《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 44
Advertisement
[Zawgyi]
"ယုဖေး၊ မင်းလာပြီပဲ။"
"နင်ဘယ်သူလဲ?"
.....
....
[Unicode]
{အချစ်စစ်လေးရောက်လာပြီ}
ချီရှန်းနဲ့နဉ်ရှုတို့က ချီအိမ်တော်ရဲ့အဝင်ဝမှာ စိတ်အားထက်သန်စွာစောင့်ဆိုင်းနေကြသည်။ နောက်ဆုံးတော့ အရံအမျိုးသမီးဇာတ်လိုက်ရောက်လာပေပြီ။
ရထားလုံးက သူမတို့ရှေ့မှာရပ်သွားပြီး လှပတဲ့လက်တစ်စုံက ရထားလုံးလိုက်ကာစကိုမတင်လိုက်သည်။ လီယုဖေးက ဘယ်လိုပုံစံမျိုးလဲဆိုတာမြင်ရဖို့ နဉ်ရှု သူတို့ကိုကြည့်နေလိုက်သည်။
သို့သော်လည်း ထွက်လာသူက ဆံပင်ကိုနှစ်ဖက်ခွဲထုံးထားတဲ့ အစေခံတစ်ယောက်ဖြစ်နေ၏။ အစေခံဆင်းလာပြီးမှသာ နောက်လက်တစ်ဖက်က ရထားလုံးထဲကနေထွက်လာသည်။ အနှီလက်က နှင်းပွင့်လေးလိုနူးညံ့ကာ သွယ်ပျောင်းတင့်တယ်သည်။ ထိုလက်က အစေခံမလေးကမ်းပေးထားတဲ့လက်ပေါ်ကို ကျရောက်သွားသည်။
ချီရှန်းရဲ့စိတ်လှုပ်ရှားနေမှုကို နဉ်ရှုခံစားလို့ရနေသည်။ သူက ရထားလုံးကို မျက်တောင်တစ်ချက်မခတ်ဘဲ စိုက်ကြည့်နေ၏။
အဝါနုရောင်ကိုဝတ်ဆင်ထားတဲ့အမျိုးသမီးတစ်ဦးက ခေါင်းအနည်းငယ်ငုံ့ကာ ရထားလုံးထဲမှထွက်လာပြီး အစေခံမလေးရဲ့အကူအညီနဲ့ အောက်ကိုဆင်းလာသည်။ ထို့နောက် သူမက နတ်သမီးတစ်ပါးလို တင့်တယ်စွာဖြင့် ဖြေးညင်းစွာလျှောက်လှမ်းလာ၏။
သူမရဲ့မျက်နှာက ပြီးပြည့်စုံကာလုံးဝန်းပြီး သူမနှုတ်ခမ်းထက်က အပြုံးဖျော့ဖျော့ကတော့ လှပကြော့ရှင်းပြီးမိန်းမဆန်သောနွေးထွေးသည့်လေထုဖြစ်ပေါ်လာစေသည်။ ဒါကပင် လူတွေကို သူမအားအလိုလိုက်ကာကွယ်ပေးချင်စိတ်ဖြစ်ပေါ်လာစေသည်။
ချီရှန်းက အမြင်ကောင်းရှိသားပဲ။ မုယန်မုန့်ကြောင့်သာမဟုတ်ရင် လီယုဖေးက ကြင်နာနူးညံ့တတ်တဲ့သူပဲဖြစ်နေလောက်တယ်။ ဒါပေမယ့် မနာလိုမှုတွေကြောင့် သူမက ရန်လိုမုန်းတီးတတ်တဲ့ အရံအမျိုးသမီးဇာတ်လိုက်ဖြစ်လာပြီး မုယန်မုန့်ရဲ့ရုပ်ရည်ကို ဖျက်ဆီးပစ်ခဲ့တယ်။
သူမရောက်မလာခင်မှာပင် ချီရှန်းက သူမဆီအပြေးလေးသွားကာ ပြုံးရင်း သူမလက်ကိုကိုင်လိုက်၏။
"ယုဖေး၊ မင်းလာပြီပဲ။"
ချီရှန်းက လူတွေရဲ့လက်ကိုကိုင်ရတာကို အတော်လေးကြိုက်တာပဲလို့ နဉ်ရှုတွေးလိုက်မိသည်။ သူက တွေ့သမျှမိန်းမတိုင်းရဲ့လက်ကို ကိုင်နေတော့တာပဲ။ သူက မွေးရာပါမြှာပွေတတ်တဲ့သူဆိုတာကို ဒီအချက်ကပြနေတယ်။
လီယုဖေးက ပြုံးကာ သူကိုင်ထားတဲ့သူမလက်ကို ရုန်းထွက်လိုက်သည်။
"အစ်ကိုရှန်၊ ကျွန်မအဖေက သတိရတယ်လို့ပြောခိုင်းလိုက်ပါတယ်။"
"ဦလေးရော အဆင်ပြေရဲ့လား?"
