《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 58
Advertisement
[Zawgyi]
{မုယန္မုန္႔က ျမင့္ျမတ္တဲ့အလွေလး}
နဥ္ရႈရဲ႕မယံုသကၤာအၾကည့္ကိုျမင္တဲ့အခါ ခ်ီရွန္းရဲ႕မ်က္နွာက ရႈံ႕မဲ့လာေတာ့၏။ သူမရဲ႕မယံုသကၤာနဲ႔အရွက္မရွိတဲ့အၾကည့္က ဒီအမ်ိဳးသမီးက မုယန္မုန္႔မဟုတ္ဘူးဆိုတဲ့အခ်က္အား သူ႔ကို ထပ္မံယံုၾကည္လာေစသည္။ မုယန္မုန္႔က ျမင့္ျမတ္တဲ့အလွေလးမို႔ ဒီလိုျဖစ္ေနစရာအေၾကာင္းမရွိေပ။
"ထြက္သြား၊ ငါ မင္းကိုမျမင္ခ်င္ဘူး။"
ခ်ီရွန္းက သူ႔နွာေခါင္းကို စိတ္အေနွာင့္အယွက္ျဖစ္စြာပြတ္လိုက္သည္။
နဥ္ရႈသည္ အလ်င္အျမန္ပင္ထြက္သြားရန္ျပင္ေတာ့၏။
ခ်ီရွန္းက သူမကိုထပ္ေခၚျပန္သည္။
"ေရွာင္ဟုန္၊ ခဏေနဦး။"
ိနဥ္ရႈက လွည့္ကာေမးသည္။
"သခင္ေလး၊ တစ္ခုခုခိုင္းစရာရွိလို႔လား?"
ခ်ီရွန္းက နဥ္ရႈထံ ေလ်ွာက္လာကာ တည္ၿငိမ္စြာေမး၏။
"ေရွာင္ဟုန္၊ ငါမင္းကို ေနာက္ဆံုးအၾကမ္ေမးမယ္၊ မင္းက မုယန္မုန္႔လား?"
"ဒါက ဒီသခင္ေလးအေနနဲ႔ မင္းကိုေနာက္ဆံုးတစ္ႀကိမ္ အခြင့္အေရးေပးတာမို႔ အမွန္အတိုင္းေျပာပါ။ မင္းက မုယန္မုန္႔ဟုတ္လား၊ မဟုတ္ဘူးလား?"
ခ်ီရွန္းရဲ႕အမူအရာက အရမ္းကိုေလးနက္ေနေသာ္လည္း နဥ္ရႈကမူ လက္ကိုယမ္းကေမး၏။
"သခင္ေလးဘာျဖစ္ေနတာလဲ? ဒီအေစခံက မုယန္မုန္႔မဟုတ္ပါဘူးလို႔ေျပာၿပီးၿပီေလ။ ဒီအေစခံရဲ႕နာမည္က ေရွာင္ဟုန္ပါ။ သခင္ေလး ဒီအေစခံကို ဘယ္နွႀကိမ္ေလာက္ျပန္ေျပာရေအာင္လုပ္ေနတာလဲ?"
"ေကာင္းတယ္၊ အရမ္းေကာင္းတယ္။ မင္းက ငါ့ကိုအႀကိမ္ႀကိမ္လာဆြၿပီး ေပ်ာ္ေနတာေပါ့ေလ?"
ခ်ီရွန္းရဲ႕မ်က္နွာက ေဖြးဆုတ္သြားသည္။
"အခုကစၿပီး မင္းက ငါ့ကိုယ္ပိုင္အေးခံမဟုတ္ေတာ့ဘူး။ မင္းက အခုကစၿပီး အိမ္သာေဆးရတဲ့အေစခံျဖစ္သြားၿပီ။"
ခ်ီရွန္းကို ထိုကဲ့သို႔ေျပာၿပီးေနာက္ လွည့္ထြက္သြားေတာ့၏။ သို႔ေသာ္လည္း ေျခလွမ္းအနည္းငယ္လွမ္းၿပီးေနာက္ သူကျပန္လွည့္လာကာ ထပ္ျဖည့္ကာဆိုသည္။
"ဒါက ဒီသခင္ေလးကိုလွည့္စားတဲ့အတြက္ပဲ။"
WTF? သူကသာ အကုန္လံုးကို တစ္ဖက္သက္ယူဆထားခဲ့တာေလ။ သူမက မုယန္မုန္႔ပါလို႔ တစ္ခါမွမေျပာခဲ့ဘဲနဲ႔ေတာင္ သူမကို အျပစ္လာတင္ေနေသးတယ္ေပါ့?
