《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 77
Advertisement
[Unicode]
{အထူးတိုက်ခိုက်မှုထုတ်လွှတ်!}
ယွဲ့လန်က ဘေးဘီကိုဝေ့ကြည့်သည်။ သူမရဲ့မျက်နှာက ဖြူဖျော့သွားသည်။ သူမက ပြောလာ၏။
"မမလေး၊ ကိစ္စတွေ ဘယ်လောက်ပဲခက်ခဲနေပါစေ မမလေးက ဘယ်တုန်းကမှ ဒီလိုအခန်းမျိုးမှာနေရလောက်တဲ့အထိ မဖြစ်ဖူးဘူး။ ဒီလိုအိမ်မျိုးမှာ လူတစ်ယောက်က ဘယ်လိုလုပ်ပြီးများနေနိုင်ရတာလဲ? နေရာတိုင်းမှာလည်း ကြမ်းပိုးတွေနဲ့။ ညကျရင် ကျွန်မတို့ သေတဲ့အထိအကိုက်ခံရလိမ့်မယ်! ဘာလို့ ခြံထဲမှာ တဲမထိုးတာလဲ? တဲထိုးနေတာက ဒီအခန်းထဲနေရတာထက် ပိုကောင်းလောက်တယ်။"
နဉ်ရှုက သက်ပြင်းချသည်။ မုယန်မုန့် ရုပ်ရည်ပျက်စီးသွားခဲ့တုန်းက သူမက ဝမ်ရူဟွားရဲ့ အဆက်မပြတ်လှောင်ပြောင်သရော်မှုတွေနဲ့ ရင့်သီးစွာဆက်ဆံမှုတွေကိုရင်ဆိုင်ရင်း သည်လိုနေရာမျိုးမှာနေခဲ့ရသည်။ နောက်ပိုင်းမှာ ဝမ်ရူဟွားရဲ့တဏှာရာဂကို ကျေနပ်နှစ်သိမ့်စေရင်း အိမ်အလုပ်တွေကူလုပ်ပေးခဲ့ရ၏။ မူလခန္ဓာရှင်က အသက်ရှင်ဖို့ အများကြီးခံစားခဲ့ရသည်။ သူမ ဓားအထိုးခံရပြီး ကိုယ်ဝန်ထပ်ပျက်ကျချိန်မှာ မြစ်ထဲခုန်ချဖို့ဆုံးဖြတ်လိုက်တာ အံ့ဩစရာမရှိပေ။
သည်လိုဘဝမျိုးနဲ့စာလျှင် သေသွားတာက ပိုကောင်းပေသည်။
နဉ်ရှုက မျက်နှာကိုလက်ဖြင့်အုပ်ရင်းဆိုသည်။
"ဒါဆိုလည်း ခြံထဲမှာ တဲထိုးကြမယ်။ ဒီမှာနေပြီး ကြမ်းပိုးအကိုက်ခံတာက မတန်ဘူး။"
သူမကိုယ်သူမ မလိုအပ်တဲ့အခက်အခဲဒုက္ခတွေကို ဘယ်လိုနည်းနဲ့မှခံစားစေမှာမဟုတ်။
ဝမ်ရူဟွားက ဒေါသထွက်နေတဲ့အမူအရာနဲ့ကြည့်နေချိန်မှာ သူမတို့က တဲတစ်လုံးအတူတူဆောက်လိုက်ကြသည်။ သူက အေးစက်စွာဆို၏။
"မင်း ငါ့အိမ်မှာမနေနိုင်မှတော့ ဘာလို့ ငါ့ကိုလာရှာနေသေးလဲ? မင်းမှာ ငွေအများကြီးရှိတယ်မဟုတ်ဘူးလား? မင်း ပိုကောင်းတဲ့နေရာ သွားရှာလို့ရတယ်။"
နဥ်ရှုက သူ့ကို မျက်လုံးထောင့်ကပ်ကြည့်ကာ စိတ်ပျက်စွာဆို၏။
"ဝမ်းကွဲအစ်ကို၊ ညီမ အစ်ကို့ကို ဘာလို့လက်မထပ်တာလဲဆိုတာ တစ်ခါမှမတွေးမိဖူးဘူးလား?"
"ဒင်၊ စိတ်ဒဏ်ရာမှတ် +10။ လက်ရှိစိတ်ဒဏ်ရာမှတ်စုစုပေါင်းက 80။ အာာား၊ နဉ်ရှုလေး၊ မြန်မြန်၊ နည်းနည်းလေးမြန်လိုက်၊ ကြိုးစားထား!"
