《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 54
Advertisement
[Zawgyi]
{သက္ေတာ္ေစာင့္အစ္ကိုႀကီး ဘာေတြမ်ားစားေနရပါလိမ့္?}
နဥ္ရႈ အမွန္ပင္ဆံြ႕အေနမိေပ၏။ သူမကိုယ္သူမ ဒီလိုေတြျပင္ဆင္ထားေသာ္လည္း လီယုေဖးရဲ႕အမုန္းေတြကို ဆဲြေဆာင္မိေနေသးသည္။ လီယုေဖးရဲ႕မ်က္လံုးေတြက စူးရွကာ သတိအျပည့္ျဖင့္ျဖစ္ေနၿပီး သူမက နဥ္ရႈကို ထြင္းေဖာက္သိျမင္လိုသည့္အလား ေစ့ေစ့စပ္စပ္စိုက္ၾကည့္ေန၏။
နဥ္ရႈက စြပ္ျပဳတ္ပူပူကို စားပဲြေပၚတင္လိုက္ကာ ေၾကာင္ေတာင္ေတာင္အၿပံဳးႀကီးၿပံဳးလ်က္ဆိုသည္။
"သခင္ေလး၊ သခင္မေလးယုေဖး၊ ကြၽန္မ စြပ္ျပဳတ္ယူလာပါၿပီ။"
ခ်ီရွန္းက ေျပာသည္။
"မင္း ငါတို႔ကို ဒီမွာအေဖာ္လုပ္ေပးဖို႔မလိုဘူး။ မင္း ျပန္သြားလို႔ရၿပီ။"
လီယုေဖးက ေႏြးေထြးစြာဆိုသည္။
"ေရွာင္ဟုန္၊ အခုေတာ့ ျပန္သြားလိုက္ပါဦး။ ဒါေပမယ့္ ခဏေနက် တို႔အခန္းကိုလာခဲ့ေနာ္။ မင္းရဲ႕မ်က္နွာေခ်က နည္းနည္းပဲအလုပ္ျဖစ္လို႔ တို႔ မင္းကို ေနာက္ထပ္မ်က္နွာေခ်လိမ္းနည္းသင္ေပးမယ္။"
နဥ္ရႈ : …
ဟား၊ ဟား။ လီယုေဖးကလည္း သူမဘယ္လိုပံုစံလဲဆိုတာသိရေအာင္ႀကိဳးစားေနတာပဲ။
ခ်ီရွန္းရဲ႕မ်က္လံုးေတြက အေရာင္ေတာက္သြားသည္။
"မင္းတို႔ေတြက သူငယ္ခ်င္းေတြျဖစ္သင့္တယ္၊ ဒီေတာ့ မ်က္နွာေခ်ဘယ္လိုလိမ္းရတယ္ဆိုတာ ယုေဖးကိုသင္ခြင့္ျပဳ လိုက္ပါ။"
နဥ္ရႈက ထိုနွစ္ေယာက္ကိုဂရုမထားဘဲ ထြက္ခြာသြားေလ၏။
သူမအခန္းကိုျပန္ေရာက္တဲ့အခါ ယဲြ႕လန္ စားေသာက္ေနတာကိုျမင္လိုက္ရတဲ့အတြက္ ေမးခြန္းတစ္ခုက သူမေခါင္းထဲေပၚလာသည္။ သက္ေတာ္ေစာင့္အစ္ကိုႀကီးက ဘာေတြမ်ားစားေနရပါလိမ့္?
နဥ္ရႈ ယဲြ႕လန္ကိုေမးလိုက္သည္။
"နင့္သက္ေတာ္ေစာင့္အစ္ကိုႀကီးေရာ စားၿပီးၿပီလား?"
