《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 67
Advertisement
[Zawgyi]
{အူေၾကာင္ေၾကာင္ပညာရွိလား? ဒါမွမဟုတ္ နတ္ေဆးသမားေတာ္လား?}
အစိမ္းေရာင္ဝတ္စံုကိုဝတ္ဆင္ထားသည့္အမ်ိဳးသားက သူသယ္လာေသာဝါးျခင္းေတာင္းကို ခ်လိုက္သည္။ ျခင္းထဲမွာ ေဆးပင္ေတြကာေနတာကိုေတြ႕လိုက္ခ်ိန္၌ နဥ္ရႈ ရႈပ္ေထြးသြားသည္။ ဒီလူက အူေၾကာင္ေၾကာင္ပညာရွိလား ဒါမွမဟုတ္ နတ္ေဆးသမားေတာ္လား?
နဥ္ရႈ လ်ွိဳ႕ဝွက္သက္ေတာ္ေစာင့္ကိုေျပာလိုက္သည္။
"မီးထဲက ၾကက္ကင္က စားလို႔ရေသးလားၾကည့္လိုက္ဦး။ စားလို႔ရေသးရင္ ဒီသခင္ေလးကို လတ္ဆတ္တဲ့ ေတာၾကက္သားေလး ျမည္းစမ္းၾကည့္ခိုင္းလိုက္ပါ။"
လ်ွိဳ႕ဝွက္သက္ေတာ္ေစာင့္က နဥ္ရႈကိုၾကည့္လိုက္ၿပီးေနာက္ မဲနက္ေနၿပီျဖစ္ေသာၾကက္ကင္ကိုဆဲံထုတ္လိုက္၏။ ၾကည့္ရတာေတာ့ စားလို႔မရေတာ့သည့္ပံုပင္။
အစိမ္းေရာင္ဝတ္စံုကိုဝတ္ဆင္ထားေသာအမ်ိဳးသားက အလ်င္စလိုဆိုလာ၏။
"မလိုပါဘူး အစ္ကို။ ကြၽန္ေတာ့္မွာ စားစရာပါလာပါတယ္ခင္ဗ်ာ။"
သူက ေျပာရင္းျဖင့္ ေျပာင္းဖူးမုန္႔ဝိုင္းတစ္ခုကို ထုတ္ယူလိုက္၏။ သူတို႔သံုးေယာက္က သူ႔ကိုၾကည့္ေနတာကိုေတြ႕သည္၌ သူက ေနာက္ထပ္တစ္ခုကိုထပ္ထုတ္ကာ နဥ္ရႈကိုေပးလိုက္ၿပီး ေျပာသည္။
"ဒါေတြက ေက်းေတာ႐ြာကအစားအစာေတြဆိုေတာ့ သခင္မေလးက ဒါကိုလက္ခံနိုင္ပါ့မလား မသိဘူး။"
"ရပါတယ္ရွင္။"
နဥ္ရႈက မုန္႔ဝိုင္းကိုယူကာ ကိုက္လိုက္သည္။ သူမသြားေတြ ကြၽတ္ထြက္သြားေတာ့မလိုပင္ခံစားလိုက္ရ၏။ တစ္ကိုက္ ကိုက္ၿပီးေနာက္ နဥ္ရႈက မုန္႔ကို ယဲြ႕လန္ဆီကမ္းေပးကာဆိုသည္။
"စားၾကည့္၊ ဆန္ၾကမ္းေတြက အေလးသြားတာကို အေထာက္အကူျပဳတယ္။"
နဥ္ရႈေျပာလိုက္တာကိုၾကားသည္၌ အမ်ိဳးသားက မ်က္ေမွာင္ကုတ္လိုက္ေသာ္လည္း ဘာမွေတာ့မေျပာေပ။
ယဲြ႕လန္က မုန္႔ကိုယူကာ တစ္ကိုက္ကိုက္ၿပီးေနာက္ မုန္႔ကုိလ်ွိဳ႕ဝွက္သက္ေတာ္ေစာင့္ဆီကမ္းေပးလိုက္၏။ လ်ွိဳ႕ဝွက္သက္ေတာ္ေစာင့္က တစ္ကိုက္ကိုက္ၾကည့္ၿပီးေနာက္ မုန္႔ကိုလႊင့္ပစ္ကာဆိုသည္။
"မုန္႔က ေတာ္ေတာ္ေလးမာတယ္။"
အမ်ိဳးသားက လက္ကိုကပ်ာကယာေဝွ႔ယမ္းကာေျပာသည္။
"ဒါက စားလို႔မရေလာက္ေအာင္မာေနတာေတာ့မဟုတ္ပါဘူး။ သူတို႔က ေတာ႐ြာေတြက ဆန္ၾကမ္းေတြနဲ႔လုပ္ထားရံုပါ။ အစ္ကိုတို႔ ႀကိဳက္ေနသေ႐ြ႕ အဆင္ေျပပါတယ္ခင္ဗ်ာ။"
သူက မုန္႔ကိုဝါးရင္း ဝါးျခင္းေတာင္းထဲမွ ေရဘူးကိုထုတ္ယူလိုက္၏။
နဥ္ရႈနဲ႔က်န္လူနွစ္ေယာက္မွာ အဲ့လူက မုန္႔ကို တစ္ကိုက္ၿပီးတစ္ကိုက္ကုန္ေအာင္စားေနသည္ကို အံ့ၾသကာေၾကာင္ၾကည့္ေနမိၾကေလ၏။ သူ႔သြားေတြက တကယ္ကိုအထင္ႀကီးခ်င္စရာပဲ။
နဥ္ရႈက ညင္သာစြာေခ်ာင္းဟန္႔ကာေမးသည္။
"အမ္း၊ လူႀကီးမင္းရဲ႕နာမည္ကို သိခြင့္ရွိမလားရွင္?"
