《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 40
Advertisement
[Zawgyi]
{မ်က္စိက်ိန္းေလာက္ေအာင္ေတာက္ပ}
နဥ္ရႈမ်က္နွာသစ္ေအာင္လုပ္တဲ့ ခ်ီရွန္းရဲ႕အႀကံအစည္ က်ရႈံးသြားရသည္။ သူက သူမကို ခဏၾကာေအာင္ၾကည့္ေနၿပီး္ွေျပာလာ၏။
"မင္းမလုပ္ခ်င္မွေတာ့ ဒီအတိုင္းထားလိုက္ၾကတာေပါ့။ အဲ့ဒီ့မွာ မီးပံုးလွလွေလးေတြအမ်ားႀကီးရွိတယ္လို႔ ငါၾကားခဲ့တာ။"
နဥ္ရႈ မီးပံုးေတြကိုစိတ္မဝင္စားသလို ရုတ္တရက္ျဖစ္လာတဲ့အရာေတြအားလံုးက လိမ္လည္တာ ဒါမွမဟုတ္ လွည့္စားတာျဖစ္ရမယ္လို႔လည္း သိထားၿပီးသား။
သူမရဲ႕ရည္႐ြယ္ခ်က္က ခ်ီရွန္းတြန္းလွဲတာခံရတာကိုေရွာင္ရွားနိုင္ဖို႔၊ သူ႔ရဲ႕သကာေလာင္းထားတဲ့တိုက္ခိုက္မႈေတြကို ျငင္းပယ္ၿပီး သူ႔ရဲ႕အခ်စ္စစ္ေလးေပၚလာမွာကိုေစာင့္ေနဖို႔ပင္။
ခ်ီအိမ္ေတာ္မွာေနရတဲ့နဥ္ရႈရဲ႕ေန႔ရက္ေတြက သက္ေတာင့္သက္သာရွိလြန္းလွသည္။ ခ်ီရွန္းက ေတာ္ဝင္ကုန္သည္တစ္ဦးျဖစ္တာနဲ႔အညီ ပိုက္ဆံအမ်ားႀကီးရွိသည္။ စားစရာ၊ ဝတ္စရာနဲ႔႔ ေနစရာက အရည္အေသြးအေကာင္းဆံုးမ်ားသာ။ အေစခံေတြေတာင္ အေတာ္ေလးအရည္အေသြးေကာင္းတဲ့ စားစရာနဲ႔ဝတ္စရာေတြရသည္။
တစ္ညမွာေတာ့ ခ်ီရွန္းက နဥ္ရႈအခန္းဆီ ရုတ္တရက္ၿပီးေျပးဝင္လာ၏။ ယဲြ႕လန္က သူ႔ကိုစိုးရိမ္တႀကီးစိုက္ၾကည့္ကာ ေျပာသည္။
"ရွင္ ဒီမွာဘာလုပ္ေနတာလဲ?! မမေလးကို တစ္ခုခုလုပ္ဖို႔ႀကံေနတာလား?"
ထိုအခ်ိန္တြင္ နဥ္ရႈက ၿပံဳးကာေမး၏။
"သခင္ေလးမွာ ဒီအေစခံကို ခိုင္းစရာရွိလို႔လား?"
