《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 79
Advertisement
[Unicode]
{လောကကြီးက ကျီးကန်းအတောင်တွေလို မည်းမှောင်နေတယ်}
နဉ်ရှုက ဝမ်ရူဟွားရဲ့မျက်လုံးတွေထဲက ရွံရှာမှုတွေကို မတွေ့သလိုဟန်ဆောင်ကာမေးလေ၏။
"ဝမ်းကွဲအစ်ကို၊ ညီမတို့ ဘာစားကြမှာလဲ?"
ဝမ်ရူဟွားက အေးစက်စွာပြန်ဖြေသည်။
"မင်းမှာ ငွေတွေအများကြီးရှိတယ်မဟုတ်ဘူးလား? ရွာသားတစ်ယောက်ကိုရှာပြီး စားစရာအတွက် ငွေပေးလိုက်ပေါ့။"
နဉ်ရှုက မေးသည်။
"ဒါဆို အစ်ကိုက ဘာစားမှာလဲ?"
"မင်းအပူမပါဘူး။ ပိုင်ချင်ရှန်း၊ မင်း ဒီမှာနေတာကို ငါ မကန့်ကွက်ဘူး။ ဘာပဲဖြစ်ဖြစ် ငါက မင်းကို ဘာလုပ်ပါဆိုပြီး ပြောခွင့်ရှိတာမှမဟုတ်ဘဲ၊ ဒါပေမယ့် ငါ့ဘဝထဲဝင်ပါဖို့တော့ မကြိုးစားနဲ့။ မင်းက မင်းစိတ်ထဲက လိပ်ပြာမလုံမှုကို ဖြေဖျောက်ဖို့ကြိုးစားတဲ့အနေနဲ့ ငါ့ကို ဒီလိုတွေလုပ်ပေးနေတာ၊ ဒါပေမယ့် ငါက မင်းဖြစ်စေချင်သလို လုပ်မှာမဟုတ်ဘူး!"
ဝမ်ရူဟွားက အေးစက်စွာဆိုသည်။
ဘယ်သူက နင့်အတွက် လုပ်ပေးချင်နေလို့လဲ? နင်က လုပ်ကြံထားတဲ့အကြောင်းပြချက်ကို တကယ်ကြီး အတည်မှတ်နေတာလား? နဉ်ရှုက သူမရဲ့ရွံရှာမှုတွေကို စိတ်ထဲမှထုတ်ဖော်နေ၏။ သူမက ဘာလို့ သူ့ဘဝကို စုတ်ပြတ်သတ်သွားအောင် လက်စားချေဖို့မလာရတာလဲ?
ဒါပေမယ့် သူက ဒီလိုပြောလာမှတော့ သူမကလည်း ဘယ်လိုနည်းနဲ့မှ ကိုယ့်ကိုကိုယ်ဒုက္ခပေးနိုင်ပေါင်။ သူမက ယွဲ့လန်ကိုဆွဲခေါ်ကာ စားစရာရှာဖို့ ပြင်လေ၏။ သူမက ထွက်မသွားခင် ဟန်ဆောင်ပန်ဆောင်ဖြင့်မေးလေသည်။
"ဝမ်းကွဲအစ်ကို၊ ညီမတို့ ဘာလို့ အတူတူမသွားတာလဲ? အစ်ကို အသားစားဖူးတာ အတော်လေးကြာနေလောက်ပြီ။ သူတို့ အစ်ကို့အတွက် ကြက်သားဟင်းချက်ပေးအောင် ညီမ သူတို့ကို နည်းနည်းပိုပေးလိုက်မယ်လေ။ အစ်ကို့ခန္ဓာကိုယ်က အားရှိမှ စာမေးပွဲဖြေဖို့ စာလေ့လာတာမှာ အာရုံစိုက်နိုင်မှာပေါ့။ အစ်ကို့တစ်ဘဝလုံး ဒီမှာပဲကုန်ဆုံးမလို့တော့ မဟုတ်ပါဘူးနော်?"