2333ရဲ့ စိတ်လှုပ်ရှားနေတဲ့အသံက နဉ်ရှုခေါင်းထဲ ပဲ့တင်ထပ်လို့သွားသည်။
နဉ်ရှု : ထွက်သွား။
"ဘာလို့လဲ?"
ဝမ်ရူဟွားက သရော်ပြုံးဖြင့်ပြန်ဖြေသည်။
"ဇိမ်ကျတဲ့ဘဝမှာနေချင်လို့ပဲမဟုတ်ဘူးလား?"
နဉ်ရှုက လက်ယမ်းသည်။
"အို၊ မဟုတ်ဘူး၊ မဟုတ်ဘူး၊ အဲ့လိုမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတာ အစ်ကိုသိချင်ရင် ညီမပြောပြလို့ရတယ်။"
"အစ်ကို့ရုပ်ရည်က မဆိုးပေမယ့် အသားအသောက်ဖိုးတွေကို အစ်ကို့မျက်နှာလေးနဲ့ပေးလို့မရဘူးလေ။ အစ်ကိုက စာအုပ်တွေအများကြီးဖတ်ထားပေမယ့် နန်းတွင်းစာမေးပွဲကို တစ်ခါမှဝင်မဖြေချင်ခဲ့ဘူး။ အစ်ကိုက စာမေးပွဲအောင်ဖို့ ကြိုးစားနေတဲ့သာဖြေသုလို့တောင် ပြောလို့မရတဲ့အတွက် အစ်ကို စာမေးပွဲအောင်ပြီး နာမည်ကျော်ပညာရှိတစ်ယောက်ဖြစ်လာနိုင်မယ့်အခွင့်အရေးတွေဆိုတာလည်း လုံးဝမရှိဘူး။ အစ်ကိုက ငယ်ငယ်တည်းက စာပေတွေလေ့လာနေခဲ့ပေမယ့် ကိုယ့်ကိုယ်ကို သက်သေပြရမယ့်အချိန်လည်းရောက်ရော အစ်ကို ဘာမှမလုပ်နိုင်တော့ဘူး။ နန်းတွင်းစာမေးပွဲက တစ်ဆင့်ပြီးတစ်ဆင့်ဖြေရတာ။ အစ်ကိုက အချိန်အကြာကြီးစောင့်နေပြီး အကြိမ်ပေါင်းများစွာကျရှုံးနေခဲ့တော့ အစ်ကို နောက်ဆုံးအဆင့်စာမေးပွဲအောင်တဲ့အချိန်ကျရင် ညီမလည်းအိုလောက်ပြီ။ ညီမက ညီမတို့ကတိကိုဖောက်ဖျက်ခဲ့တယ်ဆိုရင်တောင် တန်တယ်၊ ပြီးတော့ အဲ့ဒါက ညီမအတွက် နောင်တမရမယ့်ရွေးချယ်မှုပဲ။ ညီမ အခုပြန်လာတယ်ဆိုတာက အစ်ကို့ကို ထောက်ပံ့ပေးဖို့ပဲ။ ဒါမှသာ အစ်ကို နန်းတွင်းစာမေးပွဲဝင်ဖြေဖို့ အင်အားတွေရှိလာမှာလေ။"
"ကောင်းကောင်းဆိုးဆိုး၊ အစ်ကိုက ဟယ့်ရွာက ကလေးတွေအတွက် စံနမူနာကောင်းအဖြစ်ရပ်တည်ပြီး စာပေပညာရေးဆိုတာက သူတို့ကို သူတို့နဲ့သက်တူရွယ်တူတွေကြားထဲမှာ ထူးချွန်ထင်ရှားနေအောင် လုပ်ပေးနိုင်တဲ့အရာဆိုတာ သိအောင်လုပ်ပေးသင့်တယ်။ အစ်ကိုက အချိန်တွေအကြာကြီး စာပေလေ့လာခဲ့ပေမယ့် ဒီလိုဖွတ်ကျားအိမ်လေးမှာနေပြီး အဝတ်စုတ်တွေဝတ်ထားတယ်။ အစ်ကို ကောင်းကောင်းတောင်မစားရဘူး။ စာပေလေ့လာတာက ဒီလိုဆင်းရဲတဲ့အနာဂတ်ကိုရောက်သွားစေနိုင်တယ်ဆိုတာမျိုး ကျောင်းက ကလေးတွေတွေးသွားခဲ့ရင် သူတို့က ဘာလို့ စာပေလေ့လာနေတော့မှာလဲ? ဒီလိုပုံစံမျိုးနဲ့ ကလေးတွေရှေ့မှာ အစ်ကိုက ဩဇာအာဏာနဲ့ ဂုဏ်သိက္ခာရောရှိရဲ့လား? အားကောင်းတဲ့သူတွေကပဲ လေးစားမှုနဲ့ထိုက်တန်တာ။ ဩဇာအာဏာ၊ ငွေကြေး၊ အရည်အချင်းဆိုတာတွေက အားကောင်းတဲ့လူကို ပိုအားကောင်းအောင်လုပ်ပေးတာတွေပဲ။ ဝမ်းကွဲအစ်ကို၊ အစ်ကို့မှာ အဲ့ဒါတွေရှိတယ်လို့ အစ်ကိုထင်လား?"
