《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 32
Advertisement
[Zawgyi]
"ဘာဖြစ်လို့လဲ မမလေး?"
နဉ်ရှုက ပြန်ဖြေ၏။
"စိတ်မပူပါနဲ့။"
...
...
[Unicode]
{မျက်နှာနှစ်ဖက်နဲ့နန်းတွင်းကုန်သည်}
Padonမြို့က မင်းနေပြည်တော်လိုပဲ စည်ပင်သာယာသောမြို့ကြီးတစ်မြို့ဖြစ်သည်။ မင်းနေပြည်တော်က အရာရှိတွေနဲ့ မင်းမျိုးမင်းနွယ်တွေပြည့်နေချိန်မှာ Padonမြို့မှာတော့ ချမ်းသာကြွယ်ဝသူများဖြင့်ပြည့်နေသည်။
စုတ်တီးစုတ်ပြတ်ဝတ်စားထားတဲ့အမျိုးသမီးနှစ်ယောက်က အချောမသတ်ရသေးသောတွန်းလှည်းများကို ဆွဲလာကြသည်။ သူတို့က လှည်းပေါ်မှာ တစ်စုံတစ်ခုကို ကောက်ရိုးဖျာဖြင့်အုပ်ကာသယ်ဆောင်လာကြပြီး ညစ်ပတ်နေတဲ့ခြေထောက်နှစ်ချောင်းကိုသာမြင်နေရသည်။ တစ်ချက်ကြည့်ရုံနှင့် ကောက်ရိုးဖျာအောက်ကအရာက အလောင်းတစ်လောင်းဆိုတာပြောနိုင်သည်။
လူတိုင်းက သူတို့နှစ်ယောက်ကို အလိုလိုပင်ရှောင်ရှားသွားကြသည်။
လှည်းကိုဆွဲလာသူတွေက နဉ်ရှုနဲ့ယွဲ့လန်ဖြစ်ပြီး သေချင်ယောင်ဆောင်နေတဲ့သူကတော့ သက်တော်စောင့်အစ်ကိုကြီးပင်။
နဉ်ရှု မောနေချေပြီ။ သူမ ဟိုဟိုသည်သည်ကြည့်လိုက်ပြီး လူအရှုပ်ဆုံးသောလမ်းတစ်နေရာမှာ ရပ်ရန်ဆုံးဖြတ်လိုက်သည်။ ထို့နောက် သူမက ယွဲ့လန်နဲ့အတူတူ သက်တော်စောင့်ကို လှည်းပေါ်မှသယ်ကာ လမ်းပေါ်တွင်ချလိုက်လေ၏။ ထို့နောက် သူမက 'အဖေ့ရဲ့အသုဘကုန်ကျစရိတ်အတွက် ကိုယ့်ကိုကိုယ်ရောင်းချခြင်း'ဟူသည့် စာများရေးထားသောသစ်သားဆိုင်းဘုတ်ပြားတစ်ခုကိုထောင်လိုက်သည်။
Advertisement
[ကိုယ့်ကိုကိုယ်ရောင်းချခြင်း = အစေခံအဖြစ်ရောင်းချခြင်းဖြစ်ပြီး ပြည့်တန်ဆာအဖြစ်ရောင်းချခြင်းမဟုတ်ပါ။]
နောက်ဆုံးအဆင့်အနေဖြင့် သူမက သက်တော်စောင့်အနီးမှာ ဒူးထောက်ထိုင်ထျလိုက်ပြီး စတင်ငိုကြွေးတော့သည်။
"အဖေရေ၊ ဒီသမီးက အဖေ့ကိုစိတ်ပျက်စေခဲ့ရပြီ၊ ဒီသမီးက အဖေ့ကိုစိတ်ပျက်စေရပြီ!"
"မမလေး၊ ကျေးဇူးပြု ပြီး မငိုပါနဲ့။ သခင်ကြီးက မမလေးရဲ့ သားသမီးဝတ္တရားကျေပွန်မှုကို သေချာပေါက်ခံစားမိမှာပါ။"
ယွဲ့လန်က အစပိုင်းတွင် နဉ်ရှုကိုနှစ်သိမ့်ဖို့ကြိုးစားနေခဲ့ပြီး နောက်တော့ သူမပါ သက်တော်စောင့်ကိုယ်ပေါ်ပစ်လှဲချကာ ငိုကြွေးတော့၏။
"သခင်ကြီး၊ ဒီလိုပဲသေသွားရတယ်လို့နော်! အောင်မလေး သခင်ကြီးရဲ့! ကျွန်မရဲ့ သနားစရာသခင်ကြီးရဲ့!"
