《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 90
Advertisement
[Unicode]
{အမျိုးသားဇာတ်လိုက်က ဒီလောက်လွယ်လွယ်နဲ့ သေမှာမဟုတ်ဘူးလေ}
ဝမ်ရူဟွားရဲ့အသိစိတ်မှာ တဖြည်းဖြည်းကျဆင်းလာ၏။ သူ တကယ်ပဲ ဒီမှာသေသွားနိုင်တယ်လို့ ခံစားနေရသည်။ သို့သော်လည်း သူသေသွားပြီးသလို ငိုကြွေးနေတဲ့ ပိုင်ချင်ရှန်းရဲ့ငိုသံကိုကြားတဲ့အခါ သူ ထထိုင်ကာ သူမကို လည်ပင်းညှစ်သတ်ချင်လာ၏။
အရင်က ဒီမိန်းမက သူ့ကိုစွန့်ပစ်ခဲ့ပြီး အခုတော့ သူ့ကိုသတ်တယ်!
"သမားတော်၊ သမားတော်ရောက်ပြီ!"
ရွာသားတစ်ယောက်က သမားတော်ကို ခေါ်လာသည်။
နဉ်ရှုက ဝမ်ရူဟွားကို ချက်ချင်းပင်အော်လေ၏။
"ဝမ်းကွဲအစ်ကို၊ သမားတော်ရောက်ပြီ။ အစ်ကို သေချာပေါက်အဆင်ပြေသွားမှာပါ! ညီမ တမင်လုပ်တာမဟုတ်ရပါဘူး၊ မသေပါနဲ့၊ ဟုတ်ပြီလား? အစ်ကိုသေသွားရင် ချင်ရှန်း ဘာလုပ်ရမှာလဲ? ဝမ်းကွဲအစ်ကို..."
သမားတော်က ဝမ်ရူဟွားရဲ့သွေးကြောကိုစမ်းကြည့်ကာ ခေါင်းယမ်းသည်။
"သူ သွေးတွေအများကြီးဆုံးရှုံးထားတယ်။ ဒါက နည်းနည်းအန္တရာယ်များတယ်။"
နဉ်ရှု : …
အမျိုးသားဇာတ်လိုက်က တကယ်ပဲ ဒီလောက်လွယ်လွယ်နဲ့ သေသွားတော့မှာလား?
"ဝမ်းကွဲအစ်ကိုရေ၊ ညီမရဲ့သနားစရာဝမ်းကွဲအစ်ကိုရဲ့! သမားတော်၊ ရှင် လုပ်နိုင်တာ တစ်ခုခုများရှိမလား? ရှင် ကျွန်မဝမ်းကွဲအစ်ကို,ကိုကယ်ပေးရင် ကျွန်မ ဘာမဆိုလုပ်ပါ့မယ်!"
နဉ်ရှုက ငိုသည်။
"ဝမ်းကွဲအစ်ကို၊ ညီမ တကယ်စိတ်မကောင်းပါဘူး။ အရမ်းမှောင်လွန်းနေတော့ အစ်ကိုဆိုတာ ညီမ တကယ်မသိလိုက်လို့ပါ။"
"မင်းမှာ ဂျင်ဆင်းလိုဟာမျိုးရှိရင်တော့ သူ့ရဲ့အရေးကြီးတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ကာကွယ်ပေးနိုင်လိမ့်မယ်။"
ဒါက အတော်လေးလက်တွေ့မကျဘူးဆိုတာ သမားတော်လည်းသိသည်။ ချမ်းသာတဲ့မိသားစုတွေမှာပဲ သိုလှောင်ရုံမှာ ဂျင်ဆင်းလိုဟာမျိုးရှိနိုင်သည်။ ဒီရွာမှာတော့ သူ့တို့ကိုယ်သူတို့ ကောင်းကောင်းမွန်မွန်ကျွေးမွေးစားသောက်နေရရင်ကို ကောင်းနေပြီဟာ ဂျင်ဆင်းလိုဟာမျိုးကို ဘယ်သူပိုင်နိုင်မှာလဲ?