"အရင်က ညီမ အစ်ကို့ကို သစ္စာဖောက်ခဲ့တယ်ဆိုတာ ညီမဝန်ခံပါတယ်။ ဒါပေမယ့် အစ်ကို ညီမကိုပေးခဲ့တာက ဝေးကွာနေပြီး မရေရာမသေချာတဲ့မျှော်လင့်ချက်တစ်ခုပဲ။ လက်လှမ်းမမှီနိုင်ဘဲ ဖမ်းဆုပ်ရခက်တဲ့ ကတိတစ်ခုပဲ။ အစတည်းက ကတိဆိုတာ လက်ဆုပ်လက်ကိုင်ပြလို့မရတဲ့ မရေရာမသေချာတဲ့အရာပဲ။ ညီမက ဒီလို မရေရာတဲ့စကားတွေအတွက်နဲ့ တည်ငြိမ်လုံခြုံတဲ့ဘဝကို လက်လွှတ်လိုက်ရမှာလား?"
နဉ်ရှုက ဝမ်ရူဟွားကို ကြည်လင်နေသည့်မျက်ဝန်းများဖြင့် ရိုးသားစွာကြည့်သည်။
"ညီမ မှန်တယ်မဟုတ်လား ဝမ်းကွဲအစ်ကို?"
....
[Zawgyi]
{အထူးတိုက္ခိုက္မႈထုတ္လႊတ္!}
ယြဲ႔လန္က ေဘးဘီကိုေဝ့ၾကၫ့္သည္။ သူမရဲ့မ်က္ႏွာက ျဖဴေဖ်ာ့သြားသည္။ သူမက ေျပာလာ၏။
"မမေလး၊ ကိစၥေတြ ဘယ္ေလာက္ပဲခက္ခဲေနပါေစ မမေလးက ဘယ္တုန္းကမွ ဒီလိုအခန္းမ်ိဳးမွာေနရေလာက္တဲ့အထိ မျဖစ္ဖူးဘူး။ ဒီလိုအိမ္မ်ိဳးမွာ လူတစ္ေယာက္က ဘယ္လိုလုပ္ၿပီးမ်ားေနႏိုင္ရတာလဲ? ေနရာတိုင္းမွာလည္း ၾကမ္းပိုးေတြနဲ႔။ ညက်ရင္ ကြၽန္မတို႔ ေသတဲ့အထိအကိုက္ခံရလိမ့္မယ္! ဘာလို႔ ၿခံထဲမွာ တဲမထိုးတာလဲ? တဲထိုးေနတာက ဒီအခန္းထဲေနရတာထက္ ပိုေကာင္းေလာက္တယ္။"
နဉ္ရႈက သက္ျပင္းခ်သည္။ မုယန္မုန႔္ ရုပ္ရည္ပ်က္စီးသြားခဲ့တုန္းက သူမက ဝမ္ရူဟြားရဲ့ အဆက္မျပတ္ေလွာင္ေျပာင္သေရာ္မႈေတြနဲ႔ ရင့္သီးစြာဆက္ဆံမႈေတြကိုရင္ဆိုင္ရင္း သည္လိုေနရာမ်ိဳးမွာေနခဲ့ရသည္။ ေနာက္ပိုင္းမွာ ဝမ္ရူဟြားရဲ့တဏွာရာဂကို