《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 36
Advertisement
[Zawgyi]
{မေမ့နိုင္စရာႀကီးစြာေသာအသည္းကဲြမႈ}
ခ်ီရွန္းက သူမကိုေလးစားတယ္လို႔ မုယန္မုန္႔ထင္ေနခဲ့သည္။ သူက တစ္ျခားေယာက်္ားေတြနဲ႔မတူ၊ အရမ္းၾကင္နာတတ္ၿပီးသူမက သူဝယ္ခဲ့တဲ့သူျဖစ္ေသာ္လည္း ေလးေလးစားစားဆက္ဆံသည္။
ခ်ီအိမ္ေတာ္မွာေနစဥ္ သူမ အရင္ကတစ္ခါမွမရဖူးတဲ့ စိတ္ေအးခ်မ္းတည္ၿငိမ္မႈကို မုယန္မုန္႔ရေနခဲ့သည္။ ဝန္ႀကီးခ်ဳပ္အိမ္ေတာ္မွာနဲ႔မတူဘဲ ဒီမွာေတာ့ သူမကို ရွက္ရံြ႕ဖြယ္ရာေတြကို ေန႔တိုင္းလိုလို ဇြတ္အတင္းလုပ္ခိုင္းမယ့္ေယာက်္ားေတြမရွိ။
သူမရဲ႕က်န္ရွိေနတဲ့ဘဝေလးကို ဒီလိုပဲေအးေအးခ်မ္းခ်မ္းကုန္ဆုံးႏိုင္ေတာ့မယ္လို႔ မုယန္မုန္႔ထင္ေနခဲ့သည္။ သူမက ခ်ီရွန္းအေပၚမွာ အရမ္းကိုအေကာင္းျမင္ၿပီး မၾကာခင္မွာပဲ သူမရဲ႕ေနာက္ခံနဲ႔အဲ့ဒီ့လူနွစ္ေယာက္က သူမကိုဘာေတြလုပ္ခဲ့တယ္ဆိုတာကို ေျပာျပသည္အထိ ယံုၾကည္သြားေတာ့သည္။
သူမဘာေတြႀကံဳေတြ႕ခဲ့ရတယ္ဆိုတာၾကားတဲ့အခ်ိန္မွာ ခ်ီရွန္းက မုယန္မုန႔္ကိုရံြရွာဟန္မျပသလို သူမရဲ႕ေနာက္ခံအးကာင္းကို သူသိၿပီးသားပါလို႔လည္းေျပာလာသည္။ ၿမိဳ႕ေတာ္မွာ သူမကိုဖမ္းမိန္႔ထုတ္ထားတဲ့ဝရမ္းေတြနဲ႔ပဲျပည့္ေနသည္ေလ။ သူမရဲ႕အတိတ္ကို သူဂရုမစိုက္ပါလို႔လည္း ခ်ီရွန္းကေျပာလိုက္ေသးသည္။
ဒီစကားကိုၾကားတဲ့အခါ မုယန္မုန္႔မွာ ခ်ီရွန္းကို ပို၍ပင္ေက်းဇူးတင္လာေတာ့သည္။
ဒီလိုနဲ႔ တစ္ညမွာေတာ့ ေယာက်္ားတစ္ေယာက္နဲ႔မိန္းမတစ္ေယာက္ဟာ နွလံုးသားခံစားခ်က္ေတြျမင့္တက္ေပါက္ဖြားလာၿပီး ခႏၶာကိုယ္ခ်င္းနွီးေနွာဆက္ႏြယ္မႈျပဳ ခဲ့ၾကေလေတာ့၏။
သူမရဲ႕ေန႔ရက္ေတြက ခ်ီရွန္းကိုေစာင့္ေမ်ွာ္ေနရျခင္းနဲ႔သာ လည္ပတ္ကုန္ဆံုးေနခဲ့ေသာ္လည္း သုန္ဟြာျပည္ပ်က္စီးသြားၿပီးတည္းက သူမႀကံဳေတြ႕ခံစားခဲ့ရသမ်ွေတြထဲမွာ ဒါကစိတ္ခ်မ္းသာဖို႔အေကာင္းဆံုးလို႔ မုယန္မုန္႔ထင္ေနခဲ့သည္။