ယုတၲိေရာရွိရဲ႕လား?
သူမ ကိုယ္ပိုင္အေစခံရာထူးမွ ျဖဳတ္ခ်ျခင္းခံလိုက္ရသည္နွင့္ အိမ္ေတာ္ထန္း၏သေဘာထားက ခ်က္ခ်င္းပင္ေျပာင္းလဲသြားေတာ့သည္။ သူမက နဥ္ရႈကို ဆီး(ေသး)အိုးမ်ားေဆးသည့္ေနရာသို႔ေခၚလာသည္။
"အခုကစၿပီး နင့္အလုပ္က ေခ်းေတြသြန္ဖို႔နဲ႔ ဆီးအိုးေတြေဆးဖို႔ပဲ။"
နဥ္ရႈ : Fuckပဲ ခ်ီရွန္း…
ရက္စက္လြန္းတယ္! ဒီအနံ႔က သူမကိုယ္က အၿမဲရေနတဲ့အနံ႔ဆိုးထက္ အမ်ားႀ်ားႀကီးပိုဆိုးသည္။
အိမ္ေတာ္ထိန္းက ေအးစက္စက္နွာမႈတ္ကာဆို၏။
"နင္က ကိုယ့္ေနရာကိုယ္မသိဘူးပဲ။ နင္က အားမကိုးရဘူးဆိုတာ ငါနင့္ကိုပထမဆံုးအႀကိမ္ေတြ႕တည္းက ငါသိတယ္။ နင္ သခင္ေလးကိုေဒါသထြက္ေစၿပီးတည္းက နင္ အခ်ိန္မေ႐ြးအျဖဳတ္ခံရေတာ့မွာ။"
နဥ္ရႈက လက္ျဖန္႔လိုက္သည္။ အိမ္ေတာ္ထိန္းက ရႈပ္ေထြးသြားဟန္ျဖင့္ေမးလာသည္။
"နင္ ဘာလုပ္ေနတာလဲ?"
"ကြၽန္မ ရွင့္ကိုေပးခဲ့တဲ့ေငြတံုးေတြျပန္ေပးေလ။ အဲ့တုန္းကေတာ့ ကြၽန္မမွာ အရည္အခ်င္းအမ်ားႀ်ားႀကီးရွိတယ္လို႔ ရွင္ေျပာခဲ့တာပဲ။"
နဥ္ရႈက ျပတ္သားစြာဆိုသည္။
အိမ္ေတာ္ထိန္း၏မ်က္လံုးမ်ားမွာ က်ဥ္းေျမာင္းသြားသည္။
"ဒီလူအိုမႀကီးက နင့္ဆီက ဘယ္တုန္းကမ်ား ေငြတံုးေတြလက္ခံဖူးလို႔လဲ?"
နဥ္ရႈ : …
ဟုတ္ၿပီေလ၊ ဒီအေစခံအိုႀကီးမွာ မွတ္ဥာဏ္ခ်ိဳ႕ယြင္းတဲ့ေရာဂါရွိေနတာျဖစ္ရမယ္။ သူမက ေအးစက္စြာရယ္ကာျပာသည္။
"ဒါဆိုလည္း အဲ့ဒါကို ရွင့္စ်ာပနအတြက္ ကူေငြလို႔သေဘာထားလိုက္ေပါ့။"
"နင္ ငါ့ကိုက်ိန္ဆဲရဲတယ္?"