ေက်နပ္ႏွစ္သိမ့္ေစရင္း အိမ္အလုပ္ေတြကူလုပ္ေပးခဲ့ရ၏။ မူလခႏၶာရွင္က အသက္ရွင္ဖို႔ အမ်ားႀကီးခံစားခဲ့ရသည္။ သူမ ဓားအထိုးခံရၿပီး ကိုယ္ဝန္ထပ္ပ်က္က်ခ်ိန္မွာ ျမစ္ထဲခုန္ခ်ဖို႔ဆံုးျဖတ္လိုက္တာ အံ့ဩစရာမရိွေပ။
သည္လိုဘဝမ်ိဳးနဲ႔စာလ်ွင္ ေသသြားတာက ပိုေကာင္းေပသည္။
နဉ္ရႈက မ်က္ႏွာကိုလက္ျဖင့္အုပ္ရင္းဆိုသည္။
"ဒါဆိုလည္း ၿခံထဲမွာ တဲထိုးၾကမယ္။ ဒီမွာေနၿပီး ၾကမ္းပိုးအကိုက္ခံတာက မတန္ဘူး။"
Advertisement
သူမကိုယ္သူမ မလိုအပ္တဲ့အခက္အခဲဒုကၡေတြကို ဘယ္လိုနည္းနဲ႔မွခံစားေစမွာမဟုတ္။
ဝမ္ရူဟြားက ေဒါသထြက္ေနတဲ့အမူအရာနဲ႔ၾကၫ့္ေနခ်ိန္မွာ သူမတို႔က တဲတစ္လံုးအတူတူေဆာက္လိုက္ၾကသည္။ သူက ေအးစက္စြာဆို၏။
"မင္း ငါ့အိမ္မွာမေနႏိုင္မွေတာ့ ဘာလို႔ ငါ့ကိုလာရွာေနေသးလဲ? မင္းမွာ ေငြအမ်ားႀကီးရိွတယ္မဟုတ္ဘူးလား? မင္း ပိုေကာင္းတဲ့ေနရာ သြားရွာလို႔ရတယ္။"
နဥ္ရႈက သူ႔ကို မ်က္လံုးေထာင့္ကပ္ၾကၫ့္ကာ စိတ္ပ်က္စြာဆို၏။
"ဝမ္းကြဲအစ္ကို၊ ညီမ အစ္ကို႔ကို ဘာလို႔လက္မထပ္တာလဲဆိုတာ တစ္ခါမွမေတြးမိဖူးဘူးလား?"
"ဒင္၊ စိတ္ဒဏ္ရာမွတ္ +10။ လက္ရိွစိတ္ဒဏ္ရာမွတ္စုစုေပါင္းက 80။ အား၊ နဉ္ရႈေလး၊ ျမန္ျမန္၊ နည္းနည္းေလးျမန္လိုက္၊ ႀကိဳးစားထား!"
2333ရဲ့ စိတ္လႈပ္ရွားေနတဲ့အသံက နဉ္ရႈေခါင္းထဲ ပဲ့တင္ထပ္လို႔သြားသည္။
နဉ္ရႈ : ထြက္သြား။
"ဘာလို႔လဲ?"
ဝမ္ရူဟြားက သေရာ္ၿပံဳးျဖင့္ျပန္ေျဖသည္။
"ဇိမ္က်တဲ့ဘဝမွာေနခ်င္လို႔ပဲမဟုတ္ဘူးလား?"