ယဲြ႕လန္က တူကိုခ်ကာ နႈတ္ခမ္းစူရင္းဆို၏။
"သူက ကြၽန္မရဲ႕အစ္ကိုႀကီးမဟုတ္ပါဘူးေနာ္။ ၿပီးေတာ့ သူစားၿပီးပါၿပီ။ ဒီအေစခံစားတဲ့အခါတိုင္း တစ္ေယာက္စာအပိုျပင္ထားပါတယ္။ မမေလး သတိရတဲ့အထိသာေစာင့္ေနရင္ သူ ငတ္ေသသြားေလာက္ၿပီ။"
"အိုက္ယား၊ စိတ္မေကာင္းပါဘူး၊ စိတ္မေကာင္းပါဘူး၊ ဒီမမေလး မွားသြားပါတယ္။ သက္ေတာ္ေစာင့္အစ္ကိုႀကီးမွာ သူ႔အတြက္စဥ္းစားေပးတတ္တဲ့ အခ်စ္ကေလးယဲြ႕လန္ရွိေနတာေကာင္းတယ္၊ မဟုတ္ရင္ သူတကယ္ငတ္ေသသြားေလာက္ၿပီ။"
နဥ္ရႈက ယဲြ႕လန္ရဲ႕ပခံုးကိုပုတ္ကာဆို၏။
"ေနာက္ပိုင္း ဒီမမေလးမရွိေတာ့တဲ့အခါက်ရင္ နင္နဲ႔နင့္ရဲ႕သက္ေတာ္ေစာင့္အစ္ကိုႀကီးက တစ္ေယာက္နဲ႔တစ္ေယာက္ ေသခ်ာဂရုစိုက္ၾကရမယ္ေနာ္။"
ယဲြ႕လန္က ေတြေဝစြာေမးသည္။
"မမေလးက ဘာလို႔မရွိရမွာလဲ? ဒီအေစခံက ေသခ်ာေပါက္ မမေလးေဘးမွာပဲေနမွာ။ ဒီအေစခံအသက္ရွင္ေနခ်ိန္မွာ ဒီအေစခံက မမေလးကိုခစားမယ္။ ဒီအေစခံေသသြားရင္ေတာ့ ဒီအေစခံက မမေလးေဘးကဝိဥာဥ္အျဖစ္ေနမယ္။"
"ရၿပီ၊ ရၿပီ။"
နဥ္ရႈ လက္ကိုယမ္းလိုက္သည္။
"နင့္မမေလးက နင္ဘာကိုဆိုလိုတယ္ဆိုတာသိပါတယ္။"
ယဲြ႕လန္က ေနာက္တစ္ႀကိမ္မ်က္ရည္က်လာျပန္၏။
"မမေလး၊ မမေလးဘယ္ကိုပဲသြားသြား ဒီအေစခံကိုပါ မမေလးနဲ႔အတူေခၚသြားရမယ္ေနာ္။"
ဒီေကာင္မေလးရဲ႕မ်က္ရည္ေတြက ဘံုလိုင္ေခါင္းကေရေတြလို႔ပင္ခံစားရလာေစ၏။ မင္း ခလုတ္ဖြင့္လိုက္တာနဲ႔ ေရေတြထြက္လာလိမ့္မယ္။
"ငါ နင့္ကိုေခၚသြားမွာပါ။ စိတ္မပူပါနဲ႔။"
နဥ္ရႈကေျပာသည္။
"နင္က ေရွာင္ဟုန္လား? ငါတို႔သခင္မေလးက နင့္ကိုေတြ႕ခ်င္ေနတယ္။"
အေစခံတစ္ေယာက္ဝင္လာသည္။ နဥ္ရႈကိုျမင္တဲ့အခါ သူမရဲ႕မ်က္ဝန္းေတြထဲမွာ ရံြရွာမႈတစ္စြန္းတစ္စျဖတ္ေျပးသြား၏။
"ျမန္ျမတ္လုပ္၊ ငါတို႔သခင္မေလးက နင့္ကိုေတြ႕ခ်င္ေနတယ္၊ ၿပီးေတာ့ နင့္သခင္ေလးခ်ီရွန္းလည္းေစာင့္ေနတယ္။ ျမန္ျမန္လုပ္တာအေကာင္းဆံုးပဲ။ သခင္ေလးတို႔ကို အၾကာႀကီးေစာင့္ရေအာင္မလုပ္နဲ႔။"
လီယုေဖးက သူမရဲ႕မ်က္နွာေခ်ေတြကို ဖယ္ခြာပစ္ခ်င္ပံုရသည္။
"ျမန္ျမန္လုပ္ေလ၊ နင္ ဘာကိုေစာင့္ေနေသးတာလဲ?"
