《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 69
Advertisement
[Unicode]
{ ရှောင်လုံနွီ}
"ဟေ့၊ ငါ့မမလေးကို ဒီလိုပြောရဲရလောက်အောင် နင့်ကိုနင် ဘယ်သူလို့ထင်နေတာလဲ!? မမလေးရဲ့ လျှို့ဝှက်သက်တော်စောင့်ကို နင့်ကို တံစို့ကင်လုပ်ဖို့ ပြောလိုက်မှာ!"
ယွဲ့လန်က ဝမ်ရူဟွားကိုအော်သည်။
"ကိုယ့်အဆင့်အတန်းကို သိထားရင်ကောင်းမယ်။ ငါ့မမလေးက နင်အော်လို့ရတဲ့သူမဟုတ်ဘူး!"
ဝမ်ရူဟွား၏မျက်နှာမှာ မုန်းတီးမှုများဖြင့်ပြည့်သွားတော့၏။ ထို့နောက် သူက ကိုယ့်ကိုကိုယ် သရော်သလိုပြုံးသည်။
"ဟုတ်တာပေါ့၊ ငါ့အဆင့်အတန်းက အရာရှိတစ်ယောက်ရဲ့ဇနီးဖြစ်တဲ့ မင်းရဲ့အဆင့်အတန်းနဲ့ ဘယ်ကိုက်ညီမှာလဲ။"
ယွဲ့လန်က ဝမ်ကူဟွားကို ငတုံးဟူသည့်အကြည့်ဖြင့်ကြည့်၏။ သူက မမလေးရဲ့အလိမ်အညာတွေကို လုံးဝသံသယမဝင်တာလား? သူ့မကျေနပ်ချက်တွေကို အော်မပြောခင်မှာ သူက အချက်အလက်တွေကိုတောင်အတည်မပြုဘူး။
သူ့ဦးနှောက်က တစ်ခုခုဖြစ်နေတာဖြစ်ရမယ်၊ ပြီးတော့ တော်တော်လေးပြင်းထန်ပံုရတယ်။
လျှို့ဝှက်သက်တော်စောင့်သည်လည်း ဆက်ကြည့်မနေနိုင်တော့သဖြင့် နဉ်ရှုကို မေးခွန်းထုတ်သည်။
"သခင်မလေး၊ ကျွန်တော်တို့ ဒိလူကြီးမင်း- ကျွန်တော်ပြောချင်တာက သခင်မလေးရဲ့ အစ်ကိုဝမ်းကွဲကို ရွက်ဖျင်တဲတစ်ခုပေးသင့်လား?"
နဉ်ရှု ပါးစပ်မဟရသေးခင်မှာပင် ဝမ်ရူဟွားက ထအော်သည်။
"မလိုဘူး! ပိုင်ချင်ရှန်း၊ ငါ မင်းသနားတာကိုမလိုဘူး။ ငါ အပြင်မှာပဲအိပ်မှာ။"
နဉ်ရှု : ...
မရင့်ကျက်လိုက်တာ။ သူက ဒေါသထွက်နေခြင်းသာဖြစ်ရမည်ဟု နဉ်ရှုတွေးလိုက်မိသည်။ အပြင်မှာအိပ်တာက ခွန်အားကိုပြသရာကျတယ်လို့ သူတကယ်ကြီးတွေးနေတာများလား?
