《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 68
Advertisement
[Zawgyi]
{ဒီေလာကႀကီးက ညစ္ညမ္းဆိုးယုတ္မႈေတြနဲ႔ပဲျပည့္ေနတယ္!}
ဝမ္ရူဟြားမွာ နဥ္ရႈကိုေအာ္ေနရင္းမွာပင္ လြန္စြာမွစိတ္လႈပ္ရွားလာကာ ေဒါသတို႔ျဖင့္တဆတ္ဆတ္တုန္လာ၏။ သူသည္က စိတ္လႈပ္ရွားေနလြန္း၍ သူ႔တံေတြးေတြက သူမက္ုပင္စင္လုနီးပါးျဖစ္လာသည္မို႔ သူမသည္ ေနာက္ကို ေျခတစ္လွမ္းခန္႔ အလ်င္အျမန္ျပန္ဆုတ္ကာ ဝမ္းနည္းစြာဆိုလာ၏။
"ခ်င္ရွန္းကို အျပစ္တင္ေနတုန္းပဲလား ဝမ္းကဲြအစ္ကို?"
ဝမ္ရူဟြား၏မ်က္နွာသည္ လြန္စြာမွပင္ၾကည့္ရဆိုးလ်က္ရွိ၏။ သူသည္ကား ေဒါသထြက္လြန္းသျဖင့္ စကားပင္မေျပာနိုင္ပါေတာ့ေခ်။
ယဲြ႕လန္မွာ တိတ္တိတ္ေလးဆက္မၾကည့္နိုင္ေတာ့ရကား နဥ္ရႈကို ေဘးနားဆဲြကာ ေမးျမန္း၏။
"ဘယ္တုန္းက နာမည္ေျပာင္းလိုက္တာလဲ မမေလးရဲ႕? ၿပီးေတာ့ ဘယ္တုန္းက ေသြးေဝးတဲ့အစ္ကိုဝမ္းကဲြတစ္ေယာက္ရွိလာတာလဲ?"
နဥ္ရႈက ယဲြ႕လန္၏ေခါင္းကိုပုတ္ကာ နွစ္သိမ့္ေလ၏။
"လိမၼာပါ၊ ဟုတ္ၿပီလား? နင့္မမေလးမွာ အေၾကာင္းျပခ်က္ရွိပါတယ္။"
ဝမ္ရူဟြားက နဥ္ရႈကို ရႈပ္ေထြးေနသည့္အမူအရာျဖင့္ၾကည့္ကာေမးသည္။
"မင္း ဘာလို႔ျပန္လာတာလဲ?"
"အစ္ကို႔ကို ရွာဖို႔ေပါ့ ဝမ္းကဲြအစ္ကိုရယ္။"
နဥ္ရႈက ျပန္ေျဖသည္။
ဝမ္ရူဟြားမွာ ေနာက္ထပ္ေဒါသထပ္ထြက္လာရၿပီး သူက နဥ္ရႈကိုစိုက္ၾကည့္ကာဆို၏။
"မင္းက လက္ထပ္ၿပီးသြားၿပီပဲ၊ ဒါကို ဘာလို႔ ငါ့ကိုရွာေနတာလဲ? မင္းက ငါ့ကို ဘယ္လိုသေဘာထားေနတာလဲ?"
