《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 29
Advertisement
[Zawgyi]
{အလုပ္ေကာင္းတစ္ခုလုပ္ေဆာင္ျခင္း}
ေလာ္ကြၽင့္ယြမ္က တစ္စက္ေလးေတာင္မက်န္ေစဘဲေသာက္ကာ အရက္ခြက္ကို ပထမဆံုးခ်လိုက္သူျဖစ္သည္။ သို႔ေသာ္လည္း စစ္ထူခ်င္းယီြကေတာ့ အရက္ကိုမထိေပ။ သူက တိုက္ပဲြေတြနဲ႔ရင္းနွီးကြၽမ္းဝင္ေနသူမို႔ စိုးရိမ္စိတ္မ်ားသည္။ ထပ္ေျပာရမည္ဆိုလ်ွင္ သူက နဥ္ရႈကို လံုးဝမၾကည္ပါေခ်။
ေလာ္ကြၽင့္ယြမ္က အသက္တစ္ရႈိက္စာအတြင္းမွာပင္ အကုန္ေသာက္လိုက္တာကို နဥ္ရႈျမင္တဲ့အခါ သူမက ပို၍ရွက္ရံြ႕ေနသေယာင္လုပ္လိုက္ၿပီး ေခါင္းကို အနည္းငယ္ငံု႔ကာ ေျပာလိုက္သည္။
"မင္းသား၊ ရွင္က အံ့ၾသဖို႔ေကာင္းတာပဲ။"
ေလာ္ကြၽင့္ယြမ္ရဲ႕မ်က္နွာက အရက္ေၾကာင့္ အနည္းငယ္နီျမန္းေနသည္။ နဥ္ရႈေျပာတာကို သူၾကားတဲ့အခါ သူက သူ႔ရင္ဘတ္ကိုပုတ္ကာ ေျပာလာ၏။
"ဒီမင္းသားက လူတစ္ေယာက္ရဲ႕လက္ေအာက္မွာပဲရွိၿပီး လူေထာင္ေပါင္းမ်ားစြာရဲ႕အထက္မွာရွိေနတဲ့လူပဲ။ ကိုယ္ မင္းကို ေသခ်ာေပါက္ ေကာင္းေကာင္းဆက္ဆံမွာပါ။"
သူ႔ကိုခ်စ္ေနေပမယ့္ အေျခအေနေတြေၾကာင့္ ဝန္ခံဖို႔ခက္ေနရသကဲ့သို႔ ၾကည္လင္ေနတဲ့မ်က္လံုးေတြနဲ႔ နဥ္ရႈ သူ႔ကိုၾကည့္လိုက္သည္။
စစ္ထူခ်င္းယီြကလည္း မ်က္ေမွာင္ကုတ္ကာ ေအးစက္စြာျဖင့္နွာမႈတ္လိုက္ၿပီး အသက္တစ္ရႈိက္စာအတြင္းမွာပင္ အရက္ကိုကုန္ေအာင္ေသာက္လိုက္ေလသည္။ နဥ္ရႈ ခ်က္ခ်င္းပင္ေျပာလိုက္သည္။
"စစ္သူႀကီး၊ ရွင္ကလည္း မင္းသားလို အံ့ၾသဖို႔ေကာင္းတာပဲေနာ္။"
နဥ္ရႈ စစ္ထူခ်င္းယီြရဲ႕ခြက္ကို ထပ္ျဖည့္ေပးလိုက္သည္။
"စစ္သူႀကီးက တိုက္ပဲြအမ်ားႀကီးကို ရႈံူပဲြမရွိ အနိုင္တိုက္နိုင္ခဲ့တယ္။ ရွင္က တကယ္ကို ေလးစားအားက်ဖို႔ေကာင္ၿပီး သတၱိရွိတဲ့လူပဲ။ စစ္သူႀကီးလို အားေကာင္းတဲ့လံုၿခံဳမႈမ်ိဳးကိုေပးစြမ္းနိုင္တဲ့လူကို ယန္မုန္႔ ဘယ္တုန္းကမွမေတြ႕ဖူးဘူး။"
