《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 50
Advertisement
[Zawgyi]
{မမေလးေျပာင္းလဲသြားတယ္ x2}
သူတို႔ၾကည့္ရတာ ဆက္လုပ္မည့္ပံုမေပၚေတာ့ေခ်။ ခ်ီရွန္းရဲ႕ညီငယ္ေလးက ဒါကို တယ္ပဲဆက္မလုပ္နိုင္ေတာ့ေပ။
ဘာမွဆက္ျဖစ္မလာေတာ့တာကိုျမင္လိုက္ရတဲ့အခါမွာေတာ့ နဥ္ရႈတစ္ေယာက္ သူမအခန္းဆီ အလ်င္အျမန္ျပန္ေျပးကာ ခရာကိုဆဲြယူၿပီး မႈတ္လိုက္သည္။
နဥ္ရႈ ခရာမႈတ္လိုက္တာကို ယဲြ႕လန္ျမင္တဲ့အခါ သူမက သူမခ်ဳပ္ေနတဲ့ဖိနပ္ကို အလ်င္အျမန္ခ်ကာေမးလာ၏။
"တစ္ခုခုျဖစ္လို႔လား မမေလး? ဘာလို႔ လ်ွိဳ႕ဝွက္သက္ေတာ္ေစာင့္ကိုေခၚေနတာလဲဟင္?"
တစ္ခုခုျဖစ္ေနတယ္၊ ဒါေပါ့ တစ္ခုခုျဖစ္ေနတယ္။ အခု ခ်ီရွန္းက အဲ့ဒါကို ထပ္မခုပ္နိုင္ေတာ့ဘူးေလ၊ သူ သူမကို ေသခ်ာေပါက္လာရွာလိမ့္မယ္။ လီယုေဖးလည္း ဒီကိစၥမွာပတ္သက္ေနေပမယ့္လို႔ သူမက အရင္စခဲ့တဲ့သူ။ ေသတြင္းတူးမိၿပီးမွေတာ့ လ်ွိဳ႕ဝွက္သက္ေတာ္ေစာင့္က သူမကိုကာကြဟ္ေပးဖို႔လိုအပ္တယ္။
ငါေလးက တံုးအၿပီးရိုးသားတဲ့အမ်ိဳးသမီးဇာတ္လိုက္ေလးပါေနာ္၊ ငါေလးအေနနဲ႔ ကာကြယ္ေပးမႈကိုလိုအပ္တယ္။
တစ္ကိုယ္လံုးအနက္ေရာင္ဝတ္ထားတဲ့လ်ွိဳ႕ဝွက္သက္ေတာ္ေစာင့္က ျပတင္ေပါက္ကေနခုန္ဝင္လာသည္အထိ သူမ ခရာကို အၾကာႀကီးမႈတ္ေနလိုက္သည္။
"ဘာျဖစ္လို႔ပါလဲ သခင္မေလး?"
လ်ွိဳ႕ဝွက္သက္ေတာ္ေစာင့္ကေမးသည္။
နဥ္ရႈက ေျပာသည္။
"နင္ အနီးနားမွာရွိေနလားလို႔ စစ္ေဆးၾကည့္ခ်င္ရံုပါ။ အခုကစၿပီး ငါ့အသက္ကအႏၱရာယ္ရွိလာေတာ့မယ္၊ ဒီေတာ့ ငါခရာမႈတ္လိုက္တာနဲ႔ခ်က္ခ်င္းေရာက္လာနိုင္ေအာင္လုပ္ပါ။"
လ်ွိဳ႕ဝွက္သက္ေတာ္ေစာင့္က နဥ္ရႈကို ခဏတာမ်ွဆံြ႕အကာၾကည့္ေနၿပီးမွ ေမးလာေလ၏။
"ဒီတစ္ေခါက္ေရာ ဘာလုပ္လိုက္ျပန္ၿပီလဲ သခင္မေလး?"
နဥ္ရႈက အရမ္းကိုျဖဴ စင္သည့္ၾကာပန္းျဖဴ ေလးဟန္နဲ႔ေျပာေလသည္။
"ငါ ဘာမွမလုပ္ပါဘူးေနာ္။ ဒါေပမယ့္ နင့္မမေလးကို ထိခိုက္ေအာင္လုပ္ခ်င္ေနတဲ့ စဥ္းလဲတဲ့သာမန္လူေတြကေတာ့ အၿမဲတမ္းရွိေနတယ္ေလ။"
"ဒီေတာ့ အေလးအနက္ထားစမ္းပါ၊ ဟုတ္ၿပီလား? နင့္သခင္မေလးကို ဒုကၡေပးဖို႔ႀကံစည္ေနတဲ့လူေတြရွိခ်င္ရွိနိုင္တယ္၊ ဒီေတာ့ ငါ့ကို ေသခ်ာေလးကာကြယ္စမ္းပါ!"
