《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 89
Advertisement
[Unicode]
{ညီမက သူခိုးလို့ထင်လိုက်တာ}
ဝမ်ရူဟွားက နာကျင်စွာအော်ဟစ်လေသည်။ အေးစက်စက်ထိုအရာက သူ့ခန္ဓာကိုယ်ထဲကို ပိုပြီးနက်နက်ရှိုင်းရှိုင်းတိုးဝင်လာသည်ကို ခံစားမိသည်၌ သူက ပို၍ပင်ကျယ်လောင်စွာအော်ဟစ်လာ၏။
"မမလေး၊ ဘာ-ဘာဖြစ်တာလဲ?"
ယွဲ့လန် နိုးလာသည်။ နဉ်ရှုက အေးစက်စွာဆို၏။
"မီးထွန်းလိုက်။"
ဝမ်ရူဟွားသည်ကား ကြမ်းပေါ်၌ ပုံလျက်သားကလေးလဲကျနေကာ ညည်းညူလျက်ရှိ၏။ သူ ကြောက်နေသည်။ နဉ်ရှုအသံကိုကြားသည်၌ သူက အားပျော့စွာအော်၏။
"ဝမ်းကွဲညီမ၊ အစ်ကိုပါ။ အစ်ကို့ကို ကယ်ပါဦး။"
နဉ်ရှုက ဝမ်ရူဟွားရဲ့အသံကို မကြားချင်ယောင်ဆောင်ကာ ယွဲ့လန် မီးထွန်းလိုက်ပြီးတဲ့အခါမှသာ ဝမ်ရူဟွားကို သတိထားမိဟန်ဆောင်၏။ ထိုအချိန်တွင် ဝမ်ရူဟွားမှာ သွေးအိုင်ထဲလဲနေပြီဖြစ်ကာ သူ့မျက်နှာသည်တော့ မြင်မကောင်းလောက်အောင် ဖြူဖျော့နေ၏။
"အားးး!"
နဉ်ရှုက သူမအော်နိုင်သမျှ စူးစူးဝါးဝါးအော်လိုက်သည်မို့ သူမရဲ့အသံက ည၏တိတ်ဆိတ်နေမှုကို ချက်ချင်းပင် ဖြိုခွင်းသွားချေ၏။ ရွာထဲကခွေးတွေကလည်း ဟောင်လာကြသည်မို့ တိတ်ဆိတ်နေသောညမှာ ဆူညံကာအသက်ဝင်လာတော့သည်။
"ဝမ်းကွဲအစ်ကို၊ ဘာလို့ အစ်ကိုဖြစ်နေတာလဲ? ဘာတွေဖြစ်နေတာလဲ? ကျေးဇူးပြုပြီး ညီမကို မခြောက်ပါနဲ့။"
နဉ်ရှုက ဝမ်ရူဟွားကိုထိဖို့ အင်မတန်ကိုမှကြောက်ရွံ့နေဟန်ဆောင်ရင်း မျက်ရည်နှစ်စက်ကို အတင်းညှစ်ထုတ်လိုက်သည်။ သူမ တကယ်ပင် ကြောက်နေခဲ့ပါသည်— သူမရဲ့လက်ကလေး သွေးတွေနဲ့ညစ်ပေသွားမှာကိုပေါ့။
"ဝမ်းကွဲအစ်ကို၊ ညီမ တောင်းပန်ပါတယ်၊ ညီမက သူခိုးလို့ထင်လိုက်တာ။ ညီမ ဘာလုပ်ရမလဲ?"