ဝမ်ရူဟွားရဲ့မျက်နှာမှာ မြင်မကောင်းလောက်အောင်ပင် ကြည့်ရဆိုးနေတော့သည်။
"မင်းက စွန့်ပစ်ခံလိုက်ရတဲ့ဇနီးသည်တစ်ယောက်ပဲ! ယောက်ျားတစ်ယောက်က စွန့်ပစ်လိုက်တဲ့ မိန်းမတစ်ယောက်ပဲ! အဲ့လူက မင်းကို ထပ်မလိုချင်တော့ဘူးလို့ဆုံးဖြတ်လိုက်တော့ မင်းက ငါ့ဆီလာပြီးအကူအညီတောင်းတယ်၊ ဒါတောင်မှ မင်းက ငါ့ဘဝကို ဝေဖန်ရဲသေးတယ်ပေါ့? ငါဘာပဲလုပ်လုပ် မင်းမှာ ဝေဖန်ခွင့်မရှိဘူး!"
"ငါ နန်းတွင်းစာမေးပွဲ ဝင်ဖြေဖြေ၊ မဖြေဖြေ မင်းအပူတစ်ပြားသားမှမပါဘူး! ပိုင်ချင်ရှန်း၊ ငါ မင်းကို သတိပေးလိုက်မယ်၊ နန်းတွင်းစာမေးပွဲအကြောင်း ငါ့ရှေ့မှာ ထပ်မပြောနဲ့! အရာရှိတစ်ယောက်ရဲ့ အမှောင်လမ်းကိုလျှောက်ဖို့ ငါငြင်းပယ်တယ်။ ငါ ဒီမှာပဲနေပြီး နေ့ရက်တိုင်းကို ရုန်းကန်မှာ!"
ဝမ်ရူဟွားက ရင်ကိုကော့ရင်း သူ့ဆုံးဖြတ်ချက်ကို ကြေညာသည်။
နဉ်ရှု : …
သူ အတွေးလွန်နေတာမဟုတ်ဘူးလား? သူ စကားပြောတဲ့ပုံစံကလေ သူ ပထမဆုံးတစ်ကြိမ်ကြိုးစားလိုက်တာနဲ့ စာမေးပွဲအောင်သွားမှာ သေချာနေတဲ့အထာနဲ့။ သူ့အတွေးတွေကတောင် အကျင့်ပျက်အရာရှိတွေရဲ့ အမှောင်လမ်းကို ရောက်နေပြီ...။ မယုံနိုင်စရာပဲ။
သူ့ကိုယ်သူ ကောင်းကင်ဘုံအောက် ပြိုင်ဘက်ကင်းလိုပြူမူနေတာက ကိုယ့်စိတ်ကိုယ်လှည့်စားနေတာပဲ။
သူမရဲ့မျက်နှာက စကားပြောရင်းရှုံ့မဲ့သွားသည်။
"ဝမ်းကွဲအစ်ကိုက ပြည်သူတွေအတွက် တရားမျှတမှုရယူပေးမယ့် အရာရှိကောင်းတစ်ယောက်လုပ်ဖို့ တစ်ခါမှမစဉ်းစားခဲ့ဖူးတာလားပဲ? အရာရှိတွေအများကြီး အကျင့်ပျက်နေကြပေမယ့်လည်း ဒါက ဝမ်းကွဲအစ်ကိုအနေနဲ့ အကျင့်ပျက်အရာရှိတွေကိုဖယ်ရှားဖို့ စာမေးပွဲမြန်မြန်ဖြေသင့်တယ်လို့ ဆိုလိုတာမဟုတ်ဘူးလား?"