အေစခံက စိတ္မရွည္ေတာ့သည့္ေလသံျဖင့္ဆိုသည္။
နဥ္ရႈက လီယုေဖးရဲ႕ၿခံဝင္းဆီ အေစခံရဲ႕ေနာက္ကေနလိုက္သြားရင္း နႈတ္ခမ္းတို႔ကို မသိမသာတြန္႔ေကြးလိုက္၏။ သူမ အခန္းထဲဝင္လိုက္ခ်ိန္မွာေတာ့ ေရာင္စံုအျပင္အဆင္ေတြကိုဖယ္ရွားထားၿပီး အရည္အေသြးျမင့္ၿပီးက်က္သေရရွိတဲ့အျပင္အဆင္ေတြနဲ႔အသားထိုးထားၿပီျဖစ္ေၾကာင္း ေတြ႕လိုက္ရသည္။ ဒါက သူမျပင္ဆင္ထားတာနဲ႔ လံုးဝကိုကဲြျပားေပ၏။
ခ်ီရွန္းက အဓိကခန္းမမွာထိုင္ေနသည္။ နဥ္ရႈွဝင္လာတာကိုျမင္တဲ့အခါ သူကေျပာသည္။
"မွန္တယ္၊ မင္းပံုစံကို နည္းနည္းေလာက္ေျပာင္းသင့္တယ္။"
လီယုေဖးက သေဘာတူ၏။
"အရင္ဆံုး ေရသြားခ်ိဳးလိုက္။"
အမွန္ေတာ့ လီယုေဖးက သူမကို အနွီထူးဆန္းသည့္အနံ႔ႀကီးေပ်ာက္ေအာင္လုပ္ခဲ့ဟုေျပာခ်င္တာျဖစ္ေသာ္လည္း သူမအနားမွာထိုင္ေနတဲ့ခ်ီရွန္းေရွ႕မွာေတာ့ သူမ ထိုမ်ွမယဥ္မေက်းလုပ္လို႔မရေပ။
လီယုေဖးက သူမရဲ႕ရုပ္ရည္ကိုဖ်က္ဆီးမွာကိုမလိုခ်င္တဲ့အတြက္ နဥ္ရႈမွာ သူမရဲ႕ပံုစံကိုထုတ္ေဖာ္ျပဖို႔ရည္႐ြယ္ခ်က္မရွိေပ။ မ်က္နွာကိုဓားနဲ႔အလွီးခံရတာက အရမ္းနာမွာပဲေလ။
မိန္းမေတြရဲ႕မနာလိုတာႀကီးက ေၾကာက္စရာေကာင္းတယ္။
...