ချီရှန်းက လီယုဖေးကို အရမ်းကိုနူးညံ့ပြီးငုံထားမတတ်ဖြစ်နေအေကြည့်များဖြင့်ကြည့်လိုက်သည်။ လီယုဖေးမှာ အနည်းငယ်ှရှက်သွားပြီး သူ့အကြည့်ကိုတိတ်တဆိတ်တုန့်ပြန်ကြည့်ရင်း ပါးပြင်လေးများနီရဲလာ၏။
နဉ်ရှု သူတို့နှစ်ယောက်ကြားကို သူမရဲ့ပန်ဒါမျက်နှာကြီးဖြင့်တိုးဝင်လိုက်သည်။ လီယုဖေးမှာ ကြောက်လန့်သွားရကား မေးခွန်းထုတ်လိုက်သောသူမအသံသည် အနည်းငယ်ကျယ်လောင်နေခဲ့လေ၏။
"နင်ဘယ်သူလဲ?"
ချီရှန်းက စိတ်အားထက်သန်စွာဖြင့် သူမတို့ကိုမိတ်ဆက်ပေး၏။
"သူက ရှောင်ဟုန်တဲ့၊ မင်းအခန်းကို သူပြင်ပေးထားတာ။ သူက ကိုယ့်ရဲ့ကိုယ်ပိုင်အစေခံပဲ။"
သူမအခန်းကို အလွန်အမင်းရုပ်ဆိုးလှတဲ့ဒီအစေခံကပြင်ပေးထားတယ်ဆိုတာကို လီယုဖေးကြားလိုက်ချိန်မှာ သူမနှလုံးသားလေးက တုန်လှုပ်သွားပြီး အမူပရာတို့မှာပျက်ယွင်းလုနီးပါး။ ဘယ်လိုအခန်းပုံစံမျိုးများထွက်လာမှာပါလိမ့်? သို့သော်လည်း သူမက ချီရှန်းရဲ့ကိုယ်ပိုင်အစေခံဆိုတာကိုကြားလိုက်ရပြန်တော့ သူမက ချက်ချင်းပင်ဖော်ရွေစွာပြုံးပြကာဆိုလာပါ၏။
"ဒုက္ခပေးလိုက်ရတဲ့အတွက် စိတ်မကောင်းပါဘူး ရှောင်ဟုန်။"
နဉ်ရှုက ကြောက်စရာကောင်းလွန်းတဲ့စပ်ဖြီးဖြီးအပြုံးနဲ့ပြောလေသည်။
"သခင်မလေးယုဖေးက သခင်လေးတစ်သက်စာရည်စူးထားတဲ့ချစ်သူလို့ကြားတယ်။ ဒါကြောင့် ဒီအစေခံက သခင်မလေးယုဖေးကို အရမ်းကောင်းမွန်တဲ့အသစ်အဆန်းတစ်ခုကိုပေးနိုင်အောင် အကောင်းဆုံးကြိုးစားထားပါတယ်။"
နဉ်ရှု လီယုဖေးအနားကပ်လာချိန်မှာေ့ လီယုဖေးက နောက်ကိုညင်သာစွာပင်ဆုတ်ကာ လက်ကိုင်ပဝါနဲ့နှာခေါင်းကိုအုပ်ရင်းပြောသည်။
"အစ်ကိုရှန်၊ ယုဖေး နည်းနည်းပင်ပန်းလာလို့ အနားယူချင်ပြီ။"
ချီရှန်းက နွေးထွေးစွာပြုံရင်းပြောလေ၏။
"ကိုယ် မင်းအခန်းကိုလိုက်ပို့မယ်။"
ချီရှန်းနဲ့လီယုဖေးက ဘေးချင်းယှဉ်လျက်လျှောက်သွားကြပြီး နဉ်ရှုကတော့ သူတို့နောက်ကလိုက်လာသည်။ သူတို့အခန်းဆီရောက်တဲ့အခါ ချီရှန်းက တံခါးကိုတွန်းဖွင့်ကာပြော၏။
"ရှောင်ဟုန်က မင်းအတွက် ဒီအခန်းကိုအထူးတလည်ပြင်ဆင်ပေးထားတာ။"
လီယုဖေးမှာ အထဲကိုကြည့်ပြီး ကြက်သေ,သေနေတော့သည်။ လီယုဖေးရဲ့အမူအရာကိုမြင်လိုက်ရတဲ့ချီရှန်းကလည်း ခပ်သွက်သွက်ပင်လှည့်ကြည့်လိုက်မိပြီး အခန်းက တောက်ပတဲ့အစိမ်းနဲ့ပန်းပွင့်ရိုက်အဆင်တွေနဲ့ပြည့်နေတာကို တွေ့သွားလေ၏။
ခန်းဆီးတွေက အရောင်တောက်လွန်းတဲ့အထည်တွေဖြစ်ပြီး ဖြစ်ကတတ်ဆန်းတတ်ထားပုံပေါ်၏။ မြင်ရတာ စိတ်မချမ်းသာစရာပင်။ အကုန်လုံးက ကြည့်ရဆိုးကာ အရည်အသွေးလည်းနိမ့်သည်။ ပန်းအိုးထဲမှာတော့ မုန်ညင်းပန်းတွေကိုထိုးစိုက်ထားသည်။ အကုန်လုံးက မသင့်တော်တာတွေ!