နဉ်ရှုပုံစံက လုံးဝပျာယာခတ်နေပုံပေါ်သည်။
ဝမ်ရူဟွားမှာ ကြောက်လန့်သွားသလို ဒေါသလည်းထွက်သွားရ၏။ သူ့အသက်က သွေးတွေနဲ့အတူ စီးဆင်းသွားနေသလို သူခံစားနေရသည်။ အဓိကတရားခံက အဲ့နေရာမှာပဲရပ်နေပြီး လုံးဝမလှုပ်ဘဲ စကားပဲပြောနေတာကိုကြားတဲ့အခါ သူ့မှာ ဒေါသထွက်ရလွန်း၍ အသက်ပင် မနည်းရှူနေရသည်။
"သမားတော် သွားခေါ်။"
ဝမ်ရူဟွားက အားပျော့စွာဆိုသည်။ သူ့နှုတ်ခမ်းတွေက ခရမ်းရောင်ပင်သမ်းလာခဲ့ချေပြီ။
နဉ်ရှုက ချက်ချင်းပင်ဆိုသည်။
"ကောင်းပါပြီ၊ ကောင်းပါပြီ။ စောင့်နေပါ၊ ညီမ အခုချက်ချင်း သမားတော်သွားခေါ်လိုက်ပါ့မယ်။"
"ခြံထဲမှာ သွေးတိတ်စေနိုင်တဲ့ ဆေးပင်တွေရှိတယ်။ ငါ့အတွက် နည်းနည်းခူးပေး။"
ဝမ်ရူဟွားမှာ သည်စကားတွေကိုပြောဖို့ ခွန်အားအတော်သုံးလိုက်ရသည်။
နဉ်ရှုမှာ လုံးဝနားမလည်နိုင်သည့်ဟန်ဖြစ်သွားကာ မေးလေ၏။
"ဝမ်းကွဲအစ်ကို၊ ညီမ သမားတော်ကို အရင်သွားခေါ်ရမလား ဒါမှမဟုတ် အစ်ကို့အတွက် ဆေးပင်အရင်ရှာပေးရမလား? ဆေးပင်တွေအကြောင်း ညီမ သိပ်မသိဘူး၊ အဲ့အပင်က ဘာနဲ့တူလဲ? မကောင်းတဲ့သွေးတွေကို ခဲသွားစေတဲ့ဆေးပင်ကို ညီမ ခူးလာမိရင်ရော? အိုး မဖြစ်တော့ဘူး၊ ဝမ်းကွဲအစ်ကို၊ အစ်ကို သွေးတွေအရမ်းထွက်နေတယ်!"
ဝမ်ရူဟွားမှာ အနှီမိန်းမယုတ်ကို တကယ်ပင် သတ်ပစ်ချင်လာ၏။
"ဘာဖြစ်တာလဲ မိန်းမလှလေး? မင်းအော်နေတာကို ကိုယ် ကိုယ့်အိမ်ကနေတောင် ကြားလိုက်ရတယ်။"
ဟယ့်တာ့ဟွားက ရွာသားတစ်စုကိုခေါ်လျက် ရောက်လာ၏။
နဉ်ရှုက အလောတကြီးဆိုသည်။
"ဝမ်းကွဲအစ်ကိုကို တစ်ချက်လောက် မြန်မြန်လေးကြည့်ပေးပါဦး။ သူ ဆိုးဆိုးရွားရွားဒဏ်ရာရထားတယ်။"
ဟယ့်တာ့ဟွားက တဲထဲကိုကြည့်လိုက်ပြီးနောက် ရွာသားများကို အမိန့်ပေးသည်။
"မင်းက သမားတော်သွားခေါ်။ ကျန်တဲ့လူတွေက သခင်လေးဝမ်ကို သူ့ကုတင်ဆီသယ်သွားလိုက်။"
"ငါ့ကို ဆေးပင်ခူးဖို့ အရင်ကူညီပါ။"
ဝမ်ရူဟွားမှာ စကားပြောရန်အတွက် ခက်ခက်ခဲခဲရုန်းကန်နေရသည်။ ဟယ့်တာ့ဟွားက ညင်သာစွာဆို၏။
"ဒါဆိုလည်း မင်းတို့က သူ့ကို ဆေးပင်ခူးဖို့ အရင်ခေါ်သွားလိုက်။"
ဝမ်ရူဟွား ဆေးပင်ခူးပြီးသည်နှင့် နဉ်ရှုက ဆေးပင်တစ်ချို့ကို သူမပါးစပ်ထဲထည့်ကာ ဝါးလိုက်ပြီး ဝမ်ရူဟွားရဲ့ဒဏ်ရာပေါ် သိပ်ပေးသည်။ ယွဲ့လန်ကလည်း ဆေးပင်တွေကို ကူဝါးပေးသည်။ ဆေးပင်တွေက ခါးလွန်းတာမို့ သူမမျက်နှာမှာ ရှုံ့မဲ့နေတော့သည်။
ဟယ့်တာ့ဟွားက ဝမ်ရူဟွားရဲ့အခြေအနေကို သိပ်ဂရုစိုက်ပုံမပေါ်ချေ။ သူက သူ့ရဲ့ပေါက်ဖတ်လိုမျက်ခုံးတွေကိုပင့်ကာ မေးသည်။
"သူက ဘယ်လိုလုပ် မင်းတဲထဲမှာ ဒဏ်ရာရတာလဲ?"