အိုး၊ အမွန္ေတာ့ ဝမ္ရူဟြားရဲ႕ကံၾကမၼာကိုေျပာင္းလဲပစ္ခဲ့တဲ့ အေတာ္ေလးရႈပ္ေထြးၿပီး ရူးေၾကာင္ေၾကာင္နိုင္တဲ့ ဇာတ္လမ္းတစ္ခုရွိခဲ့ဖူးတယ္။
ဝမ္ရူဟြားနဲ႔ သူ႔ရဲ႕ဝမ္းကဲြညီမေလးက ေစ့စပ္ထားၾကတဲ့သူေတြျဖစ္ၿပီး တစ္ေယာက္နဲ႔တစ္ေယာက္လည္း ခ်စ္ျမတ္နိုးၾကတယ္ဆိုတဲ့ ဇာတ္လမ္းေလးေပါ့။ ဝမ္ရူဟြားက အရမ္းကို ပညာအရည္အခ်င္းရွိၿပီး အေတာ္ေလးေကာင္းမြန္တဲ့မိသားစုကေနဆင္းသက္လာတဲ့သူ၊ ဒါေၾကာင့္မို႔ သူက သူနန္းတြင္းစာေမးပဲြကိုေအာင္ျမင္တာနဲ႔ ပိုင္ခ်င္ရွန္းကို လက္ထပ္ပါ့မယ္လို႔ ကတိေပးခဲ့တယ္။
ဒါေပမယ့္ ဝမ္ရူဟြား စာေမးပဲြဝင္မေျဖနိုင္ေသးခင္မွာပဲ ဒုကၡအခက္အခဲေတြျဖစ္လာခဲ့တယ္။ သူ႔ဝမ္းကဲြညီမရဲ႕အေဖက သူတို႔ၾကားက ေစ့စပ္ေၾကာင္းလမ္းထားမႈကို လ်စ္လ်ဴ ရႈၿပီး ပိုင္ခ်င္ရွန္းကို အေရးပါတဲ့အရာရွိတစ္ေယာက္ရဲ႕သားနဲ႔ လက္ထပ္ေပးလိုက္တယ္ေလ။
့ၿပီးေတာ့ အဲ့ဒီ့အရာရွိက ဝမ္ရူဟြား ရန္သြားစလို႔ရတဲ့ အရာရွိမဟုတ္ဘူး။ သူက ပိုင္ခ်င္ရွန္းအျပင္ထြက္လာတာကိုေစာင့္ၿပီး ေျဖရွင္းခ်က္ေတာင္းခဲ့တယ္။ သူတို႔က အရမ္းခ်စ္ခဲ့ၾကတာကိုေတာင္မွ သူမက တျခားတစ္ေယာက္ကို ဒီလိုနဲ႔ပဲ လက္ထပ္ပစ္လိုက္တယ္။
ဝမ္ရူဟြားက ပိုင္ခ်င္ရွန္းကိုလာေတြ႕တဲ့အခါ သူမက မလံုမလဲနဲ႔ေျပာတယ္။
"ညီမ ေတာင္းပန္ပါတယ္ ဝမ္းကဲြအစ္ကို၊ ညီမ ထပ္မေစာင့္နိုင္ေတာ့ဘူး။ အစ္ကို နန္းတြင္းစာေမးပဲြေအာင္မယ့္ ေဝးကြာလွတဲ့ေန႔ရက္ကိုေစာင့္ေနမယ့္အစား နာမည္တစ္ခုရွိေနၿပီးသားလူတစ္ေယာက္ကို လက္ထပ္လိုက္ဖို႔ပဲ ညီမေ႐ြးခ်ယ္လိုက္တယ္။ ညီမကို ေမ့လိုက္ပါေတာ့ ဝမ္းကဲြအစ္ကို။ အစ္ကို႔ရဲ႕အခ်စ္ေတြနဲ႔ ပိုထိုက္တန္တဲ့သူကို အစ္ကိုေတြ႕မွာပါ။"
ဝမ္ရူဟြားက ဒါကိုမယံုနိုင္ခဲ့ဘူး။ သူတို႔က ရင္းနွီးၿပီး ခ်စ္ခင္ၾကေပမယ့္ သူမကေတာ့ သူတို႔ၾကားကသံေယာဇဥ္ေတြကို ရက္ရက္စက္စက္ျဖတ္ေတာက္ပစ္ခဲ့တယ္။ အတိတ္က ကတိေတြ၊ သူတို႔ရဲ႕နွလံုးသားက တစ္ခုတည္းအျဖစ္ခုန္ေနမယ္ဆိုတဲ့ သူတို႔ရဲ႕သစၥာေတြ၊ အကုန္လံုးက အလကားပဲ! ဝမ္ရူဟြား ေဒါသထြက္လြန္းလို႔ သူ႔အသည္းက ေပါက္ကဲြသြားေတာ့မယ္လို႔ေတာင္ထင္လိုက္မိတယ္။
မိန္းမေတြအကုန္လံုးက စည္းစိမ္နဲ႔ဂုဏ္သေရကို မက္ေမာတဲ့ ေအာက္တန္းက်ယုတ္မာတဲ့သူေတြပဲ။ အရာရွိေတြအကုန္လံုးက ျပည္သူေတြကို လံုးဝဂရုမစိုက္တဲ့ ဆိုးယုတ္တဲ့အရာရွိေတြ။ ဒီေလာကႀကီးက ဆိုးသြမ္းညစ္ညမ္းမႈေတြနဲ႔ပဲျပည့္ေနတယ္!
