《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 80
Advertisement
[Unicode]
{ရွာရဲ့အာဏာရှင်ဆိုးကြီးနှင့် ရွာရဲ့ပန်းကလေး}
ထိုနှစ်ယောက်ကိုတွေ့လိုက်ရချိန်၌ ဝမ်ရူဟွား၏မျက်နှာမှာ ပို၍ပင်ကြည့်ရဆိုးသွားတော့သည်။ သူက အေးစက်စွာပင် ဆိုသည်။
"မင်းတို့နှစ်ယောက်က ဒီကိုဘာလာလုပ်တာလဲ? မင်းတို့ကို ဒီနေရာက မကြိုဆိုဘူး။ ဟယ့်တာ့ဟွား၊ ဟယ့်ရှောင်ဟွား...ရွာကလူတွေက မင်းတို့နှစ်ယောက်ကိုကြောက်ရင်တောင် ငါကတော့ မင်းတို့ကို မကြောက်ဘူး!"
ဟယ့်ရှောင်ဟွားမှာ အနည်းငယ်နာကျင်သွားပုံပေါ်၏။
"သခင်လေးဝမ်၊ ကျွန်မက ရှင့်အတွက် စားစရာယူလာပေးတာပါ။ ရှင်က ဘာလို့ အရမ်းခက်ထန်နေရတာလဲ?"
နဉ်ရှုက ချက်ချင်းဝင်ပြောလာသည်။
"မိန်းကလေးက ဒီကို ကောင်းမွန်တဲ့ရည်ရွယ်ချက်နဲ့ ရောက်လာတာလေ၊ အစ်ကို ဒီလိုမလုပ်သင့်ဘူး။ မိန်းကလေးဟယ့်၊ ကျွန်မတို့ အခုလေးတင် ဗိုက်ဆာနေကြတာ။ စားစရာယူလာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။"
ဝမ်ရူဟွားရဲ့မျက်နှာကဖြူရော်သွားကာ သူက နဉ်ရှုကိုပြောလာသည်။
"မင်း မစားရဘူး! ငါ ဝမ်ရူဟွားက သနားလို့စွန့်ကြဲပကမ်းတာကို ဘယ်တော့မှလက်ခံမှာမဟုတ်ဘူး၊ အထူးသဖြင့် အဲ့ဒါတွေက ရွာလူကြီးလုယူထားတဲ့ လူတွေရဲ့ သွေး၊ ချွေးနဲ့ မျက်ရည်တွေဖြစ်နေတာမို့။"
ဟယ့်တာ့ဟွားရဲ့မျက်နှာက ဒေါသတို့ဖြင့်ပြည့်နှက်သွားပြီး သူက ဝမ်ရူဟွားကို သူ့ယပ်တောင်ဖြင့် ထိုး၏။
"ဝမ်မျိုးရိုးကောင်! ငါ့အဖေက ဘယ်တုန်းက ဘာတွေကို လုယူခဲ့လို့လဲ!? မင်းမျက်လုံးတွေက မင်းသောက်ဖင်မှာပဲရှိနေတာဖြစ်ရမယ်! ဒီမှာရှိတဲ့အရာအားလုံးက ငါတို့မိသားစုတည်ထောင်ထားတာတွေပဲကွ! ကြည့်ရတာ မင်းခေါင်းကတင် ပြသနာရှိနေတာမဟုတ်ဘဲ မင်းအမြင်အာရုံကပါ ချို့ယွင်းနေတာပဲဖြစ်ရမယ်!"
ဝမ်ရူဟွားက စိတ်မဝင်စားစွာပြန်ဖြေသည်။
"ဘယ်သူသိမှာလဲ?"
"အိုက်ယား၊ ငါ သည်းမခံနိုင်တော့ဘူး! ဟယ့်ရှောင်ဟွား၊ ဒီလိုကောင်မျိုးကို စားစရာမပေးနဲ့။ ခွေးကိုကျွေးလိုက်တာကမှ ပိုကောင်းဦးမယ်။ အနည်းဆုံးတော့ ခွေးကမှ ကျေးဇူးတင်တဲ့အနေနဲ့ အမြီးယမ်းပြသေးတယ်။"
ရွာရဲ့အာဏာရှင်ဆိုးကြီး ဟယ့်တာ့ဟွားက သူ့ညီမကို အော်လေ၏။
"ဒီလိုကောင်မျိုးကို ကျွေးမွေးတာက အစယးအစာကိုဖြုန်းတီးတာပဲ!"