ယွဲ့လန်တစ်ယောက် အတော်လေးအထိမခံနိုင်ဖြစ်တဲ့နေရာတစ်ခုကို ဖက်ထားမိမှန်း နဉ်ရှုမြင်လိုက်ရသည်။ အဲ့နေရာက သက်တော်စောင့်ရဲ့ငှက်ကလေးရှိတဲ့နေရာဖြစ်ပုံရပြီး ယွဲ့လန်ကတော့ သတိမထားမိပုံဖြင့် အဲ့နေရာကိုသာဖက်တွယ်ထားရင်း ငိုကြွေးနေလေ၏။
နဉ်ရှုက ကောက်ရိုးဖျာလှုပ်သွားပြီး သက်တော်စောင့်ရွေ့သွားသည်ကို ခံစားလိုက်မိသည်။ နဉ်ရှု ယွဲ့လန်ကို သက်တော်စောင့်ပေါ်မှ ခပ်မြန်မြန်ပင်ဆွဲဖယ်လိုက်ရ၏။ယွဲ့လန်က မျက်ရည်များကိုသုတ်ရင်ျးမးလာသည်။
"ဘာဖြစ်လို့လဲ မမလေး?"
နင် သူ့ရဲ့ငယ်ပါကိုဖိမိနေတယ်လို့ နဉ်ရှုဖြေလိုက်ချင်သော်လည်း ယွဲ့လန်ရဲ့ဝေခွဲမရဖြစ်နေတဲ့အမူအရာကိုမြင်တဲ့အခါ သူမပြောလိုက်သည်။
"အဖေ့အလောင်းကို မထိနဲ့။"
ယွဲ့လန်က 'အိုး'ဟုသာပြန်ဖြေကာ သူမပါးပေါ်ကိုမျက်ရည်များစီးကျရင်း ဘေးနားမှာသာ တိတ်ဆိတ်စွာထိုင်နေတော့သည်။နဉ်ရှုတစ်ယောက် ကြည့်နေရင်းနှင့်ပင် တော်တော်ကြီးကိုလေးစားသွားတော့သည်။ ယွဲ့လန်က တကယ့်ကိုထိပ်တန်းသရုပ်ဆောင်ပဲ။
သူတို့က အရမ်းကိုကျယ်ကျယ်လောင်လောင်ငိုကြွေးခဲ့တာကြောင့် တစ်လမ်းလုံးကြားလိုက်ရသည်။ မကြညခင်မှာပဲ ပွဲကြည့်ပရိသတ်အများအပြားစုရုံးရောက်ရှိလာတော့သည်။ သို့သော်လည်း သူတို့က နဉ်ရှုနဲ့ယွဲ့လန်ရဲ့ညစ်တီးညစ်ပတ်ပုံစံတွေကြောင့် ဘယ်သူကမှ နဉ်ရှုကိုဝယ်ဖို့ထွက်မလာကြ။
သို့ပေမယ် သူမရဲ့ပစ်မှတ်က ဒီလူတွေမဟုတ်ဘဲ လူချမ်းသာငစဉ်းလဲကြီးဖြစ်တဲ့ နန်းတွင်းကုန်သည်ဖြစ်တာကြောင့် နဉ်ရှုကလည်း စိတ်ထဲထားမနေပါ။
"အခု ကျွန်မတို့ ဘာလုပ်ကြမလဲ မမလေး? အတော်လေးကြာနေပြီဆိုပေမယ့် ဘယ်သူကမှ ကျွန်မတို့ကိုဘယ်လောက်လဲလို့ မမေးသေးဘူး။"
ယွဲ့လန်က စိုးရိမ်တကြီးပြောလာသည်။
နဉ်ရှုက ပြန်ဖြေ၏။
"စိတ်မပူပါနဲ့။"
ဘယ်သူကမှ သူတို့ကိုဈေးစကားပြောဖို့ရည်ရွယ်ချက်ရှိပုံမရတာကို ယွဲ့လန်မြင်တဲ့အခါ သူမက ငိုကြွေးနေတာကိုရပ်လိုက်ပြီး ညစ်ပတ်နေတဲ့လက်ကိုင်ပဝါကိုသုံးကာ မျက်ရည်များကိုသုတ်နေတော့သည်။
လူတွေက သူမတို့အနီးမှ သွားလာနေကြ၏။ လုအများစုက ဒီမြင်ကွင်းကိုကြည့်ဖို့ ရပ်လိုက်ကြသော်လည်း ဘယ်သူကမှ ဈေးမေးမလာ။ နဉ်ရှု နည်းနည်းနောင်တရသလိုဖြစ်လာသည်။ ဒီလိုဖြစ်လာမယ်မှန်း စောစောသာသိခဲ့ရင် သူမ ကိုယ့်ကိုကိုယ်ဒီလောက်သနားစရာကောင်းအောင်မလုပ်ခဲ့ပါဘူး။ မင်းကသာ အရမ်းသနားစရာကောင်းနေမယ်ဆိုရင် လူတိုင်းက မင်းကိုလျစ်လျူ ရှုကြလိမ့်မယ်ဆိုတာ ပေါ်လာသည်။
အကြာကြီးဒူးထောက်နေခဲ့ရတာကြောင့် နဉ်ရှု အိပ်ပျော်တော့မလိုပင်။ သူမဘေးမှာတော့ ယွဲ့လန်က လှည်းကိုမှီကာအိပ်ပျော်နေချေပြီ။ သူမက သွားရည်တွေပင်ကျနေလိုက်သေးသည်။
"အဖေ့ရဲ့အသုဘစရိတ်အတွက် ကိုယ့်ကိုကိုယ်ရောင်းတယ်တဲ့လား?"