အိမ္ေတာ္ထိန္းႀကီးရဲ႕မ်က္နွာက ဆိုး႐ြားသြားေတာ့သည္။
"နင္က ဘာမွအသံုးမက်တဲ့ရုပ္ဆိုးမပဲ။ သခင္ေလးက နင့္ကိုျပန္ေခၚမယ္လို႔မ်ားထင္ေနလား? စိတ္ႀကီးဝင္ေနတဲ့ အယုတ္တမာမ။"
"ရွင္ကသာ စိတ္ႀကီးဝင္ေနတဲ့အယုတ္တမာမ။ ငါ့မမေလးကို ဒီလိုေခၚရဲတယ္ေပါ့ေလ။ ငါ့မမေလးရဲ႕အဆင့္အတန္းကိုေရာ နင္သိရဲ႕လား? နင္က ငါ့မမေလးကို ဒီလိုညစ္ပတ္တဲ့အလုပ္ေတြ ဘယ္လိုေတာင္လုပ္ခိုင္းရဲရတာလဲ။"
ယဲြ႕လန္က ရင္ကိုေကာ့ကာ အိမ္ေတာ္ထိန္းကို ဟန္ကပါပါျဖင့္နႈတ္လွန္ထိုး၏။ အိမ္ေတာ္ထိန္းမွာ အံ့အားမသင့္ဘဲမေနနိုင္ေတာ့ေခ်။
ဝန္ႀကီးခ်ဳပ္အိမ္ေတာ္က အေစခံဆိုတဲ့အတိုင္း သူမမွာ အေတြ႕အႀကံဳေတြအမ်ားႀကီးရွိတာပဲ။
နဥ္ရႈက ယဲြ႕လန္ကို လက္မေထာင္ျပလိုက္သည္။ ယဲြ႕လန္က သူမကိုျပန္ၿပံဳးျပလာတာေၾကာင့္ သူမရဲ႕ဟိတ္ႀကီးဟန္ႀကီးဟန္ပန္မွာ ေပ်ာက္ကြယ္သြားေတာ့သည္။
အိမ္ေတာ္ထိန္းက နဥ္ရႈကိုမ်က္ေစာင္းထိုးကာ ေဒါသထြက္ေနဟန္နွင့္ထြက္သြားေတာ့သည္။
အမ်ိဳးသမီးဇာတ္လိုက္က ဆိုး႐ြာလွေသာဒုကၡအခက္အခဲမ်ားနွင့္ႀကံဳေတြ႕ေနရခ်ိန္မွာ အမ်ိဳးသမီးဇာတ္လိုက္ကို အနိုင္က်င့္လိုေသာ မနာလုိမုန္းတီးေနၾကသည့္အေျမာက္စာဇာတ္ေကာင္ေလးမ်ားရွိတတ္သည္မွာ ဧကန္မလဲြပင္။ သူမကိုယ္တိုင္ ဒီလိုျဖစ္ေစခဲ့တယ္ဆိုတာကို နဥ္ရႈကေတာ့ဘယ္ေတာ့မွဝန္ခံလိမ့္မည္မဟုတ္ပါေခ်။
သူမက အမ်ိဳးသမီးဇာတ္လိုက္ျဖစ္တဲ့အတြက္ ဇာတ္လမ္းက သူမကို ေသခြင့္ျပဳမွာမဟုတ္ဘူးဆိုတာကို သူမသိေနတာေၾကာင့္ မေၾကာက္ပါေခ်။ သူမအေနနဲ႔ ဒီလူခုနစ္ေယာက္ရဲ႕တြန္းလွဲျခင္းကိုေရွာင္ရွားေနနိုင္သေ႐ြ႕ တာဝန္ေအာင္ျမင္တယ္လို႔သတ္မွတ္ရမွာျဖစ္ၿပီး မုယန္မုန္႔ကို ဒီလူေတြရဲ႕လက္ထဲကေနေရာ၊ np-sex အဆံုးသတ္ကေနေရာ ေအာင္ျမင္စြာကယ္တင္နိုင္မည္ျဖစ္၏။
အမွန္အတိုင္းေျပာရမည္ဆိုလ်ွင္ေတာ့ တြန္းလွဲခံရနိုင္သည့္ၿခိမ္းေျခာက္မႈတို႔ရွိေနေသာ အမ်ိဳးသားဇာတ္လိုက္နဲ႔အတူရွိေနရမွာထက္စာလ်ွင္ ဒီျဖတ္သြားျဖတ္လာNPCေတြ၊ အေျမာက္သာဇာတ္ေကာင္ေတြနဲ႔ ဆက္ဆံရျခင္းကို ပို၍သေဘာက်ေပသည္။ အနည္းဆံုးေတာ့ အခု သူမရင္ဆိုင္ေနရတာေတြက ေခ်းအိုးေတြနဲ႔ေသးအိုးေတြျဖစ္ၿပီး အမ်ိဳးသားဇာတ္လိုက္တစ္ေယာက္ေယာက္က သူမကိုတြန္းလွဲမွာကို စိတ္ပူေနစရာမလိုေတာ့ေပ။
...