"ဒီည မီးပံုးပဲြေတာ္ရွိတယ္။ ငါနဲ႔အတူတူလိုက္ခဲ့ဖို႔ အေစခံတစ္ေယာက္လိုတာမို႔ မင္း ငါနဲ႔လိုက္ခဲ့ေပး။"
ခ်ီရွန္းက နဥ္ရႈကို ေမ်ွာ္လင့္ေစာင့္စားေနေသာမ်က္လံုးမ်ားျဖင့္ ၾကင္နာစြာၾကည့္လာသည္။ ဒီအၾကည့္က သူ႔ကိုျငင္းပယ္လိုက္တာက ရက္စက္ရာက်တာပဲလို႔ လူေတြကိုခံစားရေစသည္။
ထို႔ေၾကာင့္ နဥ္ရႈျပန္ေျဖလိုက္သည္။
"ဒီအေစခံ လိုက္ခဲ့ပါ့မယ္သခင္ေလး။"
"ေကာင္းတယ္၊ ဒါဆို သြားျပင္ဆင္လိုက္ဦး။ ငါ မင္းကို အျပင္မွာေစာင့္ေနမယ္။"
ခ်ီရွန္းက ၿပံဳးကာ အျပင္ထြက္သြားသည္။
ယဲြ႕လန္က ခ်ီရွန္းရဲ႕ေက်ာျပင္ကိုၾကည့္ကာ ေမး၏။
"တကယ္သြားမလို႔လား မမေလး? ဒီအေစခံကိုလည္း ေခၚသြားပါ။ ဒီေကာင့္မွာ မေကာင္းတဲ့ရည္႐ြယ္ခ်က္ေတြရွိတာ သိသာတယ္!"
နဥ္ရႈက 'အန္'ဟုသာဆိုကာ မ်က္နွာေခ်လိမ္းေနေတာ့သည္။ ထို႔ေနာက္ အဝတ္လဲသည္။
ယဲြ႕လန္က နဥ္ရႈကို မ်က္လံုးျပဴ းကာၾကည့္လာ၏။ ေမးခြန္းထုတ္လိုက္တဲ့သူမအသံက တုန္ယင္ေနခဲ့သည္။
"ကိုယ့္ကိုယ္ကိုယ္ ဘာလို႔ဒီလိုလုပ္ေနရတာလဲ မမေလးရဲ႕?"
နဥ္ရႈ ယဲြ႕လန္ရဲ႕စကားေတြကို ေနာက္တစ္ႀကိမ္လ်စ္လ်ဴ ရႈလိုက္ရင္း ၿခံဝင္းအျပင္ထြင္သြားလိုက္သည္။ ခ်ီရွန္းက ေၾကာ့ရွင္းရည္မြန္ေသာဟန္ျဖင့္ သစ္ပင္တစ္ပင္ကိုမ်က္နွာခ်င္းဆိုင္ကာရပ္ေနေလ၏။
နဥ္ရႈ သူ႔ေနာက္မွာရပ္ကာ ရွက္ရံြ႕စြာျပာလိုက္သည္။
"ဒီအေစခံ အဆင္သင့္ျဖစ္ပါၿပီ သခင္ေလး။"
ခ်ီရွန္းက နဥ္ရႈကိုလွည့္ၾကည့္လာကာ သူ႔မ်က္လံုးမ်ားက အံ့ၾသသြားဟန္ျဖင့္ျပဴ းက်ယ္လာသည္။ သူ အခ်ိန္အေတာ္ၾကာသည္အထိ ဘာစကားမွမဆိုနိုင္။ နဥ္ရႈ မည္းနက္ေနတဲ့မ်က္ကြင္းေတြနဲ႔ မ်က္ေတာင္တဖ်တ္ဖ်တ္ခတ္လိုက္ကာ ရွက္ရံြ႕စြာဆက္ေျပာ၏။
"ဒီအေစခံ ဘယ္လိုေနလဲသခင္ေလး?"