အမ်ိဳးသားက 'လူႀကီးမင္း'ဟူသည့္နာမ္စားကို နွစ္သက္ပံုမရေခ်။ သူက မုန္႔ကိုခ်ကာ လက္နွစ္ဖက္ဆုပ္ၿပီးျပန္ေျဖသည္။
"ကြၽန္ေတာ့္နာမည္က ဝမ္ရူဟြားပါ။"
အိုး၊ သူက ပညာရွိပဲ။ တကယ္ကိုပဲ၊ တစ္ေယယက္တည္းထင္ရာျမင္ရွာေလ်ွာက္ရွာေနတာက ကံၾကမၼာကဟူေဆာင္လာေပးတဲ့လက္ေဆာင္ေတြနဲ႔ေတာ့ နႈိင္းယွဥ္လို႔မရနိုင္ဘူးကိုး။ထင္တဲ့အတိုင္း အမ်ိဳးသားဇာတ္လိုက္နဲ႔အမ်ိဳးသမီးဇာတ္လိုက္ၾကားက ဆဲြငင္အားက အမ်ိဳးသားဇာတ္လိုက္ကို ေရွ႕တည့္တည့္ေခၚလာေပးတာပဲ။
နဥ္ရႈက သူ႔လက္ေတြကို ရုတ္တရက္ဆဲြကိုင္လိုက္တာေၾကာင့္ သူေၾကာင္အသြား၏။ သူက မ်က္ေမွာင္ကုတ္ကာ သူ႔လက္ေတြကို နဥ္ရႈဆဲြထားတာကလြတ္ေအာင္ အလ်င္အျမန္ပင္ျပန္ဆဲြယူလိုက္သည္။
"ေယာက္်ားေလးနဲ႔ မိန္းကေလးက မထိေတြ႕သင့္ပါဘူး မိန္းကေလး။"
သူတို႔ေဘးရွိ လ်ွိဳ႕ဝွက္သက္ေတာ္ေစာင့္နဲ႔ယဲြ႕လန္ကေတာ့ နဥ္ရႈကို ထူးဆန္းစြာၾကည့္ေနၾကေလ၏။
နဥ္ရႈက မ်က္ရည္စေလးမ်ားထြက္လာေအာင္အတင္းညႇစ္ထုတ္၍ လြန္စြာစိတ္လႈပ္ရွားေနေသာေလသံျဖင့္ေျပာသည္။
"ဝမ္းကဲြအစ္ကို၊ ညီမက ခ်င္ရွန္းေလ၊ ပိုင္ခ်င္ရွန္း!"
ဝမ္းကဲြအစ္ကို!?
လ်ွိဳ႕ဝွက္သက္ေတာ္ေစာင့္နွင့္ယဲြ႕လန္မွာ အခ်င္းခ်င္းေငးေၾကာင္ကာၾကည့္လိုက္မိၾကသည္။
ထိုအခ်ိန္တြင္ ဝမ္ရူဟြားကမူ မိုးႀကိဳးအပစ္ခံလိုက္ရသည့္အလား ေၾကာင္အေန၏။ သူက နဥ္ရႈကိုၾကည့္လာၿပီး သူ႔အသံကေတာ့ မေရရာမႈမ်ားျဖင့္ တုန္ခါလို႔ေနသည္။
"ဝမ္းကဲြညီမေလးလား?"