[Unicode]
{မုယန်မုန့်က မြင့်မြတ်တဲ့အလှလေး}
နဉ်ရှုရဲ့မယုံသင်္ကာအကြည့်ကိုမြင်တဲ့အခါ ချီရှန်းရဲ့မျက်နှာက ရှုံ့မဲ့လာတော့၏။ သူမရဲ့မယုံသင်္ကာနဲ့အရှက်မရှိတဲ့အကြည့်က ဒီအမျိုးသမီးက မုယန်မုန့်မဟုတ်ဘူးဆိုတဲ့အချက်အား သူ့ကို ထပ်မံယုံကြည်လာစေသည်။ မုယန်မုန့်က မြင့်မြတ်တဲ့အလှလေးမို့ ဒီလိုဖြစ်နေစရာအကြောင်းမရှိပေ။
"ထွက်သွား၊ ငါ မင်းကိုမမြင်ချင်ဘူး။"
ချီရှန်းက သူ့နှာခေါင်းကို စိတ်အနှောင့်အယှက်ဖြစ်စွာပွတ်လိုက်သည်။
နဉ်ရှုသည် အလျင်အမြန်ပင်ထွက်သွားရန်ပြင်တော့၏။
ချီရှန်းက သူမကိုထပ်ခေါ်ပြန်သည်။
"ရှောင်ဟုန်၊ ခဏနေဦး။"
ိနဉ်ရှုက လှည့်ကာမေးသည်။
"သခင်လေး၊ တစ်ခုခုခိုင်းစရာရှိလို့လား?"
ချီရှန်းက နဉ်ရှုထံ လျှောက်လာကာ တည်ငြိမ်စွာမေး၏။
"ရှောင်ဟုန်၊ ငါမင်းကို နောက်ဆုံးအကြမ်မေးမယ်၊ မင်းက မုယန်မုန့်လား?"
"ဒါက ဒီသခင်လေးအနေနဲ့ မင်းကိုနောက်ဆုံးတစ်ကြိမ် အခွင့်အရေးပေးတာမို့ အမှန်အတိုင်းပြောပါ။ မင်းက မုယန်မုန့်ဟုတ်လား၊ မဟုတ်ဘူးလား?"
ချီရှန်းရဲ့အမူအရာက အရမ်းကိုလေးနက်နေသော်လည်း နဉ်ရှုကမူ လက်ကိုယမ်းကမေး၏။
"သခင်လေးဘာဖြစ်နေတာလဲ? ဒီအစေခံက မုယန်မုန့်မဟုတ်ပါဘူးလို့ပြောပြီးပြီလေ။ ဒီအစေခံရဲ့နာမည်က ရှောင်ဟုန်ပါ။ သခင်လေး ဒီအစေခံကို ဘယ်နှကြိမ်လောက်ပြန်ပြောရအောင်လုပ်နေတာလဲ?"
Advertisement
"ကောင်းတယ်၊ အရမ်းကောင်းတယ်။ မင်းက ငါ့ကိုအကြိမ်ကြိမ်လာဆွပြီး ပျော်နေတာပေါ့လေ?"
