《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 53
Advertisement
[Zawgyi]
{အထူးOOXXစြမ္းရည္}
နဥ္ရႈ ခ်ီရွန္းကိုၾကည့္ကာေမးလိုက္သည္။
"သခင္ေလး၊ သခင္ေလးက ဒီအေစခံနဲ႔အတူရွိေနတာကို သခင္မေလးယုေဖးေရာသိရဲ႕လား?"
ခ်ီရွန္းက ေခါင္းခါသည္။
"ယုေဖး မသိဘူး။ ဒါေပမယ့္ သူစိတ္ထဲထားမယ္လို႔ ကိုယ္မထင္ပါဘူး။"
အဲ့ယံုၾကည္မႈကို သူဘယ္ကရလာတာတုန္း? နဥ္ရႈ၏နႈတ္ခမ္းမ်ားမဲ့သြားသည္။ ထို႔ေနာက္ သူမက ခိုက္ခိုက္တုန္ခ်မ္းေနဟန္လုပ္ကာဆို၏။
"အိုက္ယား၊ ဒီေန႔ ေတာ္ေတာ္ေအးတာပဲ။ ဒီအေစခံ သြားအိပ္ပါေတာ့မယ္။"
နဥ္ရႈ လွည့္ထြက္လိုက္သည့္အခ်ိန္မွာပင္ ခ်ီရွန္းက သူမလက္ကိုဆဲြကိုင္လာ၏။ သူမက ေနာက္ျပန္လွည့္ကာ မ်က္ခံုးထူထူႀကီးေတြကိုပင့္လ်က္ ခ်ီရွန္းကိုၾကည့္လိုက္သည္။ လေရာင္ဝိုးတဝါးေအာက္မွာ သူမရဲ႕မ်က္နွာက ေၾကာက္ဖို႔ေကာင္းေန၏။ ခ်ီရွန္းမွာ ရုတ္တရက္မို႔ အနည္းငယ္လန္႔သြားေသာ္လည္း သူက ခ်က္ခ်င္းပင္ႏူးညံ့စြာၿပံဳးျပကာဆို၏။
"ေစာင္လံုေအာင္ၿခံဳေနာ္။ အေအးမမိေစနဲ႔။"
ဘာေတြလာေျပာေနတာလဲ အစ္ကိုႀကီးရွင့္? အခုက ေႏြရာသီေလ။ ျခင္အကိုက္မခံရေစနဲ႔လို႔ ရွင္ေျပာသင့္တာ။ စိတ္မပါလက္မပါနဲ႔။
နဥ္ရႈက ေခါင္းၿငိမ့္ကာ ေလးနက္စြာေျဖသည္။
"ဒီအေစခံသိပါတယ္။ သခင္ေလးလည္း ေစာင္ေသခ်ာၿခံဳပါေနာ္။"
ထို႔ေနာက္ နဥ္ရႈသည္ သူမ၏အက်ႌလက္မ်ားကိုယမ္းခါက တြန္႔ဆုတ္ေနျခင္းတစိုးတစိမွမရွိဘဲ ထြက္ခြာသြားေတာ့၏။ ခ်ီရွန္းကေတာ့ ခပ္သုတ္သုတ္ထြက္သြားတဲ့သူမကို လိုက္ၾကည့္ေနခဲ့ေခ်သည္။
သူမ အခန္းကိုျပန္ေရာက္သည္နွင့္ ယဲြ႕လန္က သူမကို ခ်က္ခ်င္းဆဲြကာ ေခါးင္းအစေျခအဆံုးစစ္ေဆးေတာ့သည္။
"သခင္မေလး ဘာမွမျဖစ္ဘူးမလား?"
"ငါ ဘာမွမျဖစ္ပါဘူး။ နင့္သခင္မေလးက ဘာျဖစ္နိုင္မွာမို႔လဲ?"