ခ်ီရွန္း ခက္ခက္ခဲခဲတံေတြးၿမိဳခ်လိုက္ရသည္။ သူ႔အမူအရာက ေၾကကဲြေနကာ မနည္းျဖစ္ညႇစ္ကာေျပာလာ၏။
"မင္းရဲ႕အလွအပကိုခံစားနိုင္စြမ္းက တကယ္ကိုထူးျခားတာပဲ။"
သူမရဲ႕မ်က္လံုးေတြကို အဝုိင္းပံုစံခပ္ထူထူျခယ္သထားၿပီး သူမမ်က္နွာက ေပါင္ဒါမႈန္႔ေတြေဖြးေနကာ နႈတ္ခမ္းေတြကေတာ့နီရဲေတာက္ေန၏။ ဒါ အကုန္မဟုတ္ေသး။ သူမက အနီေတာက္ေတာက္အေပၚအက်ႌကို ေအာက္ခံစကတ္ရွည္အစိမ္းေတာက္ျဖင့္တဲြဝတ္ထားသည္။
ဒီျမင္ကြင္းမ်ိဳးကို ဘယ္လိုေဖာ္ျပရမလဲပင္ ခ်ီရွန္းမသိေတာ့။ သူ႔မ်က္လံုးေတြညစ္ညမ္းသြားသလိုပံုစံမ်ိဳးနဲ႔ခ်ီရွန္းကိုျမင္လိုက္ရတဲ့အခါ နဥ္ရႈ အေတာ္ေလးစိတ္အားတက္သြားသည္။ ရံြရလြန္းၿပီးေသဖို႔သာျပင္ထားလိုက္ေတာ့!
သူမရဲ႕မ်က္လံုးေတြက အရမ္းကိုမည္းတံုးေနၿပီး ပန္ဒါတစ္ေကာင္ရဲ႕မ်က္လံုးေတြနဲ႔ခြၽတ္စြပ္တူေနၿပီး အနီေတာက္ေတာက္အေရာင္နဲ႔အစိမ္းေတာက္ေတာက္အေရာင္ကိုတဲြဖက္ဝတ္ဆင္ထားသည့္ ခပ္ညံ့ညံ့ေ႐ြးခ်ယ္မႈမ်ိဳးက မ်က္စိက်ိန္းေလာက္ေအာင္ပင္ေတာက္ပလြန္းေန၏။
သူမေတာ့ ဒီဝတ္စံုက ၿပီးျပည့္စံုတယ္လို႔ထင္တာပဲ!
ခ်ီရွန္းမွာ အနည္းငယ္စိတ္တိုေနၿပီျဖစ္ၿပီး ထိုအျခင္းအရာက သူ႔ေလသံတြင္မသိမသာေရာစြက္ေန၏။
"သဘာဝအတိုင္းေလးက အလွဆံုးပါလို႔ ငါမေျပာခဲ့ဘူးလား? ဘာလို႔ မ်က္နွာေခ်ေတြအမ်ားႀကီးလိမ္းလာရတာတုန္း? လူတစ္ဦးတစ္ေယာက္ခ်င္းစီတိုင္းက ထူးျခားတယ္။ ဘာလို႔ မင္းကိုယ္မင္းရင္ဆိုင္ပစ္လိုက္ဖို႔ အရမ္းေၾကာက္ေနရတာလဲ?"
"ငါ့စကားနားေထာင္ၿပီး မ်က္နွာသြားသစ္လိုက္။"
ခ်ီရွန္းရဲ႕အသံက အရမ္းကိုစိတ္ရင္းမွန္သည့္ေလသံျဖစ္သြားျပန္၏။
"မင္းက ငါ့အေစခံပဲ၊ ဒီၿမိဳ႕ထဲကဘယ္သူကမွ မင္းကိုမရယ္ရဲဘူး။"
နဥ္ရႈ : …
သူက ေသာက္ရမ္းဟန္ေဆာင္နိုင္တာပဲ။ သူမပံုစံေၾကာင့္ သူမ်က္နွာပ်က္မွာကိုစိုးရိမ္ေနတာကိုမ်ား သူမကို ကိုယ့္ကိုယ္ကိုယ္ယံုၾကည္မႈကို ျပန္တည္ေဆာက္ဖို႔အားေပးေနသလိုမ်ဳိး ေလ်ွာက္ေျပာေနတယ္။
ိနဥ္ရႈ 'အိုး'ဟုဆိုကာ ျပန္ေျဖလိုက္သည္။
"ဒါဆိုလည္း ဒီအေစခံမသြားခ်င္ေတာ့ပါဘူး။ ဒီအေစခံက မ်က္နွာေခ်မလိမ္းဘဲ မေနနိုင္ပါဘူး။ သခင္ေလးနားလည္နိုင္မယ္လို႔ ဒီအေစခံေမ်ွာ္လင့္ပါတယ္။"
"ဒင္၊ စိတ္ဒဏ္ရာမွတ္ +5။"
2333ရဲ႕အသံက သူမေခါင္းထဲမွာေပၚလာသည္။
....
