《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 76
Advertisement
[Unicode]
{လှည့်စားခံနေရတဲ့ဒုက္ခသည်လိုစိတ်}
နဉ်ရှု ဒါကို နားမလည်နိုင်ပေ။ ဝမ်ရူဟွားက မြစ်နဲ့အရမ်းနီးတဲ့နေရာကို ဘာလို့ရွေးခဲ့ရတာလဲ? မုန်တိုင်းတို့၊ မြစ်ရေကြီးတာတို့ဖြစ်လာရင် သူ့အိမ်လေးပါသွားမှာမဟုတ်ဘူးလား?
ဒါမှမဟုတ် ဇာတ်ကြောင်းကိုထောက်ပံ့ပေးပြီး မုယန်မုန့်က သူမရဲ့ဒဏ်ရာရနေတဲ့ခန္ဓာကိုယ်နဲ့ မြစ်ဆီလွယ်လွယ်ကူကူသွားပြီး နောက်တစ်ယောက်နဲ့တွေ့ဖို့ ခုန်ချရအောင်လို့လား?
နဥ်ရှုက အထဲမဝင်ဘဲ ခြံရှေ့မှာသာရပ်နေခဲ့သည်။ ဝမ်ရူဟွားက လှည့်ကြည့်လာကာ သရော်သလိုဆို၏။
"အိုး၊ မင်းက အရေးကြီးအရာရှိတစ်ယောက်ရဲ့ဇနီးဆိုတာ ငါမေ့သွားတယ်။ ဒီလို သက်ငယ်မိုးထားတဲ့အိမ်လေးမျိုးမှာနေရတာကို မင်း ဘယ်လိုလုပ်ကျင့်သားရမလဲနော်?"
နဉ်ရှုက တည်ကြည်စွာဖြင့် ခေါင်းယမ်းကာဆိုသည်။
"ညီမ တကယ်ပဲကျင့်သားမရပါဘူး။ ဝမ်းကွဲအစ်ကို၊ အစ်ကို ဒီလိုကြောက်ဖို့ကောင်းတဲ့အခြေအနေမျိုးမှာ နေနေရလိမ့်မယ်လို့ ညီမ တစ်ခါမှမတွေးမိဘူး။ အစ်ကို ညီမကိုလာရှာခဲ့သင့်တယ်။ ညီမ သစ်တိုသစ်စလေးတွေရှာပြီး အစ်ကို့ကို အဖြူရောင်နံရံတွေနဲ့ မီးခိုးရောင်အုပ်ကြွပ်မိုးတွေပါတဲ့ အဆင့်မြင့်အိမ်တစ်လုံးတော့ ဆောက်ပေးနိုင်ပါတယ်။ ဒီလိုကြောက်ဖို့ကောင်းတဲ့အခြေအနေတွေကို ရင်ဆိုင်ဖို့ အစ်ကို ကိုယ့်ကိုကိုယ်ဖိအားပေးနေဖို့မလိုပါဘူး။"
ဝမ်ရူဟွားရဲ့မျက်နှာက ဒေါသကြောင့်ရှုံ့မဲ့သွားကာ သူက အော်လာသည်။
"ပါးစပ်ပိတ်ထားလိုက်တော့! မင်းရဲ့ချမ်းသာကြွယ်ဝမှုတွေက မင်းရဲ့သိက္ခာကိုရောင်းပြီးရလာတာတွေ။ ရွံဖို့ကောင်းတယ်!"
