《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 27
Advertisement
[Zawgyi]
{ဘယ္ေတာ့မွအနိုင္မခံအရႈံးမေပးသည့္စိတ္ဓာတ္}
ခဏအၾကာတြင္ တစ္ကိုယ္လံုးအနက္ေရာင္ကိုသာဝတ္ဆင္ထားဆဲျဖစ္ေသာ လ်ွိဳ႕ဝွက္သက္ေတာ္ေစာင့္အစ္ကိုႀကီးသည္ ျပတင္းေပါက္မွခုန္ဝင္လာခဲ့၏။ သူရုပ္ဆိုးေနတာကလံုေလာက္ၿပီလို႔ နဥ္ရႈခံစားေနရေပမယ့္ သူက သူ႔ကိုယ္သူ ဒီနည္းနဲ႔ဖ်က္ဆီးေနေသးသည္။ သူက ကယ္တင္လို႔မရႏုိင္ေတာ့့။
"လ်ွိဳ႕ဝွက္သက္ေတာ္ေစာင့္၊ ျမင္းလွည္းတစ္စီးနဲ႔ စားစရာတစ္ခ်ိဳ႕ျပင္ထား။ ကြၽန္မတို႔ ထြက္သြားဖို႔အဆင္သင့္ျဖစ္ေတာ့မယ္။"
နဥ္ရႈ သူ႔ကိုၾကည့္ကာ ေလးနက္စြာေျပာလိုက္သည္။
"ကြၽန္မတို႔အသက္က ရွင့္လက္ထဲမွာ။ ႀကိဳးစားေပးပါ။"
လ်ွိဳ႕ဝွက္သက္ေတာ္ေစာင့္က နဥ္ရႈကို ၾကည့္လာသည္။
"သခင္မေလးက ဘာလို႔ထြက္သြားမွာလဲ? သူတို႔နွစ္ေယာက္က ေယာက်္ားေလးေတြၾကားမွာ ထူးကဲတဲ့စြမ္းရည္ရွိတဲ့သူေတြပဲ။ ၿပီးေတာ့ နွစ္ေယာက္လံုးက သခင္မေလးကိုႀကိဳက္ၾကတယ္။ ဒါဆို ဘာလို႔ထြက္သြားဖို႔လိုမွာလဲ?"
"ရွင္ အခ်စ္ကို လံုးဝနားမလည္ပါဘူး။"
နဥ္ရႈက ဝမ္းနည္းေနတဲ့အမူအရာနဲ႔ ေမးေထာက္ကာ ေျပာလိုက္သည္။
လ်ွိဳ႕ဝွက္သက္ေတာ္ေစာင့္က သူမကိုၾကည့္ကာ ျပတင္းေပါက္အျပင္ဘက္ကို ရုတ္တရက္ခုန္ထြက္မသြားခင္ အထင္ေသးသလိုျဖင့္ "ခင္ဗ်ားကရူးေနတာပဲ"ဟုမွတ္ခ်ေလ၏။
နဥ္ရႈ ညစာစားေနခ်ိန္မွာ စစ္ထူခ်င္းယီြေရာက္လာၿပီး သူမေရွ႕မွာဝင္ထိုင္ေလ၏။ ရုတ္တရက္ သူက နဥ္ရႈလက္ကိုဖမ္းဆုပ္လိုက္တာေၾကာင့္ သူမကိုၾကက္သီးမ်ားထလာေစသည္။
သူမ ဘာမွမေျပာဘဲ သူမလက္ကိုသာျပန္ဆဲြရန္ႀကိဳးစားလိုက္သည္။ စစ္ထူခ်င္းယီြက ဖမ္းဆုပ္ထားတာကို ပိုတင္းလိုက္တာေၾကာင့္ သူမပို၍ပင္ခက္ခက္ခဲခဲျဖင့္ဆဲြယူသည္။ အဆံုးတြင္မူ စစ္ထူခ်င္းယီြက နဥ္ရႈလက္ကို ရုတ္တရက္လႊတ္လိုက္ေလ၏။ ျပင္းထန္တဲ့ပါးရိုက္သံတစ္သံထြက္ေပၚလာသည္။ နဥ္ရႈရဲ႕လက္က ကိုယ့္မ်က္နွာကိုယ္ျပန္ရိုက္မိသြားၿပီး အားနဲ႔ဆဲြယူမိတဲ့အရွိန္ေၾကာင့္ သူမ ေနာက္ကိုပင္လဲက်သြားသည္။
"မမေလး၊ အဆင္ေျပရဲ႕လား?"
