《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 38
Advertisement
[Zawgyi]
{နင့္မမေလးက အရည္အခ်င္းရွိၿပီးစြမ္းေဆာင္နိုင္တယ္}
နဥ္ရႈက ခ်ီရွန္းရဲ႕ကိုယ္ပိုင္အေစခံျဖစ္ေနတဲ့အတြက္ သူမ လက္ဖက္ရည္ေဖ်ာ္ကာ ခ်ီရွန္းရဲ႕စာၾကည့္ေဆာင္ဆီဦးတည္လိုက္သည္။ တံခါးကိုတြန္းဖြင့္ၿပီး အထဲကိုေလ်ွာက္ဝင္လာၿပီးေနာက္ ခ်ီရွန္း အလုပ္ပိေနတာကို သူမေတြ႕လိုက္ရ၏။ သူက သူ႔မိသားစုရဲ႕စီးပြားေရးလုပ္ငန္းကိုဆက္ခံသူျဖစ္တဲ့အေလ်ာက္ အေတာ္ေလးအလုပ္မ်ားေပ၏။
သို႔တိုင္ သူက မုယန္မုန္႔နဲ႔အီစီကလီလုပ္ဖို႔အခ်ိန္ရွိေနေသးသလို သူ႔ငယ္ခ်စ္ကေလးေရာက္လာတဲ့အခါ သူမနဲ႔လည္းအီစီကလီလုပ္နိုင္ေသး၏။ မူလဇာတ္ေၾကာင္းမွာေတာ့ သူက အလုပ္မ်ားေနပံုလံုးဝမေပၚပါေခ်။
နဥ္ရႈက လက္ဖက္ရည္ခြက္ကို ခ်ီရွန္းရဲ႕လက္နားမွာထားလိုက္သည္။ ခ်ီရွန္းက ခြက္ကိုၾကည့္လိုက္ၿပီးေနာက္ နဥ္ရႈကိုၾကည့္လာ၏။ နဥ္ရႈက သူမရဲ႕နီနီရဲရဲပါးစပ္ႀကီးကိုဖြင့္ဟကာ စပ္ၿဖဲၿဖဲလုပ္ရင္းဆို၏။
"လက္ဖက္ရည္သံုးေဆာင္ပါဦး သခင္ေလး။"
"ငါက ေႏြးတယ္ဆိုရံုေလာက္အေနအထားမွာရွိတဲ့လက္ဖက္ရည္ကိုပဲေသာက္တယ္ဆိုတာ မင္းကို ဘယ္သူမွမေျပာဘူးလား?"
ခ်ီရွန္းက ညင္သာစြာပင္ေမးလာသည္။
"ေတာင္းပန္ပါတယ္၊ ဒီအေစခံ မၾကားလိုက္မိဘူး။ ဒီအေစခံ ျပန္ျပင္လိုက္ပါ့မယ္။"
နဥ္ရႈ ရွက္ရံြ႕ေနသည့္အမူအရာျဖင့္ေျပာကာ လက္ဖက္ရည္ခြက္ကိုယူရန္ အလ်င္စလိုလႈပ္ရွားလိုက္၏။ သို႔ေသာ္လည္း သူမရဲ႕လႈပ္ရွားမႈက ကို႔ရို႕ကားယားနိုင္လွသျဖင့္ လက္ဖက္ရည္ခြက္ကိုတိုက္မိသြားၿပီး ခ်ီရွန္းရဲ႕လက္ေပၚ အပူတေလာင္ေရေတြဖိတ္စင္သြားေစ၏။
ေလာေလာလတ္လတ္က်ိဳထားတဲ့လက္ဖက္ရည္ေတြက သူ႔လက္ေပၚကို ဒီလိုနဲ႔ပဲဖိတ္စင္သြားခဲ့သည္။
"မင္း ဘာလုပ္ေနတာလဲ!?"