ေလာ္ကြၽင့္ယြမ္က သူ႔ခြက္ကိုေျမႇာက္ကာ ရန္လိုစြာေျပာလာ၏။
"စစ္သူႀကီးစစ္ထူ၊ ဒီမင္းသားက မင္းကိုဂုဏ္ျပဳပါတယ္။"
စစ္ထူခ်င္းယီြက မေျပာင္းလဲတဲ့အမူအရာနဲ႔ပဲ ေလာ္ကြၽင့္ယြမ္နဲ႔ ခြက္ခ်င္းတိုက္လိုက္ကာ သူနဲ႔အတူေသာက္လိုက္သည္။
နဥ္ရႈက သူမရဲ႕ေျခေထာက္ေတြကို စိုးရိမ္တဲ့အမူအရာနဲ႔ပြတ္တိုက္ေနရင္း ေျပာလိုက္သည္။
"ဒီလိုႀကီး ယွဥ္ၿပိဳင္မေနၾကပါနဲ႔၊ စားစရာနည္းနည္းေလာက္ စားၾကည့္ၾကပါဦး။ အရက္ခ်ည္းပဲ ဆက္တိုက္ေသာက္ေနတာက က်န္းမာေရးအတြက္ မေကာင္းဘူးေလ။ ကြၽန္မေတာင္းဆိုတာပါ၊ နားမေထာင္ၾကဘူးလား? ကြၽန္မအတြက္နဲ႔ ဒီလိုႀကီးရန္ေစာင္မေနၾကပါနဲ႔။"
ေလာ္ကြၽင့္ယြမ္က သူမစကားေျပာေနတာကိုတားဖို႔အတြက္ သူ႔လက္ကိုဆန္႔ထုတ္လိုက္ကာ ညင္သာစြာေျပာလာ၏။
"ဒါက ေယာက်္ားေတြၾကားကတိုက္ပဲြပဲ။ မင္းနဲ႔မဆိုင္ပါဘူး။"
နဥ္ရႈက သူမလက္ကို ရင္ဘတ္ေပၚဖိတင္ကာ ေခါင္းယမ္းေလ၏။
"ဒါေပမယ့္ ယန္မုန္႔က ရွင္တို႔ကို ဒီလိုမျဖစ္ေစခ်င္ဘူးေလ၊ ေက်းဇူးျပဳ ၿပီး ေတာ္ညကပါေတာ့။"
Yup yup၊ ျမန္ျမန္ေလးေသာက္လိုက္စမ္းပါ။ နင္တို႔ဘာသာနင္တို႔ ေသေအာင္ေသာက္တာအေကာင္းဆံုးပဲ။hး
"ဝင္မပါနဲ႔။"
စစ္ထူခ်င္းယီြက ေျပာသည္။
ဤသို႔ျဖင့္ နဥ္ရႈသည္ ေဘးမွာပဲ နာခံစြာရပ္ေနကာ သူတို႔နွစ္ေယာက္ ဆက္ယွဥ္ၿပိဳင္ေနၾကတာကို ၾကည့္ေနရေလ၏။ အစပိုင္းေတာ့ သူတို႔က အရက္ခြက္ေတြသံုးေနၾကေသးေပမယ့္ ေနာက္က်ေတာ့ သူတို႔က အိုးလိုက္သာေမာ့ၾကေတာ့သည္။
နဥ္ရႈ ခံုတစ္လံုးေပၚ ေျခခ်ိတ္ထိုင္ကာ သူတို႔ရဲ႕အသက္ေတြက ဒီအေပၚမွာပဲမူတည္ေနသလို ေသာက္ေနၾကတဲ့ လူနွစ္ေယာက္ကို ၾကည့္ေနလိုက္သည္။ အခ်ိန္အေတာ္ၾကာၿပီးေနာက္ေတာ့ လူနွစ္ေယာက္က ၾကမ္းေပၚကို အသိစိတ္မဲ့ကာ လဲက်သြားၾကသည္။
"ေကာင္မေလး၊ အလုပ္လုပ္ခ်ိန္ေရာက္ၿပီ။"
နဥ္ရႈ ယဲြ႕လန္ကိုေျပာလိုက္သည္။ ယဲြ႕လန္က အဝတ္ထုပ္ႀကီးကိုပိုက္ကာ ေမးလာ၏။
"မမေလး၊ ကြၽန္မတို႔ အခုထြက္သြားေတာ့မွာလား?"