နဉ်ရှုမှာ ငွေအများအပြားရှိသော်လည်း ညကြီးသန်းခေါင်မှာ ဂျင်ဆင်းဝယ်ဖို့ကတော့ ခက်လောက်သည်။ ဒါ့အပြင် ဂျင်ဆင်းက လိုချင်တာနဲ့ ငွေပေးချေပြီး ဝယ်လို့ရတဲ့ သာမန်ပစ္စည်းမျိုးမဟုတ်ချေ။ အဓိကအကျဆုံးကတော့ နဉ်ရှုက သူမရဲ့ငွေတွေကို ဝမ်ရူဟွားအတွက် မသုံးချင်ပေ။
ထို့အတွက် အမျိုးသားဇာတ်လိုက်တစ်ယောက်က လွယ်လွယ်နဲ့သေမှာမဟုတ်ဘူးဆိုတာကို သူမက ခိုင်မာစွာယုံကြည်ထားလေ၏။
"ငါ့တို့အိမ်မှာ ဂျင်ဆင်းရှိတယ်။"
ဟယ်တာ့ဟွားက ဆိုသည်။
ဟယ့်တာ့ဟွားပြောတာကို ဝမ်ရူဟွားကြားတဲ့အခါ သူက ဟယ့်တာ့ဟွားကို ခါတိုင်းလို အထင်သေးမှုတွေမလုပ်တော့ဘဲ တိုးလျှိုးတောင်းပန်သည့်ဟန်ဖြင့် ကြည့်၏။
"ငါတို့အိမ်ကိုသွားပြီး ငါ့ညီမကို ဂျင်ဆင်းယူခဲ့ဖို့ပြောလိုက်။"
ဟယ့်တာ့ဟွားက ရွာသားတစ်ယောက်ကိုပြောသည်။
နဉ်ရှုက ဟယ့်တာ့ဟွားကို ကြည့်သည်။ သူက ဝမ်ရူဟွားကိုကယ်ဖို့ ဂျင်ဆင်းကိုသုံးရလောက်အောင်အထိ ဘယ်တုန်းကများ အရမ်းရက်ရောသွားရတာလဲ? ဒါက အနောက်ဘက်ကနေထွက်လာသလိုမျိုး မယုံနိုင်စရာပဲ။
သမားတော်က ဝမ်ရူဟွားရဲ့ဒဏ်ရာကို ပတ်တီးစည်းပေးထားပြီး သွေးတိတ်စေတဲ့ဆေးပင်တွေကလည်း အာနိသင်သက်ရောက်မှုရှိတာမို့ သူ့ဒဏ်ရာက သွေးထွက်နေတာ ရပ်သွားပြီဖြစ်၏။ သို့သော်လည်း ဝမ်ရူဟွားမှာ ယခုအချိန်ထိ သေမင်းတံခါးဝမှာရောက်နေသေးသလို ခံစားနေရရှာသည်။
ခဏအကြာ၌ ကသောကမျောလျှောက်လာသည့် ခြေသံများထွက်ပေါ်လာသည်။ ဟယ့်ရှောင်ဟွားက အလောတကြီးဝင်လာ၏။ သူမပုံစံက အနည်းငယ်ဖရိုဖရဲဖြစ်နေသည်။
ဝမ်ရူဟွားတစ်ယောက် သေလူလိုဖြူဖျော့နေသောမျက်နှာဖြင့် ကုတင်ပေါ်လှဲနေရသည်ကိုမြင်သည်၌ ဟယ့်ရှောင်ဟွားက ဂျင်ဆင်းထည့်ထားသည့်သေတ္တာကို အလျင်စလိုထုတ်လိုက်သည်။ ဂျင်ဆင်းက လက်မတစ်ချောင်းနှယ်အသားထူကာ အမြစ်တွေက သေသပ်သည်။ ဂျင်ဆင်းမှာ အလွန်ပင်အရည်အသွေးမြင့်သောဂျင်ဆင်းဖြစ်ပေ၏။
ရွာလူကြီးမှာ ဒီလိုပစ္စည်းကောင်းမျိုးရှိတယ်ဆိုတာ ဘယ်သူတွေးမိမှာလဲ?
"သမားတော်၊ ရှင် ဒါကို ဘယ်လိုသုံးမှာလဲ?"