ယဲြ႕လန္က ခ်က္ခ်င္းပင္ သူမကိုကူညီရန္ေလ်ွာက္လာသည္။
နဥ္ရႈမွာ တင္ပါးေတြပင္က်ိန္းထြက္သြားေသာ္လည္း ေအးစက္ကာဂရုမစိုက္သည့္အမူအရာကိုေတာ့ မ်က္နွာထက္တြင္ခ်ိတ္ဆဲြထားဆဲပင္။
နဥ္ရႈ : ဒီေစာင္အယုတ္တမာေကာင္ကေတာ့!
"ရွင္ ဘာလို႔ဒီကိုလာတာလဲ?"
နဥ္ရႈ ခိုးေၾကာင္ခိုးဝွက္ျဖင့္ တင္ပါးကိုပြတ္လိုက္သည္။
စစ္ထူခ်င္းယီြက မေရရာမႈနွင့္နာက်င္မႈမ်ားေရာယွက္ေနေသာမ်က္ဝန္းမ်ားျဖင္ပ နဥ္ရႈကိုၾကည့္လာသျဖင့္ နဥ္ရႈမွာ ေတာင့္တင္းသြားရသည္။ ဒီအၾကည့္က အရမ္းစိတ္ထိခိုက္ရတယ္။
စစ္ထူခ်င္းယီြက နဥ္ရႈလက္ေတြက ထပ္မံဆဲြဟူရန္ႀကိဳးစားလာေလသျဖင့္ နဥ္ရႈမွာ သူမရဲ႕လက္ေတြကို ေက်ာေနာက္ကိုပစ္ထားလိုက္ရသည္။ ဒါကိုျမင္တဲ့အခါ သူကေျပာလာ၏။
"ယန္မုန္႔၊ အရင္က မင္းကိုအနိုင္က်င့္ခဲ့တာေတြအတြက္ ကိုယ့္ကို စိတ္ဆိုးေနတုန္းလား? အဲ့ဒါေၾကာင့္ မင္း ကိုယ့္ကို အရမ္းေအးစက္ၿပီးဂရုမစိုက္တာလား?"
Yup! နဥ္ရႈ ေခါင္းယမ္းကာေျပာလိုက္သည္။
"စစ္သူႀကီးက မိန္းကေလးေတြကိုမႀကိဳက္ဘူးဆိုတာ ယန္မုန္႔သိပါတယ္။ အရင္က ရွင္က မိန္းကေလးေတြရဲ႕အနိုင္က်င့္ေစာ္ကားတာေတြလည္းခံခဲ့ရၿပီး -်ီးစားတာရမ်ိဳး၊ ဖိနပ္ေတြကိုလ်ွာနဲ႔လ်က္ရတာမ်ိဳးေတြကိုလုပ္ဖို႔ပါ ဖိအားေပးေစခိုင္းခံခဲ့ရတယ္။ ဒါေၾကာင့္ စစ္သူႀကီးက ယန္မုန္႔ကိုဘာေၾကာင့္ဒီလိုဆက္ဆံရလဲဆိုတာ ယန္မုန္႔နားလည္ပါတယ္။ ဒါေပမယ့္လည္း ယန္မုန္႔ မွားယြင္းသလိုမခံစားရဘဲမေနနိုင္ဘူး။ ယန္မုန္႔က ရွင့္ကို မနွိပ္စက္ခဲ့ဘူး၊ -်ီးမစားခိုင္းခဲ့ဘူး၊ ဖိနပ္ေတြကိုလ်ွာနဲ႔မလ်က္ခိုင္းခဲ့ဘူး၊ ေခြးလိုမေဟာင္ခိုင္းခဲ့ဘူး၊ ျမင္းလိုမစီးခဲ့ဘူး၊ ၿပီးေတာ့ ရက္ရက္စက္မဆက္ဆံခဲ့ဘူး။ ဒါေၾကာင့္ ယန္မုန္႔ မွားယြင္းတယ္လို႔ခံစားေနရတယ္။"
"ဒင္၊ စိတ္ဒဏ္ရာမွတ္ +5၊ +10၊ +20။ လက္ရွိစိတ္ဒဏ္ရာမွတ္ကေတာ့ 70ျဖစ္ပါတယ္။"
2333ရဲ႕အသံက စိတ္လႈပ္ရွားေနပံုေပၚ၏။ စက္ပစၥည္းတစ္ခုက စိတ္လႈပ္ရွားနိုင္လို႔လား?