"ခဏေလး။ အလုပ္ေကာင္းတစ္ခုကို အဆံုသတ္တဲ့အထိလုပ္သင့္တယ္ေလ။ ဒီနွစ္ေယာက္ကို ကုတင္ေပၚဆဲြတင္ရမယ္။"
နဥ္ရႈက သူမရဲ႕အက်ႌလက္ကိုေခါက္တင္ရင္း ေျပာလာသည္။"
သို႔ျဖစ္ရကား ယဲြ႕လန္က အလိုက္တသိပင္ အဝတ္ထုပ္ကိုခ်ကာ စစ္ထူခ်င္းယီြကို သူ႔လက္ေမာင္းကေနဆဲြကာ ကုတင္ေပၚတင္လိုက္၏။
ေဝါင္း၊ ဒီေကာင္မေလးက ဒီေလာက္သန္မာလိမ့္မယ္လို႔ ဘယ္သူေတြးမိမွာလဲ? နဥ္ရႈလည္း ေလာ္ကြၽင့္ယြမ္ရဲ႕အဝတ္အစားေတြကေန သူမမ်က္နွာနီလာတဲ့အထိ အားရွိသမ်ွဆဲြေပမယ့္ ေလာ္ကြၽင့္ယြမ္ရဲ႕ကိုယ္ႀကီးကေတာ့ တုတ္တုတ္မလႈပ္ပါေပ။
"မမေလး၊ ဘာလုပ္ေနတာလဲ?"
ယဲြ႕လန္က နဥ္ရႈကို ေမးလာသည္။
"ကြၽန္မတို႔ ထြက္သြားသင့္ၿပီ၊ လ်ွိဳ႕ဝွက္သက္ေတာ္ေစာင့္က ကြၽန္မတို႔ကိုေစာင့္ေနတုန္းပဲ။"
နဥ္ရႈ ပင့္သက္ရႈိက္လိုက္သည္။
"ဒီကိုလာၿပီး ငါ့ကိုကူဦး၊ ငါ သူ႔ကိုမေရႊ႕နိုင္ဘူး။"
ဟဲြ႕လန္က အလ်င္အျမန္ပင္လာကာ ေလာ္ကြၽင့္ယြမ္ကိုလည္း ကုတင္ေပၚတင္နိုင္ေအာင္ ကူညီလိုက္သည္။ ထို႔ေနာက္ နဥ္ရႈက ေလာ္ကြၽင့္ယြမ္ရဲ႕အဝတ္အစားေတြကို ခြၽတ္ေလ၏။ ခဏေလးအတြင္းမွာပင္ ေလာ္ကြၽင့္ယြမ္မွာ ကိုယ္လံုးတီးျဖစ္သြားသည္။ သူ႔ရဲ႕ အလ်ွိဳ႕ဝွက္အပ္ဆံုးအပိုင္းေတြေတာင္ အကာအကြယ္မဲ့ေနေခ်ၿပီ။
ယဲြ႕လန္မွာ အံ့ၾသလြန္း၍စကားပင္မေျပာနိုင္ေတာ့။ သူမက သူမမ်က္လံုးေတံကိုအုပ္ကာ ေမးလာ၏။
"မမေလး၊ ဘာေတြလုပ္ေနတာလဲ?"
"အလုပ္ေကာင္းတစ္ခုလုပ္ေနတာ။"
ထို႔ေနာက္တြင္မူ နဥ္ရႈသည္ စစ္ထူခ်င္းယီြ၏အဝတ္မ်ားကိုလည္း ခြၽတ္လိုက္ၿပီး နွစ္ေယာက္လံုးကို မိေမြးတိုင္းဖေမြးတိုင္းထားလိုက္ေလ၏။
"မမေလး..."