ဝမ္ရူဟြားက အရက္မူးေအာင္ေသာက္ၿပီးေတာ့ သူ႔မိသားစုကိုစြန္႔ပစ္ၿပီး ေဝးလံေခါင္သီတဲ့႐ြာတစ္႐ြာမွာ ဆရာလုပ္ဖို႔ ထြက္သြားခဲ့တယ္။
သူက သူ႔ရဲ႕နိုင္ငံေရးဗဟုသုတေတြအကုန္လံုးက အသံုးမဝင္ေတာ့ဘူးလို႔ အၿမဲတမ္းညည္းညဴ တတ္ေပမယ့္ တစ္ခ်ိန္တည္းမွာပဲ မရိုးသားတဲ့အရာရွိေတြကို ရံြရွာစက္ဆုပ္ေနခဲ့ျပန္တယ္။ သူက ဒီဘဝမွာ နိုင္ငံေရးကို ထပ္မထိေတာ့ဘူးလို႔ က်ိန္ဆိုခဲ့တယ္။
ဝမ္ရူဟြားက သူခ်စ္ရဲ႕သူကိုခိုးယူသြားခဲ့တဲ့ အရာရွိသားကိုမုန္းတာေၾကာင့္ တျခားအရာရွိေတြကိုလည္း မုန္းစျပဳလာတယ္။ ဒါေၾကာင့္ သူက 'အက်င့္စာရိတၱပ်က္ျပားတဲ့'ဘဝႀကီးကေန ေဝးေဝးေနဖို႔ ဒီေဝးလံေခါင္သီတဲ့ေနရာမွာ ပုန္းကြယ္ေနဖို႔ဆံုးျဖတ္လိုက္တယ္။
နဥ္ရႈ၏နႈတ္ခမ္းမ်ား တြန္႔ေကြးသြားသည္။ ဒါကပဲ ဝမ္ရူဟြားရဲ႕ဦးေနွာက္က အဲ့ဒီ့သာမန္လူေတြနဲ႔ လံုးဝကဲြျပားေနတယ္လို႔ ခံစားရေစသည္။ စိတ္ႀကံ႕ခိုင္တဲ့ အမ်ိဳးသားအမ်ားစုက ဒီလိုအျဖစ္အပ်က္မ်ိဳးကိုႀကံဳေတြ႕ရၿပီးတဲ့အခါ လက္စားေခ်ဖို႔စတင္ၾကၿပီး ဝမ္းကဲြညီမထက္ပိုေကာင္းတဲ့အမ်ိဳးသမီးကိုလက္မထပ္ခင္မွာ ဝမ္းကဲြညီမရဲ႕မ်က္နွာကို ျဖတ္ရိုက္ပစ္နိုင္ဖို႔အတြက္ တန္ခိုးၾသဇာႀကီးမားလာေအာင္လုပ္လို႔ ဝမ္းကဲြညီမထက္ပိုေကာင္းတဲ့ဘဝမွာေနထိုင္ၿပီး သူမရဲ႕ေ႐ြးခ်ယ္မႈကို ေနာင္တရေအာင္လုပ္ေပလိမ့္မည္။
သို႔ေသာ္လည္း ဝမ္ရူဟြားကေတာ့ အရာအားလံုးကိုလႊတ္ခ်ကာ သူ႔ရဲ႕ခါးသက္မႈေတြ၊ ဝမ္းနည္းမႈေတြထဲမွာကဲ နစ္ျမဳပ္ပုန္းကြယ္ေနခဲ့သည္။
သည္လူက အေတာ္ေလးမယံုနိုင္စရာေကာင္းလြန္းသည္။
တကယ္လို႔ သူမသာဆိုရင္လည္း ဒီလူလိုမ်ိဳးကိုႀကိဳက္မွာမဟုတ္ဘူးလို႔ နဥ္ရႈေတြးလိုက္မိသည္။ ေၾကကဲြစရာအျဖစ္အပ်က္ကိုႀကံဳေတြ႕ရၿပီးေနာက္ အမ်ိဳးသားတစ္ေယာက္ရဲ႕ အရည္အခ်င္းနဲ႔ တာဝန္ယူတာဝန္ခံတတ္မႈေတြက အေရးအႀကီးဆံုးျဖစ္ၿပီး ဝမ္ရူဟြားက အသံုးမက်သည့္လူတစ္ေယာက္ျဖစ္သည္ကို သည္ကိစၥက ျပသေန၏။