စစ္ထူခ်င္းယီြ တိတ္တဆိတ္မ်က္နွာပ်က္ေနသည္ကိုလည္းေကာင္း၊ ေဒါသထြက္ကာလူသတ္လိုေသာစိတ္မ်ားျဖင့္ သူ႔မ်က္လံုးမ်ားရဲလာသည္ကိုလည္္းေကာင္း နဥ္ရႈျမင္သည္။
နဥ္ရႈ သူမရဲ႕မ်က္လံုးေတြကို အျပစ္ကင္းဟန္ျဖင့္ အလ်င္အျမန္ျပဴ းက်ယ္လိုက္ၿပီး ေနာင္တရေတာင္းပန္သည့္အမူအရာျဖင့္ သူမရဲ႕ပါးစပ္ကို အုပ္လိုက္သည္။ သူမက အလ်င္အျမန္ေျပာလာေလ၏။
"ကြၽန္မ ေတာင္းပန္ပါတယ္။ ကြၽန္မ ဒီကိစၥေတြကို ျပန္မေဖာ္သင့္ဘူး။ ရွင့္မွာ ဒီလိုအရွက္ရစရာအတိတ္မ်ိဳးရွိခဲ့ရင္ေတာင္ ယန္မုန္႔ရဲ႕နွလံုးသားထဲမွာေတာ့ စစ္သူႀကီးက ဘယ္ေတာ့မွအနိုင္မခံအရႈံးမေပးတတ္တဲ့စိတ္ဓာတ္ပိုင္ရွင္ပါပဲ။"
အမ်ိဳးသမီးတစ္ေယာက္ကိုအနိုင္က်င့္တတ္တာကို ဘယ္လိုလုပ္ အနိုင္မခံအရႈံးမေပးတတ္တဲ့စိတ္ဓာတ္ရွိတဲ့သူလို႔ေျပာလို႔ရမွာလဲ?
"အဲ့မိန္းမေတြက ဒီလိုကိစၥေတြကို ရွင့္အေပၚမွာ တကယ္မလုပ္ခဲ့သင့္ဘူး။"
နင္က အဲ့ဒါနဲ႔ပိုးစိုးပက္စက္ကိုထိုက္တန္တယ္။
"ယန္မုန္႔သာဆိုရင္ ယန္မုန္႔က ရွင့္ကို ေသခ်ာေပါက္ အဲ့လိုဆက္ဆံမွာမဟုတ္ဘူး။"
ငါက နင့္ကို ေသေအာင္ပဲရိုက္ပစ္မွာ။
"စစ္သူႀကီး၊ ရွင္ ကြၽန္မငိုဟအျပစ္မတင္ဘူးမလား၊ အျပစ္မတင္ပါဘူးေနာ္? ကြၽန္မ ဒီကိစၥေတြကို ရည္႐ြယ္ခ်က္ရွိရွိေျပာတာမဟုတ္ရပါဘူး။"
ဘာလဲ? ငါတစ္ခုခုမ်ားေျပာမိလို႔လား?
......
ေျဖာင္း! ေျဖာင္း! ေျဖာင္း! ကုန္းရွိနီ မႀကီးနဥ္။ 2020ခုနွစ္အတြက္ အေကာင္းဆံုးအမ်ိဳးသမီးသရုပ္ေဆာင္ဆုကိုရရွိသြားပါၿပီ...LOL!
......