"ရှောင်ဟုန်၊ မင်း ဘာတွေတွေးနေတာလဲ!? မင်း အခန်းကိုသေချာဂရုတစိုက်နဲ့ လှပအောင်ပြင်ထားတယ်လို့မပြောခဲ့ဘူးလား? မင်း ဘာတွေလုပ်နေတာလဲ!?"
ဒီတစ်ကြိမ်တော့ ချီရှန်းအမှန်ပင်စိတ်ဆိုးသွားပုံပေါ်သည်။ အဆုံးမတော့ နဉ်ရှုကြောင့် သူ့အချစ်ကလေးရှေ့မှာ မျက်နှာပျက်ရပြီလေ။
"ဒင်၊ စိတ်ဒဏ်ရာမှတ် +5။ လက်ရှိစိတ်ဒဏ်ရာမှတ်ကတော့ 10မှတ်ဖြစ်ပါတယ်။"
2333ရဲ့အသံက နဉ်ရှုခေါင်းထဲမှာပဲ့တင်ထပ်လာသည်။
"ဒီလူက ဘာလို့စိတ်ဒဏ်ရာမှတ်နည်းနည်းလေးပဲရှိတာလဲ?"
.....
ရှေ့အပိုင်းတစ်ပိုင်းမှာ အိုင် ယွီဖေးလို့ရေးလိုက်မိသေးတယ်။ Yufeiလေ။ ယွီရောယုရောအသံထွက်လို့ရမလားမသိဘူး။ လီယွီဖေးက ဖတ်ရတာတစ်မျိုးကြီးဖြစ်နေလို့ လီယုဖေးလို့ပြောင်းရေးလိုက်တာ။
....
Advertisement
- In Serial16 Chapters
Journey
Reborn into a world of magic and qi he strives to learn magic's intricacys while hiding from the nutjob muscleheads who pursue power through qi at all costs. Join him a tiger and a tortoise named lester on their journey. Note: Has a hard magic system, I am going to try and make the magic as rational as possible while still being fun,fantastical and cool. Any suggestions on systems of magic would be taken into acccount. also very open to suggestions
8 193 - In Serial6 Chapters
Laksil
Laksil is about a protagonist who’s is liked by a few gods so much so that right before his death, he’s taken to a white room on the whim of one of these gods. He’s grant dominion over a whole universe. He trades for power worthy of a god and in the end is tossed into a world that he arranged but doesn’t have any memories of doing so, because it was part of the deal to acquire power. Watch the protagonist stumble his way through all of creation, will he be worshiped will he be evil or good, who knows.
8 62 - In Serial77 Chapters
# Gaea 2 - Light of the Shadow
Suddenly unable to think straight, she allowed her hand to run through his dark, long hair, and squeezed it as she felt his hot searing breath against the aching skin of her neck.“I’m sorry for what I’ve done to you …” he whispered and Sarah shuddered when soft lips touched her skin right where her pulse beat stronger.Images of him licking her blood filled her mind and her heart beat even faster, even though she was aware that he could easily feel it as well. She shivered when he took a deep breath, as if he were trying to absorb the scent of her skin, and his soft lips kissed her gently, one, two, three times, as he traced the line of her neck staling her breath away. * If you want to know more about this book or simply access earlier updates, please visit the official site at http://carpersanti.net/gaea/
8 149 - In Serial6 Chapters
Chaos Wielder
In the far future, humanity has spread out and conquered the galaxy, becoming one of the greatest civilizations to ever exist, yet their greatest enemy is themselves. On a desolate planet, in a backwater region of space, an ancient but dying family tries to rise again.Jay is a son of this family and can wield one of the universe's most mysterious and powerful phenomena 'Chaos'
8 170 - In Serial17 Chapters
Everdell: A Critters Tale
[Participant in the Royal Road Writathon Challenge] Critters roam the Evertree, the tallest tree in the world and peace has been had for hundreds of years, but not all is as calm as it seems. Prince Fir has been put into the Everguard for disobedience and must train with the guard, but disaster strikes and Prince Fir is sent to establish an outpost on the Outside, having to put up with a Guinea Pig that seems to hate him with a passion. Florence hates nobility with a passion, blaming them for sending his father and mother on a mission that they never returned from. So when he is told he has to train and set up an outpost with a Prince? Lydia, a rat has been tasked with an impossible mission, infiltrate the Everguard and destroy it from within. What happens though when you start to make friends with the enemy? What's a critter to do? ...................... Ideas and concepts taken from the Board Game Everdell, I'm a new author and I don't take this book that seriously and am just using this as practice for third-person writing in a light setting. I don't own the cover art and will gladly take it down should asked.
8 246 - In Serial10 Chapters
Finding to be with Tails: A Taiream Fanfic
Title explains it. A Taiream fanfic
8 123