နဥ္ရႈက ဗေလာင္းဗလဲလုပ္ထားတာ။ ဟိုးအေရွ႕ ခ်ီရွန္းနဲ႔စေတြ႕တုန္းက အေမကေခ်ာတဲ့သူမို႔ သူက အေဖနဲ႔မတူတာပါလို႔ေျပာတယ္။ အခုက် အေဖနဲ႔တူလို႔ရုပ္ဆိုးတာပါျဖစ္သြားျပန္ေရာ။ ခ်ီရွန္းကပဲမမွတ္မိတာလားမသိ။ သတိမထားမိၾကဘူးမလား ယူတို႔လည္း။
....
[Unicode]
{မျက်စိကျိန်းလောက်အောင်တောက်ပ}
နဉ်ရှုမျက်နှာသစ်အောင်လုပ်တဲ့ ချီရှန်းရဲ့အကြံအစည် ကျရှုံးသွားရသည်။ သူက သူမကို ခဏကြာအောင်ကြည့်နေပြီ်းှပြောလာ၏။
"မင်းမလုပ်ချင်မှတော့ ဒီအတိုင်းထားလိုက်ကြတာပေါ့။ အဲ့ဒီ့မှာ မီးပုံးလှလှလေးတွေအများကြီးရှိတယ်လို့ ငါကြားခဲ့တာ။"
နဉ်ရှု မီးပုံးတွေကိုစိတ်မဝင်စားသလို ရုတ်တရက်ဖြစ်လာတဲ့အရာတွေအားလုံးက လိမ်လည်တာ ဒါမှမဟုတ် လှည့်စားတာဖြစ်ရမယ်လို့လည်း သိထားပြီးသား။
သူမရဲ့ရည်ရွယ်ချက်က ချီရှန်းတွန်းလှဲတာခံရတာကိုရှောင်ရှားနိုင်ဖို့၊ သူ့ရဲ့သကာလောင်းထားတဲ့တိုက်ခိုက်မှုတွေကို ငြင်းပယ်ပြီး သူ့ရဲ့အချစ်စစ်လေးပေါ်လာမှာကိုစောင့်နေဖို့ပင်။
ချီအိမ်တော်မှာနေရတဲ့နဉ်ရှုရဲ့နေ့ရက်တွေက သက်တောင့်သက်သာရှိလွန်းလှသည်။ ချီရှန်းက တော်ဝင်ကုန်သည်တစ်ဦးဖြစ်တာနဲ့အညီ ပိုက်ဆံအများကြီးရှိသည်။ စားစရာ၊ ဝတ်စရာနဲ့ နေစရာက အရည်အသွေးအကောင်းဆုံးများသာ။ အစေခံတွေတောင် အတော်လေးအရည်အသွေးကောင်းတဲ့ စားစရာနဲ့ဝတ်စရာတွေရသည်။
တစ်ညမှာတော့ ချီရှန်းက နဉ်ရှုအခန်းဆီ ရုတ်တရက်ပြီးပြေးဝင်လာ၏။ ယွဲ့လန်က သူ့ကိုစိုးရိမ်တကြီးစိုက်ကြည့်ကာ ပြောသည်။
"ရှင် ဒီမှာဘာလုပ်နေတာလဲ?! မမလေးကို တစ်ခုခုလုပ်ဖို့ကြံနေတာလား?"