နဉ္ရႈက လက္ယမ္းသည္။
"အို၊ မဟုတ္ဘူး၊ မဟုတ္ဘူး၊ အဲ့လိုမဟုတ္ဘူး။ ဘာေၾကာင့္လဲဆိုတာ အစ္ကိုသိခ်င္ရင္ ညီမေျပာျပလို႔ရတယ္။"
"အစ္ကို႔ရုပ္ရည္က မဆိုးေပမယ့္ အသားအေသာက္ဖိုးေတြကို အစ္ကို႔မ်က္ႏွာေလးနဲ႔ေပးလို႔မရဘူးေလ။ အစ္ကိုက စာအုပ္ေတြအမ်ားႀကီးဖတ္ထားေပမယ့္ နန္းတြင္းစာေမးပြဲကို တစ္ခါမွဝင္မေျဖခ်င္ခဲ့ဘူး။ အစ္ကိုက စာေမးပြဲေအာင္ဖို႔ ႀကိဳးစားေနတဲ့သာေျဖသုလို႔ေတာင္ ေျပာလို႔မရတဲ့အတြက္ အစ္ကို စာေမးပြဲေအာင္ၿပီး နာမည္ေက်ာ္ပညာရိွတစ္ေယာက္ျဖစ္လာႏိုင္မယ့္အခြင့္အေရးေတြဆိုတာလည္း လံုးဝမရိွဘူး။ အစ္ကိုက ငယ္ငယ္တည္းက စာေပေတြေလ့လာေနခဲ့ေပမယ့္ ကိုယ့္ကိုယ္ကို သက္ေသျပရမယ့္အခ်ိန္လည္းေရာက္ေရာ အစ္ကို ဘာမွမလုပ္ႏိုင္ေတာ့ဘူး။ နန္းတြင္းစာေမးပြဲက တစ္ဆင့္ၿပီးတစ္ဆင့္ေျဖရတာ။ အစ္ကိုက အခ်ိန္အၾကာႀကီးေစာင့္ေနၿပီး အႀကိမ္ေပါင္းမ်ားစြာက်ရႈံးေနခဲ့ေတာ့ အစ္ကို ေနာက္ဆံုးအဆင့္စာေမးပြဲေအာင္တဲ့အခ်ိန္က်ရင္ ညီမလည္းအိုေလာက္ၿပီ။ ညီမက ညီမတို႔ကတိကိုေဖာက္ဖ်က္ခဲ့တယ္ဆိုရင္ေတာင္ တန္တယ္၊ ၿပီးေတာ့ အဲ့ဒါက ညီမအတြက္ ေနာင္တမရမယ့္ေရြးခ်ယ္မႈပဲ။ ညီမ အခုျပန္လာတယ္ဆိုတာက အစ္ကို႔ကို ေထာက္ပံ့ေပးဖို႔ပဲ။ ဒါမွသာ အစ္ကို နန္းတြင္းစာေမးပြဲဝင္ေျဖဖို႔ အင္အားေတြရိွလာမွာေလ။"
"ေကာင္းေကာင္းဆိုးဆိုး၊ အစ္ကိုက ဟယ့္ရြာက ကေလးေတြအတြက္ စံနမူနာေကာင္းအျဖစ္ရပ္တည္ၿပီး စာေပပညာေရးဆိုတာက သူတို႔ကို သူတို႔နဲ႔သက္တူရြယ္တူေတြၾကားထဲမွာ ထူးခြၽန္ထင္ရွားေနေအာင္ လုပ္ေပးႏိုင္တဲ့အရာဆိုတာ သိေအာင္လုပ္ေပးသင့္တယ္။ အစ္ကိုက အခ်ိန္ေတြအၾကာႀကီး စာေပေလ့လာခဲ့ေပမယ့္ ဒီလိုဖြတ္က်ားအိမ္ေလးမွာေနၿပီး အဝတ္စုတ္ေတြဝတ္ထားတယ္။ အစ္ကို ေကာင္းေကာင္းေတာင္မစားရဘူး။ စာေပေလ့လာတာက ဒီလိုဆင္းရဲတဲ့အနာဂတ္ကိုေရာက္သြားေစႏိုင္တယ္ဆိုတာမ်ိဳး ေက်ာင္းက ကေလးေတြေတြးသြားခဲ့ရင္ သူတို႔က ဘာလို႔ စာေပေလ့လာေနေတာ့မွာလဲ? ဒီလိုပံုစံမ်ိဳးနဲ႔ ကေလးေတြေရ႔ွမွာ အစ္ကိုက ဩဇာအာဏာနဲ႔ ဂုဏ္သိကၡာေရာရိွရဲ့လား? အားေကာင္းတဲ့သူေတြကပဲ ေလးစားမႈနဲ႔ထိုက္တန္တာ။ ဩဇာအာဏာ၊ ေငြေၾကး၊ အရည္အခ်င္းဆိုတာေတြက အားေကာင္းတဲ့လူကို ပိုအားေကာင္းေအာင္လုပ္ေပးတာေတြပဲ။ ဝမ္းကြဲအစ္ကို၊ အစ္ကို႔မွာ အဲ့ဒါေတြရိွတယ္လို႔ အစ္ကိုထင္လား?"