နဥ္ရႈက ဆို၏။
ျပန္ေျပာလိုက္တဲ့ လ်ွိဳ႕ဝွက္သက္ေတာ္ေစာင့္ရဲ႕မ်က္ဝန္းမ်ားထဲတြင္ေတာ့ အထင္ေသးမႈမ်ားရွိေနသည္။
"သိပါၿပီ။"
"ေအာ္၊ ဟုတ္သားပဲ။ ယဲြ႕လန္က နင့္အတြက္ ဖိနပ္တစ္ရံုခ်ဳပ္ေပးထားတယ္"
နဥ္ရႈက ေျပာသည္။ လ်ွိဳ႕ဝွက္သက္ေတာ္ေစာင့္က ယဲြ႕လန္ကို ခ်က္ခ်င္းပင္လွည့္ၾကည့္လိုက္ၿပီး ယဲြ႕လန္ရွက္ေနသည္ကိုပါေတြ႕သြား၏။ သူမက ေျခကိုေဆာင့္ကာေစာဒကတက္လိုက္သည္။
"ဘယ္ေလာက္မွမၾကာေသးတာကို ဘယ္လိုလုပ္ၿပီးေဖာ္ေကာင္လုပ္ပစ္နိုင္ရတာလဲ မမေလးရဲ႕?"
"ဘာလို႔ မရ,ရမွာလဲ?"
နဥ္ရႈ သူမကိုၾကည့္လိုက္သည္။
လ်ွိဳ႕ဝွက္သက္ေတာ္ေစာင့္က ယဲြ႕လန္ကို ေက်းဇူးတင္စကားဆိုၿပီးေနာက္ ျပတင္းေပါက္မွခုန္ထြက္သြားေတာ့သည္။ နဥ္ရႈက ေမးေလ၏။
"နင္က သူ႔ကိုအံ့ၾသေစခ်င္တာကို ငါေျပာလိုက္မိလို႔လား?"
ယဲြ႕လန္က သူမကိုတစ္ခ်က္ၾကည့္ကည မေပ်ာ္မရႊင္ျဖင့္နႈတ္ခမ္းစူေလ၏။
"အခု မမေလးက ေျပာလိုက္ၿပီေလ၊ ဒီအေစခံ အရမ္းေနရခက္တာပဲ။"
နဥ္ရႈက 'ေအာ္'ဟုဆိုကာ ေျပာလာျပန္၏။
"နင္ သူ႔ကို တိတ္တိတ္ေလးေပးလိုက္ရင္ေတာ့ အေနရမခက္ဘူးေပါ့ေလ။"
ိနဥ္ရႈက သူမဒါကို ရည္႐ြယ္ခ်က္ရွိရွိလညပ္ခဲ့တာျဖစ္ေၾကာင္းဝန္ခံလိုက္သည္။
"မမေလး ဘယ္လိုလုပ္ၿပီးေတာ့မ်ား ဒီလိုလုပ္နိုင္ရတာလဲ? မမေလး ေျပာင္းလဲသြားတယ္။ မမေလးက ဒီလိုမ်ိဳးမဟုတ္ပါဘူး။"
ယဲြ႕လန္က သူမကို ဝမ္းနည္းစြာၾကည့္လာ၏။
Da fudge? ဒီေန႔မွ မတူတဲ့လူနွစ္ေယာက္က သူမကို ဒီစကားတစ္ခြန္းတည္းကိုပဲ ဘာလို႔လာေျပာေနၾကတာလဲ?
"အဆင္ေျပပါတယ္။ ဒါက မေကာင္းဘူးဆိုရင္လည္း ေနာက္တစ္စံုထပ္ခ်ဳပ္ၿပီး သူ႔ကို အဲ့တစ္စံုနဲ႔အံ့ၾသေအာင္လုပ္လိုက္ေပါ့။ သူက ဖိနပ္တစ္ရံပဲလို႔ထင္ေနမွာေလ၊ ဒီေတာ့ နွစ္ရံသာရရင္ သူအံ့ၾသမသြားဘူးလား?"