သို႔ေသာ္လည္း ခ်ီရွန္းက မုယန္မုန္႔ကို သိသာထင္ရွားတဲ့ရာထူးတစ္ခုမေပးခဲ့။ သူမက ကိုယ္လုပ္ေတာ္လည္းမဟုတ္သလို တရားဝင္ဇနီးလည္းမဟုတ္။ တစ္ခါတစ္ေလမွာေတာ့ ခ်ီရွန္းက ေယာက်္ားနွစ္ေယာက္နဲ႔ဆက္ဆံခဲ့ရၿပီး ကိုယ္ဝန္လည္းပ်က္က်ဖူးတဲ့သူမအေပၚ အထင္ေသးေနတယ္လို႔ မုယန္မုန္႔ေတြးေတာလာတတ္သည္။
ေနာက္ၿပီး ခ်ီရွန္း မုယန္မုန္႔ဆီမလာတာ အေတာ္ေလးပင္ၾကာသြားခဲ့ၿပီ။ မုယန္မုန္႔က စိတ္ေသာကအျပည့္ျဖင့္ ခ်ီရွန္းလာမွာကို ေန႔တိုင္းလိုလိုပင္ေစာင့္ဆိုင္းေနခဲ့သည္။ ေနာက္ဆံုး၌မူ ခ်ီရွန္းရဲ႕ရည္းစား၊ ငယ္ခ်စ္ကေလးေရာက္လာေၾကာင္းသိသြားေတာ့သည္။
မုယန္မုန္႔မွာ အစတည္းက လြန္စြာမွပင္အဆိုးျမင္စိတ္ရွိသူျဖစ္ရကား ဒီသတင္းကိုၾကားလိုက္ရၿပီးေနာက္ သူမရဲ႕ကမၻာႀကီးၿပိဳပ်က္သြားသလိုခံစားလိုက္ရကာ ခ်ီရွန္းကိုအေျပးအလႊားလိုက္ရွာေတာ့သည္။ ထို႔ေနာက္တြင္မူ ခ်ီရွန္းက သူ႔ရဲ႕ငယ္ခ်စ္ကေလးနဲ႔ အိပ္ရာေပၚမွာ ပူးကပ္ယွက္ႏြယ္ေနတာကိုေတြ႕လိုက္ရေလ၏။
မုယန္မုန္႔က ခ်ီရွန္းဆီက ရွင္းျပခ်က္ၾကားခ်င္ခဲ့တာေၾကာင့္ ခ်ီရွန္းက သူ႔ရဲ႕ငယ္ခ်စ္ကေလးကိုေပြ႕ဖက္ကာ မုယန္မုန္႔က သူဝယ္ခဲ့တဲ့အေပ်ာ္မယ္တစ္ေယာက္ပဲျဖစ္ကာ ဖိနပ္စုတ္သာသာပဲရွိတဲ့ ဘာမွမဟုတ္တဲ့သူဟုဆိုေလသည္။ သူ႔မက ျဖဴ စင္ၿပီးခ်စ္စရာေကာင္းလြန္းတဲ့ သူ႔ရဲ႕ငယ္ခ်စ္ေလးနဲ႔ ဘယ္လိုမွယွဥ္မရေၾကာင္းကိုပါ ေျပာလိုက္ေသး၏။
ဒါေၾကာင့္ မုယန္မုန္႔မွာ စြန္႔ပစ္ခံလိုက္ရတဲ့နာက်င္မႈကို ေနာက္တစ္ႀကိမ္ခံစားလိုက္ရၿပီး အႀကီးအက်ယ္ပင္ဝမ္းနည္းသြားေတာ့သည္။
ခ်ီရွန္းက မုယန္မုန္႔ကို ရံြရွာေနၾကာင္းဘသူ႔ပါးစပ္ကေနထုတ္ေျပာခဲ့ေသာ္လည္း သူမရဲ႕ခႏၶာကိုယ္ကုိ စဲြလန္းေနဆဲျဖစ္ကာ သူမကို မၾကာခဏဆိုသလို လာရွာတတ္သည္။ သို႔ေသာ္လည္း သူ႔ပါးစပ္ကထုတ္ေျပာတဲ့ ၾကမ္းတမ္းခါးသက္လြန္းလွတဲ့အမွန္တရားကို ၾကားသိလိုက္ရၿပီးတည္းက မုယန္မုန္႔က သူ႔ကို သူမအိပ္ရာေပၚတက္ခြင့္မျပဳေတာ့။ သူမက ေန႔တိုင္းမ်က္ရည္လည္ရဲႊျဖစ္ေနၿပီး ကမၻာႀကီးအဆံုးသတ္သြားသလို ငိုေႂကြးေနေတာ့သည္။
