《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 51
Advertisement
[Zawgyi]
{သူ႔ရဲ႕ညီငယ္ေလးအတြက္လက္စားေခ်ဖို႔မ်ား ေရာက္လာေလသလား!?}
နဥ္ရႈေမ်ွာ္လင့္ထားသလိုပင္ ညေရာက္လာခ်ိန္၌ ခ်ီရွန္းက သူမကိုလာရွာေလ၏။ သူ ဒါကိုေျပာရမယ္ဆိုရင္ေတာင္ ေန႔လည္ေန႔ခင္းမွာေျပာလို႔မရဘူးလား? သူ႔မွာ မေကာင္းတဲ့ရည္႐ြယ္ခ်က္ေတြရွိေနတာ အသိသာႀကီးပဲ။
သူမ တံခါးကိုဖြင့္လိုက္ခ်ိန္မွာ ခ်ီရွန္းက တံခါးေဘးနားမွာ မွီကာရပ္ေနရင္း အေတြးထဲနစ္ေနခဲ့သည္။ နဥ္ရႈကိုျမင္တဲ့အခါ သူကဆို၏။
"ေရွာင္ဟုန္၊ ဒီသခင္ေလးနဲ႔စကားလာေျပာလွည့္။ ဒီသခင္ေလးမွာ မင္းကိုေျပာစရာရွိတယ္။"
နဥ္ရႈက ပန္ဒါမ်က္လံုးေတြနဲ႔ မ်က္ေတာင္တဖ်တ္ဖ်တ္ခတ္ရင္း ေမးလိုက္သည္။
"ဘာမ်ားပါလဲရွင္? အရမ္းေနာက္က်ၿပီကို သခင္ေလးမွာ ဒီအေစခံကို ဘာေျပာစရာမ်ားရွိေနလို႔ပါလဲ? ဒီအေစခံ အိပ္ခ်င္ေနၿပီရယ္။"
ခ်ီရွန္းက မ်က္ေမွာင္ကုတ္လိုက္ၿပီး နဥ္ရႈကို ရႈံ႕မဲ့ကာၾကည့္လာ၏။
"မင္းက ညပိုင္းမွာေတာင္ မ်က္နွာေခ်ေတြကိုမဖယ္ဘူးလား? အိပ္ေတာ့မွာကို ဘာလို႔ မ်က္နွာေခ်ေတြလိမ္းထားေသးတာလဲ? မ်က္နွာေခ်မႈန္႔ေတြက အသားအေရအတြက္မေကာင္းဘူးေနာ္။ မ်က္နွာသြားသစ္ၿပီး မင္းသခင္ေလးနဲ႔လုိက္ခဲ့။"
နဥ္ရႈက မ်က္နွာကို ရွက္ရံြ႕စြာပြတ္လိုက္ၿပီး ဆို၏။
"ဒီအေစခံက ဒီမ်က္နွာေခ်ကိုသေဘာက်တယ္ရယ္။ ညပိုင္းမွာေတာင္ ဒီမ်က္နွာေခ်ကို ဖယ္မပစ္ခ်င္ပါဘူး။"
ေဒါသတရားတို႔က ခ်ီရွန္းရဲ႕မ်က္လံုးေတြထဲမွာေပၚလာေသာ္လည္း သူက မၾကာမီမွာပင္ ေဒါသတို႔ကိုခ်ိဳးနွိမ္လိုက္ကာ ႏူးညံ့စြာေျပာသည္။
"ရပါတယ္။ ဒါဆို ဒီသခင္ေလးနဲ႔လိုက္ခဲ့။"
နဥ္ရႈ ခ်ီရွန္းေနာက္ကလိုက္သြားလိုက္သည္။ ခ်ီရွန္းက ခပ္ျဖည္းျဖည္းသာေလ်ွာက္ေလ၏။ သူ႔လႈပ္ရွားမႈေတြက စိမ္ေျပနေျပေအေအးေဆးေဆးျဖစ္ေနကာ သူ႔ပံုစံကေတာ့ ေတာက္ပတဲ့လေရာင္ေအာက္က ပန္းခ်ီကားခ်ပ္နွင့္တူသည္။