သူက မရင့္က်က္၊ အက်ိဳးအေၾကာင္းေျပာလို႔မရနိုင္တဲ့စိတ္ထားနဲ႔ အေျခအျမစ္မရွိ သူရဲေဘာၾကာင္တဲ့လူသာျဖစ္၏။
"တစ္ခုခုေျပာစမ္းပါ! မင္း ဘာလို႔ျပန္လာတာလဲ!? အဲ့အရာရွိသားက မင္းကို စြန္႔ပစ္လိုက္လို႔လား? မင္းက လွပတဲ့သူတစ္ေယာက္မွမဟုတ္ေတာ့ဘဲ၊ သူ မင္းကိုၿငီးေငြ႕သြားတာ ပံုမွန္ပါပဲ။"
ဝမ္ရူဟြား၏အသံက ေဒါသေတြကိုဖြင့္ထုတ္ေနသည့္အလား အနည္းငယ္စူးရွေနသည္။
"ဒင္၊ စိတ္ဒဏ္ရာမွတ္ +20။ နဥ္ရႈေလး မြ! ငါ့ကိုလြမ္းေနလား?"
2333ရဲ႕အသံက နဥ္ရႈေခါင္းထဲေပၚလာသည္။
နဥ္ရႈ : "ထြက္သြား။"
"ဟမ့္၊ အေျပာင္းအလဲျမန္တဲ့မိန္းမ။"
2333က ေအးစက္စြာနွာမႈတ္ကာ ေပ်ာက္ကြယ္သြားေလ၏။
"မင္း ဘာလို႔ ဘာမွမေျပာတာလဲ? မင္း ဘာလို႔ငါ့ကိုျပန္လာရွာတာလဲ? ငါ မင္းကိုလက္ခံေသးတယ္လို႔မ်ား ထင္ေနလား? ငါ မင္းလွည့္စားတာကို တစ္ႀကိမ္ခံရၿပီးၿပီ၊ ေနာက္တစ္ခါ မင္းလွည့္စားတာမခံေတာ့ဘူး!"
ဝမ္ရူဟြားက နဥ္ရႈကိုေအာ္ေနဆဲျဖစ္၏။
နဥ္ရႈမွာ systemေၾကာင့္ စိတ္ပ်ံ႕လြင့္ေနသျဖင့္ ရုတ္တရက္ေအာ္လိုက္သံက သူမနားစည္ေတြကို ေပါက္ထြက္သြားေစလုနီးပါးပင္။
သူမက နားကိုအုပ္ကိုင္လိုက္ရင္း ဝမ္ရူဟြားကိုၾကည့္သည္။ သူက သိမ္ေမြ႕တဲ့ပညာရွိတစ္ေယာက္လို က်က္သေရရွိကာခံ့ညားေပမယ့္ ဘာလို႔ အရမ္းသူရဲေဘာေၾကာင္ရတာလဲ?
Advertisement
ခ်စ္ရတဲ့ ေဒါသအိုးေကာင္ေလးေရ၊ နင့္ရဲ႕ပံုရိပ္က ပ်က္စီးေနၿပီ။
...
[Unicode]
{ဒီလောကကြီးက ညစ်ညမ်းဆိုးယုတ်မှုတွေနဲ့ပဲပြည့်နေတယ်!}
ဝမ်ရူဟွားမှာ နဉ်ရှုကိုအော်နေရင်းမှာပင် လွန်စွာမှစိတ်လှုပ်ရှားလာကာ ဒေါသတို့ဖြင့်တဆတ်ဆတ်တုန်လာ၏။ သူသည်က စိတ်လှုပ်ရှားနေလွန်း၍ သူ့တံတွေးတွေက သူမက်ုပင်စင်လုနီးပါးဖြစ်လာသည်မို့ သူမသည် နောက်ကို ခြေတစ်လှမ်းခန့် အလျင်အမြန်ပြန်ဆုတ်ကာ ဝမ်းနည်းစွာဆိုလာ၏။
"ချင်ရှန်းကို အပြစ်တင်နေတုန်းပဲလား ဝမ်းကွဲအစ်ကို?"