ခ်ီရွန္းက နာက်င္မႈေၾကာင့္ မ်က္ေမွာင္ကုတ္ထားသည္။ သူ႔လက္က ခ်က္ခ်င္းပင္နီရဲလာေတာ့၏။
နဥ္ရႈရဲ႕အမူအရာက ေၾကာက္လန္႔ျခင္းတို႔ျဖင့္ျပည့္ေနၿပီး သူမက သူ႔လက္ကိုသုတ္ေပးဖို႔ လက္ကိုင္ပဝါကိုဆဲြထုတ္လိုက္၏။ သူမ အဲ့လက္ကိုင္ပဝါကိုဆဲြထုတ္လိုက္ခ်ိန္မွာပဲ ခ်ီရွန္းတစ္ေယာက္ ေရေမႊးနံ႔နဲ႔ေျခအိတ္နံ႔ေတြေရာေနတဲ့ ရံြစရာေကာင္းလြန္းတဲ့အနံ႔ကိုရလိုက္၏။
သူ ေအာ္ဂလီဆန္လာရကား သူ႔နွာေခါင္းကို လက္ျဖင့္အုပ္လိုက္၏။ သို႔ေသာ္လည္း ထိုလက္မွာ ေစာေစာကမွလက္ကိုင္ပဝါျဖင့္အသုတ္ခံထားရေသာလက္ျဖစ္ရကား အသက္ရွဴ လိုက္ခ်ိန္မွာ အဲ့အနံ႔က သူ႔နွာေခါင္းထဲျပည့္သြားေတာ့သည္။ သူ အခန္းထဲက ေျပးထြက္သြားေလ၏။
နဥ္ရႈ နႈတ္ခမ္းေတြတြန္႔ေကြးကာ လက္ကိုင္ပဝါကို လက္ဖက္ရည္ခြက္ေပၚပစ္တင္လိုက္ၿပီးေနာက္ လက္ဖက္ရည္အက်န္မ်ားနွင့္ခြက္ကိုမယူလိုက္ကာ ထြက္ခြာသြားေတာ့၏။
သူမ အခန္းကိုျပန္ေရာက္ခ်ိန္မွာ ယဲြ႕လန္က ခ်က္ခ်င္းဆိုသလိုေမးလာသည္။
"သူ မမေလးကို အခက္ေတြ႕ေအာင္လုပ္ေသးလား?"
"မလုပ္ပါဘူး။ နင့္မမေလးက အရမ္းအရည္အခ်င္းရွိၿပီးစြမ္းေဆာင္နိုင္တာကို သူ ဘယ္လိုလုပ္အျပစ္ရွာနိုင္မွာလဲ?"
နဥ္ရႈက ေျခခ်ိတ္ထိုင္ခ်ကာ ေျပာလာသည္။
ယဲြ႕လန္က နာက်င္ေနေသာေလသံျဖင့္ေျပာလာေခ်၏။
"မမေလးက ဝန္ႀကီးခ်ဳပ္ရဲ႕သမီးျဖစ္ၿပီး ဇိမ္ရွိရွိနဲ႔အလိုလိုက္ခံဘဝမွာေနရမယ့္ဟာကို အခုေတာ့ သူမ်ားကိုအလုပ္အေကြၽးျပဳေနရတယ္။ မမေလး၊ ကြၽန္မရဲ႕သနားစရာမမေလးရယ္။"
"ေတာ္ေတာ့၊ ငိုမေနနဲ႔။ နင့္မမေလးက အဆင္ေျပေနတာပဲကို။"
နဥ္ရႈ စိတ္ရႈပ္စြာေျပာ၏။