မုယန္မုန္႔ရဲ႕အျပဳအမူက ခ်ီရွန္းကိုေဒါသထြက္ေစသည္။ သူမရဲ႕ခႏၶာကိုယ္က လွပေက်ာ့ရွင္းၿပီး လူေတြကို အဆံုးမရွိတဲ့ဆႏၵေတြနဲ႔ ျပည့္သြားေစနိုင္ေသာ္ျငား ဘယ္သူကမွ ငါးေသတစ္ေကာင္လိုမလႈပ္မယွက္ျဖစ္ေနတဲ့မိန္းမကို မႀကိဳက္။ ဒါေၾကာင့္ ခ်ီရွန္းက သူ႔ရဲ႕အခ်စ္ကေလးနဲ႔ပဲ အခ်ိန္ေတြပိုျဖဳန္းလာေတာ့သည္။ မုယန္မုန္႔က ပိုလို႔ပင္နာက်င္ေၾကကဲြသြားရကား စားေကာင္းျခင္းမစားနိုင္သလို၊ အိပ္ေကာင္းျခင္းလည္းမအိပ္နိုင္။ သူမကိုယ္သူမ နွိပ္စက္ေနခဲ့ၿပီး မၾကာခင္မွာပဲ လူမမာလိုျဖစ္သြားကာ ပိန္ခ်ံဳးသြားေတာ့သည္။
အတိုခ်ံဳးရလ်ွင္ေတာ့ ရႈပ္ေထြးမႈေတြ..ရႈပ္ေထြးမႈေတြနဲ႔ ပိုပိုၿပီးရႈပ္ေထြးလာမႈေတြသာျဖစ္ကာ ရံြရွာျခင္းခံေနရတဲ့သံသရာက တစ္ပတ္ၿပီးတစ္ပတ္...။
ခ်ီရွန္းက မုယန္မုန္႔ကို ရံြရွာေနေသာ္လည္း သူမနဲ႔ OOXXလုပ္ခ်င္သျဖင့္ သူက သူမကို မၾကာမၾကာလာရွာတတ္သည္။ သို႔ေသာ္လည္း မုယန္မုန္႔က အႀကိမ္တိုင္းလိုလိုငိုယိုျငင္းဆန္သည္။
တစ္ခ်ိန္တည္းမွာပင္ ဒုတိယအမ်ိဳးသမီးဇာတ္လိုက္ျဖစ္တဲ့ခ်ီရွန္းရဲ႕ရည္းစားက မုယန္မုန္႔ကို စတင္မုန္းတီးလာေတာ့သည္။
မၾကာခင္မွာပင္ အမ်ိဳးသမီးဇာတ္လိုက္ကိုမုန္းတီးေနတဲ့ ဒုတိယအမ်ိဳးသမီးဇာတ္လိုက္ရဲ႕ စီမံကိန္းေတြစတင္လာေတာ့သည္။ ငယ္ခ်စ္ကေလးက ကိုယ္ဝန္ရွိဟန္ေဆာင္ကာ မုယန္မုန္႔ရဲ႕ေရွ႕မွာ အမ်ိဳးသားဇာတ္လိုက္ရဲ႕သူမကေလးအေပၚခ်စ္ခင္တြယ္တာေနမႈမ်ားကို ေန႔တိုင္းလိုလို တမင္ျပသေလ့ရွိၿပီး မုယန္မုန္႔မွာေတာ့ နာက်င္ရလြန္းသျဖင့္ သူမနွလံုးသားသည္ပင္အစိတ္စိတ္ကဲြသြားသလိုျဖစ္ေနေတာ့သည္။
ဒုတိယအမ်ိဳးသမီးဇာတ္လိုက္မွာ အမွန္တကယ္ကေလးမရွိရကား မၾကာခင္မွာပင္ ကိုယ္ဝန္ပ်က္က်ဟန္ေဆာင္ကာ မုယန္မုန္႔ကိုအျပစ္ဖို႔ေတာ့သည္။ ဒီလိုနဲ႔ ဘယ္တုန္းကမွမရွိခဲ့တဲ့ကေလးက သူမကိုပထုတ္နိုင္ဖို႔ အခြင့္အလမ္းျဖစ္သြားေတာ့၏။
ဒီအေၾကာင္းကို ခ်ီရွန္းသိသြားတဲ့အခါ သူက ေဒါသထြက္သြားၿပီး မုယန္မုန္႔ရဲ႕ရွင္းျပခ်က္ေတြကိုေတာင္ နားေထာင္ျခင္းအလ်ဥ္းမရွိေတာ့ဘဲ မုယန္မုန္႔ကို ေထာင္ထဲထည့္လိုက္ေတာ့သည္။