သူမ သမ်းလိုက်သည်။ ဒိနေ့ ၀မ်ရူဟွားနဲ့ငြင်းခုံလို့ပြီးပြီမို့ သူမ ယွဲ့လန်ကို တဲအတွင်းဆွဲခေါ်သွားလိုက်သည်။
"မီးငြှိမ်းလိုက်တော့၊ အိပ်ကြမယ်။"
အပြင်တွင်တော့ ဝမ်ရူဟွားသည် ရွက်ဖျင်တဲကို သူ့မျက်လုံးအကြည့်တို့ဖြင့် စုတ်ဖြဲပစ်ချင်နေသည့်အလား တဲကို ရှုပ်ထွေးနေသည့်အမူအရာဖြင့် စူးစိုက်ကြည့်လျက်ရှိ၏။
လျှို့ဝှက်သက်တော်စောင့်က ဝမ်ကူဟွားကို တစ်ချက်မျှကြည့်ကာ ကြိုးတစ်ချောင်းကိုယူပြီး သစ်ပင်နှစ်ပင်ကြားတွင်ချည်နှောင်လိုက်သည်။ ထို့နောက် သူသည် အိပ်စက်ရန်အတွက် ရှောင်လုံနွီကဲ့သို့ ကြိုးပေါ်သို့ခုန်တက်သွား၏။ သို့သော်လည်း မြင်ကွင်းကတော့ ရှောင်လုံနွီအိပ်စက်သကဲ့သို့ ကြည့်ကောင်းခြင်းမရှိဘဲ ကြောက်မက်ဖွယ်ကောင်းနေပေသည်။
[T/N : ရှောင်လုံနွီက ဆရာကြီးကျင်းယုံရေးသားခဲ့တဲ့ The Return of the Condor Heroes ထဲက ဇာတ်လိုက်မင်းသမီးပါ။ မြန်မာမှာတော့ သိမ်းငှက်သူရဲကောင်းလို့သိကြမယ်ထင်တယ်။ ရှောင်လုံနွီက Englishလိုဆို little dragon maiden(အပျိုစင်နဂါးမလေး)ပါ။ ဒီမှာလည်း English Translatorက little dragon maidenနဲ့သုံးထားတာ။ သို့ပေသိ မျက်စိထဲ တကယ့်နဂါးမကိုသွားမြင်ကြမှာစိုးလို့ တရုတ်သံဖြစ်တဲ့ ရှောင်လုံနွီကို ပြောင်းသုံးလိုက်ပါတယ်။]
သူ့ကို ဘယ်သူမှဂရုမစိုက်သည်ကိုမြင်မှ ဝမ်ရူဟွားက သစ်ပင်တစ်ပင်ကိုမှီလိုက်ကာ နဉ်ရှုရဲ့ရွက်ဖျင်တဲကိုကြည့်ပြီး ငေးငိုင်နေလေ၏။
စိမ်းစိမ်းဝါးဝါးကြည့်နေသည့် သူ့မျက်လုံးတို့က နီရဲလာပြီး သူက မကြာခဏ အံကြိတ်လျက်ရှိသည်။ တိတ်ဆိတ်နေသောာအချိန်၌ ဤအသံက အတော်လေးကျောချမ်းဖွယ်ကောင်းပေ၏။
သို့သော်လည်း တဲအတွင်းတွင်တော့ နဉ်ရှုသည် ယွဲ့လန်ကိုဖက်ကာ နှစ်ခြိုက်စွာအိပ်မောကျလျက်ရှိ၏။ ဝမ်ရူဟွားက အပြင်မှာ ဂနာမငြိမ်နဲ့ ငေးငေးငိုင်ငိုင်ဖြစ်နေလိမ့်မယ်ဆိုတာ သူမမသိချေ။
ဟုတ်ပြီလေ၊ သူမ သိခဲ့ရင်တောင် ဂရုစိုက်မှာမဟုတ်ပါဘူး။
သို့သော်လည်း ဝမ်ရူဟွားကတော့ အတော်လေးဂရုစိုက်ပေ၏။ ပိုင်ချင်ရှန်း ဘာတွေဖြစ်ခဲ့ပြီး သူ့ကို ဘာလို့လာရှာတာလဲဆိုတာ သူ မနေနိုင်စွာသိချင်နေမိသည်။ သူမက သူ့ကို ဘယ်လိုမြင်နေတာလဲ? သူမက သူ့ကို ဘယ်အချိန်မှာမဆို စွန့်ပစ်လို့ရပြီး သူမလိုချင်ရင် ပြန်ကောက်ယူလို့ရတယ်လို့များ ထင်နေတာလား?
ဒါပေမယ့် သူ့နှလုံးသားက ဘာလို့အရမ်းလှုပ်ရှားနေရတာလဲ? သူကရော ဘာလို့ အခုထိ ဒီအကြင်နာမဲ့ပြီးလောဘကြီးတဲ့မိန်းမကြောင့် စိတ်လှုပ်ရှားနေရသေးတာလဲ?
ဝမ်ရူဟွားသည် ရွက်ဖျင်တဲအပြင်တွင် တစ်ညလုံးသည်အတိုင်းနေကာ ငေးငိုင်နေခဲ့၏။ မနက်ခင်းမှာ နဉ်ရှုထွက်လာပြီး အေးဆေးစွာအကြောဆန့်နေသည်ကိုမြင်ချိန်၌ သူတစ်ညလုံးချိုးနှိမ်ဖိနှိပ်ထားခဲ့ရသည့် ဒေါသတို့အုံကြွလာတော့သည်။ သို့သော်လည်း ဇာပဝါနှင့်ဖုံးကွာ်ထားခြင်းမရှိသည့်တစ်ခုတည်းသောအစိတ်အပိုင်းဖြစ်သည့် နဉ်ရှု၏မျက်လုံးများကိုမြင်လိုက်ချိန်၌ သူသည် အံ့ဩမှုကြောင့် နေရာတွင်ပင်ကြက်သေသေသွားချေ၏။
...