ဟယ့်ရှောင်ဟွားမှာ အင်မတန်စိုးရိမ်နေ၏။
ဂျင်ဆင်းကိုမြင်သည်၌ ဝမ်ရူဟွားက စိတ်သက်သာရာရကာ သက်ပြင်းချသည်။ အခုတော့ ဟယ့်ရှောင်ဟွားက ပိုပြီးကြည့်ကောင်းနေသည်ဟု သူထင်လာမိပြီ။
သို့သော်လည်း ဟယ့်တာ့ဟွားက ဟယ့်ရှောင်ဟွားလက်ထဲမှ ဂျင်ဆင်းကို လုယူလိုက်၏။ ဟယ့်ရှောင်ဟွားက သူမရဲ့အစ်ကိုကိုကြည့်ကာ စိုးရိမ်စွာပြောလာသည်။
"အစ်ကို ဘာလုပ်နေတာလဲ? သခင်လေးဝမ်က ဂျင်ဆင်းရဖို့စောင့်နေတယ်လေ။*
"ငါတို့က ဒီလောက်အဖိုးတန်တာကို သူ့ကို ဘယ်လိုလုပ်လွယ်လွယ်ပေးလို့ရမှာလဲ? ဝမ်ရူဟွားရဲ့ လူတစ်ယောက်အနေနဲ့ရှိတဲ့တန်ဖိုးက ဒီဂျင်ဆင်းရဲ့အမြစ်လေးတစ်မြစ်တောင်မတန်ဘူး။ ဒါက ငါတို့အဖေရဲ့အဖိုးတန်ကလေးလေးပဲ၊ မင်းသိရဲ့လား?"
နဉ်ရှုက လက်ကိုင်ပဝါကိုသုံးကာ မျက်ရည်သုတ်လိုက်ပြီးဆို၏။
"ရှင့်မှာ ဘာတောင်းဆိုချက်ရှိရှိ ပြောသာပြောလိုက်ပါ။ ဝမ်းကွဲအစ်ကို,ကိုကယ်ဖို့ ကျွန်မ ဘာမဆိုလုပ်ဖို့ဆန္ဒရှိပါတယ်။ အားလုံးက ကျွန်မ အမှားပါပဲ၊ ဝမ်းကွဲအစ်ကို ဒီလိုဖြစ်သွားရတာ ကျွန်မအမှားကြောင့်ပါ။ ဝမ်းကွဲအစ်ကို၊ ချင်ရှန်း တကယ်စိတ်မကောင်းပါဘူး။"
...
[Zawgyi]
{အမ်ိဳးသားဇာတ္လိုက္က ဒီေလာက္လြယ္လြယ္နဲ႔ ေသမွာမဟုတ္ဘူးေလ}
ဝမ္ရူဟြားရဲ့အသိစိတ္မွာ တျဖည္းျဖည္းက်ဆင္းလာ၏။ သူ တကယ္ပဲ ဒီမွာေသသြားႏိုင္တယ္လို႔ ခံစားေနရသည္။ သို႔ေသာ္လည္း သူေသသြားၿပီးသလို ငိုေႂကြးေနတဲ့ ပိုင္ခ်င္ရွန္းရဲ့ငိုသံကိုၾကားတဲ့အခါ သူ ထထိုင္ကာ သူမကို လည္ပင္းၫွစ္သတ္ခ်င္လာ၏။
အရင္က ဒီမိန္းမက သူ႔ကိုစြန႔္ပစ္ခဲ့ၿပီး အခုေတာ့ သူ႔ကိုသတ္တယ္!
"သမားေတာ္၊ သမားေတာ္ေရာက္ၿပီ!"
ရြာသားတစ္ေယာက္က သမားေတာ္ကို ေခၚလာသည္။
နဉ္ရႈက ဝမ္ရူဟြားကို ခ်က္ခ်င္းပင္ေအာ္ေလ၏။
"ဝမ္းကြဲအစ္ကို၊ သမားေတာ္ေရာက္ၿပီ။ အစ္ကို ေသခ်ာေပါက္အဆင္ေျပသြားမွာပါ! ညီမ တမင္လုပ္တာမဟုတ္ရပါဘူး၊ မေသပါနဲ႔၊ ဟုတ္ၿပီလား? အစ္ကိုေသသြားရင္ ခ်င္ရွန္း ဘာလုပ္ရမွာလဲ? ဝမ္းကြဲအစ္ကို..."