ဝမ်ရူဟွားက မျက်ခုံးတို့ကို တွန့်ချိုးလာ၏။
"မင်းပြောတာ အဓိပ္ပာယ်ရှိပေမယ့် ဟိုးအရင်တည်းက လောကကြီးက ကျီးကန်းရဲ့အမွှေးအတောင်တွေလို မှောင်မိုက်နေခဲ့တာ၊ အရာရှိတွေက သူတို့ဘာသာပဲ ကာကွယ်ကြရမှာ။ ငါက တစ်ယောက်တည်း၊ အဲ့လိုကြီးမားတဲ့အဖွဲ့အစည်းကြီးကို ဘယ်လိုလုပ်အနိုင်ယူနိုင်မှာလဲ? ဒါကြောင့်ပဲ ဗျုရိုကရေစီအုပ်ချုပ်ရေးစနစ်အပေါ်ထားတဲ့မျှော်လင့်ချက်တွေကို ငါလက်လျှော့လိုက်တာ။"
နဉ်ရှုက သူ့ကို အံ့ဩတကြီးကြည့်လာ၏။ သူက တကယ်ကြီးတုံးနေတာတော့ ဟုတ်ပုံမရဘူး။ ဒါပေမယ့် သူသိတာက လေကြီးဖို့ပဲ။ တငယ်တော့ သူက စာမေးပွဲဖြေရမှာကြောက်နေပြီး ကျရှုံးတာကိုရှောင်ရှားဖို့အတွက် အကြောင်းပြချက်ပေါင်းစုံပေးနေတာပဲ။
ဒီလိုလူမျိုးနဲ့စကားပြောတာက ဘာအဓိပ္ပာယ်မှမရှိတာကြောင့် နဉ်ရှုက ယွဲ့လန်နဲ့အတူထွက်သွားဖို့ပြင်လိုက်သည်။ သို့သော်လည်း သူမ ရုတ်တရက် အသားနံ့ကိုရလိုက်သည်။ သူမ လှည့်ကြည့်လိုက်ပြီးနောက် ခြံစည်းရိုးအပြင်ဘက်မှာ လူနှစ်ယောက်ရပ်နေတာကို တွေ့လိုက်ရသည်။
သူတို့ထဲကတစ်ယောက်က ဟယ့်ရှောင်ဟွားဖြစ်သည်။ သူမက လက်ထဲမှာ စားစရာကိုင်ထားပြီး ဝမ်ရူဟွားကိုလှမ်းအော်၏။
"သခင်လေးဝမ်၊ ကျွန်မ ရှင့်အတွက် စားစရာယူလာတယ်။"
"ကြိုဆိုပါတယ်၊ ကြိုဆိုပါတယ်။ ဝင်ကြပါ။"
နဉ်ရှုက သူတို့ကို အလျင်အမြန်ပင်နှုတ်ဆက်၏။
"အိုး၊ ဒီတော့ မင်းက အဲ့တတ်ယောင်ကားပညာရှိခေါ်လာတဲ့ အလှလေးပေါ့? မဆိုးဘူးပဲ။ ဘာလို့ ခေါင်းမာတဲ့ငတုံးကောင် ဝမ်ရုဟွားနောက်လိုက်ဖို့ ရွေးလိုက်ရတာလဲ?"
ဟယ့်ရှောင်ဟွားအနားတွင် ယပ်တောင်တစ်ခုကိုင်ထားသည့် ဝဖိုင့်ဖိုင့်အမျိုးသားတစ်ယောက်ရှိနေသည်။ သူ့ဖောယောင်နေသည့်မျက်နှာနှင့်ယှဉ်ပါက အနှီကြော့ရှင်းလှသည့်ပစ္စည်းမှာ အတော်လေးကြည့်ကောင်းပေသည်။
သူ့ရဲ့ အလွန်အမင်း ဂုဏ်ယူဝံ့ကြွားနေဟန်က ကြည့်ရသည်ကို ပို၍အမြင်မတော်ဖြစ်စေ၏။ ချီရှန်းယပ်တောင်ကိုင်ထားသည့်ပုံစံကို နဉ်ရှု ပြန်သတိရမိသွားသည်။ တကယ်ကို ကျက်သရေရှိတယ်။ ဒါကတော့? အဲ့နီရဲဖောယောင်နေတဲ့လက်ချောင်းတွေက နူးညံ့တဲ့ယပ်တောင်လေးကို ဖြစ်ညှစ်ထားတာကိုမြင်နေရတာက မျက်စိကိုပြာသွားစေတယ်
ဒါက လူပုံအလယ်မှာ ရာဇဝတ်မှုကျူးလွန်တာပဲ။
...
[Zawgyi]
နဉ်ရှုက မေးသည်။
Advertisement
နဉ်ရှု : …
...