နဉ်ရှု : …
ဝမ်ရူဟွားရဲ့ခေါင်းနဲ့ပတ်သက်ပြီး တစ်ခြခုတော့မှားနေပြီလို့ နဉ်ရှုတွေးလိုက်မိသည်။ သူ့ရဲ့လှည့်စားခံနေရတဲ့ဒုက္ခသည်လိုစိတ်မျိုးက အတော်လေးအားကောင်းတာပဲ။ သူက တစ်လောကလုံးက သူ့အပေါ်အမှားလုပ်ထားသလိုလုပ်နေတယ်။
အမျိုးသမီးဘက်က စိတ်ထားကို နဉ်ရှုနားလည်နိုင်သည်။ ပိုင်ချင်ရှန်းက သူမကို ပိုကောင်းမွန်တဲ့ဘဝပေးနိုင်တဲ့ အခြေအနေနည်းနည်းပိုကောင်းတဲ့သူကို ရွေးချယ်ခဲ့ရုံသာဖြစ်သည်။ ကြွယ်ဝမှုနဲ့ဂုဏ်သရေရဖို့ ဆန္ဒလေးနည်းနည်းရှိတယ်ဆိုပေမယ့် ဝမ်ရူသွားပြောနေသလို သေစေနိုင်လောက်တဲ့ပြစ်မှုကြီးမဟုတ်ပေ။ ဒီကိစ္စက ဝမ်ရူဟွားဆီမှာ တစ်ခါမှမဖြစ်ခဲ့ဖူးဘဲ ပိုင်ချင်ရှန်းကို ဘေးကင်းလုံခြုံတဲ့စိတ်ခံစားချက်လေးတောင်မပေးနိုင်ခဲ့တာက သူ့ဘက်ကပြသနာများဖြစ်နေမလား?
မြတ်စွာဘုရား။ ပိုင်ချင်ရှန်း ဝမ်ရူဟွားနဲ့အဝေးကိုထွက်သွားနိုင်ခဲ့တာက ကောင်းတယ်လို့ နဉ်ရှုတွေးလိုက်မိသည်။ မင်းက ယောက်ျားတစ်ယောက်နဲ့အတူ စမ်းသပ်မှုတွေနဲ့ဘေးဒုက္ခတွေကိုကျော်ဖြတ်မယ်ဆိုရင်တောင် အဲ့လူက မင်းရဲ့ယုံကြည်မှုနဲ့ထိုက်တန်တဲ့ယောက်ျားနဲ့မှဖြစ်သင့်တယ်။ ဝမ်ရူဟွားက ဘာရည်မှန်းချက်မှမရှိတဲ့ယောက်ျားတစ်ယောက်ပဲ။ သူ အခု မရင့်မကျက်ပြုမူနေတဲ့ပုံကိုကြည့်လိုက်တာနဲ့ သူက နောက်ပိုင်းမှာလည်း အများကြီးတိုးတက်လာမယ့်သူမဟုတ်ဘူးဆိုတာ သေချာပေါက်သိသာတယ်။
နဉ်ရှုက နှုတ်ခမ်းတို့ကိုတင်းတင်းစေ့လိုက်ရင်း ငွေဆုံးတစ်တုံးထုတ်လိုက်သည်။ သူမက ငွေတုံးကို မြေကြီးပေါ်အားပြင်းပြင်းနဲ့ပစ်ချလိုက်ပြီး မြေကြီးကို အနည်းငယ်ချို့ဝင်သွားစေကာ မောက်မာစွာဆို၏။
"ဝမ်းကွဲအစ်ကို၊ ဒီလိုအိမ်မျိုးမှာ ချင်ရှန်း သက်တောင့်သက်သာနေနိုင်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ ငွေကိုယူပြီး လက်သမားကို အိမ်ကိုနည်းနည်းပြင်ခိုင်းလိုက်ပါ။ ဒီသက်ငယ်မိုးအိမ်က မိုးတောင်လုံမယ့်ပုံမပေါ်ဘူး။"
ဝမ်ရူဟွားရဲ့မျက်နှာက ခက်ထန်သွားသည်။ သူက ငွေတုံးကိုကောက်ယူကာ သူမဆီပစ်လိုက်ပြီး ကြိမ်းဝါးသည်။
"ထွက်သွား! မင်းရဲ့ရွံစရာကောင်းတဲ့ငေွကိုယူပြီး ဒီကထွက်သွား! ငါ ငတ်သေသွားမယ်ဆိုရင်တောင် ဒီလိုညစ်ပတ်တဲ့ငွေကို လက်ခံမှာမဟုတ်ဘူး။"
နဉ်ရှုက တိုက်ခိုက်မှုကိုရှောင်ကာ ငွေတုံးကိုကောက်ယူလိုက်ပြီး သူမရဲ့ပိုက်ဆံအိတ်ထဲ အေးဆေးစွာပင်ပြန်ထည့်သည်။ သူမက နူးညံ့စွာဆို၏။