မုယန္မုန္႔တစ္ေယာက္ ေထာင္ထဲကနွိပ္စက္မႈနည္းလမ္းေပါင္းစံုနဲ႔ညႇင္းပန္းနွိပ္စက္ခံရေတာ့သည္။ ဒီအခ်ိန္ေလာက္မွာပဲ ခ်ီရွန္းရဲ႕အလုပ္မွာလည္း ျပသနာတစ္ခုျဖစ္သြားခဲ့သည္။ သူက အဲ့ျပသနာကိုေျဖရွင္းေနရၿပီး မုယန္မုန္႔အေၾကာင္းကို လံုးလံုးလ်ားလ်ားေမ့ေလ်ာ့သြားေလ၏။
ေထာင္ထဲမွာေတာ့ မုယန္မုန္႔က သူမတစ္ကိုယ္လံုးဒဏ္ရာအမာ႐ြတ္ေတြနဲ႔ျပည့္သည္အထိ ဒုတိယအမ်ဳိးသမီးဇာတ္လိုက္ညႇင္းပန္းနွိပ္စက္တာကိုခံေနရသည္။ ဒုတိယအမ်ိဳးသမီးဇာတ္လိုက္မွာ မုယန္မုန္႔ရဲ႕မ်က္နွာကို မနာလိုဆံုးျဖစ္ရကား ပထမဆံုးအေနျဖင့္ မုယန္မုန္႔ရဲ႕ရုပ္ရည္ကို ဖ်က္ဆီးေလ၏။
ခ်ီရွန္းတစ္ေယာက္ မုယန္မုန္႔ကိုျပန္သတိရလာခ်ိန္မွာေတာ့ မုယန္မုန္႔မွာ အသက္ကိုပင္ ခက္ခက္ခဲခဲရွဴ ေနရၿပီျဖစ္သည္။ သူမရဲ႕မ်က္နွာပ်က္စီးသြားၿပီျဖစ္တဲ့အတြက္ ခ်ီရွန္းကလည္း ဒုတိယအမ်ိဳးသမီးဇာတ္လိုက္ရဲ႕အႀကံေပးခ်က္ကိုလက္ခံကာ ခ်ီအိမ္ေတာ္နဲ႔မိုင္ေပါင္းမ်ားစြာေဝးကြာသည့္ အိမ္ေတာ္တစ္ခုဆီပို႔လိုက္ေတာ့သည္။
မုယန္မုန္႔က ကိုယ္ေရာစိတ္ပါဒဏ္ရာေတြျပည့္လ်က္ျဖင့္ အေဝးကိုပို႔ေဆာင္ျခင္းခံလိုက္ရေလ၏။ သို႔ေသာ္လည္း သူမထြက္သြားၿပီးေနာက္မွာေတာ့ ခ်ီရွန္းက သူမကို ပို၍ပို၍သာလြမ္းဆြတ္သတိရလာခဲ့သည္။ သူအၿမဲတမ္းခ်စ္ခင္ျမတ္နိုးေနခဲ့ရတဲ့ ျဖဴ စင္လွတဲ့နတ္သမီးေလးက ဒီလိုယုတ္မာပက္စက္တဲ့စိတ္ထားမ်ိဳးရွိေနတာကို သူသိသြားခ်ိန္မွာေတာ့ သူက သူမကိုမခ်စ္ေတာ့ပါဟု ျပတ္ျပတ္သားသားေၾကျငာကာ မုယန္မုန္႔ကို အေျပးအလႊားသြားရွာသည္။ သို႔ေသာ္လည္း မုယန္မုန္႔ကေတာ့ ေပ်ာက္ဆံုးသြားခဲ့ၿပီ။
ဒါမ်ိဳးက သူမေတြ႕ခဲ့ရတဲ့ေယာက်္ားတိုင္းေၾကာင့္ မုယန္မုန္႔ႀကံဳေတြ႕ရၿမဲျဖစ္သည့္ မေမ့နိုင္ေလာက္စရာႀကီးလွစြာေသာအသည္းကဲြမႈမ်ိဳးသာျဖစ္ပါ၏။
....
ေလေပြ's mood right now : ဘယ္သူ႔ကိုမွအျပစ္မတင္နဲ႔။ ကိုယ့္ဘာသာပဲအျပစ္တင္ေတာ့မုယန္မုန္႔။
.....