[Unicode]
{သက်တော်စောင့်အစ်ကိုကြီး ဘာတွေများစားနေရပါလိမ့်?}
နဉ်ရှု အမှန်ပင်ဆွံ့အနေမိပေ၏။ သူမကိုယ်သူမ ဒီလိုတွေပြင်ဆင်ထားသော်လည်း လီယုဖေးရဲ့အမုန်းတွေကို ဆွဲဆောင်မိနေသေးသည်။ လီယုဖေးရဲ့မျက်လုံးတွေက စူးရှကာ သတိအပြည့်ဖြင့်ဖြစ်နေပြီး သူမက နဉ်ရှုကို ထွင်းဖောက်သိမြင်လိုသည့်အလား စေ့စေ့စပ်စပ်စိုက်ကြည့်နေ၏။
နဉ်ရှုက စွပ်ပြုတ်ပူပူကို စားပွဲပေါ်တင်လိုက်ကာ ကြောင်တောင်တောင်အပြုံးကြီးပြုံးလျက်ဆိုသည်။
"သခင်လေး၊ သခင်မလေးယုဖေး၊ ကျွန်မ စွပ်ပြုတ်ယူလာပါပြီ။"
ချီရှန်းက ပြောသည်။
"မင်း ငါတို့ကို ဒီမှာအဖော်လုပ်ပေးဖို့မလိုဘူး။ မင်း ပြန်သွားလို့ရပြီ။"
လီယုဖေးက နွေးထွေးစွာဆိုသည်။
"ရှောင်ဟုန်၊ အခုတော့ ပြန်သွားလိုက်ပါဦး။ ဒါပေမယ့် ခဏနေကျ တို့အခန်းကိုလာခဲ့နော်။ မင်းရဲ့မျက်နှာချေက နည်းနည်းပဲအလုပ်ဖြစ်လို့ တို့ မင်းကို နောက်ထပ်မျက်နှာချေလိမ်းနည်းသင်ပေးမယ်။"
နဉ်ရှု : …
ဟား၊ ဟား။ လီယုဖေးကလည်း သူမဘယ်လိုပုံစံလဲဆိုတာသိရအောင်ကြိုးစားနေတာပဲ။
ချီရှန်းရဲ့မျက်လုံးတွေက အရောင်တောက်သွားသည်။
"မင်းတို့တွေက သူငယ်ချင်းတွေဖြစ်သင့်တယ်၊ ဒီတော့ မျက်နှာချေဘယ်လိုလိမ်းရတယ်ဆိုတာ ယုဖေးကိုသင်ခွင့်ပြု လိုက်ပါ။"
နဉ်ရှုက ထိုနှစ်ယောက်ကိုဂရုမထားဘဲ ထွက်ခွာသွားလေ၏။
သူမအခန်းကိုပြန်ရောက်တဲ့အခါ ယွဲ့လန် စားသောက်နေတာကိုမြင်လိုက်ရတဲ့အတွက် မေးခွန်းတစ်ခုက သူမခေါင်းထဲပေါ်လာသည်။ သက်တော်စောင့်အစ်ကိုကြီးက ဘာတွေများစားနေရပါလိမ့်?
နဉ်ရှု ယွဲ့လန်ကိုမေးလိုက်သည်။
"နင့်သက်တော်စောင့်အစ်ကိုကြီးရော စားပြီးပြီလား?"
ယွဲ့လန်က တူကိုချကာ နှုတ်ခမ်းစူရင်းဆို၏။
"သူက ကျွန်မရဲ့အစ်ကိုကြီးမဟုတ်ပါဘူးနော်။ ပြီးတော့ သူစားပြီးပါပြီ။ ဒီအစေခံစားတဲ့အခါတိုင်း တစ်ယောက်စာအပိုပြင်ထားပါတယ်။ မမလေး သတိရတဲ့အထိသာစောင့်နေရင် သူ ငတ်သေသွားလောက်ပြီ။"