သမားေတာ္က ဝမ္ရူဟြားရဲ့ေသြးေၾကာကိုစမ္းၾကၫ့္ကာ ေခါင္းယမ္းသည္။
"သူ ေသြးေတြအမ်ားႀကီးဆံုးရႈံးထားတယ္။ ဒါက နည္းနည္းအႏၲရာယ္မ်ားတယ္။"
နဉ္ရႈ : …
အမ်ိဳးသားဇာတ္လိုက္က တကယ္ပဲ ဒီေလာက္လြယ္လြယ္နဲ႔ ေသသြားေတာ့မွာလား?
"ဝမ္းကြဲအစ္ကိုေရ၊ ညီမရဲ့သနားစရာဝမ္းကြဲအစ္ကိုရဲ့! သမားေတာ္၊ ရွင္ လုပ္ႏိုင္တာ တစ္ခုခုမ်ားရိွမလား? ရွင္ ကြၽန္မဝမ္းကြဲအစ္ကို,ကိုကယ္ေပးရင္ ကြၽန္မ ဘာမဆိုလုပ္ပါ့မယ္!"
Advertisement
နဉ္ရႈက ငိုသည္။
"ဝမ္းကြဲအစ္ကို၊ ညီမ တကယ္စိတ္မေကာင္းပါဘူး။ အရမ္းေမွာင္လြန္းေနေတာ့ အစ္ကိုဆိုတာ ညီမ တကယ္မသိလိုက္လို႔ပါ။"
"မင္းမွာ ဂ်င္ဆင္းလိုဟာမ်ိဳးရိွရင္ေတာ့ သူ႔ရဲ့အေရးႀကီးတဲ့ ခႏၶာကိုယ္အစိတ္အပိုင္းေတြကို ကာကြယ္ေပးႏိုင္လိမ့္မယ္။"
ဒါက အေတာ္ေလးလက္ေတြ့မက်ဘူးဆိုတာ သမားေတာ္လည္းသိသည္။ ခ်မ္းသာတဲ့မိသားစုေတြမွာပဲ သိုေလွာင္ရံုမွာ ဂ်င္ဆင္းလိုဟာမ်ိဳးရိွႏိုင္သည္။ ဒီရြာမွာေတာ့ သူ႔တို႔ကိုယ္သူတို႔ ေကာင္းေကာင္းမြန္မြန္ေကြၽးေမြးစားေသာက္ေနရရင္ကို ေကာင္းေနၿပီဟာ ဂ်င္ဆင္းလိုဟာမ်ိဳးကို ဘယ္သူပိုင္ႏိုင္မွာလဲ?
နဉ္ရႈမွာ ေငြအမ်ားအျပားရိွေသာ္လည္း ညႀကီးသန္းေခါင္မွာ ဂ်င္ဆင္းဝယ္ဖို႔ကေတာ့ ခက္ေလာက္သည္။ ဒါ့အျပင္ ဂ်င္ဆင္းက လိုခ်င္တာနဲ႔ ေငြေပးေခ်ၿပီး ဝယ္လို႔ရတဲ့ သာမန္ပစၥည္းမ်ိဳးမဟုတ္ေခ်။ အဓိကအက်ဆံုးကေတာ့ နဉ္ရႈက သူမရဲ့ေငြေတြကို ဝမ္ရူဟြားအတြက္ မသံုးခ်င္ေပ။
ထို႔အတြက္ အမ်ိဳးသားဇာတ္လိုက္တစ္ေယာက္က လြယ္လြယ္နဲ႔ေသမွာမဟုတ္ဘူးဆိုတာကို သူမက ခိုင္မာစြာယံုၾကည္ထားေလ၏။
"ငါ့တို႔အိမ္မွာ ဂ်င္ဆင္းရိွတယ္။"
ဟယ္တာ့ဟြားက ဆိုသည္။
ဟယ့္တာ့ဟြားေျပာတာကို ဝမ္ရူဟြားၾကားတဲ့အခါ သူက ဟယ့္တာ့ဟြားကို ခါတိုင္းလို အထင္ေသးမႈေတြမလုပ္ေတာ့ဘဲ တိုးလ်ိႈးေတာင္းပန္သၫ့္ဟန္ျဖင့္ ၾကၫ့္၏။
"ငါတို႔အိမ္ကိုသြားၿပီး ငါ့ညီမကို ဂ်င္ဆင္းယူခဲ့ဖို႔ေျပာလိုက္။"
ဟယ့္တာ့ဟြားက ရြာသားတစ္ေယာက္ကိုေျပာသည္။