နဥ္ရႈက ယဲြ႕လန္ကို နွစ္သိမ့္စကားဆိုသည္။
ယဲြ႕လန္က သူမကို မ်က္ရည္တဝဲဝဲျဖင့္ၾကည့္သည္။
"မမေလး၊ ဘယ္လိုလုပ္ၿပီး ဒီလိုျဖစ္ေနရတာလဲ? ဘာမွမဟုတ္တဲ့ဟာကို မမေလးက တစ္ခုခုျဖစ္ေနသလိုထင္ၿပီး လာေျပာေနတယ္။ ဒီအေစခံက လ်ွိဳ႕ဝွက္သက္ေတာ္ေစာင့္ရဲ႕ေက်ာက္တံုးနဲ႔တူတဲ့မ်က္နွာႀကီးကို ဘယ္လိုလုပ္ႀကိဳက္မွာလဲ?"
[T/N : သူက သက္ေတာ္ေစာင့္အစ္ကိုႀကီးအေပၚရိုးရိုးသားသားနဲ႔ဟာကို မႀကီးနဥ္က တစ္မ်ိဳးေတြထင္ေနလို႔။]
နဥ္ရႈ ယဲြ႕လန္ရဲ႕ပါးစပ္ကို အလ်င္အျမန္ပင္ပိတ္လိုက္ရသည္။
"နင္ေျပာတာေတြအကုန္လံုးက အမွန္ေတြခ်ည္းဆိုေပမယ့္လည္း အက်ယ္ႀကီးမေျပာရဘူးေလ။ သက္ေတာ္ေစာင့္အစ္ကိုႀကီးၾကားသြားၿပီး စိတ္ထိခိုက္လို႔ထြက္သြားရင္ ဘယ့္နွယ္လုပ္မလဲ?"
ယဲြ႕လန္ ေခါင္းခါလိုက္သည္။ နဥ္ရႈက သူမကိုလႊတ္ေပးလိုက္ၿပီးေနာက္ ယဲြ႕လန္က ေျပာသည္။
"သက္ေတာ္ေစာင့္အစ္ကိုႀကီးက လူေကာင္းတစ္ေယာက္လို႔ ဒီအေစခံထင္ပါတယ္။"
လူတစ္ေယာက္က လူေကာင္းတစ္ေယာက္လို႔နာမည္အတပ္ခံလိုက္ရၿပီးတာနဲ႔ သူ႔မွာ ဘာအခြင့္အေရးမွမက်န္ရွိတတ္ေတာ့ေခ်။
....
[Unicode]
{မမလေးပြောင်းလဲသွားတယ် x2}
သူတို့ကြည့်ရတာ ဆက်လုပ်မည့်ပုံမပေါ်တော့ချေ။ ချီရှန်းရဲ့ညီငယ်လေးက ဒါကို တယ်ပဲဆက်မလုပ်နိုင်တော့ပေ။
ဘာမှဆက်ဖြစ်မလာတော့တာကိုမြင်လိုက်ရတဲ့အခါမှာတော့ နဉ်ရှုတစ်ယောက် သူမအခန်းဆီ အလျင်အမြန်ပြန်ပြေးကာ ခရာကိုဆွဲယူပြီး မှုတ်လိုက်သည်။
နဉ်ရှု ခရာမှုတ်လိုက်တာကို ယွဲ့လန်မြင်တဲ့အခါ သူမက သူမချုပ်နေတဲ့ဖိနပ်ကို အလျင်အမြန်ချကာမေးလာ၏။
"တစ်ခုခုဖြစ်လို့လား မမလေး? ဘာလို့ လျှို့ဝှက်သက်တော်စောင့်ကိုခေါ်နေတာလဲဟင်?"
တစ်ခုခုဖြစ်နေတယ်၊ ဒါပေါ့ တစ်ခုခုဖြစ်နေတယ်။ အခု ချီရှန်းက အဲ့ဒါကို ထပ်မခုပ်နိုင်တော့ဘူးလေ၊ သူ သူမကို သေချာပေါက်လာရှာလိမ့်မယ်။ လီယုဖေးလည်း ဒီကိစ္စမှာပတ်သက်နေပေမယ့်လို့ သူမက အရင်စခဲ့တဲ့သူ။ သေတွင်းတူးမိပြီးမှတော့ လျှို့ဝှက်သက်တော်စောင့်က သူမကိုကာကွဟ်ပေးဖို့လိုအပ်တယ်။
ငါလေးက တုံးအပြီးရိုးသားတဲ့အမျိုးသမီးဇာတ်လိုက်လေးပါနော်၊ ငါလေးအနေနဲ့ ကာကွယ်ပေးမှုကိုလိုအပ်တယ်။
တစ်ကိုယ်လုံးအနက်ရောင်ဝတ်ထားတဲ့လျှို့ဝှက်သက်တော်စောင့်က ပြတင်ပေါက်ကနေခုန်ဝင်လာသည်အထိ သူမ ခရာကို အကြာကြီးမှုတ်နေလိုက်သည်။
"ဘာဖြစ်လို့ပါလဲ သခင်မလေး?"