"အဲ့လိုမပြောပါနဲ့ အစ်ကိုကလည်း။ သခင်လေးဝမ်က အဲ့လိုလူမျိားမဟုတ်ပါဘူး။"
ဟယ့်ရှောင်ဟွားက စားစရာတွေကို ကျောက်စားပွဲတစ်ခုပေါ်မှာတင်လိုက်ပြီး ဝမ်ရူဟွားဘက်လှည့်သည်။
"သခင်လေးဝမ်၊ ရှင့်မှာ ဧည့်သည်ရှိနေတော့ သူ့ကို ကျွေးမွေးဖို့လိုတယ်လေ။ ဒီအစားအသောက်တွေကို ကလေးတွေရဲ့စာသင်ခအတွက် ကူညီထည့်ဝင်တယ်လို့ပဲ သဘောထားလိုက်ပါ။"
ကျွတ် ကျွတ်။ နဉ်ရှုမှာ ဘေးမှရပ်ကြည့်နေရင်း ခေါင်းယမ်းလိုက်မိ၏။ တကယ်တော့ ဒီဟယ့်ရှောင်ဟွားက မိန်းမကောင်းလေးပဲ၊ သူ့ဒေါသကပဲ ဒီလောက်မကောင်းတာ။
"ဟုတ်တယ်၊ ဟုတ်တယ်။ ကျေးဇူးတင်ပါတယ် မိန်းကလေးဟယ့်။ ကျွန်မတို့ အခုလေးတင် ဗိုက်ဆာနေကြတာ။ ကျွန်မက ဝမ်ရူဟွားရဲ့ ဝမ်းကွဲညီမ ပိုင်ချင်ရှန်းပါ။ ကျွန်မက ဝမ်းကွဲအစ်ကိုဆီကနေ အကူအညီတောင်းဖို့ ဒီကိုလာခဲ့တာ။"
နဉ်ရှုကပြောသည်။“
ဟယ့်ရှောင်ဟွားရဲ့ မျက်လုံးတွေထဲမှာ ရန်လိုမှုတွေပါဝင်နေကာ သူမက ခါးထောက်ကာမေး၏။
"သခင်လေးဝမ်နဲ့ရှင်က ဘယ်လိုပတ်သက်တာလဲ?"
နဉ်ရှုက ယွဲ့လန်ကို လာစားရန်ခေါ်ပြီးနောက် ပြန်ဖြေ၏။
"ကျွန်မက သူ့ဝမ်းကွဲညီမပါလို့ ကျွန်မ ရှင့်ကိုမပြောခဲ့ဘူးလား? စိတ်မပူပါနဲ့၊ ကျွန်မတို့ဆက်ဆံရေးက ဖြူစင်တဲ့ဝမ်းကွဲတွေအနေနဲ့ပဲရှိတာပါ။"
ဟယ့်ရှောင်ဟွားက သံသယရှိနေသေးသော်လည်း လက်ခံလိုက်ကာ နဉ်ရှုကို စားရန်ပြောကြားပြီး ဝမိရူဟွားဘက်လှည့်ကာဆို၏။
"သခင်လေးဝမ်၊ ရှင်လည်း နည်းနည်းလောက်စားသင့်တယ်။"
"ငါ မစားဘူး။"
ဝမ်ရူဟွားက အထဲပြန်လျှောက်သွားကာ တံခါးကို ဘမ်းခနဲမြည်အောင်ပိတ်လိုက်သည်။
ဟယ့်ရှောင်ဟွားရဲ့အမူအရာက အနည်းငယ်ဝမ်းနည်းသွားပုံပေါ်၏။
ထိုအချိန်တွင် ဟယ့်တာ့ဟွားက နဉ်ရှုဘေးနားတွင်ထိုင်လာသည်။ သူက ကျောက်သားခုံပုလေးပေါ်မှာထိုင်လိုက်ချိန်၌ ကြီးမားလှသည့်အသားလုံးကြီးနှင့်တူ၏။ ဟယ့်တာ့ဟွားက နဉ်ရှုကို မျက်လုံးပြူးကာကြည့်နေသည်။