[Unicode]
{ဘယ်တော့မှအနိုင်မခံအရှုံးမပေးသည့်စိတ်ဓာတ်}
ခဏအကြာတွင် တစ်ကိုယ်လုံးအနက်ရောင်ကိုသာဝတ်ဆင်ထားဆဲဖြစ်သော လျှို့ဝှက်သက်တော်စောင့်အစ်ကိုကြီးသည် ပြတင်းပေါက်မှခုန်ဝင်လာခဲ့၏။ သူရုပ်ဆိုးနေတာကလုံလောက်ပြီလို့ နဉ်ရှုခံစားနေရပေမယ့် သူက သူ့ကိုယ်သူ ဒီနည်းနဲ့ဖျက်ဆီးနေသေးသည်။ သူက ကယ်တင်လို့မရနိုင်တော့။
"လျှို့ဝှက်သက်တော်စောင့်၊ မြင်းလှည်းတစ်စီးနဲ့ စားစရာတစ်ချို့ပြင်ထား။ ကျွန်မတို့ ထွက်သွားဖို့အဆင်သင့်ဖြစ်တော့မယ်။"
နဉ်ရှု သူ့ကိုကြည့်ကာ လေးနက်စွာပြောလိုက်သည်။
"ကျွန်မတို့အသက်က ရှင့်လက်ထဲမှာ။ ကြိုးစားပေးပါ။"
လျှို့ဝှက်သက်တော်စောင့်က နဉ်ရှုကို ကြည့်လာသည်။
"သခင်မလေးက ဘာလို့ထွက်သွားမှာလဲ? သူတို့နှစ်ယောက်က ယောက်ျားလေးတွေကြားမှာ ထူးကဲတဲ့စွမ်းရည်ရှိတဲ့သူတွေပဲ။ ပြီးတော့ နှစ်ယောက်လုံးက သခင်မလေးကိုကြိုက်ကြတယ်။ ဒါဆို ဘာလို့ထွက်သွားဖို့လိုမှာလဲ?"
"ရှင် အချစ်ကို လုံးဝနားမလည်ပါဘူး။"
နဉ်ရှုက ဝမ်းနည်းနေတဲ့အမူအရာနဲ့ မေးထောက်ကာ ပြောလိုက်သည်။
လျှို့ဝှက်သက်တော်စောင့်က သူမကိုကြည့်ကာ ပြတင်းပေါက်အပြင်ဘက်ကို ရုတ်တရက်ခုန်ထွက်မသွားခင် အထင်သေးသလိုဖြင့် "ခင်ဗျားကရူးနေတာပဲ"ဟုမှတ်ချလေ၏။
နဉ်ရှု ညစာစားနေချိန်မှာ စစ်ထူချင်းယွီရောက်လာပြီး သူမရှေ့မှာဝင်ထိုင်လေ၏။ ရုတ်တရက် သူက နဉ်ရှုလက်ကိုဖမ်းဆုပ်လိုက်တာကြောင့် သူမကိုကြက်သီးများထလာစေသည်။
သူမ ဘာမှမပြောဘဲ သူမလက်ကိုသာပြန်ဆွဲရန်ကြိုးစားလိုက်သည်။ စစ်ထူချင်းယွီက ဖမ်းဆုပ်ထားတာကို ပိုတင်းလိုက်တာကြောင့် သူမပို၍ပင်ခက်ခက်ခဲခဲဖြင့်ဆွဲယူသည်။ အဆုံးတွင်မူ စစ်ထူချင်းယွီက နဉ်ရှုလက်ကို ရုတ်တရက်လွှတ်လိုက်လေ၏။ ပြင်းထန်တဲ့ပါးရိုက်သံတစ်သံထွက်ပေါ်လာသည်။ နဉ်ရှုရဲ့လက်က ကိုယ့်မျက်နှာကိုယ်ပြန်ရိုက်မိသွားပြီး အားနဲ့ဆွဲယူမိတဲ့အရှိန်ကြောင့် သူမ နောက်ကိုပင်လဲကျသွားသည်။
"မမလေး၊ အဆင်ပြေရဲ့လား?"
ယွဲ့လန်က ချက်ချင်းပင် သူမကိုကူညီရန်လျှောက်လာသည်။
နဉ်ရှုမှာ တင်ပါးတွေပင်ကျိန်းထွက်သွားသော်လည်း အေးစက်ကာဂရုမစိုက်သည့်အမူအရာကိုတော့ မျက်နှာထက်တွင်ချိတ်ဆွဲထားဆဲပင်။
နဉ်ရှု : ဒီစောင်အယုတ်တမာကောင်ကတော့!
"ရှင် ဘာလို့ဒီကိုလာတာလဲ?"