ယဲြ႕လန္က ခ်က္ခ်င္းပါးစပ္ပိတ္လိုက္ေသာ္လည္း ဝမ္းပန္းတနည္းငိုရႈိက္ေနတုန္းပင္။
နဥ္ရႈက ခ်ီရွန္း သူမကိုရံြသြားေအာင္ ေအာင္ျမင္စြာလုပ္နိုင္ခဲ့ေသာ္လည္း ခ်ီရွန္းက သူမကို သူ႔ရဲ႕ကိုယ္ပိုင္အေစခံအျဖစ္ဆက္ထားဆဲပင္။ နဥ္ရႈက ဘာလုပ္လုပ္အၿမဲတမ္းအမွားလုပ္တတ္ၿပီး ေသာက္က်ိဳးနည္းရုပ္ဆိုးေသာ္လည္း သူက သူမကိုဘသူ႔ရဲ႕ကိုယ္ပိုင္အေစခံအျဖစ္ဆက္ထားရန္ ဆံုးျဖတ္ထားေလ၏။
နဥ္ရႈက သူ႔ကိုညစာစားခ်ိန္မွာလိုအပ္သမ်ွျဖည့္ဆည္းေပးရင္း သူမရဲ႕နွပ္ေခ်းဖတ္က စားစရာေတြထဲလြင့္လာတာတို႔ သို႔မဟုတ္ သူေရခ်ိဳးေနခ်ိန္မွာ ေရေႏြးတစ္ပံုးေလာက္ေလာင္းထည့္ေပးရမွာကို ေျခေခ်ာ္ၿပီးသူ႔အေပၚ ေရေႏြးပူေတြေလာင္းခ်မိမလိုျဖစ္သြားသျဖင့္ အခန္းထဲမွာ ကိုယ္လံုးတီးနဲ႔ပတ္ေျပးေနရတာဆိုရင္ေတာင္မွပင္...။
ထပ္ေလာင္းေျပာရလ်ွင္ နဥ္ရႈမွာ အနံ႔ျပင္းျပင္းေရေမႊးနဲ႔ေျခအိတ္နံ႔ေတြေရာေနတဲ့အနံ႔မ်ိဳးက အၿမဲတမ္းရွိေနတတ္သည္။ ဒါက ခ်ီရွန္း သူမကိုအရံြရွာဆံုးျဖစ္ေစသည့္အခ်က္ပင္။
သို႔ေသာ္လည္း သူက ဒါေတြအားလံုးကိုသည္းခံေလ၏။ နဥ္ရႈ ေလးစားလြန္းသျဖင့္ သက္ျပင္းခ်လိုက္မိသည္။ အမ်ိဳးသားဇာတ္လိုက္နဲ႔အမ်ိဳးသမီးဇာတ္လိုက္ၾကားက ဆဲြေဆာင္ေနမႈက တကယ္ကိုရပ္တန္႔လို႔မရဘူးပဲ။
"မင္းဆီက အဲ့အနံ႔က ဘာနံ႔လဲ?"
ေနာက္ဆံုးေတာ့ ခ်ီရွန္းက ထိုအေၾကာင္းကိုစကားစလာ၏။
နဥ္ရႈက ေဆးေတြနင္းကန္ျခယ္ထားတဲ့မ်က္လံုးကိုျပဴ းရင္း စိတ္လႈပ္ရွားစြာပင္ဆို၏။
"ဒါက ေကြ႕ဟြားေရေမႊးနံ႔ေလ။ ဒီအေစခံက ေရေမႊးဆြတ္ထားတဲ့အက်ႌနဲ႔ လက္ကိုင္ပဝါကို ေန႔တိုင္းသံုးတာ။ ရွဴ ၾကည့္ပါလားသခင္ေလးရဲ႕၊ မေမႊးဘူးလား?"