[Unicode]
{မမေ့နိုင်စရာကြီးစွာသောအသည်းကွဲမှု}
ချီရှန်းက သူမကိုလေးစားတယ်လို့ မုယန်မုန့်ထင်နေခဲ့သည်။ သူက တစ်ခြားယောက်ျားတွေနဲ့မတူ၊ အရမ်းကြင်နာတတ်ပြီးသူမက သူဝယ်ခဲ့တဲ့သူဖြစ်သော်လည်း လေးလေးစားစားဆက်ဆံသည်။
ချီအိမ်တော်မှာနေစဉ် သူမ အရင်ကတစ်ခါမှမရဖူးတဲ့ စိတ်အေးချမ်းတည်ငြိမ်မှုကို မုယန်မုန့်ရနေခဲ့သည်။ ဝန်ကြီးချုပ်အိမ်တော်မှာနဲ့မတူဘဲ ဒီမှာတော့ သူမကို ရှက်ရွံ့ဖွယ်ရာတွေကို နေ့တိုင်းလိုလို ဇွတ်အတင်းလုပ်ခိုင်းမယ့်ယောက်ျားတွေမရှိ။
သူမရဲ့ကျန်ရှိနေတဲ့ဘဝလေးကို ဒီလိုပဲအေးအေးချမ်းချမ်းကုန်ဆုံးနိုင်တော့မယ်လို့ မုယန်မုန့်ထင်နေခဲ့သည်။ သူမက ချီရှန်းအပေါ်မှာ အရမ်းကိုအကောင်းမြင်ပြီး မကြာခင်မှာပဲ သူမရဲ့နောက်ခံနဲ့အဲ့ဒီ့လူနှစ်ယောက်က သူမကိုဘာတွေလုပ်ခဲ့တယ်ဆိုတာကို ပြောပြသည်အထိ ယုံကြည်သွားတော့သည်။
Advertisement
သူမဘာတွေကြုံတွေ့ခဲ့ရတယ်ဆိုတာကြားတဲ့အချိန်မှာ ချီရှန်းက မုယန်မုန့်ကိုရွံရှာဟန်မပြသလို သူမရဲ့နောက်ခံအးကာင်းကို သူသိပြီးသားပါလို့လည်းပြောလာသည်။ မြို့တော်မှာ သူမကိုဖမ်းမိန့်ထုတ်ထားတဲ့ဝရမ်းတွေနဲ့ပဲပြည့်နေသည်လေ။ သူမရဲ့အတိတ်ကို သူဂရုမစိုက်ပါလို့လည်း ချီရှန်းကပြောလိုက်သေးသည်။
ဒီစကားကိုကြားတဲ့အခါ မုယန်မုန့်မှာ ချီရှန်းကို ပို၍ပင်ကျေးဇူးတင်လာတော့သည်။
ဒီလိုနဲ့ တစ်ညမှာတော့ ယောက်ျားတစ်ယောက်နဲ့မိန်းမတစ်ယောက်ဟာ နှလုံးသားခံစားချက်တွေမြင့်တက်ပေါက်ဖွားလာပြီး ခန္ဓာကိုယ်ချင်းနှီးနှောဆက်နွယ်မှုပြု ခဲ့ကြလေတော့၏။
သူမရဲ့နေ့ရက်တွေက ချီရှန်းကိုစောင့်မျှော်နေရခြင်းနဲ့သာ လည်ပတ်ကုန်ဆုံးနေခဲ့သော်လည်း သုန်ဟွာပြည်ပျက်စီးသွားပြီးတည်းက သူမကြုံတွေ့ခံစားခဲ့ရသမျှတွေထဲမှာ ဒါကစိတ်ချမ်းသာဖို့အကောင်းဆုံးလို့ မုယန်မုန့်ထင်နေခဲ့သည်။
သို့သော်လည်း ချီရှန်းက မုယန်မုန့်ကို သိသာထင်ရှားတဲ့ရာထူးတစ်ခုမပေးခဲ့။ သူမက ကိုယ်လုပ်တော်လည်းမဟုတ်သလို တရားဝင်ဇနီးလည်းမဟုတ်။ တစ်ခါတစ်လေမှာတော့ ချီရှန်းက ယောက်ျားနှစ်ယောက်နဲ့ဆက်ဆံခဲ့ရပြီး ကိုယ်ဝန်လည်းပျက်ကျဖူးတဲ့သူမအပေါ် အထင်သေးနေတယ်လို့ မုယန်မုန့်တွေးတောလာတတ်သည်။
နောက်ပြီး ချီရှန်း မုယန်မုန့်ဆီမလာတာ အတော်လေးပင်ကြာသွားခဲ့ပြီ။ မုယန်မုန့်က စိတ်သောကအပြည့်ဖြင့် ချီရှန်းလာမှာကို နေ့တိုင်းလိုလိုပင်စောင့်ဆိုင်းနေခဲ့သည်။ နောက်ဆုံး၌မူ ချီရှန်းရဲ့ရည်းစား၊ ငယ်ချစ်ကလေးရောက်လာကြောင်းသိသွားတော့သည်။