[Zawgyi]
{ ေရွာင္လံုႏြီ}
"ေဟ့၊ ငါ့မမေလးကို ဒီလိုေျပာရဲရေလာက္ေအာင္ နင့္ကိုနင္ ဘယ္သူလို႔ထင္ေနတာလဲ!? မမေလးရဲ့ လ်ိႈ႔ဝွက္သက္ေတာ္ေစာင့္ကို နင့္ကို တံစို႔ကင္လုပ္ဖို႔ ေျပာလိုက္မွာ!"
ယြဲ႔လန္က ဝမ္ရူဟြားကိုေအာ္သည္။
"ကိုယ့္အဆင့္အတန္းကို သိထားရင္ေကာင္းမယ္။ ငါ့မမေလးက နင္ေအာ္လို႔ရတဲ့သူမဟုတ္ဘူး!"
ဝမ္ရူဟြား၏မ်က္ႏွာမွာ မုန္းတီးမႈမ်ားျဖင့္ျပၫ့္သြားေတာ့၏။ ထို႔ေနာက္ သူက ကိုယ့္ကိုကိုယ္ သေရာ္သလိုၿပံဳးသည္။
"ဟုတ္တာေပါ့၊ ငါ့အဆင့္အတန္းက အရာရိွတစ္ေယာက္ရဲ့ဇနီးျဖစ္တဲ့ မင္းရဲ့အဆင့္အတန္းနဲ႔ ဘယ္ကိုက္ညီမွာလဲ။"
ယြဲ႔လန္က ဝမ္ကူဟြားကို ငတံုးဟူသၫ့္အၾကၫ့္ျဖင့္ၾကၫ့္၏။ သူက မမေလးရဲ့အလိမ္အညာေတြကို လံုးဝသံသယမဝင္တာလား? သူ႔မေက်နပ္ခ်က္ေတြကို ေအာ္မေျပာခင္မွာ သူက အခ်က္အလက္ေတြကိုေတာင္အတည္မျပဳဘူး။
သူ႔ဦးေနွာက္က တစ္ခုခုျဖစ္ေနတာျဖစ္ရမယ္၊ ၿပီးေတာ့ ေတာ္ေတာ္ေလးျပင္းထန္ပံုရတယ္။
လ်ိႈ႔ဝွက္သက္ေတာ္ေစာင့္သည္လည္း ဆက္ၾကၫ့္မေနႏိုင္ေတာ့သျဖင့္ နဉ္ရႈကို ေမးခြန္းထုတ္သည္။
"သခင္မေလး၊ ကြၽန္ေတာ္တို႔ ဒိလူႀကီးမင္း- ကြၽန္ေတာ္ေျပာခ်င္တာက သခင္မေလးရဲ့ အစ္ကိုဝမ္းကြဲကို ရြက္ဖ်င္တဲတစ္ခုေပးသင့္လား?"
နဉ္ရႈ ပါးစပ္မဟရေသးခင္မွာပင္ ဝမ္ရူဟြားက ထေအာ္သည္။
"မလိုဘူး! ပိုင္ခ်င္ရွန္း၊ ငါ မင္းသနားတာကိုမလိုဘူး။ ငါ အျပင္မွာပဲအိပ္မွာ။"
နဉ္ရႈ : ...
မရင့္က်က္လိုက္တာ။ သူက ေဒါသထြက္ေနျခင္းသာျဖစ္ရမည္ဟု နဉ္ရႈေတြးလိုက္မိသည္။ အျပင္မွာအိပ္တာက ခြန္အားကိုျပသရာက်တယ္လို႔ သူတကယ္ႀကီးေတြးေနတာမ်ားလား?