နဉ်ရှု ခိုးကြောင်ခိုးဝှက်ဖြင့် တင်ပါးကိုပွတ်လိုက်သည်။
စစ်ထူချင်းယွီက မရေရာမှုနှင့်နာကျင်မှုများရောယှက်နေသောမျက်ဝန်းများဖြင်ပ နဉ်ရှုကိုကြည့်လာသဖြင့် နဉ်ရှုမှာ တောင့်တင်းသွားရသည်။ ဒီအကြည့်က အရမ်းစိတ်ထိခိုက်ရတယ်။
စစ်ထူချင်းယွီက နဉ်ရှုလက်တွေက ထပ်မံဆွဲဟူရန်ကြိုးစားလာလေသဖြင့် နဉ်ရှုမှာ သူမရဲ့လက်တွေကို ကျောနောက်ကိုပစ်ထားလိုက်ရသည်။ ဒါကိုမြင်တဲ့အခါ သူကပြောလာ၏။
"ယန်မုန့်၊ အရင်က မင်းကိုအနိုင်ကျင့်ခဲ့တာတွေအတွက် ကိုယ့်ကို စိတ်ဆိုးနေတုန်းလား? အဲ့ဒါကြောင့် မင်း ကိုယ့်ကို အရမ်းအေးစက်ပြီးဂရုမစိုက်တာလား?"
Yup! နဉ်ရှု ခေါင်းယမ်းကာပြောလိုက်သည်။
"စစ်သူကြီးက မိန်းကလေးတွေကိုမကြိုက်ဘူးဆိုတာ ယန်မုန့်သိပါတယ်။ အရင်က ရှင်က မိန်းကလေးတွေရဲ့အနိုင်ကျင့်စော်ကားတာတွေလည်းခံခဲ့ရပြီး -ျီးစားတာရမျိုး၊ ဖိနပ်တွေကိုလျှာနဲ့လျက်ရတာမျိုးတွေကိုလုပ်ဖို့ပါ ဖိအားပေးစေခိုင်းခံခဲ့ရတယ်။ ဒါကြောင့် စစ်သူကြီးက ယန်မုန့်ကိုဘာကြောင့်ဒီလိုဆက်ဆံရလဲဆိုတာ ယန်မုန့်နားလည်ပါတယ်။ ဒါပေမယ့်လည်း ယန်မုန့် မှားယွင်းသလိုမခံစားရဘဲမနေနိုင်ဘူး။ ယန်မုန့်က ရှင့်ကို မနှိပ်စက်ခဲ့ဘူး၊ -ျီးမစားခိုင်းခဲ့ဘူး၊ ဖိနပ်တွေကိုလျှာနဲ့မလျက်ခိုင်းခဲ့ဘူး၊ ခွေးလိုမဟောင်ခိုင်းခဲ့ဘူး၊ မြင်းလိုမစီးခဲ့ဘူး၊ ပြီးတော့ ရက်ရက်စက်မဆက်ဆံခဲ့ဘူး။ ဒါကြောင့် ယန်မုန့် မှားယွင်းတယ်လို့ခံစားနေရတယ်။"
"ဒင်၊ စိတ်ဒဏ်ရာမှတ် +5၊ +10၊ +20။ လက်ရှိစိတ်ဒဏ်ရာမှတ်ကတော့ 70ဖြစ်ပါတယ်။"
2333ရဲ့အသံက စိတ်လှုပ်ရှားနေပုံပေါ်၏။ စက်ပစ္စည်းတစ်ခုက စိတ်လှုပ်ရှားနိုင်လို့လား?
စစ်ထူချင်းယွီ တိတ်တဆိတ်မျက်နှာပျက်နေသည်ကိုလည်းကောင်း၊ ဒေါသထွက်ကာလူသတ်လိုသောစိတ်များဖြင့် သူ့မျက်လုံးများရဲလာသည်ကိုလည်းကောင်း နဉ်ရှုမြင်သည်။
နဉ်ရှု သူမရဲ့မျက်လုံးတွေကို အပြစ်ကင်းဟန်ဖြင့် အလျင်အမြန်ပြူးကျယ်လိုက်ပြီး နောင်တရတောင်းပန်သည့်အမူအရာဖြင့် သူမရဲ့ပါးစပ်ကို အုပ်လိုက်သည်။ သူမက အလျင်အမြန်ပြောလာလေ၏။
"ကျွန်မ တောင်းပန်ပါတယ်။ ကျွန်မ ဒီကိစ္စတွေကို ပြန်မဖော်သင့်ဘူး။ ရှင့်မှာ ဒီလိုအရှက်ရစရာအတိတ်မျိုးရှိခဲ့ရင်တောင် ယန်မုန့်ရဲ့နှလုံးသားထဲမှာတော့ စစ်သူကြီးက ဘယ်တော့မှအနိုင်မခံအရှုံးမပေးတတ်တဲ့စိတ်ဓာတ်ပိုင်ရှင်ပါပဲ။"
အမျိုးသမီးတစ်ယောက်ကိုအနိုင်ကျင့်တတ်တာကို ဘယ်လိုလုပ် အနိုင်မခံအရှုံးမပေးတတ်တဲ့စိတ်ဓာတ်ရှိတဲ့သူလို့ပြောလို့ရမှာလဲ?