ယဲြ႕လန္ အဝတ္မဲ့ေနတဲ့ေယာက်္ားနွစ္ေယာက္ကို သူမလက္ေခ်ာင္းမ်ားၾကားမွ ေခ်ာင္းၾကည့္လိုက္သည္။
....
ငယ္ငယ္က တို႔ေတြသရဲကားၾကည့္သလိုေပါ့။ ၾကည့္လည္းၾကည့္ခ်င္တယ္။ ၾကည့္လည္းမၾကည့္ရဲဘူး..LOL!
မႀကီးနဥ္ကေတာ့ လက္ရဲဇက္ရဲနိုင္ခ်က္ပဲ XD
ဒီအပိုင္းေတြလာစပိြဳင္းသြားတဲ့@CatherinaChan...ေက်းဇူးပဲသိလား🙂 ဖိတ္စမိုင္းပဲယူ!
.....
[Unicode]
{အလုပ်ကောင်းတစ်ခုလုပ်ဆောင်ခြင်း}
လော်ကျွင့်ယွမ်က တစ်စက်လေးတောင်မကျန်စေဘဲသောက်ကာ အရက်ခွက်ကို ပထမဆုံးချလိုက်သူဖြစ်သည်။ သို့သော်လည်း စစ်ထူချင်းယွီကတော့ အရက်ကိုမထိပေ။ သူက တိုက်ပွဲတွေနဲ့ရင်းနှီးကျွမ်းဝင်နေသူမို့ စိုးရိမ်စိတ်များသည်။ ထပ်ပြောရမည်ဆိုလျှင် သူက နဉ်ရှုကို လုံးဝမကြည်ပါချေ။
လော်ကျွင့်ယွမ်က အသက်တစ်ရှိုက်စာအတွင်းမှာပင် အကုန်သောက်လိုက်တာကို နဉ်ရှုမြင်တဲ့အခါ သူမက ပို၍ရှက်ရွံ့နေသယောင်လုပ်လိုက်ပြီး ခေါင်းကို အနည်းငယ်ငုံ့ကာ ပြောလိုက်သည်။
"မင်းသား၊ ရှင်က အံ့သြဖို့ကောင်းတာပဲ။"
လော်ကျွင့်ယွမ်ရဲ့မျက်နှာက အရက်ကြောင့် အနည်းငယ်နီမြန်းနေသည်။ နဉ်ရှုပြောတာကို သူကြားတဲ့အခါ သူက သူ့ရင်ဘတ်ကိုပုတ်ကာ ပြောလာ၏။
"ဒီမင်းသားက လူတစ်ယောက်ရဲ့လက်အောက်မှာပဲရှိပြီး လူထောင်ပေါင်းများစွာရဲ့အထက်မှာရှိနေတဲ့လူပဲ။ ကိုယ် မင်းကို သေချာပေါက် ကောင်းကောင်းဆက်ဆံမှာပါ။"
သူ့ကိုချစ်နေပေမယ့် အခြေအနေတွေကြောင့် ဝန်ခံဖို့ခက်နေရသကဲ့သို့ ကြည်လင်နေတဲ့မျက်လုံးတွေနဲ့ နဉ်ရှု သူ့ကိုကြည့်လိုက်သည်။
Advertisement
စစ်ထူချင်းယွီကလည်း မျက်မှောင်ကုတ်ကာ အေးစက်စွာဖြင့်နှာမှုတ်လိုက်ပြီး အသက်တစ်ရှိုက်စာအတွင်းမှာပင် အရက်ကိုကုန်အောင်သောက်လိုက်လေသည်။ နဉ်ရှု ချက်ချင်းပင်ပြောလိုက်သည်။
"စစ်သူကြီး၊ ရှင်ကလည်း မင်းသားလို အံ့သြဖို့ကောင်းတာပဲနော်။"
နဉ်ရှု စစ်ထူချင်းယွီရဲ့ခွက်ကို ထပ်ဖြည့်ပေးလိုက်သည်။
"စစ်သူကြီးက တိုက်ပွဲအများကြီးကို ရှုံပွဲမရှိ အနိုင်တိုက်နိုင်ခဲ့တယ်။ ရှင်က တကယ်ကို လေးစားအားကျဖို့ကောင်ပြီး သတ္တိရှိတဲ့လူပဲ။ စစ်သူကြီးလို အားကောင်းတဲ့လုံခြုံမှုမျိုးကိုပေးစွမ်းနိုင်တဲ့လူကို ယန်မုန့် ဘယ်တုန်းကမှမတွေ့ဖူးဘူး။"