နဉ္ရႈက ဟယ့္တာ့ဟြားကို ၾကၫ့္သည္။ သူက ဝမ္ရူဟြားကိုကယ္ဖို႔ ဂ်င္ဆင္းကိုသံုးရေလာက္ေအာင္အထိ ဘယ္တုန္းကမ်ား အရမ္းရက္ေရာသြားရတာလဲ? ဒါက အေနာက္ဘက္ကေနထြက္လာသလိုမ်ိဳး မယံုႏိုင္စရာပဲ။
သမားေတာ္က ဝမ္ရူဟြားရဲ့ဒဏ္ရာကို ပတ္တီးစည္းေပးထားၿပီး ေသြးတိတ္ေစတဲ့ေဆးပင္ေတြကလည္း အာနိသင္သက္ေရာက္မႈရိွတာမို႔ သူ႔ဒဏ္ရာက ေသြးထြက္ေနတာ ရပ္သြားၿပီျဖစ္၏။ သို႔ေသာ္လည္း ဝမ္ရူဟြားမွာ ယခုအခ်ိန္ထိ ေသမင္းတံခါးဝမွာေရာက္ေနေသးသလို ခံစားေနရရွာသည္။
ခဏအၾကာ၌ ကေသာကေမ်ာေလ်ွာက္လာသၫ့္ ေျခသံမ်ားထြက္ေပၚလာသည္။ ဟယ့္ေရွာင္ဟြားက အေလာတႀကီးဝင္လာ၏။ သူမပံုစံက အနည္းငယ္ဖရိုဖရဲျဖစ္ေနသည္။
ဝမ္ရူဟြားတစ္ေယာက္ ေသလူလိုျဖဴေဖ်ာ့ေနေသာမ်က္ႏွာျဖင့္ ကုတင္ေပၚလွဲေနရသည္ကိုျမင္သည္၌ ဟယ့္ေရွာင္ဟြားက ဂ်င္ဆင္းထၫ့္ထားသၫ့္ေသတၲာကို အလ်င္စလိုထုတ္လိုက္သည္။ ဂ်င္ဆင္းက လက္မတစ္ေခ်ာင္းႏွယ္အသားထူကာ အျမစ္ေတြက ေသသပ္သည္။ ဂ်င္ဆင္းမွာ အလြန္ပင္အရည္အေသြးျမင့္ေသာဂ်င္ဆင္းျဖစ္ေပ၏။
ရြာလူႀကီးမွာ ဒီလိုပစၥည္းေကာင္းမ်ိဳးရိွတယ္ဆိုတာ ဘယ္သူေတြးမိမွာလဲ?
"သမားေတာ္၊ ရွင္ ဒါကို ဘယ္လိုသံုးမွာလဲ?"
ဟယ့္ေရွာင္ဟြားမွာ အင္မတန္စိုးရိမ္ေန၏။
ဂ်င္ဆင္းကိုျမင္သည္၌ ဝမ္ရူဟြားက စိတ္သက္သာရာရကာ သက္ျပင္းခ်သည္။ အခုေတာ့ ဟယ့္ေရွာင္ဟြားက ပိုၿပီးၾကၫ့္ေကာင္းေနသည္ဟု သူထင္လာမိၿပီ။
သို႔ေသာ္လည္း ဟယ့္တာ့ဟြားက ဟယ့္ေရွာင္ဟြားလက္ထဲမွ ဂ်င္ဆင္းကို လုယူလိုက္၏။ ဟယ့္ေရွာင္ဟြားက သူမရဲ့အစ္ကိုကိုၾကၫ့္ကာ စိုးရိမ္စြာေျပာလာသည္။
"အစ္ကို ဘာလုပ္ေနတာလဲ? သခင္ေလးဝမ္က ဂ်င္ဆင္းရဖို႔ေစာင့္ေနတယ္ေလ။*
"ငါတို႔က ဒီေလာက္အဖိုးတန္တာကို သူ႔ကို ဘယ္လိုလုပ္လြယ္လြယ္ေပးလို႔ရမွာလဲ? ဝမ္ရူဟြားရဲ့ လူတစ္ေယာက္အေနနဲ႔ရိွတဲ့တန္ဖိုးက ဒီဂ်င္ဆင္းရဲ့အျမစ္ေလးတစ္ျမစ္ေတာင္မတန္ဘူး။ ဒါက ငါတို႔အေဖရဲ့အဖိုးတန္ကေလးေလးပဲ၊ မင္းသိရဲ့လား?"