ခ်ီရွန္းက စကားမေျပာတာေၾကာင့္ နဥ္ရႈသည္လည္း စကားမေျပာေပ။ သူမတို႔ အပန္းေျဖေဆာင္ကိုေရာက္သြားခ်ိန္၌ ခ်ီရွန္းက တိတ္ဆိတ္စြာနွင့္ပင္ ေက်ာက္သားခံုပုေလးေပၚမွာထိုင္လိုက္သည္။ အမွန္အတိုင္းဆိုရလ်ွင္ ခ်ီရွန္းရဲ႕လက္ရွိပံုစံက အေတာ္ေလးကိုက်က္သေရရွိေနပါေသာ္လည္း နဥ္ရႈရဲ႕အေတြးထဲမွာေပၚေနတဲ့သူ႔ရဲ႕ပံုရိပ္ကေတာ့ သူအဝတ္မပါစဥ္ကပံုစံအတိုင္းအေမႊးေျပာင္ေအာင္အနႈတ္ခံထားရၿပီး ပိန္ကပ္ေနတဲ့ၾကက္လိုပံုစံမ်ိဳးပင္။
အလွေမြးငါးမ်ားက ေရကန္ထဲမွာေရကူးေနၾကၿပီး ဆက္တိုက္ဆိုသလို ေရပြက္သံတိုးတိုးကိုထြက္ေပၚေနေစ၏။ သည္လိုညအခ်ိန္မ်ိဳးမွာေတာ့ ဒါက ပတ္ဝန္းက်င္ကိုအမဲလိုက္ကြင္းျပင္လိုခံစားရေစသည္။ နဥ္ရႈရဲ႕ဆံပင္ေတြ အဆံုးစြန္ထိေထာင္ထကုန္သည္။
"သ...သခင္ေလး၊ ဒီညရဲ႕လက ႀကီးၿပီဝုိင္းစက္ေနတာပဲေနာ္။"
နဥ္ရႈက တိတ္ဆိတ္မႈကိုၿဖိဳခဲြလိုက္သည္။
ခ်ီရွန္း နဥ္ရႈကိုၾကည့္လိုက္သည္။ ေအးျမသည့္လေရာင္က သူမရဲ႕မ်က္နွာကို လူေသေကာင္လိုျဖဴ ေဖ်ာ့ေနေစၿပီး သူမမ်က္လံုးတစ္ဝိုက္က အနက္ေရာင္အကြင္းေတြကို ပိုၿပီးထင္ရွားလာေစသည္။ သူမရဲ႕နႈတ္ခမ္းေတြကလည္း အလြန္အမင္းနီရဲေနကာ သူမကို မေကာင္းဆိုးဝါးတေစၦတစ္ေကာင္နွင့္ပင္တူသြားေစ၏။ သူက အၾကည့္လဲႊကာ ေျပာလာသည္။
"ငါ မင္းကို ဒီေန႔လယ္တုန္းကျဖစ္သြားတဲ့ကိစၥကိုေျပာခ်င္လို႔။"
သူတို႔ ဆက္ဆံတဲ့အေၾကာင္းလား? နဥ္ရႈ ခရာကိုကိုင္လိုက္သည္။ ခ်ီရွန္းက တကယ္ႀကီးပန္းေသသြားၿပီး လက္စားေခ်ဖို႔ႀကံေနတာလား?
နဥ္ရႈ ေနာက္ကို ေျခလွမ္းနည္းနည္းျပန္ဆုတ္လိုက္သည္။
"သခင္ေလးက ဘာမ်ားေျပာခ်င္တာပါလဲ?"
ခ်ီရွန္းက နဥ္ရႈကိုေျပာသည္။
"ထိုင္ပါ။ ငါမင္းကို ယုေဖးအေၾကာင္းေျပာခ်င္တာ။"
နဥ္ရႈ : ေျပးေတာ့၊ အဲ့မွာ ဘာေျပာစရာရွိလို႔လဲ?