မုယန်မုန့်မှာ အစတည်းက လွန်စွာမှပင်အဆိုးမြင်စိတ်ရှိသူဖြစ်ရကား ဒီသတင်းကိုကြားလိုက်ရပြီးနောက် သူမရဲ့ကမ္ဘာကြီးပြိုပျက်သွားသလိုခံစားလိုက်ရကာ ချီရှန်းကိုအပြေးအလွှားလိုက်ရှာတော့သည်။ ထို့နောက်တွင်မူ ချီရှန်းက သူ့ရဲ့ငယ်ချစ်ကလေးနဲ့ အိပ်ရာပေါ်မှာ ပူးကပ်ယှက်နွယ်နေတာကိုတွေ့လိုက်ရလေ၏။
မုယန်မုန့်က ချီရှန်းဆီက ရှင်းပြချက်ကြားချင်ခဲ့တာကြောင့် ချီရှန်းက သူ့ရဲ့ငယ်ချစ်ကလေးကိုပွေ့ဖက်ကာ မုယန်မုန့်က သူဝယ်ခဲ့တဲ့အပျော်မယ်တစ်ယောက်ပဲဖြစ်ကာ ဖိနပ်စုတ်သာသာပဲရှိတဲ့ ဘာမှမဟုတ်တဲ့သူဟုဆိုလေသည်။ သူ့မက ဖြူ စင်ပြီးချစ်စရာကောင်းလွန်းတဲ့ သူ့ရဲ့ငယ်ချစ်လေးနဲ့ ဘယ်လိုမှယှဉ်မရကြောင်းကိုပါ ပြောလိုက်သေး၏။
ဒါကြောင့် မုယန်မုန့်မှာ စွန့်ပစ်ခံလိုက်ရတဲ့နာကျင်မှုကို နောက်တစ်ကြိမ်ခံစားလိုက်ရပြီး အကြီးအကျယ်ပင်ဝမ်းနည်းသွားတော့သည်။
ချီရှန်းက မုယန်မုန့်ကို ရွံရှာနေကြာင်းဘသူ့ပါးစပ်ကနေထုတ်ပြောခဲ့သော်လည်း သူမရဲ့ခန္ဓာကိုယ်ကို စွဲလန်းနေဆဲဖြစ်ကာ သူမကို မကြာခဏဆိုသလို လာရှာတတ်သည်။ သို့သော်လည်း သူ့ပါးစပ်ကထုတ်ပြောတဲ့ ကြမ်းတမ်းခါးသက်လွန်းလှတဲ့အမှန်တရားကို ကြားသိလိုက်ရပြီးတည်းက မုယန်မုန့်က သူ့ကို သူမအိပ်ရာပေါ်တက်ခွင့်မပြုတော့။ သူမက နေ့တိုင်းမျက်ရည်လည်ရွှဲဖြစ်နေပြီး ကမ္ဘာကြီးအဆုံးသတ်သွားသလို ငိုကြွေးနေတော့သည်။
မုယန်မုန့်ရဲ့အပြုအမူက ချီရှန်းကိုဒေါသထွက်စေသည်။ သူမရဲ့ခန္ဓာကိုယ်က လှပကျော့ရှင်းပြီး လူတွေကို အဆုံးမရှိတဲ့ဆန္ဒတွေနဲ့ ပြည့်သွားစေနိုင်သော်ငြား ဘယ်သူကမှ ငါးသေတစ်ကောင်လိုမလှုပ်မယှက်ဖြစ်နေတဲ့မိန်းမကို မကြိုက်။ ဒါကြောင့် ချီရှန်းက သူ့ရဲ့အချစ်ကလေးနဲ့ပဲ အချိန်တွေပိုဖြုန်းလာတော့သည်။ မုယန်မုန့်က ပိုလို့ပင်နာကျင်ကြေကွဲသွားရကား စားကောင်းခြင်းမစားနိုင်သလို၊ အိပ်ကောင်းခြင်းလည်းမအိပ်နိုင်။ သူမကိုယ်သူမ နှိပ်စက်နေခဲ့ပြီး မကြာခင်မှာပဲ လူမမာလိုဖြစ်သွားကာ ပိန်ချုံးသွားတော့သည်။
အတိုချုံးရလျှင်တော့ ရှုပ်ထွေးမှုတွေ..ရှုပ်ထွေးမှုတွေနဲ့ ပိုပိုပြီးရှုပ်ထွေးလာမှုတွေသာဖြစ်ကာ ရွံရှာခြင်းခံနေရတဲ့သံသရာက တစ်ပတ်ပြီးတစ်ပတ်...။
ချီရှန်းက မုယန်မုန့်ကို ရွံရှာနေသော်လည်း သူမနဲ့ OOXXလုပ်ချင်သဖြင့် သူက သူမကို မကြာမကြာလာရှာတတ်သည်။ သို့သော်လည်း မုယန်မုန့်က အကြိမ်တိုင်းလိုလိုငိုယိုငြင်းဆန်သည်။
တစ်ချိန်တည်းမှာပင် ဒုတိယအမျိုးသမီးဇာတ်လိုက်ဖြစ်တဲ့ချီရှန်းရဲ့ရည်းစားက မုယန်မုန့်ကို စတင်မုန်းတီးလာတော့သည်။