နဉ်ရှုရဲ့မျက်နှာက စိုးရိမ်မှုတွေနှင့် အပြစ်ရှိသလိုဟန်မျိုးဖြင့်ရှိနေသည်။
"ကျွန်မ တမင်လုပ်တာမဟုတ်ဘူး။ ဝမ်းကွဲအစ်ကိုက ကျွန်မတဲထဲကို ညကြီးသန်းခေါင်ဝင်လာလို့။ ဆူညံသံတွေကြားတော့ သူခိုးလို့ထင်လိုက်တာနဲ့ ကျွန်မလည်း ကိုယ့်ကိုကိုယ်ကာကွယ်ဖို့ဆောင်ထားတဲ့ဓားကိုဆွဲထုတ်လိုက်တာ။"
"ကျွတ် ကျွတ်..."
ဟယ့်တာ့ဟွားက လက်မခံလိုဟန်ဖြင့် စုတ်သပ်သည်။
"မိန်းကလေးတစ်ယောက်ရဲ့အခန်းကို ညကြီးသန်းခေါင်ရောက်လာတဲ့ ဘယ်သူ့မှာမဆို သေချာပေါက်မကောင်းတဲ့ရည်ရွယ်ချက်တွေရှိတယ်။ ဖြောင့်မတ်ပြီးမြင့်မြတ်တဲ့ဘယ်ယောက်ျားက ဒီလိုအလုပ်မျိုးကို လုပ်မှာလဲ? သူက ဂုဏ်သရေရှိလူကြီးလူကောင်းတစ်ယောက်ရဲ့သားဖြစ်ပြီး မြင့်မြတ်တဲ့အရှိန်အဝါတွေရှိနေတယ်ဆိုပြီး အမြဲကြွားလုံးထုတ်နေပေမယ့် မုဒိမ်းကောင်တစ်ယောက်လိုလုပ်နေတယ်။ ဒီလိုလူမျိုးက မြင့်မြတ်တဲ့ယောက်ျားဆိုရင် ငါ မျက်စိကန်းနေတာပဲဖြစ်ရမယ်။"
...
[Zawgyi]
{ညီမက သူခိုးလို႔ထင္လိုက္တာ}
ဝမ္ရူဟြားက နာက်င္စြာေအာ္ဟစ္ေလသည္။ ေအးစက္စက္ထိုအရာက သူ႔ခႏၶာကိုယ္ထဲကို ပိုၿပီးနက္နက္ရိႈင္းရိႈင္းတိုးဝင္လာသည္ကို ခံစားမိသည္၌ သူက ပို၍ပင္က်ယ္ေလာင္စြာေအာ္ဟစ္လာ၏။
"မမေလး၊ ဘာ-ဘာျဖစ္တာလဲ?"
ယြဲ႔လန္ ႏိုးလာသည္။ နဉ္ရႈက ေအးစက္စြာဆို၏။
"မီးထြန္းလိုက္။"
ဝမ္ရူဟြားသည္ကား ၾကမ္းေပၚ၌ ပံုလ်က္သားကေလးလဲက်ေနကာ ညည္းၫူလ်က္ရိွ၏။ သူ ေၾကာက္ေနသည္။ နဉ္ရႈအသံကိုၾကားသည္၌ သူက အားေပ်ာ့စြာေအာ္၏။
"ဝမ္းကြဲညီမ၊ အစ္ကိုပါ။ အစ္ကို႔ကို ကယ္ပါဦး။"
နဉ္ရႈက ဝမ္ရူဟြားရဲ့အသံကို မၾကားခ်င္ေယာင္ေဆာင္ကာ ယြဲ႔လန္ မီးထြန္းလိုက္ၿပီးတဲ့အခါမွသာ ဝမ္ရူဟြားကို သတိထားမိဟန္ေဆာင္၏။ ထိုအခ်ိန္တြင္ ဝမ္ရူဟြားမွာ ေသြးအိုင္ထဲလဲေနၿပီျဖစ္ကာ သူ႔မ်က္ႏွာသည္ေတာ့ ျမင္မေကာင္းေလာက္ေအာင္ ျဖဴေဖ်ာ့ေန၏။
"အားးး!"