နဥ္ရႈက ခပ္ေပါ့ေပါ့ပင္လက္ကိုယမ္းသည္။
ယဲြ႕လန္ကေတာ့ စိုးရိမ္ေနဆဲျဖစ္ကာ ျပာလာျပန္၏။
"ကြၽန္မတို႔ ဒီေနရာကေနထြက္သြားတာ ပိုေကာင္းမယ္ေနာ္ မမေလး။ သခင္ေလးက မမေလးအေပၚမွာ မေကာင္းတဲ့ရည္႐ြယ္ခ်က္ေတြရွိေနသလိုပဲ။ ဝန္ႀကီးခ်ဳပ္အိမ္ေတာ္မွာတုန္းကနဲ႔ အတူတူျဖစ္ေနတယ္။ ေနရာေျပာင္းလိုက္ေပမယ့္ အတူတူျဖစ္ေနတုန္းပဲ။ ဒီလူေတြအကုန္လံုးက ဘာလို႔အရမ္းမုန္းဖို႔ေကာင္းရတာလဲ?"
"နင့္မမေလးက ဇာတ္လမ္းရဲ႕အဓိကလူပဲေလ။ ဒီေတာ့ ငါဘယ္သြားသြား ဒီလိုပဲျဖစ္ေနမွာ။"
မုယန္မုန္႔ ဘယ္ကိုပဲသြားသြား ေယာက်္ားထုႀကီးရဲ႕အၾကည့္ေတြကိုဆဲြေဆာင္ေနမိဦးမွာပဲကို။
ယဲြ႕လန္က သက္ျပင္းခ်ေလ၏။ ထို႔ေနာက္တြင္မူ မ်က္ရည္မ်ားက ဒလေဟာစီးဆင္းက်လာေတာ့သည္။ သူမက ထစ္ေငါ့စြာဆို၏။
"မမေလးက အၿမဲတမ္းလွေနတာပဲ။ ဒီေလာက,က ဘယ္သူကမ်ား မမေလးရဲ႕ထူးျခေကာင္းမြန္လြန္းလွတဲ့ျပည့္စံုမႈေတြအေၾကာင္း မေျပာဘဲရွိလို႔လဲ? ဒါေပမယ့္ ကိစၥေတြက ဒီလိုေတြျဖစ္လာတယ္။ ကြၽန္မရဲ႕ သနားစရာ၊ သနားစရာမမေလး!"
အိုက္ယိုး! ဒီမ်က္ရည္ေတြက ျပင္ဆင္ခ်ိန္ေလးေတာင္မလိုဘဲထြက္လာတာပဲ။ ဒဇအေစခံက တကယ့္ထိပ္တန္းသရုပ္ေဆာင္ပဲ။ အမ်ိဳးသမီးဇာတ္လိုက္က လွမေနရင္ လူသူေဝးရာမွာ သူမနဲ႔ေနဖို႔အတြက္နဲ႔ အရာအားလံုးကိုစြန္႔လႊတ္နိုင္တဲ့ဒီအမ်ိဳးသားေတြကို ဘယ္လိုလုပ္ဆဲြေဆာင္နိုင္မွာလဲ?
သူမသာ တရားလြန္လွမေနရင္ ဘယ္လိုလုပ္ၿပီးေတာ့ ဒါကိုလုပ္နိုင္ေတာ့မွာလဲ?