"အလှလေးရယ်...အား၊ ဘာလို့ ဝမ်ရူဟွားလိုကောင်မျိုးနဲ့နေပြီး ဒုက္ခခံဖို့ ကိုယ့်ကိုကိုယ်တွန်းအားပေးရတာလဲ? မင်းလေးက ဘာလို့ အစ်ကိုကြီးတာ့ဟွားရဲ့အိမ်ကို မလာရတာလဲ? မင်းလေးက အခန်းကောင်းကောင်းမှာနေပြီး အသားတွေနေ့တိုင်းစားရမှာ။ ဝမ်ရူဟွားလိုကောင်မျိုးနဲ့နေတာက ဘာအနာဂတ်မှမရှိဘူးလေကွာ။"
နဉ်ရှုက အနှီရွာအာဏာရှင်ဆိုးကြီးကိုလှည့်ကြည့်၏။ ဒီမောင်နှမတွေက တကယ်ကို တစ်ခုခုပဲ။ အစ်ကိုကြီးက ရွာရဲ့အာဏာရှင်ဆိုးကြီးဖြစ်ပြီး ညီမလေးကတော့ ရွာရဲ့ပန်းကလေးဖြစ်နေတယ်။ သူတို့က တကယ့်ကို ထူးခြားလွန်းတဲ့ ဇာတ်ကောင်တွေပဲ။
သို့သော်လည်းဟယ့်တာ့ဟွားက ဝမ်ရူဟွားထက်ပိုပြီး မျက်စိပဒါသဖြစ်တယ်ဆိုတာ နဉ်ရှုသိလိုက်ရသည်။ မူလဇာတ်ကြောင်းမှာ ဟာ့်တာ့ဟွက မုယန်မုန့်အတွက် စိတ်မကောင်းဖြစ်တာရယ်၊ သူ့ညီမက ဝမ်ရူဟွားကို အရူးအမူးချစ်နေပြီး မုယန်မုန့်ကို အဝေးကိုပို့ပေးဖို့ သူ့ကို တောင်းဆိုတာရယ်ကြောင့် သူက မုယန်မုန့်ကို အဝေးပို့ဖို့ကြိုးစားခဲ့သည်။
ဟယ့်တာ့ဟွားနဲ့ ဟယ့်ရှောင်ဟွားတို့က အရမ်းကြီးရက်စက်တတ်တဲ့လူတွေမဟုတ်ပေ။ အနည်းဆုံးတော့ သူတို့ရဲ့နှလုံးသားတွေက ဝမ်ရူဟွားထက် ပိုပြီးဖြောင့်မတ်ကာ ကြင်နာတတ်ပေ၏။
ပညာရှိတစ်ယောက်ဖြစ်တာကလွဲလို့ ဝမ်ရူဟွားက ကျေးဇူးမသိတတ်သလို အကြင်နာတရားလည်းမရှိပေ။ သူဖတ်ခဲ့တဲ့စာအုပ်တွေအားလုံးက သူ့ကို စိတ်မမှန်တော့အောင်လုပ်လိုက်ပုံပင်။
...
ရှောင်ဟွား : ပန်းပွင့်လေး။
တာ့(သ)ဟွား : ပန်းပွင့်ကြီး။
...
[Zawgyi]
{ရြာရဲ့အာဏာရွင္ဆိုးႀကီးႏွင့္ ရြာရဲ့ပန္းကေလး}
ထိုႏွစ္ေယာက္ကိုေတြ့လိုက္ရခ်ိန္၌ ဝမ္ရူဟြား၏မ်က္ႏွာမွာ ပို၍ပင္ၾကၫ့္ရဆိုးသြားေတာ့သည္။ သူက ေအးစက္စြာပင္ ဆိုသည္။
"မင္းတို႔ႏွစ္ေယာက္က ဒီကိုဘာလာလုပ္တာလဲ? မင္းတို႔ကို ဒီေနရာက မႀကိဳဆိုဘူး။ ဟယ့္တာ့ဟြား၊ ဟယ့္ေရွာင္ဟြား...ရြာကလူေတြက မင္းတို႔ႏွစ္ေယာက္ကိုေၾကာက္ရင္ေတာင္ ငါကေတာ့ မင္းတို႔ကို မေၾကာက္ဘူး!"
ဟယ့္ေရွာင္ဟြားမွာ အနည္းငယ္နာက်င္သြားပံုေပၚ၏။
"သခင္ေလးဝမ္၊ ကြၽန္မက ရွင့္အတြက္ စားစရာယူလာေပးတာပါ။ ရွင္က ဘာလို႔ အရမ္းခက္ထန္ေနရတာလဲ?"