နဉ္ရႈက သူမေအာ္ႏိုင္သမ်ွ စူးစူးဝါးဝါးေအာ္လိုက္သည္မို႔ သူမရဲ့အသံက ည၏တိတ္ဆိတ္ေနမႈကို ခ်က္ခ်င္းပင္ ၿဖိဳခြင္းသြားေခ်၏။ ရြာထဲကေခြးေတြကလည္း ေဟာင္လာၾကသည္မို႔ တိတ္ဆိတ္ေနေသာညမွာ ဆူညံကာအသက္ဝင္လာေတာ့သည္။
Advertisement
"ဝမ္းကြဲအစ္ကို၊ ဘာလို႔ အစ္ကိုျဖစ္ေနတာလဲ? ဘာေတျြဖစ္ေနတာလဲ? ေက်းဇူးျပဳျပီး ညီမကို မေျခာက္ပါနဲ႔။"
နဉ္ရႈက ဝမ္ရူဟြားကိုထိဖို႔ အင္မတန္ကိုမွေၾကာက္ရြံ႔ေနဟန္ေဆာင္ရင္း မ်က္ရည္ႏွစ္စက္ကို အတင္းၫွစ္ထုတ္လိုက္သည္။ သူမ တကယ္ပင္ ေၾကာက္ေနခဲ့ပါသည္— သူမရဲ့လက္ကေလး ေသြးေတြနဲ႔ညစ္ေပသြားမွာကိုေပါ့။
"ဝမ္းကြဲအစ္ကို၊ ညီမ ေတာင္းပန္ပါတယ္၊ ညီမက သူခိုးလို႔ထင္လိုက္တာ။ ညီမ ဘာလုပ္ရမလဲ?"
နဉ္ရႈပံုစံက လံုးဝပ်ာယာခတ္ေနပံုေပၚသည္။
ဝမ္ရူဟြားမွာ ေၾကာက္လန႔္သြားသလို ေဒါသလည္းထြက္သြားရ၏။ သူ႔အသက္က ေသြးေတြနဲ႔အတူ စီးဆင္းသြားေနသလို သူခံစားေနရသည္။ အဓိကတရားခံက အဲ့ေနရာမွာပဲရပ္ေနၿပီး လံုးဝမလႈပ္ဘဲ စကားပဲေျပာေနတာကိုၾကားတဲ့အခါ သူ႔မွာ ေဒါသထြက္ရလြန္း၍ အသက္ပင္ မနည္းရႉေနရသည္။
"သမားေတာ္ သြားေခၚ။"
ဝမ္ရူဟြားက အားေပ်ာ့စြာဆိုသည္။ သူ႔ႏႈတ္ခမ္းေတြက ခရမ္းေရာင္ပင္သမ္းလာခဲ့ေခ်ၿပီ။
နဉ္ရႈက ခ်က္ခ်င္းပင္ဆိုသည္။
"ေကာင္းပါၿပီ၊ ေကာင္းပါၿပီ။ ေစာင့္ေနပါ၊ ညီမ အခုခ်က္ခ်င္း သမားေတာ္သြားေခၚလိုက္ပါ့မယ္။"
"ၿခံထဲမွာ ေသြးတိတ္ေစႏိုင္တဲ့ ေဆးပင္ေတြရိွတယ္။ ငါ့အတြက္ နည္းနည္းခူးေပး။"
ဝမ္ရူဟြားမွာ သည္စကားေတြကိုေျပာဖို႔ ခြန္အားအေတာ္သံုးလိုက္ရသည္။
နဉ္ရႈမွာ လံုးဝနားမလည္ႏိုင္သၫ့္ဟန္ျဖစ္သြားကာ ေမးေလ၏။
"ဝမ္းကြဲအစ္ကို၊ ညီမ သမားေတာ္ကို အရင္သြားေခၚရမလား ဒါမွမဟုတ္ အစ္ကို႔အတြက္ ေဆးပင္အရင္ရွာေပးရမလား? ေဆးပင္ေတြအေၾကာင္း ညီမ သိပ္မသိဘူး၊ အဲ့အပင္က ဘာနဲ႔တူလဲ? မေကာင္းတဲ့ေသြးေတြကို ခဲသြားေစတဲ့ေဆးပင္ကို ညီမ ခူးလာမိရင္ေရာ? အိုး မျဖစ္ေတာ့ဘူး၊ ဝမ္းကြဲအစ္ကို၊ အစ္ကို ေသြးေတြအရမ္းထြက္ေနတယ္!"