နဥ္ရႈက သူမရဲ႕ရင္သားေတြကို လက္ျဖင့္မကာဆို၏။
"မငိုနဲ႔ေတာ့။ နင့္မမေလးက ေလာေလာဆယ္ရုပ္ဆိုးေနတယ္ဆိုေပမယ့္ အနည္းဆံုးေတာ့ နင့္မမေလးမွာ ရင္သားေတြရွိပါေသးတယ္။"
ယဲြ႕လန္ : …
ခ်ီရွန္းသည္ကား အဲ့ဒီ့ညတုန္းက နဥ္ရႈကို ကိစၥေတြအကုန္ရွင္းျပၿပီးၿပီျဖစ္ၿပီး သူမကလည္း သူေျပာတာကို လက္ခံတယ္လို႔ ေတြးလိုက္မိတာေၾကာင့္ ေနာက္တစ္ေန႔မွာေတာ့ သူက နဥ္ရႈကို ၾကာပစ္ျမဴ ဆြယ္ေနသည့္အၾကည့္တို႔ျဖင့္ၾကည့္ေလ၏။
ခ်ီရွန္းရဲ႕အၾကည့္ကုိ လီယုေဖးျမင္တဲ့အခါ သူမရဲ႕ေနရာက ၿခိမ္းေျခာက္ခံေနရၿပီလို႔ ခံစားလိုက္ရေတာ့သည္။ သူမနဲ႔ခ်ီရွန္းက အတူေနၿပီးၿပီျဖစ္ကာ ခ်ီရွန္းက အိပ္ရာေပၚကကိစၥေတြမွာအရမ္းကိုကြၽမ္းက်င္တာေတာ့ လီယုေဖးမွာ ခ်ီရွန္းကို ပို၍စိတ္ဝင္စားလာၿပီျဖစ္၏။
သူမက သူမမိသားစုရဲ႕စီးပြားေရးအခက္အခဲေတြကိုကူညီေပးဖို႔ ခ်ီရွန္းရဲ႕ခံစားခ်က္ေတြကိုအသံုးခ်သည့္အေနျဖင့္ သူနဲ႔အိပ္ခဲ့တာျဖစ္ေသာ္လည္း ထိုကိစၥအၿပီးမွာေတာ့ သူမ သူ႔ကိုတကယ္ႀကီးခ်စ္မိသြားေပ၏။
အမ်ိဳးသမီးဇာတ္လိုက္ကပဲ OOXXလုပ္ၿပီးေနာက္ တစ္ျခားသူေတြ သူမကိုခ်စ္လာေအာင္လုပ္နိုင္သည့္စြမ္းရည္ရွိတာမဟုတ္ဘဲ အမ်ိဳးသားဇာတ္လိုက္ေတြမွာလည္း တူညီသည့္စြမ္းရည္ရွိသည္။ ထပ္ေျပာရမည္ဆိုလ်ွင္ အနွီစြမ္းရည္က အရံအမ်ိဳးသမီးဇာတ္လိုက္နဲ႔ အေျမာက္စာအမ်ိဳးသမီးဇာတ္ေကာင္ေတြအေပၚမွာဆိုလ်ွင္ အထူးပင္အားေကာင္းသည္။
သို႔ျဖစ္ရကား သူမဆီက်ေရာက္ေနသည့္အၾကည့္နွစ္စံုကိုခံစားမိလိုက္ေသာနဥ္ရႈမွာ သူတို႔ကို စြပ္ျပဳတ္ပူပူျဖင့္သာ ပစ္ေပါက္ခ်င္လာေတာ့၏။
...
[Unicode]
{အထူးOOXXစွမ်းရည်}
နဉ်ရှု ချီရှန်းကိုကြည့်ကာမေးလိုက်သည်။
"သခင်လေး၊ သခင်လေးက ဒီအစေခံနဲ့အတူရှိနေတာကို သခင်မလေးယုဖေးရောသိရဲ့လား?"
ချီရှန်းက ခေါင်းခါသည်။
"ယုဖေး မသိဘူး။ ဒါပေမယ့် သူစိတ်ထဲထားမယ်လို့ ကိုယ်မထင်ပါဘူး။"
အဲ့ယုံကြည်မှုကို သူဘယ်ကရလာတာတုန်း? နဉ်ရှု၏နှုတ်ခမ်းများမဲ့သွားသည်။ ထို့နောက် သူမက ခိုက်ခိုက်တုန်ချမ်းနေဟန်လုပ်ကာဆို၏။
"အိုက်ယား၊ ဒီနေ့ တော်တော်အေးတာပဲ။ ဒီအစေခံ သွားအိပ်ပါတော့မယ်။"