နဉ္ရႈက ခ်က္ခ်င္းဝင္ေျပာလာသည္။
"မိန္းကေလးက ဒီကို ေကာင္းမြန္တဲ့ရည္ရြယ္ခ်က္နဲ႔ ေရာက္လာတာေလ၊ အစ္ကို ဒီလိုမလုပ္သင့္ဘူး။ မိန္းကေလးဟယ့္၊ ကြၽန္မတို႔ အခုေလးတင္ ဗိုက္ဆာေနၾကတာ။ စားစရာယူလာေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္။"
Advertisement
ဝမ္ရူဟြားရဲ့မ်က္ႏွာကျဖဴေရာ္သြားကာ သူက နဉ္ရႈကိုေျပာလာသည္။
"မင္း မစားရဘူး! ငါ ဝမ္ရူဟြားက သနားလို႔စြန႔္ႀကဲပကမ္းတာကို ဘယ္ေတာ့မွလက္ခံမွာမဟုတ္ဘူး၊ အထူးသျဖင့္ အဲ့ဒါေတြက ရြာလူႀကီးလုယူထားတဲ့ လူေတြရဲ့ ေသြး၊ ေခြၽးနဲ႔ မ်က္ရည္ေတျြဖစ္ေနတာမို႔။"
ဟယ့္တာ့ဟြားရဲ့မ်က္ႏွာက ေဒါသတို႔ျဖင့္ျပၫ့္ႏွက္သြားၿပီး သူက ဝမ္ရူဟြားကို သူ႔ယပ္ေတာင္ျဖင့္ ထိုး၏။
"ဝမ္မ်ိဳးရိုးေကာင္! ငါ့အေဖက ဘယ္တုန္းက ဘာေတြကို လုယူခဲ့လို႔လဲ!? မင္းမ်က္လံုးေတြက မင္းေသာက္ဖင္မွာပဲရိွေနတာျဖစ္ရမယ္! ဒီမွာရိွတဲ့အရာအားလံုးက ငါတို႔မိသားစုတည္ေထာင္ထားတာေတြပဲကြ! ၾကၫ့္ရတာ မင္းေခါင္းကတင္ ျပသနာရိွေနတာမဟုတ္ဘဲ မင္းအျမင္အာရံုကပါ ခ်ိဳ႕ယြင္းေနတာပဲျဖစ္ရမယ္!"
ဝမ္ရူဟြားက စိတ္မဝင္စားစြာျပန္ေျဖသည္။
"ဘယ္သူသိမွာလဲ?"
"အိုက္ယား၊ ငါ သည္းမခံႏိုင္ေတာ့ဘူး! ဟယ့္ေရွာင္ဟြား၊ ဒီလိုေကာင္မ်ိဳးကို စားစရာမေပးနဲ႔။ ေခြးကိုေကြၽးလိုက္တာကမွ ပိုေကာင္းဦးမယ္။ အနည္းဆံုးေတာ့ ေခြးကမွ ေက်းဇူးတင္တဲ့အေနနဲ႔ အၿမီးယမ္းျပေသးတယ္။"
ရြာရဲ့အာဏာရွင္ဆိုးႀကီး ဟယ့္တာ့ဟြားက သူ႔ညီမကို ေအာ္ေလ၏။
"ဒီလိုေကာင္မ်ိဳးကို ေကြၽးေမြးတာက အစယးအစာကိုျဖဳန္းတီးတာပဲ!"
"အဲ့လိုမေျပာပါနဲ႔ အစ္ကိုကလည္း။ သခင္ေလးဝမ္က အဲ့လိုလူမ်ိားမဟုတ္ပါဘူး။"
ဟယ့္ေရွာင္ဟြားက စားစရာေတြကို ေက်ာက္စားပြဲတစ္ခုေပၚမွာတင္လိုက္ၿပီး ဝမ္ရူဟြားဘက္လွၫ့္သည္။
"သခင္ေလးဝမ္၊ ရွင့္မွာ ဧၫ့္သည္ရိွေနေတာ့ သူ႔ကို ေကြၽးေမြးဖို႔လိုတယ္ေလ။ ဒီအစားအေသာက္ေတြကို ကေလးေတြရဲ့စာသင္ခအတြက္ ကူညီထၫ့္ဝင္တယ္လို႔ပဲ သေဘာထားလိုက္ပါ။"
ကြၽတ္ ကြၽတ္။ နဉ္ရႈမွာ ေဘးမွရပ္ၾကၫ့္ေနရင္း ေခါင္းယမ္းလိုက္မိ၏။ တကယ္ေတာ့ ဒီဟယ့္ေရွာင္ဟြားက မိန္းမေကာင္းေလးပဲ၊ သူ႔ေဒါသကပဲ ဒီေလာက္မေကာင္းတာ။
"ဟုတ္တယ္၊ ဟုတ္တယ္။ ေက်းဇူးတင္ပါတယ္ မိန္းကေလးဟယ့္။ ကြၽန္မတို႔ အခုေလးတင္ ဗိုက္ဆာေနၾကတာ။ ကြၽန္မက ဝမ္ရူဟြားရဲ့ ဝမ္းကြဲညီမ ပိုင္ခ်င္ရွန္းပါ။ ကြၽန္မက ဝမ္းကြဲအစ္ကိုဆီကေန အကူအညီေတာင္းဖို႔ ဒီကိုလာခဲ့တာ။"
နဉ္ရႈကေျပာသည္။“
ဟယ့္ေရွာင္ဟြားရဲ့ မ်က္လံုးေတြထဲမွာ ရန္လိုမႈေတြပါဝင္ေနကာ သူမက ခါးေထာက္ကာေမး၏။
"သခင္ေလးဝမ္နဲ႔ရွင္က ဘယ္လိုပတ္သက္တာလဲ?"