နဉ္ရႈက လက္ကိုင္ပဝါကိုသံုးကာ မ်က္ရည္သုတ္လိုက္ၿပီးဆို၏။
"ရွင့္မွာ ဘာေတာင္းဆိုခ်က္ရိွရိွ ေျပာသာေျပာလိုက္ပါ။ ဝမ္းကြဲအစ္ကို,ကိုကယ္ဖို႔ ကြၽန္မ ဘာမဆိုလုပ္ဖို႔ဆႏၵရိွပါတယ္။ အားလံုးက ကြၽန္မ အမွားပါပဲ၊ ဝမ္းကြဲအစ္ကို ဒီလိုျဖစ္သြားရတာ ကြၽန္မအမွားေၾကာင့္ပါ။ ဝမ္းကြဲအစ္ကို၊ ခ်င္ရွန္း တကယ္စိတ္မေကာင္းပါဘူး။"
...
Advertisement
- In Serial50 Chapters
Spirit King
After his sister and around ninety-nine thousand random people around the world disappeared in one day three years ago, Niko’s life had always been revolved around finding her. He was facing dead end after dead end, until one day he was summoned to another world along with ninety-nine thousand other people. Putting two and two together, he came to the conclusion that his sister was also summoned to this world three years ago. This world is filled with danger, and evolving is key to surviving. The evolved lived while those unable to adapt perished. With the hope of finding his sister as motivation, he aimed to become strong in this world of magic, monsters, demons, and gods.
8 223 - In Serial22 Chapters
Soul Thief
If a forced marriage to the sinfully handsome but dangerously lethal Knight of the Unseelie Court isn’t enough to make your day suck, try finding out that you can eat someone’s soul and relive parts of their life. Beth Cavanagh is just a simple bartender with a house full of friends and a quiet existence. One that she has worked very hard for. All of that changes when Ronan Mac Nevin steps in and whisks her away into the fast-paced world of Fae law enforcement.Beth must quickly learn what it means to be bound to the infamous Knight as the two of them spend their honeymoon hunting down fugitives for the Unseelie Queen. What they discover is a deadly secret that could upend the monarchy. Can Beth learn to embrace the past she’s running from in order to uncover the truth?
8 133 - In Serial86 Chapters
Heaven's Oddity
Reborn without some great destiny. Ben Higgs despised the fact he was running out of time. In front of him, a path of fantasy was laid, but his body lacked the talent. There were legends of immortality, but everything was out of reach. Ben grew old and alone. However, once confronted with death, he gave up everything to stay alive. "Conquering the world? Power and immortality? Those may be impossible, but I must keep my feeble petty life!" In the end, if he gets himself destroyed and lost forever in this absolute madness, he must at least taste some taboos from the Heavens!
8 66 - In Serial33 Chapters
13 and pregnant
COMPLETED BOOK. 13 Year old Anaya finds herself homeless and PREGNANT!! After a BIG decision she made one night at her cousins party....Enjoy!
8 132 - In Serial18 Chapters
Building an army in another world
Eirisse Ianthe silvana is a military historian or was before she died. She then arrived in another world where she sets out on a journey to build an army with the assistance of a magic book in a world of swords, magic and monsters. I have also published this story on Scribblehub under the same author name.
8 117 - In Serial32 Chapters
Cherry Blossom Lee Jihoon ff
Yoon Jieun, a girl who has always been lonely and has depression. Lee Jihoon, has it all, popularity, looks, a good group of friends, everything. what happens when they cross paths because of a bet... or a brother?*Includes pregnancy*This is my first ff so I'm sorry if it's bad (it's bad 💀)
8 308