ေျပာရင္းျဖင့္ပင္ နဥ္ရႈက လက္ကိုင္ပဝါကို သူ႔မ်က္နွာနားကပ္လိုက္၏။ ခ်ီရွန္းက သူ႔ေခါင္းကို အလ်င္စလိုပင္တစ္ဖက္ေ႐ႊ႕လိုက္ရင္း မ်က္ေမွာင္ကုတ္ကာဆို၏။
"တကယ္ေတာ့ မင္းရဲ႕ပင္ကိုယ္ရနံ႔ကေကာင္းမြန္ၿပီးသားပါ။ ဒီလိုေရေမႊးမ်ိဳးကို သံုးဖို႔မလိုပါဘူး။ ဒီေရေမႊးက မင္းရဲ႕ပင္ကိုယ္ကလန္းဆန္းလတ္ဆတ္တဲ့ရနံ႔ကိုဖ်က္ဆီးေနတယ္။"
နဥ္ရႈ : (⊙o⊙)
ဝိုး၊ သူ ဘယ္ေလာက္ေတာင္စကားေျပာေကာင္းလဲဆိုတာ ၾကည့္ပါဦး! ထင္ထားတဲ့အတိုင္း စဥ္းလဲတဲ့စီးပြားေရးသမားႀကီးပဲ။ သူက ဒီအနံ႔ကို ထပ္မခံနိုင္ေတာ့ဘူးဆိုတာေသခ်ာေနေပမယ့္ သဘာဝအတိုင္းလန္းဆန္းလတ္ဆတ္တဲ့ရနံ႔အေၾကာင္းကိုပါ ေျပာေနေသးတယ္။ သူ႔စကားေတြက မူလခႏၶာရွင္ကို အရူးလုပ္ေနက်စကားေတြအတိုင္းပဲ။ သူ႔ရဲ႕အေပၚယံပံုစံက လံုးဝကိုၾကင္နာတတ္ၿပီး ရည္မြန္တဲ့အမ်ိဳးေကာင္းသားေလးလိုပဲ။ သူ႔ရဲ႕ရံြစရာေကာင္းတဲ့စရိုက္ကို ဖံုးထားနိုင္တယ္။
...
[Unicode]
{နင့်မမလေးက အရည်အချင်းရှိပြီးစွမ်းဆောင်နိုင်တယ်}
နဉ်ရှုက ချီရှန်းရဲ့ကိုယ်ပိုင်အစေခံဖြစ်နေတဲ့အတွက် သူမ လက်ဖက်ရည်ဖျော်ကာ ချီရှန်းရဲ့စာကြည့်ဆောင်ဆီဦးတည်လိုက်သည်။ တံခါးကိုတွန်းဖွင့်ပြီး အထဲကိုလျှောက်ဝင်လာပြီးနောက် ချီရှန်း အလုပ်ပိနေတာကို သူမတွေ့လိုက်ရ၏။ သူက သူ့မိသားစုရဲ့စီးပွားရေးလုပ်ငန်းကိုဆက်ခံသူဖြစ်တဲ့အလျောက် အတော်လေးအလုပ်များပေ၏။
သို့တိုင် သူက မုယန်မုန့်နဲ့အီစီကလီလုပ်ဖို့အချိန်ရှိနေသေးသလို သူ့ငယ်ချစ်ကလေးရောက်လာတဲ့အခါ သူမနဲ့လည်းအီစီကလီလုပ်နိုင်သေး၏။ မူလဇာတ်ကြောင်းမှာတော့ သူက အလုပ်များနေပုံလုံးဝမပေါ်ပါချေ။
နဉ်ရှုက လက်ဖက်ရည်ခွက်ကို ချီရှန်းရဲ့လက်နားမှာထားလိုက်သည်။ ချီရှန်းက ခွက်ကိုကြည့်လိုက်ပြီးနောက် နဉ်ရှုကိုကြည့်လာ၏။ နဉ်ရှုက သူမရဲ့နီနီရဲရဲပါးစပ်ကြီးကိုဖွင့်ဟကာ စပ်ဖြဲဖြဲလုပ်ရင်းဆို၏။
"လက်ဖက်ရည်သုံးဆောင်ပါဦး သခင်လေး။"
"ငါက နွေးတယ်ဆိုရုံလောက်အနေအထားမှာရှိတဲ့လက်ဖက်ရည်ကိုပဲသောက်တယ်ဆိုတာ မင်းကို ဘယ်သူမှမပြောဘူးလား?"
ချီရှန်းက ညင်သာစွာပင်မေးလာသည်။
"တောင်းပန်ပါတယ်၊ ဒီအစေခံ မကြားလိုက်မိဘူး။ ဒီအစေခံ ပြန်ပြင်လိုက်ပါ့မယ်။"
နဉ်ရှု ရှက်ရွံ့နေသည့်အမူအရာဖြင့်ပြောကာ လက်ဖက်ရည်ခွက်ကိုယူရန် အလျင်စလိုလှုပ်ရှားလိုက်၏။ သို့သော်လည်း သူမရဲ့လှုပ်ရှားမှုက ကို့ရို့ကားယားနိုင်လှသဖြင့် လက်ဖက်ရည်ခွက်ကိုတိုက်မိသွားပြီး ချီရှန်းရဲ့လက်ပေါ် အပူတလောင်ရေတွေဖိတ်စင်သွားစေ၏။
လောလောလတ်လတ်ကျိုထားတဲ့လက်ဖက်ရည်တွေက သူ့လက်ပေါ်ကို ဒီလိုနဲ့ပဲဖိတ်စင်သွားခဲ့သည်။
"မင်း ဘာလုပ်နေတာလဲ!?"