သူမ သမ္းလိုက္သည္။ ဒိေန့ ၀မ္ရူဟြားနဲ႔ျငင္းခံုလို႔ၿပီးၿပီမို႔ သူမ ယြဲ႔လန္ကို တဲအတြင္းဆြဲေခၚသြားလိုက္သည္။
"မီးၿငႇိမ္းလိုက္ေတာ့၊ အိပ္ၾကမယ္။"
အျပင္တြင္ေတာ့ ဝမ္ရူဟြားသည္ ရြက္ဖ်င္တဲကို သူ႔မ်က္လံုးအၾကၫ့္တို႔ျဖင့္ စုတ္ၿဖဲပစ္ခ်င္ေနသၫ့္အလား တဲကို ရႈပ္ေထြးေနသၫ့္အမူအရာျဖင့္ စူးစိုက္ၾကည့္လ်က္ရိွ၏။
လ်ိႈ႔ဝွက္သက္ေတာ္ေစာင့္က ဝမ္ကူဟြားကို တစ္ခ်က္မ်ွၾကၫ့္ကာ ႀကိဳးတစ္ေခ်ာင္းကိုယူၿပီး သစ္ပင္ႏွစ္ပင္ၾကားတြင္ခ်ည္ေနွာင္လိုက္သည္။ ထို႔ေနာက္ သူသည္ အိပ္စက္ရန္အတြက္ ေရွာင္လံုႏြီကဲ့သို႔ ႀကိဳးေပၚသို႔ခုန္တက္သြား၏။ သို႔ေသာ္လည္း ျမင္ကြင္းကေတာ့ ေရွာင္လံုႏြီအိပ္စက္သကဲ့သို႔ ၾကၫ့္ေကာင္းျခင္းမရိွဘဲ ေၾကာက္မက္ဖြယ္ေကာင္းေနေပသည္။
[T/N : ေရွာင္လံုႏြီက ဆရာႀကီးက်င္းယံုေရးသားခဲ့တဲ့ The Return of the Condor Heroes ထဲက ဇာတ္လိုက္မင္းသမီးပါ။ ျမန္မာမွာေတာ့ သိမ္းငွက္သူရဲေကာင္းလို႔သိၾကမယ္ထင္တယ္။ ေရွာင္လံုႏြီက Englishလိုဆို little dragon maiden(အပ်ိဳစင္နဂါးမေလး)ပါ။ ဒီမွာလည္း English Translatorက little dragon maidenနဲ႔သံုးထားတာ။ သို႔ေပသိ မ်က္စိထဲ တကယ့္နဂါးမကိုသြားျမင္ၾကမွာစိုးလို႔ တရုတ္သံျဖစ္တဲ့ ေရွာင္လံုႏြီကို ေျပာင္းသံုးလိုက္ပါတယ္။]
သူ႔ကို ဘယ္သူမွဂရုမစိုက္သည္ကိုျမင္မွ ဝမ္ရူဟြားက သစ္ပင္တစ္ပင္ကိုမွီလိုက္ကာ နဉ္ရႈရဲ့ရြက္ဖ်င္တဲကိုၾကၫ့္ၿပီး ေငးငိုင္ေနေလ၏။
စိမ္းစိမ္းဝါးဝါးၾကၫ့္ေနသၫ့္ သူ႔မ်က္လံုးတို႔က နီရဲလာၿပီး သူက မၾကာခဏ အံႀကိတ္လ်က္ရိွသည္။ တိတ္ဆိတ္ေနေသာအခ်ိန္၌ ဤအသံက အေတာ္ေလးေက်ာခ်မ္းဖြယ္ေကာင္းေပ၏။
သို႔ေသာ္လည္း တဲအတြင္းတြင္ေတာ့ နဉ္ရႈသည္ ယြဲ႔လန္ကိုဖက္ကာ ႏွစ္ၿခိဳက္စြာအိပ္ေမာက်လ်က္ရိွ၏။ ဝမ္ရူဟြားက အျပင္မွာ ဂနာမၿငိမ္နဲ႔ ေငးေငးငိုင္ငိုင္ျဖစ္ေနလိမ့္မယ္ဆိုတာ သူမမသိေခ်။
ဟုတ္ၿပီေလ၊ သူမ သိခဲ့ရင္ေတာင္ ဂရုစိုက္မွာမဟုတ္ပါဘူး။
သို႔ေသာ္လည္း ဝမ္ရူဟြားကေတာ့ အေတာ္ေလးဂရုစိုက္ေပ၏။ ပိုင္ခ်င္ရွန္း ဘာေတျြဖစ္ခဲ့ၿပီး သူ႔ကို ဘာလို႔လာရွာတာလဲဆိုတာ သူ မေနႏိုင္စြာသိခ်င္ေနမိသည္။ သူမက သူ႔ကို ဘယ္လိုျမင္ေနတာလဲ? သူမက သူ႔ကို ဘယ္အခ်ိန္မွာမဆို စြန႔္ပစ္လို႔ရၿပီး သူမလိုခ်င္ရင္ ျပန္ေကာက္ယူလို႔ရတယ္လို႔မ်ား ထင္ေနတာလား?