Advertisement
- In Serial24 Chapters
The Beast of Ildenwood
An epic fantasy adventure with LitRPG elements. 🏹 He awakens in a strange forest with no memory of who he is, where he's from, or what has happened to him. She is on the run, carrying a precious bundle that could mean the destruction of the world as they know it, or peace everlasting. When their paths intertwine, the two of them are in a battle against time - to save him, and to save the world - with death biting at their heels. 🏹 Lahab takes her oath as a Noble Guardian with dead seriousness, so when an artifact that has the power to destroy the world - or create an era of lasting peace - shows up on the battlefield, she risks her life to make sure it doesn't fall into the wrong hands. While on the run from those who desire the mighty power of the mysterious artifact, she stumbles upon an unconscious amnesiac and decides to take him with her. The Wanderer of Realms - the only name the man has - travels with Lahab as she makes the journey to Burj Annur, but as he begins to regain his memories, dangerous secrets come to light about this Wanderer...
8 130 - In Serial19 Chapters
Diner of a Returned Hero [Ver. English)]
Choi, Kyeongho 35 years old, his looks are somewhere in between normal and handsome. His temperament is stiflingly dull. He is very much content with whatever is given to him and is also subtly thoughtful of others. Possesses power that can even match the Demon King. Albino Real name is Carnis de Rufs. Kyeongho nicknamed him albino. Pet of the Lord God and the Guardian. He is the one who established the awakening system to protect the Earth. Possesses unexpected aegyo and clumsiness. Synopsis Kyeongho returns to the Earth after 10 years of protecting the world of the spirits from the attack of Evildom. But it turns out that Earth has been attacked too? Can Kyeongho, who dreams of an ordinary life working at his mom’s restaurant, save the world from the monster attack?
8 232 - In Serial63 Chapters
Lolly
[participant in the Royal Road Writathon challenge] Lolly lives in time. It is where she has always lived...for now. Now is a peculiar state of existence because one now leads to another now. Lolly is not quite sure where the next now will take her, but it will take her somewhere.Now, Lolly lives in Texas. It is where she has always lived. It is 1975. She has her own quiet dreams and her own personal challenges, like we all do.
8 209 - In Serial53 Chapters
DUNGEON GOD
life of a game character, while his adventure he finds a odd thing which he had never seen! read the story to know what will happen to him!
8 145 - In Serial23 Chapters
ONLY YOURS (#2)
When does the hero himself becomes the villain of his story? When he feels that the most precious thing in his life is getting snatched away, for which he can take anyone's life. *****************************************" Shivaay please.. I don't even know whether she likes me or -"" Dare you ask her. " Shivaay cut him off by grabbing his collar and pushed away. " Shivaay listen to me. Everyone out there is not to hurt you. Some are with you to heal you. To make you happy. To take you to the places where all happiness belongs to you. To love you like there is no tomorrow. So please... Listen to me. Talk to her, sought out everything, every misunderstandings, clear out everything. Before....Before its too late. " Shravan said to his brother who was taking out his anger and frustration on the punching bag. Shivaay grabbed Shravan's collar and pinned him on the wall almost startling him. " SHUT UP..! Just shut up. Stop lecturing me. It's my life and I will fucking live it in my way. Don't tell me what to do and what not. And one more thing.. If you weren't my brother, I would have ripped your head the secound I spotted you with my girl. " Shivaay yelled at him and pushed him away. " Shivaay don't. You are on the wrong track. Don't turn your love into some kind of obsession and madness. You will only end up hurting her and loosing her forever. " Shravan shouted back. " Huh.! Love without obsession is a waste of time for me. And about madness, she has only seen Shivaay's limitless love. Now she will get to know, up-to which extend I can go for her. " " And one more thing. What's mine is mine. Keep it in your pretty little mind. "*****************************************There is no limit in love. It's just a passion.But it is not a matter of everyone's bass to have such love. Will Amaya be able to appreciate Shivaay's outspoken love or will choose the Simplicity of Shravan?Cover credits : Myself.! Aesthetics credits : @heyhurgun
8 90 - In Serial110 Chapters
UNSPOKEN
Unspoken is a book filled with poems and songs I've made throughout my life. Each chapter will be either a song or poem. They are similar to what many of you have experienced in life... featuring love, heartbreak, loneliness, etc. These are all the emotions I was never able to let out so I chose to write them out on paper.
8 196