"အမ္း၊ ကြၽန္မပါပဲ။"
နဥ္ရႈက တည့္တိုးပင္အေျဖေပး၏။
ဝမ္ရူဟြား၏အမူအရာမွာ လြန္စြာမွရႈပ္ေထြးလာ၏။ သူ႔ပံုစံက နာက်င္ကာ စိတ္လႈပ္ရွားေနသလို မေက်မခ်မ္းျဖစ္ေနၿပီး အနည္းငယ္ေပ်ာ္ရႊင္ေနပံုလည္းေပၚသည္။ သူ႔မ်က္နွာကေတာ့ လံုးဝကိုရႈံ႕မဲ့လို႔ေန၏။
"ညီမ အရမ္းေျပာင္းလဲသြားတဲ့ပံုပဲ။"
ဝမ္ရူဟြားက သူမကို မယံုသကၤာျဖင့္ၾကည့္လာ၏။
"မင္းက တကယ္ပဲ ဝမ္းကဲြညီမေလးခ်င္ရွန္းလား?"
"ဟုတ္ပါတယ္၊ ဟုတ္ပါတယ္၊ ဟုတ္ပါတယ္! ညီမက ပိုင္ခ်င္ရွန္းပါ။"
နဥ္ရႈက ခိုင္မာစြာဆိုသည္။
ဝမ္ရူဟြား၏အမူအရာက ခ်က္ခ်င္းပင္ရႈံ႕မဲ့လာကာ သူက သူမကိုေအာ္လိုက္ေလ၏။
"ဒါဆိုလည္း မင္းဘာလို႔ျပန္လာတာလဲ? မင္း ဘာလို႔ ျပန္လာတာလဲလို႔!?"
...
[Unicode]
{အူကြောင်ကြောင်ပညာရှိလား? ဒါမှမဟုတ် နတ်ဆေးသမားတော်လား?}
အစိမ်းရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့်အမျိုးသားက သူသယ်လာသောဝါးခြင်းတောင်းကို ချလိုက်သည်။ ခြင်းထဲမှာ ဆေးပင်တွေကာနေတာကိုတွေ့လိုက်ချိန်၌ နဉ်ရှု ရှုပ်ထွေးသွားသည်။ ဒီလူက အူကြောင်ကြောင်ပညာရှိလား ဒါမှမဟုတ် နတ်ဆေးသမားတော်လား?
နဉ်ရှု လျှို့ဝှက်သက်တော်စောင့်ကိုပြောလိုက်သည်။
"မီးထဲက ကြက်ကင်က စားလို့ရသေးလားကြည့်လိုက်ဦး။ စားလို့ရသေးရင် ဒီသခင်လေးကို လတ်ဆတ်တဲ့ တောကြက်သားလေး မြည်းစမ်းကြည့်ခိုင်းလိုက်ပါ။"
လျှို့ဝှက်သက်တော်စောင့်က နဉ်ရှုကိုကြည့်လိုက်ပြီးနောက် မဲနက်နေပြီဖြစ်သောကြက်ကင်ကိုဆဲံထုတ်လိုက်၏။ ကြည့်ရတာတော့ စားလို့မရတော့သည့်ပုံပင်။
အစိမ်းရောင်ဝတ်စုံကိုဝတ်ဆင်ထားသောအမျိုးသားက အလျင်စလိုဆိုလာ၏။
"မလိုပါဘူး အစ်ကို။ ကျွန်တော့်မှာ စားစရာပါလာပါတယ်ခင်ဗျာ။"
သူက ပြောရင်းဖြင့် ပြောင်းဖူးမုန့်ဝိုင်းတစ်ခုကို ထုတ်ယူလိုက်၏။ သူတို့သုံးယောက်က သူ့ကိုကြည့်နေတာကိုတွေ့သည်၌ သူက နောက်ထပ်တစ်ခုကိုထပ်ထုတ်ကာ နဉ်ရှုကိုပေးလိုက်ပြီး ပြောသည်။
"ဒါတွေက ကျေးတောရွာကအစားအစာတွေဆိုတော့ သခင်မလေးက ဒါကိုလက်ခံနိုင်ပါ့မလား မသိဘူး။"
"ရပါတယ်ရှင်။"
နဉ်ရှုက မုန့်ဝိုင်းကိုယူကာ ကိုက်လိုက်သည်။ သူမသွားတွေ ကျွတ်ထွက်သွားတော့မလိုပင်ခံစားလိုက်ရ၏။ တစ်ကိုက် ကိုက်ပြီးနောက် နဉ်ရှုက မုန့်ကို ယွဲ့လန်ဆီကမ်းပေးကာဆိုသည်။