ဝမ်ရူဟွား၏မျက်နှာသည် လွန်စွာမှပင်ကြည့်ရဆိုးလျက်ရှိ၏။ သူသည်ကား ဒေါသထွက်လွန်းသဖြင့် စကားပင်မပြောနိုင်ပါတော့ချေ။
ယွဲ့လန်မှာ တိတ်တိတ်လေးဆက်မကြည့်နိုင်တော့ရကား နဉ်ရှုကို ဘေးနားဆွဲကာ မေးမြန်း၏။
"ဘယ်တုန်းက နာမည်ပြောင်းလိုက်တာလဲ မမလေးရဲ့? ပြီးတော့ ဘယ်တုန်းက သွေးဝေးတဲ့အစ်ကိုဝမ်းကွဲတစ်ယောက်ရှိလာတာလဲ?"
နဉ်ရှုက ယွဲ့လန်၏ခေါင်းကိုပုတ်ကာ နှစ်သိမ့်လေ၏။
"လိမ္မာပါ၊ ဟုတ်ပြီလား? နင့်မမလေးမှာ အကြောင်းပြချက်ရှိပါတယ်။"
ဝမ်ရူဟွားက နဉ်ရှုကို ရှုပ်ထွေးနေသည့်အမူအရာဖြင့်ကြည့်ကာမေးသည်။
"မင်း ဘာလို့ပြန်လာတာလဲ?"
"အစ်ကို့ကို ရှာဖို့ပေါ့ ဝမ်းကွဲအစ်ကိုရယ်။"
နဉ်ရှုက ပြန်ဖြေသည်။
ဝမ်ရူဟွားမှာ နောက်ထပ်ဒေါသထပ်ထွက်လာရပြီး သူက နဉ်ရှုကိုစိုက်ကြည့်ကာဆို၏။
"မင်းက လက်ထပ်ပြီးသွားပြီပဲ၊ ဒါကို ဘာလို့ ငါ့ကိုရှာနေတာလဲ? မင်းက ငါ့ကို ဘယ်လိုသဘောထားနေတာလဲ?"
အိုး၊ အမှန်တော့ ဝမ်ရူဟွားရဲ့ကံကြမ္မာကိုပြောင်းလဲပစ်ခဲ့တဲ့ အတော်လေးရှုပ်ထွေးပြီး ရူးကြောင်ကြောင်နိုင်တဲ့ ဇာတ်လမ်းတစ်ခုရှိခဲ့ဖူးတယ်။
ဝမ်ရူဟွားနဲ့ သူ့ရဲ့ဝမ်းကွဲညီမလေးက စေ့စပ်ထားကြတဲ့သူတွေဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက်လည်း ချစ်မြတ်နိုးကြတယ်ဆိုတဲ့ ဇာတ်လမ်းလေးပေါ့။ ဝမ်ရူဟွားက အရမ်းကို ပညာအရည်အချင်းရှိပြီး အတော်လေးကောင်းမွန်တဲ့မိသားစုကနေဆင်းသက်လာတဲ့သူ၊ ဒါကြောင့်မို့ သူက သူနန်းတွင်းစာမေးပွဲကိုအောင်မြင်တာနဲ့ ပိုင်ချင်ရှန်းကို လက်ထပ်ပါ့မယ်လို့ ကတိပေးခဲ့တယ်။
ဒါပေမယ့် ဝမ်ရူဟွား စာမေးပွဲဝင်မဖြေနိုင်သေးခင်မှာပဲ ဒုက္ခအခက်အခဲတွေဖြစ်လာခဲ့တယ်။ သူ့ဝမ်းကွဲညီမရဲ့အဖေက သူတို့ကြားက စေ့စပ်ကြောင်းလမ်းထားမှုကို လျစ်လျူ ရှုပြီး ပိုင်ချင်ရှန်းကို အရေးပါတဲ့အရာရှိတစ်ယောက်ရဲ့သားနဲ့ လက်ထပ်ပေးလိုက်တယ်လေ။
့ပြီးတော့ အဲ့ဒီ့အရာရှိက ဝမ်ရူဟွား ရန်သွားစလို့ရတဲ့ အရာရှိမဟုတ်ဘူး။ သူက ပိုင်ချင်ရှန်းအပြင်ထွက်လာတာကိုစောင့်ပြီး ဖြေရှင်းချက်တောင်းခဲ့တယ်။ သူတို့က အရမ်းချစ်ခဲ့ကြတာကိုတောင်မှ သူမက တခြားတစ်ယောက်ကို ဒီလိုနဲ့ပဲ လက်ထပ်ပစ်လိုက်တယ်။