မကြာခင်မှာပင် အမျိုးသမီးဇာတ်လိုက်ကိုမုန်းတီးနေတဲ့ ဒုတိယအမျိုးသမီးဇာတ်လိုက်ရဲ့ စီမံကိန်းတွေစတင်လာတော့သည်။ ငယ်ချစ်ကလေးက ကိုယ်ဝန်ရှိဟန်ဆောင်ကာ မုယန်မုန့်ရဲ့ရှေ့မှာ အမျိုးသားဇာတ်လိုက်ရဲ့သူမကလေးအပေါ်ချစ်ခင်တွယ်တာနေမှုများကို နေ့တိုင်းလိုလို တမင်ပြသလေ့ရှိပြီး မုယန်မုန့်မှာတော့ နာကျင်ရလွန်းသဖြင့် သူမနှလုံးသားသည်ပင်အစိတ်စိတ်ကွဲသွားသလိုဖြစ်နေတော့သည်။
ဒုတိယအမျိုးသမီးဇာတ်လိုက်မှာ အမှန်တကယ်ကလေးမရှိရကား မကြာခင်မှာပင် ကိုယ်ဝန်ပျက်ကျဟန်ဆောင်ကာ မုယန်မုန့်ကိုအပြစ်ဖို့တော့သည်။ ဒီလိုနဲ့ ဘယ်တုန်းကမှမရှိခဲ့တဲ့ကလေးက သူမကိုပထုတ်နိုင်ဖို့ အခွင့်အလမ်းဖြစ်သွားတော့၏။
ဒီအကြောင်းကို ချီရှန်းသိသွားတဲ့အခါ သူက ဒေါသထွက်သွားပြီး မုယန်မုန့်ရဲ့ရှင်းပြချက်တွေကိုတောင် နားထောင်ခြင်းအလျဉ်းမရှိတော့ဘဲ မုယန်မုန့်ကို ထောင်ထဲထည့်လိုက်တော့သည်။
မုယန်မုန့်တစ်ယောက် ထောင်ထဲကနှိပ်စက်မှုနည်းလမ်းပေါင်းစုံနဲ့ညှင်းပန်းနှိပ်စက်ခံရတော့သည်။ ဒီအချိန်လောက်မှာပဲ ချီရှန်းရဲ့အလုပ်မှာလည်း ပြသနာတစ်ခုဖြစ်သွားခဲ့သည်။ သူက အဲ့ပြသနာကိုဖြေရှင်းနေရပြီး မုယန်မုန့်အကြောင်းကို လုံးလုံးလျားလျားမေ့လျော့သွားလေ၏။
ထောင်ထဲမှာတော့ မုယန်မုန့်က သူမတစ်ကိုယ်လုံးဒဏ်ရာအမာရွတ်တွေနဲ့ပြည့်သည်အထိ ဒုတိယအမျိုးသမီးဇာတ်လိုက်ညှင်းပန်းနှိပ်စက်တာကိုခံနေရသည်။ ဒုတိယအမျိုးသမီးဇာတ်လိုက်မှာ မုယန်မုန့်ရဲ့မျက်နှာကို မနာလိုဆုံးဖြစ်ရကား ပထမဆုံးအနေဖြင့် မုယန်မုန့်ရဲ့ရုပ်ရည်ကို ဖျက်ဆီးလေ၏။
ချီရှန်းတစ်ယောက် မုယန်မုန့်ကိုပြန်သတိရလာချိန်မှာတော့ မုယန်မုန့်မှာ အသက်ကိုပင် ခက်ခက်ခဲခဲရှူ နေရပြီဖြစ်သည်။ သူမရဲ့မျက်နှာပျက်စီးသွားပြီဖြစ်တဲ့အတွက် ချီရှန်းကလည်း ဒုတိယအမျိုးသမီးဇာတ်လိုက်ရဲ့အကြံပေးချက်ကိုလက်ခံကာ ချီအိမ်တော်နဲ့မိုင်ပေါင်းများစွာဝေးကွာသည့် အိမ်တော်တစ်ခုဆီပို့လိုက်တော့သည်။
မုယန်မုန့်က ကိုယ်ရောစိတ်ပါဒဏ်ရာတွေပြည့်လျက်ဖြင့် အဝေးကိုပို့ဆောင်ခြင်းခံလိုက်ရလေ၏။ သို့သော်လည်း သူမထွက်သွားပြီးနောက်မှာတော့ ချီရှန်းက သူမကို ပို၍ပို၍သာလွမ်းဆွတ်သတိရလာခဲ့သည်။ သူအမြဲတမ်းချစ်ခင်မြတ်နိုးနေခဲ့ရတဲ့ ဖြူ စင်လှတဲ့နတ်သမီးလေးက ဒီလိုယုတ်မာပက်စက်တဲ့စိတ်ထားမျိုးရှိနေတာကို သူသိသွားချိန်မှာတော့ သူက သူမကိုမချစ်တော့ပါဟု ပြတ်ပြတ်သားသားကြေငြာကာ မုယန်မုန့်ကို အပြေးအလွှားသွားရှာသည်။ သို့သော်လည်း မုယန်မုန့်ကတော့ ပျောက်ဆုံးသွားခဲ့ပြီ။
ဒါမျိုးက သူမတွေ့ခဲ့ရတဲ့ယောက်ျားတိုင်းကြောင့် မုယန်မုန့်ကြုံတွေ့ရမြဲဖြစ်သည့် မမေ့နိုင်လောက်စရာကြီးလှစွာသောအသည်းကွဲမှုမျိုးသာဖြစ်ပါ၏။
....