လျှို့ဝှက်သက်တော်စောင့်ကမေးသည်။
နဉ်ရှုက ပြောသည်။
"နင် အနီးနားမှာရှိနေလားလို့ စစ်ဆေးကြည့်ချင်ရုံပါ။ အခုကစပြီး ငါ့အသက်ကအန္တရာယ်ရှိလာတော့မယ်၊ ဒီတော့ ငါခရာမှုတ်လိုက်တာနဲ့ချက်ချင်းရောက်လာနိုင်အောင်လုပ်ပါ။"
လျှို့ဝှက်သက်တော်စောင့်က နဉ်ရှုကို ခဏတာမျှဆွံ့အကာကြည့်နေပြီးမှ မေးလာလေ၏။
"ဒီတစ်ခေါက်ရော ဘာလုပ်လိုက်ပြန်ပြီလဲ သခင်မလေး?"
နဉ်ရှုက အရမ်းကိုဖြူ စင်သည့်ကြာပန်းဖြူ လေးဟန်နဲ့ပြောလေသည်။
"ငါ ဘာမှမလုပ်ပါဘူးနော်။ ဒါပေမယ့် နင့်မမလေးကို ထိခိုက်အောင်လုပ်ချင်နေတဲ့ စဉ်းလဲတဲ့သာမန်လူတွေကတော့ အမြဲတမ်းရှိနေတယ်လေ။"
"ဒီတော့ အလေးအနက်ထားစမ်းပါ၊ ဟုတ်ပြီလား? နင့်သခင်မလေးကို ဒုက္ခပေးဖို့ကြံစည်နေတဲ့လူတွေရှိချင်ရှိနိုင်တယ်၊ ဒီတော့ ငါ့ကို သေချာလေးကာကွယ်စမ်းပါ!"
နဉ်ရှုက ဆို၏။
ပြန်ပြောလိုက်တဲ့ လျှို့ဝှက်သက်တော်စောင့်ရဲ့မျက်ဝန်းများထဲတွင်တော့ အထင်သေးမှုများရှိနေသည်။
"သိပါပြီ။"
"အော်၊ ဟုတ်သားပဲ။ ယွဲ့လန်က နင့်အတွက် ဖိနပ်တစ်ရုံချုပ်ပေးထားတယ်"
နဉ်ရှုက ပြောသည်။ လျှို့ဝှက်သက်တော်စောင့်က ယွဲ့လန်ကို ချက်ချင်းပင်လှည့်ကြည့်လိုက်ပြီး ယွဲ့လန်ရှက်နေသည်ကိုပါတွေ့သွား၏။ သူမက ခြေကိုဆောင့်ကာစောဒကတက်လိုက်သည်။
"ဘယ်လောက်မှမကြာသေးတာကို ဘယ်လိုလုပ်ပြီးဖော်ကောင်လုပ်ပစ်နိုင်ရတာလဲ မမလေးရဲ့?"
"ဘာလို့ မရ,ရမှာလဲ?"
နဉ်ရှု သူမကိုကြည့်လိုက်သည်။
လျှို့ဝှက်သက်တော်စောင့်က ယွဲ့လန်ကို ကျေးဇူးတင်စကားဆိုပြီးနောက် ပြတင်းပေါက်မှခုန်ထွက်သွားတော့သည်။ နဉ်ရှုက မေးလေ၏။
"နင်က သူ့ကိုအံ့သြစေချင်တာကို ငါပြောလိုက်မိလို့လား?"