"ချင်ရှန်းက ဝမ်းကွဲအစ်ကိုအတွက် ခက်ခဲနေရတယ်လို့တွေးမိလို့ ဝမ်းကွဲအစ်ကို ပိုကောင်းကောင်းနေနိုင်အောင် ငွေလေးနည်းနည်းနဲ့ကူညီချင်ရုံပါ။ ဒါဆို အစ်ကို့ရဲ့အချိန်တွေကို ဆေးပင်ခူးတဲ့နေရာမှာကုန်ဆုံးစေမှာထက် စာလေ့လာတာမှာ ပိုပြီးကုန်ဆုံးစေနိုင်မယ်လေ။ အစ်ကိုက စာပေမှာ အရည်အချင်းရှိတဲ့လူတစ်ယောက်ပါ။ ခက်ခက်ခဲခဲ ရုန်းကန်နေရတာတွေကြောင့် စာပေအသိပညာကို မတိုးတက်စေဘူးဆိုရင် ရှက်စရာကြီး။"
"ငါ့အခြေအနေက မင်းနဲ့ဘာဆိုင်လို့လဲ? မငိး ငါတို့ကတိကို ချိုးဖျက်လိုက်တဲ့နေ့တည်းက ငါတို့က သူစိမ်းတွေဖြစ်သွားပြီ! ပိုင်ချင်ရှန်း၊ အခု ငါ့ဘဝထဲဝင်ဖို့ မင်း ဘာနောက်ခံကိုသုံးဖို့ကြိုးစားနေတာလဲ!?"
နဉ်ရှုက မြင့်မြတ်ပြီးစိတ်သဘောထားကြီးတဲ့လေသံနဲ့ သူ့ကိုငွေထောက်ပံ့ပေးချင်ပါတယ်လို့ပြောတာကို ဝမ်ရူဟွား ကြားလိုက်ရတဲ့အခါ သူ အရှက်အခွဲခံနေရသလိုခံစားမိပြီး ဒေါသထွက်သွားသည်။
ဒီမိန်းမရဲ့ငွေကို လက်ခံမှာထက် သူ သေပဲသေပစ်လိုက်မယ်။ သူက သနားဖို့ကောင်းတဲ့ပုံပေါက်နေတယ်ဆိုပေမယ့် ဒီလိုဘဝမျိုးက ပိုကောင်းတယ်ဆိုတာ သူသိတယ်။ သူ ပိုင်ချင်ရှန်းကို အလျှော့ပေးဖို့ လုံးဝမဖြစ်နိုင်ဘူး။
နောက်ဆုံး၌မူ နဉ်ရှုက အလျှော့ပေးလိုက်သည်။
"ကောင်းပြီလေ၊ ဝမ်းကွဲအစ်ကိုရဲ့ဆုံးဖြတ်ချက်ကို ချင်ရှန်း လက်ခံပြီး ညီမရဲ့ငွေကို အစ်ကို့ကို ထပ်ပြီးလက်မခံခိုင်းတော့ပါဘူး။ ညီမ ဘယ်မှာနေရမလဲ ဝမ်းကွဲအစ်ကို?"
နဉ်ရှု အလျှော့ပေးလိုက်တာကိုမြင်သည်၌ ဝမ်ရူဟွားရဲ့နှလုံးသားလေးမှာ ဝမ်းမြောက်ပျော်ရွှင်မှုတို့နှင့် ဘတင်ခိုက်လို့သွားသည်။ သူတို့ ပြန်တွေ့တည်းက ပိုင်ချင်ရှန်းက မာနကြီးကာ အထက်စီးဆန်သလိုပြုမူနေခဲ့၏။ သူမက သူ့ဆီကိုခိုလှုံဖို့လာခဲ့တာလို့ ပြောနေသော်လည်း သူမရဲ့အပြုအမူတွေက မနှစ်မြို့ချင်စရာဖြစ်ကာ အကူအညီတောင်းနေချိန်မှာလုပ်သင့်တဲ့ အောက်ကျို့နာခံမှုကို လုံးဝမလုပ်ပေ။
နဉ်ရှုနဲ့ယွဲ့လန်က အခန်းတစ်ခန်းရွေးလိုက်သည်။ အခန်းက အရမ်းရိုးရှင်းလွန်းပြီး လေပြင်းတစ်ချက်ကပင် နံရံတွေကိုဖြိုချပစ်နိူသ်သလိုထင်ရ၏။ ထပ်ပြောရလျှင် အခန်းက အရမ်းကိုစိုထိုင်းနေပြီး မြက်နံရံရဲ့နေရာတစ်ချို့က ဆွေးနေပြီဖြစ်၏။ လူတစ်ယောက်က ဒီလိုအိမ်မျိုးမှာ ဘယ်လိုနေရမှာလဲ?