ချီရှန်းက နာကျင်မှုကြောင့် မျက်မှောင်ကုတ်ထားသည်။ သူ့လက်က ချက်ချင်းပင်နီရဲလာတော့၏။
နဉ်ရှုရဲ့အမူအရာက ကြောက်လန့်ခြင်းတို့ဖြင့်ပြည့်နေပြီး သူမက သူ့လက်ကိုသုတ်ပေးဖို့ လက်ကိုင်ပဝါကိုဆွဲထုတ်လိုက်၏။ သူမ အဲ့လက်ကိုင်ပဝါကိုဆွဲထုတ်လိုက်ချိန်မှာပဲ ချီရှန်းတစ်ယောက် ရေမွှေးနံ့နဲ့ခြေအိတ်နံ့တွေရောနေတဲ့ ရွံစရာကောင်းလွန်းတဲ့အနံ့ကိုရလိုက်၏။
သူ အော်ဂလီဆန်လာရကား သူ့နှာခေါင်းကို လက်ဖြင့်အုပ်လိုက်၏။ သို့သော်လည်း ထိုလက်မှာ စောစောကမှလက်ကိုင်ပဝါဖြင့်အသုတ်ခံထားရသောလက်ဖြစ်ရကား အသက်ရှူ လိုက်ချိန်မှာ အဲ့အနံ့က သူ့နှာခေါင်းထဲပြည့်သွားတော့သည်။ သူ အခန်းထဲက ပြေးထွက်သွားလေ၏။
နဉ်ရှု နှုတ်ခမ်းတွေတွန့်ကွေးကာ လက်ကိုင်ပဝါကို လက်ဖက်ရည်ခွက်ပေါ်ပစ်တင်လိုက်ပြီးနောက် လက်ဖက်ရည်အကျန်များနှင့်ခွက်ကိုမယူလိုက်ကာ ထွက်ခွာသွားတော့၏။
သူမ အခန်းကိုပြန်ရောက်ချိန်မှာ ယွဲ့လန်က ချက်ချင်းဆိုသလိုမေးလာသည်။
"သူ မမလေးကို အခက်တွေ့အောင်လုပ်သေးလား?"
"မလုပ်ပါဘူး။ နင့်မမလေးက အရမ်းအရည်အချင်းရှိပြီးစွမ်းဆောင်နိုင်တာကို သူ ဘယ်လိုလုပ်အပြစ်ရှာနိုင်မှာလဲ?"