နဉ်ရှု လှည့်ထွက်လိုက်သည့်အချိန်မှာပင် ချီရှန်းက သူမလက်ကိုဆွဲကိုင်လာ၏။ သူမက နောက်ပြန်လှည့်ကာ မျက်ခုံးထူထူကြီးတွေကိုပင့်လျက် ချီရှန်းကိုကြည့်လိုက်သည်။ လရောင်ဝိုးတဝါးအောက်မှာ သူမရဲ့မျက်နှာက ကြောက်ဖို့ကောင်းနေ၏။ ချီရှန်းမှာ ရုတ်တရက်မို့ အနည်းငယ်လန့်သွားသော်လည်း သူက ချက်ချင်းပင်နူးညံ့စွာပြုံးပြကာဆို၏။
"စောင်လုံအောင်ခြုံနော်။ အအေးမမိစေနဲ့။"
ဘာတွေလာပြောနေတာလဲ အစ်ကိုကြီးရှင့်? အခုက နွေရာသီလေ။ ခြင်အကိုက်မခံရစေနဲ့လို့ ရှင်ပြောသင့်တာ။ စိတ်မပါလက်မပါနဲ့။
နဉ်ရှုက ခေါင်းငြိမ့်ကာ လေးနက်စွာဖြေသည်။
"ဒီအစေခံသိပါတယ်။ သခင်လေးလည်း စောင်သေချာခြုံပါနော်။"
ထို့နောက် နဉ်ရှုသည် သူမ၏အင်္ကျီလက်များကိုယမ်းခါက တွန့်ဆုတ်နေခြင်းတစိုးတစိမှမရှိဘဲ ထွက်ခွာသွားတော့၏။ ချီရှန်းကတော့ ခပ်သုတ်သုတ်ထွက်သွားတဲ့သူမကို လိုက်ကြည့်နေခဲ့ချေသည်။
သူမ အခန်းကိုပြန်ရောက်သည်နှင့် ယွဲ့လန်က သူမကို ချက်ချင်းဆွဲကာ ခေါးင်းအစခြေအဆုံးစစ်ဆေးတော့သည်။
"သခင်မလေး ဘာမှမဖြစ်ဘူးမလား?"
"ငါ ဘာမှမဖြစ်ပါဘူး။ နင့်သခင်မလေးက ဘာဖြစ်နိုင်မှာမို့လဲ?"
နဉ်ရှုက ခပ်ပေါ့ပေါ့ပင်လက်ကိုယမ်းသည်။
ယွဲ့လန်ကတော့ စိုးရိမ်နေဆဲဖြစ်ကာ ပြာလာပြန်၏။
"ကျွန်မတို့ ဒီနေရာကနေထွက်သွားတာ ပိုကောင်းမယ်နော် မမလေး။ သခင်လေးက မမလေးအပေါ်မှာ မကောင်းတဲ့ရည်ရွယ်ချက်တွေရှိနေသလိုပဲ။ ဝန်ကြီးချုပ်အိမ်တော်မှာတုန်းကနဲ့ အတူတူဖြစ်နေတယ်။ နေရာပြောင်းလိုက်ပေမယ့် အတူတူဖြစ်နေတုန်းပဲ။ ဒီလူတွေအကုန်လုံးက ဘာလို့အရမ်းမုန်းဖို့ကောင်းရတာလဲ?"
"နင့်မမလေးက ဇာတ်လမ်းရဲ့အဓိကလူပဲလေ။ ဒီတော့ ငါဘယ်သွားသွား ဒီလိုပဲဖြစ်နေမှာ။"
မုယန်မုန့် ဘယ်ကိုပဲသွားသွား ယောက်ျားထုကြီးရဲ့အကြည့်တွေကိုဆွဲဆောင်နေမိဦးမှာပဲကို။
ယွဲ့လန်က သက်ပြင်းချလေ၏။ ထို့နောက်တွင်မူ မျက်ရည်များက ဒလဟောစီးဆင်းကျလာတော့သည်။ သူမက ထစ်ငေါ့စွာဆို၏။
"မမလေးက အမြဲတမ်းလှနေတာပဲ။ ဒီလောက,က ဘယ်သူကများ မမလေးရဲ့ထူးခြကောင်းမွန်လွန်းလှတဲ့ပြည့်စုံမှုတွေအကြောင်း မပြောဘဲရှိလို့လဲ? ဒါပေမယ့် ကိစ္စတွေက ဒီလိုတွေဖြစ်လာတယ်။ ကျွန်မရဲ့ သနားစရာ၊ သနားစရာမမလေး!"