ထိုအချိန်တွင် နဉ်ရှုက ပြုံးကာမေး၏။
"သခင်လေးမှာ ဒီအစေခံကို ခိုင်းစရာရှိလို့လား?"
"ဒီည မီးပုံးပွဲတော်ရှိတယ်။ ငါနဲ့အတူတူလိုက်ခဲ့ဖို့ အစေခံတစ်ယောက်လိုတာမို့ မင်း ငါနဲ့လိုက်ခဲ့ပေး။"
ချီရှန်းက နဉ်ရှုကို မျှော်လင့်စောင့်စားနေသောမျက်လုံးများဖြင့် ကြင်နာစွာကြည့်လာသည်။ ဒီအကြည့်က သူ့ကိုငြင်းပယ်လိုက်တာက ရက်စက်ရာကျတာပဲလို့ လူတွေကိုခံစားရစေသည်။
ထို့ကြောင့် နဉ်ရှုပြန်ဖြေလိုက်သည်။
"ဒီအစေခံ လိုက်ခဲ့ပါ့မယ်သခင်လေး။"
"ကောင်းတယ်၊ ဒါဆို သွားပြင်ဆင်လိုက်ဦး။ ငါ မင်းကို အပြင်မှာစောင့်နေမယ်။"
ချီရှန်းက ပြုံးကာ အပြင်ထွက်သွားသည်။
ယွဲ့လန်က ချီရှန်းရဲ့ကျောပြင်ကိုကြည့်ကာ မေး၏။
"တကယ်သွားမလို့လား မမလေး? ဒီအစေခံကိုလည်း ခေါ်သွားပါ။ ဒီကောင့်မှာ မကောင်းတဲ့ရည်ရွယ်ချက်တွေရှိတာ သိသာတယ်!"
နဉ်ရှုက 'အန်'ဟုသာဆိုကာ မျက်နှာချေလိမ်းနေတော့သည်။ ထို့နောက် အဝတ်လဲသည်။
ယွဲ့လန်က နဉ်ရှုကို မျက်လုံးပြူးကာကြည့်လာ၏။ မေးခွန်းထုတ်လိုက်တဲ့သူမအသံက တုန်ယင်နေခဲ့သည်။
"ကိုယ့်ကိုယ်ကိုယ် ဘာလို့ဒီလိုလုပ်နေရတာလဲ မမလေးရဲ့?"
နဉ်ရှု ယွဲ့လန်ရဲ့စကားတွေကို နောက်တစ်ကြိမ်လျစ်လျူ ရှုလိုက်ရင်း ခြံဝင်းအပြင်ထွင်သွားလိုက်သည်။ ချီရှန်းက ကြော့ရှင်းရည်မွန်သောဟန်ဖြင့် သစ်ပင်တစ်ပင်ကိုမျက်နှာချင်းဆိုင်ကာရပ်နေလေ၏။
နဉ်ရှု သူ့နောက်မှာရပ်ကာ ရှက်ရွံ့စွာပြာလိုက်သည်။
"ဒီအစေခံ အဆင်သင့်ဖြစ်ပါပြီ သခင်လေး။"
ချီရှန်းက နဉ်ရှုကိုလှည့်ကြည့်လာကာ သူ့မျက်လုံးများက အံ့သြသွားဟန်ဖြင့်ပြူးကျယ်လာသည်။ သူ အချိန်အတော်ကြာသည်အထိ ဘာစကားမှမဆိုနိုင်။ နဉ်ရှု မည်းနက်နေတဲ့မျက်ကွင်းတွေနဲ့ မျက်တောင်တဖျတ်ဖျတ်ခတ်လိုက်ကာ ရှက်ရွံ့စွာဆက်ပြော၏။
"ဒီအစေခံ ဘယ်လိုနေလဲသခင်လေး?"