နဉ္ရႈက ယြဲ႔လန္ကို လာစားရန္ေခၚၿပီးေနာက္ ျပန္ေျဖ၏။
"ကြၽန္မက သူ႔ဝမ္းကြဲညီမပါလို႔ ကြၽန္မ ရွင့္ကိုမေျပာခဲ့ဘူးလား? စိတ္မပူပါနဲ႔၊ ကြၽန္မတို႔ဆက္ဆံေရးက ျဖဴစင္တဲ့ဝမ္းကြဲေတြအေနနဲ႔ပဲရိွတာပါ။"
ဟယ့္ေရွာင္ဟြားက သံသယရိွေနေသးေသာ္လည္း လက္ခံလိုက္ကာ နဉ္ရႈကို စားရန္ေျပာၾကားၿပီး ဝမိရူဟြားဘက္လွၫ့္ကာဆို၏။
"သခင္ေလးဝမ္၊ ရွင္လည္း နည္းနည္းေလာက္စားသင့္တယ္။"
"ငါ မစားဘူး။"
ဝမ္ရူဟြားက အထဲျပန္ေလ်ွာက္သြားကာ တံခါးကို ဘမ္းခနဲျမည္ေအာင္ပိတ္လိုက္သည္။
ဟယ့္ေရွာင္ဟြားရဲ့အမူအရာက အနည္းငယ္ဝမ္းနည္းသြားပံုေပၚ၏။
ထိုအခ်ိန္တြင္ ဟယ့္တာ့ဟြားက နဉ္ရႈေဘးနားတြင္ထိုင္လာသည္။ သူက ေက်ာက္သားခံုပုေလးေပၚမွာထိုင္လိုက္ခ်ိန္၌ ႀကီးမားလွသၫ့္အသားလံုးႀကီးႏွင့္တူ၏။ ဟယ့္တာ့ဟြားက နဉ္ရႈကို မ်က္လံုးျပဴးကာၾကၫ့္ေနသည္။
"အလွေလးရယ္...အား၊ ဘာလို႔ ဝမ္ရူဟြားလိုေကာင္မ်ိဳးနဲ႔ေနၿပီး ဒုကၡခံဖို႔ ကိုယ့္ကိုကိုယ္တြန္းအားေပးရတာလဲ? မင္းေလးက ဘာလို႔ အစ္ကိုႀကီးတာ့ဟြားရဲ့အိမ္ကို မလာရတာလဲ? မင္းေလးက အခန္းေကာင္းေကာင္းမွာေနၿပီး အသားေတြေန့တိုင္းစားရမွာ။ ဝမ္ရူဟြားလိုေကာင္မ်ိဳးနဲ႔ေနတာက ဘာအနာဂတ္မွမရိွဘူးေလကြာ။"
နဉ္ရႈက အႏွီရြာအာဏာရွင္ဆိုးႀကီးကိုလွၫ့္ၾကၫ့္၏။ ဒီေမာင္ႏွမေတြက တကယ္ကို တစ္ခုခုပဲ။ အစ္ကိုႀကီးက ရြာရဲ့အာဏာရွင္ဆိုးႀကီးျဖစ္ၿပီး ညီမေလးကေတာ့ ရြာရဲ့ပန္းကေလးျဖစ္ေနတယ္။ သူတို႔က တကယ့္ကို ထူးျခားလြန္းတဲ့ ဇာတ္ေကာင္ေတြပဲ။
သို႔ေသာ္လည္းဟယ့္တာ့ဟြားက ဝမ္ရူဟြားထက္ပိုၿပီး မ်က္စိပဒါသျဖစ္တယ္ဆိုတာ နဉ္ရႈသိလိုက္ရသည္။ မူလဇာတ္ေၾကာင္းမွာ ဟာ့္တာ့ဟြက မုယန္မုန႔္အတြက္ စိတ္မေကာင္းျဖစ္တာရယ္၊ သူ႔ညီမက ဝမ္ရူဟြားကို အရူးအမူးခ်စ္ေနၿပီး မုယန္မုန႔္ကို အေဝးကိုပို႔ေပးဖို႔ သူ႔ကို ေတာင္းဆိုတာရယ္ေၾကာင့္ သူက မုယန္မုန႔္ကို အေဝးပို႔ဖို႔ႀကိဳးစားခဲ့သည္။
ဟယ့္တာ့ဟြားနဲ႔ ဟယ့္ေရွာင္ဟြားတို႔က အရမ္းႀကီးရက္စက္တတ္တဲ့လူေတြမဟုတ္ေပ။ အနည္းဆံုးေတာ့ သူတို႔ရဲ့ႏွလံုးသားေတြက ဝမ္ရူဟြားထက္ ပိုၿပီးေျဖာင့္မတ္ကာ ၾကင္နာတတ္ေပ၏။
ပညာရိွတစ္ေယာက္ျဖစ္တာကလြဲလို႔ ဝမ္ရူဟြားက ေက်းဇူးမသိတတ္သလို အၾကင္နာတရားလည္းမရိွေပ။ သူဖတ္ခဲ့တဲ့စာအုပ္ေတြအားလံုးက သူ႔ကို စိတ္မမွန္ေတာ့ေအာင္လုပ္လိုက္ပံုပင္။
...
ေရွာင္ဟြား : ပန္းပြင့္ေလး။
တာ့(သ)ဟြား : ပန္းပြင့္ႀကီး။
...
Advertisement
- In Serial40 Chapters
My Battleship Can Receive Infinite Upgrades
In the interstellar era, spaceships had become the most powerful fighting vehicle in existence.
8 880 - In Serial47 Chapters
August Ace