နဉ်ရှုက ခြေချိတ်ထိုင်ချကာ ပြောလာသည်။
ယွဲ့လန်က နာကျင်နေသောလေသံဖြင့်ပြောလာချေ၏။
"မမလေးက ဝန်ကြီးချုပ်ရဲ့သမီးဖြစ်ပြီး ဇိမ်ရှိရှိနဲ့အလိုလိုက်ခံဘဝမှာနေရမယ့်ဟာကို အခုတော့ သူများကိုအလုပ်အကျွေးပြုနေရတယ်။ မမလေး၊ ကျွန်မရဲ့သနားစရာမမလေးရယ်။"
"တော်တော့၊ ငိုမနေနဲ့။ နင့်မမလေးက အဆင်ပြေနေတာပဲကို။"
နဉ်ရှု စိတ်ရှုပ်စွာပြော၏။
ယွဲ့လန်က ချက်ချင်းပါးစပ်ပိတ်လိုက်သော်လည်း ဝမ်းပန်းတနည်းငိုရှိုက်နေတုန်းပင်။
နဉ်ရှုက ချီရှန်း သူမကိုရွံသွားအောင် အောင်မြင်စွာလုပ်နိုင်ခဲ့သော်လည်း ချီရှန်းက သူမကို သူ့ရဲ့ကိုယ်ပိုင်အစေခံအဖြစ်ဆက်ထားဆဲပင်။ နဉ်ရှုက ဘာလုပ်လုပ်အမြဲတမ်းအမှားလုပ်တတ်ပြီး သောက်ကျိုးနည်းရုပ်ဆိုးသော်လည်း သူက သူမကိုဘသူ့ရဲ့ကိုယ်ပိုင်အစေခံအဖြစ်ဆက်ထားရန် ဆုံးဖြတ်ထားလေ၏။
နဉ်ရှုက သူ့ကိုညစာစားချိန်မှာလိုအပ်သမျှဖြည့်ဆည်းပေးရင်း သူမရဲ့နှပ်ချေးဖတ်က စားစရာတွေထဲလွင့်လာတာတို့ သို့မဟုတ် သူရေချိုးနေချိန်မှာ ရေနွေးတစ်ပုံးလောက်လောင်းထည့်ပေးရမှာကို ခြေချော်ပြီးသူ့အပေါ် ရေနွေးပူတွေလောင်းချမိမလိုဖြစ်သွားသဖြင့် အခန်းထဲမှာ ကိုယ်လုံးတီးနဲ့ပတ်ပြေးနေရတာဆိုရင်တောင်မှပင်...။
ထပ်လောင်းပြောရလျှင် နဉ်ရှုမှာ အနံ့ပြင်းပြင်းရေမွှေးနဲ့ခြေအိတ်နံ့တွေရောနေတဲ့အနံ့မျိုးက အမြဲတမ်းရှိနေတတ်သည်။ ဒါက ချီရှန်း သူမကိုအရွံရှာဆုံးဖြစ်စေသည့်အချက်ပင်။
သို့သော်လည်း သူက ဒါတွေအားလုံးကိုသည်းခံလေ၏။ နဉ်ရှု လေးစားလွန်းသဖြင့် သက်ပြင်းချလိုက်မိသည်။ အမျိုးသားဇာတ်လိုက်နဲ့အမျိုးသမီးဇာတ်လိုက်ကြားက ဆွဲဆောင်နေမှုက တကယ်ကိုရပ်တန့်လို့မရဘူးပဲ။
"မင်းဆီက အဲ့အနံ့က ဘာနံ့လဲ?"
နောက်ဆုံးတော့ ချီရှန်းက ထိုအကြောင်းကိုစကားစလာ၏။
နဉ်ရှုက ဆေးတွေနင်းကန်ခြယ်ထားတဲ့မျက်လုံးကိုပြူးရင်း စိတ်လှုပ်ရှားစွာပင်ဆို၏။
"ဒါက ကွေ့ဟွားရေမွှေးနံ့လေ။ ဒီအစေခံက ရေမွှေးဆွတ်ထားတဲ့အင်္ကျီနဲ့ လက်ကိုင်ပဝါကို နေ့တိုင်းသုံးတာ။ ရှူ ကြည့်ပါလားသခင်လေးရဲ့၊ မမွှေးဘူးလား?"