လေပွေ's mood right now : ဘယ်သူ့ကိုမှအပြစ်မတင်နဲ့။ ကိုယ့်ဘာသာပဲအပြစ်တင်တော့မုယန်မုန့်။
.....
Advertisement
- In Serial369 Chapters
Blood Shaper
Kay didn't have the best life. Most of it was fairly standard, but his past was marred by a tragedy that changed his entire world. Years later he had managed to mostly rebuild his life, and had started making something of himself. And then he woke up in a different world. A world of fantasy and [Classes], a world much more dangerous than the one he'd been born in. The new world he's been dumped into doesn't hold anyone's hand. Even with the bonuses that being an Outworlder brings won't keep him perfectly safe. One mistake could kill him in an instant. But maybe, with a little bit of help, he could start over once more, and start to make something of himself again. And maybe, just maybe, that something he makes himself into could be amazing. And bloody. [participant in the Royal Road Writathon challenge] (We'll see how I do) ****** As I'm leaning right now there probably will be sexual content later on, but I might change my mind later. There definitely will be death, gore, violence, and blood. Lots and lots of blood.
8 560 - In Serial20 Chapters
Gamble
My name is Vak Tychus. Aside from the, regrettably striking name, there were very few things I'd judge, that made me - me. The name had to do with chance or fate. My last name was Latin, derived from the Latinized name Eutychus which was the combination of two Greek words corresponding to "good" and "luck, chance, and fortune." Now that you know why I'm so unhealthily and exceedingly prone to gambling I can begin to teach you why exactly I love it so much. There's a handful of things you'd have to know to really appreciate how to gamble. You'd be surprised at how much you can learn in two decades supposing you stuck with it your entire life. Although, there are some stark differences between betting a handful of cash and your life against monstrous creatures intent on your blood. Well, you learn a thing or two, if you can believe it. Here, in fact, we can start with the first one: Taking a risk. Try it now and start reading.
8 165 - In Serial13 Chapters
Siren and Cobalt Volume 1: King's Corner
The debut pulp novel from Absurdist Press chronicles the fifth year of Pittsburgh superheroes Siren and Cobalt as they navigate crime, murder, and violence throughout the city. Written by Jude Profit with cover art by 13
8 190 - In Serial12 Chapters
Good Evil
What is Evil and what is good? How we know what is wrong and what is good?The story follow Evil as he will change the beliefs and fate of those who he will meet on his road.Will he bring hope and happiness or despair and pain?The only thing we know is that the world will change!Website: https://goodevilnovel.wordpress.com/
8 91 - In Serial8 Chapters
When Machines Break
Leo Valdez. A man with a lot to say, but not many people willing to listen. Everyone on the Argo II know about his tendencies to forget eating or overworking himself. But clearly, there are some things they don't know. And when they find out, they'll do their best to help.
8 154 - In Serial35 Chapters
The Star-Crossed Lovers from District 12 (Wattys Finalist 2013)
This story takes place between the last page in Mockingjay and the Epilogue. The Capitol has FINALLY left Katniss and Peeta alone, or have they? The two years her and Peeta have truly been together has made her show her true colors, being soft. After Peeta pops the question, does the Capitol threaten their relationship? Since Katniss and Peeta have been spending almost everyday together, what happens to Gale? What happens to their friendship? Is there another Hunger Games in the future? Does Katniss figure out that family is more important than friends? Than love? Or does she become apart of the Capitol while Peeta is being tortured once again not only by the Capitol, but by himself? Will new relationships blossom? Figure it out in my version of the 4th book in the Hunger Games Series!~Trailer in first chapter~**I DO NOT OWN ANY OF THE HUNGER GAMES CHARACTERS. THE BASIS OF THE STORY LINE AND ALL CHARACTERS BELONG TO SUZANNE COLLINS**
8 165