"စားကြည့်၊ ဆန်ကြမ်းတွေက အလေးသွားတာကို အထောက်အကူပြုတယ်။"
နဉ်ရှုပြောလိုက်တာကိုကြားသည်၌ အမျိုးသားက မျက်မှောင်ကုတ်လိုက်သော်လည်း ဘာမှတော့မပြောပေ။
ယွဲ့လန်က မုန့်ကိုယူကာ တစ်ကိုက်ကိုက်ပြီးနောက် မုန့်ကိုလျှို့ဝှက်သက်တော်စောင့်ဆီကမ်းပေးလိုက်၏။ လျှို့ဝှက်သက်တော်စောင့်က တစ်ကိုက်ကိုက်ကြည့်ပြီးနောက် မုန့်ကိုလွှင့်ပစ်ကာဆိုသည်။
"မုန့်က တော်တော်လေးမာတယ်။"
အမျိုးသားက လက်ကိုကပျာကယာဝှေ့ယမ်းကာပြောသည်။
"ဒါက စားလို့မရလောက်အောင်မာနေတာတော့မဟုတ်ပါဘူး။ သူတို့က တောရွာတွေက ဆန်ကြမ်းတွေနဲ့လုပ်ထားရုံပါ။ အစ်ကိုတို့ ကြိုက်နေသရွေ့ အဆင်ပြေပါတယ်ခင်ဗျာ။"
သူက မုန့်ကိုဝါးရင်း ဝါးခြင်းတောင်းထဲမှ ရေဘူးကိုထုတ်ယူလိုက်၏။
နဉ်ရှုနဲ့ကျန်လူနှစ်ယောက်မှာ အဲ့လူက မုန့်ကို တစ်ကိုက်ပြီးတစ်ကိုက်ကုန်အောင်စားနေသည်ကို အံ့သြကာကြောင်ကြည့်နေမိကြလေ၏။ သူ့သွားတွေက တကယ်ကိုအထင်ကြီးချင်စရာပဲ။
နဉ်ရှုက ညင်သာစွာချောင်းဟန့်ကာမေးသည်။
"အမ်း၊ လူကြီးမင်းရဲ့နာမည်ကို သိခွင့်ရှိမလားရှင်?"
အမျိုးသားက 'လူကြီးမင်း'ဟူသည့်နာမ်စားကို နှစ်သက်ပုံမရချေ။ သူက မုန့်ကိုချကာ လက်နှစ်ဖက်ဆုပ်ပြီးပြန်ဖြေသည်။
"ကျွန်တော့်နာမည်က ဝမ်ရူဟွားပါ။"
အိုး၊ သူက ပညာရှိပဲ။ တကယ်ကိုပဲ၊ တစ်ယေယက်တည်းထင်ရာမြင်ရှာလျှောက်ရှာနေတာက ကံကြမ္မာကဟူဆောင်လာပေးတဲ့လက်ဆောင်တွေနဲ့တော့ နှိုင်းယှဉ်လို့မရနိုင်ဘူးကိုး။ထင်တဲ့အတိုင်း အမျိုးသားဇာတ်လိုက်နဲ့အမျိုးသမီးဇာတ်လိုက်ကြားက ဆွဲငင်အားက အမျိုးသားဇာတ်လိုက်ကို ရှေ့တည့်တည့်ခေါ်လာပေးတာပဲ။
နဉ်ရှုက သူ့လက်တွေကို ရုတ်တရက်ဆွဲကိုင်လိုက်တာကြောင့် သူကြောင်အသွား၏။ သူက မျက်မှောင်ကုတ်ကာ သူ့လက်တွေကို နဉ်ရှုဆွဲထားတာကလွတ်အောင် အလျင်အမြန်ပင်ပြန်ဆွဲယူလိုက်သည်။
"ယောက်ျားလေးနဲ့ မိန်းကလေးက မထိတွေ့သင့်ပါဘူး မိန်းကလေး။"
သူတို့ဘေးရှိ လျှို့ဝှက်သက်တော်စောင့်နဲ့ယွဲ့လန်ကတော့ နဉ်ရှုကို ထူးဆန်းစွာကြည့်နေကြလေ၏။
နဉ်ရှုက မျက်ရည်စလေးများထွက်လာအောင်အတင်းညှစ်ထုတ်၍ လွန်စွာစိတ်လှုပ်ရှားနေသောလေသံဖြင့်ပြောသည်။
"ဝမ်းကွဲအစ်ကို၊ ညီမက ချင်ရှန်းလေ၊ ပိုင်ချင်ရှန်း!"
ဝမ်းကွဲအစ်ကို!?