ချီရှန်းရဲ့မျက်နှာက ဖွေးဆုတ်သွားသည်။
"အခုကစပြီး မင်းက ငါ့ကိုယ်ပိုင်အေးခံမဟုတ်တော့ဘူး။ မင်းက အခုကစပြီး အိမ်သာဆေးရတဲ့အစေခံဖြစ်သွားပြီ။"
ချီရှန်းကို ထိုကဲ့သို့ပြောပြီးနောက် လှည့်ထွက်သွားတော့၏။ သို့သော်လည်း ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် သူကပြန်လှည့်လာကာ ထပ်ဖြည့်ကာဆိုသည်။
"ဒါက ဒီသခင်လေးကိုလှည့်စားတဲ့အတွက်ပဲ။"
WTF? သူကသာ အကုန်လုံးကို တစ်ဖက်သက်ယူဆထားခဲ့တာလေ။ သူမက မုယန်မုန့်ပါလို့ တစ်ခါမှမပြောခဲ့ဘဲနဲ့တောင် သူမကို အပြစ်လာတင်နေသေးတယ်ပေါ့?
ယုတ္တိရောရှိရဲ့လား?
သူမ ကိုယ်ပိုင်အစေခံရာထူးမှ ဖြုတ်ချခြင်းခံလိုက်ရသည်နှင့် အိမ်တော်ထန်း၏သဘောထားက ချက်ချင်းပင်ပြောင်းလဲသွားတော့သည်။ သူမက နဉ်ရှုကို ဆီး(သေး)အိုးများဆေးသည့်နေရာသို့ခေါ်လာသည်။
"အခုကစပြီး နင့်အလုပ်က ချေးတွေသွန်ဖို့နဲ့ ဆီးအိုးတွေဆေးဖို့ပဲ။"
နဉ်ရှု : Fuckပဲ ချီရှန်း…
ရက်စက်လွန်းတယ်! ဒီအနံ့က သူမကိုယ်က အမြဲရနေတဲ့အနံ့ဆိုးထက် အမျာျးြားကြီးပိုဆိုးသည်။
အိမ်တော်ထိန်းက အေးစက်စက်နှာမှုတ်ကာဆို၏။
"နင်က ကိုယ့်နေရာကိုယ်မသိဘူးပဲ။ နင်က အားမကိုးရဘူးဆိုတာ ငါနင့်ကိုပထမဆုံးအကြိမ်တွေ့တည်းက ငါသိတယ်။ နင် သခင်လေးကိုဒေါသထွက်စေပြီးတည်းက နင် အချိန်မရွေးအဖြုတ်ခံရတော့မှာ။"
နဉ်ရှုက လက်ဖြန့်လိုက်သည်။ အိမ်တော်ထိန်းက ရှုပ်ထွေးသွားဟန်ဖြင့်မေးလာသည်။
"နင် ဘာလုပ်နေတာလဲ?"
"ကျွန်မ ရှင့်ကိုပေးခဲ့တဲ့ငွေတုံးတွေပြန်ပေးလေ။ အဲ့တုန်းကတော့ ကျွန်မမှာ အရည်အချင်းအမျာျးြားကြီးရှိတယ်လို့ ရှင်ပြောခဲ့တာပဲ။"
နဉ်ရှုက ပြတ်သားစွာဆိုသည်။
အိမ်တော်ထိန်း၏မျက်လုံးများမှာ ကျဉ်းမြောင်းသွားသည်။
"ဒီလူအိုမကြီးက နင့်ဆီက ဘယ်တုန်းကများ ငွေတုံးတွေလက်ခံဖူးလို့လဲ?"
နဉ်ရှု : …
ဟုတ်ပြီလေ၊ ဒီအစေခံအိုကြီးမှာ မှတ်ဥာဏ်ချို့ယွင်းတဲ့ရောဂါရှိနေတာဖြစ်ရမယ်။ သူမက အေးစက်စွာရယ်ကာပြာသည်။
"ဒါဆိုလည်း အဲ့ဒါကို ရှင့်ဈာပနအတွက် ကူငွေလို့သဘောထားလိုက်ပေါ့။"
"နင် ငါ့ကိုကျိန်ဆဲရဲတယ်?"