ယောက်ျားပီသသော လေသံခပ်တိုးတိုးပေါ်လာသည်။ နဉ်ရှု သိမ့်ခနဲတုန်ကာနိုးလာပြီး ယွဲ့လန်ကို ခပ်မြန်မြန်ပင်တွန်းလိုက်သည်။
ယွဲ့လန် နိုးလာတဲ့အခါ သူမ ထပ်ငိုကြွေးပြန်သည်။
"မမလေးကို မကာကွယ်နိုင်ခဲ့တာ ဒီအစေခံရဲ့အပြစ်တွေပါသခင်ကြီး။ အခု မမလေးက သခင်ကြီးအတွက် အသုဘပြင်ဆင်ဖို့ သူ့ကိုယ်သူတောင်ရောင်းနေရပြီ။ မမလေးရေ...ကျွန်မရဲ့ သနားစရာမမလေးရဲ့!"
ယွဲ့လန်က ငိုရင်းနှင့် နဉ်ရှုကိုပါဖက်လိုက်လေ၏။
နဉ်ရှု အားကုန်သုံးကာ ယွဲ့လန်ရဲ့လက်မောင်းတွေကို ဖယ်ချလိုက်ပြီးနောက် ပူဆွေးသောကတွေပြည့်နေတဲ့မျက်နှာကိုလုပ်ယူကာ ဖြေလေသည်။
"ဒီနိမ့်ကျတဲ့အမျိုးသမီးက ချူးစီရင်စုကပါ လူကြီးမင်း။ ဖခင်ကို ကောင်းကောင်းမွန်မွန်မြှုပ်နှံသင်္ဂြိုလ်ဖို့အတွက် ဒီနိမ့်ကျတဲ့အမျိုးသမီးမှာ ကိုယ့်ကိုကိုယ်ရောင်းဖို့ကလွဲပြီး ရွေးစရာမရှိပါဘူး။"
"မင်းခေါင်းကိုမော့ပါဦး၊ ဒီလူကြီးမင်း တစ်ချက်လောက်ကြည့်ပါရစေ။"
နဉ်ရှု ထိုအမျိုးသားကိုကြည့်ဖို့ ချက်ချင်းခေါင်းမော့လိုက်သည်။ အမျိုးသားက နေတစ်စင်းလိုတောက်ပကာ သူ့နောက်မှာရှိတဲ့အရာအားလုံး မှေးမှိန်သွားစေသည်။ ဒီရှိုးစမိုးအပြည့်နဲ့လူက သေချာပေါက် အမျိုးသားဇာတ်လိုက်samaပဲ။
ချီရှန်းရဲ့ပုံစံက နူးညံ့မှုတွေနဲ့ပြည့်နေသေည့်တိုင် ရက်စက်သောအလှလေးဟန်ပေါက်နေဆဲပင်။ သူက ယုံကြည်ချင်စရာကောင်းသော်လည်း အန္တရာယ်ရှိသောလေထုကိုပေးစွမ်းနေပြန်သည်။ သူ့မျက်လုံးတွေက နက်မှောင်နေကာ ခန့်မှန်း၍မရသောရည်ရွယ်ချက်များရှိနေသလိုပင်။
ထိုသူကား မျက်နှာနှစ်ဖက်ကုန်သည် ချီရှန်းပင်ဖြစ်တော့သည်။
...