"အိုက်ယား၊ စိတ်မကောင်းပါဘူး၊ စိတ်မကောင်းပါဘူး၊ ဒီမမလေး မှားသွားပါတယ်။ သက်တော်စောင့်အစ်ကိုကြီးမှာ သူ့အတွက်စဉ်းစားပေးတတ်တဲ့ အချစ်ကလေးယွဲ့လန်ရှိနေတာကောင်းတယ်၊ မဟုတ်ရင် သူတကယ်ငတ်သေသွားလောက်ပြီ။"
နဉ်ရှုက ယွဲ့လန်ရဲ့ပခုံးကိုပုတ်ကာဆို၏။
"နောက်ပိုင်း ဒီမမလေးမရှိတော့တဲ့အခါကျရင် နင်နဲ့နင့်ရဲ့သက်တော်စောင့်အစ်ကိုကြီးက တစ်ယောက်နဲ့တစ်ယောက် သေချာဂရုစိုက်ကြရမယ်နော်။"
ယွဲ့လန်က တွေဝေစွာမေးသည်။
"မမလေးက ဘာလို့မရှိရမှာလဲ? ဒီအစေခံက သေချာပေါက် မမလေးဘေးမှာပဲနေမှာ။ ဒီအစေခံအသက်ရှင်နေချိန်မှာ ဒီအစေခံက မမလေးကိုခစားမယ်။ ဒီအစေခံသေသွားရင်တော့ ဒီအစေခံက မမလေးဘေးကဝိဥာဉ်အဖြစ်နေမယ်။"
"ရပြီ၊ ရပြီ။"
နဉ်ရှု လက်ကိုယမ်းလိုက်သည်။
"နင့်မမလေးက နင်ဘာကိုဆိုလိုတယ်ဆိုတာသိပါတယ်။"
ယွဲ့လန်က နောက်တစ်ကြိမ်မျက်ရည်ကျလာပြန်၏။
"မမလေး၊ မမလေးဘယ်ကိုပဲသွားသွား ဒီအစေခံကိုပါ မမလေးနဲ့အတူခေါ်သွားရမယ်နော်။"
ဒီကောင်မလေးရဲ့မျက်ရည်တွေက ဘုံလိုင်ခေါင်းကရေတွေလို့ပင်ခံစားရလာစေ၏။ မင်း ခလုတ်ဖွင့်လိုက်တာနဲ့ ရေတွေထွက်လာလိမ့်မယ်။
"ငါ နင့်ကိုခေါ်သွားမှာပါ။ စိတ်မပူပါနဲ့။"
နဉ်ရှုကပြောသည်။
"နင်က ရှောင်ဟုန်လား? ငါတို့သခင်မလေးက နင့်ကိုတွေ့ချင်နေတယ်။"
အစေခံတစ်ယောက်ဝင်လာသည်။ နဉ်ရှုကိုမြင်တဲ့အခါ သူမရဲ့မျက်ဝန်းတွေထဲမှာ ရွံရှာမှုတစ်စွန်းတစ်စဖြတ်ပြေးသွား၏။
"မြန်မြတ်လုပ်၊ ငါတို့သခင်မလေးက နင့်ကိုတွေ့ချင်နေတယ်၊ ပြီးတော့ နင့်သခင်လေးချီရှန်းလည်းစောင့်နေတယ်။ မြန်မြန်လုပ်တာအကောင်းဆုံးပဲ။ သခင်လေးတို့ကို အကြာကြီးစောင့်ရအောင်မလုပ်နဲ့။"
လီယုဖေးက သူမရဲ့မျက်နှာချေတွေကို ဖယ်ခွာပစ်ချင်ပုံရသည်။
"မြန်မြန်လုပ်လေ၊ နင် ဘာကိုစောင့်နေသေးတာလဲ?"