ဒါေပမယ့္ သူ႔ႏွလံုးသားက ဘာလို႔အရမ္းလႈပ္ရွားေနရတာလဲ? သူကေရာ ဘာလို႔ အခုထိ ဒီအၾကင္နာမဲ့ၿပီးေလာဘႀကီးတဲ့မိန္းမေၾကာင့္ စိတ္လႈပ္ရွားေနရေသးတာလဲ?
ဝမ္ရူဟြားသည္ ရြက္ဖ်င္တဲအျပင္တြင္ တစ္ညလံုးသည္အတိုင္းေနကာ ေငးငိုင္ေနခဲ့၏။ မနက္ခင္းမွာ နဉ္ရႈထြက္လာၿပီး ေအးေဆးစြာအေၾကာဆန႔္ေနသည္ကိုျမင္ခ်ိန္၌ သူတစ္ညလံုးခ်ိဳးႏိွမ္ဖိႏိွပ္ထားခဲ့ရသၫ့္ ေဒါသတို႔အံုႂကြလာေတာ့သည္။ သို႔ေသာ္လည္း ဇာပဝါႏွင့္ဖံုးကြာ္ထားျခင္းမရိွသၫ့္တစ္ခုတည္းေသာအစိတ္အပိုင္းျဖစ္သၫ့္ နဉ္ရႈ၏မ်က္လံုးမ်ားကိုျမင္လိုက္ခ်ိန္၌ သူသည္ အံ့ဩမႈေၾကာင့္ ေနရာတြင္ပင္ၾကက္ေသေသသြားေခ်၏။
...
Advertisement
- In Serial6 Chapters
Falling rain
Reincarnated as Yamamoto Takeshi that will be the future higher up in mafia famiglias, and will hold the title of rain guardian for the fluffy future Vongola Decimo. Arya, the normal 20 year old, scheming his way to survive and enjoy his second life in this world of violence and rainbows. Katekyo Hitman Reborn! fanfiction Disclaimer © Akira Amano(my character only Arya) warning : amateur writer
8 189 - In Serial6 Chapters
Dark Beginnings
A young man named Solomon finds a strange book that holds mysterious powers. Will he embrace the magick that he's destined to wield, or will he turn from it and try to live a Normal life without magick and demons.
8 118 - In Serial9 Chapters
Reign
A man who has already lived his life, and felt happy with it, is pulled into another. He can't remember his death, but is sure it occured. Not content to simply begin another life, he instead curses the god that put him there, naming himself Asmodeus and swearing to force the Author to end the book before its completion. Who will win, the Author, or the Character? --- Warning: Main Character is objectively evil. This is no Anti-hero territory.
8 168 - In Serial32 Chapters
Quirkless?
As a small child my whole perception of the world changed. I was surrounded by liars and fakes. Humans are such a cruel species, if someone doesn't fit they are cast out. People turn a blind eye to cruelty I've faced, people don't care about the quirkless. Except I'm not quirkless. Far from it. All I can say is my treatment in this world made me strong but cold, bitter and apathetic. I was the only human I could trust, I and I alone. Here is the story of how I ended up in my version of hell, UA. Surrounded by, well you know, just about every single person I couldn't get far enough away from. And an overkill quirk just about everyone wanted a piece of. Yeah I was dealt some pretty shitty cards, now you'll see how I play them.Uploads depend on my schedule but I'll try weekly also error will be made cuz I dotn proof read, when I've finished I'll go over it 😅 The story follows Izuku but if there's a change in povs there will be a indication ⚠️ warning swearing and violence⚠️
8 176 - In Serial6 Chapters
The Lost Boys: Parent Scenarios
Welcome to Santa Carla, where four vampires are just dying to be your new parents.
8 219 - In Serial6 Chapters
Greene's Monthly Contest
most writers don't have enough recognition. most of them only win awards based on the general aspects of a story; genre or theme, judged by the same things, not appreciating the genius behind the chapters. same awards, same results.--and we disagree with that.
8 102