အိုက်ယိုး! ဒီမျက်ရည်တွေက ပြင်ဆင်ချိန်လေးတောင်မလိုဘဲထွက်လာတာပဲ။ ဒဇအစေခံက တကယ့်ထိပ်တန်းသရုပ်ဆောင်ပဲ။ အမျိုးသမီးဇာတ်လိုက်က လှမနေရင် လူသူဝေးရာမှာ သူမနဲ့နေဖို့အတွက်နဲ့ အရာအားလုံးကိုစွန့်လွှတ်နိုင်တဲ့ဒီအမျိုးသားတွေကို ဘယ်လိုလုပ်ဆွဲဆောင်နိုင်မှာလဲ?
သူမသာ တရားလွန်လှမနေရင် ဘယ်လိုလုပ်ပြီးတော့ ဒါကိုလုပ်နိုင်တော့မှာလဲ?
နဉ်ရှုက သူမရဲ့ရင်သားတွေကို လက်ဖြင့်မကာဆို၏။
"မငိုနဲ့တော့။ နင့်မမလေးက လောလောဆယ်ရုပ်ဆိုးနေတယ်ဆိုပေမယ့် အနည်းဆုံးတော့ နင့်မမလေးမှာ ရင်သားတွေရှိပါသေးတယ်။"
ယွဲ့လန် : …
ချီရှန်းသည်ကား အဲ့ဒီ့ညတုန်းက နဉ်ရှုကို ကိစ္စတွေအကုန်ရှင်းပြပြီးပြီဖြစ်ပြီး သူမကလည်း သူပြောတာကို လက်ခံတယ်လို့ တွေးလိုက်မိတာကြောင့် နောက်တစ်နေ့မှာတော့ သူက နဉ်ရှုကို ကြာပစ်မြူ ဆွယ်နေသည့်အကြည့်တို့ဖြင့်ကြည့်လေ၏။
ချီရှန်းရဲ့အကြည့်ကို လီယုဖေးမြင်တဲ့အခါ သူမရဲ့နေရာက ခြိမ်းခြောက်ခံနေရပြီလို့ ခံစားလိုက်ရတော့သည်။ သူမနဲ့ချီရှန်းက အတူနေပြီးပြီဖြစ်ကာ ချီရှန်းက အိပ်ရာပေါ်ကကိစ္စတွေမှာအရမ်းကိုကျွမ်းကျင်တာတော့ လီယုဖေးမှာ ချီရှန်းကို ပို၍စိတ်ဝင်စားလာပြီဖြစ်၏။
သူမက သူမမိသားစုရဲ့စီးပွားရေးအခက်အခဲတွေကိုကူညီပေးဖို့ ချီရှန်းရဲ့ခံစားချက်တွေကိုအသုံးချသည့်အနေဖြင့် သူနဲ့အိပ်ခဲ့တာဖြစ်သော်လည်း ထိုကိစ္စအပြီးမှာတော့ သူမ သူ့ကိုတကယ်ကြီးချစ်မိသွားပေ၏။
အမျိုးသမီးဇာတ်လိုက်ကပဲ OOXXလုပ်ပြီးနောက် တစ်ခြားသူတွေ သူမကိုချစ်လာအောင်လုပ်နိုင်သည့်စွမ်းရည်ရှိတာမဟုတ်ဘဲ အမျိုးသားဇာတ်လိုက်တွေမှာလည်း တူညီသည့်စွမ်းရည်ရှိသည်။ ထပ်ပြောရမည်ဆိုလျှင် အနှီစွမ်းရည်က အရံအမျိုးသမီးဇာတ်လိုက်နဲ့ အမြောက်စာအမျိုးသမီးဇာတ်ကောင်တွေအပေါ်မှာဆိုလျှင် အထူးပင်အားကောင်းသည်။
သို့ဖြစ်ရကား သူမဆီကျရောက်နေသည့်အကြည့်နှစ်စုံကိုခံစားမိလိုက်သောနဉ်ရှုမှာ သူတို့ကို စွပ်ပြုတ်ပူပူဖြင့်သာ ပစ်ပေါက်ချင်လာတော့၏။
...