ပြောရင်းဖြင့်ပင် နဉ်ရှုက လက်ကိုင်ပဝါကို သူ့မျက်နှာနားကပ်လိုက်၏။ ချီရှန်းက သူ့ခေါင်းကို အလျင်စလိုပင်တစ်ဖက်ရွှေ့လိုက်ရင်း မျက်မှောင်ကုတ်ကာဆို၏။
"တကယ်တော့ မင်းရဲ့ပင်ကိုယ်ရနံ့ကကောင်းမွန်ပြီးသားပါ။ ဒီလိုရေမွှေးမျိုးကို သုံးဖို့မလိုပါဘူး။ ဒီရေမွှေးက မင်းရဲ့ပင်ကိုယ်ကလန်းဆန်းလတ်ဆတ်တဲ့ရနံ့ကိုဖျက်ဆီးနေတယ်။"
နဉ်ရှု : (⊙o⊙)
ဝိုး၊ သူ ဘယ်လောက်တောင်စကားပြောကောင်းလဲဆိုတာ ကြည့်ပါဦး! ထင်ထားတဲ့အတိုင်း စဉ်းလဲတဲ့စီးပွားရေးသမားကြီးပဲ။ သူက ဒီအနံ့ကို ထပ်မခံနိုင်တော့ဘူးဆိုတာသေချာနေပေမယ့် သဘာဝအတိုင်းလန်းဆန်းလတ်ဆတ်တဲ့ရနံ့အကြောင်းကိုပါ ပြောနေသေးတယ်။ သူ့စကားတွေက မူလခန္ဓာရှင်ကို အရူးလုပ်နေကျစကားတွေအတိုင်းပဲ။ သူ့ရဲ့အပေါ်ယံပုံစံက လုံးဝကိုကြင်နာတတ်ပြီး ရည်မွန်တဲ့အမျိုးကောင်းသားလေးလိုပဲ။ သူ့ရဲ့ရွံစရာကောင်းတဲ့စရိုက်ကို ဖုံးထားနိုင်တယ်။
...
Advertisement
- In Serial34 Chapters
Drakon the Necrolord v2
Rewrite of my novel Drakon the Necrolord. 100 thousand years ago the system apocalypse began and all of the known worlds with sentient life in the universe got merged together forming a super planet. Orcs elves humans dwarves and hundreds of other species now living on one planet. These are the memoirs of one of them. Written with the help of the AI in his head and a little help from his friends. As a note: I have tons of worldbuilding done (probably way more than needed, as that was why the rewrites took so long. Depending on the reception here I might do more stories in the same universe and/or build a wiki with all my worldbuilding stuff.
8 166 - In Serial42 Chapters
Where did it go wrong?
I reincarnated into a world but I had no talent. As I try to navigate my way through life I ended up attracting yanderes...Current Schedule: 7 chapters/week Discord: https://discord.gg/B746MyApVSCopr. 2021 BuriedInWork All Rights Reserved
8 202 - In Serial30 Chapters
My Nightclub Landlady
"We own the English License of this series and are posting here with the permission of RRL's staff." After my brother in arms died to save my life, I swore to protect his sister, no matter the cost. Little did I know the grip the underworld had in her town. Working undercover in a Nightclub/Hotel in the gangster infested city of Tianhe, I must deal with the problems that arise from corruption, money, and the search for power.
8 163 - In Serial11 Chapters
A Raymond's Raven - (The Exploration of Magic in World War 1)
(Re-Write of Original Version)-----1917, the First World War. Witches and Magicians have been deployed from every warring nation and onto the battlefield called the Western Front. They take up their weapons of wands, staffs, and rituals to battle their own brethren under the crossfire of bullets, artillery, and mechanized warfare. And it will be told through the eyes of a certain Canadian Pilot in the pages of history, Raymond Collishaw of Black Flight.-----
8 76 - In Serial12 Chapters
The Late Bird's Tale: A Tale of the Floating World
To the Muse Bureau, Judy Windermere is not a person: she's the entrance exam that prospective muses must pass to attend its academy. And to working muse officers, she's not just a glorified dreamer: she's a natural disaster disguised as a sleeping girl. For when she sleeps, she's full of dreams and nightmares, unrequited feelings and envious thoughts, which spill into the waking world. But when she goes missing and reappears hours later during a week of exams, three dysfunctional muse officers must find out where she goes. And where Judy goes, like a natural disaster, havoc follows.
8 143 - In Serial30 Chapters
Gnihzur: The Legendary Prokeral God Crow!
Gnihzur is a crow fledgling who has decided to transcend into a godly entity during the magnificent and auspicious era of crows where quantum consciousness advancement is ubiquitously rooted. Though his resolve is resolute in its cute firmness, many feathery and none feathery obstacles will present themselves in his path and try to pluck his mortality away from him before he can triumph. Will he be able to learn how to slyly adapt to his newfound environment as well as cope with difficult situations and peers? Will he succeed in becoming an overpowered character who can easily claim the title of Prokeral God Crow? Leave a rating no less than 3 stars. Please and thank you :)
8 124