လော်ကျွင့်ယွမ်က သူ့ခွက်ကိုမြှောက်ကာ ရန်လိုစွာပြောလာ၏။
"စစ်သူကြီးစစ်ထူ၊ ဒီမင်းသားက မင်းကိုဂုဏ်ပြုပါတယ်။"
စစ်ထူချင်းယွီက မပြောင်းလဲတဲ့အမူအရာနဲ့ပဲ လော်ကျွင့်ယွမ်နဲ့ ခွက်ချင်းတိုက်လိုက်ကာ သူနဲ့အတူသောက်လိုက်သည်။
နဉ်ရှုက သူမရဲ့ခြေထောက်တွေကို စိုးရိမ်တဲ့အမူအရာနဲ့ပွတ်တိုက်နေရင်း ပြောလိုက်သည်။
"ဒီလိုကြီး ယှဉ်ပြိုင်မနေကြပါနဲ့၊ စားစရာနည်းနည်းလောက် စားကြည့်ကြပါဦး။ အရက်ချည်းပဲ ဆက်တိုက်သောက်နေတာက ကျန်းမာရေးအတွက် မကောင်းဘူးလေ။ ကျွန်မတောင်းဆိုတာပါ၊ နားမထောင်ကြဘူးလား? ကျွန်မအတွက်နဲ့ ဒီလိုကြီးရန်စောင်မနေကြပါနဲ့။"
လော်ကျွင့်ယွမ်က သူမစကားပြောနေတာကိုတားဖို့အတွက် သူ့လက်ကိုဆန့်ထုတ်လိုက်ကာ ညင်သာစွာပြောလာ၏။
"ဒါက ယောက်ျားတွေကြားကတိုက်ပွဲပဲ။ မင်းနဲ့မဆိုင်ပါဘူး။"
နဉ်ရှုက သူမလက်ကို ရင်ဘတ်ပေါ်ဖိတင်ကာ ခေါင်းယမ်းလေ၏။
"ဒါပေမယ့် ယန်မုန့်က ရှင်တို့ကို ဒီလိုမဖြစ်စေချင်ဘူးလေ၊ ကျေးဇူးပြု ပြီး တော်ညကပါတော့။"
Yup yup၊ မြန်မြန်လေးသောက်လိုက်စမ်းပါ။ နင်တို့ဘာသာနင်တို့ သေအောင်သောက်တာအကောင်းဆုံးပဲ။hး
"ဝင်မပါနဲ့။"
စစ်ထူချင်းယွီက ပြောသည်။
ဤသို့ဖြင့် နဉ်ရှုသည် ဘေးမှာပဲ နာခံစွာရပ်နေကာ သူတို့နှစ်ယောက် ဆက်ယှဉ်ပြိုင်နေကြတာကို ကြည့်နေရလေ၏။ အစပိုင်းတော့ သူတို့က အရက်ခွက်တွေသုံးနေကြသေးပေမယ့် နောက်ကျတော့ သူတို့က အိုးလိုက်သာမော့ကြတော့သည်။
နဉ်ရှု ခုံတစ်လုံးပေါ် ခြေချိတ်ထိုင်ကာ သူတို့ရဲ့အသက်တွေက ဒီအပေါ်မှာပဲမူတည်နေသလို သောက်နေကြတဲ့ လူနှစ်ယောက်ကို ကြည့်နေလိုက်သည်။ အချိန်အတော်ကြာပြီးနောက်တော့ လူနှစ်ယောက်က ကြမ်းပေါ်ကို အသိစိတ်မဲ့ကာ လဲကျသွားကြသည်။
"ကောင်မလေး၊ အလုပ်လုပ်ချိန်ရောက်ပြီ။"
နဉ်ရှု ယွဲ့လန်ကိုပြောလိုက်သည်။ ယွဲ့လန်က အဝတ်ထုပ်ကြီးကိုပိုက်ကာ မေးလာ၏။
"မမလေး၊ ကျွန်မတို့ အခုထွက်သွားတော့မှာလား?"