"ယုေဖးက ငါ ငယ္ငယ္တည္းကခ်စ္လာခဲ့ရတဲ့သူပဲ။ ေနာင္တစ္ခ်ိန္က်ရင္ ငါတို႔ ေသခောေပါက္လက္ထပ္ျဖစ္မွာ။"
ခ်ီရွန္းက ဒါကိုေျပာရတာ နာက်င္ေနရသလိုဟန္မ်ိဳးနဲ႔ နဥ္ရႈကိုၾကည့္လာသည္။
"မင္း နားလည္နိုင္မယ္လို႔ ငါထင္တယ္။"
"ဒါေပါ့၊ ဒီအေစခံ နားလည္ပါတယ္။ ဂုဏ္ယူပါတယ္ သခင္ေလး။"
နဥ္ရႈက ရိုးရိုးရွင္းရွင္္းပင္ျပန္ေျဖသည္။
ေပ်ာ္ရႊင္မႈတို႔က ခ်ီရွန္းရဲ႕မ်က္နွာထက္မွာ ခ်က္ခ်င္းေပၚလာသည္။ သူက ရုတ္တရက္ဆိုသလို နဥ္ရႈလက္ကိုကိုင္ဖို႔ ထရပ္လိုက္ေသာ္လည္း လမ္းတစ္ဝက္မွာပင္ရပ္သြားျပန္၏။
"မင္းက စိတ္ထားေကာင္းတဲ့သူဆိုတာ ငါသိသားပဲ။"
"ယုေဖးနဲ႔ငါလက္ထပ္ၿပီးရင္ သူမင္းကိုလက္ခံလာေအာင္ ငါ ယုေဖးကိုေျဖာင္းဖ်မွာပါ။ ယုေဖးကလည္း မင္းလိုပဲ စ္တ္ထားေကာင္းတယ္ေလ။"
ခ်ီရွန္းက ေပ်ာ္ရႊင္စြာဆို၏။
What the fuck? ဘယ္လိုေသာက္က်ိဳးနည္းငရဲႀကီးလဲ? နဥ္ရႈ သူ႔ေခါင္းကိုသာရိုက္ပစ္ခ်င္ေတာ့သည္။ ဒီေကာင္က ပိုင္မုန္႔နွစ္ခုလံုးကိုယူထားဖို႔ႀကိဳးစားေနတာပဲ။ သူက သူ႔ရဲ႕အခ်စ္စစ္ကေလးကို လက္ထပ္ေတာ့မွာဆိုေပမယ့္ သူမကိုလည္း ကိုယ္လုပ္ေတာ္အျဖစ္ယူခ်င္ေနေသးတယ္?
အဓိပၸါယ္မရွိတာ။ သူမကေတာ့ သူဟိုဟာထပ္မလုပ္နိုင္ေတာ့လို႔ ဒီကိုလက္စားေခ်ဖို႔႔လာတယ္ထင္ေနတာ။ လတ္စသတ္ေတာ့ သူမကို ဖ်ားေယာင္းဖို႔ေရာက္ေနတာကိုး!
အမ်ိဳးသားဇာတ္လိုက္ရဲ႕စြမ္းအားက တကယ္ကိုဖိနွိပ္လို႔မရဘူးပဲ။ ဒါေတြျဖစ္ၿပီးသြားတာေတာင္ သူက အဆင္ေျပေနေသးတယ္။
ေကာင္းမြန္ဖို႔အတြက္ မေကာင္းမႈအားလံုးရဲ႕အရင္းအျမစ္ကို သူမ ေသခ်ာေလးဖ်က္ဆီးပစ္ခဲ့သင့္တာ။ ဒါဆို ဘာကိုမွစိုးရိမ္ေနစရာမရွိေတာ့ဘူး။
နဥ္ရႈ နားမလည္နိုင္ေတာ့ေပ။ သူမကိုယ္တိုင္ေတာင္ မၾကည့္ရဲေလာက္ေအာင္အထိကို မ်က္နွာေခ်ေတြလိမ္းျခယ္ခဲ့တာျဖစ္ေသာ္လည္း ခ်ီရွန္းကေတာ့ သူမက ထူးကဲတဲ့အလွေလးလို႔ မွတ္ယူေတြးထင္နိုင္ဆဲျဖစ္သည္။
နဥ္ရႈ ရွက္ရံြ႕ေနေသာအၿပံဳးတစ္ခုကို လွစ္ဟလိုက္သည္။
"သခင္ေလးနဲ႔သခင္မေလးယုေဖးတို႔က ေကာင္းကင္ဘံုကတဲြဖက္ေပးထားတဲ့ဖူးစာဖက္ေတြပါပဲ။ သခင္မေလးယုေဖးက ေကာင္းကင္ဘံုက သခင္ေလးကိုခ်ီးျမႇင့္တဲ့အမ်ိသမီးေလးပဲလို႔ သခင္ေလးေျပာဖူးတယ္ေလ။ ဒီေတာ့ သခင္ေလးအေနနဲ႔ သခင္မေလးကိုပဲ ခ်စ္ခင္ျမတ္နိုးသင့္တာေပါ့။ အဲ့ေတာ့ သခင္ေလးက ဒီအေစခံကို သခင္မေလးယုေဖးလက္ခံလာေအာင္လုပ္မယ္လို႔ ဘာလို႔မ်ားေျပာေနရတာပါလဲ? ဒီအေစခံက ခဏတာေတြ႕ဆံုခဲ့ရတဲ့သူပဲျဖစ္ၿပီး သခင္ေလးနဲ႔သခင္မေလးယုေဖးတို႔ရဲ႕ ႀကီးက်ယ္လွတဲ့အခ်စ္ဇာတ္လမ္းထဲမွာ ဝင္မပါခ်င္ပါဘူး။"
...