Crash-landed. Stranded in the middle of a post-apocalyptic land teeming with the flesh-eating, bloodthirsty dolorium—a vicious race of insects as big as farm animals. August Ace is a rookie in over his head. It’s his first real mission and he finds himself in a squad comprised of some of the finest soldiers the dome has ever seen. The mission: Locate and destroy a massive enemy nest. With nothing but their feet to get them across the mysterious lands where humans once dwelt, the squad must stick together to defend against the dolorium and other dangers. Can they keep from turning against each other? Is there more to this mission than meets the eye? What else lurks outside the safety of the dome? The time has come for the rookie to see what he’s truly made of.
8 92 - In Serial29 Chapters
THE MAN WHO FOUGHT GOD
From the boy who was blessed by God, to the man who fought God. This is the legend of Joseph The Giant, and The Great Wolf Of White. This legend can only tell you of the fight, who won or lost if for you to decide. If you can stand to read my writing, consider checking out my main story "Perception(Time is Relative)" I have learned a lot from writing that story and hope I can use it to improve this one.
8 185 - In Serial68 Chapters
Blue Phantom
An orphan lived in the streets and on the brink of death before being taken in and put through deadly experimentation in order to take the next step towards evolution, and forced to work for one of twelve enigmatic organizations that rule society from the shadows. In a cruel, cold world full of lies and deceit, the orphan, now known as Felix, finds purpose in aiming to become the greatest assassin of his organization, even if it comes at a steep price. (Gonna try to update this at least once a month if I can)
8 123 - In Serial7 Chapters
The Rising Of The Shield Hero - Going Home
One of the heros have figured out how to get back to their original Relm. BUT THEY SOME HOW GOTTA GET NOAFUMI TO DO IT BECAUSE THEY TREATED HIM LIKE PURE TRASH. Anyway how will Raphtalia and filo react? Even melti?.
8 62 - In Serial28 Chapters
Full Circle
Alice's life had come full circle. A doctor had decided to save her life by ending it so many years ago to kill the game of the hunt. Now her hand is being forced to make a choice of whether or not to change her mate in order to protect her.I OWN NOTHINGGGG
8 149