"ခဏလေး။ အလုပ်ကောင်းတစ်ခုကို အဆုံသတ်တဲ့အထိလုပ်သင့်တယ်လေ။ ဒီနှစ်ယောက်ကို ကုတင်ပေါ်ဆွဲတင်ရမယ်။"
နဉ်ရှုက သူမရဲ့အင်္ကျီလက်ကိုခေါက်တင်ရင်း ပြောလာသည်။"
သို့ဖြစ်ရကား ယွဲ့လန်က အလိုက်တသိပင် အဝတ်ထုပ်ကိုချကာ စစ်ထူချင်းယွီကို သူ့လက်မောင်းကနေဆွဲကာ ကုတင်ပေါ်တင်လိုက်၏။
ဝေါင်း၊ ဒီကောင်မလေးက ဒီလောက်သန်မာလိမ့်မယ်လို့ ဘယ်သူတွေးမိမှာလဲ? နဉ်ရှုလည်း လော်ကျွင့်ယွမ်ရဲ့အဝတ်အစားတွေကနေ သူမမျက်နှာနီလာတဲ့အထိ အားရှိသမျှဆွဲပေမယ့် လော်ကျွင့်ယွမ်ရဲ့ကိုယ်ကြီးကတော့ တုတ်တုတ်မလှုပ်ပါပေ။
"မမလေး၊ ဘာလုပ်နေတာလဲ?"
ယွဲ့လန်က နဉ်ရှုကို မေးလာသည်။
"ကျွန်မတို့ ထွက်သွားသင့်ပြီ၊ လျှို့ဝှက်သက်တော်စောင့်က ကျွန်မတို့ကိုစောင့်နေတုန်းပဲ။"
နဉ်ရှု ပင့်သက်ရှိုက်လိုက်သည်။
"ဒီကိုလာပြီး ငါ့ကိုကူဦး၊ ငါ သူ့ကိုမရွှေ့နိုင်ဘူး။"
ဟွဲ့လန်က အလျင်အမြန်ပင်လာကာ လော်ကျွင့်ယွမ်ကိုလည်း ကုတင်ပေါ်တင်နိုင်အောင် ကူညီလိုက်သည်။ ထို့နောက် နဉ်ရှုက လော်ကျွင့်ယွမ်ရဲ့အဝတ်အစားတွေကို ချွတ်လေ၏။ ခဏလေးအတွင်းမှာပင် လော်ကျွင့်ယွမ်မှာ ကိုယ်လုံးတီးဖြစ်သွားသည်။ သူ့ရဲ့ အလျှို့ဝှက်အပ်ဆုံးအပိုင်းတွေတောင် အကာအကွယ်မဲ့နေချေပြီ။
ယွဲ့လန်မှာ အံ့သြလွန်း၍စကားပင်မပြောနိုင်တော့။ သူမက သူမမျက်လုံးတေံကိုအုပ်ကာ မေးလာ၏။
"မမလေး၊ ဘာတွေလုပ်နေတာလဲ?"
"အလုပ်ကောင်းတစ်ခုလုပ်နေတာ။"
ထို့နောက်တွင်မူ နဉ်ရှုသည် စစ်ထူချင်းယွီ၏အဝတ်များကိုလည်း ချွတ်လိုက်ပြီး နှစ်ယောက်လုံးကို မိမွေးတိုင်းဖမွေးတိုင်းထားလိုက်လေ၏။
"မမလေး..."