လျှို့ဝှက်သက်တော်စောင့်နှင့်ယွဲ့လန်မှာ အချင်းချင်းငေးကြောင်ကာကြည့်လိုက်မိကြသည်။
ထိုအချိန်တွင် ဝမ်ရူဟွားကမူ မိုးကြိုးအပစ်ခံလိုက်ရသည့်အလား ကြောင်အနေ၏။ သူက နဉ်ရှုကိုကြည့်လာပြီး သူ့အသံကတော့ မရေရာမှုများဖြင့် တုန်ခါလို့နေသည်။
"ဝမ်းကွဲညီမလေးလား?"
"အမ်း၊ ကျွန်မပါပဲ။"
နဉ်ရှုက တည့်တိုးပင်အဖြေပေး၏။
ဝမ်ရူဟွား၏အမူအရာမှာ လွန်စွာမှရှုပ်ထွေးလာ၏။ သူ့ပုံစံက နာကျင်ကာ စိတ်လှုပ်ရှားနေသလို မကျေမချမ်းဖြစ်နေပြီး အနည်းငယ်ပျော်ရွှင်နေပုံလည်းပေါ်သည်။ သူ့မျက်နှာကတော့ လုံးဝကိုရှုံ့မဲ့လို့နေ၏။
"ညီမ အရမ်းပြောင်းလဲသွားတဲ့ပုံပဲ။"
ဝမ်ရူဟွားက သူမကို မယုံသင်္ကာဖြင့်ကြည့်လာ၏။
"မင်းက တကယ်ပဲ ဝမ်းကွဲညီမလေးချင်ရှန်းလား?"
"ဟုတ်ပါတယ်၊ ဟုတ်ပါတယ်၊ ဟုတ်ပါတယ်! ညီမက ပိုင်ချင်ရှန်းပါ။"
နဉ်ရှုက ခိုင်မာစွာဆိုသည်။
ဝမ်ရူဟွား၏အမူအရာက ချက်ချင်းပင်ရှုံ့မဲ့လာကာ သူက သူမကိုအော်လိုက်လေ၏။
"ဒါဆိုလည်း မင်းဘာလို့ပြန်လာတာလဲ? မင်း ဘာလို့ ပြန်လာတာလဲလို့!?"
...
Advertisement
- In Serial80 Chapters
Rise of the Realm (Dungeon Core)
Dungeons are probably amongst the strangest creatures in the world, creating vast labyrinths and wonders to explore. This is the story of one such dungeon as he makes his first shaky steps into the world, and all of the horror and majesty he will bring into the world. (This is my first fiction and I would appreciate any constructive criticism) Note: Litrpg elements start around chapter nine, and the story is a little slow at first. (copyright 2021) Release Schedule: weekly on Fridays
8 113 - In Serial39 Chapters
Isekai'd slave
Edward, a regular guy, is transported to another world at the wrong time and place. Slowly, he adapts, paves his way, and faces whatever misfortune awaits. This is my first work. I'm mostly messing around with different themes/characters. The first few chapters are pretty inconsistent, containing most of the rough experimentation, but if you can get past them - I'm sure you'll have a much nicer time. Do not expect anything of notable quality; however, any advice/criticism/suggestions are greatly appreciated. The story won't involve any dark themes, so no excessive violence, rape, etc. Discord
8 71 - In Serial24 Chapters
The Pirate and the Potioneer
When pirate captain Eli Valenz kidnaps Navy potioneer Ambrose Beake, the two men strike an accord: Ambrose will brew for the buccaneers until he’s earned enough money to open a potion shop on land. Dry, safe, impossible-to-drown-on land. But as their seaward journey leads them towards krakens, evil commodores, and worst of all, feelings, they both find they’re in for more than they bargained for.
8 125 - In Serial19 Chapters
Funny Shades of Grey
A long time ago in a galaxy far, far away... Wait, that's another story.
8 100 - In Serial16 Chapters
Frozen 1 ( Elsa x female reader)
The gay version off frozen 1 with a fry alterations( frozen is not mine it is a Disney movie)(Finished)(Sequel out)
8 151 - In Serial82 Chapters
Classroom of The Elite FanFic: Ayanokoji The Lucky bastard
What if Ayanokoji Kiyotaka is a dumb nice guy who has the maximum luck stat. What if Kiyotaka uses only his luck power to survive in ANHS. He will not hide his ability because he doesn't have it. And he literally learns only piano, calligraphy, and tea ceremony. Spoiler Warnings: Classroom of the elite Vol. 1-11.75 Original Work: Classroom of the elite The original title, work, and characters are not mine. I'm not an English native speaker. so I'm sorry if this turned to be a suck novel.
8 236