ဝမ်ရူဟွားက ပိုင်ချင်ရှန်းကိုလာတွေ့တဲ့အခါ သူမက မလုံမလဲနဲ့ပြောတယ်။
"ညီမ တောင်းပန်ပါတယ် ဝမ်းကွဲအစ်ကို၊ ညီမ ထပ်မစောင့်နိုင်တော့ဘူး။ အစ်ကို နန်းတွင်းစာမေးပွဲအောင်မယ့် ဝေးကွာလှတဲ့နေ့ရက်ကိုစောင့်နေမယ့်အစား နာမည်တစ်ခုရှိနေပြီးသားလူတစ်ယောက်ကို လက်ထပ်လိုက်ဖို့ပဲ ညီမရွေးချယ်လိုက်တယ်။ ညီမကို မေ့လိုက်ပါတော့ ဝမ်းကွဲအစ်ကို။ အစ်ကို့ရဲ့အချစ်တွေနဲ့ ပိုထိုက်တန်တဲ့သူကို အစ်ကိုတွေ့မှာပါ။"
ဝမ်ရူဟွားက ဒါကိုမယုံနိုင်ခဲ့ဘူး။ သူတို့က ရင်းနှီးပြီး ချစ်ခင်ကြပေမယ့် သူမကတော့ သူတို့ကြားကသံယောဇဉ်တွေကို ရက်ရက်စက်စက်ဖြတ်တောက်ပစ်ခဲ့တယ်။ အတိတ်က ကတိတွေ၊ သူတို့ရဲ့နှလုံးသားက တစ်ခုတည်းအဖြစ်ခုန်နေမယ်ဆိုတဲ့ သူတို့ရဲ့သစ္စာတွေ၊ အကုန်လုံးက အလကားပဲ! ဝမ်ရူဟွား ဒေါသထွက်လွန်းလို့ သူ့အသည်းက ပေါက်ကွဲသွားတော့မယ်လို့တောင်ထင်လိုက်မိတယ်။
မိန်းမတွေအကုန်လုံးက စည်းစိမ်နဲ့ဂုဏ်သရေကို မက်မောတဲ့ အောက်တန်းကျယုတ်မာတဲ့သူတွေပဲ။ အရာရှိတွေအကုန်လုံးက ပြည်သူတွေကို လုံးဝဂရုမစိုက်တဲ့ ဆိုးယုတ်တဲ့အရာရှိတွေ။ ဒီလောကကြီးက ဆိုးသွမ်းညစ်ညမ်းမှုတွေနဲ့ပဲပြည့်နေတယ်!
ဝမ်ရူဟွားက အရက်မူးအောင်သောက်ပြီးတော့ သူ့မိသားစုကိုစွန့်ပစ်ပြီး ဝေးလံခေါင်သီတဲ့ရွာတစ်ရွာမှာ ဆရာလုပ်ဖို့ ထွက်သွားခဲ့တယ်။
သူက သူ့ရဲ့နိုင်ငံရေးဗဟုသုတတွေအကုန်လုံးက အသုံးမဝင်တော့ဘူးလို့ အမြဲတမ်းညည်းညူ တတ်ပေမယ့် တစ်ချိန်တည်းမှာပဲ မရိုးသားတဲ့အရာရှိတွေကို ရွံရှာစက်ဆုပ်နေခဲ့ပြန်တယ်။ သူက ဒီဘဝမှာ နိုင်ငံရေးကို ထပ်မထိတော့ဘူးလို့ ကျိန်ဆိုခဲ့တယ်။
ဝမ်ရူဟွားက သူချစ်ရဲ့သူကိုခိုးယူသွားခဲ့တဲ့ အရာရှိသားကိုမုန်းတာကြောင့် တခြားအရာရှိတွေကိုလည်း မုန်းစပြုလာတယ်။ ဒါကြောင့် သူက 'အကျင့်စာရိတ္တပျက်ပြားတဲ့'ဘဝကြီးကနေ ဝေးဝေးနေဖို့ ဒီဝေးလံခေါင်သီတဲ့နေရာမှာ ပုန်းကွယ်နေဖို့ဆုံးဖြတ်လိုက်တယ်။