ယွဲ့လန်က သူမကိုတစ်ချက်ကြည့်ကည မပျော်မရွှင်ဖြင့်နှုတ်ခမ်းစူလေ၏။
"အခု မမလေးက ပြောလိုက်ပြီလေ၊ ဒီအစေခံ အရမ်းနေရခက်တာပဲ။"
နဉ်ရှုက 'အော်'ဟုဆိုကာ ပြောလာပြန်၏။
"နင် သူ့ကို တိတ်တိတ်လေးပေးလိုက်ရင်တော့ အနေရမခက်ဘူးပေါ့လေ။"
ိနဉ်ရှုက သူမဒါကို ရည်ရွယ်ချက်ရှိရှိလညပ်ခဲ့တာဖြစ်ကြောင်းဝန်ခံလိုက်သည်။
"မမလေး ဘယ်လိုလုပ်ပြီးတော့များ ဒီလိုလုပ်နိုင်ရတာလဲ? မမလေး ပြောင်းလဲသွားတယ်။ မမလေးက ဒီလိုမျိုးမဟုတ်ပါဘူး။"
ယွဲ့လန်က သူမကို ဝမ်းနည်းစွာကြည့်လာ၏။
Da fudge? ဒီနေ့မှ မတူတဲ့လူနှစ်ယောက်က သူမကို ဒီစကားတစ်ခွန်းတည်းကိုပဲ ဘာလို့လာပြောနေကြတာလဲ?
"အဆင်ပြေပါတယ်။ ဒါက မကောင်းဘူးဆိုရင်လည်း နောက်တစ်စုံထပ်ချုပ်ပြီး သူ့ကို အဲ့တစ်စုံနဲ့အံ့သြအောင်လုပ်လိုက်ပေါ့။ သူက ဖိနပ်တစ်ရံပဲလို့ထင်နေမှာလေ၊ ဒီတော့ နှစ်ရံသာရရင် သူအံ့သြမသွားဘူးလား?"
နဉ်ရှုက ယွဲ့လန်ကို နှစ်သိမ့်စကားဆိုသည်။
ယွဲ့လန်က သူမကို မျက်ရည်တဝဲဝဲဖြင့်ကြည့်သည်။
"မမလေး၊ ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်နေရတာလဲ? ဘာမှမဟုတ်တဲ့ဟာကို မမလေးက တစ်ခုခုဖြစ်နေသလိုထင်ပြီး လာပြောနေတယ်။ ဒီအစေခံက လျှို့ဝှက်သက်တော်စောင့်ရဲ့ကျောက်တုံးနဲ့တူတဲ့မျက်နှာကြီးကို ဘယ်လိုလုပ်ကြိုက်မှာလဲ?"
[T/N : သူက သက်တော်စောင့်အစ်ကိုကြီးအပေါ်ရိုးရိုးသားသားနဲ့ဟာကို မကြီးနဉ်က တစ်မျိုးတွေထင်နေလို့။]
နဉ်ရှု ယွဲ့လန်ရဲ့ပါးစပ်ကို အလျင်အမြန်ပင်ပိတ်လိုက်ရသည်။
"နင်ပြောတာတွေအကုန်လုံးက အမှန်တွေချည်းဆိုပေမယ့်လည်း အကျယ်ကြီးမပြောရဘူးလေ။ သက်တော်စောင့်အစ်ကိုကြီးကြားသွားပြီး စိတ်ထိခိုက်လို့ထွက်သွားရင် ဘယ့်နှယ်လုပ်မလဲ?"
ယွဲ့လန် ခေါင်းခါလိုက်သည်။ နဉ်ရှုက သူမကိုလွှတ်ပေးလိုက်ပြီးနောက် ယွဲ့လန်က ပြောသည်။
"သက်တော်စောင့်အစ်ကိုကြီးက လူကောင်းတစ်ယောက်လို့ ဒီအစေခံထင်ပါတယ်။"
လူတစ်ယောက်က လူကောင်းတစ်ယောက်လို့နာမည်အတပ်ခံလိုက်ရပြီးတာနဲ့ သူ့မှာ ဘာအခွင့်အရေးမှမကျန်ရှိတတ်တော့ချေ။
....
Advertisement
- In Serial35 Chapters
Prism - Seekers of Solace (A LitRPG Saga)
The Virtual Revolution is in full swing and empty streets dot the landscape, vestiges of a foregone era. Seeking to escape the harshness of the outside world, humanity has turned to VR. And the unlucky few unable to enter this virtual realm must make do however they can.But Prism, the most advanced VRMMORPG, promises to change all that: countless possibilities, no restrictions, and cutting edge tech that allows even those afflicted by VR Sickness to full-dive into its world.Join Ryan and those around him as they try to find a place to call their own within a game that turns out to be so much more. A game that seems to recoil at the players' mere arrival.Author's Note: The story starts out slower, but the pace does pick up eventually. This is a rewrite of my first and only story & I hope to do it justice. The story follows the journey of a group of young men and women as they begin playing Prism. Fair warning, once we move past the initial arc, there will be POV changes as I move from one party member to another or, occasionally, to the viewpoint of some minor characters.Any feedback or suggestions that you might have are more than welcome!Release Schedule: New chapter every Sunday.Cover Art by: Tsuu ([email protected])Prism's Discord Server.