အိမ်တော်ထိန်းကြီးရဲ့မျက်နှာက ဆိုးရွားသွားတော့သည်။
"နင်က ဘာမှအသုံးမကျတဲ့ရုပ်ဆိုးမပဲ။ သခင်လေးက နင့်ကိုပြန်ခေါ်မယ်လို့များထင်နေလား? စိတ်ကြီးဝင်နေတဲ့ အယုတ်တမာမ။"
"ရှင်ကသာ စိတ်ကြီးဝင်နေတဲ့အယုတ်တမာမ။ ငါ့မမလေးကို ဒီလိုခေါ်ရဲတယ်ပေါ့လေ။ ငါ့မမလေးရဲ့အဆင့်အတန်းကိုရော နင်သိရဲ့လား? နင်က ငါ့မမလေးကို ဒီလိုညစ်ပတ်တဲ့အလုပ်တွေ ဘယ်လိုတောင်လုပ်ခိုင်းရဲရတာလဲ။"
ယွဲ့လန်က ရင်ကိုကော့ကာ အိမ်တော်ထိန်းကို ဟန်ကပါပါဖြင့်နှုတ်လှန်ထိုး၏။ အိမ်တော်ထိန်းမှာ အံ့အားမသင့်ဘဲမနေနိုင်တော့ချေ။
ဝန်ကြီးချုပ်အိမ်တော်က အစေခံဆိုတဲ့အတိုင်း သူမမှာ အတွေ့အကြုံတွေအများကြီးရှိတာပဲ။
နဉ်ရှုက ယွဲ့လန်ကို လက်မထောင်ပြလိုက်သည်။ ယွဲ့လန်က သူမကိုပြန်ပြုံးပြလာတာကြောင့် သူမရဲ့ဟိတ်ကြီးဟန်ကြီးဟန်ပန်မှာ ပျောက်ကွယ်သွားတော့သည်။
အိမ်တော်ထိန်းက နဉ်ရှုကိုမျက်စောင်းထိုးကာ ဒေါသထွက်နေဟန်နှင့်ထွက်သွားတော့သည်။
အမျိုးသမီးဇာတ်လိုက်က ဆိုးရွာလှသောဒုက္ခအခက်အခဲများနှင့်ကြုံတွေ့နေရချိန်မှာ အမျိုးသမီးဇာတ်လိုက်ကို အနိုင်ကျင့်လိုသော မနာလိုမုန်းတီးနေကြသည့်အမြောက်စာဇာတ်ကောင်လေးများရှိတတ်သည်မှာ ဧကန်မလွဲပင်။ သူမကိုယ်တိုင် ဒီလိုဖြစ်စေခဲ့တယ်ဆိုတာကို နဉ်ရှုကတော့ဘယ်တော့မှဝန်ခံလိမ့်မည်မဟုတ်ပါချေ။
သူမက အမျိုးသမီးဇာတ်လိုက်ဖြစ်တဲ့အတွက် ဇာတ်လမ်းက သူမကို သေခွင့်ပြုမှာမဟုတ်ဘူးဆိုတာကို သူမသိနေတာကြောင့် မကြောက်ပါချေ။ သူမအနေနဲ့ ဒီလူခုနစ်ယောက်ရဲ့တွန်းလှဲခြင်းကိုရှောင်ရှားနေနိုင်သရွေ့ တာဝန်အောင်မြင်တယ်လို့သတ်မှတ်ရမှာဖြစ်ပြီး မုယန်မုန့်ကို ဒီလူတွေရဲ့လက်ထဲကနေရော၊ np-sex အဆုံးသတ်ကနေရော အောင်မြင်စွာကယ်တင်နိုင်မည်ဖြစ်၏။
အမှန်အတိုင်းပြောရမည်ဆိုလျှင်တော့ တွန်းလှဲခံရနိုင်သည့်ခြိမ်းခြောက်မှုတို့ရှိနေသော အမျိုးသားဇာတ်လိုက်နဲ့အတူရှိနေရမှာထက်စာလျှင် ဒီဖြတ်သွားဖြတ်လာNPCတွေ၊ အမြောက်သာဇာတ်ကောင်တွေနဲ့ ဆက်ဆံရခြင်းကို ပို၍သဘောကျပေသည်။ အနည်းဆုံးတော့ အခု သူမရင်ဆိုင်နေရတာတွေက ချေးအိုးတွေနဲ့သေးအိုးတွေဖြစ်ပြီး အမျိုးသားဇာတ်လိုက်တစ်ယောက်ယောက်က သူမကိုတွန်းလှဲမှာကို စိတ်ပူနေစရာမလိုတော့ပေ။
...