အစေခံက စိတ်မရှည်တော့သည့်လေသံဖြင့်ဆိုသည်။
နဉ်ရှုက လီယုဖေးရဲ့ခြံဝင်းဆီ အစေခံရဲ့နောက်ကနေလိုက်သွားရင်း နှုတ်ခမ်းတို့ကို မသိမသာတွန့်ကွေးလိုက်၏။ သူမ အခန်းထဲဝင်လိုက်ချိန်မှာတော့ ရောင်စုံအပြင်အဆင်တွေကိုဖယ်ရှားထားပြီး အရည်အသွေးမြင့်ပြီးကျက်သရေရှိတဲ့အပြင်အဆင်တွေနဲ့အသားထိုးထားပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။ ဒါက သူမပြင်ဆင်ထားတာနဲ့ လုံးဝကိုကွဲပြားပေ၏။
ချီရှန်းက အဓိကခန်းမမှာထိုင်နေသည်။ နဉ်ရှုဝင်လာတာကိုမြင်တဲ့အခါ သူကပြောသည်။
"မှန်တယ်၊ မင်းပုံစံကို နည်းနည်းလောက်ပြောင်းသင့်တယ်။"
လီယုဖေးက သဘောတူ၏။
"အရင်ဆုံး ရေသွားချိုးလိုက်။"
အမှန်တော့ လီယုဖေးက သူမကို အနှီထူးဆန်းသည့်အနံ့ကြီးပျောက်အောင်လုပ်ခဲ့ဟုပြောချင်တာဖြစ်သော်လည်း သူမအနားမှာထိုင်နေတဲ့ချီရှန်းရှေ့မှာတော့ သူမ ထိုမျှမယဉ်မကျေးလုပ်လို့မရပေ။
လီယုဖေးက သူမရဲ့ရုပ်ရည်ကိုဖျက်ဆီးမှာကိုမလိုချင်တဲ့အတွက် နဉ်ရှုမှာ သူမရဲ့ပုံစံကိုထုတ်ဖော်ပြဖို့ရည်ရွယ်ချက်မရှိပေ။ မျက်နှာကိုဓားနဲ့အလှီးခံရတာက အရမ်းနာမှာပဲလေ။
မိန်းမတွေရဲ့မနာလိုတာကြီးက ကြောက်စရာကောင်းတယ်။
...
Advertisement
- In Serial58 Chapters
The Seeker's Quest
This is my first full creation I hope you enjoy. Shae was raised mostly by her parents, though she spent the summers at her Great grand uncles house since she was 5. He was a bit odd, though attentive, and taught her to have fun with skills long out dated. She solved puzzles, riddles, and learned to track. They enjoyed time in the woods living off the land. His house was beyond fun and games during the summer for a young girl who was taught to love adventures. Now years later she is about to find her own way to adventures she never dreamed of. And maybe, never wanted.
8 107 - In Serial83 Chapters
မျန်ရဲ့ဝိညာဉ် ကူးပြောင်းလာတယ် ||မြန်မာဘာသာပြန်||
This is just a fan translation.I don't own this novel.All Credit to Original Author & Eng Translator ^•^/Original Author - LianXiNingMouEng Translator - foxaholicCHAPTER : 222 chapters (Complete)STARTING DATE : 16.12.2021ENDING DATE :SOURCE : https://www.novelupdates.com/series/transmigration-of-mian-reluctantly-becomes-his-man-wife/Both are available NOW!!!
8 247 - In Serial13 Chapters
In My Head
A circle is inscribed upon stone, chants are repeated over and over, calling, calling out into the aether, calling for one to come. Who am I? Where am I? How did I get here? I don't understand, is that magic? What even is that? Please help me. Together we'll be taking a journey through the mind of... well, we'll have to find that out together. Chapters will be short and fast and reader interaction will be key. I'll be adjusting the tags as we get to new places.
8 154 - In Serial17 Chapters
Peter And Wendy
"Me? Forget? Never."-----Cover Credit- @lanterns_gleam
8 216 - In Serial37 Chapters
Billy Hargrove imagines
A collection of all of my Billy Hargrove works.
8 186 - In Serial33 Chapters
Feral (Book 1, the Feral Series)
C41 was taught to fight and never trust anyone but a select few. But in order to leave prison, he might have to work with those who can break him. *****Inmate C41 is the youngest registered "feral" shapeshifter -- someone unable to control his animal urges and aggressions. When he turns eighteen he is transferred to the Adult Feral Rehabilitation Center in Scotland, where he meets a mysterious American government agent who endlessly probes him with questions. C41 does the only thing he thinks will help him survive - he lies. And that starts a chain of events that will either end in a prison break or a life of torture.Content and/or Trigger Warning: sex and violence.[[Wattys' Shortlist]][[word count: 70,000-80,000 words]]
8 74