တကယ်တော့ စစ်ထူချင်းယွီနဲ့လော်ကျွင့်ယွမ်က နဉ်ရှုတို့ကို ဝရမ်းထုတ်ထားပါတယ်။ ယူတို့သေချာမဖတ်လို့။ အိုင် စစ်ထူချင်းယွီကိုကြိုက်တာက တစ်ခြားကြောင့်မဟုတ်ဘူး။ သူ့နာမည်Vibeက အတော်လေးမိုက်လို့။ ခေါ်လို့လည်းကောင်းတယ် XD
...
Advertisement
- In Serial45 Chapters
MECHROMANCER: A Robot Necromancer LitRPG
UPDATES MWF \AI615 BEGINNING REPORT \CONTACT MADE WITH LOCAL CIVILIZATION POSSESSING TECHNOLOGY OUTSIDE OF KNOWN UNDERSTANDING \PLANETARY LOCALS CLAIMED TO POSSESS LEVELS AND QUANTIFIABLE STATISTICS \ON INITIAL EXAMINATION, LOCAL ADVANCEMENT APPEARED TO MATCH A LATE IRON AGE TECHNOLOGICAL LEVEL \RECONNAISSANCE SCANNING AND INTELLIGENCE GATHERING REPORTED ANOMALOUS BEHAVIOR \2.61 SECONDS AGO, LOCAL SAPIENTS INITIATED COMBAT WITH AI615, AI616 AND GROUND CREW \AI615 REQUESTING IMMEDIATE— Error. End of message not received. Mechanical Officer 1, designation OFF01, was terminated. The colonization mission failed.OFF01 has been brought back to life through the magic of the system, and it’s directives have been overwritten. Now OFF01 has a new directive: protect one Tobias Agrippa at any cost.
8 179 - In Serial31 Chapters
[GONE ROGUE]
8 138 - In Serial24 Chapters
Where Giants Roam
Adventure is enticing and it opens people's eyes. Change is therefore inevitable and while faith grounds people, acceptance is often the hardest challenge.
8 244 - In Serial24 Chapters
Toric the Soulless
Hello everybody, my name is Spotacus. English is my first language, but that does not mean I do not make mistakes. Please let me know if you see any. I am going to post the first few chapters of a story I have been fooling around with. The main character is a bit OP, but completely clueless about his power. This is a fantasy type story, and I may have missed some of the tags. Description Toric thought he was a pretty normal kid, with a normal and boring backstory, but he was wrong. Follow his adventures as he learns the truth about his history, and discovers exactly how very far he has to go in order to embrace his destiny. Life will never be the same after the arrogance of a mage gives Toric an ability that was lost in distant history. Lost for a reason.
8 133 - In Serial32 Chapters
Annihilation System
Mark, Who was the Most Wanted and Greatest Criminal on Earth suddenly died in his cell. But Mark, Who suddenly realized that he was not on earth.Got pissed off at the world and yelled "WORLD!! I DIE IN MY CELL AND I DON'T GET ANY SPECIAL ABILITIES?" Mark who finished yelling, Suddenly heard a voice in his mind Initiating System Launch Scanning The Hosts Soul Scanning Complete Host Received -(Annihilation System)- Message from "??? "I'm Sorry for letting you die Mark, But someone destroyed the Life&Death System on our part, So we gave you a chance to Reincarnate and gave you a System to Annihilate Gods/Devils on your World. Please be warned, Mark this system can help you strive to survive in your world, but you can't kill us for this is a new system that we just made And we are not Gods we are Eternal Beings, So Have Fun!" Mark who received the message got mad and said:"The One who let me die, I'll find you and give you a punch to the face." Mark's Journey just started to Fight, Live, Kill, Rule to the Everlasting World of Gods! ------------------------------------------------------------------------------------------------------------------------- Hey Guys! First Time making a story or second time? I don't remember. My grammar is somewhat crappy sometimes so; please don't criticise :)
8 222 - In Serial11 Chapters
the mangled monster; improved.
Mangle is the robot that gets bullied daily by the toy animatronics, who refer to her as 'The Monster'. Everything seems hopeless to Mangle, and she starts to lose hope of ever having a life again. until she meets Foxy...Foxy. Her old, withered counterpart! As they meet one day, the foxes realise how alike they are, and as the days go on, Mangle feels herself falling in love with Foxy. As the bullying from the toys gets harsher, and Foxy and Mangle's relationship gets stronger, a certain animatronic starts to stick up for Mangle, making her life even better. Until bad news occurs at the pizzeria, which threatens to ruin Foxy and Mangle's relationship...forever.
8 69