Advertisement
- In Serial55 Chapters
Rat In The Dungeon
I used to be completely normal dude, living the life. Not bad not great, but it was okay.Well that was until i died miserably.Usually that would be the end of it, but to my surprise that was only the beginning.I had a life.I had a friend.I had a job.Aaaand now my only pride is whiskers, maybe a tail as well.Follow me on my adventure through my second life, where i will surely not die miserably ever again. This is my second attempt at story. I have no doubts there will be plethora of typos and possibly even mistakes. I will try my very best to fix anything, anyone will point out. English is not my native language but i will do my best.Enjoy my story and have a nice day. Wulfos PS: I have found a lovely lady Aoibh that did a cover for my novel for free. https://www.royalroad.com/forums/thread/108162 Rights for non-commercial usage of the art were given to me for free use on scribble hub and royal roads by Aoibh.Thats all.
8 87 - In Serial7 Chapters
Truthsend
People disappeared. And nobody remembers. Florence lives in Truthsend Village, her life governed by two principles: - Nobody leaves - Nobody lies But when Outsiders come to the village, she begins to question both of these Truths.
8 144 - In Serial18 Chapters
The King of Avarice
And god declared there shall be 7 sins. But god was mistaken for all sins are greed. This is the Story of one such sinner. No Story about a heroic swordsman or an mighty mage. But one of someone who indulges in his greed. And others greed along his path. Someone who shall become the King of Avarice itself~ "Welcome to the 3 Cups 1 Winner. I am Nick Fallow the owner of this magnificent casino. Since the war ended times have been tough but I have been getting by. After all, Greed is still king. Money, women, riches, and fame are still in strong demand and I offer them all at my business. Even life can be gambled away here and I’ll get everything my heart desires, even if it means everyone else has to go without. My doors are always open to any who would push their luck to fulfill their greed. Bringing money to my own coffers" From the creator of RE:God and Metior. Member of Scribble. NOW ON AMAZON!
8 72 - In Serial11 Chapters
Imagining Online: The game
Hiro Gustavsson a half Swedish half Japanese guy enters the world of Imagine Online to experience a second life full of Fantasy, Action, Comedy and Friendship. At the first day in Imagine online something happens that may bring him to fame or infame.Read to see what exciting things will develop for him with, what happened and will he strive for fame or infame in the end?Warning slow updates! Reason? Well private matters, for those who read through this before I can tell you that my Grandma died 14th april this year, 2016.
8 144 - In Serial14 Chapters
Little Beirut
Walter is a tanuki in a fictional version of Portland inhabited by animals. Nearing middle age, Walter has a comfortable career in TV news, which allows him to indulge his more expensive tastes. He has a big house, a big car, and a big reputation. After a spat with his girlfriend ends with injury and a trip to the emergency room, Walter finds himself nearing a mid-life crisis. While his professional life has never been better, his private life begins to race out of control. Impulse purchases, rebound relationships, a renewed sense of youthful recklessness all begin to quickly threaten his peaceful life of solitude.
8 78 - In Serial15 Chapters
Cleaning Up After the Heroes
The day of prophecy has finally come. The Hero has drawn the Sword of Dawn and is off to slay the Demon King with his three companions. However, before heading out, he has sent off a call for someone, anyone, to follow his party and chronicle their journeys. A call that has reached the ears of one Ilala Twistfall, a gnome historian with a heart for adventure. Unfortunately, she arrived a little too late, and the position was already filled. Now, she's desperately trying to catch up to the Heroes to beg for another chance. But throughout her own adventures, she will soon discover that, even with the best of intentions, the Heroes' actions have had some unintended side-effects.
8 107