ဝမ္ရူဟြားမွာ အႏွီမိန္းမယုတ္ကို တကယ္ပင္ သတ္ပစ္ခ်င္လာ၏။
"ဘာျဖစ္တာလဲ မိန္းမလွေလး? မင္းေအာ္ေနတာကို ကိုယ္ ကိုယ့္အိမ္ကေနေတာင္ ၾကားလိုက္ရတယ္။"
ဟယ့္တာ့ဟြားက ရြာသားတစ္စုကိုေခၚလ်က္ ေရာက္လာ၏။
နဉ္ရႈက အေလာတႀကီးဆိုသည္။
"ဝမ္းကြဲအစ္ကိုကို တစ္ခ်က္ေလာက္ ျမန္ျမန္ေလးၾကၫ့္ေပးပါဦး။ သူ ဆိုးဆိုးရြားရြားဒဏ္ရာရထားတယ္။"
ဟယ့္တာ့ဟြားက တဲထဲကိုၾကၫ့္လိုက္ၿပီးေနာက္ ရြာသားမ်ားကို အမိန႔္ေပးသည္။
"မင္းက သမားေတာ္သြားေခၚ။ က်န္တဲ့လူေတြက သခင္ေလးဝမ္ကို သူ႔ကုတင္ဆီသယ္သြားလိုက္။"
"ငါ့ကို ေဆးပင္ခူးဖို႔ အရင္ကူညီပါ။"
ဝမ္ရူဟြားမွာ စကားေျပာရန္အတြက္ ခက္ခက္ခဲခဲရုန္းကန္ေနရသည္။ ဟယ့္တာ့ဟြားက ညင္သာစြာဆို၏။
"ဒါဆိုလည္း မင္းတို႔က သူ႔ကို ေဆးပင္ခူးဖို႔ အရင္ေခၚသြားလိုက္။"
ဝမ္ရူဟြား ေဆးပင္ခူးၿပီးသည္ႏွင့္ နဉ္ရႈက ေဆးပင္တစ္ခ်ိဳ႕ကို သူမပါးစပ္ထဲထၫ့္ကာ ဝါးလိုက္ၿပီး ဝမ္ရူဟြားရဲ့ဒဏ္ရာေပၚ သိပ္ေပးသည္။ ယြဲ႔လန္ကလည္း ေဆးပင္ေတြကို ကူဝါးေပးသည္။ ေဆးပင္ေတြက ခါးလြန္းတာမို႔ သူမမ်က္ႏွာမွာ ရႈံ႔မဲ့ေနေတာ့သည္။
ဟယ့္တာ့ဟြားက ဝမ္ရူဟြားရဲ့အေျခအေနကို သိပ္ဂရုစိုက္ပံုမေပၚေခ်။ သူက သူ႔ရဲ့ေပါက္ဖတ္လိုမ်က္ခံုးေတြကိုပင့္ကာ ေမးသည္။
"သူက ဘယ္လိုလုပ္ မင္းတဲထဲမွာ ဒဏ္ရာရတာလဲ?"
နဉ္ရႈရဲ့မ်က္ႏွာက စိုးရိမ္မႈေတြႏွင့္ အျပစ္ရိွသလိုဟန္မ်ိဳးျဖင့္ရိွေနသည္။
"ကြၽန္မ တမင္လုပ္တာမဟုတ္ဘူး။ ဝမ္းကြဲအစ္ကိုက ကြၽန္မတဲထဲကို ညႀကီးသန္းေခါင္ဝင္လာလို႔။ ဆူညံသံေတြၾကားေတာ့ သူခိုးလို႔ထင္လိုက္တာနဲ႔ ကြၽန္မလည္း ကိုယ့္ကိုကိုယ္ကာကြယ္ဖို႔ေဆာင္ထားတဲ့ဓားကိုဆြဲထုတ္လိုက္တာ။"
"ကြၽတ္ ကြၽတ္..."