"အရင္က ညီမ အစ္ကို႔ကို သစၥာေဖာက္ခဲ့တယ္ဆိုတာ ညီမဝန္ခံပါတယ္။ ဒါေပမယ့္ အစ္ကို ညီမကိုေပးခဲ့တာက ေဝးကြာေနၿပီး မေရရာမေသခ်ာတဲ့ေမ်ွာ္လင့္ခ်က္တစ္ခုပဲ။ လက္လွမ္းမမွီႏိုင္ဘဲ ဖမ္းဆုပ္ရခက္တဲ့ ကတိတစ္ခုပဲ။ အစတည္းက ကတိဆိုတာ လက္ဆုပ္လက္ကိုင္ျပလို႔မရတဲ့ မေရရာမေသခ်ာတဲ့အရာပဲ။ ညီမက ဒီလို မေရရာတဲ့စကားေတြအတြက္နဲ႔ တည္ၿငိမ္လံုၿခံဳတဲ့ဘဝကို လက္လႊတ္လိုက္ရမွာလား?"
နဉ္ရႈက ဝမ္ရူဟြားကို ၾကည္လင္ေနသၫ့္မ်က္ဝန္းမ်ားျဖင့္ ရိုးသားစြာၾကၫ့္သည္။
"ညီမ မွန္တယ္မဟုတ္လား ဝမ္းကြဲအစ္ကို?"
....
Advertisement
- In Serial9 Chapters
The Immortal Mortal
Ray Black is just a regular college student. On a school trip abroad, a terrifying incident occurs during their plane flight. Ray Black, finds himself in a cultivation world with the mortal cultivation talent of Earthlings but an undying body. How will Ray, a standard guy from Earth, handle his inability to die while those around him can?
8 144 - In Serial7 Chapters
Hero's Gear Online
David Oress is a 18 year old college drop out thats been addicted to videogames ever since he was a little kid, so when the worlds 9th VRMMO game boasting a 99% realism factor (HERO'S GEAR ONLINE) was released David may have finally found his calling. Armed with a part time job at a womens clothing store as a sales representative in order to buy himself a console later that year when it's released. At the games announcing only two peices of information were given. The name and its realism. At the customers dismay they found that they can't pick there own classes and game determines them from a personality and physical aptitude test. David got stuck with a class he feels he has no aptitude towards but could it send him on a path he never could've imagined? This is the Story of the Anti-hero.
8 85 - In Serial112 Chapters
Zero The Hero - A Pokemon Mystery Dungeon story
Abused, abandoned and alone, George never thought his life could sink any lower. At some point, the gut punches had to stop, didn't they? So he believed, until his whole world is turned upside down one night. When he awakes, little does he know of the trials and tribulations awaiting him...
8 242 - In Serial10 Chapters
The Harmony System
Welcome to the Harmony System Initializing…. Joseph was out camping with his oldest son, Noah when it happened. Harmony had arrived and with it came the colonists. Joseph and Noah survive the trip home only to find his younger son, Michael, and ex-wife missing. Had the crazy ex kidnapped Michael again or had something unspeakable happened to them? As Joseph tries to secure safety for Noah and himself, he is suddenly thrust into an unwelcome leadership position in the fight against the settlers. As the daily struggles to rally humanity against the onslaught mount, two questions plague Joseph’s thoughts; how can we survive? And what happened to Michael?
8 89 - In Serial14 Chapters
Claimed by the Gods
Xeyian. A magical world that was set to be the gods play toy. The gods laughed and enjoyed the lives that strived in this very world. To the gods, the souls of the mortals was just a play thing.Lucca comes from a family that has followed the teachings of the life gods. Taking their children, they offer their souls to the angels above to claim them in the future. Once a member of the family dies, they will serve as angels in the after life. But Lucca was not claimed by those angels. The angels rejected his soul leaving his mother to weep. Unknown to all this, Lucca was given up by his mother. But little did Lucca's family knew, that Lucca was claimed by another god. The goddess of death claimed Lucca as her husband. Giving him the mark of death. This mark soon lead to Lucca's future to out strip a mere mortals.Current Chapters: 1-14Status: Haitus or may be cut.
8 73 - In Serial18 Chapters
LOVE METER || TK ✓
[𝘈 𝘴𝘩𝘰𝘳𝘵 𝘣𝘰𝘰𝘬]Not like people expected the school dork-Jeon Jungkook to get ninety-nine percent on the love meter with the school heartthrob-Kim Taehyung.❝TOP TAEHYUNG❞❝BOTTOM KOOK❞STARED : 1st March 2022FINISHED : 22nd May 2022•the picture on the cover belongs to the rightful owner.©2022 Peoniex ꆛ
8 182