...
[Zawgyi]
Advertisement
နဉ်ရှု : …
"ထွက်သွား! မင်းရဲ့ရွံစရာကောင်းတဲ့ငွေကိုယူပြီး ဒီကထွက်သွား! ငါ ငတ်သေသွားမယ်ဆိုရင်တောင် ဒီလိုညစ်ပတ်တဲ့ငွေကို လက်ခံမှာမဟုတ်ဘူး။"
"ငါ့အခြေအနေက မင်းနဲ့ဘာဆိုင်လို့လဲ? မငိး ငါတို့ကတိကို ချိုးဖျက်လိုက်တဲ့နေ့တည်းက ငါတို့က သူစိမ်းတြွေဖစ်သွားပြီ! ပိုင်ချင်ရှန်း၊ အခု ငါ့ဘဝထဲဝင်ဖို့ မင်း ဘာနောက်ခံကိုသုံးဖို့ကြိုးစားနေတာလဲ!?"
...
Advertisement
- In Serial26 Chapters
A Journey With Gods and Monsters
An outcasted High School boy, Cody, is always stuck in his friend's shadow. He wished he could stand alone, but feels indebted to his friend, John, for his kindness to him. He goes on sullenly until suddenly he is pulled into the world of Gods and Monsters of human mythology and lore. Why was he brought there? Who is he really? Will he be able to go back home or want to go back home? A tale of Fantasy, Romance, and finding Self-worth, journey along with Cody in the land of Gods and Monsters.
8 156 - In Serial11 Chapters
Secrets of Ruin (Ruin Book 2)
Jim, Alia, and the others continue their adventure in this, the second book of the "Ruin" universe. The Prophetess' evil grasp is reaching slowly across the sands, and none can seem to stop her. But, in the south an ancient power is about to be unburied. Will it be the undoing of the Prophetess' armies or will all of Ruin burn? If you haven't read book one, find the unedited draft right here on RoyalRoad! Or, you can buy the finalized copy on Amazon.com!Royalroad Version Amazon E-Book
8 159 - In Serial10 Chapters
The Way of Ambitions
What makes a True King?One wordAMBITIONThe Ambition to Reach the TopTo be the Pinnacle of ExistenceTo RULE over AllWhen the world is thrown in chaos by the migration of Different races. The balance is shattered and the peaceful world we knew ceased to exist. Struggling for limited resources to survive. Kill or be killed.Will you accept this fate? Or will you RISE?What makes a True King?Rated +18 for abusive words, violence and sexual content. (Just love using insults xD)Also I promise a LOT of fighting, a lot of OPness without the MC being unrivalled, a huge ton of badass charas and limitless future!
8 150 - In Serial23 Chapters
The Fight We Chose
"No one starts a war—or rather, no one in his senses ought to do so—without first being clear in his mind what he intends to achieve by that war and how he intends to conduct it."- Harold G. Moore November 22nd, 1963: The eyes of the world turn to the American city of Dallas, Texas, where normality has been forever shattered. An attack the likes of which the world has never seen before has turned the Cold War on its head as the new factor in the silent conflict threatens the balance. The world already teetering on the brink of war, the United States and those that lead it now have to balance a new threat, fantastical in origin, alongside the many others that come with the turbulent era of the 1960s. Eras collide. Values clash. The nature of war remains unchanged.
8 133 - In Serial18 Chapters
The First Realm
Frank Richland sometimes dreams of being a character in one of the video games he plays or the fantasy stories he reads, but he never expected to be come the leader of his own country and the master of a realm. Frank is not given a choice by the mysterious system that kidnaps him during a relaxing walk upon one of the many paths around Austin. The system warns him that other Realm Masters will try to conquer his realm which will kill him. The only path to survival is to build a strong empire, to become a powerful psion, and to grow as quickly as he can.
8 202 - In Serial13 Chapters
Case Walker meeting Jonas Bridges
Case Walker is new to town and it is his first day at a new school. He meets a kid named Jonas Bridges in math class. He think it's all going to be okay then something changes..... Read To Find Out.....
8 115