[Unicode]
{သူ့ရဲ့ညီငယ်လေးအတွက်လက်စားချေဖို့များ ရောက်လာလေသလား!?}
နဉ်ရှုမျှော်လင့်ထားသလိုပင် ညရောက်လာချိန်၌ ချီရှန်းက သူမကိုလာရှာလေ၏။ သူ ဒါကိုပြောရမယ်ဆိုရင်တောင် နေ့လည်နေ့ခင်းမှာပြောလို့မရဘူးလား? သူ့မှာ မကောင်းတဲ့ရည်ရွယ်ချက်တွေရှိနေတာ အသိသာကြီးပဲ။
သူမ တံခါးကိုဖွင့်လိုက်ချိန်မှာ ချီရှန်းက တံခါးဘေးနားမှာ မှီကာရပ်နေရင်း အတွေးထဲနစ်နေခဲ့သည်။ နဉ်ရှုကိုမြင်တဲ့အခါ သူကဆို၏။
"ရှောင်ဟုန်၊ ဒီသခင်လေးနဲ့စကားလာပြောလှည့်။ ဒီသခင်လေးမှာ မင်းကိုပြောစရာရှိတယ်။"
နဉ်ရှုက ပန်ဒါမျက်လုံးတွေနဲ့ မျက်တောင်တဖျတ်ဖျတ်ခတ်ရင်း မေးလိုက်သည်။
"ဘာများပါလဲရှင်? အရမ်းနောက်ကျပြီကို သခင်လေးမှာ ဒီအစေခံကို ဘာပြောစရာများရှိနေလို့ပါလဲ? ဒီအစေခံ အိပ်ချင်နေပြီရယ်။"
ချီရှန်းက မျက်မှောင်ကုတ်လိုက်ပြီး နဉ်ရှုကို ရှုံ့မဲ့ကာကြည့်လာ၏။
"မင်းက ညပိုင်းမှာတောင် မျက်နှာချေတွေကိုမဖယ်ဘူးလား? အိပ်တော့မှာကို ဘာလို့ မျက်နှာချေတွေလိမ်းထားသေးတာလဲ? မျက်နှာချေမှုန့်တွေက အသားအရေအတွက်မကောင်းဘူးနော်။ မျက်နှာသွားသစ်ပြီး မင်းသခင်လေးနဲ့လိုက်ခဲ့။"
Advertisement
နဉ်ရှုက မျက်နှာကို ရှက်ရွံ့စွာပွတ်လိုက်ပြီး ဆို၏။
"ဒီအစေခံက ဒီမျက်နှာချေကိုသဘောကျတယ်ရယ်။ ညပိုင်းမှာတောင် ဒီမျက်နှာချေကို ဖယ်မပစ်ချင်ပါဘူး။"
ဒေါသတရားတို့က ချီရှန်းရဲ့မျက်လုံးတွေထဲမှာပေါ်လာသော်လည်း သူက မကြာမီမှာပင် ဒေါသတို့ကိုချိုးနှိမ်လိုက်ကာ နူးညံ့စွာပြောသည်။
"ရပါတယ်။ ဒါဆို ဒီသခင်လေးနဲ့လိုက်ခဲ့။"
နဉ်ရှု ချီရှန်းနောက်ကလိုက်သွားလိုက်သည်။ ချီရှန်းက ခပ်ဖြည်းဖြည်းသာလျှောက်လေ၏။ သူ့လှုပ်ရှားမှုတွေက စိမ်ပြေနပြေအေအေးဆေးဆေးဖြစ်နေကာ သူ့ပုံစံကတော့ တောက်ပတဲ့လရောင်အောက်က ပန်းချီကားချပ်နှင့်တူသည်။