နဉ်ရှု၏နှုတ်ခမ်းများ တွန့်ကွေးသွားသည်။ ဒါကပဲ ဝမ်ရူဟွားရဲ့ဦးနှောက်က အဲ့ဒီ့သာမန်လူတွေနဲ့ လုံးဝကွဲပြားနေတယ်လို့ ခံစားရစေသည်။ စိတ်ကြံ့ခိုင်တဲ့ အမျိုးသားအများစုက ဒီလိုအဖြစ်အပျက်မျိုးကိုကြုံတွေ့ရပြီးတဲ့အခါ လက်စားချေဖို့စတင်ကြပြီး ဝမ်းကွဲညီမထက်ပိုကောင်းတဲ့အမျိုးသမီးကိုလက်မထပ်ခင်မှာ ဝမ်းကွဲညီမရဲ့မျက်နှာကို ဖြတ်ရိုက်ပစ်နိုင်ဖို့အတွက် တန်ခိုးသြဇာကြီးမားလာအောင်လုပ်လို့ ဝမ်းကွဲညီမထက်ပိုကောင်းတဲ့ဘဝမှာနေထိုင်ပြီး သူမရဲ့ရွေးချယ်မှုကို နောင်တရအောင်လုပ်ပေလိမ့်မည်။
သို့သော်လည်း ဝမ်ရူဟွားကတော့ အရာအားလုံးကိုလွှတ်ချကာ သူ့ရဲ့ခါးသက်မှုတွေ၊ ဝမ်းနည်းမှုတွေထဲမှာကဲ နစ်မြုပ်ပုန်းကွယ်နေခဲ့သည်။
သည်လူက အတော်လေးမယုံနိုင်စရာကောင်းလွန်းသည်။
တကယ်လို့ သူမသာဆိုရင်လည်း ဒီလူလိုမျိုးကိုကြိုက်မှာမဟုတ်ဘူးလို့ နဉ်ရှုတွေးလိုက်မိသည်။ ကြေကွဲစရာအဖြစ်အပျက်ကိုကြုံတွေ့ရပြီးနောက် အမျိုးသားတစ်ယောက်ရဲ့ အရည်အချင်းနဲ့ တာဝန်ယူတာဝန်ခံတတ်မှုတွေက အရေးအကြီးဆုံးဖြစ်ပြီး ဝမ်ရူဟွားက အသုံးမကျသည့်လူတစ်ယောက်ဖြစ်သည်ကို သည်ကိစ္စက ပြသနေ၏။
သူက မရင့်ကျက်၊ အကျိုးအကြောင်းပြောလို့မရနိုင်တဲ့စိတ်ထားနဲ့ အခြေအမြစ်မရှိ သူရဲဘောကြာင်တဲ့လူသာဖြစ်၏။
"တစ်ခုခုပြောစမ်းပါ! မင်း ဘာလို့ပြန်လာတာလဲ!? အဲ့အရာရှိသားက မင်းကို စွန့်ပစ်လိုက်လို့လား? မင်းက လှပတဲ့သူတစ်ယောက်မှမဟုတ်တော့ဘဲ၊ သူ မင်းကိုငြီးငွေ့သွားတာ ပုံမှန်ပါပဲ။"
ဝမ်ရူဟွား၏အသံက ဒေါသတွေကိုဖွင့်ထုတ်နေသည့်အလား အနည်းငယ်စူးရှနေသည်။
"ဒင်၊ စိတ်ဒဏ်ရာမှတ် +20။ နဉ်ရှုလေး မွ! ငါ့ကိုလွမ်းနေလား?"
2333ရဲ့အသံက နဉ်ရှုခေါင်းထဲပေါ်လာသည်။
နဉ်ရှု : "ထွက်သွား။"
"ဟမ့်၊ အပြောင်းအလဲမြန်တဲ့မိန်းမ။"
2333က အေးစက်စွာနှာမှုတ်ကာ ပျောက်ကွယ်သွားလေ၏။
"မင်း ဘာလို့ ဘာမှမပြောတာလဲ? မင်း ဘာလို့ငါ့ကိုပြန်လာရှာတာလဲ? ငါ မင်းကိုလက်ခံသေးတယ်လို့များ ထင်နေလား? ငါ မင်းလှည့်စားတာကို တစ်ကြိမ်ခံရပြီးပြီ၊ နောက်တစ်ခါ မင်းလှည့်စားတာမခံတော့ဘူး!"