ယွဲ့လန် အဝတ်မဲ့နေတဲ့ယောက်ျားနှစ်ယောက်ကို သူမလက်ချောင်းများကြားမှ ချောင်းကြည့်လိုက်သည်။
....
ငယ်ငယ်က တို့တွေသရဲကားကြည့်သလိုပေါ့။ ကြည့်လည်းကြည့်ချင်တယ်။ ကြည့်လည်းမကြည့်ရဲဘူး..LOL!
မကြီးနဉ်ကတော့ လက်ရဲဇက်ရဲနိုင်ချက်ပဲ XD
ဒီအပိုင်းတွေလာစပွိုင်းသွားတဲ့@CatherinaChan...ကျေးဇူးပဲသိလား🙂 ဖိတ်စမိုင်းပဲယူ!
.....
Advertisement
- In Serial7 Chapters
Invictus
The story of a disgruntled civil servant that despite his hatred for his role, he keeps working until one day an assignment changes his life around completely. A life torn apart, and a Kingdom in turmoil. Fate however holds the strings which will decide the outcome of it all.
8 79 - In Serial31 Chapters
Reincarnation (Reverend Insanity Fan-Fic)
MC who has read RI completely using translated and MTL chapters, and continuously reads RI for about a 100th time suddenly reincarnates into the world of RI in the character of Mo Bei. He tries to figure out the path to survival using his profound understanding of the world of RI. He is a truly hardcore fan of RI and hence remembers even the minute details in each of the 6 books. He plans to use this advantage to secure his survival without affecting the flow of history in the novel. Follow Mo Bei in his journey to figure out the truths behind the Transmigration of Otherworldly Demons, and his eventual(?) return back to Earth. ✵ It is not recommended for those who haven't read upto translated chapters of RI. For MTL spoilers I would mention them with ### (3 hash) whenever they appear. You can chose to skip reading it. I will try to keep those spoilers at a minimum and mostly use info only upto the Fate war arc which is covered under translated chapters. ✵ I also publish on Webnovel.
8 133 - In Serial20 Chapters
Landasy Reality: Demon's Rebellion
Teresa has always loved playing in virtual reality and, while she’s usually preferred offline games, the release of a new VRMMO known as Landasy Reality seems like something she’d truly enjoy. She even ends up making a few new friends in the game and joining a guild. However, the longer she plays and the closer she becomes to her new guild, as well as to the guild’s leader, the more she finds she’s not quite as happy with her life as she thought. More importantly, she’s not quite as happy with the person she is. Soon she finds a fresh thought on her mind. Cut herself off from her new friends and go back to the person she was? Or is it time for her to mount her Demon’s Rebellion?
8 205 - In Serial21 Chapters
Exitium (dropped)
Year 2232 World destruction is imminent. All nation leaders and renowned scientists gather at the UN for a secret meeting, called by a doctor, declaring to have a way to perpetuate humanity... but on another planet, a very hostile one. Planet Exitium, the closest habitable planet, filled with deadly fauna and flora. This is the story about the people sent there- children, to be honest. Children with no idea where they are, what had happened to them, and what would be of their life. ----------------------------------------------------------------------------------------------------------- This is my first story ever, and I hope you all like it, I'm sorry for the horrible piece of art that is the cover, I did it myself, and have absolutely no skills in photoshop, and I'll change it later. And yes, the MC's get some pretty OP skills and weapons.... At least until they find the enemy...
8 200 - In Serial23 Chapters
Take Me Down
The world has many secrets that very few humans know. Meet Amanda. She's a strong-minded shapeshifter, hiding in the human world, who doesn't like being pushed around. She's joined by Avery, a water-bending elemental who grew up by Amanda's side.After their home is invaded by a group of nasty vampires, they discover the bounty for Amanda's kind and go into hiding.Join them on this wild journey where they encounter some people with amazing powers, a few vampires, a werewolf, some dragons, and a whole lot of others.*Editing*
8 141 - In Serial63 Chapters
Just Yourself
In the end, we are all human, and that's what matters. A book filled with poems about life that everyone can relate to #1 poetry collection#1 poem book#1 motivation #2 poet#2 prose #2 self-help
8 168