ချီရှန်းက စကားမပြောတာကြောင့် နဉ်ရှုသည်လည်း စကားမပြောပေ။ သူမတို့ အပန်းဖြေဆောင်ကိုရောက်သွားချိန်၌ ချီရှန်းက တိတ်ဆိတ်စွာနှင့်ပင် ကျောက်သားခုံပုလေးပေါ်မှာထိုင်လိုက်သည်။ အမှန်အတိုင်းဆိုရလျှင် ချီရှန်းရဲ့လက်ရှိပုံစံက အတော်လေးကိုကျက်သရေရှိနေပါသော်လည်း နဉ်ရှုရဲ့အတွေးထဲမှာပေါ်နေတဲ့သူ့ရဲ့ပုံရိပ်ကတော့ သူအဝတ်မပါစဉ်ကပုံစံအတိုင်းအမွှေးပြောင်အောင်အနှုတ်ခံထားရပြီး ပိန်ကပ်နေတဲ့ကြက်လိုပုံစံမျိုးပင်။
အလှမွေးငါးများက ရေကန်ထဲမှာရေကူးနေကြပြီး ဆက်တိုက်ဆိုသလို ရေပွက်သံတိုးတိုးကိုထွက်ပေါ်နေစေ၏။ သည်လိုညအချိန်မျိုးမှာတော့ ဒါက ပတ်ဝန်းကျင်ကိုအမဲလိုက်ကွင်းပြင်လိုခံစားရစေသည်။ နဉ်ရှုရဲ့ဆံပင်တွေ အဆုံးစွန်ထိထောင်ထကုန်သည်။
"သ...သခင်လေး၊ ဒီညရဲ့လက ကြီးပြီဝိုင်းစက်နေတာပဲနော်။"
နဉ်ရှုက တိတ်ဆိတ်မှုကိုဖြိုခွဲလိုက်သည်။
ချီရှန်း နဉ်ရှုကိုကြည့်လိုက်သည်။ အေးမြသည့်လရောင်က သူမရဲ့မျက်နှာကို လူသေကောင်လိုဖြူ ဖျော့နေစေပြီး သူမမျက်လုံးတစ်ဝိုက်က အနက်ရောင်အကွင်းတွေကို ပိုပြီးထင်ရှားလာစေသည်။ သူမရဲ့နှုတ်ခမ်းတွေကလည်း အလွန်အမင်းနီရဲနေကာ သူမကို မကောင်းဆိုးဝါးတစ္ဆေတစ်ကောင်နှင့်ပင်တူသွားစေ၏။ သူက အကြည့်လွှဲကာ ပြောလာသည်။
"ငါ မင်းကို ဒီနေ့လယ်တုန်းကဖြစ်သွားတဲ့ကိစ္စကိုပြောချင်လို့။"
သူတို့ ဆက်ဆံတဲ့အကြောင်းလား? နဉ်ရှု ခရာကိုကိုင်လိုက်သည်။ ချီရှန်းက တကယ်ကြီးပန်းသေသွားပြီး လက်စားချေဖို့ကြံနေတာလား?
နဉ်ရှု နောက်ကို ခြေလှမ်းနည်းနည်းပြန်ဆုတ်လိုက်သည်။
"သခင်လေးက ဘာများပြောချင်တာပါလဲ?"
ချီရှန်းက နဉ်ရှုကိုပြောသည်။
"ထိုင်ပါ။ ငါမင်းကို ယုဖေးအကြောင်းပြောချင်တာ။"
နဉ်ရှု : ပြေးတော့၊ အဲ့မှာ ဘာပြောစရာရှိလို့လဲ?
