demands of normal life.Among all this, Abigail begins to suspect their parents' deaths might not have happened the way the police report says they did.
8 145 - In Serial42 Chapters
the retribution of a cursed swordsman
The youngest prince of the Sylphin Empire was born as a human. Bringing disgrace to his family. After many years of trying to awaken his powers. His father gave up on ever seeing the day when his son would become strong. And in turn, kicked him out of the palace to live in the forest with his mother.The Syphin Empire was home to monsters of all different species. Orcs, Trolls, Beastmen and even Werewolves. But they were currently engaged in war with the warriors from the human kingdom known as Ysaven.The war raged on for many years until it was decided that Kalon. The useless prince will be sent as a spy to learn the secrets that the humans used to fight back.Will Kalon manage to rise to the challenge and bring honour to the Sylphin Empire? Or will he accept his fate as an outsider of his homeland and give up on returning to that wretched place?
8 99 - In Serial6 Chapters
Re:Savior Or ærdéaþ
A man haunted by his past who dreamed of being a hero is instead tricked by The Demon God into killing his daughter and the rest of his party driven to near insanity he decides that he would seek revenge on That Demon God and wouldn't let death get in his way, he failed once but with this new life given to him anyone that tried to interfere with his revenge will be destroyed.
8 133 - In Serial7 Chapters
☆ {It's Alright} ☆ [MCYT ONESHOTS] ☆
uhhhhhh yeah im not good at desc, check the first three chaps it goes over my rules and shit
8 199 - In Serial14 Chapters
The Traveling Dungeon
Dale had finally started to get a hold of his existence as a dungeon core. His dungeon was working, the challenges were popular, he had a large swath of texts on magic to work through, and his core was as protected as he could reasonably make it. Everything should have been perfect. Then he reached a tad too far, grabbed ahold of a new skill for the manipulation of Essence and so began his ascension to godhood! Which was a nice way of saying his soul was sucked through space, torn and shredded, and shoved into a conceptual body.ie, he appeared in the Hall of the Gods suddenly. Without clothing.This would have been simply an amusing anecdote if he wasn't then instantly yanked out of the Hall of the Gods by a person who appeared to be cos-playing a cross between a plumber and accountant. Oh, and he had a grip like iron and could freeze the other gods at will. A small detail, but a concerning one.Now Dale is forced to deal with being a God, a Dungeon Core, and act as the lynchpin in a divine universe jailbreak attempt.Oh, and of course, the Gods still have all the drama that you would expect. Naturally.
8 134