ချီရှန်း ခက်ခက်ခဲခဲတံတွေးမြိုချလိုက်ရသည်။ သူ့အမူအရာက ကြေကွဲနေကာ မနည်းဖြစ်ညှစ်ကာပြောလာ၏။
"မင်းရဲ့အလှအပကိုခံစားနိုင်စွမ်းက တကယ်ကိုထူးခြားတာပဲ။"
သူမရဲ့မျက်လုံးတွေကို အဝိုင်းပုံစံခပ်ထူထူခြယ်သထားပြီး သူမမျက်နှာက ပေါင်ဒါမှုန့်တွေဖွေးနေကာ နှုတ်ခမ်းတွေကတော့နီရဲတောက်နေ၏။ ဒါ အကုန်မဟုတ်သေး။ သူမက အနီတောက်တောက်အပေါ်အင်္ကျီကို အောက်ခံစကတ်ရှည်အစိမ်းတောက်ဖြင့်တွဲဝတ်ထားသည်။
ဒီမြင်ကွင်းမျိုးကို ဘယ်လိုဖော်ပြရမလဲပင် ချီရှန်းမသိတော့။ သူ့မျက်လုံးတွေညစ်ညမ်းသွားသလိုပုံစံမျိုးနဲ့ချီရှန်းကိုမြင်လိုက်ရတဲ့အခါ နဉ်ရှု အတော်လေးစိတ်အားတက်သွားသည်။ ရွံရလွန်းပြီးသေဖို့သာပြင်ထားလိုက်တော့!
သူမရဲ့မျက်လုံးတွေက အရမ်းကိုမည်းတုံးနေပြီး ပန်ဒါတစ်ကောင်ရဲ့မျက်လုံးတွေနဲ့ချွတ်စွပ်တူနေပြီး အနီတောက်တောက်အရောင်နဲ့အစိမ်းတောက်တောက်အရောင်ကိုတွဲဖက်ဝတ်ဆင်ထားသည့် ခပ်ညံ့ညံ့ရွေးချယ်မှုမျိုးက မျက်စိကျိန်းလောက်အောင်ပင်တောက်ပလွန်းနေ၏။
သူမတော့ ဒီဝတ်စုံက ပြီးပြည့်စုံတယ်လို့ထင်တာပဲ!
ချီရှန်းမှာ အနည်းငယ်စိတ်တိုနေပြီဖြစ်ပြီး ထိုအခြင်းအရာက သူ့လေသံတွင်မသိမသာရောစွက်နေ၏။
"သဘာဝအတိုင်းလေးက အလှဆုံးပါလို့ ငါမပြောခဲ့ဘူးလား? ဘာလို့ မျက်နှာချေတွေအများကြီးလိမ်းလာရတာတုန်း? လူတစ်ဦးတစ်ယောက်ချင်းစီတိုင်းက ထူးခြားတယ်။ ဘာလို့ မင်းကိုယ်မင်းရင်ဆိုင်ပစ်လိုက်ဖို့ အရမ်းကြောက်နေရတာလဲ?"
"ငါ့စကားနားထောင်ပြီး မျက်နှာသွားသစ်လိုက်။"
ချီရှန်းရဲ့အသံက အရမ်းကိုစိတ်ရင်းမှန်သည့်လေသံဖြစ်သွားပြန်၏။
"မင်းက ငါ့အစေခံပဲ၊ ဒီမြို့ထဲကဘယ်သူကမှ မင်းကိုမရယ်ရဲဘူး။"
နဉ်ရှု : …
သူက သောက်ရမ်းဟန်ဆောင်နိုင်တာပဲ။ သူမပုံစံကြောင့် သူမျက်နှာပျက်မှာကိုစိုးရိမ်နေတာကိုများ သူမကို ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကို ပြန်တည်ဆောက်ဖို့အားပေးနေသလိုမျိုး လျှောက်ပြောနေတယ်။
ိနဉ်ရှု 'အိုး'ဟုဆိုကာ ပြန်ဖြေလိုက်သည်။
"ဒါဆိုလည်း ဒီအစေခံမသွားချင်တော့ပါဘူး။ ဒီအစေခံက မျက်နှာချေမလိမ်းဘဲ မနေနိုင်ပါဘူး။ သခင်လေးနားလည်နိုင်မယ်လို့ ဒီအစေခံမျှော်လင့်ပါတယ်။"
"ဒင်၊ စိတ်ဒဏ်ရာမှတ် +5။"
2333ရဲ့အသံက သူမခေါင်းထဲမှာပေါ်လာသည်။
....