8 233 - In Serial82 Chapters
Dan's Shoppe of Oddities
After the death of his father Daniel Rhodri was forced to drop out of college and take over the family business, an antique store that goes by the name 'The Shoppe of Oddities'. Receiving a strange package one day Dan's world is flipped over once again as he finds its contents are a Genie named Amani. Who sent this package? And can Dan survive the hijinks of this genie girl? Will his life ever receive some normalcy again? he doesn't know, but he is going to try. Authors note: Like my other novels this one will be my take on standard Harem anime/I Dream of Jeannie mix(Trust me it will work lol)but without a Bricktagonist(The main will know when the girls are coming onto him.) So expect there to be crazy magic and lots of sex, probably lots and lots of sex...
8 175 - In Serial221 Chapters
Consuming Earths, Devouring Skies
In the myriad realms, legends rise and fall in the countless eras. Yan Zaizen, a frail youth with an unfortunate history, meets one of these legends. Will this change his common destiny to something greater? The story of a boy that just wants a peacefully lavish life with money, amazing food, and a beautiful woman to love. The story of the heavens that laughs at this.
8 67 - In Serial96 Chapters
Epic Tales Variation: Aegis Kan
[Winner of the 2021 Writhathon Challenge] Volume 1 Powerless - without ability, influence, or power. That's what Aegis Kan previously known as Terrence Brown, felt when his world was invaded and his soul has whisked away to Gaia. Born as the firstborn of a Powerful Duke, Aegis finds himself in an entirely new world with magic and different paths to power; however, Aegis Kan is tasked with a mission as a Harbinger by the being, [Beyond], who invaded his world, took his soul, and chucked him and others out into the universe. Their task? Spread the System to the myriad races. This is his story, his Epic Tales. Volume 2 Syn Aegis and his cousin Amaya find themselves sent to the world of Prima on one mission and one mission alone. Conquer the world and add it the dukedom and Empires ever-growing resources. However, something weird happened to the planet right before their arrival. An overlap of the same world but darker and a merging caused by the shifting of realities have caused a nightmare Aegis has long forgotten to reappear. They... tHey... THEY... THe NOX ARE COMING! This story can be considered a slow burn and the everything is explained as the action commences and the story moves along. It is mostly told from Aegis perspective however there are several times when a side character perspective of an event matters so I'll put it in. Btw the first volume is a bit spotty as I am a new writer and still trying to find my rhythm. I believe it picks up speed around chapter 13-16ish Release Schedule: 4 chapters a week Wed-Sat 7AM GMT -6 Chapter length between 2000-3500. I try to stay around 2500-3000 but somethings the chapter just doesnt have a good cut off. Not all tags will affect the first volume and more will be added as the world is expanded. If you want to show support join my Discord or read 8 chapters plus get access to side stories on my Patreon!
8 133 - In Serial17 Chapters
Zero Gravity / 無重力(Gakuen Alice)
*GAKUEN ALICE FANFICTION!* Natsume x OC-Completed ✅✔************************************************"Yue-chan, why are you in the faculty room again..." The teachers stared in awe and slight caution at the smaller girl leisurely eating a mug-cake in the corner couch. She blinked her light azure eyes, an amused smile on her pale face. "Waiting for Natsume and Ruka."************************************************DISCLAIMER:This fic, does NOT belong to me, it belongs to "яαιη (Shinnah)" from quotev, I loved so much this fic that I decided to publish it here.Sadly this fic doesn't have a sequel.---------------------------------------------------All rights to their respective owners.specially the author of this amazing story!and the creator of "Gakuen Alice"************************************************Highter Ranks:#1 Aliceacademy#2 GakuenAlice#2 MikanSakura#2 HotaruImai#2 RukaNogi#6 AliceAcademy#2 NatsumeHyuuga
8 166 - In Serial29 Chapters
VR: Ascension
Long Zhang is your average kid in the year 3016 and he is in Love with the number one beauty of the School and will do anything to be with her. Even through he has never really played virtual reality games before in order to impress the person he loves he is willing to take the risk and dive in the game Ascension.This Story will be updated at minimum once a week.
8 156