ဟယ့္တာ့ဟြားက လက္မခံလိုဟန္ျဖင့္ စုတ္သပ္သည္။
"မိန္းကေလးတစ္ေယာက္ရဲ့အခန္းကို ညႀကီးသန္းေခါင္ေရာက္လာတဲ့ ဘယ္သူ႔မွာမဆို ေသခ်ာေပါက္မေကာင္းတဲ့ရည္ရြယ္ခ်က္ေတြရိွတယ္။ ေျဖာင့္မတ္ၿပီးျမင့္ျမတ္တဲ့ဘယ္ေယာက္်ားက ဒီလိုအလုပ္မ်ိဳးကို လုပ္မွာလဲ? သူက ဂုဏ္သေရရိွလူႀကီးလူေကာင္းတစ္ေယာက္ရဲ့သားျဖစ္ၿပီး ျမင့္ျမတ္တဲ့အရိွန္အဝါေတြရိွေနတယ္ဆိုၿပီး အၿမဲႂကြားလံုးထုတ္ေနေပမယ့္ မုဒိမ္းေကာင္တစ္ေယာက္လိုလုပ္ေနတယ္။ ဒီလိုလူမ်ိဳးက ျမင့္ျမတ္တဲ့ေယာက္်ားဆိုရင္ ငါ မ်က္စိကန္းေနတာပဲျဖစ္ရမယ္။"
...
Advertisement
- In Serial41 Chapters
WISH FULFILLMENT: OF THE AUTHOR
The owner of the Cover: https://higherdensity.wordpress.com/2014/05/11/finding-that-infinite-ocean-of-calm-within-archangels-and-devas-blog-5-11-14/ This book right here contains three stories. Infinite Ocean- Hiatus. Naruto FF- Fanfiction set in the Warring States Period Wish Fulfillment- HS DXD Fan fiction.....as of now If you feel and know that anything is from something you know, you can safely assume that I do not own any of them. This is purely a fanfiction. With all honesty I am not aiming on continuing this in a consistent basis. However I am going to upload here from now on. I just want to share my ideas. And if you like it, Thank you for reading it. And if you don't like it, thank you still for atleast looking at it. I am willing to take criticism. I am not very proficient when it comes to grammar so please be patient with me.
8 78 - In Serial74 Chapters
Arashia: A LitRPG story
Laurie Deveraux thought her idiot family tossed her into a virtual reality game because they are stupid that way. Except it wasn't a game. Instead, she end up in a world resembling virtual reality with said stupid family, working together to explore this new world. Ummm... what is with that look! Don't plan anything crazy you whacked out cousin. Gahhh.. shut up naggy relative from hell. This character doesn't want to listen to you! Points? Stats? Listen for an hour? Done! Brothers help! Who killed who? Huh? No, save me from family reunion! We are family... damn it, portal to Earth open up! 2 chapters a week, every Monday and Wednesday. Extra = Friday
8 169 - In Serial9 Chapters
Gray Hour: The Cursed Coin
"Would you fall in love with your murderer?" Diana wakes up and finds that instead of only five minutes to live, she has now twenty-four hours. She needs to find the reason and ‘cure’ for her endless cycle of deaths. But, when there are infinite numbers of possibilities, suspects, and a boyfriend – or should she say a fiancé? – who is the reason for her deaths ninety-percent of the times, it becomes complicated.
8 157 - In Serial17 Chapters
Pottorff or Dillon?
Who will Hannah fall in love with? Read to find out.
8 161 - In Serial81 Chapters
Collaboration || Dan Smith
Dan's new collaboration features someone very special...That someone special is Maisie, an alternative pop singer who also happens to be his girlfriend. But stardom gets in the way of their flashing lights relationship
8 197 - In Serial39 Chapters
Winter Solstice Mini Awards 2022 (Closed!)
Hello Everyone! As we all know, the holiday season is coming, and many traditions are being celebrated! However, some similarity is the celebration of Winter Solstice! This is why I welcome you to the Winter Solstice Mini Awards 2022! Which will be the last awards on the Philosopher Awards page for 2022! This award will be small, and writers with stories that have less than 5k reads will be allowed to sign up! I want more people's work to be noticed!Vampire/Werewolf slots are still open.
8 97