"ယုဖေးက ငါ ငယ်ငယ်တည်းကချစ်လာခဲ့ရတဲ့သူပဲ။ နောင်တစ်ချိန်ကျရင် ငါတို့ သေခောပေါက်လက်ထပ်ဖြစ်မှာ။"
ချီရှန်းက ဒါကိုပြောရတာ နာကျင်နေရသလိုဟန်မျိုးနဲ့ နဉ်ရှုကိုကြည့်လာသည်။
"မင်း နားလည်နိုင်မယ်လို့ ငါထင်တယ်။"
"ဒါပေါ့၊ ဒီအစေခံ နားလည်ပါတယ်။ ဂုဏ်ယူပါတယ် သခင်လေး။"
နဉ်ရှုက ရိုးရိုးရှင်းရှင်းပင်ပြန်ဖြေသည်။
ပျော်ရွှင်မှုတို့က ချီရှန်းရဲ့မျက်နှာထက်မှာ ချက်ချင်းပေါ်လာသည်။ သူက ရုတ်တရက်ဆိုသလို နဉ်ရှုလက်ကိုကိုင်ဖို့ ထရပ်လိုက်သော်လည်း လမ်းတစ်ဝက်မှာပင်ရပ်သွားပြန်၏။
"မင်းက စိတ်ထားကောင်းတဲ့သူဆိုတာ ငါသိသားပဲ။"
"ယုဖေးနဲ့ငါလက်ထပ်ပြီးရင် သူမင်းကိုလက်ခံလာအောင် ငါ ယုဖေးကိုဖြောင်းဖျမှာပါ။ ယုဖေးကလည်း မင်းလိုပဲ စ်တ်ထားကောင်းတယ်လေ။"
ချီရှန်းက ပျော်ရွှင်စွာဆို၏။
What the fuck? ဘယ်လိုသောက်ကျိုးနည်းငရဲကြီးလဲ? နဉ်ရှု သူ့ခေါင်းကိုသာရိုက်ပစ်ချင်တော့သည်။ ဒီကောင်က ပိုင်မုန့်နှစ်ခုလုံးကိုယူထားဖို့ကြိုးစားနေတာပဲ။ သူက သူ့ရဲ့အချစ်စစ်ကလေးကို လက်ထပ်တော့မှာဆိုပေမယ့် သူမကိုလည်း ကိုယ်လုပ်တော်အဖြစ်ယူချင်နေသေးတယ်?
အဓိပ္ပါယ်မရှိတာ။ သူမကတော့ သူဟိုဟာထပ်မလုပ်နိုင်တော့လို့ ဒီကိုလက်စားချေဖို့လာတယ်ထင်နေတာ။ လတ်စသတ်တော့ သူမကို ဖျားယောင်းဖို့ရောက်နေတာကိုး!
အမျိုးသားဇာတ်လိုက်ရဲ့စွမ်းအားက တကယ်ကိုဖိနှိပ်လို့မရဘူးပဲ။ ဒါတွေဖြစ်ပြီးသွားတာတောင် သူက အဆင်ပြေနေသေးတယ်။
ကောင်းမွန်ဖို့အတွက် မကောင်းမှုအားလုံးရဲ့အရင်းအမြစ်ကို သူမ သေချာလေးဖျက်ဆီးပစ်ခဲ့သင့်တာ။ ဒါဆို ဘာကိုမှစိုးရိမ်နေစရာမရှိတော့ဘူး။
နဉ်ရှု နားမလည်နိုင်တော့ပေ။ သူမကိုယ်တိုင်တောင် မကြည့်ရဲလောက်အောင်အထိကို မျက်နှာချေတွေလိမ်းခြယ်ခဲ့တာဖြစ်သော်လည်း ချီရှန်းကတော့ သူမက ထူးကဲတဲ့အလှလေးလို့ မှတ်ယူတွေးထင်နိုင်ဆဲဖြစ်သည်။
နဉ်ရှု ရှက်ရွံ့နေသောအပြုံးတစ်ခုကို လှစ်ဟလိုက်သည်။
"သခင်လေးနဲ့သခင်မလေးယုဖေးတို့က ကောင်းကင်ဘုံကတွဲဖက်ပေးထားတဲ့ဖူးစာဖက်တွေပါပဲ။ သခင်မလေးယုဖေးက ကောင်းကင်ဘုံက သခင်လေးကိုချီးမြှင့်တဲ့အမျိသမီးလေးပဲလို့ သခင်လေးပြောဖူးတယ်လေ။ ဒီတော့ သခင်လေးအနေနဲ့ သခင်မလေးကိုပဲ ချစ်ခင်မြတ်နိုးသင့်တာပေါ့။ အဲ့တော့ သခင်လေးက ဒီအစေခံကို သခင်မလေးယုဖေးလက်ခံလာအောင်လုပ်မယ်လို့ ဘာလို့များပြောနေရတာပါလဲ? ဒီအစေခံက ခဏတာတွေ့ဆုံခဲ့ရတဲ့သူပဲဖြစ်ပြီး သခင်လေးနဲ့သခင်မလေးယုဖေးတို့ရဲ့ ကြီးကျယ်လှတဲ့အချစ်ဇာတ်လမ်းထဲမှာ ဝင်မပါချင်ပါဘူး။"
...