Advertisement
- In Serial191 Chapters
MMORPG: I Can See Hidden Information
“In 2030, an anomaly transpired, and aliens invaded the earth! At this age where the world was about to be destroyed, the top talents of mankind gathered from all over the world to develop a holographic online game [Miracle]. All humans on earth would enter this game and battle against foreign invaders through holographic simulation. After Mike entered this game, he unexpectedly discovered that he could actually see all kinds of hidden information. “Elementary-class Alien Beast, Level: 1, Status: Frail…” “BOOS-class Alien Beast, Level: 10, Status: Excited…” “Leader-class Alien Beast, Level: 15, Status: Slacking. Will drop a piece of SS-grade weapon when killed…” “Old wooden crate with hidden SSS-grade equipment…” From then on, Mike used the system to quickly level up in [Miracle]. Gradually, when he looked back, he had become the world’s greatest existence!””
8 277 - In Serial51 Chapters
The Warrior
The Warrior was a legendary man who possessed all four God-given gifts and fought in the great battle that brought peace for many generations. That was the story Indenuel’s mother told him when it got too hard to hide his gifts. No one else had all four God-given gifts anymore, and being different was a sin in his village. However, after his mother’s death, a visiting High Elder of the church told him the Warrior wasn't a mythical person of history. He was a man prophesied to come save the people of Santollia now. Someone who grew up in such humble conditions that even though everyone in Santollia knew the Prophecy of the Warrior, the man himself would not know it. Indenuel had been discovered! Now Indenuel must grapple with strengthening his four God-given gifts, learning to navigate the highest social class, and train for a battle he is not prepared to fight while a question plagues his mind. His mother knew the prophecy of the Warrior. Why did she lie to him? *Updates every Monday, Wednesday, and Friday
8 268 - In Serial30 Chapters
Priestess Of The Land
Amalthea wakes up in the body of the Prime Minister's 2nd daughter, Tria Ashir. A motherless daughter who has been abandoned and left to die because of her poor mental health and absence of talent.Not even a day has passed since she traveled into this unknown world, and she is already being married off to a prince, with a similar reputation, a cripple.However, things are not always what they seem.Follow along, as Tria becomes a revered existence to the world, and a wife at home. [Disclaimer: This is a temporary cover, the artwork is not my own. It was done by BeaGifted.] I will now continue posting mainly on webnovel.com. Thanks for reading.
8 188 - In Serial83 Chapters
WileQuest
An adventure that starts like many others. One boy, one young man waking up in the middle of a plan, asked to start a journey to accomplish his destined Quest, during which he will be confronted with mysteries and discover magic and power beyond understanding. However, something is off. They are too powerful, and he is too weak. It’s either too easy or stupidly unfair. The balance is completely off. As if this adventure… was not meant to be completed.
8 124 - In Serial20 Chapters
Death Theory
Hello. You have been chosen. Aren't you lucky. Now I don't wish to panic you, but you're in quite the precarious situation. Would that it could be otherwise. So it's kill or be killed, I'm afraid. I wonder, will you be a sacrifice? Or will you be a survivor? Anyway. Welcome to Death Theory. Today, your life begins.
8 84 - In Serial48 Chapters
Looed and Lost You
(I'm in the process of rewriting this book! The new version is called "Bubblegum and Blood Roses"! But please feel free to still read this one! The plots are different!)Even at a small age, Cansas Walker knew she was different. She was the little girl at school with a knife collection. Being the youngest in a family of hunters can be hard, especially when both your big sisters only fight with each other. But when Cansas starts making things happen an Archangel of the Lord saves them from the demons that mean to kill them. This Archangel stays with Cansas until she turns nine years old. He leaves breaking the little girl's heart, but her life went on. Everything seemed to be back to normal until the demon Quinn kills her mother and father. Both her big sisters go off on their own leaving Cansas in the care of their family friends, the Winchesters. They took care of her until she was old enough to go off on her own. Now at the age of twenty-one, Cansas finds herself on a hunt with the Winchester boys that brings her close to a certain Trickster. Cansas life seems to be spiraling downward as she learns the truth about herself, But with the looming threat of the apocalypse, she must be stronger than ever to take on the great pain that comes with loving and losing an Angel of the Lord. -I don't own anything except my OCs. -Seasons 2-5 with some other characters from later seasons-Character may be a mary sue but she is my mary sue
8 119