ဝမ်ရူဟွားက နဉ်ရှုကိုအော်နေဆဲဖြစ်၏။
နဉ်ရှုမှာ systemကြောင့် စိတ်ပျံ့လွင့်နေသဖြင့် ရုတ်တရက်အော်လိုက်သံက သူမနားစည်တွေကို ပေါက်ထွက်သွားစေလုနီးပါးပင်။
သူမက နားကိုအုပ်ကိုင်လိုက်ရင်း ဝမ်ရူဟွားကိုကြည့်သည်။ သူက သိမ်မွေ့တဲ့ပညာရှိတစ်ယောက်လို ကျက်သရေရှိကာခံ့ညားပေမယ့် ဘာလို့ အရမ်းသူရဲဘောကြောင်ရတာလဲ?
ချစ်ရတဲ့ ဒေါသအိုးကောင်လေးရေ၊ နင့်ရဲ့ပုံရိပ်က ပျက်စီးနေပြီ။
...
Advertisement
- In Serial7 Chapters
The Hunter Prince
The kingdom has been overthrown. Dire beasts roam the land in greater numbers than ever before. A boy who doesn't remember his past and a young woman looking to escape her own join forces with a band of Dire Hunters seeking to build a better future. Together they investigate the source of the beasts ravaging the countryside and wreaking havoc across the kingdom. What they discover will change the face of the empire. Whether its for the better is yet to be seen.
8 171 - In Serial8 Chapters
God Complex
Following the death of God, war breaks out between the pantheons, leaving violence and politics to determine who will take the title ""King of Kings""
8 119 - In Serial21 Chapters
Purrge
Norsk Battleground, near Ciara Citadel, in Eisenhiem kingdom is the Last bastion of hope for the people of the Upperworld, as they fight against the invading demon forces from the Underworld with their hopes and lives on the line. Brave people, one by one sacrifice themselves to protect their loved ones. The rallying cry made by the Allied Armed Forces commander, the ruler of the Eisenhiem Kingdom, King Nobius made the people to struggle, not give up on hope and to fight back the demons… But with the dwindling resources of the Allied Armed Forces and the appearance of the Demon King Zamareous himself on the battlefield, the whole army came up to the brink of collapse, the king out of desperation then agreed to follow the ‘backup’ plan made by the head mage, which was to summon a Elder dragon on the battlefield to slay the demon king… But something happened during the summoning... *Grrr...oooeeaw* And someone unexpected got summoned instead of an Elder dragon! Will the people of this world survive after the failure of this ‘Backup’ plan?
8 211 - In Serial11 Chapters
The Summoner of Cuties (Indefinite Hiatus)
Earth 2207, the new game, "AXIS Online" is released, a world of magic and monsters is open and full of danger and excitement. Our MC, Aris, has entered the game and burns with a desire to be cool. He chooses a summoner and summons his first monster. But whats this? There's no awesome monster at all! How come I get a cute turtle? Why does he have a fire ape? She even has a baby dragon?! WHAT THE HELL IS THIS? ~~~~2 CHAPTERS A WEEK (I'M A COLLEGE STUDENT AND I'M WORKING)~~~~ =^_^=
8 340 - In Serial15 Chapters
Second Echo
Ryker is your average 17 year old guy who doesn't overly try hard to succeed at anything. But one day his peaceful life of staring into the distance was disturbed. He finds that a masked man attacks his class and he is killed while trying to save his friends. Unfortunately, his friends soon met the same fate as he did. He is given the chance for a new life and like him many others chose the same fate. Thus with a group of a 100 people he embarks in a journey to escape an apocalyptic world. The catch is, to truly escape he must first die 9 times and on his final life he must escape the final attempt. With each Death his powers will grow and the enemies he faces will grow. As he travels back and forth from his world and hell he finds that the possibility of a second echo relies entirely on his strength.----------------------------Am not sure how well this one will work out~ But chapters will be released when I feel like it and size will be dependent on the chapter.Not sure how the whole mature setting will go but It won't be to an extreme~
8 128 - In Serial64 Chapters
Jesse Lee Soffer
Jesse Lee soffer story - when Olivia gets a job as new lead of Chicago pd as Hailey Upton. * just a fan fiction* ^ will include social media parts^
8 155