Advertisement
- In Serial52 Chapters
Leveling With The Gods
He became stronger, faster than anyone else… but he lost. In the end, there was only despair for Kim YuWon.
8 581 - In Serial53 Chapters
Gideon Drake and the Fire Within (Harry Potter Sequel/Spinoff)
A brand-new story set in J.K. Rowling's Wizarding World of Harry Potter🧙 Find out how the magical world and fan-favourite characters have changed since Lord Voldemort's defeat, in this modern-day tale of magic, family and friendship. Posted daily Nov–Xmas 2021. British-Style spelling, punctuation, grammar. As a baby, Gideon was found at the centre of a mysterious magical accident, and the Ministry of Magic took drastic action. Ten years later, Gideon is finally leaving his Muggle primary school and looking forward to attending Hogwarts with other magical children. However, when his acceptance letter doesn't arrive, Gideon's life begins to unravel, and so do the secrets surrounding his past... When faced with the shocking truth, can Gideon withstand the looming darkness? Or will it consume him?
8 144 - In Serial12 Chapters
The Human Who Became A Definitive Golem.
After falling off the edge of the hills, Ryker found himself in another world. Now in the body of a "golem", Ryker will have to explore this new place, struggling to survive and grow strong enough to deal with the dangers of this mysterious land and the possible adversities that will come to him.
8 73 - In Serial9 Chapters
Advice Master Megumi!
It's no secret - 14-year old Kanazawa Megumi is an extremely plain and average person.She has no interesting talents, no special traits - and no friends, either. Megumi had gotten used to being a loner....and only existing in the background. But here's the twist - secretly, she absolutely hates it! Living her life as a 8th Grader at Sakuragaoka Junior High, she has had enough of her life as a wallflower. In a fit of rage, she created her other persona - the cheerful and charismatic Madoka - and suddenly, Megumi's once boring, grey life began to bloom!But as Madoka's popularity rises, more people begin to seek out Madoka's real identity...can Megumi protect her secret?
8 154 - In Serial13 Chapters
Elemental Sword
The Heavenly Continent is home to only two clans: The Berseker Clan and the Magician Clan. These two clans are are constantly at war, breaking apart the terrain and ruining the lives of commoners. Then, an ominous event occurs. The greatest talents of both Clans elope, and they have a child, the first with parents from two clans. Attempting to protect their child, the couple performs a Forbidden Technique, sealing the child within an energy cocoon and slowing the child's aging process by tenfold for one hundred years. These two talents also exchange their lives to transfer their innate talents to this one child. They leave one wish behind: for this child to unite the bersekers and magicians into one clan.One hundred years later, the energy surrounding the cocoon weakens and eventually fades, releasing this ten-year old child into the feuding world of berserkers and magicians.---------------------------------------------------------------------------------------------------------------------------------------------------Hey guys~ This is my first time writing a book ever! If possible, please leave some feedback and constructive criticism. I would love to hear your opinions! Thanks for reading!I will probably add chapters a once a week.
8 104 - In Serial7 Chapters
The Hawthorn Throne (Book 1, The Blood Of Emrys Duology)
Aidan and Riona, an outcast and a witch, must survive the dark ages and unravel the threads of two kingdoms tied together by prophecy and blood. *****ALL OF MY STORIES ON WATTPAD ARE PARTIALS ONLY, FOR THE FULL STORY GO TO MY PATREON.In the Kingdom of Elmet, a boy named Artorious has pulled the sword from the king's stone and taken his place as Lord of Elmet. None of that matters much to Riona, local witch and self-described hermit of Cornwall - until danger forces her into wary allegiance with an outcast druid named Aidan. As their journey together continues, Riona unwillingly finds herself balancing between the dying world of her mysterious druidic parent and the burgeoning reign of King Artorious. Her mere existence has inspired enemies only Aidan can protect her from...or so they would have her believe. The Hawthorn Throne takes on the legend of King Arthur from a historical perspective, injecting non-binary druids, Sasanian and Numidian Knights, queer Celts, Jewish love interests, and even a dash of plague.Content and trigger warning: This story contains violence and mature sexual content, as well as content around anti-semitism and abortion, which may be triggering for some readers.Cover Art: Maddy Haynes
8 150