နဉ်ရှုက ဗလောင်းဗလဲလုပ်ထားတာ။ ဟိုးအရှေ့ ချီရှန်းနဲ့စတွေ့တုန်းက အမေကချောတဲ့သူမို့ သူက အဖေနဲ့မတူတာပါလို့ပြောတယ်။ အခုကျ အဖေနဲ့တူလို့ရုပ်ဆိုးတာပါဖြစ်သွားပြန်ရော။ ချီရှန်းကပဲမမှတ်မိတာလားမသိ။ သတိမထားမိကြဘူးမလား ယူတို့လည်း။
....
Advertisement
- In Serial24 Chapters
The Lord of Staves
"Where do we go when we die?" "To Drasil, of course!" You all know the story by now. Protagonist dies and gets sent to another fantasy world with video game mechanics and proceeds to either stomp everyone at the get-go due to how strong he already is, or ascend to god-hood at blinding speed because he got some kind of ability that enable him to advance faster than everyone else. This isn't a story about that. In fact, our protagonist doesn't even have combat abilities! Follow his story as he fend himself off against entire nations as a mere craftsman. ---------- Old Synopsis ---------- Follow the adventures of a young(?) man, who after dying from being run over by a train, finds himself reincarnated into a world of magic, mystical creatures and the all too familiar game mechanics. Unfortunately for him, he will have to make do with the class randomly chosen for him.
8 130 - In Serial14 Chapters
Dystopia Against Fantasy
What would happen if a Dystopian Earth came across a fantasy world? Follow an elite team of advanced soldiers as they are sent into an unknown world of magic and fantasy, encountering mythical creatures and divine beings, all the while sowing the seeds for a war across dimensions. Amateur Author, please do not expect much Cover mine
8 156 - In Serial14 Chapters
Durgen the Bardbarian
Durgen, being the smallest orc in the village, was naturally near the bottom of the totem pole. Day in and day out, he's tasked with daily monotonous "quests" that offered nothing and only got experience points from killing things outside the village. Of coarse, this wouldnt be a good story if something didnt happen while out hunting one day that changed his life forever. Developing as much skills as possible, he sets out to forge his own path. "Dis story gud!" -Some git "Read dis book!" -Warboss
8 207 - In Serial6 Chapters
The Loser
Alex didn't know what to expect when he entered the glowinng red portal that mysteriously appeared inside the school he worked at, but he really should have known better. Litrpg
8 92 - In Serial28 Chapters
The Half-Blood Games | Percabeth
Annabeth Chase had a good life in District 3.Her father died in the 52nd Hunger Games, and her mother died giving birth to her. She had to go live with her great-aunt, Hestia, who loved her unconditionally. She really didn't have any friends, but as far as Annabeth was concerned, she didn't need any. All she wanted to do was read and practice her knife-throwing.But everything changed when her name was called at the Reaping.Suddenly, Annabeth only has a few days before she's thrust into an arena, where everyone will try to kill her. To win, Annabeth will have to rely on her most dangerous weapon; her mind.But plans can get a lot more complicated when you add in an unexpected variable; a boy from District 4 who Annabeth is having conflicting feelings for.Let the 69th Hunger Games begin.
8 127 - In Serial10 Chapters
8 Steps to Help You Stop Overthinking Everything
8 Steps to Help You Stop Overthinking Everything
8 164