"အဲ့မိန်းမတွေက ဒီလိုကိစ္စတွေကို ရှင့်အပေါ်မှာ တကယ်မလုပ်ခဲ့သင့်ဘူး။"
နင်က အဲ့ဒါနဲ့ပိုးစိုးပက်စက်ကိုထိုက်တန်တယ်။
"ယန်မုန့်သာဆိုရင် ယန်မုန့်က ရှင့်ကို သေချာပေါက် အဲ့လိုဆက်ဆံမှာမဟုတ်ဘူး။"
ငါက နင့်ကို သေအောင်ပဲရိုက်ပစ်မှာ။
"စစ်သူကြီး၊ ရှင် ကျွန်မငိုဟအပြစ်မတင်ဘူးမလား၊ အပြစ်မတင်ပါဘူးနော်? ကျွန်မ ဒီကိစ္စတွေကို ရည်ရွယ်ချက်ရှိရှိပြောတာမဟုတ်ရပါဘူး။"
ဘာလဲ? ငါတစ်ခုခုများပြောမိလို့လား?
......
ဖြောင်း! ဖြောင်း! ဖြောင်း! ကုန်းရှိနီ မကြီးနဉ်။ 2020ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်ဆုကိုရရှိသွားပါပြီ...LOL!
......
Advertisement
- In Serial14 Chapters
Sovereign of Massarce
The Main Protagonist chibu a orphan who on his way to join a gang but who would have thought that the gangsters would take him for a member of the other rival gangsters and shoot him dead by accident. And gets transmigrated into a cultivation world by accident into a body named Ma chibu
8 112 - In Serial18 Chapters
Book of Fates: The Forgotten Shores of Ferax
‘Book of Fates is an epic fantasy serial we publish weekly on www.bookoffates.com website and here. But there’s a twist! Each new chapter ends with a poll. You, the reader, get to vote between three options for how the story continues the following week. Have fun & vote responsibly!
8 226 - In Serial33 Chapters
Quid Pro Quo
Satchmo Turner is a failed private detective from the rusting heart of the Black Country who is reeling from the loss of his sister and fiancee. He's going nowhere at work, and treading water in life, until he picks up a simple missing person case and stumbles into something much bigger. Satchmo soon finds himself in over his head and embroiled a hunt for ancient treasure, unrequited love, violence and murder in a quiet English village stocked with a cast of characters he could never have imagined.Praise for Quid Pro Quo from Wattpadders:"Damn you for writing such a good book. I'm dead serious when I say you should look to get it published.""Overall, I think it's a great book and something I'd expect to see on a shelf in a bookstore somewhere.""I read another chapter and devoured the whole damn thing over an afternoon.""All-in-all the book was thoroughly enjoyable and very professionally written. Definitely better than almost everything else that I have encountered on Wattpad... it was a compelling read.""Your style of storytelling is lovely to read. I'm trying desperately to convince my husband to sign up to Wattpad so he can read it too."
8 118 - In Serial12 Chapters
Bonnie Bennett Reborn | TVD
A boy from Los Angeles, California, reborn into his favorite tv universe, as his favorite character; Bonnie Bennett. Luckily, he's born into a male version of her with his own first name intact, along with all of his own memories and knowledge. He's not too excited about this shift in his life, this shift in reality. But, he'll just have to make due. He has always wanted magic.~~~Genderbent Bonnie Bennett x TVD MEN (Gay Harem)W a r n i n g - themes of violence, depictions of alcohol and drug use, mature language, gay smut.A U - This story will be AU-ish. I'm going to make some changes, leave a few things out, etc.D i s c l a i m e r - I don't own any rights to The Vampire Diaries. I simply my own added plot and character(s).U n e d i t e d - Slight grammatical mistakes, possible spelling errors. Point them out please so I see them! I will edit eventually. :)S u p p o r t - Vote and comment to help keep me motivated! I like interacting with you all.
8 109 - In Serial48 Chapters
groovy - steven hyde
" i don't think i've ever felt this way about anyone " that 70s show
8 138 - In Serial64 Chapters
love to die for | mattia polibio
in a world where falling in love is a criminal offence, mattia and y/n become partners in crime.
8 64

